Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

773 to 799 Unicode

Book(32)
773+774
ဘာသာပြန်ဆိုသူ သကြားလုံးလေး

အပိုင်း (၇၇၃)
ဓားပြတိုက်တယ်ဆိုတာ ဒီလိုမျိုး ဖြစ်သင့်တယ် (၃)

“ခေါင်းဆောင်”
သူ့လက်အောက်ငယ်သားများက ကြောက်ရွံ့ တုန်လှုပ်သော အကြည့်ဖြင့် ကြည့်နေခဲ့တယ်။

သူလည်း သက်ပြင်းချကာ သွေးအေးစွာ အမိန့်ပေးလိုက်တယ်။
“မင်းတို့ရဲ့ အဝတ်အစားတွေကို ချွတ်လိုက်တော့”

ဒီစကားကို ပြောလိုက်ပြီးနောက် သူကိုယ်တိုင်လည်း အဝတ်အစားများကို စတင်ချွတ်တော့တယ်။

ဒါကိုမြင်ရတော့ ဘယ်သူမှ အထွန့်တက်တဲ့ စကားမျိုး မပြောရဲဘူး။ ကံကောင်းချင်တော့ ယွမ်လော့ဖုန်းက သူတို့ကို  အတွင်းခံ ဘောင်းဘီကို မချွတ်ခိုင်းခဲ့ဘူး။ လူကြားသူကြားထဲ အရှက်ကွဲခြင်းကို ကယ်တင်လိုက်တာပါပဲ။ ဒီလိုဆိုရင်တောင် သူတို့အတွက် အရှက်ရမှုကြီး တစ်ခုပါပဲ။ ချင်မြို့တော်က လူတွေ သူတို့ကို လှောင်နေမှာ တွေးမိပါတယ်?

သူတို့ကို အတွင်းခံ ဘောင်းဘီပဲ ကျန်အောင် ဓားပြတိုက်ခဲ့တယ်။ မုမိသားစုကြောင့် ထိခိုက်နစ်နာခဲ့တဲ့ လူတွေက ပြုံးရယ်နေတော့မှာပဲ။

“ကောင်မလေး မင်း ဒုက္ခရောက်တော့မယ်”
ယွမ်လော့ဖုန်းကို ဂရုဏာ သက်စွာ သတိပေးစကား ပြောနေလေရဲ့။
“မုမိသားစုက ဩဇာအာဏာ ကြီးမားတယ်။ သူတို့မှာ နတ်ဘုရားအဆင့် ကျင့်ကြံသူ နှစ်ဦး ရှိတယ်။ အခု မင်းက သူတို့က ရန်စ လိုက်တော့ သူတို့က မင်းကို လွတ်မြောက်ခွင့် ပေးမှာ မဟုတ်ဘူး”

သူတို့ ပြောတဲ့ စကားကို နားထောင်ပြီးနောက် ယွမ်လော့ဖုန်းလည်း ပြုံးနေလိုက်တယ်။
“ငါ သူတို့ကို မကြောက်ဘူး”

သူပြောတဲ့ စကားကို ဒီမိန်းကလေး အလေးအနက် မထားမှန်းသိတော့ လှည့်လည် ဈေးရောင်းတဲ့လူလည်း နောက်တစ်ကြိမ် သက်ပြင်းချလိုက်တယ်။ မုမိသားစုကလူတွေ ထွက်ပြေးသွားတော့ ဆေးပင်အားလုံးကို ပစ်ချထားခဲ့တယ်။ ဒါကြောင့် သူ ခိုးထားတဲ့ ဆေးပင်ကို အလျင်စလို ရှာဖွေလိုက်တယ်။

သူ ပြန်လာချိန်မှာ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်တို့က ထွက်သွားပါပြီ။

များပြားလှတဲ့လူစု လူဝေးကြားမှာ ထွက်ခွာသွားတဲ့ ယွမ်လော့ဖုန်းရဲ့ ပုံရိပ်ကို ရဲ့ရှီမို့လည်း ငေးမော ကြည့်နေမိတယ်။ သူ့မျက်ဝန်းများက အထင်ကြီးလေးစားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

“မင်း မြင်လိုက်လား။ ဓားပြတိုက်တယ်ဆိုတာ ဒီလိုမျိုး ဖြစ်သင့်တယ်… ဒီကောင်မလေးနဲ့ ယှဉ်လိုက်ရင် ပမွှားလေးပဲ… ဒီကောင်မလေးကိုပဲ ဓားပြလို့ ခေါ်ထိုက်တယ်”

ဒီစကားကို ပြောလိုက်ပြီး သိပ်မကြာခင်မှာဘဲ ဟောင်ဟောင်က သူ့ကျောကုန်းပေါ်မှ ခုန်းဆင်းကာ ယွမ်လော့ဖုန်းနောက် လိုက်တော့တယ်။

ဒါပေမဲ့လည်း မှောင်ခိုဈေးထဲမှာ များပြာလှတဲ့ လူများက ရှေ့သို့ တိုးကာ ပျောက်ဆုံးသွားတဲ့ ဆေးပင်များကို အလုအယက် ကောက်နေလို့ ဟောင်ဟောင်မှာ ရှေ့ကို တိုးဖို့ အခွင့်မသာခဲ့ဘူး၊ အဖြူရောင် အရိပ်လေး ပျောက်ကွယ်သွားခြင်းကို ငေးကြည့်နေရုံသာ။

“ကောင်မလေး ဘယ်ရောက်သွားလဲ”
ဟောင်ဟောင်လည်း စိတ်ပျက်မိတယ်။
“ပြပွဲကို မကြည့်ခဲ့သင့်ဘူး… ဘာကြောင့်များ အလျင်စလို ပျောက်ကွယ်သွားရလဲ… “

“ဟောင်ဟောင်…ဘာဖြစ်လို့လဲ”

ဟောင်ဟောင်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကာ
“ငါတို့တွေ ရှာနေတဲ့လူကို တွေ့ပြီထင်တယ် ဒါပေမဲ့ သူမ ထွက်သွားပြီ”

“မင်း ဘယ်သူကို ရှာနေလဲ မသိဘူးလေ…သူမက ငါတို့ ရှာနေတဲ့လူဆိုတာ ဘာကြောင့်များ သေချာနေလဲ”

“ငါ ခံစားလို့ရတယ်”
ဟောင်ဟောင်က ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“ သူမက ငါတို့ရှာနေတဲ့ လူမှန်း ခံစားသိနိုင်တယ်”

ဘာဆိုဘာမှ မပြောတော့ဘဲ ရဲ့ရှီမို့လည်း ဟောင်ဟောင်ရဲ့ ခေါင်းကို ပုတ်လိုက်တယ်။
“မင်းက သေချာနေတော့လည်း ချင်မြို့တော်မှာ သူမကို ရှာရတာပေါ့”

ဟောင်ဟောင်ရဲ့မျက်ဝန်းများက ပျော်ရွှင်မှုကြောင့် တောက်ပနေခဲ့တယ်။  သူမလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီလေ”

သူမ ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူမကို ရှာနိုင်တယ်။

တည်းခိုဆောင်…

ယွမ်လော့ဖုန်းလည်း သူမအခန်းထဲကို ‌ရောက်ရောက်ချင်း လက်ဖက်ရည်ကြမ်း တစ်ခွက်ကို သောက်လိုက်တယ်။ထိုစဉ် ရှောင်မိုရဲ့အသံက သူမရဲ့ခေါင်းထဲ ဝင်လာတယ်။

“မှောင်ခိုဈေးထဲ ရောက်တော့ ရင်းနှီးနေတဲ့ အရှိန်အဝါကို ရလိုက်တယ်”

“ ဘယ်သူလဲ သိလား”

ယွမ်လော့ဖုန်းလည်း မျက်လုံးပိတ်ကာ မေးလိုက်တယ်။

“မသိဘူး”
ရှောင်မိုရဲ့ အသံက ပဲ့တင်ထပ်လာခဲ့တယ်။
“ဒါပေမဲ့ သူရဲ့တန်ခိုးက ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေနဲ့တူတယ်လို့ ခံစားမိတယ်။ သူက ဒီနယ်မြေနဲ့ ဆက်စပ်မှုတော့ ရှိရမယ်”

Chapter-773
End

အပိုင်း(၇၇၄)
မုမိသားစု အလည်လာခြင်း (၁)

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ လက်ဖက်ရည်ကြမ်း တစ်ငုံ့ကို သောက်လိုက်တယ်။
“နင်က ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေရဲ့ အစောင့်အရှောက်… နင်မသိနိုင်တဲ့ ကိစ္စ ရှိသေးတယ်လား”

ရှောင်မိုရဲ့မျက်နှာက နီရဲတွတ်သွားတယ်။
“မှန်ပါတယ်… ကျွန်တော်က အစောင့်အရှောက် ဝိညာဉ်ပါ…ဒါပေမဲ့ ကျွန်တော်က အစတည်းက ဒီနယ်မြေကို စောင့်ရှောက်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်ကို နယ်မြေရဲ့ စိတ်စွမ်းအား ပေါကြွယ်ဝမှုနဲ့ ဖန်တီးခဲ့တာပါ… ဒါကြောင့် ကျွန်တော် မမွေးဖွားခင်က ကိစ္စတွေကို မသိပါဘူး”

ယွမ်လော့ဖုန်းလည်း သက်ပြင်းချလိုက်တယ်။ ကြည့်ရတော့ ရှောင်မိုလည်း တကယ် မသိပုံပဲ။

“ဒီလူတွေက ဆေးနတ်ဘုရား နယ်မြေအတွက် ကောင်းလား ဆိုးလားကို နင် သိလား”

ရှောင်မိုလည်း တွေးဆပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
“သူတို့က သခင်တစ်ယောက်တည်းကို သစ္စာခံနိုင်ပြီး မကောင်းတာ မလုပ်နိုင်ဘူးတော့ သိတယ်”

ဒီစကားကို ကြားတော့မှ ယွမ်လော့ဖုန်းလည်း စိတ်သက်သာရာ ရတော့တယ်။ ဆေးနတ်ဘုရားနယ်မြေက သူမအတွက် အရမ်းကို အရေးပါလို့ တခြားသူကြောင့် ထိခိုက်လို့ မဖြစ်ဘူး။

“ယွမ်ရှောင်”

သူမလည်း ယွမ်ရှောင်ကို ပြုံးကာကြည့်လိုက်တယ်။
“ကျွန်မတို့တွေ ချင်မြို့တော်မှာ ရက်ကြာကြာနေဖို့ လိုအပ်တယ် ထင်တယ်”

ဆေးနတ်ဘုရား နယ်မြေနဲ့ ဆက်စပ်မှု ရှိတဲ့လူကို သူမ ရှာချင်သေးတယ်။

“ကောင်းပြီ”

သူမ တောင်းဆိုသမျှကို ဘယ်တော့မှ မငြင်းဘူး။ မုမိသားစုကို ပြဿနာရှာထားခဲ့လည်း သူ့မှာ စိုးရိမ်ပူပန်မှု မရှိပါဘူး။

“ကျွန်မ ပင်ပန်းနေပြီ”
ယွမ်လော့ဖုန်းလည်း ဖြည်းဖြည်းချင်း မတ်တတ် ထရပ်လိုက်ပြီး မျက်ဝန်းကို မှေးစဉ်းကာ ယွမ်ရှောင်ကို တွန်းလိုက်တယ်။
“ကျွန်မအတွက် အိပ်ရာကို နွေးအောင် လုပ်ထားပေး”

နတ်ဘုရားအဆင့်ကို မရောက်မချင်း သူမရဲ့ခန္ဓာကိုယ်ကို မပေးနိုင်သေးဘူး။ ဒါပေမဲ့ သူကို ဖြားယောင်ခြင်းကို စွန့်လွှတ်မယ်လို့တော့ မထင်နဲ့။ သူတို့တွေ နောက်ဆုံးအဆင့်ကို မရောက်သ၍ ဆေးနယ်မြေက သူတို့ကို မတားဆီးဘူး။

သူလည်း သူမရဲ့ချောမောလှပတဲ့ မျက်နှာလေးကို ငေးမောကြည်ရင်း သူ့လည်ဇလုံလေး လိမ့်နေမိတယ်။ ထို့နောက် သူမကို သူ့ရင်ခွင်ထဲ ရောက်အောင် ဆွဲထားလိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ်မှ မွှေးကြိုင်တဲ့ ဆေးရနံ့ကြောင့် သူ့မှာ ထိန်းချုပ်ရခက်ခဲလာတယ်။ ဒါပေမဲ့လည်း သူ့စိတ်ဆန္ဒများကို စိတ်စွမ်းအားနဲ့ ထိန်းချုပ်လိုက်တယ်။

“ယွမ်ရှောင်”
ယွမ်လော့ဖုန်းလည်း ချိုသာစွာ ပြုံးလိုက်တယ်။
“အချိန်တိုင်း ထိန်းချုပ်နိုင်အောင် ဘယ်လိုမျိုး ကြိုးစားနေလဲ”

တကယ်တမ်းတော့ အဖြေကို သူမ သိပြီးသားပါ။ သူ့ဘက်က ကြိုးစားဖို့ စဉ်းစားလိုက်တိုင်း သူမရဲ့ ရာသီသွေးက ပေါ်လာတတ်တယ်။ ဒါကြောင့် သူ့ဘက်က ရှေ့ဆက်လို့ ရပါ့မလား။

သို့သော်လည်း ယွမ်ရှောင်က အလေးအနက် ပြန်ဖြေပါတယ်။
“ရာသီလာနေချိန် လိင်မှုကိစ္စ ရှိရင် အမျိုးသမီးတွေက နေမကောင်းဖြစ်တတ်တယ်လို့ ကြားဖူးတယ်”

“ဒါက ရှင့်ရဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကို ထိခိုက်မှာ မစိုးရိမ်ဘူးလား”
ယွမ်လော့ဖုန်းလည်း ကျီစယ်လိုက်တယ်။

“ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တယ်”
ယွမ်လော့ဖုန်းရဲ့မျက်ဝန်းကို ငေးကြည့်ကာ ယွမ်ရှောင်က ခပ်တိုးတိုး ပြောတယ်။
“ မင်းကို မနာကျင်စေချင်ဘူး”

သူမကို မနာကျင်စေချင်ဘူး။ ဒါက သူ့ဆန္ဒပဲ။

နွေးထွေးမှုလှိုင်းက ဖြန့်ကျက်သွားပြီး နွေးထွေးသော အပြုံးကို ဖန်ဆင်းလိုက်တယ်။
“ယွမ်ရှောင်…ရှင့်အတွက် နတ်ဘုရားအဆင့်ကို‌ မြန်မြန်ရောက်အောင် ကြိုးစားပေးမယ်”

ယွမ်ရှောင်လည်း သူ့ရင်ခွင်ထဲက မိန်းကလေးကို ကြည့်လိုက်တယ်။
“မင်း နတ်ဘုရားအဆင့်ကို မရောက်လည်း ကိုယ်က မင်းကို တစ်သက်လုံး ကာကွယ်ပေးသွားမှာပါ”

သန်မာသူ ဖြစ်ချင်လို့ နတ်ဘုရားအဆင့်ကို ယွမ်လော့ဖုန်း ရောက်ချင်နေတယ်လို့ တွေးမိတယ်။ ဒါကြောင့် သူမမှာ တခြား ရည်ရွယ်ချက် ရှိမှန်း မသိခဲ့ပါဘူး။

“အိပ်မယ်”

ကောင်မလေးလည်း ခြေဖျားထောက်ကာ သူ့ကို နမ်းလိုက်တယ်။ ထို့နောက် သူ့ရင်ခွင်ထဲမှ ဖြည်းဖြည်းချင်း ရုန်းထွက်ကာ အိပ်ရာပေါ် သွားလိုက်တယ်။

ရက်ပေါင်းများစွာ အတူတူ အိပ်စက်ခဲ့လည်း  လိင်ကိစ္စ မရှိမှန်း ဘယ်သူမှ ယုံကြည်ပေးမှာ မဟုတ်ပါဘူး။ ယွမ်ရှောင်ကို မစွမ်းဆောင်နိုင်ဘူးလို့ ထင်နေမှာပါ။

တကယ်တမ်းတော့ ယွမ်ရှောင်က သူ့ဆန္ဒကို ထိန်းချုပ်ခဲ့ခြင်းပါ။ သူချစ်ရတဲ့ မိန်းကလေးနဲ့ အတူတူ အိပ်စက်ရမယ်ဆိုရင် သူ နာကျင်ခံစားရလည်း ပျော်ရွှင်မိပါတယ်။

Chapter-774
End

Book(31)
775+776
ဘာသာပြန်ဆိုသူ: သကြားလုံးလေး

အပိုင်း(၇၇၅)
မုမိသားစု အလည်လာခြင်း (၂)

“မင်း ဘာပြောလိုက်တယ်”

ခမ်းနား ထည်ဝါစွာ ပြင်ဆင်ထားတဲ့ မုမိသားစုရဲ့ အိပ်တော်ခန်းမမှာ လူလတ်ပိုင်း အမျိုးသားက ရုတ်တရက် မတ်တတ် ထရပ်လိုက်တယ်။ သူ့မျက်ဝန်းများက စူးရှ ခက်ထန်ပါရဲ့။
“ငါတို့ကို ဓားပြတိုက်ရဲတဲ့လူ တကယ် ရှိတယ်လား”

မုမိသားစုရဲ့လူလည်း တုန်လှုပ်စွာ ဒူးထောက်လိုက်တယ်။
“သခင်… သူမက ကျွန်တော်တို့ကို ဓားပြတိုက်တဲ့ အပြင် မုမိသားစုကို အရှက်ခွဲဖို့ အများရှေ့မှာ အဝတ်မဲ့ ဖြစ်အောင် တွန်းအားပေးပါတယ်။ ကျွန်တော်တို့အတွက် လက်စားချေပေးပါ”
သူ့ကို လူအများရှေ့မှာ အရှက်ခွဲခဲ့တာကို ပြန်တွေးမိတိုင်း သူ့မှာ အံ့ကြိတ်ပြီး တစ်စစီ ဆွဲဆုတ်ပစ်ချင်တယ်။

“ဟွန့်…ငါ့လူတွေကို ထိခိုက်အောင် လုပ်ဆောင်ရဲတယ်… သူမ မသေခင်မှာ ငွေတွေ သုံးသွားနိုင်မလား ကြည့်ရတာပေါ့”
ထိုလူက သွေးအေးစွာ သရောရင်း ခက်ထန်စွာ အမိန့်ပေးလိုက်တယ်။
“သွားမယ်…မင်းရဲ့ ကျာပွတ်ကို ယူလာခဲ့စမ်း အဲဒီမိန်းမယုတ်ကို နှိပ်စက်မယ်။ မုမိသားစုက သူတို့ ရန်စ သင့်သူ မဟုတ်မှန်း သိသွားစေရမယ်”

ထိုလူက မုမိသားစုရဲ့သခင် မုချင်ယန်ပါ။ သူ့မှာ ခံ့ညားသော နာမည်ရှိသော်လည်း  တကယ်တမ်းတော့ ကျော်ကြားတဲ့ ဓားပြ ခေါင်းဆောင်ပါ။

မုမိသားစုက ဓားပြ ဂိုဏ်းပါ။

ဓားပြဖြစ်နေလို့ အကျိုးအကြောင်းကို မစဉ်းစားတတ်ပါဘူး။ ယွမ်လော့ဖုန်းက သူတို့ကို အများရှေ့မှာ သိက္ခာချထားတော့ သည်းခံစရာ အကြောင်း မရှိဘူး။ ယွမ်လော့ဖုန်း ဘယ်မှာ ရှိမလဲ ရှာဖွေဖို့  မုချင်ယန်က သူ့လူတွေကို ဦးဆောင်ကာ ထွက်ခွာလာခဲ့တယ်။

….
တည်းခိုဆောင် အတွင်းမှာ ယွမ်လော့ဖုန်းက သူမရဲ့အိပ်ရာပေါ်မှာလဲလျောင်းနေတုန်း အပြင်ဘက်မှ ဆူညံ့ ပွတ်လောရိုက်သံကို ကြားလိုက်ရတယ်။ ဆူညံ့သံက ပိုပို ကျယ်လောင်လာပြီး အခန်းတံခါးကို ရိုက်ချိုးလာတယ်။ တံခါးနားမှာ ရိုင်းစိုင်းသော အသံကို ကြားလိုက်ရတယ်။

“ငါ့လူတွေကို ဓားပြတိုက်တာ ဘယ်သူလဲ…ထွက်လာခဲ့စမ်း”

ယွမ်လော့ဖုန်းလည်း မျက်မှောင် ကြုတ်လိုက်တယ်။ မုမိသားစုက သူမကို လာရှာမယ်မှန်းတော့ သိတယ်။ ဒါပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ ရောက်လာမယ်လို့ မထင်ခဲ့မိဘူး။

ထို့နောက် ပညာရှိပုံစံနဲ့ လူတစ်ယောက် အခန်းထဲ အလျင်စလို ပြေးဝင်လာခဲ့တယ်။ ဒီရိုင်းစိုင်းတဲ့ စကားများကို ထိုလူပြောမှန်း သိနေတယ်။ ဒါကြောင့် လူတစ်ယောက်ကို အပြင်ပုံပန်းသွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရတာ သိပ်ကို မှန်ကန်တယ်။ ဘယ်သူမှ ပညာရှိပုံစံနဲ့လူကို ဓားပြခေါင်းဆောင်လို့ ထင်မှတ်မိမှာ မဟုတ်ဘူး။

ယွမ်ရှောင်က တစ်ခန်းလုံးကို အေးစေမယ့် ကြောက်ခမန်းလိလိ အရှိန်အဝါကို ထုတ်သုံးလိုက်တယ်။ သူ့မျက်ဝန်းနက်မှာ လူသတ်ချင်သော အငွေ့အသက်များ ဖြစ်ပေါ်နေတယ်။ သူတို့အခန်းထဲ ကျူးကျော်ဝင်ရောက်လာတဲ့ လူတစ်စုကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်တယ်။

“ဘာလဲ နောက်ထပ် သင်ခန်းစာ ပေးတာကို ခံယူချင်လို့ ငါ့ဆီ လာခဲ့တာလား”
ယွမ်လော့ဖုန်းလည်း ပြုံးကာ မေးလိုက်တယ်။

ထိုစဉ် ဆူညံသံကို ကြားလို့ အခန်းရှေ့ စုဝေးလာတဲ့ လူအားလုံးက ယွမ်လော့ဖုန်းတို့ကို လက်ညိုးထိုးကာ အတင်းတုပ်နေတယ်။ ဒီစကားမျိုးကို ပြောထွက်ရဲတဲ့ မိန်းကလေးကို တအံ့တဩ ကြည့်နေမိတယ်။

သူမက သေမှာ မကြောက်တတ်တာလား။ မုမိသားစုရဲ့ ဓားပြခေါင်းဆောင်ကို ဒီလိုစကားမျိုး ပြောထွက်ရဲတယ်။

“ဟား…”
မုချင်ယန်လည်း သရော်လိုက်တယ်။
“နွားပေါက်လေးက ကျားတွေကို မကြောက်ဘူးပဲ…ယနေ့ခေတ် လူငယ်တွေက ရဲတင်းလွန်းတယ်”

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ပြုံးလိုက်တယ်။
“ယနေ့ခေတ် လူအိုကြီးတွေက ပို ဆိုးရွားပါတယ်… သူတို့ရဲ့ ဝါရင့်ခြင်းကို အခွင့်ကောင်းယူလေ့ရှိတယ်”

မုချင်ယန်ရဲ့မျက်နှာက ချက်ချင်း မည်းမှောင်သွားတော့တယ်။

လူအိုကြီး….သူက အခုမှ လေးဆယ်ကျော်ရုံလေး ရှိသေးတယ်။ အသက်အရွယ်ကြီးရင့်ခြင်းကို အခွင့်ကောင်းယူတယ်လို့ ပြောရဲသေးတယ်။ ချင်မြို့တော်တစ်ခုလုံးမှာ ဘယ်သူမှ သူ့ကို ဒီစကား မပြောရဲဘူး။

“ငါ…မင်းကို အခွင့်အရေး တစ်ခု ပေးမယ်… မင်းခိုးထားတဲ့ ပစ္စည်းအားလုံးကို ပြန်ပေးပြီး ငါ့ကို ဦးတိုက် တောင်းပန်စမ်း”
မုချင်ယန်လည်း မထီမဲ့မြင်ပြုကာ မာနဝင့်ကြွားသော မျက်နှာနဲ့ ယွမ်လော့ဖုန်းကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။

Chapter-775
End

အပိုင်း(၇၇၆)
မုမိသားစု အလည်လာခြင်း (၃)

ယွမ်လော့ဖုန်းလည်း မဲ့ပြုံး ပြုံးကာ ထေ့ငေါ့လိုက်တယ်။
“အခုချက်ချင်း ဒီနေရာက ထွက်သွားလိုက်ရင်တော့ ငါ့အခန်းထဲကို ကျူးကျော် ဝင်ရောက်တာကို ခွင့်လွှတ်ပေးလိုက်မယ်”

မုချင်ယန်ရဲ့ သူငယ်အိမ် ကျုံ့သွားရတယ်။ ဒီကောင်မလေးက မုမိသားစုကို တကယ် မကြောက်တာပဲ။

“သုံးစက္ကန့်အတွင်း ထွက်သွားလိုက်တော့ … မဟုတ်ရင်တော့ ဒီနေရာက ထွက်သွားနိုင်မယ် မထင်နဲ့”

မုချင်ယန်ရဲ့မျက်နှာက အရှက်ရမှုကြောင့် ပြာနှမ်းသွားရတယ်။ သူ့ဘက်က ဒီကောင်မလေးကို ရှိန်နေရင် မုမိသားစုက အရှက်ရစရာ ဖြစ်လိမ့်မယ်။ ဒါကြောင့် မုချင်ယန်လည်း ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်တယ်။
“ငါ့ကို ပျောက်ကွယ်သွားအောင် ဘယ်လိုလုပ်နိုင်မလဲ စောင့်ကြည့်ရတာပေါ့”

သူ့ဘက်က ဒီစကားကို ပြောပြီးပြီးချင်း သူမရဲ့ဘေးနားက လူက တိုက်ခိုက်လာတယ်။

ထိုလူရဲ့ အမည်းရောင် ဝတ်စုံစကို လှမ်းဆွဲထားသော်လည်း လေနဲ့အပြိုင် ပျောက်ကွယ်သွားတော့တယ်။ မုချင်ယန်မှာ ဘာဖြစ်လိုက်မှန်း မသိခင် ယွမ်ရှောင်က သူ့လည်ပင်းကို ညှစ်ထားတယ်။ အခန်းတစ်ခုလုံး လူသတ်ငွေ့များဖြင့် ပြည့်နှက်နေလေရဲ့။

မုချင်ယန်ရဲ့မျက်နှာထား တည်တံ့သွားရတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ ယွမ်ရှောင်က သူ့ရှေ့ကို ရောက်လာခဲ့တယ်။ သူ့တိုက်ခိုက်မှုကိုတောင် မမြင်လိုက်ရဘူး။ အထူးသဖြင့်သူ့အရှိန်အဝါကြောင့် ကြောက်လွန်းလို့ ဆံပင်များပါ ထောင်လာရတယ်။ သူ့မျက်ဝန်းမှလည်း သနားစဖွယ် အကြည့်များ ဖြစ်တည်နေခဲ့တယ်။

“ဘာဖြစ်တာလဲ…သခင်မုက ဘာကြောင့် မခုခံနိုင်တာလဲ”

အခုတော့ ပွဲကြည့်ပရိသတ်များရဲ့ အမြင်မှာတော့ မုချင်ယန်က မခုခံဘဲ အဖမ်းခံရတယ်လို့ ထင်မှတ်နေတယ်။

မုချင်ယန်တစ်ယောက်တည်းသာ ဒီတစ်ခေါက် အမှားလုပ်မိမှန်း သိတယ်။အမှားကြီး လုပ်မိတာပဲ။ အခုအချိန်မှာ ထွက်သွားရင်တော့ မုမိသားစုအတွက် အကြီးအမားဆုံး အရှက်ရမှုပဲ။ ချင်မြို့တော်မှာ လူတိုင်းက သူတို့မုမိသားစုကို ဟားတိုက် ရယ်မောတော့မယ်။ ဒီအကြောင်းကို တွေးမိတော့ မုချင်ယန်လည်း အံ့ကြိတ်ကာ ပြောလိုက်တယ်။
“ငါ ဘယ်သူလဲဆိုတာ မင်းတို့တွေ သိလား”

လည်ပင်ညှစ်ထားတဲ့ လက်ကို အားထည့်ကာ ယွမ်ရှောင်က ခံစားချက် ကင်းမဲ့သော မျက်နှာနဲ့ မှင်သေသေ ဟန်ပန်နဲ့ပါ။

အင်တစ်တစ် အသံနဲ့ မုချင်ယန်လည်း အားယူ ပြောလိုက်တယ်။
“ရဲ့မိသားစုကို သိလား။ရဲ့မိသားစုဝင် တစ်ယောက်နဲ့ ငါက မိတ်ဆွေတွေ”

ယွမ်ရှောင် အရှုံးပေးအောင် လုပ်ဆောင်နေတာကို တခြားသူ ရိပ်မိမှာ စိုးရိမ်တာကြောင့် မုချင်ယန်လည်း တမင် ခပ်တိုးတိုး ပြောလိုက်တယ်။ မုမိသားစုရဲ့ ဩဇာ အာဏာကို ပြသဖို့ ဒီနေရာကို လာခဲ့တာပါ။ အခုတော့ သူ့လက်မှာ ရှုံးနိမ့်ရပြီ။ ပွဲကြည့်ပရိသတ်တွေသာ သိရင် ဟားတိုက် ရယ်မောနေမှာပါ။

“ယွမ်ရှောင်…သူ့ကို သတ်လိုက်တော့”
ယွမ်လော့ဖုန်းလည်း ပြုံးကာ မာယာများစွာ ပြောလိုက်တယ်။
“မျက်စိ စပါးမွေး စူးလွန်းတယ်”

“မလုပ်ပါနဲ့”

မုချင်ယန်လည်း အသက်ရှူရခက်လွန်းတာကြောင့် ကြောက်ကြောက်လန့်လန့် အလျင်စလို ပြောလိုက်တယ်။
“ရဲ့မိသားစုဝင်တွေကို မသိပါဘူး။ ရဲ့ကျင်းချန်းရဲ့ မွေးစားသမီး ရဲ့ချီက ငါ့သမီးရဲ့ သူငယ်ချင်းပါ။ရဲ့မိသားစုကို ရန်မလုပ်ချင်ရင် ငါ့ကို လွှတ်ပေးလိုက်တာ အကောင်းဆုံးပဲ”

ရဲ့ကျင်းချန်းကို ရဲ့မိသားစု မောင်းထုတ်လိုက်လည်း သူက ရဲ့မိသားစုရဲ့မျိုးဆက်ပါ။သူ့အမှားကို ဝန်ခံပြီး ဇနီးသည်ကို စွန့်ပစ်လိုက်မယ်…ဇနီး အသစ်ယူလိုက်မယ်ဆိုရင် သူပြန်လာချင်ရင် ရဲ့မိသားစုက ငြင်းမှာ မဟုတ်ဘူး။ ဒါကြောင့် မုချင်ယန်က ရဲ့ကျင်းချန်းအကြောင်း ပြောရပေါ့။

“ရဲ့ချီကို ကယ်တင်ရှင်အဖြစ် ပြောနေတာ ပထမဆုံး အကြိမ် ကြားဖူးတာပဲ”

ရုတ်တရက် တံခါးနောက်မှ ယောကျ်ားတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။အားလုံးရဲ့မျက်လုံးများက ထိုလူကို လှည့်ကြည့်လာတယ်။

တောက်ပတဲ့ မျက်ဝန်းများဖြင့် သူရဲကောင်းဆန်တယ် ခံ့ညားချောမောတဲ့ ယောကျ်ားပျိုကို မြင်လိုက်ရတယ်။ ရဲရင့်ပြတ်သားတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ ဟန်ပန်နဲ့ပါ။ သူ့ဘေးနားမှာ အနီရင့်ရောင် ဝတ်စုံ ဝတ်ထားတဲ့ ၈နှစ် ၉နှစ် အရွယ်  ကောင်မလေးတစ်ယောက် ရှိပါတယ်။ အခုတော့ သူမက ယွမ်လော့ဖုန်းကို တောက်ပသော မျက်ဝန်းများဖြင့် စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။

Chapter-776
End

Book(32)
777+778
ဘာသာပြန်ဆိုသူ သကြားလုံးလေး

အပိုင်း(၇၇၇)
အကျိုးသင့်အကြောင်းသင့် စဉ်းစားသင့်တယ် (၁)

သူမရဲ့မျက်ဝန်းမှာ မီးတောက် နှစ်ခု ရှိပုံရပါတယ်။ ဒါပေမဲ့ ပြန်ကြည့်လိုက်ချိန်တော့ ပျောက်ကွယ်သွားတယ်။

ဒီကောင်မလေးက အတော်လေး လှတယ်ဆိုတာ ယွမ်လော့ဖုန်း ကိုယ်တိုင် မငြင်းနိုင်ပါဘူး။ ယွမ်လော့ဖုန်း ကိုယ်တိုင် သူမကို ခဏခဏ ကြည့်နေမိတယ်။

ဝုန်း

ယွမ်ရှောင်လည်း မုချင်ယန်ကို သေလုနီးပါးဖြစ်အောင် လွှင့်ပစ်လိုက်တယ်။

“အဟွတ်”
မုချင်ယန်လည်း နာကျင်စွာ ချောင်းဆိုးကာ သွေးအန်တော့တယ်။သူ့အောက်နှုတ်ခမ်းမှ သွေးစများကို သုတ်ကာ သူတို့အနား လမ်းလျှောက်လာတဲ့ ရဲ့ရှီမို့ကို ကြည့်လိုက်တယ်။
“မင်းက ရဲ့မိသားစုက ရဲ့ရှီမို့ မလား”

ရဲ့ရှီမို့က ဒီနေရာကို ဘယ်လို ရောက်လာတာလဲ။ဒါနဲ့ သူပြောတာ ဘာကို ဆိုလိုချင်တာလဲ။ရဲ့ချီအကြောင်းကို သူ ပြောတော့ မပျော်ရွှင်ပုံပဲ။

“မုမိသားစု”
ရဲ့ရှီမို့လည်း သူ့ကို စူးရှသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။
“ငါ သိထားရသလောက်တော့ မုမိသားစုရဲ့ ဆက်ခံသူက အပြင်းအထန် နေမကောင်း ဖြစ်နေတယ်တဲ့နတ်ဘုရားအဆင့် ရှိတဲ့ ရွှေရှာကြွက်လေးရဲ့ အသွေးအသားကပဲ သူ့ကို ကယ်တင်နိုင်တယ်တဲ့ ။ ဒါကြောင့် မုမိသားစုက ဆေးပင်အားလုံးကို လုယက်ပြီး တတ်နိုင်သမျှ မြန်မြန် နတ်ဘုရားအဆင့် ရွှေရှာ ကြွက်ကို ဖမ်းဖို့ ကြိုးစားနေတယ်”

ဒီအကြောင်းကို ရဲ့ရှီမို့ပြောတော့ မုချင်ယန် တုန်လှုပ်မိပါတယ်။

ထိတ်လန့်နေတဲ့ သူ့မျက်ဝန်းကို ကြည့်ကာ ရဲ့ရှီမို့လည်း ပြုံးလိုက်တယ်။
“ကမ္ဘာပေါ်မှာ ရှိတဲ့ ဆေးမြစ်အားလုံးကို စုဆောင်းရင်တောင် နတ်ဘုရားအဆင့် ရွှေရှာ ကြွက်ကို ရှာနိုင်မှာ မဟုတ်ဘူး…ဘာကြောင့်များ တခြားသူတွေရဲ့ဆေးပင်ကို လုယက်ပြီး ဒုက္ခပေးနေရလဲ”

မုချင်ယန်ရဲ့မျက်နှာက တစ်စထက် တစ်စ မည်းမှောင်သွားလေတယ်။
“မျှော်လင့်ချက် နည်းနည်းလေး ရှိရင်တောင် ငါက စမ်းသပ်ကြည့်မှာ”

ရွှေရှာကြွက်…

ယွမ်လော့ဖုန်းလည်း ထိုစကားသုံးလုံးကို ကြားပြီးချိန် ဆေးနယ်မြေထဲမှ ကြွက်မျိုးနွယ်စုလည်း ကြားမှာပါ။

ကြွက်ဘုရင်မ နားထဲ ထိုအသံက ပဲ့တင်ထပ်နေခဲ့တယ်။
“သခင်….ကျွန်မရဲ့တောင်းဆိုမှုက ရိုင်းပျမှန်း သိပါတယ်…ဒါပေမဲ့လည်း ရွှေရှာ ကြွက်အားလုံးက ကျွန်မရဲ့ လက်အောက်ငယ်သားတွေပါ… မကြာသေးခင်နှစ်က မြေအောက် နန်းတော်မှ ရွှေရှာ ကြွက်လေးတွေ မရေတွက်နိုင်အောင် ပျောက်ဆုံးခဲ့ရတယ်။ သူတို့ပြောနေတဲ့ ရွှေရှာ ကြွက်က ကျွန်မရဲ့ လက်အောက်ငယ်သားထဲမှ တစ်ယောက် ဖြစ်နိုင်ပါတယ်…သခင်.. ကျွန်မအတွက် သူတို့ကို ကယ်တင်ပေးပါ”

တခြားသော ရွှေရှာ ကြွက်လေးတွေက ဝိညာဉ် စာချုပ်အရ စကားပြောခွင့်မရသော်လည်း သူတို့လည်း ဒီတောင်းဆိုချက်ကို တောင်းဆိုမယ်မှန်း သူမ သိနေတယ်။

စည်းလုံးညီညွတ်မှုရှိတဲ့ ကြွက်မျိုးနွယ်စု ဖြစ်တာကြောင့် လူသားတွေက သူတို့မျိုးနွယ်စုကို စားသောက်ုဖို့ ဖမ်းဆီးသွားခြင်းကို သွေးအေးစွာ ကြည့်နေမှာတော့ မဟုတ်ဘူး။ သူတို့ရဲ့စည်းလုံးမှုကြောင့်လည်း ပြန်လမ်းမဲ့ သစ်တောထဲမှာ ရှင်သန်နိုင်တာပေါ့။

“ကောင်းပြီလေ”

ဘာမှ မတွေးတော့ဘဲ ယွမ်လော့ဖုန်းလည်း သူတို့ကို ကတိပေးလိုက်တယ်။ သူတို့ရဲ့တောင်းဆိုမှုကို စိတ်မပျက်တဲ့ အပြင် ဝမ်းသာမိပါတယ်။ ဒါကြောင့် သူတို့ရဲ့တောင်းဆိုမှုကို မငြင်းဆန်တော့ဘူး။

….

“ရှီမို့လေး ဘာကြောင့်များ ဒီလူတွေနဲ့ အချိန်ဖြုန်းနေလဲ”

ရဲ့ရှီမို့နဲ့ မုချင်ယန်တို့ စကားပြောရင် အချိန်ဖြုန်းနေတာကို မကြိုက်တာကြောင့် ဟောင်ဟောင်လည်း ချစ်ဖို့ကောင်းအောင် မျက်မှောင်ကြုတ်ရင်း မုချင်ယန်ကို မျက်စောင်းထိုးလိုက်တယ်။

“သူ့ကို သတ်လိုက်တော့… ဘာကြောင့်များ သူနဲ့ ထွေရာလေးပါး ပြောနေလဲ”

ဟောင်ဟောင်ရဲ့စိတ်ထဲမှာတော့ သတ်သင့်သည် မသတ်သင့်သည်ကို သူမ မသိဘူး။ သူမကို မျက်စိစပါးမွေးစူးအောင် လုပ်သူ မှန်သမျှ သေဖို့ ထိုက်တန်တယ်။ သူမကို ထွက်သွားလို့ ပြောတယ်လူလည်း သေသင့်တာပဲ။ဒါပေမဲ့ မုချင်ယန်က သူမကို စကားတစ်ခွန်းမှ မပြောရသေးတာကိုတော့ ဟောင်ဟောင် မေ့လျော့နေခဲ့တယ်။ မုချင်ယန်က ယွမ်လော့ဖုန်းတစ်ယောက်တည်းကိုသာ ရန်စ ထားတာပါ။

ရဲ့ရှီမို့လည်း မဲ့ရွဲ့လိုက်ပြီး ဟောင်ဟောင်ရဲ့ ပခုံးကို ပုတ်လိုက်တယ်။
“ဟောင်ဟောင် တွေ့ရာလူကို လျှောက် မသတ်သင့်ဘူး…ဒါက မမှန်ကန်ဘူး။ ငါတို့တွေ အကျိုးသင့် အကြောင်းသင့် စဉ်းစားသင့်တယ်…”

မှန်တယ်… ငါတို့တွေ အကျိုးသင့် အကြောင်းသင့် စဉ်းစားရမယ်။

Chapter-777
End

အပိုင်း(၇၇၈)
အကျိုးသင့် အကြောင်းသင့် စဉ်းစားသင့်တယ် (၂)

မုချင်ယန်လည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်တယ်။ဒါပေမဲ့လည်း သူ စကားပြောဖို့ ဟန်ပြင်နေစဉ် ရဲ့ရှီမို့ရဲ့ လက်သီးက သူ့ပေါ် ကျရောက်လာတယ်။ ဒုန်းခနဲ အသံနဲ့အတူတူ သူ့ခန္ဓာကိုယ်က လွှင့်ထွက်သွားပြီး လက်ရန်းမှ တစ်ဆင့် အောက်ထပ်သို့ ပြုတ်ကျသွားတော့တယ်။

“မြင်လား”
ရဲ့ရှီမို့က ဟောင်ဟောင်ကို ဆုံးမစကားပြောဖို့ ကြိုးစားနေတုန်းပါ။
“လက်သီးက အမှန်ကန်ဆုံးပဲ… ဒါကို မှတ်ထားလိုက်”

အောက်ထပ်ကို ပြုတ်ကျသွားတဲ့ မုချင်ယန်မှာ သူ့စကားကို ကြားတော့ သွေးအန်တော့တယ်။ ရဲ့ရှီမို့ကို အကျိုးသင့်အကြောင်းသင့် တွေးတောတတ်သူလို့ ထင်မှတ်ခဲ့မိတယ်။ ဒါပေမဲ့ ဒီကောင်မလေးက စိတ်ထား ယုတ်ညံ့ပြီး အရှက်မဲ့လွန်းတယ်။ကျွင်းဖန်လျန်က သူ့ကို မွေးစားတာ အံ့ဩစရာ မရှိဘူး၊။ သူ့စရိုက်က သူမနဲ့ တစ်ပုံစံတည်းပဲ။

ပြန်လမ်းမဲ့မြေမှာ လူအများစုက ရဲ့မိသားစု အကြောင်းကို မသိကြဘူး။ ရဲ့ချီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ မုချင်ယန် တစ်ယောက်တည်း ရဲ့ကျင်းချန်းရဲ့ ဇနီးက ကျွင်းဖန်လျန်မှန်း အတိအကျ သိတယ်။

ပြောရမယ်ဆိုရင် ကျွင်းဖန်လျန်က ရဲ့မိသားစုရဲ့သခင် ရဲ့ကျင်းချန်း အလိုလိုက် အကြိုက်ဆောင်ထားတဲ့ ဇနီးသည်။ သူမက ကလေး မမွေးနိုင်လို့ ကောင်လေးတစ်ယောက်ကို မွေးစားထားတယ်။

ရဲ့ချီကိုလည်း ရဲ့ကျင်းချန်းက မွေးစားခဲ့တယ်။

အရှက်သိက္ခာမဲ့တဲ့ ကျွင်းဖန်လျန်က သူမကို ရန်စတဲ့လူ မှန်သမျှကို ရက်ရက်စက် နှိပ်စက်လေ့ရှိတယ်။ပြီးတော့သူမက သဝန်ကြောင်လွန်းတဲ့ ဇနီးသည်။ တခြားမိသားစုတွေက သူတို့ရဲ့သမီးတွေကို ရဲ့ကျင်းချန်းရဲ့ ကိုယ်လုပ်တော်အဖြစ် လက်ဆောင်ပေးချင်တယ်။ ဒါပေမဲ့ သဝန်ကြောင်လွန်းတဲ့ ကျွင်းဖန်လျန်က အဲဒီမိသားစုရဲ့ အိမ်တော်ထဲ ကျူးကျော် ဝင်ရောက်ပြီး အိမ်တော်ကို ဖျက်စီးလေ့ရှိတယ်။အဲဒီ မိသားစုရဲ့ အစွမ်းထက်ဆုံး သိုင်းပညာရှင်တွေတောင် သူမကို မတားဆီးနိုင်ဘူး။

သူမရဲ့မွေးစားသားကလည်း သူမလိုပဲ စိတ်ထား ယုတ်ညံ့တယ်။

မုချင်ယန်လည်း သူ့ရင်ဘတ်ကို လက်ဖြင့် အုပ်ကာ ကြမ်းပြင်ပေါ်မှာ ထဖို့ ကြိုးစားတယ်။ဒါပေမဲ့လည်း ဘယ်ကမှန်းမသိ ရောက်လာတဲ့ ရွှေရှာ ကြွက်လေးတွေက သူ့ခန္ဓာကိုယ်ပေါ် ခုန်တက်လာတယ်။ များလွန်းလို့ သူ့ဆံပင်များကို ထောင်မတ်သွားစေတယ်။

“ဒါ…ဘာလို ဖြစ်ရတာလဲ”

မုချင်ယန်မှာ မူးလဲမတတ်ပါပဲ။ရွှေရှာကြွက်လေးတွေ သူ့ခန္ဓာကိုယ်ပေါ် ခုန်တက်လာတာ မြင်တော့ သူ့လက်ကို အလျင်စလို လှုပ်ရှားကာ အော်ဟစ်တော့တယ်။
“ထွက်သွားစမ်း”

မုမိသားစုရဲ့တခြားလူများလည်း နာကျင်ခံစားနေရပါတယ်။ ဒီရွှေရှာကြွက်လေးတွေက ဉာဏ်နီဉာဏ်နက်များပြီး သူတို့ရဲ့ အဝတ်အစားများကို လျှာဖြင့်လျက်နေတယ်။သူတို့တွေ ဘယ်လိုပဲ ကြိုးစားပါစေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ အရေပြားပေါ်မှာ နူးညံ့တဲ့ ခန္ဓာကိုယ်လေးတွေ တွားသွားနေသလို ခံစားရတော့  ကြက်သီးမွေးညင်း ထရပါတယ်။

ရဲ့ရှီမို့လည်း အံ့ဩမိပါတယ်။ ဒီရွှေရှာကြွက်လေးတွေ ဘယ်ကလာမှန်း နားမလည်နိုင်လို့ ယွမ်လော့ဖုန်းကို တအံ့တဩ ကြည့်လိုက်တယ်။

ယွမ်လော့ဖုန်းလည်း သူ့အကြည့်ကို မသိကျိုးကျွန် ပြုကာ အောက်ထပ်ကို ဆင်းလာခဲ့တယ်။

သူမ ခြေတစ်လှမ်း လှမ်းတိုင်း မုချင်ယန်မှာ ကြောက်ရွံ့တုန်လှုပ် လာရတယ်။ သူလည်း အံ့ကြိတ်ကာ မေးလိုက်တယ်။
“ဒီရွှေရှာ ကြွက်တွေက မင်းရဲ့ကြွက်တွေလား”

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ မုချင်ယန်ကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“ရွှေရှာကြွက်လေးတွေကို ဘယ်မှာ ဖမ်းထားလဲ”

“မင်းဘာလိုချင်တာလဲ”
မုချင်ယန်ရဲ့ သူငယ်အိမ်က ကျုံ့သွားရတယ်။
“ရွှေရှာ ကြွက်လေးတွေကို မပေးနိုင်ဘူး…မင်းမှာ ရွှေရှာကြွက် အများကြီး ရှိနေတာပဲ ဘာကြောင့်များ ငါပိုင်တာကို လိုချင်ရလဲ”

“အခု ကျွန်မ ရှင့်ကို နောက်ဆုံးအခွင့်အရေး တစ်ကြိမ် ပေးမယ်…ရွှေရှာကြွက်ကို ဘယ်မှာ ဝှက်ထားလဲ”

ကောင်မလေးက မုချင်ယန်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူမရဲ့ အကြည့်များက စူးရှပြီး ရဲတင်းလွန်းတယ်။

“အဲရွှေရှာကြွက်က ငါ့သားရဲ့ ဆေး။ မင်းကို မပေးနိုင်ဘူး”
မုချင်ယန်လည်း အံ့ကြိတ်လိုက်တယ်။သူမကို အညံ့ခံရမယ်ဆိုရင်တောင် အရှုံးကို ဝန်မခံနိုင်ဘူး။ ရွှေရှာကြွက်ကိုလည်း မပေးနိုင်ဘူး။

“ရွှေရှာကြွက်က ရှင့်သားကို နေထိုင်မကောင်း ဖြစ်အောင် မလုပ်ခဲ့ဘူး။ ရှင့်သားရဲ့အသက်နဲ့ သူ့အသက်ကို ဘာကြောင့်များ အလဲအလှယ် လုပ်ရက်လဲ”

မုချင်ယန်လည်း ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်တယ်။
“ကြွက်က တိရိစ္ဆာန်… သူ့အသက်က လူ့အသက်နဲ့ ယှဉ်နိုင်ပါ့မလား။ လူကလူ…တိရိစ္ဆာန်က တိရိစ္ဆာန်… သူ့အသက်က ပေါပေါပဲပဲနိုင်ပြီး လူ့အသက်က တန်ဖိုးကြီးတယ်… မင်းက ဒီရိုးရှင်းတဲ့ အမှန်တရားကို နားလည်ရဲ့လား”

ရွှေရှာကြွက်လေးရဲ့မျက်နှာကို မကြည့်ဘဲ သူ့အမြင်ကို ပြောနေတုန်းပါ။ ဒီကြွက်တွေက သူ့ကို အန္တရာယ် မပေးနိုင်ဘူးလို့ ထင်နေပုံပဲ။ အများဆုံးတော့ သူ့ကို စက်ဆုပ်ရွံရှားအောင် လုပ်နိုင်ရုံပေါ့။

Chapter-778
End

Book(32)
779+780+781+782+783+784
ဘာသာပြန်ဆိုသူ သကြားလုံးလေး

အပိုင်း(၇၇၉)
ကြွက်မျိုးနွယ်စု ဒေါသထွက်ခြင်း

သူ့စကားက ရွှေရှာကြွက်များကို ဒေါသဖြစ်စေမှန်း သိသာ ထင်ရှားလွန်းပါတယ်။ ကြွက်အားလုံးက သူ့ကို အရှင်လိုက် မျိုချတော့မတတ် စိန်းစိန်းဝါးဝါး ကြည့်နေခဲ့တယ်။

ခါးထောက် မေးငေါ့ကာ နို့လက်ဖက်ရည်လေးလည်း မုချင်ယန်ရှေ့ မတ်တတ် ရပ်လိုက်တယ်။ သူ့လက်သည်းကို မုချင်ယန်ရဲ့ ခြေဖဝါးပေါ် တင်လိုက်တယ်။

“ငါတို့ရဲ့အသက်က ပေါပေါလောလော ဟုတ်လား…. ငါတို့ရဲ့အသက်က နင်တို့ နင်တို့တွေရဲ့  အသက်ထက် တန်ဖိုးကြီးကြောင်း ပြသမယ်”

ဒီစကားကို ပြောပြီးတော့ နို့လက်ဖက်ရည်လေးလည်း သူ့နောက်မှ ရပ်နေတဲ့ မန်မန် ဘက်လှည့်ကာ မျက်စိ မှိတ်ပြလိုက်တယ်။ သူမရဲ့ချီမွမ်းစကား လိုချင်နေတဲ့ ဟန်ပန်နဲ့ပေါ့။

မန်မန်လည်း သူ့ကို ချိုသာစွာ ပြုံးပြလိုက်တယ်။ သူမရဲ့ အပြုံးက နေရောင်ခြည်လို နို့လက်ဖက်ရည်လေးရဲ့ နှလုံးသားကို နွေးထွေးစေပြီး သူ့နှလုံးသားကို တဒိတ်ဒိတ် ခုန်စေတယ်။

“ငါ နင့်ကို အခွင့်အရေး တစ်ကြိမ်ပေးမယ်။ ငါ့မျိုးနွယ်ဝင်တွေကို လွှတ်ပေး…. မဟုတ်ရင်တော့  နင့်ကိုအလောင်း မကျန်အောင် ဝါးစားပစ်မယ်။

မန်မန်ရဲ့ အားပေးတဲ့ အပြုံးကြောင့် နို့လက်ဖက်ရည်လေးလည်း မုချင်ယန်ရဲ့ ခြေချောင်းများကို အားနဲ့ ခပ်ကြမ်းကြမ်း ဖိနင်းလိုက်တယ်။ မုချင်ယန်မှာ လဲကျလုနီးပါးပါပဲ။ ဒေါသကြောင့်မျက်နှာက မည်းပြာလာတယ်။

ဒီကြွက်က စကားပြောလိုက်တာလား။

အခု ဒီရွှေရှာကြွက်က စကားပြောလိုက်တာလား။

ဒါဆို နတ်ဘုရားအဆင့် ရွှေရှာ ကြွက်ပေါ့။

ယွမ်ရှောင်က အစွမးအစ မရှိရင်  ရဲ့ရှီမို့သာ မပေါ်လာရင် နတ်ဘုရားအဆင့် ရွှေရှာကြွက်ကို ရှာတွေ့လို့ မုချင်ယန် ပျော်ရွှင်မြူးထူးမိမှာပါ။ဒါပေမဲ့ အခုတော့ သူ့မှာ စိတ်ပျက် ကြေကွဲမိတယ်။

“ကျွီ ကျွီ”

တခြား ရွှေရှာကြွက်များလည်း တကျွီကျွီ အော်ကာ မုမိသားစုကို စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။ ယွမ်လော့ဖုန်း မရှိရင် ဒီလူသားကို ရှင်လျက် ကိုက်စားပစ်တာ ကြာပေါ့။

“ငါတို့ မျိုးနွယ်ဝင်ကို ပြန်ပေးစမ်း”

တည်းခိုဆောင်ထဲ ကျူးကျော် ဝင်ရောက်မိတာ သူ့အမှားပဲ။ အခုတော့ သူ့မှာ စိတ်ပျက် ကြေကွဲနေရပြီ။

“ငါ နင်တို့ကို မုအိမ်တော် ခေါ်သွားမယ်”

မုချင်ယန်လည်း မဲ့ပြုံး ပြုံးလိုက်တယ်။

“သခင်”

နို့လက်ဖက်ရည်လေးလည်း ယွမ်လော့ဖုန်းဘက် လှည့်ကာ ပြောလိုက်တယ်။

“ဒီကိစ္စကို ကျွန်တော် ဖြေရှင်းလိုက်မယ် ဒီမုမိသားစုကို ခေါ်သွားမယ်…သခင်က ဒီနေရာမှာ စောင့်နေဦး”

ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။

“တစ်ခုခု ဖြစ်ရင် စိတ်ဝိညာဉ်က တစ်ဆင့် အကြောင်းကြားလိုက်”

ကြွက်ဘုရင်မလည်း နို့လက်ဖက်ရည်လေး ပြောတာကို သဘောတူ လက်ခံတယ်။ သူတို့ရဲ့ မျိုးနွယ်ဝင်ကို ကယ်တင်ခွင့်ပေးတဲ့ ယွမ်လော့ဖုန်းကို သူမ ကျေးဇူးတင်တယ်။ဒါက သူတို့ရဲ့ ကိစ္စ ဖြစ်နေတော့ ကိုယ်တိုင် ဖြေရှင်းသင့်တယ်။ ယွမ်လော့ဖုန်းကို အနှောင့်အယှက်ပေးဖို့ မလိုအပ်ဘူး။

“ကျေးဇူး”

ကြွက်ဘုရင်မလည်း ယွမ်လော့ဖုန်းကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

နို့လက်ဖက်ရည်လေး ပြောလိုက်တဲ့ စကားကြောင့် မုချင်ယန်မှာ အခွင့်အရေး ရပြီးဟု ထင်မှတ်ကာ ပျော်ရွှင်သွားခဲ့တယ်။ဒီလူနှစ်ယောက် မလိုက်လာခဲ့ရင် သူ့မှာ ရွှေရှာကြွက်လေးများကို ရင်ဆိုင်နိုင်တဲ့ နည်းလမ်းပေါင်း တစ်ရာကျော် ရှိတယ်။ နတ်ဘုရားအဆင့် ရွှေရှာကြွက်ကို သူ့သားရဲ့ ဆေးအဖြစ် လုပ်နိုင်တဲ့ အခွင့်အရေး ရှိပြီ။

ဒါပေမဲ့ ကြွက်ဘုရင်မ ပြောလိုက်တဲ့ စကားကို ကြားပြီးနောက် သူ့မှာ အခွင့်အရေး မရှိတော့မှန်း သိကာ မျက်နှာက ဖြူဆုပ်သွားတော့တယ်။

နတ်ဘုရားအဆင့် ရွှေရှာကြွက် နှစ်ကောင်ပါလား။မုမိသားစုမှာ နတ်ဘုရားအဆင့်ကျင့်ကြံသူ နှစ်ယောက် ရှိနေလဲ… ကြွက်မျိုးနွယ်စုမှာ တန်ခိုးရှင့်အဆင့် ရွှေရှာ ကြွက် ရှိနေနိုင်တယ်။

သူ့သားကို ဘယ်လောက်ပဲ ချစ်ချစ် သူ့ကို ကယ်တင်ဖို့ မုမိသားစုတစ်စုလုံးကိုတော့ မစတေးနိုင်ဘူး။

“သွားမယ်”

နို့လက်ဖက်ရည်လေးလည်း မန်မန်အနား အပြေးအလွှားသွားကာ သူမကို မျက်နှာချိုသွေးလိုက်တယ်။

“မန်မန် စိတ်မပူပါနဲ့…ကိုယ် မင်းတို့ရဲ့မျိုးနွယ်စုဝင်ကို ကယ်တင်ပေးမယ်”

Chapter-779

End

အပိုင်း(၇၈၀)

နို့လက်ဖက်ရည်လေးရဲ့ ပျော်ရွှင်မှု

မန်မန်က သူ့အနားကိုလာကာ သူ့ပါးကို နမ်းရှိုက်လိုက်တယ်။ ချက်ချင်း သူ့ပတ်ဝန်းကျင်မှာ ပန်းများ ဖူးပွင့်သွားသလို ခံစားရပြီး သူခန္ဓာကိုယ်မှာ ချာချာလည်နေရတယ်။

သူချစ်ရတဲ့ မိန်းကလေးက နမ်းတော့ လှပတဲ့ ခံစားချက်မျိုး ဖြစ်လာတယ်။သူ့သခင်က ယွမ်ရှောင်ကို နမ်းလေ့ရှိတာ အံ့ဩစရာ မရှိဘူး။

“မင်းရဲ့ အိမ်မွေးတိရိစ္ဆာန်လေးက စိတ်ဝင်စားဖို့ ကောင်းတယ်”

ရဲ့ရှီမို့လည်း ယွမ်လော့ဖုန်းဘက် လှည့်လိုက်တယ်။

အံ့ဩတုန်လှုပ်ရတဲ့ ကိစ္စကတော့ ကြွက်လေးကို နတ်ဘုရားအဆင့် ရောက်အောင် ပြုစုပျိုးထောင်ပေးနိုင်တဲ့ သူမရဲ့ အရည်အချင်းကို အလေးစားဆုံးပါ။ တော်ရုံ ဆေးပင်တွေ သုံးရုံနဲ့တော့ မဖြစ်နိုင်ဘူး။

“ရှင်က ရဲ့မိသားစုက လား”

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ပြုံးပြလိုက်တယ်။ ပြန်လမ်းမဲ့ မြေကို ရောက်လာတည်းက ရဲ့မိသားစု အကြောင်းကို မရေမတွက်နိုင်အောင် ကြားဖူးပြီးသားပါ။ ဒါပေမဲ့လည်း ရဲ့မိသားစုရဲ့ ခွန်အားကိုတော့ အတိအကျ မသိသေးဘူး။

ဒီစကားကို ကြားတော့ ရဲ့ရှီမို့လည်း နှာခေါင်းပွတ်လိုက်တယ်။

“ငါက ရဲ့မိသားစုက မောင်းထုတ်ခံရသူပါ”

ရဲ့ကျင်းချန်းက ရဲ့မိသားစုက မောင်းထုတ်ခံရတော့ သူနဲ့ ရဲ့ချီကို ရဲ့မိသားစုဝင်လို့ ယူဆလို့ မရတော့ဘူး။

“ဒါပေမဲ့…”

ရဲ့ရှီမို့လည်း သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်တယ်။

“မင်း ဒီနေရာမှာ ဘေးဒုက္ခရောက်ရင်တော့ ငါ ကူညီနိုင်ပါသေးတယ်”

“ဒီလောကကြီးထဲမှာ အလကားရတာ ဘာမှမရှိဘူး….ရှင့်မှာ တောင်းဆိုချင်တာ တစ်ခုခု ရှိလို့ ဖြစ်ရမယ်”

ယွမ်လော့ဖုန်း ဒီစကားကို ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

ရဲ့ရှီမို့လည်း ရယ်လိုက်တယ်။

“ဘာလို့များ ဒီလိုတွေးရလဲ။အချောအလှလေးကို ကာကွယ်ချင်တာ ငါ့ဆန္ဒပဲ။ ဒီအလှလေးက ခွင့်ပြုပေးမလား သိချင်ပါတယ်”

ဆေးနတ်ဘုရား နယ်မြေအတွင်းမှာ ပေါင်းပင်များကို နှုတ်နေတဲ့ ရှောင်မိုမှာ  အပြင်ဘက်မှ ပြောတဲ့ စကားများကို ကြားပြီးနောက် မှင်တက်သွားရတယ်။

ဒီလူက သူ့သခင်ကို ယွမ်ရှောင်ရှေ့မှာ ရိသဲ့သဲ့ စကားမျိုး ပြောရဲတယ်။ အတော်လေးကို သတ္တိကောင်းပါလား။

မျှော်လင့်ထားတဲ့ အတိုင်းပါပဲ ရဲ့ရှီမို့ဘက်က ဒီစကားကို ပြောလိုက်ပြီးနောက် အခန်းတစ်ခုလုံးမှာ ခက်ထန်သော အကြည့်များ ပြည့်နှက်လာခဲ့တယ်။

“သူမက ငါ့ဇနီး။ ငါကိုယ်တိုင် ကာကွယ်ပေးနိုင်တယ်”

ယွမ်လော့ဖုန်းရဲ့ ဘေးနားကို သွားကာ သူမကို ရင်ခွင်ထဲ ထည့်ထားလိုက်တယ်။

ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများက ပြုံးရိပ်သန်းနေပြီး ယွမ်ရှောင်ရဲ့ အပြုအမူကို ခွင့်ပြုထားတယ်။

ဒီလူက သူမရဲ့ရှေ့မှာဆို နာခံတတ်တဲ့ သစ္စာရှိတဲ့ ခွေးလေး။ တခြားသူနဲ့ မျက်နှာချင်းဆိုင်ရင်တောင် ပိုင်စိုးပိုင်နင်း ပြုမူတတ်တဲ့ ခက်ထန်ကြမ်းကြုတ်တဲ့ လူသားကြီးပေါ့။

“အရူးကောင်”

ဟောင်ဟောင်လည်း ရဲ့ရှီမို့ကို မျက်စောင်းထိုးလိုက်တယ်။

“နင်က လူတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲ သိလို့လား”

ရဲ့ရှီမို့ရဲ့မျက်နှာက ကို့ရို့ကားရား ဖြစ်သွားတယ်။

“ငါက နင့်အတွက်လေ”

ဟောင်ဟောင်က ရဲ့ရှီမို့ ပြောချင်တဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားလည်တယ်။ ယွမ်လော့ဖုန်းက သူမ ရှာချင်နေတဲ့ မိန်းကလေးမှန်း သိတော့ သူမနဲ့ နီးစပ်နိုင်မယ် နည်းလမ်းကို သုံးနေခြင်းပါ။ ဒါပေမဲ့ ဘယ်လိုနည်းလမ်းကို သုံးသင့်လည်းဆိုတာ သူ မသိဘူး။ တခြားသူတွေရဲ့အမြင်မှာ သူ့ကို မျက်နှာပြောင်တိုက်တဲ့ တဏှာရူးလို့ မြင်နေတော့မှာလေ။

“ငါ ဘယ်လိုလုပ်မလဲ စောင့်ကြည့်နေ”

ဟောင်ဟောင်လည်း ရဲ့ရှီမို့ကို စွေးခနဲ ကြည့်ကာ ယွမ်လော့ဖုန်း အနား သွားလိုက်တယ်။

“မမ…ကျွန်မနဲ့အစ်ကိုတို့ လမ်းပျောက်နေလို့ ကူညီပေးပါနော်”

ဟောင်ဟောင် စောနက ပြောထားတဲ့ စကားကို မကြားခဲ့ရင် ယွမ်လော့ဖုန်းလည်း သူမကို ယုံကြည်မိမှာပါ။ သူမရဲ့ပုံစံက ဖြူစင်တဲ့ ကလေးမနဲ့ တူတယ်။

ယွမ်လော့ဖုန်းထက် ရဲ့ရှီမို့က ပို အံ့ဩရပါတယ်။ဒီကောင်မလေးက အကူအညီပေးဖို့ တောင်းပန်နေတယ်။ မာနကြီးပြီး ထိန်းမနိုင် သိမ်းမရ ဟောင်ဟောင် ဟုတ်ရဲ့လား။

“ရှောင်မို… ဒီကောင်မလေးက နင် အာရုံရတဲ့တစ်ယောက်လား”

ယွမ်လော့ဖုန်းလည်း မျက်ဝန်းများကို မှေးစဉ်းကာ မေးလိုက်တယ်။

ရှောင်မိုရဲ့အသံက သူမရဲ့စိတ်ဝိညာဉ်မှ တစ်ဆင့် ကူးပြောင်းလာတယ်။

“ဟုတ်တယ်…သူမ”

သူမကိုယ်တိုင်လာရှာတယ်ဆိုတော့ ဆေးနတ်ဘုရားနယ်မြေနဲ့ ဆက်စပ်နေမှာ သေချာတယ်။ ဒါပေမဲ့ ဘာကြောင့်များ ဒီကောင်မလေးက သူမရဲ့ မူလဇာစ်မြစ်ကို တည့်တိုး မပြောရလဲ။

Chapter-780 End

အပိုင်း(၇၈၁)

ရဲ့မြို့တော်သို့ ခရီးထွက်ခြင်း (၁)

“မင်းက ရဲ့မိသားစုကပဲ… ငါ့အကူအညီ လိုအပ်ပါ့မလား”

ယွမ်လော့ဖုန်းလည်း သတိပြန်ဝင်လာတော့ မပြုံးချင် ပြုံးချင်နဲ့ မေးလိုက်တယ်။

ဟောင်ဟောင်လည်း ရဲ့ရှီမို့ကို တစ်ဖက်သို့ တွန်းမထုတ်ခင် ခဏတော့ မှင်တက်သွားရသော်လည်း သနားစဖွယ် ပြောလိုက်တယ်။

“သူ့ကို မသိပါဘူး…ငါ့တို့ ဒီနေရာကို အတူတူ လာခဲ့တာပါ။ မမ…ညီမလေး လမ်းပျောက်သွားလို့ ကူညီပေးဖို့ တောင်းဆိုပါတယ်”

ရဲ့ရှီမို့လည်း အတော်လေးကို တုန်လှုပ်ချောက်ချားမိပါတယ်။ သူ့ကို ဒီလိုမျိုး စွန့်ပစ်လိုက်ပြီလား။ သူမရှာချင်တဲ့လူကိုရှာဖို့ ဒီနေရာကို ခေါ်လာပေခဲ့တဲ့လူကို ချက်ချင်းကြီး မသိတော့ဘူးလား။

ရဲ့ရှီမို့ အတော့်ကို နာကျင်ရပါတယ်။ သူ့ရင်ဘတ်ကို လက်ဖြင့် ဖိကိုင်ကာ စိတ်မကောင်းဖြစ်ဟန် ဟန်ဆောင်နေလိုက်တယ်။ သူမကို ကြည့်ကာ

“ဟောင်ဟောင် မင်း ရက်စက်လွန်းတယ်… မင်းကြောင့် ကိုယ် နာကျင်ရတယ်”

ဟောင်ဟောင်လည်း နှုတ်ခမ်းမဲ့လိုက်တယ်။

“လူစိမ်းတစ်ယောက်ကို အလွယ်တကူ အသိအမှတ် မပြုသင့်ဘူး… ငါ နင့်ကို မသိဘူး… ရဲ့မြို့တော်ကို ပြန်သွားရင် ကောင်းမယ်…မမက ငါ့ကို ခေါ်သွားမှာကို မနှောင့်ယှက်နဲ့”

ရဲ့ရှီမို့လည်း အမှားလုပ်ထားသလို ခံစားမိတာကြောင့် နှုတ်ခမ်းစူလိုက်တယ်။

“ဟောင်ဟောင်…”

ဟောင်ဟောင်လည်း ကျောခိုင်းကာ ရဲ့ရှီမို့ကို မကြည့်တော့ဘဲ  ယွမ်လော့ဖုန်းကို တောက်ပသောမျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

“မမ… ညီမလေးက ဒီလူနဲ့ မရင်းနှီးပါဘူး ငါ့မိသားစုက နင်နဲ့ မရင်းနှီးဘူး… ငါ့ကို မနှောင့်ယှက်နဲ့… အစ်မသာ မခေါ်သွားရင် ညီမလေးမှာ သွားစရာ တခြားနေရာ မရှိပါဘူး လမ်းမပေါ်မှာ ငတ်ပြတ်ပြီး သေရပါတော့မယ် ညီမလေး ဒုက္ခရောက်မှာကို မြင်ရက်ရဲ့လား”

ဟောင်ဟောင်ရဲ့ သနားစဖွယ် မျက်နှာအမူအရာကို ကြည့်ရင် သူမလည်း ချိုသာစွာ ပြောလိုက်တယ်။ သူမနဲ့ ဆေးနတ်ဘုရား နယ်မြေကြားမှာ နက်ရှိုင်းတဲ့ ဆက်နွှယ်မှု ရှိရမယ်။ ဒါကြောင့်လည်း သူမရဲ့ အပြောအဆိုကို ယုံကြည်နေမိတာပေါ့။

ယွမ်လော့ဖုန်းလည်း ရက်ရက်စက်စက် ပြန်မေးလိုက်တယ်။

“ဟုတ်ပါပြီး။ သူက မင်းရဲ့ အစ်ကိုလို့ ပြောခဲ့တယ် မဟုတ်ဘူးလား”

ဟောင်ဟောင်လည်း မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်တယ်။

“သူကညီမလေးကို လှည့်ဖျားခဲ့တယ်… ဟုတ်တယ်… သူက လူလိမ်။ ညီမလေးက ချစ်ဖို့ကောင်းတော့ သူ့ ညီမလေးလို့ ညာပြောခဲ့တယ်…တကယ်တမ်းတော့ သူနဲ့ ဘာဆိုဘာမှ သွေးသား မတော်စပ်ပါဘူး”

ရဲ့ရှီမို့မှာ ပိုပိုပြီး အသည်းကွဲ ရပါတယ်။ ဟောင်ဟောင်ကို မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် စိတ်မကောင်းဖြစ်စွာ ငေးကြည့်နေမိတယ်။

သူက စိတ်ကောင်းစေတနာနဲ့ ဒီနေရာကို ရောက်လာခဲ့တာပါ။ အခုတော့ ဒီကောင်မလေးက သူ့ကို လူလိမ်လို့ ပြောနေပြီ။

စကားဝိုင်းကို အဆုံးသတ်စေဖို့  သူမက မရိုးဖြောင့်တဲ့ နည်းလမ်းကို သုံးသင့် သုံးရမှာဘဲ။လက်ခံနိုင်ဖွယ် မရှိတဲ့  တောင်းဆိုချက်ကို ပြောရမယ်လို့ တွေးမိတယ်။

“ငါနဲ့ လိုက်ခဲ့”

ယွမ်လော့ဖုန်းလည်း ဟောင်ဟောင်ရဲ့ချစ်ဖို့ကောင်းတဲ့ လက်ကို ဆွဲကာသူမရဲ့ အခန်းထဲ သွားလိုက်တယ်။

အစက ရဲ့ရှီမို့လည်း သူမတို့နောက်ကို လိုက်ချင်သော်လည်း  သူလည်း တံခါးနားရောက်တော့ တံခါးကို ဒိုင်းခနဲ မြည်အောင် ပိတ်သွားတယ်။သူ့နှာခေါင်းနဲ့ တံခါး ပြေးဆောင့်သလို ဖြစ်သွားတယ်။

ဒီမိန်းမက ဟောင်ဟောင် ရှာနေတဲ့လူ ဖြစ်ရမယ်။ ဒါကြောင့် သူမအတွက် အန္တရာယ် မရှိလောက်ဘူး။ သေသေချာချာ စဉ်းစားပြီးနောက် ရဲ့ရှီမို့လည်း ခါးကြောဆန့်လိုက်တယ်။ ဒီလိုဆိုတော့လည်း ကိုယ့်အခန်းကိုယ် ပြန်ပြီး အနားယူတော့မယ်… သူတို့ကိစ္စကို ဂရုမစိုက်တော့ဘူး။

ဟောင်ဟောင်က ၈နှစ် ၉နှစ် အရွယ်လို့ ထင်ရသော်လည်း သူမက ပို ရင့်ကျက်ပြီး နာကျင် ဆုံးရှုံးမှုကို မကြိုက်နှစ်သက်ဘူး။ ဒီပြင် ယွမ်လော့ဖုန်းကို ဟောင်ဟောင်ကို ထိခိုက်စေမယ်လို့ မထင်ဘူး။

ဘာကြောင့်မှန်းတော့ မသိဘူး သူတို့တွေ တွေ့ဆုံခွင့်ရတာ ပထမဆုံး အကြိမ် ဖြစ်သော်လည်း သူတို့နှစ်ဦးကို ယုံကြည်သလို ကောင်းမွန်တဲ့ ခံစားချက်လည်း ရှိတယ်။ယွမ်ရှောင်က သူ့ကို ခြိမ်းခြောက်ဖို့ တန်ခိုး သုံးလည်း သူ စိတ်မဆိုးပါဘူး။

သိပ်မကြာခင်မှာ ဘာကြောင့်လဲဆိုတာ ရဲ့ရှီမို့ နားလည်လာမှာပါ။ အားလုံးက သူတို့ရဲ့ ကံတရားကြောင့်ပေါ့။

အခန်းထဲရောက်တော့ ယွမ်လော့ဖုန်းကို ဖက်ထားတဲ့ ယွမ်ရှောင်ကို ဟောင်ဟောင်လည်း ကြောက်ကြောက်လန့်လန့် ကြည့်ကာ ထိုင်လိုက်တယ်။ ဘာကြောင့် ယွမ်ရှောင်ကို ကြောက်နေလဲတော့ သူမကိုယ်တိုင်လည်း မသိဘူး။ သူက အစွမ်းထက်လွန်းလို့ တည့်တည့် မကြည့်ရဲတာ ဖြစ်မှာပါလေ။

ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ရဲ့ ပေါင်ပေါ်မှာ ထိုင်ကာ ဟောင်ဟောင်ကို ကြည့်လိုက်တယ်။

“ရောက်တတ် ရာရာ လျှောက်ပြောနေဖို့ မလိုအပ်ဘူး… ဒီကိုလာခဲ့ရတဲ့ အကြောင်းအရင်းက ဘာလဲ”

ဟောင်ဟောင်လည်း ပြူးကြောင်ကြောင် ကြည့်နေလိုက်တယ်။ သူမက သူ့ရဲ့ အလိမ်အညာကို သိနေတော့ ချစ်ဖို့ကောင်းအောင် ဟန်ဆောင်နေဖို့ မလိုအပ်တော့ဘူး။ သူမလည်း လည်ချောင်း ရှင်းကာ မေးလိုက်တယ်။

“နင် သိနေတာလား”

Chapter-781

End

အပိုင်း(၇၈၂)

ရဲ့မြို့တော်သို့ ခရီးထွက်ခြင်း (၂)

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ မေးလိုက်တယ်။

“ဘယ်လိုထင်လဲ”

ယွမ်လော့ဖုန်းကို မကြည့်ခင်မှာ ဟောင်ဟောင် အချိန်အကြာကြီး တိတ်ဆိတ်နေမိတယ်။

“အသေးစိတ်ကိုတော့ ငါလည်း မသိဘူး… ဆေးနတ်ဘုရား နယ်မြေနဲ့ လူတစ်ယောက်ကို စောင့်နေတာပဲ သိတယ်။ ငါက သူမရဲ့နောက်ကို လိုက်မယ်”

ဒီစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်တယ်။

“နင်က ငါ စောင့်နေတဲ့လူ မဟုတ်ဘူးလား”

“နင်ကို နေခွင့်ပြုရမယ် အကြောင်းအရင်းကို ပြောစမ်းပါ”

ယွမ်လော့ဖုန်းလည်း ပျင်းရိလေးတွဲစွာ ယွမ်ရှောင်ရဲ့ ရင်ဘတ်ကို မှီလိုက်ပြီး သူမရဲ့ရှေ့မှာ ရပ်နေတဲ့ ဟောင်ဟောင်ကို ပေါ့ပေါ့တန်တန် ကြည့်လိုက်တယ်။

“ဥပမာ နင် ဘာလုပ်နိုင်လဲ”

သူမလည်း ပြန်မဖြေခင် ခဏ တွေးတောလိုက်တယ်။

“လူဘယ်လို သတ်ရမလဲ သိတယ်”

“ပြီးတော့ရော်”

“မီးဘယ်လိုရှို့ရမလဲ သိတယ်”

“…”

သတ်ဖြတ်တာနဲ့ မီးရှို့တာ။ ဒါကို ထူးခြားတဲ့ ကျွမ်းကျင်မှုလို့ သတ်မှတ်လို့ ရလို့လား။

“ကောင်းပြီလေ… နင် နေနိုင်တယ်”

ယွမ်လော့ဖုန်းလည်း သူမရဲ့နှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်။

“နင်က ဆေးနတ်ဘုရားနယ်မြေနဲ့ ဆက်စပ်မှု ရှိလည်း အလုံးစုံတော့ ယုံကြည်ပေးလို့ မရသေးဘူး..နင်…”

သူမလည်း ခဏ ရပ်တန့်လိုက်ပြီး သူမရဲ့မျက်နှာပေါ်က အပြုံးက နက်ရှိုင်းလာတယ်။

“ငါနဲ့ စာချုပ် မချုပ်ရင်ပေါ့”

စာချုပ်ဆိုတဲ့ စကားကို ကြားတော့ ဟောင်ဟောင်ရဲ့ခန္ဓာကိုယ်က ဆတ်ခနဲ ဖြစ်သွားရတယ်။တအံ့တဩ သူမရဲ့ဦးခေါင်းကိုမော့ကာ ယွမ်လော့ဖုန်းကို မျက်တောင် မခတ် ကြည့်လိုက်တယ်။

“နင် တကယ် သိနေတယ်…”

သူမက ငါ ဘယ်သူလဲ သိနေတယ်

“ငါ နင့်ကို အခွင့်အရေး ၂ခု ပေးမယ်။ငါနဲ့ စာချုပ် ချုပ်ပြီးနေ…ဒါမှမဟုတ် နင့်မှာ ဆန္ဒမရှိရင် ထွက်သွားနိုင်တယ်”

ယွမ်လော့ဖုန်းလည်း မျက်နှာထား တည်တည်တံ့တံ့နဲ့ ပြောလိုက်တယ်။

ဟောင်ဟောင်လည်း သက်ပြင်း ခပ်ဖွဖွ ချကာ ပြန်ဖြေလိုက်တယ်။

“ကောင်းပြီလေ… ငါနင်နဲ့ စာချုပ်ချုပ်မယ်”

ထိုစဉ် ဟောင်ဟောင်ရဲ့ခန္ဓာကိုယ်မှ အနီရောင် မီးတောက် ထွက်ပေါ်လာပြီး ယွမ်လော့ဖုန်းရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတယ်။ သူမရဲ့မျက်ဝန်းကို ဖြည်းဖြည်းချင်း ပိတ်ထားလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ယွမ်လော့ဖုန်းက လက်ထိပ်သွေးကို ဖောက်ကာ ဟောင်ဟောင်ရဲ့ နဖူးပေါ် သွေးစက်ချလိုက်တယ်။ ချက်ချင်း ဟောင်ဟောင်ရဲ့ခန္ဓာကိုယ်က တုန်ယင်သွားသော်လည်း ချက်ချင်း သက်သာ သွားတယ်။ စာချုပ် ပြီးမြောက်သွားလို့ထင်ပါတယ်…ဟောင်ဟောင်လည်း ပျောက်ကွယ်သွားပြီး အခန်းတစ်ခန်းလုံး နဂိုအတိုင်း ပြန်ဖြစ်သွားတယ်။

“ယွမ်ရှောင်”

ယွမ်လော့ဖုန်းလည်း သူ့ကို ကြည့်ကာ စကားပြောလိုက်တယ်။

“ရှင့်မှာ မေးစရာ အများကြီး ရှိမယ်မှန်း သိပါတယ်…ရှင် မေးချင်ရင် မေးပါ… ကျွန်မ ဖြေပေးနိုင်ပါတယ်”

ယွမ်ရှောင်လည်း နောက်ဘက်မှ သူမရဲ့ခါးလေးကို ဖက်ကာ သူ့မေဖျားလေးကို သူမရဲ့ဦးခေါင်းနဲ့ ပွတ်သပ်နေလိုက်တယ်။

“ကိုယ် မမေးဘူး”

သူမကို ယုံကြည်ထားလို့ သူမရဲ့ ကိစ္စတွေကို ဝင်ရှုပ်မှာ မဟုတ်ဘူး။ သူမကို အကြွင်းမဲ့ ယုံကြည်ထားတယ်။

ယွမ်လော့ဖုန်းရဲ့နှလုံးသား နွေးထွေးရတယ်။ ဒီကောင်လေး သူမကို ယုံကြည်ပေးနေသ၍ ဘာဆိုဘာမှ အရေးမကြီးဘူး။ ဒါကြောင့်လည်း သူမရဲ့ဘဝမှာ နောင်တ မရှိဘူး။

“မင်း ပင်ပန်းနေပြီမလား။ အရင်ဆုံး အနားယူလိုက်ဦး”

ယွမ်ရှောင်လည်း သူမကို ပွေ့ချီကာ အိပ်ရာပေါ် ခေါ်သွားတယ်။

…..

ဆေးနတ်ဘုရားနယ်မြေ

ကောင်းကင်ပြာအောက်မှာ ဟောင်ဟောင်နဲ့ ရှောင်မိုတို့ တစ်ယောက်ကို တစ်ယောက် အလျှော့မပေး စတမ်း စိန်းစိန်းဝါးဝါး ကြည့်နေကြတယ်။

ယွမ်လော့ဖုန်းလည်း နယ်မြေထဲ ရောက်တော့ သူတို့ကြား ပဋိက္ခ ဖြစ်နေတာကို မြင်လိုက်ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် အလျှော့မပေးချင်တာကြောင့် ယွမ်လော့ဖုန်းဆီ အပြေးအလွှားလာတယ်။

“အခုမှ ရောက်လာတာကို… သူက ကျွန်တော်ရဲ့နေရာကို လုယူချင်နေတယ် သခင်”

ရှောင်မိုက ဟောင်ဟောင်ကို ဒေါသတကြီး လက်ညိုးထိုးကာ ပြောနေတယ်။

“ပထမရောက်တဲ့လူရဲ့ အလုပ်ကို မလုယူသင့်တာ မသိဘူး ထင်တယ်”

ဟောင်ဟောင်လည်း မကျေမနပ် ထေ့ငေါ့လိုက်တယ်။

“သခင်က ငါ့အကြောင်းကို သိထားပြီးသား။ ငါ မရှိတော့လို့ နှစ်ပေါင်းများစွာ ကြာတော့ ဆေးနတ်ဘုရားနယ်မြေက အစောင့်အရှောက် ဝိညာဉ်ကို ဖန်ဆင်းလိုက်တာ”

Chapter-782

End

အပိုင်း(၇၈၃)

ရဲ့မြို့တော်သို့ ခရီးထွက်ခြင်း (၃)

ရှောင်မိုမှာ  ဒေါသဖြစ်လွန်းလို့ မျက်နှာလေး နီရဲတွတ်ကာ ဟောင်ဟောင်ကို မကျေမနပ် ကြည့်နေခဲ့တယ်။

“ဟောင်ဟောင်”

ယွမ်လော့ဖုန်းလည်း ရန်ထောင်နေတဲ့ နှစ်ယောက်ကို ကြည့်လိုက်တယ်။ ထို့နောက် ဟောင်ဟောင်ကို ကြည့်ကာ မေးလိုက်တယ်။

“နင်ရဲ့ဇာတ်လမ်းကို မပြောပြရသေးဘူး”

ဟောင်ဟောင်ရဲ့မျက်နှာအမူအရာက အထီကျန်ဆန်ခြင်းကို ပြသနေတယ်။

“အစက ငါက ဆေးနတ်ဘုရားနယ်မြေမှာ နေထိုင်တဲ့ သားရဲဝိညာဉ်ပါ… တစ်နေ့မှာ ငါကို မောင်းထုတ်ခဲ့တယ်… သူ ပြောတာတော့ ဒီနယ်မြေရဲ့ ပိုင်ရှင်ကို ရှာချင်လို့တဲ့… ပိုင်ရှင်ကို ခေါ်ပြီး ပြန်တာကို စောင်နေရမယ်လို့ ပြောတယ်”

“အဲအချိန်က ငယ်သေးတော့ လူသားကမ္ဘာမှာ အသက်ရှင်နေထိုင်ဖို့ စည်းမျဉ်း စည်းကမ်းတွေကို နားမလည်ခဲ့ဘူး။ ငါ့ကို ပညာရှင်တစ်စုက သူတို့နဲ့ အတင်းအကျပ် စာချုပ်ချုပ်ဖို့ လိုက်ဖမ်းခဲ့တယ်… သူတို့ကြောင့် ဒဏ်ရာ ရပြီး ပုန်းကွယ်ဖို့ ပြန်လည် အားဖြည့်ဖို့ နေရာတစ်နေရာ ရှာခဲ့တယ်”

“ပြန်လည် အားဖြည့်နေတဲ့အချိန် လူသားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ကို ငါ့တပည့်အဖြစ် လက်ခံပေးခဲ့တယ်။ နောက်ပိုင်း ငါ အဆင်ပြေပြေ အနားယူ အားဖြည့်ဖို့ ငါနေထိုင်နေဖို့ အိမ်တစ်အိမ်ကို သူက ဆောက်လုပ်ပေးခဲ့တယ်။ အခု အဲဒီနေရာက လူသိများတဲ့ ရဲ့မိသားစုရဲ့အိမ်တော်ပေါ့”

“ရဲ့မိသားစု”

ယွမ်လော့ဖုန်းရဲ့လက်ချောင်းများက မေဖျားကို ထိကိုင်နေတယ်။

“ပြောရမယ်ဆိုရင် ရဲ့မိသားစုရဲ့ဘိုးဘေးက နင့်ရဲ့တပည့်ပေါ့”

ဟောင်ဟောင်လည်း ခေါင်းညိတ်လိုက်တယ်။

“ရဲ့မိသားစုမှာ တားမြစ်ထားတဲ့ ဧရိယာ ရှိတယ် ။ အဲဒီနေရာကို ဝင်ရောက်တဲ့လူတိုင်း သေနိုင်တယ်။ဒါပေမဲ့ တကယ်တမ်းတော့ ရဲ့မိသားစုရဲ့ဘိုးဘေးက ငါ နေထိုင်ဖို့ တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ ငါလည်း အဲဒီနေရာမှာ နှစ်ပေါင်း တစ်ထောင်ကျော် နေထိုင်ခဲ့တယ်။ အဲဒီနောက် ရဲ့ကျင်းချန်းက တားမြစ်ဧရိယာကို မတော်တဆ ကျူးကျော် ဝင်ရောက်ခဲ့တယ်။ ဒါကြောင့် ငါလည်း သူနဲ့အတူတူ အဲနေရာက ထွက်လာခဲ့တယ်”

အဲဒီနေရာကို တားမြစ် ဧရိယာလို့ သတ်မှတ်ရတဲ့ အကြောင်းအရင်းက သူမ ရှိနေတဲ့ အပြင် ထောင်ပေါင်းများစွာသော ထောက်ချောက်တွေ ရှိနေလို့ အန္တရာယ် များလွန်းပါတယ်။ ရည်ရွယ်ချက်က တခြားသူ ဝင်ရောက်ခြင်းကို တားဆီးဖို့နဲ့ သူမကို ပြဿနာ မရှာဖို့ပါ။

ရဲ့မိသားစုရဲ့ဘိုးဘေးက ဒီထောက်ချောက်တွေကို တည်ဆောက်ခဲ့တည်းက လွတ်မြောက်နိုင်တဲ့ နည်းလမ်း ၊ ရှောင်ရှားနိုင်တဲ့ နည်းလမ်းများကို ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ရဲ့ကျင်းချန်းက တားမြစ် ဧရိယာကို မတော်တဆ ကျူးကျော် ဝင်ရောက်လာတော့ ဟောင်ဟောင်က ထွက်ပြီး သူ့ကို ကယ်တင်ခဲ့တာပေါ့။ သူမ ရှာချင်တဲ့ လူကို ရှာနိုင်ဖို့ ရဲ့ကျင်းချန်းနဲ့အတူတူ အဲဒီနေရာက ထွက်ခွာ လာခဲ့တယ်။

သူမကိုယ်တိုင် မထွက်သွားရတဲ့ အကြောင်းအရင်းကတော့ သူမကို တခြားသူတွေ ဖမ်းဆီးပြီး ကျွန်ပြုမှာကို ကြောက်လို့ပဲ။

သူမမှာ အပြင်လောကနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံအများကြီးမရှိတော့ တားမြစ် ဧရိယာမှ တစ်ယောက်တည်း ထွက်မသွားရဲဘူး။

“ဟုတ်ပြီ”

ယွမ်လော့ဖုန်းလည်း တစ်စုံတစ်ရာကို တွေးမိလို့ ထပ်မေးလိုက်တယ်။

“ဆေးနတ်ဘုရား နယ်မြေက နင့်ကို မောင်းထုတ်ခဲ့တယ် ပြောတယ်နော်။ သူ့မှာ ကိုယ်ပိုင် အသိစိတ် ရှိလို့လား”

ဟောင်ဟောင်လည်း ခေါင်းညိတ်ကာ ပြန်ဖြေတယ်။

“ဆေးနတ်ဘုရား နယ်မြေက အခုဆိုရင် ငါ သိခဲ့တုန်းကလို မဟုတ်ဘူး။ သူ့ရဲ့ အသိစိတ် ပျောက်ဆုံးနေတယ်”

ကံဆိုးချင်တော့ ဒီနယ်မြေမှ သူမ ထွက်သွားတာ ကြာတော့ ဘာဖြစ်ခဲ့မှန်းတော့ သူမလည်း မသိတော့ဘူး။

ဆေးနတ်ဘုရား နယ်မြေရဲ့ လျှို့ဝှက်ချက်ကို သိဖို့ နီးစပ်လာမှန်း သိတော့ သူမက ဟောင်ဟောင်လောက်တော့ စိတ်မပျက်မိပါဘူး။

“ဟောင်ဟောင်…နင် ဘယ်နယ်ပယ်ကို ရောက်နေပြီလဲ”

ယွမ်လော့ဖုန်းလည်း မျက်ဝန်းကို မှေးလိုက်တယ်။

သူမ ပြောလိုက်တဲ့ စကားကို ကြားပြီးနောက်  ဟောင်ဟောင်ရဲ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခဏကြာတော့ နီရဲတောက်နေတဲ့ မြေခွေးက မြေကြီးပေါ်မှာ ရောက်နေတယ်။

ဒီမြေခွေးက အမြီး ၈ချောင်းနဲ့ မြေခွေးပဲ…အမွေးများက ဝါဂွမ်းလိုပဲ။ အမြင်အာရုံကို ဖမ်းစားနိုင်တယ်။

“မီးတောက် ဝိညာဉ် မြေခွေး”

ဒီကောင်မလေးက အမြီး ၉ချောင်းနဲ့ မြေခွေး မဟုတ်ဘူးလား။

ဒါပေမဲ့ ဘာကြောင့် အမြီး ၈ချောင်းတည်း ရှိရလဲ။

“ဟောင်ဟောင်….နင့်အမြီး ဘယ်ရောက်သွားလဲ”

“ငါ့နောက်ကို အစွမ်းထက်တဲ့လူတွေ လိုက်တုန်းက ငါ တစ်ကြိမ် သေဆုံးပြီး အမြီးတစ်ချောင်း ပျောက်ဆုံးသွားတယ်”

သူမရဲ့ နူးညံ့တဲ့ အမွေးများကို ပွတ်သပ်ပေးတော့ မထင်ထားလောက်အောင် သူမရဲ့ ပုံစံက တည်ငြိမ်နေတယ်။

Chapter-783

End

အပိုင်း(၇၈၄)

ရဲ့မြို့တော်သို့ ခရီးထွက်ခြင်း (၄)

ဟောင်ဟောင်လည်း အဟုတ်အမှန်ကို ပြောလိုက်ပြီး သူမရဲ့ခန္ဓာကိုယ် ပတ်လည်မှာ မီးများ ဝန်းရံသွားတယ်။ ခဏကြာတော့ သူမပုံစံက ယခင် ချစ်ဖို့ကောင်းတဲ့ ကလေးငယ် အသွင် ပြောင်းလဲသွားတယ်။

ဒီစကားတွေကို ကြားပြီးနောက်  ရှောင်မိုလည်း သူမနဲ့ အရင်လို မယှဉ်ပြိုင်တော့ဘဲ သနားစဖွယ် အကြည့်နဲ့ ကြည့်လိုက်တယ်။

“ဟောင်ဟောင် … နင် သခင့်ရဲ့နောက်လိုက် ဖြစ်တာနဲ့ နောင်ဆို နင့်ကို အနိုင့်ကျင့် နှိပ်စက်ရဲသူ ရှိမှာ မဟုတ်တော့ဘူး”

ဟောင်ဟောင်မှာ စိတ်လှုပ်ရှားမိတယ်။

“ကျေးဇူးပါ”

ယွမ်လော့ဖုန်းလည်း ခပ်နွမ်းနွမ်း ပြုံးလိုက်တယ်။ သူမအတွက်တော့ ဒီလက်အောက်ငယ်သား နှစ်ယောက်ရှိတာထပ် ပိုကောင်းတာ မရှိတော့ဘူး။

“ဒီသစ်ပင်က အတော် ကြီးနေပြီလား”

ယွမ်လော့ဖုန်း လှည့်ပတ်ကြည့်လိုက်တော့ သူမ  စိုက်ထားတဲ့ သစ်စေ့ကို တအံ့တဩ မြင်လိုက်ရတယ်။

မျိုးစေ့ အရွယ်လေး မဟုတ်တော့ဘဲ အပင်ပေါက် အရွယ် ဖြစ်နေပြီပဲ။ ဒီသစ်ပင်ငယ်လေးက အရွယ်ငယ်သေးသော်လည်း သစ်ပင်ကြီးတစ်ပင် အဖြစ် ပြောင်းလဲလာနိုင်ပါတယ်။ ဒီအပင် မျိုးစိတ်ကို ပြုစုပျိုးထောင်ဖို့ သူမရဲ့ ဆေးပင်အများကြီးကို သုံးထားရတယ်။ ယွမ်ရှောင် ပေးထားတဲ့ မင်္ဂလာ လက်ဖွဲ့ ဆေးပင်တွေ အပြင် ကြွက်မျိုးနွယ်စုက ပေးတဲ့ ဆေးပင် အကုန်လုံး နီးပါးကိုလည်း သုံးထားရတယ်။ ဆေးပင်တွေ များများ ရနိုင်တဲ့ နည်းလမ်းကို တွေးဖို့ လိုအပ်နေပြီ။ ဒီလိုမှ မဟုတ်ရင်တော့ ဒီသစ်ပင်လေးနဲ့ ရွှေရှာကြွက်တွေ အတွက်  ဆေးပင် ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။

ယွမ်လော့ဖုန်းလည်း ဒီအကြောင်းကို တွေးနေစဉ် သစ်ပင်ငယ်လေးက ဟောင်ဟောင်ကို ဦးတည်တဲ့ လေပြင်းမုန်တိုင်းကို ရုတ်တရက် ဖြစ်ပေါ်စေတယ်။

ဘာကြောင့်များ ယွမ်လော့ဖုန်းက ဒီအပင်ငယ်လေးကို အလေးအနက် သဘောထားနေလဲ အစကတော့ ဟောင်ဟောင် နားမလည်နိုင်ခဲ့ဘူး။ သစ်ပင်လေးက သူမကို လက်ပေါင်းများစွာနဲ့ တရွတ်တိုက်ဆွဲနေသလို အတင်းအကျပ် ဟောင်ဟောင်ကို ဆွဲနေခဲ့တယ်။

ဟောင်ဟောင်လည်း ထိတ်ထိတ်ပျာပျာ အော်ဟစ်လိုက်ပြီး ယွမ်လော့ဖုန်းရဲ့လက်ကို အလျင်စလို လှမ်းဆွဲလိုက်တယ်။

ဒီလေပြင်းမုန်တိုင်းကြောင့် သူမရဲ့ ကြက်သွေးရောင် ဝတ်စုံက တလွှင့်လွှင့် ဖြစ်ကာ နှင်းတမျှ ဖြူဖွေးတဲ့ ပေါင်ကို ဖော်ပြသလို ဖြစ်နေတယ်။

ယွမ်လော့ဖုန်းလည်း ဟောင်ဟောင်ရဲ့လက်မောင်းကို အတင်းအကျပ် ဆုပ်ကိုင်ကာ ခက်ထန် ကြမ်းကြုတ်သော လေသံနဲ့ ပြောလိုက်တယ်။

“နင်စားဖို့ ငါ့ရဲ့ဆေးပင်အားလုံးကို သုံးခဲ့လည်း အခုတော့ ဟောင်ဟောင်ကို စားချင်ပြန်ပြီလား။ နင် အခုချက်ချင်း မရပ်တန့်ဘူးဆိုရင် နင့်ကို မီးရှို့ပစ်လည်း ကိစ္စ မရှိဘူး”

သူမရဲ့ စကားကို ကြားပြီးနောက် လေပြင်းမုန်တိုင်းက ချက်ချင်း ပျောက်ကွယ်သွားပြီး သစ်ပင်လေး တယိမ်းတယိုင် ဖြစ်သွားတယ်။

ဟောင်ဟောင်မှာ တုန်လှုပ် ချောက်ချားလွန်းလို့ အော်ငိုတော့တယ်။

“သခင်… ဒါက ဘာမိစ္ဆာကောင်လဲ… သူက ဘာကြောင့် ကျွန်မကို စားချင်တာလဲ”

စိတ်ဝိညာဉ်သားရဲက သစ်မြစ်သစ်ဖုတွေကို စားတယ်လို့သာ ကြားဖူးခဲ့ပြီး သစ်ပင်က သားရဲကို စားတယ်လို့ ကြားကို မကြားဖူးခဲ့ဘူး။ဒီပြင် ဒီသစ်ပင်က ဆေးပင်အားလုံးကို ဝါးမျိုလိုက်တာလား။

ဒီသစ်ပင်က ဘယ်လို မိစ္ဆာကောင်မျိုးလဲ။

“ပြဿနာ မရှိတော့ဘူး။ သူ နင့်ကို မစားတော့ဘူး။ နင့်ခန္ဓာကိုယ်ထဲက ချီစွမ်းအင်နဲ့ အသက်ဓာတ်ကို စားသောက်ချင်လို့ပါ”

ယွမ်လော့ဖုန်းလည်း ဟောင်ဟောင်ရဲ့ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်တယ်။ နှစ်သိမ့်တဲ့ စကားများက ဟောင်ဟောင်ကို အရိုးထဲထိ စွဲအောင် ကြောက်ရွံ့စေတယ်။

“ခြားနားမှုရှိလို့လား။ အသက်ဓာတ် မရှိတော့ရင် ငါက မသန်မစွမ်း မြေခွေး ဖြစ်သွားမယ်။ အသက်ဓာတ်မရှိရင် သေဆုံးတာနဲ့ ဘာခြားနား ဦးမလဲ”

ဟောင်ဟောင်က နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော်လည်း လူအနည်းစုနဲ့သာ ပေါင်းသင်း ဆက်ဆံခဲ့တယ်။ ဒါကြောင့် သူမရဲ့ ကလေးဆန်တဲ့ အပြုအမူကို ပြုပြင်ဖို့ မလွယ်ကူဘူး။ သူမလည်း ယွမ်လော့ဖုန်းရဲ့လက်မောင်းကိုဆွဲကာ သူမရဲ့နောက်ကျောမှာ ပုန်းကွယ်နေလိုက်တယ်။

ရှောင်မိုလည်း နောက်ဆုံးကျန်တဲ့ ဆေးပင်လေးကို ကောက်ယူလိုက်တယ်။ မနက်ဖြန်တော့ ဆေးပင်များများ ရနိုင်တဲ့ နည်းလမ်းကို ငါ တွေးကြံပါမယ်။

ယွမ်လော့ဖုန်းလည်း စိတ်ဖိစီးလာရတယ်။ ကြွက်မျိုးနွယ်စု အားလုံးကို ကျွေးမွေးဖို့ ဆေးပင် လိုအပ်တဲ့ အပြင် မျိုးနွယ်စု တစ်စုလုံးနဲ့ အပြိုင် စားသောက်မယ့် သစ်ပင်လေးကိုလည်း ကျွေးမွေးရဦးမယ်။ သစ်ပင်က အစားဝသွားရင် ၁၀ရက်မှ လဝက်လောက်အထိ အနားယူသွားတယ်။ ဆေးပင်ရှာဖို့အတွက် သူမအတွက် အချိန်ပေးထားသလိုပဲ။

ဒီသစ်ပင်က သူမပြောတဲ့စကားကို နားလည်သလို ပျော်ရွှင်စွာ ယိမ်းယိုင်သွားတယ်။ မုန့်ရလို့ ပျော်နေတဲ့ ကလေးငယ်လိုပါပဲ။

“သခင်… ကျွန်မလည်း သခင်နဲ့အတူတူ လိုက်ခဲ့မယ်”

ဟောင်ဟောင်လည်း သစ်ပင်လေးကို ထိတ်ထိတ်ပျာပျာ ကြည့်ကာ ယွမ်လော့ဖုန်းရဲ့လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ်။

“အထဲမှာ ဆက်မနေချင်တော့ဘူး”

Chapter-784

End

Book(32)
785+786+787+788

အပိုင်း(၇၈၅)
ရဲ့မြို့တော်သို့ ခရီးထွက်ခြင်း (၅)

“ငါ သူ့ကို သတိပေးပြီးပြီ။ အခု နင့်ကို ထိခိုက်စေမှာ မဟုတ်တော့ဘူး”

“ကျွန်မ ဂရုမစိုက်ဘူး”
ဟောင်ဟောင်လည်း နှုတ်ခမ်းစူလိုက်တယ်။
“ကျွန်မကို ဒီနေရာမှာ နေခဲ့ဖို့ ပြောတာက ကျွန်မရဲ့ဘဝကို မကောင်းစားစေချင်လို့။ဒီပြင် ဘယ်အချိန် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရမလဲ သတိရှိနေရတယ်။သခင်နဲ့အတူတူ အပြင်ထွက်သွားတာက  အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးပါ”

ယွမ်လော့ဖုန်းလည်း ဟောင်ဟောင်ရဲ့သနားစဖွယ် မျက်နှာကို ကြည့်ရင်း စိတ်ပျော့ကာ သဘောတူလိုက်တယ်။

“နင် ငါ့နောက်ကို လိုက်နိုင်တယ်။ ဒါပေမဲ့ ငါ့ကို ဆရာလို့ မခေါ်ရဘူး နင် ဘယ်သူလဲလဲဆိုတာ တခြားသူကို ဖော်ပြလို့ မရဘူး”

ဒီကုန်းမြေစုမှာ သခင်ဆိုတာ သားရဲနဲ့ စာချုပ် ချုပ်ထားတဲ့လူကို ခေါ်ဆိုခြင်းပါ။ဥပမာ နို့လက်ဖက်ရည်လေးနဲ့ ကြွက်မျိုးနွယ်စုက ယွမ်လော့ဖုန်းကို သခင်လို့ ခေါ်လေး ရှိတယ်။ တပ်မကြီးမှလူတွေက သူမကို သခင်မလေး သို့မဟုတ် အရှင်သခင်လို့ သုံးနှုန်းတယ်။ ဒီစကားနှစ်ခွန်းကြားက အဓိပ္ပါယ်က မိုးနဲ့မြေလို ခြားနားတယ်။

သူမကိုယ်သူမ ဝိညာဉ်သားရဲလို့ တခြားသူကို သိခွင့်ပြုလိုက်ရင် သူမရဲ့အနာဂတ်က အေးချမ်းတော့မှာ မဟုတ်ဘူး။

လူတိုင်းက ဝိညာဉ်သားရဲများကို လူကြီးအရွယ်၊ ကနဦးအဆင့် ဟူ၍ နှစ်မျိုး ခွဲခြားထားမှန်း သိတယ်။ဟောင်ဟောင်လို သားရဲမျိုးက ကနဦးအဆင့်မှာ လူသားအသွင် ပြောင်းလဲထားမှန်း သိနိုင်ပြီး ထာဝရ ၈နှစ်၊ ၉နှစ် အရွယ်မှ တက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူမရဲ့ မွေးရာပါ ပါရမီကလည်း အလွန်ကောင်းမွန်တယ်။ဟောင်ဟောင်ကို ဖမ်းချင်တဲ့လူတွေ များပြားနေတာ အံ့ဩစရာ မရှိဘူး။

သူမဘေးကင်းဖို့အတွက် ဟောင်ဟောင်အကြောင်းကို တခြားသူ သိလို့ မဖြစ်ဘူး။

“ကျွန်မ နားလည်ပါပြီ”
ဟောင်ဟောင်လည်း ချစ်ဖို့ကောင်းစွာ မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း ပြောလိုက်တယ်။

ရဲ့ရှီမို့သာ ဒီမြင်ကွင်းကို တွေ့လိုက်ရရင် မေရိုး ပြုတ်ကျ မတတ် တုန်လှုပ်မှာပါ။ ဒီငဆိုးမလေးက ဘယ်လိုဖြစ်ပြီး နာခံတတ်သွားလဲ။

ကြည့်ရတာတော့ ယွမ်လော့ဖုန်း ရှေ့မှာဆို နာခံတတ်တဲ့ ကောင်မလေး ဖြစ်ချင်ပုံပဲ။

…..

တည်းခိုဆောင်အတွင်း

သပ်ရပ်ကျနတဲ့ ရိုးရိုး အခန်းလေးအထဲမှာ ရဲ့ရှီမို့က အိပ်ဖို့ ဟန်ပြင်နေခဲ့သော် တံခါးခေါက်သံကို ကြားတော့ သူလည်း ထခုန်လိုက်တယ်။ ရန်သူက လက်စားချေဖို့ ရောက်လာတယ်လို့ တွေးမိလို့ အိပ်ရာအောက်က  ဓားကို ဆွဲယူလိုက်တယ်။

ဒါပေမဲ့ သူ ဝေ့ဝဲ ကြည့်လိုက်တော့ အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်လာတဲ့ ဟောင်ဟောင်ကို တွေ့လိုက်ရတယ်။

နောက်ဆုံးတော့ ရဲ့ရှီမို့လည်း စိတ်အေးရတော့တယ်။
“ဟောင်ဟောင် ငါမင်းကို ဘယ်နှခါ ပြောရမလဲ။ တံခါးဆိုတာ ဖွင့်ဖို့ ကန်ဖို့ မဟုတ်ဘူး”

ဟောင်ဟောင်လည်း နှုတ်ခမ်းစူလိုက်တယ်။
“ငါ အိပ်ချင်နေပြီ။ နင့်အိပ်ရာကို ကြမ်းပြင်ပေါ် ရွေ့လိုက်တော့”

ရဲ့ရှီမို့လည်း နှုတ်ခမ်းမဲ့ရွဲ့ လိုက်တယ်။
“ဟောင်ဟောင် ငါတို့တွေ အခန်းနှစ်ခန်း ငှါးလိုက်ရင် ကောင်းမယ်”

ဟောင်ဟောင်ရဲ့ ခြေလှမ်းများက ရပ်တန့်သွားပြီး ရဲ့ရှီမို့ရဲ့ စကားကို ဂရုမစိုက်ဟန် အိပ်ရာပေါ်မှာ လဲလျောင်းလိုက်တယ်။

အစကတော့ ရဲ့ရှီမို့မှာ စကားဆက်ပြောချင်သော်လည်း ကောင်မစုတ်လေးက မျက်လုံးပိတ်သွားပြီ။ သူ့မှာတော့ စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ကြမ်းပြင်ပေါ်မှာအိပ်ရာခင်းလိုက်တယ်။

သူ့အသက်ရှူသံ တည်ငြိမ်သွားတော့မှ ဟောင်ဟောင်လည်း မျက်လုံးဖွင့်ကာ စောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်တယ်။

သူမ ကြောက်တယ်။

သူမ ကြောက်လွန်းလို့ တစ်ယောက်တည်း ချင်မြို့တော်ကို မလာရဲခဲ့ဘူး။ကြောက်လွန်းလို့ ရဲ့ရှီမို့နဲ့ တစ်ခန်းတည်း အတူတူ အိပ်ရတာ။

သူမ နှိပ်စက်အနိုင်ကျင့် ခံရတဲ့ မြင်ကွင်းကို ပြန်လည် မြင်ယောင်မိတိုင်း ကြောက်ရွံ့ တုန်လှုပ်ရတယ်။

ရဲ့ရှီမို့ရဲ့ အစွမ်းက သူမထက် မမြင့်သော်လည်း အနားမှာ လူတစ်ယောက်ရှိနေခြင်းက ပိုပြီး ဘေးကင်းပါတယ်။

ဟောင်ဟောင်လည်း သူမရဲ့ အမြီးကို ထုတ်ကာ ဝါးဂွမ်းကဲ့သို့ အမွေးများကို ပွတ်သပ်နေတယ်။

ယွမ်လော့ဖုန်းကို သူမ လိမ်ညာခဲ့တယ်။

သူမရဲ့ အမြီးတစ်ခုက အသက်ကို ကိုယ်စားပြုသော်လည်း သူမ အသက်ဆုံးရှုံးသွားလို့ သူမရဲ့ အမြီး ပျောက်ဆုံးသွားခြင်းတော့ မဟုတ်ဘူး။ အဲဒီလူသားတွေက သူမရဲ့ အမြီးကို တဖြည်းဖြည်းချင်း ခုတ်ပိုင်းခဲ့တာပါ။

အမှန်ပါပဲ။ ဖြည်းဖြည်းချင်း နှိပ်စက်ပြီး အမြီးဖြတ်ခဲ့တယ်။ သူတို့တွေက တစ်ခါတည်း အပြီးပိုင်းဖြတ်ခြင်း မဟုတ်ဘဲ တစ်နေ့တစ်နေ့ နည်းနည်းချင်းစီ တစ်တိတိ ဖြတ်ခဲ့တယ်။

ဒီလိုဆိုရင်တောင် သူမ အံ့ကြိတ် သည်းခံခဲ့တယ်။ ဒီလူသားတွေကို အညံ့ခံမှာထက် အသေခံလိုက်မယ်။

Chapter-785
End

အပိုင်း(၇၈၆)
ရဲ့မြို့တော်သို့ ခရီးထွက်ခြင်း (၆)

“ကံကောင်းထောက်မစွာနဲ့ ဆေးနတ်ဘုရားနယ်မြေကို ပိုင်ဆိုင်တဲ့လူနဲ့ နောက်ဆုံးတော့ တွေ့ခွင့်ရခဲ့ပြီ”
ဟောင်ဟောင်လည်း အမြီးကို အောက်ချကာ တီတိုး ပြောလိုက်တယ်။

သူမရှာနေတဲ့လူကို ရှာတွေ့ပြီဆိုတော့ သူများ အနိုင်ကျင့်မှာလည်း ကြောက်နေစရာ မလိုအပ်တော့ဘူး။

နောက်တစ်နေ့ မနက်ခင်း

ယွမ်လော့ဖုန်းလည်း အခန်းတံခါး ဖွင့်လိုက်ချိန် အပြင်ဘက်မှာ ရပ်နေတဲ့ ရဲ့ရှီမို့နဲ့ ဟောင်ဟောင်ကို တွေ့လိုက်ရတယ်။ သူမလည်း မျက်ခုံးပင့်ကာ မေးလိုက်တယ်။
“ ထွက်ခွာဖို့ အချိန်တန်ပြီ”

ရဲ့ရှီမို့လည်း ချောင်းခြောက်ဆိုးလိုက်တယ်။
“ဟုတ်ပြီ။ အခုတော့ ငါတို့တွေ ရင်းနှီးပြီလို့ မှတ်ယူလို့ ရပြီ။ ဒါနဲ့ နင်တို့ရဲ့ နာမည်ကို မသိရသေးဘူး”

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။ ရဲ့ရှီမို့ကို ရဲ့မိသားစုက မိသားစုဝင်ဆိုတာထက် ဘာဆိုဘာမှ မသိသေးဘူး။ဒါကြောင့် ပြန်မဖြေခင်မှာ အချိန် အကြာကြီး နှုတ်ဆိတ်နေမိတယ်။
“ဖုန်းလော့ယွမ်”

ယွမ်လောဖုန်းကို ဖုန်းလော့ယွမ်လို့ ပြောင်းပြန်လှန်လိုက်တာပဲ။

ဟောင်ဟောင်လည်း မျက်တောင်ခတ်ကာ ယွမ်လော့ဖုန်းကို နားမလည်နိုင်စွာ ကြည့်နေမိတယ်။ ဘာကြောင့် နာမည်အတုကို သုံးမှန်း နားမလည်နိုင်ဘူး။ဒါပေမဲ့လည်း သူမက ဘာဆိုဘာမှ ဝင်မစွက်ဘဲ ဘေးမှာ တိတ်တဆိတ် ရပ်နေလိုက်တယ်။

“ဒီဘက်က သခင်လေးရဲ့ နာမည် ပြောပါဦး”
ရဲ့ရှီမို့လည်း ယွမ်ရှောင်ဘက် လှည့်ကာ မေးလိုက်တယ်။

“ရှောင်ယွမ်”
ယွမ်ရှောင်ရဲ့မျက်နှာအမူအရာက ခံစားချက် ကင်းမဲ့နေခဲ့တယ်။

ဒီနာမည်ကို ကြားပြီးနောက် ယွမ်လော့ဖုန်းရဲ့ မျက်ခုံးက အနည်းငယ် ပင့်တက်သွားတယ်။ သူမက နာမည်ကို ပြောင်းပြန် ပြောခဲ့လို့ သူလည်း သူမနည်းတူ ပြောခဲ့တာလား။

ရဲ့ရှီမို့လည်း ရယ်မောကာ ယွမ်လော့ဖုန်းဘက် လှည့်ကြည့်လိုက်တယ်။ သူ့လက်က ယွမ်လော့ဖုန်းရဲ့ ပခုံးကို ထိကိုင်ချင်သော်လည်း တစ်ဖက်မှာ ရပ်နေတဲ့ ယွမ်ရှောင်က သူမကို ဆွဲခေါ်သွားပါတယ်။ ရဲ့ရှီမို့လည်း ရှက်ကိုးရှက်ကန်းဖြစ်ကာသူ့နှာခေါင်းသူ ပွတ်လိုက်တယ်။
“ငါတို့တွေ တွေ့ဆုံခွင့်ရတာ ကံတရားကြောင့်ပါ။ ငါ့နာမည်က ရဲ့ရှီမို့… ငါ့ကို အစ်ကိုရဲ့လို့ ခေါ်လို့ ရတယ်”

ယွမ်လော့ဖုန်းလည်း တခစ်ခစ် ရယ်မောလိုက်တယ်။
“ဒါဆိုလည်း ရှင့်ဆန္ဒအတိုင်း အစ်ကိုရဲ့လို့ ခေါ်မယ်”

ရဲ့ရှီမို့နဲ့ ပတ်သက်တဲ့ ခံစားချက်က သိပ်မဆိုးဘူး။ သူ့ရဲ့ ပွင့်လင်းတက်ကြွတဲ့ စိတ်ဓာတ်ကြောင့် စကားပြောဆိုရတာ အဆင်ပြေတယ်။ ခြေလှမ်း လှမ်းလိုက်တိုင်း အန္တရာယ်များဖြင့် ပြည့်နှက်နေတဲ့ ပြန်လမ်းမဲ့မြေမှာ ချင့်ချိန် တွေးခေါ်တတ်ဖို့ သတိရှိဖို့ လိုအပ်တယ်။ ဒါကြောင့် သူမရဲ့နာမည် အရင်းကို မပြောချင်ဘူး။

ယွမ်ရှောင်က အရင်လို ခံစားချက် ကင်းမဲ့တဲ့ မျက်နှာသေနဲ့ပါ။ ရဲ့ရှီမို့ ပြောတဲ့ စကားနှစ်ခွန်းကို မသိကျိုးကျွံ ပြုနေခဲ့တယ်။ သူ့အတွက် စကားနှစ်ခွန်းပြောဖို့က အင်မတန် ခက်ခဲလွန်းတော့ ရဲ့ရှီမို့ကို အစ်ကိုရဲ့လို့ ခေါ်ပါ့မလား။  ယွမ်လော့ဖုန်းကလွဲရင် ဘယ်သူမှ သူ့ကို မျက်နှာအမူအရာ ပြောင်းလဲအောင် မလုပ်ဆောင်နိုင်ဘူး။

“ဟား”
ရဲ့ရှီမို့လည်း သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်တယ်။
“ညီမဖုန်း… ရဲ့မြို့တော်ကို ရောက်ရင် အစ်ကိုရဲ့က အိမ်ရှင် ဖြစ်သွားတော့ မင်းတို့ကို လည်ဖို့ပတ်ဖို့ စားဖို့ သောက်ဖို့ ပျော်ဖို့ ရွှင်ဖို့ အစ်ကို တာဝန်ထားလိုက်…ဟောင်ဟောင် သွားမယ်”

“ရှီမို့လေး နင် တစ်စုံတစ်ယောက်ကို မရှာတော့ဘူးလား”
ဟောင်ဟောင်လည်း ချစ်ဖို့ကောင်းအောင်  မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။

ရဲ့ရှီမို့လည်း သူ့နဖူးသူ ရိုက်ချလိုက်တယ်။
“ဒီအကြောင်းကို သူ မေ့နေလိုက်တာနော်။မွေးစား အဖေက တစ်စုံတစ်ယောက်ကို ရှာခိုင်းထားတယ်။ ဒါပေမဲ့ ဘယ်လို ရှာရမှန်းကို မသိတော့ဘူး။ ပန်းချီကား ရှိရင် ရှာရတာ အဆင်ပြေတယ်။ အခုတော့ ဘာဆိုဘာမှ မရှိဘူး”

“နင် ဘယ်သူကို ရှာနေတာလဲ”
ယွမ်လော့ဖုန်းလည်း စပ်စပ်စုစု မေးလိုက်တယ်။

ရဲ့ရှီမို့လည်း ခေါင်းညိတ်လိုက်တယ်။
“ငါ့ ညီလေးကို ရှာနေတာ။သူ့ကို တစ်ခါမှ မမြင်ဖူးတော့ ရှာဖို့ ခက်ခဲနေတယ်။ ဒီအကြောင်းကို နောက်မှ ပြောမယ်။ ညီမလေးဖုန်းနဲ့ ရှောင်သခင်လေးကို ရဲ့မြို့တော် အရင်ဆုံး ခေါ်သွားပေးမယ် သူတို့ သတင်းကို စုံစမ်းဖို့ တခြားတစ်ယောက်ကို လွှတ်ထားလိုက်မယ်”

ရဲ့ရှီမို့လည်း အလွန်စိတ်ဆိုးမိတယ်။ ပြန်လမ်းမဲ့မြေမှာ လူရှာရခြင်းက မြက်ခြောက်ပုံမှာ အပ်ပျောက် ရှာရသလိုပဲ။

တစ်ဖက်လူက ဆန္ဒအလျောက် ရောက်မလာခဲ့ရင်တော့…

ရှာတွေ့ဖို့ ဖြစ်နိုင်ပါ့မလား။

သူ ကံကောင်းမယ်လို့တော့ မယုံကြည်ဘူး။

Chapter-786
End

အပိုင်း(၇၈၇)
ရဲ့မြို့တော်သို့ ခရီးထွက်ခြင်း (၇)

ရဲ့မြို့တော်က ချင်မြို့တော်နဲ့ သိပ်မဝေးကွာတဲ့ အတွက် နေ့ဝက်လောက် ခြေကျင်း သွားဖို့ပဲ လိုအပ်တယ်။ စားသောက်ဆိုင် တစ်ဆိုင်ရဲ့ ခမ်းနားထည်ဝါတဲ့ အခန်းတစ်ခန်းမှာ ရဲ့ချီက ခေါင်းငုံ့ရင်း တူကို မကျေမနပ် ကြည့်နေခဲ့တယ်။

သူမရဲ့မျက်နှာချင်းဆိုင်မှာ အသက် ၂၀အရွယ် မိန်းကလေးရှိတယ်။ သူမရဲ့ ရုပ်ရည်က အလွန်လှပပြီး တခြားသူများအတွက်တော့ သူမကို ကာကွယ်ပေးချင်တဲ့ ဆန္ဒ အလွယ်တကူ ဖြစ်စေတယ်။

“ချီချီ”
မိန်းမပျိုလေးက နှုတ်ခမ်းကို တွန့်ကာ သိမ့်မွေ့စွာ ပြောတယ်။
“နင့်အစ်ကိုကို ဒေါသထွက်နေတုန်းလား”

ရဲ့ချီလည်း သက်ပြင်းချကာ တူကို အောက်ချထားလိုက်တယ်။
“သူ မုန်းအောင် ငါ ဘာတွေများ လုပ်မိလဲ စဉ်းစား မရဘူး။ ငယ်ငယ်တည်းက သူ့ဘေးနားမှာ နေခွင့်ရဖို့ မျှော်လင်ခဲ့တယ်… သူ စိတ်ရှုပ်စေမယ့် ကိစ္စမျိုး မလုပ်ခဲ့ဖူးဘူး။ ဘာကြောင့်များ ငါ့ကို အရမ်းကြီး စက်ဆုပ်ရွံရှာနေလဲ နားမလည်နိုင်ဘူး”

သူမရဲ့မျက်နှာအမူအရာက စိတ်ပျက်ကြေကွဲမှုကို ဖော်ပြနေပြီး စားပွဲတစ်ခုလုံးက အရသာရှိတဲ့ အစားအသောက်များကို စားချင်စိတ်တောင် မရှိတော့ဘူး။

“ရုံအာ ငါ့အစ်ကို ငါ့ကို အထင်မြင် မသေးအောင် ဘယ်လိုလုပ်ရမလဲ ပြောစမ်းပါ”
ရဲ့ချီလည်း နှုတ်ခမ်းကိုကိုက်ကာ ရွှယ်ရုံကို သနားစဖွယ် ကြည့်လိုက်တယ်။

“ဒါက…”
ရွှယ်ရုံလည်း အကြံပေးတဲ့ စကားပြောဖို့ ပြင်နေစဉ် ပြတင်းပေါက်မှ အရိပ်တစ်ခုကို လှမ်းတွေ့လိုက်ကာ တအံ့တဩ ပြောလိုက်တယ်။
“သူ…သူက ရဲ့သခင်လေး မလား”

ရဲ့ချီလည်း ကုလားထိုင်ပေါ်မှ ချက်ချင်း ထရပ်လိုက်တယ်။ စိတ်ပျက်ကြေကွဲနေသော်လည်း  သူမရဲ့မျက်နှာက ချက်ချင်း အရောင်တောက်သွားတယ်။

“အစ်ကို ပြန်လာပြီလား”

ထိုစကားကို ပြောပြီးနောက် ရဲ့ချီလည်း အပြင်ကို အလျင်စလို ပြေးထွက်သွားတယ်။ လှမ်းဆွဲလိုက်ဖို့တောင် အချိန် မရဘူး။

…..

စားသောက်ဆိုင် ခန်းမ အတွင်းမှာ ရဲ့ရှီမို့က ယွမ်လော့ဖုန်းကို ရဲ့မြို့တော်ရဲ့ နယ်မြေ အခြေအနေကို မိတ်ဆက်ပေးနေတယ်။

ထိုစဉ် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးက ဒုတိယထပ်မှ ပြေးဆင်းလာတယ်။ ရဲ့ရှီမို့ ရှေ့ကို ရောက်လာသည့်တိုင် အရှိန်မထိန်းနိုင်ဘူး။

“ရဲ့ရှီ”

ရဲ့ရှီမို့လည်း မှင်တက်သွားရတယ်။  သူလည်း ဒုတိယထပ်မှ ပြေးဆင်းထာတဲ့ မိန်းကလေးကို မျက်မှောင်ကြုတ်ကာကြည့်လိုက်တယ်။ စိတ်မကြည်ကာ အကျည်းတန်နေတဲ့ သူ့မျက်နှာက ပိုရုပ်ဆိုးလာတယ်။

“ဘာလို့ ဒီနေရာကို နင်တို့နှစ်ယောက် ရောက်နေတာလဲ”

သူ မေးလိုက်တဲ့ လေသံကြောင့် ရဲ့ချီမှာ ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။
“ညီမလေးက ရွှယ်ရုံနဲ့အတူတူ ထမင်းလာစားတာပါ။ အစ်ကိုလည်း ဒီနေရာကို လာမယ်လို့ မထင်ခဲ့မိဘူး”

ရဲ့ရှီမို့ဘေးနားက ဟောင်ဟောင်ကို မြင်လိုက်ရတော့ ရဲ့ချီလည်း ဒေါသထွက်မိတယ်။
“အစ်ကိုက ဒီကောင်မစုတ်လေးနဲ့ အတူတူ ရှိနေတုန်းလား”

“ရဲ့ချီ မရိုင်းရဘူး”
ရဲ့ရှီမို့ရဲ့မျက်နှာထားက တည်တံ့ကာ ခက်ထန်နေခဲ့တယ်။
“သူတို့က ငါ့မိတ်ဆွေတွေ။ သူမက ဟောင်ဟောင်။ သူတို့နှစ်ယောက်က ညီမဖုန်း နဲ့ရှောင်သခင်လေး။ သူတို့က ဒီရက်ပိုင်းအတွင်း ရဲ့အိမ်တော်မှာ နေမှာ။ မင်း သူတို့ကို ရိုင်းစိုင်းရင်တော့ မင်းကို ညီမလေးလို့ အသိအမှတ် မပြုဘူးလို့ အပြစ်မတင်နဲ့။

အပြင်လူအတွက်နဲ့ သူမကို ဒေါသသံနဲ့ ရဲ့ရှီမို့ ပြောမယ်လို့ မထင်ခဲ့မိဘူး။ သူမရဲ့ မျက်သားများ နီရဲလာပြီး   သူမရဲ့ နှလုံးသား နာကျင်ရတယ်။

နာကျင်ရတာထက် ဒေါသ ပိုထွက်တယ်။

“ချီချီ”
ရွှယ်ရုံအာလည်း ရဲ့ချီရဲ့ အင်္ကျီလက်ကို အလျင်စလိုဆွဲလိုက်တယ်။
“ရဲ့သခင်လေး ပြန်လာပြီဆိုတော့ နင် သူ့ကို ဒေါသထွက်အောင် မလုပ်သင့်ဘူး”

ဒီစကားကို ပြောပြီးနောက် သူမလည်း ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်အနား ဖြည်းဖြည်းချင်း သွားကာ သိမ်မွေ့စွာ ပြောလိုက်တယ်။
“ဖုန်းသခင်မလေး။ ရှောင်သခင်လေး ။ ရဲ့ချီက အလိုလိုက်ခံထားတဲ့ ကလေးဆိုတော့ ရိုင်းပျမိတယ်…ဗွေမယူပါနဲ့”
ရဲ့ချီအတွက် ပြောပေးနေသလိုနဲ့ ရဲ့ချီရဲ့ စိတ်ထား မကောင်းကြောင်း ဆိုးသွမ်တဲ့ ကလေး ဖြစ်ကြောင်း ပြောနေသလိုပဲ။

ယွမ်လော့ဖုန်း မပြောဘဲနဲ့ ပရိယာယ် ကင်းတဲ့ရဲ့ရှီမို့ကိုယ်တိုင် သတိထားမိတယ်။ ဒါကို ရဲ့ချီက ရွှယ်ရုံအာပြောတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားမလည်သေးဘူး။

“ရုံအာ… နင် ငါ့အတွက် ပြောပေးစရာ မလိုအပ်ဘူး။ ငါ့ဘက်က အမှားလုပ်ထားတယ်လို့ မထင်ဘူး”

Chapter-787
End

အပိုင်း(၇၈၈)
ကြာပန်းဖြူနဲ့ တွေ့ဆုံခြင်း

“ရဲ့ချီ … နင့်ပါးစပ်ကို ပိတ်ထားစမ်း”
ရဲ့ရှီမို့လည်း သွေးအေးသော အကြည့်နဲ့ ခက်ထန်စွာ ပြောလိုက်တယ်။
“ငါ နင့်ကို မကြိုက်မှန်း နင် သိတယ်မလား။အရင်ကတော့ ဘာကြောင့်မှန်းတော့ မသိဘူး။ အခုတော့ သိလိုက်ပြီ။ နင်က ထုံထိုင်းလွန်းလို့လေ”

ရဲ့ချီမှာ မိုးကြိုးပစ်ခံရသလို ကြောင်တောင်တောင် ဖြစ်သွားရတယ်။

“ငါက ချက်ချာ ပါးနပ်တဲ့ မိန်းကလေးတွေ နှစ်သက်တယ်။ မင်းလို မိန်းကလေးက သုံးစားလို့ကို မရဘူး”
အပြင်လူတွေနဲ့ဆိုရင် ရဲ့ရှီမို့ရဲ့ စိတ်အခြေအနေက ကောင်းမွန်သော်လည်း ရဲ့ချီနဲ့ ရင်ဆိုင်ရချိန်တိုင်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး။

“ချီချီ”
ရွှယ်ရုံအာလည်း ရဲ့ချီကို အလျင်စလို လှမ်းဆွဲလိုက်တယ်။
“သူတို့က နင့်အစ်ကိုရဲ့ မိတ်ဆွေတွေ ဖြစ်နေတော့ နင့်အမှားကို ဝန်ခံသင့်တယ်။ နင် သူတို့ကို မရိုင်းစိုင်းသင့်ဘူး”
သူ့ကိုယ်သူ အပြုအမူကောင်း ရှိတဲ့ မိန်းကလေး ဖြစ်စေဖို့ ယွမ်လော့ဖုန်းတို့ကို နောက်တစ်ကြိမ် မျက်နှာချင်းဆိုင်လိုက်တယ်။
“ချီချီက တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး အမှတ်အတေး မထားပါနဲ့”

သူမရဲ့ အကြည့်က စကားပြောနေစဉ် ယွမ်ရှောင်ဘက်ကို မကြာခဏ ရောက်နေတတ်တယ်။အစကတော့ ရဲ့ရှီမို့ကို အချောဆုံး ယောကျ်ားလို့ ယူဆခဲ့တယ်။ အခုတော့ တခြားသူထက် သာလွန်တဲ့ ယောကျ်ားတစ်ယောက်ကို တွေ့ခွင့် ရလိုက်ပြီ။ရဲ့ချီနဲ့ ရဲ့ရှီမို့တို့ရဲ့ ဆက်ဆံရေး အဆင်ပြေသွားမယ်ဆိုရင်တောင် ရဲ့ချီကို အသုံးချပြီး ဒီလူနဲ့ နီးစပ်အောင် လုပ်ရမယ်။

ဒီအကြောင်းအရင်းကို တွေးရင်း ရွှယ်ရုံအာရဲ့မျက်နှာက သွေးရောင်ဖြန်းပက်ထားသလို ဖြစ်လာတယ်။ ရှိုးတိုးရှန့်တန့်နဲ့ လက်ကိုင်ပဝါကို တွန့်ချေလိုက်တယ်။

ဝုန်း

သူတို့ရဲ့ အနာဂတ်အကြောင်းကို စိတ်ကူးယဉ်နေစဉ် ထိုလူက သူမကို သွေးအေးစွာ တိုက်ခိုက်လာတယ်။ သူမမှာ ခုခံဖို့ အချိန်မရခင် စွမ်းအားတချို့က သူမရဲ့ ရင်ဘတ်ပေါ် ပြင်းထန်စွာ ကျရောက်လာတယ်။

“ရုံအာ” 
ရဲ့ချီလည်း  ရွှယ်ရုံဘေးနား အလျင်စလို သွားကာ ထိတ်ထိတ်ပျာပျာ မေးလိုက်တယ်။
“အဆင်ပြေရဲ့လား… အစ်ကိုကြီး… နင့်ဧည့်သည်တွေက ငါ့သူငယ်ချင်းကို တိုက်ခိုက်နေပြီ”
ရွှယ်ရုံအာရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးတော့ ရဲ့ချီလည်း ခေါင်းမော့ကာ မေးလိုက်တယ်။

ရဲ့ရှီမို့လည်း ယွမ်ရှောင်ကို နားမလည်နိုင်စွာ ငေးကြည့်နေမိတယ်။ရွှယ်ရုံအာကို သူကိုယ်တိုင် မကြိုက်သော်လည်း အကြောင်းအရင်း မရှိဘဲတော့ မတိုက်ခိုက်ပါဘူး။ ဒါကြောင့်လည်း ယွမ်ရှောင်ဘက်က ဘာအကြောင်းကြောင့် ရုတ်တရက် တိုက်ခိုက်လဲ နားမလည်နိုင်ဘူး။

ယွမ်ရှောင်လည်း သွေးအေးစွာ ပြောလိုက်တယ်။
“စောနက သူမ ရှက်သွေးဖြာနေတယ်”

“…”

ရဲ့ရှီမို့လည်း မှင်တက်သွားရတယ်။ ရှက်သွေးဖြာတယ်။ ရွှယ်ရုံအာ ရှက်သွေးဖြာတာ သူနဲ့ ဘာများ သက်ဆိုင်လို့လဲ။

ယွမ်ရှောင်က ဆက်ပြောတယ်။
“သူမက ငါ့ကို ကြည့်ပြီး မျက်နှာနီမြန်းနေတယ်”

ရဲ့ရှီမို့က ဘာဆိုဘာမှ နားမလည်တဲ့ လူ မဟုတ်ပါဘူး။ ယွမ်ရှောင်ရဲ့ ဖြေရှင်းချက်ကို ကြားလိုက်ပြီး ဘာလဲဆိုတာ နားလည်သွားတယ်။

ယောကျ်ားတစ်ယောက်ကို ကြည့်ပြီး မျက်နှာနီမြန်းနေရင်တော့ မင်းက သူနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်နေတာပဲ။

ရဲ့ရှီမို့ ပြောချင်တာ ရှိသော်လည်း ယွမ်ရှောင်ရဲ့အသံက ပဲ့တင်ထပ်လာတယ်။
“သူ့ဘာသာ မျက်နှာနီမြန်းရင် ကိစ္စမရှိဘူး။ဒါပေမဲ့ ငါ့မျက်နှာကို ကြည့်ရင်း မျက်နှာနီမြန်းနေတော့ မျက်စိနှောက်တယ်”
ရွှယ်ရုံအာက တစ်ယောက်တည်း ရှက်သွေးဖြန်းနေရင် သူ ပျင်းလွန်းလို့ သတိထားမိမှာ မဟုတ်ဘူး။ အခုတော့ ဒီမိန်းမက သူ့မျက်စိရှေ့မှာ လာရှုပ်နေတယ်။ သူ့ဘက်က သည်းမခံနိုင်ဘူး။

ရွှယ်ရုံအာလည်း မတ်တတ် ထရပ်ကာ သူမရဲ့နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။သူမရဲ့မျက်ဝန်းမှာ မျက်ရည်လည်နေသော်လည်း မျက်ရည်ကျခွင့် မပေးဘူး။

“အစ်ကိုရဲ့…. ဒီကိစ္စက ကျွန်မရဲ့ အမှားပါ။ ညီမက စိတ်ကူးယဉ်ဆန်ပြီး ချောမောတဲ့ ယောကျ်ားလေးတွေကို ငေးကြည့်တတ်တယ်။ ဒီသခင်လေးက ချောမော ခံ့ညားလွန်းတော့ မကြာခဏ ငေးကြည့်မိရုံပါ။ ဒါပေမဲ့ မသင့်လျော်တဲ့ အတွေးမျိုး မရှိခဲ့ပါဘူး”
သူမရဲ့မျက်နှာအမူအရာက ဖြူစင်သန့်ရှင်းနေတဲ့ မိန်းကလေးရဲ့ ဟန်ပန် အမူအရာနဲ့ပါ။

ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တခြားသော ဧည့်သည်တော်များကို စားသောက်ဆိုင် ခန်းမထဲ ဘာဖြစ်နေလဲ တစေ့တစောင်း ကြည့်လိုက်တယ်။

“အစ်ကိုရဲ့”
ရဲ့ချီလည်း ဒေါနဲ့မောနဲ့ ပြောလိုက်တယ်။
“ရွှယ်ရုံအာဘက်က သူမမှာ မသင့်လျော်တဲ့ အတွေးမျိုး မရှိဘူးလို့ ပြောပြီးပြီလေ။ နင့်မိတ်ဆွေက သူမကို ဒဏ်ရာ ရစေတယ်။ သူ့ဘက်က တောင်းပန်သင့်တယ်မလား”

ရဲ့ရှီမို့လည်း မျက်ခုံးပင့်ကာ ထေ့ငေါ့လိုက်တယ်။
“ရှောင်သခင်လေးကို သူမ စိတ်ကူးရှိရှိ မရှိရှိ ငါ ဂရုမစိုက်ဘူး။ သူမရဲ့မျက်နှာ နီမြန်းနေတာ သက်သေပဲ။ လက်မထပ်ရသေးတဲ့ မိန်းကလေးက တခြားယောကျ်ားလေးကို စူးစူးစိုက်စိုက် ကြည့်နေတာက လျှပ်ပေါ်လော်လည် နိုင်လွန်းတယ်။ဒီပြင် သူ့မှာ ဇနီး ရှိပြီးသား။ ဒါကြောင့်ရွှယ်ရုံအာမှာ မသင့်လျော်တဲ့ အတွေး ရှိရင် ရပ်တန့်လိုက်တာ အကောင်းဆုံးပဲ”

Chapter-788
End

Book(32)
789-791

အပိုင်း(၇၈၉)

ကောက်ကျစ် စဉ်းလဲသော ရွှယ်ရုံအာ  (၁)

ယွမ်လော့ဖုန်းက သူ့ကို အစ်ကိုရဲ့လို့ ခေါ်ပြီးတည်းက သူ့ကို ညီမလေးတစ်ယောက်လို သဘောထားပြီး ကာကွယ်ပေးရမယ်။သူမကို တခြားသူ ပြဿနာရှာခွင့် မပြုနိုင်ဘူး။

ရွှယ်ရုံအာရဲ့မျက်နှာက ပိုမို ဖြူဖျော့လာရပြီး တခြားသူရဲ့ ကာကွယ်ပေးချင်နေတဲ့ အငွေ့အသက်ကို ခံစားမိတော့ သူ့ခန္ဓာကိုယ်က အားအင်ချည့်နဲ့လာရတယ်။

“အစ်မဖုန်း…ရှောင်သခင်လေး သွားမယ်”

ရဲ့ရှီမို့လည်း ရွှယ်ရုံအာနဲ့ ရဲ့ချီကို သတိပေးဟန် ကြည့်လိုက်တယ်။

“ရဲ့ချီ… နင်က ငါ့ညီမဖြစ်နေတော့ နင့်ကို စေတနာထားပြီး သတိတော့ ပေးလိုက်မယ်။ နင့်ရဲ့မျက်လုံးတွေ နားတွေကို ဖွင့်ထားစမ်းပါ”

“အစ်ကိုကြီး”

ရဲ့ချီလည်း ဒေါသတကြီး ခြေဆောင့်လိုက်တယ်။

“အစ်ကိုကြီး…. ရုံအာကို ဒီလို မပြောနဲ့”

ရဲ့ရှီမို့က သူ့ကို တစ်ချက်မျှ မကြည့်ဘဲ ဒုတိယထပ်ကို တက်သွားခဲ့တယ်။

သူ့ကို လှမ်းဆွဲပြီး ရွှယ်ရုံအာအကြောင်း ဖြေရှင်းချက် ပေးချင်ခဲ့တယ်။

သူမလည်း ဦးခေါင်းကို တွင်တွင်ခါကာ  ကူကယ်ရာမဲ့ ပြောလိုက်တယ်။

“ချီချီ … နင် ဘာမှ မပြောတော့နဲ့… နင်မမြင်ဘူးလား။ အစ်ကိုရဲ့ကို တခြားသူက သွေးထိုးထားပြီးပြီ။ ငါတို့ စကားကို နားထောင်မှာ မဟုတ်ဘူး”

ရဲ့ချီလည်း တွေတွေကြီး ငေးကြည့်ကာ ရွှယ်ရုံအာကို လှည့်ကြည့်လိုက်တယ်။

“ရုံအာ… နင် ဘာပြောချင်တာလဲ။ ငါ့အစ်ကိုကို ဘယ်သူက စိုးမိုးခြယ်လှယ်နေလဲ”

ရွှယ်ရုံအာလည်း မဲ့ရွဲ့လိုက်တယ်။

“သူက နင့်ကို နားလည်မှု လွဲတဲ့အပြင် ငါ့ကိုလည်း နားလည်မှုလွဲနေတယ် နင့်ထက်တောင် ပိုသေးတယ်။တခြားသူ တစ်ယောက် လွှမ်းမိုးခြယ်လှယ်ထားလို့  ငါ့တို့ကို နားလည်မှုလွဲနေတာပေါ့”

ရွှယ်ရုံအာလည်း ရပ်တန့်လိုက်ပြီး ခေါင်းငိုက်စိုက်လိုက်တယ်။ စကားပြောနေစဉ် သူမရဲ့မျက်လုံးက ကောက်ကျစ်စဉ်းလဲမှုကို ဖော်ကျူးနေတယ်။

“ငါတို့ နှစ်ယောက်ကို နားလည်မှုလွဲနေတာ သူ့ဘေးနားက မိန်းကလေးက တစ်ခုခု ပြောထားလို့ ဖြစ်ရမယ်”

ရဲ့ချီလည်း မျက်ခုံး တွန့်ချိုးလိုက်တယ်။

“ရုံအာ… ငါတို့ကို မကောင်းမြင်နေတာကို ဘယ်လို ဖယ်ရှားရမလဲ”

“လွယ်ပါတယ်”

ရွှယ်ရုံအာက ခေါင်းမော့ကာ နူးညံ့သိမ်မွေ့သော မျက်နှာထား ပြောင်းလိုက်တယ်။

“သူတို့ကို ပျောက်ကွယ်သွားအောင် လုပ်ရင် အဆင်ပြေသွားမယ်”

“ပျောက်ကွယ်သွားမယ်… ဒါက ဖြစ်နိုင်ချေ မရှိဘူး”

ရွှယ်ရုံအာက နှစ်ဦးသား ကြားနိုင်လောက်တဲ့ လေသံနဲ့ ပြောခဲ့သော်လည်း သူမပြောလိုက်တဲ့ စကားကြောင့် ရဲ့ချီက စိတ်မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်တော့တယ်။

ရွှယ်ရုံအာရဲ့မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး ချက်ချင်း ခပ်တိုးတိုး ပြောလိုက်တယ်။

“ချီချီ အသံတိုးတိုး ပြောစမ်းပါ။ ငါက နင့်ကြောင့် လုပ်ပေးရတာလေ။ နင့်အစ်ကို နင့်ကို နားလည်မှုလွဲနေတာ စိတ်မကောင်းလို့… ဒါပေမဲ့ ငါ့ချီစွမ်းအားက မမြင့်ဘူး။ ငါ့မှာ ရဲ့မိသားစုနဲ့ အစ်ကိုရဲ့ကို ရန်လုပ်ရဲတဲ့ သတ္တိရှိရင် သူတို့နှစ်ယောက်ကို ပျောက်ကွယ်သွားအောင် လုပ်တာ ကြာပြီ။ ဒါဆို နင်လည်း နာကျင်ခံစားဖို့ မလိုအပ်တော့ဘူး”

သူမရဲ့စကားကို အဟုတ်ကြီး မှတ်ကာ ရဲ့ချီမှာ စိတ်လှုပ်ရှားရတယ်။

“ရုံအာ… နင့်လုပ်သမျှက ငါ့အတွက်မှန်း ငါသိပါတယ်။ ဒါပေမဲ့ သူတို့က ငါ့အစ်ကိုကြီးရဲ့ ဧည့်သည်တွေ ဖြစ်နေပြန်တယ်။ သူတို့ တစ်ခုခု ဖြစ်သွားရင် သူက ငါ့ကို ခွင့်လွှတ်တော့မှာ မဟုတ်ဘူး။ ငါ… ငါမလုပ်နိုင်ဘူး”

ရွှယ်ရုံအာလည်း သက်ပြင်းချလိုက်တယ်။

“ငါက စာနာထောက်ထားတတ်ပါတယ်။ ဒီအချက်ကို မတွေးမိဘူး ထင်နေလား…ချီချီ… နင့်အတွေးက ပိုစေ့စပ်သေချာပါတယ်။နောင်ဆို နင့်ကိစ္စကို ငါ ဝင်မစွက်ဖက်တော့ဘူး”

ငတုံးမက ဒီတစ်ခေါက်တော့  ငါးစာကို မဟပ်တော့ဘူးပဲ။

အဲဒီမိန်းမကို ရှင်းထုတ်ဖို့ ငတုံးမကို အသုံးချလို့ ရမယ်လို့ ထင်ခဲ့တာ… ဒီကောင်မက လုပ်ချင်တဲ့ ဆန္ဒ မရှိဘူး။

ခံစားချက်မဲ့တဲ့  အမျိုးသားကို ပိုင်ဆိုင်ချင်ရင်တော့ သူမဘက်က ပိုပြီး အားစိုက်ရတော့မယ်။

“ရုံအာ”

ရဲ့ချီမှာ စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ မျက်နှာကို ငုံ့ထားတယ်။

“အစ်ကိုကြီးက ငါ့ကို အရမ်းစက်ဆုပ်ရွံရှားနေပြီ။ ငါက အရင်လို ဆက်ဆံရေးလေး ပြန်ရချင်ခဲ့တာ… အခုတော့ ပိုဆိုးရွားခဲ့ပြီ”

Chapter-789

End

အပိုင်း(၇၉၀)

ကောက်ကျစ် စဉ်းလဲသော ရွှယ်ရုံအာ (၂)

“ချီချီ”

“မေ့လိုက်တော့… မွေးစားအဖေ နဲ့ မွေးစားအမေ မကြာခင် ပြန်လာတော့မယ်”

ရဲ့ချီလည်း သူမရဲ့ချစ်ဖို့ကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ မျက်လုံးလေးကို ပင့်လိုက်ကာ ပြုံးလိုက်တယ်။

သူမရဲ့တစ်ဘဝလုံးမှာ အစ်ကိုကြီးကလွဲရင် သူမ အလေးစားဆုံး ပုဂ္ဂိုလ်က မွေးစားမိဘတွေပါ။ သူတို့ကြောင့်သာ သူမမှာ အသက်ရှင်သန်ခွင့် ရခဲ့တာပါ။ မွေးစားမိဘတွေသာ မမွေးစားခဲ့ရင် အပြင်မှာ အသက်ဆုံးရှုံးလောက်ပါပြီ။

မွေးစားမိခင်က သူ့သားအရင်းကို ရှာဖို့ ထွက်သွားတယ် ကြားသော်လည်း ရှာတွေ့ပြီလားတော့ သူမ မသိပါဘူး။

ဒုတိယထပ်

ခမ်းနားထည်ဝါသော အခန်းမှာ ရဲ့ရှီမို့က ယွမ်လော့ဖုန်းနဲ့ တခြားသူတွေဘက် လှည့်မကြည့်ခင် ဟင်းလျာစာရင်းကို ကြည့်နေလိုက်တယ်။

“ညီမဖုန်းကို မမေးရသေးဘူး။ ဒီနေရာကို လာခဲ့တာ အရေးကြီး ကိစ္စ ရှိလို့လား။

ယွမ်လော့ဖုန်းလည်း ပြန်မဖြေခင် ကြောင်တောင်တောင် ဖြစ်နေမိတယ်။

“ဟုတ်တယ်”

သူတို့ရဲ့ ရည်ရွယ်ချက်က ယွမ်ရှောင်ရဲ့မိခင်ကို ရှာဖွေဖို့ပါ။ မဟုတ်ရင် ဒီနေရာကို လာဖို့ တောတောင် ရေမြေကို ဖြတ်ကျော်ခဲ့ပါ့မလား။

“တစ်စုံတစ်ယောက်ကို ရှာဖို့ လာခဲ့တာပါ”

နောက်ဆုံးတော့ ယွမ်လော့ဖုန်းက ဒီနေရာကို လာခဲ့ရတဲ့ အကြောင်းအရင်းကို ထုတ်ဖော်ပြောလိုက်ပါပြီ။ဒါပေမဲ့ ဘယ်သူ့ကို ရှာနေလဲတော့ ရဲ့ရှီမို့ကို မပြောပါဘူး။

“ဟား”

ရဲ့ရှီမို့လည်း ပွင့်ပွင့်လင်းလင်း ရယ်မောလိုက်တယ်။

“တိုက်ဆိုင်လိုက်တာနော် ငါတို့တွေ အကုန်လုံး လူပျောက်ရှာနေတာပဲ။ညီမလေးဖုန်း ရှာနေတဲ့လူကို ပြောလေ… ကူညီပေးဖို့ ရဲ့အိမ်တော်ကို ပြောပေးမယ်လေ”

“မလိုအပ်ပါဘူး”

ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်တယ်။

“စောနက ကောင်မလေးက ရှင့်ညီမလား။ ရှင့်ကြည့်ရတာ သူ့ကို မကြိုက်သလိုပဲ”

ဒီအကြောင်းကို ပြောရင်း ရဲ့ရှီမို့ ခေါင်းကိုက်လာရတယ်။ ခံ့ညားထည်ဝါတဲ့ မျက်ခုံးကို ပင့်ကာ ပြောလိုက်တယ်။

“မွေးစားအဖေ သူ့ကို မွေးစားခါစက  ငါတို့ရဲ့ဆက်ဆံရေးက မဆိုးရွားခဲ့ဘူး။ သူမကို တုံးအမှန်း တဖြည်းဖြည်းချင်း နားလည်လာခဲ့လို့ထင်တယ်… သူ့အပေါ်ထားတဲ့ အမြင်တွေ ပြောင်းလဲခဲ့တယ်။ အကောင်းမြင်စိတ် မရှိတော့ဘူး။

“သူမက ဘယ်လို မိတ်ဆွေမျိုး ရှိလဲ ကြည့် ကြည့်စမ်းပါ။ ပထမတစ်ယောက်က ဓားပြရဲ့သမီး။အဲဓားပြကလည်း တခြားသူကို နှိပ်စက် အနိုင်ကျင့်ဖို့ သူ့နာမည်ကို သုံးတယ်။ ရွှယ်ရုံအာကို ကြည့်စမ်းပါဦး ဘယ်လို အကျင့်စာရိတ္တိရှိလဲ နင်တို့လည်း သိမှာပါ”

ရဲ့ရှီမို့လည်း ပြောလေလေ ဒေါသထွက်လေလေပါပဲ။

ရဲ့ချီသာ ဒီနေရာမှာရှိနေရင် သူ့ဒေါသစိတ်ကို ထိန်းချုပ်မရဘဲ သူမကို ရိုက်မှာ သေချာပါတယ်။

“သူမလို ငတုံးမနဲ့ ယှဉ်ရင် ညီမလေးဖုန်းလို ထက်မြက်တဲ့ မိန်းကလေးကို ပိုနှစ်သက်တယ်”

ရဲ့ရှီမို့လည်း ယွမ်လော့ဖုန်းကို ကြည့်ကာ ပြုံးပြလိုက်တယ်။

ထိုစဉ် ခံစားချက် ကင်းမဲ့သော အကြည့်က  သူ့ပေါ်ကျရောက်လာတယ်။ သူ့ကျောကုန်းကို အပ်ထောင်ပေါင်းများစွာ ထိုးစိုက် နေသလိုပါပဲ။သူ့လည်း ကို့ရို့ကားရား ဖြစ်ကာ ချောင်းခြောက်ဆိုးလိုက်တယ်။

“ကျီစယ်တာပါ… ကျီစယ်တာပါ”

သူ့လည်ပင်းကို ဓားနဲ့ထောက်ထားသလို… ခေါင်းပြတ်တော့မလို ခံစားနေရတယ်။

“ငတုံး”

ဟောင်ဟောင်လည်း ရဲ့ရှီမို့ကို ကြည့်ကာ သရော်လိုက်တယ်။

“တခြားသူရဲ့ မိန်းကလေးကို သူ့ကောင်လေးရှေ့မှာ ကျီစယ်နေတာပဲ။ သူ့ဘက်က နင့်ကို မသတ်တာ ကျေးဇူးတင်လိုက်တော့”

ရဲ့ရှီမို့ရဲ့နှုတ်ခမ်းက မဲ့ရွဲ့သွားတယ်။နေ့တိုင်း သူ့ကို ပြစ်တင် မောင်းမဲရမှာ ကျေနပ်မှာလား။

“အစ်ကိုရဲ့”

ယွမ်လော့ဖုန်းလည်း ပြန်မဖြေခင် အချိန်အကြာကြီး တိတ်ဆိတ်နေမိတယ်။

“ရဲ့မြို့တော်မှာ လုပ်ငန်း အကြီးအကျယ်လုပ်တဲ့ လေလံစံအိမ် ရှိလား”

“လေလံစံအိမ်လား”

ရဲ့ရှီမို့လည်း ခေါင်းမခါခင် ခဏတော့ တွေဝေနေမိတယ်။

“ရဲ့မြို့တော်မှာ‌ လေလံစံအိမ်တော် မရှိဘူး။ ညီမဖုန်း…ဘာလို့ မေးတာလဲ”

“အရေးတော့ မကြီးပါဘူး။ ကျွန်မရဲ့လက်ထဲမှာ ထူးထူးခြားခြား အသုံးဝင်တဲ့ ဆေးပင် နည်းနည်းပဲ ရှိတော့လို့ပါ။ ဒါတွေကို သာမန်ဆေးပင်တွေနဲ့ လဲလှယ်ချင်လို့…ဒါကြောင့် လေလံစံအိမ် အကြောင်း မေးမြန်းရတာပါ”

သူမသာ စိတ်ဝိညာဉ် ဆေးမြစ်ကို လေလံစံအိမ်တော်မှာ ရောင်းချပြီး တခြားဆေးမြစ်နဲ့ လဲလှယ်မယ်ဆိုရင်ရွှေရာကြွက်လေးအတွက် လုံလောက်တဲ့ အစားအစာကိုတော့ ရရှိမှာပါ။သစ်ပင်လေးအတွက်လည်း အဟာရဓာတ် ဖူလုံသွားမယ်။

Chapter-790

End

အပိုင်း(၇၉၁)

ကောက်ကျစ် စဉ်းလဲသော ရွှယ်ရုံအာ (၃)

ယွမ်လော့ဖုန်းရဲ့ ပစ္စည်းတွေနဲ့  ဆေးဆိုင်က ဆေးပင်အားလုံးကို ဝယ်ယူလို့ ရပါတယ်။ ဒါပေမဲ့ ဒီဆေးပင်တွေက သက်တမ်း မရင့်လောက်ဘူး။သာမန် ဆေးပင်မှာ ချီဆေးမြစ် ဖြစ်လာတာက နှစ်တစ်ရာ သက်တမ်း ရှိတဲ့ ဆေးပင်ကို မယှဉ်နိုင်ပါဘူး။

သို့သော်ငြားလည်း လူတွေက နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဆေးပင်ကို ရောင်းဖို့ ရှားတယ်။ ဆေးဆိုင်မှာတောင် နှစ်တစ်ရာ ဆေးပင် နည်းနည်းပဲ ရှိနိုင်တယ်။

“လေလံစံအိမ်တော် မရှိပေမယ့်‌ မွေးစားအဖေက  ဆေးပင်ကုန်သွယ်တဲ့လုပ်ငန်းကို စီမံ့ အုပ်ချုပ်တယ်။ အဲနေရာမှာ ဆေးပင်ရောင်းဝယ်လို့ရသလို… မင်းလက်ထဲက ဆေးပင်နဲ့ ထပ်တူကျတဲ့ တန်ဖိုးကို လဲလှယ်လို့ ရတယ်”

ယွမ်လော့ဖုန်းရဲ့မျက်လုံးက အရောင်တောက်သွားရတယ်။

“ဒီအကြံကောင်းလွန်းတယ်… အစ်ကိုရဲ့ ညီမကို ဆေးကုန်သွယ်ရေး လုပ်ငန်းကို ပို့ပေးပါ”

“ကောင်းပြီလေ”

ရဲ့ရှီမို့လည်း ခေါင်းညိတ်ကာ ပြောလိုက်တယ်။

“ငါ့ညီမလေးက တောင်းဆိုတော့လည်း အစ်ကိုတစ်ယောက် အနေနဲ့ လျစ်လျူရှုလို့ ရပါ့မလား။ ငါတို့ ညစာစားပြီးရင် အဲဒီနေရာကို ချက်ချင်း သွားမယ်”

ဆေးကုန်သွယ်ရေးလုပ်ငန်းက ရဲ့မြို့တော်ဆေးရဲ့အလယ်မှာ ဖွင့်လှစ်ထားပြီး ဆိုင်က တခြားနေရာထက် ခမ်းနားထည်ဝါကာ လူစည်ကားပါတယ်။ အဲမှာရှိတဲ့ လူတိုင်းက အလုပ်နဲ့ လက် မပြတ်အောင် လုပ်ကိုင်နေရပါတယ်။ အားလပ်နေတဲ့လူဆိုတာ ရှိကို မရှိဘူး။

“ညီမလေးဖုန်း အစ်ကိုတွေ့ ရောက်ပြီ”

ရဲ့ရှီမို့လည်း သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ကို လှည့်ကြည့်လိုက်တယ်။

သူတို့ရှေ့မှာ ခံ့ညားထည်ဝါတဲ့ ဆေးကုန်သွယ်ရေး လုပ်ငန်းကြီး တည်ရှိနေပြီး အဆောက်အဦရဲ့ ထိပ်မှာ ရဲ့မိသားစု ဆေးဆိုင်လို့ တောက်ပသော ရွှေရောင်စာသားဖြင့် ရေးထိုးထားတယ်။ ရဲ့ကျင်းချန်းက ရဲ့မိသားစုမှ ထွက်သွားသော်လည်း သူ့မျိုးရိုးနာမည်က ရဲ့ဖြစ်နေပါသေးတယ်။ ဒါကြောင့် ရဲ့မိသားစုနာမည်နဲ့ ဆေးဆိုင်က အသုံးဝင်ပါသေးတယ်။

ယွမ်လော့ဖုန်းလည်း ခေါင်းမော့လိုက်တယ်။

“အထဲ ဝင်မယ်”

“ကောင်းပြီလေ”

ရဲ့ရှီမို့လည်း ပြုံးလိုက်တယ်။

“ဆေးဆိုင်ထဲမှာ ညီမလေး ကြိုက်တာယူ… အစ်ကို့ကို အားမနာနဲ့”

ရဲ့မိသားစုဆေးဆိုင်က ကြီးမားသော်လည်း  ကြွက်မျိုးနွယ်စု တစ်စုလုံးကိုတော့ မထောက်ပံ့ပေးနိုင်ဘူး။ သူမက ဒီထက်ပိုများတဲ့ ဆေးပင်တွေကို လိုချင်တယ်။

“ညီမလေး… မင်းရဲ့ချစ်သူက စကားပြောရတာ မကြိုက်ဘူးထင်တယ်နော်”

ရဲ့ရှီမို့လည်း ယွမ်ရှောင်ကို ကြည့်ကာ မေးလိုက်တယ်။

ယွမ်လော့ဖုန်းရဲ့ အကြည့်က ယွမ်ရှောင်ပေါ် ကျရောက်သွားပြီး ပြုံးလိုက်တယ်။

“အွန်း…သူက ရှက်တတ်တယ်”

ရှက်တတ်တယ်လား။ ရဲ့ရှီမို့မှာမျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရတယ်။ ခံစားချက် ကင်းမဲ့တဲ့ မျက်နှာအမူအရာက ဘယ်သူ့ကိုမှ ဂရုမစိုက်ဟန်ပါ။ ယွမ်လော့ဖုန်းကလွဲရင် ဘယ်သူမှ သူနဲ့ စကားပြောဖို့ မသင့်လျော်ဘူး။

ဒါပေမဲ့လည်း ဒီခံစားချက် ကင်းမဲ့တဲ့လူကို ရဲ့ရှီမို့ စိတ်မတိုမိပါဘူး။ ဘာကြောင့်မှန်းတော့ သူကိုယ်တိုင်လည်း မသိပါဘူး။

ဆေးကုန်သွယ်ရေးလုပ်ငန်းထဲ ဝင်လိုက်တော့ ရဲ့ချီနဲ့ ရွှယ်ရုံအာကို တွေ့လိုက်ရတော့ သူလည်း မျက်မှောင်ကြုတ်လိုက်တယ်။

“ဘယ်နေရာသွားသွား နင်တို့ကို မြင်နေရပါလား”

သူ့စကားလုံးများက မရှင်းလင်းတာကြောင့် ရဲ့ချီနဲ့ ရွှယ်ရုံအာကို ပြောနေမှန်း မသိနိုင်ပါဘူး။

“အစ်ကိုကြီး”

ရဲ့ချီလည်း ရဲ့ရှီမို့ကို အမှတ်မထင် တွေ့လိုက်ရတော့ မှင်တက်သွား သော်လည်း သူ့အနား ခြေလှမ်းကျဲကျဲဖြင့် လှမ်းလိုက်တယ်။ခဏကြာတော့ သူမလည်း မဝံ့မရဲ မေးလိုက်တယ်။

“အစ်ကိုကြီး။ ဒီနေရာကို လာတာလား”

“နင်တို့နှစ်ယောက်က ဒီနေရာမှာ ဘာလာလုပ်တာလဲ”

ရဲ့ရှီမို့ရဲ့မျက်ဝန်းများ အေးစက်နေပြီး ခက်ထန်သော လေသံနဲ့ မေးလိုက်တယ်။

သူ့ရဲ့ အေးတိအေးစက် သံယောဇဉ် ကင်းမဲ့သော လေသံကို ကြားလိုက်ရပြီးနောက် ရဲ့ချီရဲ့နှလုံးသားလေး တုန်ယင်သွားတယ်။ သူမလည်း ခေါင်းငိုက် စိုက်ကာ ပြောလိုက်တယ်။

“ရုံအာက သမားတော်တစ်ယောက်ကို ဆရာတင်ထားတာ မကြာသေးဘူး။ ပြီးတော့ သူမကို ဆေးပင် လက်ဆောင်ပေးမယ့်လို့ ကတိပေးထားတယ်။ ဒါကြောင့် ညီမ…”

“ရဲ့မိသားစုပိုင်တဲ့ ဆေးပင်တွေက လူတိုင်း ယူလို့ရတာ မဟုတ်ဘူး”

ရဲ့ရှီမို့ရဲ့အကြည့်က ရွှယ်ရုံအာပေါ် တည့်တည့် ကျရောက်လာတယ်။

“သူမက ဒီဆေးပင်တွေကို လိုချင်လို့လား။ ဒါဆို ညီတူမျှတူ ငွေကြေးပေးလေ”

Chapter-791
End

Book(32)
792-797
ပြီးပါပြီ

အပိုင်း (၇၉၂)

ကောက်ကျစ်စဉ်းလဲသော ရွှယ်ရုံအာ (၄)

"အစ်ကိုကြီး"

ရဲ့ချီလည်း သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ သူမရဲ့အသံက တသိမ့်သိမ့် တုန်ယင်နေတယ်။

"ရုံအာက ညီမရဲ့ သူငယ်ချင်း… အကြင်နာခေါင်ပါးတဲ့ စကားမျိုး ပြောရက်တယ်"

အကြင်နာခေါင်ပါးတယ်လား။

ဒီစကားကို ကြားပြီးနောက် ရဲ့ရှီမို့ရဲ့ ထေ့ငေါ်မှုက ပိုပြီး သိသာထင်ရှားလွန်းတယ်။

"ငါ… ရွှယ်ရုံအာကို မကြိုက်ဘူး… ငါတို့ရဲ့မိသားစုရဲ့ ဆေးပင်တွေကို သူ့လက်ထဲ ထည့်မပေးချင်ဘူး။ နင်က ဘာဖြစ်ချင်လို့လဲ"

သူ့စကားများက မောက်မာလွန်းပြီး တဇွတ်ထိုးတဇောက်ကန်း နိုင်လွန်းတယ်။ ငါ သူ့ကို မကြိုက်ဘူး။ ဆေးပင်အားလုံး ဖျက်စီးပစ်ရမယ် ဆိုရင်တောင် နည်းနည်းလေးတောင် အဲဒီမိန်းမကို မပေးချင်ဘူး။

"ချီချီ"

သူမကြောင့် ဒီမောင်နှမ နှစ်ယောက် ရန်ဖြစ်နေတာ မြင်ရတော့ ရုံအာလည်း အလျင်စလို ဟန့်တားကာ နူးညံ့သော အသံနဲ့ ပြောလိုက်တယ်။

"အစ်ကိုရဲ့ နဲ့ ရန်မဖြစ်ပါနဲ့...အားလုံးက ငါ့အမှားပါ။ ငါ့ကို ဆေးပင် လက်ဆောင်ပေးဖို့ မပြောခဲ့သင့်ပါဘူး။ အိမ်ပြန်ရောက်တာနဲ့ ငါတို့မိသားစု ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို ပို့ပေးပါမယ်။ ငါတို့မိသားစုက ဆေးမြစ်ရိုးတံ တစ်ခုကို ဝယ်နိုင်ပါသေးတယ်"

ရဲ့ချီစိတ်ထဲမှာတော့ ဒေါပွမိပါတယ်။ ကြင်နာသနားစိတ်ရှိပြီး နူးညံ့သိမ်မွေ့တဲ့ ရွှယ်ရုံအာကို ဘာကြောင့်များ အစ်ကိုက နေရာတိုင်း ပြဿနာ ရှာနေလဲ။

"အစ်ကိုကြီး… ရဲ့မိသားစုရဲ့ ကုန်သွယ်ရေးလုပ်ငန်းကို အစ်ကို ကြီးကြပ်နေရလဲ… မွေးစားအဖေ ပိုင်ဆိုင်တာပါ၊ ဒီဆိုင်မှာ ရှိတဲ့ ဆေးမြစ်တွေကို ရုံအာ ယူခွင့်မရှိရင် သူတို့လည်း ယူခွင့် မရှိဘူး"

ရဲ့ချီလည်း ယွမ်လော့ဖုန်းနဲ့ တခြားသူများကို လက်ညိုး ငေါက်ငေါက်ထိုးကာ ဒေါသတကြီး ခွန်းတုံ့ပြန်နေတယ်။

“ဒီလူတွေက ဘယ်ကမှန်းလည်း မသိဘူး။ ဘာမျိုးရိုးမှန်းလည်း မသိ၊ ဒါတောင် အစ်ကိုက သူတို့ကို ဆေးမြစ်တွေ လက်ဆောင်ပေးချင်နေသေးတယ်၊ မွေးစားမိဘတွေကို အစ်ကို ဘယ်လို ဖြေရှင်းချက် ပေးမလဲ”

ရဲ့ရှီမို့ရဲ့မျက်ဝန်းမှာ ဒေါသမီးများ ဟုန်ဟုန်တောက်နေခဲ့တယ်။

“ရဲ့ချီ… ငါက ဒီလုပ်ငန်းရဲ့ ကြီးကြပ်သူ၊ ငါလက်ဆောင်ပေးချင်တဲ့သူကို ပေးမယ့် နင့်ကိစ္စ မဟုတ်ဘူး၊ နင်ကတော့ ငါ့ခွင့်ပြုချက်မရဘဲ တခြားသူကို ဆေးမြစ် လက်ဆောင် ပေးခွင့် မရှိဘူး၊ နင် သူ့ကို ဘယ်လိုနည်းလမ်းမျိုးနဲ့ လက်ဆောင် ပေးမလဲ ကြည့်ရတာပေါ့”

ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးက ဖြူစွတ်လေရဲ့။ ရဲ့ရှီမို့က အမှန်တရားကို ပြောနေမှန်း သူမ သိပါတယ်။မွေးစားအဖေက ရဲ့မြို့တော်က ကိစ္စတိုင်းကို စီမံ့ဖို့ လက်လွှဲထားပြီးသားပါ။ ဒါကြောင့် ကုန်သွယ်ရေးလုပ်ငန်းမှ ဆေးမြစ်တစ်ခုကိုတောင် ရွှယ်ရုံအာကို လက်ဆောင်ဖို့ သူမမှာ လုပ်ပိုင်ခွင့် မရှိဘူး။

“ကျွန်မ တောင်းပန်ပါတယ် အစ်ကိုရဲ့၊ အားလုံးက ကျွန်မရဲ့ အမှားပါ၊ ဆေးမြစ်လက်ဆောင်ပေးဖို့ ချီချီကို မပြောခဲ့သင့်ပါဘူး”

ရွှယ်ရုံအာရဲ့မျက်နှာ အမူအရာက အမှားလုပ်နေထားတဲ့ သနားစဖွယ် ကလေးမလေး တစ်ယောက်လိုပါပဲ။

“ ငွေစ မယူခဲ့မိလို့၊ ချီချီကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ်၊  ငွေကြေး အခက်အခဲ ရှိတဲ့ ကျွန်မရဲ့ဆရာလည်း ဖြစ်တဲ့ သမားတော် တစ်ယောက်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဆေးပင် လက်ဆောင် ပေးချင်ခဲ့တယ် ၊ ကျွန်မရဲ့ တောင်းဆိုချက် မတန်တဆ ဖြစ်သွားမယ်လို့ မထင်ခဲ့မိဘူး၊ ချီချီကို အပြစ်မတင်ပါနဲ့၊ အစ်ကိုဘက်က အပြစ်တင်ချင်ရင် ကျွန်မကို အပြစ်တင်ပါ”

ကုန်သွယ်ရေးလုပ်ငန်းအတွင်းမှာ လူအများစုရဲ့ ခြေလှမ်းများ ရပ်တန့်သွားတယ်။ ခွန်အားမဲ့ပြီး သိမ်မွေ့တဲ့ မိန်းကလေးကို ပြစ်တင်ရှုံ့ချနေတဲ့ ရဲ့ရှီမို့ကို ဒေါသမျက်ဝန်းများဖြင့် ကြည့်နေတယ်။ ရဲ့မိသားစုက ဩဇာအာဏာ ရှိပြီး ရဲ့ကျင်းချန်းက အစွမ်းနိမ့်သူ မဟုတ်ဘူး။ ဒါပေမဲ့လည်း တခြားသူများက သူတို့ မျက်မြင်တွေ့နေရတဲ့ လုပ်ရပ်ကြောင့် ရဲ့ရှီမို့ကို  လက်ညိုးထိုး ပြစ်တင် ဝေဖန်ရဲတယ်။

“အစ်ကိုရဲ့ အပြုအမူက မှန်ကန်တယ်”

ဘေးနားမှာ ရပ်နေတဲ့ ယွမ်လော့ဖုန်းရဲ့အသံက သူ့နားစည်ထဲ ဝင်ရောက်လာခဲ့တယ်။

“ဘာပြောချင်လို့လဲ”

ရဲ့ချီ မျက်နှာထား ပြောင်းလဲသွားတော့တယ်။သူမရဲ့ ခြေထောက်ကို မြှောက်ကာ ယွမ်လော့ဖုန်းကို ကန်ကျောက် ပစ်ချင်တယ်။ ဒါပေမဲ့လည်း ယွမ်လော့ဖုန်း အနား မရောက်ခင်မှာဘဲ ယွမ်ရှောင်ရဲ့ ခက်ထန် ကြမ်းကြုတ်သော အရှိန်အဝါကို ခံစားမိတယ်။ ဒါကြောင့် ခြေလှမ်းများကို နောက်ပြန်ဆုတ်လိုက်ပါတယ်။

ရွှယ်ရုံအာက မျက်ရည်စီးကြောင်းများနဲ့ ချိုသာစွာ ပြောတယ်။

“ကျွန်မ တောင်းပန်ပါတယ်”

သူမရဲ့အသံက ရဲ့ချီကို ပိုဒေါသထွက်စေကာ ယွမ်လော့ဖုန်းကို မီးဝင်းဝင်းတောက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

ရဲ့ချီလည်း အံ့ကြိတ်ကာ မေးလိုက်တယ်။

“နင်က အစ်ကိုရဲ့ဧည့်သည်အဆင့်ပဲ ရှိတယ်၊ ငါတို့ကိစ္စကို ဝင်မရှုပ်နဲ့ ။ အပိုစကားတွေ ပြောနေဖို့ နင့်ကို လိုအပ်တယ်များ ထင်နေလား”

မှန်ပါတယ်။သူမက ရဲ့ရှီမို့ကို သဘောကျတယ်။ ဒါပေမဲ့ အချစ်အတွက်တော့ သူငယ်ချင်းကို မစွန့်ပစ်နိုင်ဘူး။ရုံအာက အရမ်းသနားဖို့ကောင်းလွန်းလို့ သူမဘက်က သည်းမခံနိုင်ဘူး။

Chapter-792

End

အပိုင်း(၇၉၃)

ကောက်ကျစ် စဉ်းလဲသော ရွှယ်ရုံအာ (၅)

ယွမ်လော့ဖုန်းလည်း သူမကို စွေးခနဲ ကြည့်ကာ ဂရုမစိုက်ဟန် ပြောလိုက်တယ်။

“ငါ ပြောတာ ဘာမှားနေလို့လဲ၊ ရဲ့အစ်ကို ဘာများ မှားနေလဲ၊ သူက ကုန်သွယ်ရေးလုပ်ငန်းရဲ့ ကြီးကြပ်သူ ဖြစ်သလို ရဲ့မိသားစုဝင်ပါ၊ ရဲ့မိသားစု ပိုင်ဆိုင်တဲ့ ဆေးပင်ကို အလကား မပေးစေချင်တာ ဘာများမှားနေလို့လဲ”

“ဟွန့်”

ရဲ့ချီလည်း အေးတိအေးစက် ရယ်မောကာ မကျေမနပ် ထေ့ငေါ့လိုက်တယ်။

“နင်လည်း ရဲ့အစ်ကိုနဲ့ အတူတူ ဒီနေရာကို လိုက်လာခဲ့တာ ဆေးပင် အလကား ယူချင်လို့မလား၊ ဂုဏ်သိက္ခာရှိချင်ယောင် မဆောင်ပါနဲ့၊ နင့်ရဲ့ သေးနုပ်တဲ့ စိတ်ဓာတ်ကို တခြားသူ မသိဘူးများ ထင်နေလား”

ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ရဲ့ ရင်ဘတ်ကို မှီကာ ပျင်းရိစွာ ပြုံးလိုက်တယ်။

“ဆေးကုန်သွယ်ရေး လုပ်ငန်းက ဆေးပင်တွေကို ငါက အလကားယူမယ်လို့ နင် ဘယ်ကများ ကြားခဲ့လို့လဲ ၊ငါ ပိုင်ဆိုင်တဲ့ ပစ္စည်းနဲ့ ထပ်တူညီတဲ့ တန်ဖိုးကို လဲလှယ်ချင်လို့ ဒီနေရာကို ရောက်လာခဲ့တာ”

ရဲ့ချီလည်း မှင်တက်သွားရတယ်။ အစက ယွမ်လော့ဖုန်းကို ရွှယ်ရုံအာနဲ့ မိသားစုနောက်ခံချင်း တူမယ်လို့ ထင်ခဲ့မိတယ်။ သူမရဲ့လက်ထဲမှာ ဆေးပင် ရှိမယ်လို့ မထင်ခဲ့မိဘူး။ ဒီလိုဆိုရင်တော့ သူမ ဝင်စွက်ဖက်စရာ မလိုအပ်ဘူး။

ရဲ့ရှီမို့လည်း ယွမ်လော့ဖုန်းကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

ဒီအမျိုးသမီးက သူ့အတွေးကို မထုတ်ဖော်ခဲ့ရင်တောင် သူမရဲ့ အပြုအမူကြောင့်  စိတ်လှုပ်ရှားမိပါတယ်။

ရွှယ်ရုံအာလည်း သူမရဲ့ မကောင်းတဲ့ အတွေးများကို ထိန်းချုပ်ကာ သနားစဖွယ် မျက်နှာအမူအရာနဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။

“ဒီလိုဆိုတော့လည်း ၊ ချီချီ နားလည်မှုလွဲခဲ့တဲ့အတွက် သူမရဲ့ ကိုယ်စား ကျွန်မက တောင်းပန်ပါတယ်၊ ဘယ်ဆေးပင်နဲ့ လဲလှယ်ချင်လို့လဲ၊ ပွဲကြည့် ပရိသတ် အနေနဲ့ ကြည့်ခွင့် ပြုပါလား”

သူမကြောင့် ရဲ့ချီ ဒေါသဖြစ်ရတယ်မလား။ ရဲ့ချီကိုယ်စား ယွမ်လော့ဖုန်းကို တောင်းပန်လိုက်သေးတယ်။ သူမရဲ့ အကြောင်းအရင်း အမှန်ကို မသိရင်တော့ ရဲ့ချီအတွက် သူမက ပြောပေးနေသလိုပဲ။

ယွမ်လော့ဖုန်းလည်း ရဲ့ရှီမို့ကို ကြည့်လိုက်တယ်။ အရူးညီမတစ်ယောက် ရှိတာ သူ့အတွက်လည်း မလွယ်ကူပါလားနော်။

“ရွှယ်မိန်းကလေးက ကျွန်တော့်ကို မယုံကြည်ဘူး ထင်တယ်”

ရဲ့ရှီမို့လည်း သရော်ကာ ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်တယ်။

“ငါက အဆင့်အတန်း ရှိရှိ နေထုင်ခဲ့တယ်။ ပြောပြီးသား စကားကို တည်တယ် ၊ ကြီးကြပ်သူ တစ်ယောက်အနေနဲ့ တရားမျှတမှု ရှိရမယ်၊ ဒီပြင် ရဲ့မိသားစု ကိစ္စက မင်းနဲ့ မသက်ဆိုင်ဘူး၊ ဘေးနား ရပ်ကြည့်ခွင့် မင်းမှာ မရှိဘူး”

ရွှယ်ရုံအာရဲ့မျက်နှာက ပို၍တိုးလို့သာ ဖြူစွတ်လာရတယ်။

“ငါ…”

“တော်သင့်ပြီ”

ရဲ့ရှီမို့လည်း ခက်ထန်စွာ အော်လိုက်တယ်။

“ငါတို့ရဲ့ ကုန်သွယ်လုပ်ငန်းက နင့်ကို မကြိုဆိုဘူး၊ အခုချက်ချင်း ထွက်သွားမလား ၊ နင့်ကို မောင်းထုတ်ဖို့ တခြားတစ်ယောက် ခေါ်လိုက်ရမလား”

“အစ်ကိုကြီး”

ယွမ်လော့ဖုန်းကို နားလည်မှုလွဲခဲ့မိလို့ အပြစ်ရှိသလို ခံစားနေရတဲ့ ရဲ့ချီမှာ ထိုစကားကို ကြားပြီးနောက် ချက်ချင်း ပေါက်ကွဲတော့တယ်။

“ရုံအာက ညီမရဲ့ သူငယ်ချင်း ၊ သူမကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူစရာ မလိုအပ်ဘူး၊ အစ်ကိုက ငါတို့ကို မမြင်ချင်တော့လည်း အခုချက်ချင်း ထွက်သွားပေးမယ်”

ဒီစကားကို ပြောပြီးနောက် ရဲ့ချီလည်း ရွှယ်ရုံအာကို ဆွဲကာ တံခါးမကြီးမှ ထွက်သွားတော့တယ်။

ပျာပန်းခပ်နေတဲ့ အပြင်မှာ ရဲ့ချီလည်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်ရည်များ အတားအဆီးမဲ့စွာ ကျဆင်းနေတော့တယ်။

“ချီချီ…အဲမိန်းမမှာ ဆေးပင်ရှိမယ်လို့ ထင်လား”

ရွှယ်ရုံအာလည်း မျက်တောင် တဖျတ်ဖျတ်ခတ်ကာ မေးလိုက်တယ်။

ရဲ့ချီလည်း နားမလည်နိုင်စွာ ငေးကြောင် ကြည့်လိုက်တယ်။

“နင် ဘာပြောချင်တာလဲ”

ရွှယ်ရုံအာလည်း နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။

“နင်မသိခင် ရဲ့အစ်ကိုက အဲမိန်းမကို သေချာပေါက် လက်ဆောင်ပေးမှာပဲ၊ သူမရဲ့ တစ်ဖက်သတ် အပြောအဆိုကို ငါ မယုံကြည်ပါဘူး”

“သူ လိမ်နေတယ်လို့ နင်ပြောချင်တာလား၊ အစ်ကိုက သူတို့နဲ့အတူတူ ပူးပေါင်းပြီး လိမ်နေတယ်လား”

ရဲ့ချီက လှည့်ဖျားရ လွယ်ကူလွန်းတယ်။ စကားလေး တစ်ခွန်းက သူမကို အရူးလုပ်နိုင်ပြီး ဒေါသ ဖြစ်စေတယ်။

သူမမှာတော့ အပြစ်ရှိသလို ခံစားလိုက်ရတာ… သူတို့တွေက ပူးပေါင်း ကြံစည်ပြီး လိမ်လည်ရက်တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ရဲ့မိသားစု ပိုင်ဆိုင်တဲ့ ဆေးပင်တွေကို ရယူချင်လို့ပဲ။

Chapter-793

End

အပိုင်း(၇၉၄)

ကောက်ကျစ် စဉ်းလဲသော ရွှယ်ရုံအာ (၆)

“ချီချီ…သူတို့ကြောင့် ရဲ့မိသားစုမှာ ငြိမ်းချမ်းမှု မရှိနိုင်ဘူးလို့ ခံစားမိတယ်၊ ဒါကြောင့် နင့်မိဘတွေကို ပြန်လာဖို့ စာရေးသင့်တယ်”

ရဲ့ချီလည်း ဒေါသစိတ် ပြေပျောက်သွားပြီး သူမရဲ့ဦးခေါင်းကို ခါလိုက်တယ်။

“မဖြစ်ပါဘူး၊ မွေးစားမိဘတွေမှာ အလုပ်ကိစ္စရှိသေးတယ်၊ ပြန်လာနိုင်မှာ မဟုတ်သေးဘူး”

သူမ အလေးအနက် စဉ်းစားမိပါတယ်။ ကိစ္စ သေးသေးလေးကြောင့်  မွေးစားမိဘတွေကို ပြန်လာဖို့ မပြောသင့်ဘူး။

“ချီချီ… ဒါဆို နင့်မိဘတွေ ဘယ်နေရာမှာ ရှိလဲ အတိအကျသိလား”

ရွှယ်ရုံအာလည်း မျက်တောင်ခတ်ကာ မေးလိုက်တယ်။

“ဘာလို့ မေးတာလဲ”

ရွှယ်ရုံအာလည်း မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်တယ်။

ရွှယ်ရုံအာလည်း သိမ်မွေ့စွာ ပြုံးလိုက်တယ်။

“သူတို့တွေ တစ်စုံတစ်ယောက်ကို ရှာနေတာမလား။ အဲနေရာမှာ ငါ့အမျိုးတွေ ရှိလောက်တယ်၊ သူတို့ကို အကူအညီပေးလို့ ရနိုင်တယ်”

ယုံလွယ်တဲ့ ရဲ့ချီက သူမကို သံသယ မဝင်ဘဲ နေရာအတိအကျကို ပြောလိုက်တယ်။  သူမရဲ့ အကြံအစည်ကို သတိမထားမိပါဘူး။

….

ရဲ့ရှီမို့လည်း ယွမ်လော့ဖုန်းတို့ကို ခန်းမဆောင်ထဲမှာ ကြာကြာ မနေခိုင်းတော့ဘဲ ဒုတိယထပ်ကို တက်သွားလိုက်တယ်။

ဒုတိယထပ်ကို ရဲ့ရှီမို့နဲ့ ဩဇာအာဏာရှိတဲ့ အမှုထမ်းတွေပဲ ဝင်ခွင့် ရှိပါတယ်။သူက ယွမ်လော့ဖုန်းနဲ့ တခြားသူများကို ဒုတိယထပ်ကို ခေါ်သွားခဲ့တယ်။

“သခင်လေး”

ရဲ့ရှီမို့ကိုမြင်တော့ အဘိုးအိုက အလျင်စလိုရောက်လာကာ ဂါရဝပြုလိုက်တယ်။

ရဲ့ရှီမို့လည်း ခေါင်းညိတ်လိုက်တယ်။

“ချင်းအကြီးအကဲ… နောင်ဆို သတိထားပြီး စောင့်ကြည့်ပါ… ရဲ့ချီကို တခြားသူ မခေါ်လာစေနဲ့၊ ဒါက ငါ့ညီမ အသစ်လေး၊ ဒီလူက သူမရဲ့ခင်ပွန်း”

ဟောင်ဟောင်က တခြားသူများနဲ့ ထိတွေ့ဆက်ဆံရတာ မကြိုက်မှန်းသိလို့ မိတ်မဆက်ပေးဘူး။

ချင်းအကြီးအကဲလည်း ရိုသေလေးစားစွာ ပြောလိုက်တယ်။

“သူတို့နှစ်ဦးက တောင်းဆိုချင်တာများ ရှိလို့ ဒီနေရာကို လာခဲ့တာလား သိခွင့်ပြုပါ။ ဘာလိုအပ်လည်း ပြောပါ ကိစ္စ မရှိပါဘူး”

ယွမ်လော့ဖုန်းလည်း အချိန်အကြာကြီး နှုတ်ဆိတ်နေမိတယ်။

“အထဲမှာ ဝင်ပြောမယ်”

“ကောင်းပါပြီ”

ချင်းအကြီးအကဲလည်း လက်ဟန်အမူအရာနဲ့ လမ်းပြလိုက်တယ်။

“ကြွပါ”

အခန်းထဲ ဝင်ရောက်ချိန်မှာ ယွမ်ရှောင်ရဲ့ခံစားချက် ကင်းမဲ့သောအကြည့်က ရဲ့ချီနဲ့ ရွှယ်ရုံအာ ပျောက်ကွယ်သွားတဲ့နေရာကို ကြည့်နေတယ်။

ဟောင်ဟောင်က သူ့ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်တယ်။

“ကိစ္စရှိလို့ အထဲကို မလိုက်တော့ဘူး”

ယွမ်လော့ဖုန်းလည်း နားမလည်သလို ဖြစ်ရသော်လည်း ဟောင်ဟောင်ရဲ့ လွတ်လမ်းခွင့်ကို မဟန့်တားဘဲ ချိုသာစွာ ပြောလိုက်တယ်။

“ကိစ္စ ပြီးရင် ငါ့ကို လာရှာနော်”

“အင်းပါ”

ဟောင်ဟောင်လည်း အမိန့်ကို နာခံကာ ပထမထပ်ကို အလျင်စလို ပြေးဆင်းသွားလိုက်တယ်။ရဲ့မြို့တော်အတွင်းမှာ ယွမ်လော့ဖုန်းကို ထားခဲ့ရဲတဲ့ သတ္တိရှိတာက ရဲ့ကျင်းချန်းရဲ့ ပိုင်နက် ဖြစ်နေလို့ သူမကိုယ်သူမ ပိုလုံခြုံတယ်လို့ ခံစားရတယ်။

ယွမ်ရှောင်လည်း သူ့အကြည့်ကို ပယ်ခွာလိုက်တယ်။ သူ့မျက်နှာထားက အရင်လို ခက်ထန်နေတုန်းပါ။

“ရောက်တုန်း ရောက်ခိုက် ညီမလေး ကြိုက်တာကို ယူသွား၊ ငွေပေးစရာ မလိုအပ်ဘူး၊ တွေ့ဆုံမှုအတွက် လက်ဆောင်ပေးတယ်လို့ ယူဆလိုက်”

ရဲ့ရှီမို့လည်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်တယ်။ သူက ပွင့်လင်းပြီး တဲ့တိုး ပြောတတ်သူပါ ။

ရဲ့သခင်လေးက ဘာအချိန်တုန်းက အရမ်းကို ရက်ရောတတ်သွားလဲ။ ပုံမှန်ဆိုရင် သူက အရမ်းကို ကပ်စေးနည်းပြီး သခင်မလေးကို ဘာဆိုဘာမှ ယူခွင့် မပေးခဲ့ဘူး။ ဒါကြောင့် ဒီလူနှစ်ယောက် ဘယ်သူဘယ်ဝါလဲဆိုတာ ချင်းအကြီးအကဲလည်း အတိမကျ သိချင်မိတယ်။

“ဘယ်သူ့ကိုမှ ဆေးပင် လက်ဆောင် မပေးဘူးလို့ အောက်ထပ်မှာ ကတိပြုထားပြီးပြီလေ ၊ ကတိ မတည်ချင်တော့ဘူးလား”

ရဲ့ရှီမို့လည်း ရယ်မောလိုက်တယ်။

“ငါက ဘယ်တုန်းက ကတိတည်ခဲ့ဖူးလို့လဲ၊ ကုန်သွယ်ရေး လုပ်ငန်းကို စီမံ့ခွင့်ရတည်းက ငါ့မှာ လုပ်ချင်တာ လုပ်ခွင့် ရှိတယ်၊ ညီမလေး တခြားသူကို ဂရုစိုက်နေစရာ မလိုအပ်ဘူး၊ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ကိုယ့်ညီမလေးကို မဆုံးရှုံးစေချင်ဘူး”

Chapter-794

End

အပိုင်း(၇၉၅)

ကောက်ကျစ် စဉ်းလဲသော ရွှယ်ရုံအာ (၇)

ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။

“ရှင့်ရဲ့ ဆေးကုန်သွယ်ရေး တစ်ခုလုံး ပေးလည်း မလောက်ငှါမှာ စိုးရိမ်ရတယ်”

“အမ်…”

ရဲ့ရှီမို့လည်း ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။

“ဒါဆို မင်း ဘယ်လောက်အထိ လိုချင်လို့လဲ”

ယွမ်လော့ဖုန်းလည်း ရဲ့ရှီမို့ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။

“နှစ်၅၀၀နဲ့ အထက် ရှိတဲ့ ဆေးပင်ကို လိုချင်တယ်… များလေ ကောင်းလေပဲ”

နှစ်၅၀၀နဲ့ အထက် ရှိတဲ့ ဆေးပင်ကို လိုချင်တယ်… များလေ ကောင်းလေပဲ ဟုတ်လား။

ရဲ့ရှီမို့မှာ အံ့ဩလွန်းလို့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရတယ်။

“ညီမလေးရဲ့ တောင်းဆိုမှုက အင်မတန် ခက်ခဲလွန်းပါတယ်၊ ဒီမှာက နှစ်ငါးရာ ဆေးပင် ၁၀ပင်ကျော်ပဲ ရှိတယ်၊ နှစ်ထောင် ဆေးမြစ်က ၃ခု၊ ညီမလေး လိုချင်သလို အများကြီးတော့ မရှိဘူး”

ယွမ်လော့ဖုန်းရဲ့လက်ချောင်းများက စားပွဲခုံကို ထောက်ကာ စဉ်းစားနေတယ်။

“ညီမမှာ အခြေတည်ဆောက်တဲ့ဆေးရည်နဲ့ စိတ်စုစည်း ဆေးရည် ရှိတယ်၊ ဒါတွေနဲ့ အဲဆေးမြစ်တွေကို လဲလို့ ရနိုင်မလား”

အခြေတည်ဆောက်တဲ့ဆေးရည်နဲ့ စိတ်စုစည်း ဆေးရည် ရှိတယ် ဟုတ်လား။

ရဲ့ရှီမို့နဲ့ ချင်းအကြီးအကဲမှာ ချက်ချင်း မှင်တက်သွားရတယ်။ ဒီနာမည်နှစ်ခုကို ကြားလိုက်တာနဲ့ သူ့အကျိုးသက်ရောက်မှုကို ခန့်မှန်းနိုင်ပါတယ်။

“မလုံလောက်သေးရင် ချီစွမ်းအားမြက် ရှိသေးတယ်၊ ဒါကထိခိုက်မှုကို အချိန်တိုလေးအတွင်း ပျောက်ကင်းအောင် ကုသပေးနိုင်တယ်”

တခြားဆေးပင်လည်း ရှိသေးတယ်လား။

ဘေးအန္တရာယ်ကို ဖြတ်ကျော်ပြီး ချမ်းသာမှုကို ရယူတယ်လို့ ခေါ်ထိုက်တယ်။

အခုချက်ချင်း ဒီပစ္စည်းတွေကို ထုတ်ပြမယ်ဆိုရင် တကယ့်ကို အရဲစွန့်တဲ့ အပြုအမူပါပဲ။ တန်ဖိုးရှိတဲ့ ဆေးမြစ်တွေကို ရယူနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။

သူမက သာမန်ဆေးပင်လေးကို ပြုစုပျိုုးထောင်ပြီး ချီစွမ်းအား မြက် ဖြစ်စေပြီး နှစ်၅၀၀အထက်ရှိတယ် ဆေးပင်ကိုလဲလှယ်ချင်တယ်။ ဒါမှလည်း နှစ်၅၀၀သက်တမ်းရှိတဲ့ ဆေးပင်တွေကို ဆေးနတ်ဘုရား နယ်မြေမှာ စိုက်ပျိုးပြီး ရွှေရှာကြွက်လေးများရဲ့ ခွန်အားကို တိုးစေမှာလေ။ သူတို့ရဲ့ စွမ်းအား တိုးတာနဲ့ သူမအတွက် အများကြီး ကူညီပေးနိုင်မယ်။

ချင်အကြီးအကဲလည်း သူ့စိတ်ကို ထိန်းချုပ်ကာ မေးလိုက်တယ်။

“မိန်းကလေးက ဘယ်လို ပြောချင်တာလဲ သိခွင့်ပြုပါ”

“နှစ်၅၀၀သက်တမ်း ရှိတဲ့ ဆေးမြစ် ၅ခုက ကျွန်မပိုင်ဆိုင်တဲ့ ပစ္စည်း သုံးခုတည်းက တစ်ခုနဲ့ လဲလှယ်မယ်၊  နှစ်ထောင်ဆေးမြစ်ကိုတော့ ကျန်တဲ့ ၂ခုနဲ့ လဲလှယ်ချင်ပါတယ်”

“ကောင်းပြီလေ”

ချင်းအကြီးအကဲက စားပွဲခုံကို ချက်ချင်း ရိုက်ချလိုက်တယ်။

“မိန်းကလေးရဲ့ဆေးရည်နဲ့ ဆေးမြစ်ကို ထားခဲ့ပါ။ လဲလှယ်ပေးပါမယ်၊ မိန်းကလေးရဲ့ ဇာစ်မြစ်ကိုလည်း လျှို့ဝှက်ထားပေးမယ်”

ဒီပစ္စည်းတွေကို တရားဝင် ရောင်းချရင် တစ်လောကလုံး စိတ်ဝင်စားမှာ သေချာတယ်။ ဒါကြောင့်လည်း  ဒီစကားပြောရတာပေါ့။ ချင်းအကြီးအကဲ မပြောရင်တောင် ယွမ်လော့ဖုန်းက တောင်းဆိုမှာပါ။

“ဒီပစ္စည်းတွေကို မင်း ဘယ်ကရခဲ့လဲ သိခွင့် ရှိမလား”

ယွမ်လော့ဖုန်းလည်း သူမရှေ့မှာ ရပ်နေတဲ့ ချင်းအကြီးအကဲကို ကြည့်ကာ ပြုံးလိုက်တယ်။

“ဒီပစ္စည်းတွေကို ဘယ်မှာ ရနိုင်မယ် ထင်လဲ၊ တခြားတစ်ယောက်ဆီက ဝယ်လာတာပါ၊ သူ့အကြောင်း ပြောဖို့က မသင့်လျော်လို့ပါ၊ ဒါကြောင့် သူ့ကိုယ်စား လာခဲ့တာပါ”

ယွမ်လော့ဖုန်းက သတိဝီရိယ ထားလွန်းလို့ ဒီစကား ပြောရတာပါ။  ယွမ်လော့ဖုန်းက ချင်းအကြီးအကဲကို မယုံကြည်နိုင်သေး။ အခြေအမြစ်မရှိတဲ့ အကြောင်းတွေ မပြောချင်ဘူး၊ တခြားသူက သူမကို လုယက် သတ်ဖြတ်ချင်ရင်တောင် သူမရဲ့နောက်ကွယ်မှာ ပညာရှင် ရှိတယ်လို့ ယူဆနေရမယ်။

မျှော်လင့်ထားသလို ယွမ်လော့ဖုန်း ပြောတဲ့ စကားကို ကြားပြီးနောက် သူလည်း အမှန်လို့ ယူဆလိုက်တယ်။

“ဒါဆိုလည်း အခြေတည်ဆေးရည်နဲ့ စိတ်စုစည်းဆေးရည် ထုတ်လုပ်နိုင်ဖို့ ပညာရှင်နဲ့ တွေ့ဆုံခွင့်ရဖို့ ဆုတောင်းပါတယ် ၊ ကျုပ်ရဲ့ အဆင့်အတန်းနဲ့ တွေ့ခွင့် ရပါ့မလား…”

“ဒီနေရာမှာ ပစ္စည်းတွေကို ထားခဲ့မယ်၊ လဲလှယ်မှု အောင်မြင်ရင် ဆေးမြစ်တွေကို ရဲ့အိမ်တော် ပို့ထားပါ၊အဲနေရာမှာ အချိန်အတိုင်းအတာ တစ်ခုအထိ နေဦးမယ်”

ဒီစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းလည်း ပုလင်းများနဲ့ သက်ရှိနဲ့တူတဲ့ အစိမ်းရောင် မြက်ပင်ကို သူမရဲ့နယ်မြေ လက်စွပ်မှ ထုတ်ယူလိုက်တယ်။

Chapter-795

End

အပိုင်း(၇၉၆)

စိတ်စုစည်းဆေးရည် အုတ်အော်သောင်းတင် ဖြစ်ခြင်း (၁)

ကုန်သွယ်ရေး လုပ်ငန်းမှ ထွက်လာခဲ့ပြီးလည်း ရဲ့ရှီမို့ တုန်လှုပ်နေမိတုန်းပါ။ ယွမ်လော့ဖုန်းရဲ့လက်ထဲမှာ တန်ဖိုးရှိတဲ့ ပစ္စည်း ရှိနေမယ်လို့ မထင်ခဲ့မိဘူး၊ ဒီပစ္စည်းတွေကို ရဲ့မိသားစုကုန်သွယ်ရေး လုပ်ငန်းမှာ ရောင်းခွင့်ရရင် သူတို့မိသားစုရဲ့ဂုဏ်သတင်းက ကုန်းမြေစု တစ်ခုလုံးမှာ ကျော်ကြားဦးမှာပဲ။

“ညီမလေးကို ကျေးဇူးတင်မိပါတယ်”

နောက်ဆုံးတော့ ရဲ့ရှီမို့လည်း သတိပြန်ဝင်လာပြီး ယွမ်လော့ဖုန်းဘက် လှည့်လိုက်တယ်။

“ဒီရတနာတွေနဲ့ဆိုရင် ရဲ့မိသားစု ကုန်သွယ်ရေး လုပ်ငန်းက အကျိုးအမြတ် တိုးပွားဦးမှာပါ”

ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။

“ငါတို့တွေက တစ်ယောက်လိုအပ်တာကို ရယူတာပါ”

“ဟား…”

ရဲ့ရှီမို့လည်း ပွင့်လင်းစွာ ရယ်မောလိုက်တယ်။

“ညီမလေးရဲ့ စရိုက်ကို အစ်ကိုတစ်ယောက်အနေနဲ့ ပိုသဘောကျမိတယ်”

သူမရဲ့သဘောကျမှုကို မရခဲ့ရင် ဒီစကားမျိုး ပြောမှာ မဟုတ်ဘူး။ သူ မသိဘဲ နေပါ့မလား။ ဒီကုန်းမြေစုမှာ ဆေးကုန်သွယ်ရေး လုပ်ငန်း အများကြီးရှိပေမယ့် သူမက ရဲ့မိသားစုကို ရွေးချယ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူ့အတွေးက မှန်ကန်တယ်။

ယွမ်ရှောင်လည်း မျက်မှောင်ကြုတ်ကာ ခံစားချက်ကင်းမဲ့တဲ့ အကြည့်နဲ့ ရဲ့ရှီမို့ကို ကြည့်လိုက်တယ်။

သူ့အကြည့်က ဓားသွားကဲ့သို့ ချွန်မြပြီး သူ့ကို သွေးလေ ချောက်ချားစေတယ်။ ယွမ်ရှောင်က အကြည့်ကို ပြန်လည် ရုပ်သိမ်းသွားပြီး ယွမ်လော့ဖုန်းကို စောင်းငဲ့ ကြည့်လာတယ်။ ခံစားချက် ကင်းမဲ့သော အကြည့်များက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးသွားတယ်။

ရဲ့ရှီမို့လည်း သူ့မျက်လုံးများကို ပွတ်သပ်လိုက်တယ်။ဒီခံစားချက် ကင်းမဲ့တဲ့ လူကြီးက ပြုံးတတ်တယ်လား။ နူးညံ့သိမ်မွေ့မှုကို မိန်းကလေးတစ်ယောက်တည်းကို ပေးနိုင်ပြီး သူ့အပြုံးက သူမတစ်ဦးတည်းအတွက် ပွင့်ဖူးတယ်လား။

….

လက်ရှိအချိန်မှာ ရွှယ်ရုံအာက လှည့်ကာ နောက်ဖေး လမ်းကြားဘက် လမ်းလျှောက်သွားတယ်။ ရုတ်တရက် အနီရင့်ရင့် ပုံရိပ်က သူမရဲ့ရှေ့ကို ရောက်လာတော့ ရွှယ်ရုံအာမှာ တုန်လှုပ်သွားရတယ်။ သူမရှေ့က ကောင်မစုတ်လေးကို မြင်ရတော့ သူမမှာ စိတ်အေးရပြီး အေးတိအေးတိ မေးလိုက်တယ်။

“ငါ့လမ်းကို ဘာကြောင့် ပိတ်ပင်နေတာလဲ”

ဟောင်ဟောင်လည်း တောက်ပတဲ့ မျက်ဝန်းများဖြင့် ရွှယ်ရုံအာကို လက်ပိုက် ကြည့်နေလိုက်တယ်။

“ဘာလဲ … သရုပ်ဆောင်ချင်သေးလို့လား…ဟိုအရူးနှစ်ယောက် မရှိတော့ နင့်သရုပ်ဆောင်မှုကို စိတ်ဝင်စားမယ့်လူ မရှိဘူး”

ရွှယ်ရုံအာလည်း မျက်မှောင်ကြုတ်လိုက်တယ်။

“သခင်မလေး… အိမ်ပြန်ပြီး အမေနို့စို့တာ အကောင်းဆုံးပဲနော်… ငါ့ကို မချိုးနှိမ့်ချင်နဲ့၊ ငါ့ဘက်က ရိုက်နှက်တော့မှ မငိုယိုနဲ့”

ဟောင်ဟောင်က မော်ကြွားသော အမူအရာနဲ့ ခေါင်းမော့လိုက်တယ်။

“ကံဆိုးချင်တော့ ဒီကောင်မစုတ်လေးက နင့်ကို စကားမပြောနိုင်အောင် လုပ်ပေးနိုင်တယ်”

“နင်…”

ရွှယ်ရုံအာမှာ အတော့်ကို ဒေါသထွက်မိတယ်။ သူမ စကားပြောဖို့ ပြင်နေစဉ် သူမရဲ့ ဦးခေါင်းပေါ် ကြီးမားသောအိတ်ကြီး ပြုတ်ကျလာပြီး သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ဖုံးဖိသွားတယ်။

“နင် တခြားသူအကြောင်း မစပ်စုသင့်ဘူး”

“နင့်ကို ဘယ်သူက ကြာပန်းဖြူ ဟန်ဆောင်ခိုင်းလို့လဲ၊ စိတ်ပျက်ဖို့ ကောင်းလွန်းတယ်”

“နောင်ဆို ငါ့ရှေ့ရောက်လာတိုင်း ငါ့တို့ရှေ့ မလာရဲအောင် မညှာမတာ ရိုက်နှက်ပစ်မယ်”

ဟောင်ဟောင်လည်း ရွှယ်ရုံအာကို ကြမ်းပြင်ပေါ်မှာ ကန်ကျောက်နေလိုက်တယ်။ သူမရဲ့မျက်ဝန်းမှာ မီးတောက် နှစ်ခု ရှိနေပြီး လက်သီးလေးက အားပြင်းလွန်းတယ်။

“ရွှယ်ရုံအာ… အရူးမ ရဲ့ချီက နင့်ကို ကာကွယ်ပေးနိုင်မယ်များ ထင်နေလား…ငါ့.ဆ….အစ်မကို ပြဿနာ ထပ်ရှာရဲရင် နင်တို့ တစ်မိသားစုလုံးကို မီးရှို့သတ်ပစ်မယ်”

သူမက ဆရာလို့ ခေါ်ချင်လည်း ယွမ်လော့ဖုန်းရဲ့ အမိန့်ကို ပြန်တွေးမိလေတော့ ချက်ချင်း ပြောင်းခေါ်လိုက်တယ်။ ဟောင်ဟောင်လည်း လက်ခါကာ ချောင်ချသော နောက်ဖေးလမ်းမှ ထွက်လာခဲ့တယ်။

အိတ်ထဲမှာ လွတ်လွတ်လပ်လပ် ရုန်းကန်ဦးပေါ့နော်။ မမှတ်မိနိုင်လောက်အောင် ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့တယ်။

သူမလည်း ဟောင်ဟောင် ထွက်ခွာသွားတဲ့ ဦးတည်ရာကို ခက်ထန်ကြမ်းကြုတ်သော အကြည့်များဖြင့်ကြည့်ကာ ဒေါသတကြီး အံကြိတ်လိုက်တယ်။

“စောင့်ကြည့်နေလိုက်… နင့်ဘဝ မချောမွေ့စေရဘူး၊ ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန် ပြန်ရောက်လာရင် နင်သေဖို့ ပြင်ထားလိုက်တော့”

Chapter-796

End

အပိုင်း(၇၉၇)

စိတ်စုစည်းဆေးရည် အုတ်အော်သောင်းတင် ဖြစ်ခြင်း (၂)

ကျွင်းဖန်လျန်က သူ့မွေးစားသားကို အရမ်းအလေးထားလွန်းတယ်။ သူမရဲ့သားကို တခြားမိန်းကလေးက ချမ်းသာ ကြွယ်ဝမှုကြောင့် ချဉ်းကပ်မှန်းသာ သိခဲ့ရင်တော့ ကျွင်းဖန်လျန်ရဲ့ ကာကွယ်ပေးတတ်တဲ့ စရိုက်အရတော့  သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။

ဆူညံ ပျာယာခတ်နေတဲ့ စားသောက်ဆိုင်အတွင်းမှာ အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက  ပြတင်းပေါက်နားမှာ ထိုင်နေပြီး စိုးရိမ်ပူပန်သော မျက်နှာ အမူအရာနဲ့ မျက်ခုံး တွန့်ချိုးထားတယ်။ သူမရဲ့ရှေ့မှာ ပိုးသားဝတ်စုံနဲ့လူ ထိုင်နေပြီး သူမကို နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် ကြည့်ကာ နှစ်သိမ့်နေခဲ့တယ်။

“ကျွင်းအာ စိတ်ချထားပါ၊ ဖုန်းအာနဲ့ ရှောင်အာ ရဲ့ ပုံတူပန်းချီ ရှိကတည်းက သိပ်မကြာခင် သူတို့ကို ရှာတွေ့မှာပါ”

“ကျွန်မလည်း မျှော်လင့်ပါတယ်”

အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက တိုးလျစွာ သက်ပြင်းချလိုက်ပြီး မဲ့ရွဲ့ကာ ပြောလိုက်တယ်။

“ပြန်လမ်းမဲ့ သစ်တောထဲမှာ တွေ့ခဲ့တဲ့ နှစ်ယောက်က သူတို့မှန်း သိရင် သွားခွင့်မပြုခဲ့ပါဘူး၊ နာမည်အတုသုံးမယ်လို့ မထင်ခဲ့မိဘူး၊ နာမည်အတုကြောင့် တွေ့ဆုံခွင့် လွဲချော်ခဲ့ရတယ်”

သူတို့ကို အပြစ်မတင်မိပါဘူး။ ပြန်လမ်းမဲ့ သစ်တောထဲ ပထမဆုံးရောက်ဖူးတော့ သတိရှိတာ မမှားပါဘူး။ အသေးစိတ် မမေးမိတာ သူမရဲ့ အမှားပါ။ အခုတော့ လွဲချော်ရပါပြီ။

ကျွင်းဖန်လျန်လည်း အတွေးရေယာဉ်ထဲ နစ်မျောနေစဉ် ဆွေးနွေးပြောဆိုသံက နှောင့်ယှက်သွားတယ်။

“နင်တို့ ကြားပြီးပြီလား… ရဲ့မြို့တော်က ကိစ္စလေ”

ရဲ့မြို့တော်က ကိစ္စ ဟုတ်လား။

ကျွင်းဖန်လျန်လည်း ချက်ချင်း နားမလည်နိုင်စွာ ကြည့်လိုက်တယ်။ အနီရောင် ဇာမဏီငှက်မျက်လုံးများက ဝိုင်းဖွဲ့စကားပြောဆိုနေတဲ့ လူတစ်စုကို ကြည့်လိုက်တယ်။ မျက်မှောင်ကြုတ်ထားကာ မျက်နှာ မကောင်းပါဘူး။

ငါတို့ မရှိချိန် ငါတို့မို့အာလေးကို တစ်စုံတစ်ယောက် ပြဿနာရှာတယ်လို့တော့ မပြောနဲ့။

“ရဲ့မြို့တော်…ဟုတ်လား။ ရဲ့မိသားစုသခင်လေး ရဲ့ကျင်းချန်းရဲ့ ပိုင်နက်မလား၊ သူက ရဲ့မိသားစုက မောင်းထုတ်ခံရလဲ.. မျိုးရိုးနာမည်က ရဲ့ လေ….ဘယ်သူက သူတို့ကို ပြဿနာ ရှာရဲလဲ”

သူတို့စားပွဲမှ သောက်ဖော်သောက်ဖက်က သတင်းပြောတဲ့လူကို စပ်စပ်စုစု ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်တယ်။

“ဟား…နင် သိမှာ မဟုတ်ဘူး”

ထိုလူက ရယ်မောလိုက်တယ်။

“ရဲ့မြို့တော်ကို ပြဿနာရှာရဲတဲ့လူ မရှိပါဘူး၊ ရဲ့မိသားစုမှာ ငယ်ရွယ် တက်ကြွတဲ့ သခင်လေး ရဲ့ရှီမို့ ရှိနေတာ မမေ့သင့်ဘူး၊ ငါ့တူမလည်း အဲ့မြို့သူပဲ၊ အဲမိန်းကလေး ရဲ့မိသားစုကုန်သွယ်လုပ်ငန်း ပိုင်ဆိုင်သမျှကို အပိုင်လိုချင်လို့ သွေးဆောင်ဖြားယောင်တယ် ပြောတာပဲ”

ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်စုမှာ သူပြောလိုက်တဲ့ စကားကို ကြားပြီးနောက် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားရတယ်။

“ဒီသတင်းက မှန်လို့လား”

“အမှန်အကန်ပါ၊ ဒီမိန်းကလေးရဲ့ မျိုးရိုးနာမည်က ဖုန်းလို့ ကြားတယ်၊ သူမရဲ့နောက်လိုက်က အနီရောင်ဝတ်စုံနဲ့ ကောင်မစုတ်လေးတဲ့၊ ဒီနှစ်ယောက်ရဲ့ ရည်ရွယ်ချက် ပေါ့သေးသေး မဟုတ်ဘူး၊  ရဲ့မိသားစု ပိုင်ဆိုင်မှုကိုသိမ်းယူချင်နေတာ… တစ်ချက်လေးတောင် ပြန်မတွေးဘဲ ရဲ့ရှီမို့ကို ဖြားယောင်ခဲ့တယ်”

“ဒီမိန်းမက ဈေးပေါလွန်းတယ်၊ ရဲ့သခင်လေးက အပျက်မကို ကြိုက်ပါ့လား၊မင်းတူမက ရဲ့မြို့တော် တခြားသတင်းကို ပြောလား”

“ဒါ…”

ထိုလူလည်း အချိန်အကြာကြီး နှုတ်ဆိတ်နေပြီးမှ ကူရာမဲ့ ပြောလိုက်တယ်။

“ရဲ့သခင်လေးကို ဖြားယောင်တဲ့ အမျိုးသမီးက သခင်လေးနဲ့ ရဲ့ချီကို သွေးခွဲဖို့ ကြိုးစားတယ်၊ သူမသာ ရဲ့အိမ်တော်ကို ဝင်ရောက်ခဲ့ရင် ရဲ့ချီမောင်းထုတ်ခံရတာ သေချာတယ်။ ဒီအကြောင်းကို မျက်မြင်တွေ့ခဲ့ရတဲ့ တူမလေး ခများ အရိုက်အနှက် ခံလိုက်ရတယ်”

အရင်က ဒီလို မိန်းမပျက်မျိုး အကြောင်း မကြားဖူးခဲ့တော့ လူတိုင်း ပင့်သက်ရှိုက်လိုက်တယ်။

သူမကိုယ်သူမ ဘာထင်နေလဲ။

သခင်မလေး ရဲ့ချီက ရဲ့ကျင်းချန်းရဲ့ မွေးစားသမီး ဖြစ်နေရင်တောင် အနည်းဆုံးတော့ သူမလည်း ရဲ့မိသားစုဝင်ပါ။ ဒီမိန်းမက ရဲ့ချီကို မောင်းထုတ်ရဲတဲ့အထိ အရှက်မဲ့ရဲတယ်လား။

သူ့ကိုယ်သူဘဝင် မြင်နေတာလား။ အပြင်ဘက် မျက်ခွံက အပေါ်သို့ တက်သွားရတယ်။

Chapter-797

End

အပိုင်း(၇၉၈)

စိတ်စုစည်းဆေးရည် အုတ်အော်သောင်းတင် ဖြစ်ခြင်း (၃)

ဒီလူတွေရဲ့အသံကို ကြားပြီးနောက် ကျွင်းဖန်လျန်ရဲ့မျက်နှာအမူအရာက ရုတ်ခြည်း ပြောင်းလဲသွားတော့တယ်။

ရဲ့ကျင်းချန်းလည်း တွေးတွေးဆဆနဲ့ မေးလိုက်တယ်။

“မင်းက ဒီကောလာဟလကို ယုံကြည်လို့လား”

ကျွင်းဖန်လျန်လည်း ခေါင်းခါလိုက်တယ်။

“ကျွန်မက မို့အာကို ယုံကြည်တယ်… တခြားသူက သူ့ကို အသုံးချပြီး ကိုယ့်ကျိုးရှာဖို့ မလွယ်ကူဘူး၊ ဒီလိုဖြစ်မယ်လို့ ထင်ခဲ့ရင် အိမ်တော်ကို စီမံ့ဖို့ တာဝန်လွှဲခဲ့ပါ့မလား”

ရဲ့ကျင်းချန်းလည်း ပြုံးလိုက်တယ်။ သူ့အမျိုးသမီးက ဉာဏ်ရည်မြင့်မားပြီး ဒီလို ကောလာဟလနဲ့ အလွယ်တကူ လှည့်ဖျားလို့ မရဘူး။

“ဒါပေမဲ့”

ကျွင်းဖန်လည်း ခပ်အေးအေး မတ်တတ် ထရပ်ကာ ထေ့ငေါ့လိုက်တယ်။

“ရဲ့မြို့တော်ကို ခရီးထွက်တာ ပိုကောင်းမယ် ၊ ရဲ့မိသားစုအကြောင်း မကောင်းသတင်း ဘယ်သူလွှင့်လဲ သိချင်တယ်”

နူးညံ့သိမ်မွေ့သော အပြုံးက ရဲ့ကျင်းချန်းရဲ့မျက်နှာပေါ် ဖြန့်ကျက်လာခဲ့တယ်။

“ဒါဆို ရှောင်အာကို မရှာခင် ရဲ့မြို့တော်ကို ခရီးထွက်မယ်”

ကျွင်းဖန်လျန်က မိသားစုကို ကာကွယ်ပေးချင်တဲ့ ပင်ကိုစရိုက်ရှိတယ်။ ဒီပြင် သူမရဲ့ဘေးနားမှာ ယွမ်ရှောင် မရှိချိန် မို့အာပဲ အနားမှာ ရှိနေပေးခဲ့တယ်။ မို့အာကို သားအရင်းလို့ သတ်မှတ်ခဲ့တာကြောင့် ကောလာဟလကြောင့် သားလေးကို မထိခိုက်စေချင်ဘူး။

….

ရဲ့မြို့တော်

ယွမ်လော့ဖုန်းက သူမရဲ့စိတ်စွမ်းအားဆေးရည်နဲ့ ပစ္စည်းများကို ရဲ့ကုန်သွယ်ရေးလုပ်ငန်းကို အပ်နှံပြီးတည်းက ရုတ်တရက် ရဲ့မြို့တော်မှာ အုတ်အော်သောင်းတင် ဖြစ်သွားတယ်။

ဒီကုန်းမြေစုမှာ ချီဆေးများ ကင်းမဲ့လို့ စိတ်စွမ်းအား ဆေးရဲ့ အကျိုးသက်ရောက်မှုက သိသာထင်ရှားတယ်။ တစ်နေ့လုံး မပြတ်မလပ် ရဲ့ကုန်သွယ်ရေးလုပ်ငန်းမှာ ဖောက်သည်များ ပြည့်နှက်နေခဲ့တယ်။

ပုံမှန်အားဖြင့် လူနှစ်ဦး ဆုံတွေ့တိုင်း သူတို့ ပထမဆုံး မေးလေ့ရှိတဲ့ မေးခွန်းက စားပြီးလား။ ရဲ့ကုန်သွယ်ရေးလုပ်ငန်းကို သွားပြီးပြီလား။

အစတည်းက စိတ်စုစည်းဆေးရည်ဟာ ရဲ့မြို့တော်မှာ အုတ်အော်သောင်းတင် ဖြစ်ခဲ့တာပါ။ နေရာအစုံမှာ လူများ လာရောက်ဝယ်ယူလို့ လိုအပ်သလောက် မရောင်းချပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ချင်းအကြီးအကဲမှာ ရှိသလောက်ပဲ ရောင်းချပေးခဲ့ရတယ်။ နောက်ထပ် ရောင်းချပေးပါဦးမယ်လို့ ပြောခဲ့လို့ ရဲ့ကုန်သွယ်ရေးလုပ်ငန်းမှာ အကျပ်အတည်းမှ လွတ်မြောက်ရတယ်။

ရဲ့အိမ်တော်…

သပ်ရပ် လှပတဲ့ မိန်းမပျို အခန်းမှာ ရဲ့ချီက အတွေးထဲ မျောကာ ထိုင်နေစဉ် ရုတ်တရက် တံခါး တွန်းဖွင့်လာတယ်။သူမရဲ့ မျက်လုံးများ အရောင်တောက်သွားပြီး ပျော်ရွှင်မြူးထူးစွာ စကားပြောလိုက်တယ်။

“နောက်ဆုံးတော့… အစ်ကိုကြီး ရောက်လာ…ရုံအာ… ဒီကို ဘာလို့ ရောက်လာတာလဲ”

တံခါးပေါက်မှာ ရပ်နေတဲ့ မိန်းမပျိုလေးကို ကြည့်ကာ ရဲ့ချီမှာ ကြောင်အမ်းအမ်းဖြစ်ကာ စိတ်ပျက်ကြေကွဲမိတယ်။

အစ်ကိုကြီး သူမကို ဂရုမစိုက်တာ ရက်ပေါင်းများစွာ ကြာပါပြီ။ ကြည့်ရတာ သူမကို မမြင်ချင်တော့ဘူး ထင်ပါတယ်။ ဒီအကြောင်းကို တွေးရင် ရဲ့ချီမှာ စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်လိုက်တယ်။

“အစ်ကိုကြီး၊ ငါ့ကို လာကြည့်တယ် ထင်လို့၊ နင် ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး…”

ရွှယ်ရုံအာလည်း ရဲ့ချီအနား ခြေလှမ်းဖွဖွ လှမ်းလိုက်ပြီး သိမ်မွေ့စွာ ပြုံးလိုက်တယ်။

“ချီချီ… ငါ့မှာ ဒုက္ခရောက်နေလို့ နင့်ကို လာမကြည့်တာပါ၊ နင် စိတ်ဆိုးနေသေးလား”

ရဲ့ချီလည်း ခေါင်းခါလိုက်ကာ ရုံအာကို စောင်းငဲ့ ကြည့်လိုက်တယ်။ သူမရဲ့မျက်နှာပေါ်က အမာရွတ်များကို သတိထားမိတော့ သူမမှာ အံ့ဩလွန်းလို့ ဘာပြောရမှန်း မသိ ဖြစ်သွားတယ်။

“ရုံအာ ဘယ်လိုဖြစ်ရတာလဲ၊ ဘာကြောင့် ဒဏ်ရာ ရလဲ”

ရွှယ်ရုံအာရဲ့မျက်ဝန်းများက မည်းမှောင်နေတယ်။

“ပြောရရင် ဇာတ်လမ်းက ရှည်တယ်၊ ငါ့ဆရာနဲ့ စကားပြောပြီး ပြန်လာတော့ လမ်းမှာ မိန်းကလေးဖုန်းဘေးနားက ကောင်မစုတ်လေးနဲ့ တွေ့တယ်၊ သူမက ငါ့ကို ရိုက်နှက်ပြီး ရဲ့အိမ်တော်နဲ့ ဝေးဝေးနေဖို့ ပြောတယ်၊ ငါ့ကို မြင်တိုင်း ရိုက်မယ်လို့ အခိုင်အမာ ပြောသွားတယ်၊ ဒါကြောင့် ရဲ့အိမ်တော်ကနေ သူမ ထွက်သွားမှ နင့်ကို လာရှာနိုင်တာ”

“ဘာလဲ”

ရဲ့ချီလည်း စိတ်ဆိုးမာန်ဆိုး ချက်ချင်း ခုန်ပေါက် လိုက်တယ်။ သူမရဲ့မျက်နှာမှာ ဒေါသရိပ်များ လွှမ်းမိုးနေခဲ့တယ်။

“အဲဒီကောင်မစုတ်လေးက မောက်မာရဲတယ်လား၊ ရုံအာ နင် ဘာကြောင့်များ ပြန်မတိုက်ခိုက်ရလဲ”

ရဲ့ချီအမြင်မှာတော့ ဟောင်ဟောင်ဟာ ကလေးမလေး တစ်ယောက် ဖြစ်နေတာကြောင့် ရွှယ်ရုံအာရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။

Chapter-798

End

အပိုင်း(၇၉၉)

စိတ်စုစည်းဆေးရည် အုတ်အော်သောင်းတင် ဖြစ်ခြင်း (၄)

ရွှယ်ရုံအာမှာ ထိခိုက်မှုဖြစ်ရခြင်းရဲ့ အကြောင်းအရင်းမှန်က ပြန်လည် မတိုက်ခိုက်နိုင်လို့ပါ။

သူမပြောတဲ့ စကားကိုကြားပြီး ရွှယ်ရုံအာမှာ အကြံအိုက်ရတယ်။

“ဘာပဲဖြစ်ဖြစ် သူမက ကလေးတစ်ယောက်ပါ၊  ဆိုရိုးစကား တစ်ခုအရ… ကလေးတစ်ယောက် အမှားကျူးလွန်းခြင်းဟာ ဆုံးမ ပဲ့ပြင်ခြင်း မရှိတဲ့ ဖခင်ကို အပြစ်တင်သင့်တယ်တယ်၊ သူမရဲ့တစ်ပါးသူကို ထိခိုက်စေတဲ့ အပြုအမူ၊ သောင်းကျန်းတတ်တဲ့ အကျင့်တွေက သူ့မိဘတွေ ကောင်းကောင်းမွန်မွန် မသွန်သင်ထားလို့၊ တကယ့်တော့ ကလေးရဲ့ အမှား မဟုတ်ပါဘူး၊ ဒါကြောင့် ငါ့မှာ ကလေးကို ရိုက်ရက်ပါ့မလား”

သူမရဲ့ စကားအသုံးအနှုန်းက နူးညံ့လွန်းတယ်။ သိမ်မွေ့သော မျက်နှာအောက်မှာ ပုန်းလျှိုးနေတဲ့ စဉ်းလဲသော စိတ်ထား ရှိတယ်။

ရဲ့ချီမှာ ဒေါသစိတ် တိုးပွားလာပြီး ချက်ချင်း ဟောင်ဟောင်ကို ပြဿနာရှာချင်စိတ် ဖြစ်လာတယ်။

“စည်းမဲ့ ကမ်းမဲ့ နိုင်ပြီး အထိန်းအချုပ် ကင်းမဲ့လွန်းတယ်၊ သူမကို သင်ခန်းစား မပေးရင် ရဲ့အိမ်တော်ကို သူ့အိမ်လို့ ထင်နေမယ်”

“ချီချီ”

ရွှယ်ရုံအာလည်း ချီချီရဲ့လက်ကို အလျင်စလို လှမ်းဆွဲလိုက်တယ်။

“နင် သူ့ကို ရှာတွေ့လည်း အမှားဝန်ခံမှာ မဟုတ်ဘူး၊ နင်တို့မောင်နှမကြားက ဆက်ဆံရေးကို ပိုဆိုးရွားနိုင်တယ်၊ နင် ပျော်ရွှင်ရဖို့ ငါ့ နာကျင်ခံစားရလဲ ကိစ္စ မရှိပါဘူး”

ရဲ့ချီလည်း သူမရဲ့ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ လေးလေးကန်ကန် သက်ပြင်းချလိုက်တယ်။ သူမအတွက် နေရာတိုင်း စဉ်းစားပေးတဲ့ ရွှယ်ရုံအာလို သူငယ်ချင်း ရှိရတာ သူမရဲ့ဘဝတစ်သက်တာ နောင်တ မရတော့ဘူး။သူမရဲ့ အစ်ကိုကြီး ဒီသူငယ်ချင်းကို ဘာကြောင့်များ မနှစ်သက်ရလဲ နားမလည်ဘူး။

“ချီချီ…သူမကို ဒီကိစ္စလေးအတွက် အပြစ်မတင်ထိုက်ပါဘူး၊ငါ မှားနေလို့ ကလေးမလေးက ရိုက်နှက်တာ ဖြစ်မှာပါ”

ရွှယ်ရုံအာက မျက်လွှာချထားပြီး နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောတယ်။

ရဲ့ချီလည်း မျက်မှောင်ကြုတ်လိုက်တယ်။

“နင်… ဘာဆိုလိုချင်တာလဲ၊ အဲကလေးမက အကြောတင်းလွန်းတာ သိသားနေတာကို နင်က အပြစ်အားလုံးကို ခံယူနေသေးတယ်”

“ချီချီ…”

ရွှယ်ရုံအာလည်း သူမရဲ့နှုတ်ခမ်းပါးလေးကို ဖိကိုက်လိုက်ကာ သူမရဲ့မျက်ဝန်းမှာ မျက်ရည်တုများ စုဆောင်းနေတယ်။

“ငါက အရမ်းကို စပ်စုတတ်ပါတယ်၊ နင့်မွေးစားအမေရဲ့ ကိုယ်ဝန်မဆောင်နိုင်ခြင်းကို ကုသပေးဖို့ ဆရာ့ကို မေးမြန်းစုံစမ်းခဲ့တယ်၊ စိတ်စုစည်းဆေးရည် တစ်ပုလင်း ပေးရင် ရဲ့သခင်မရဲ့ရောဂါကို အခမဲ့ ကုသပေးမယ်တဲ့”

သူမရဲ့စိတ်ထဲ မိုးကြိုးပစ်သွားသလို ရဲ့ချီမှာ မှင်တက်သွားပြီး ပျော်ရွှင်မှုများ ဖြစ်တည်လာရတယ်။အသိစိတ် ပြန်ဝင်လာပြီးသူမရဲ့လက်က ရုံအာရဲ့ ပခုံးကို တင်းကျပ်အောင် ဆုပ်ကိုင်လိုက်တယ်။ စိတ်လှုပ်ရှားလွန်းလို့ သူမရဲ့အသံက တုန်ယင်နေခဲ့တယ်။

“နင့်ဆရာက ငါ့မွေးစား အမေရဲ့ ခန္ဓာကိုယ်ကို ကုသပေးနိုင်တယ်လို့ ပြောချင်တာလား”

ရွှယ်ရုံအာလည်း ခေါင်းညိတ်လိုက်တယ်။

“စိတ်စုစည်းဆေးရည် တစ်ပုလင်းပေးတာနဲ့ ရောဂါကို ဆန်းစစ်ပေးမယ်၊ ဒီပြင် ငါလည်း သူ့ကို ယုံကြည်တယ်၊ ကံဆိုးချင်တော့ ဒီအကြောင်းကို ကောင်မစုတ်လေး ကြားသွားပြီး ငါ့ဆရာ ထွက်သွားတော့ ငါ့ကို ပြဿနာရှာတော့တာပဲ”

ရဲ့ချီမှာ နားဝေတိမ်တောင် ဖြစ်သွားရတယ်။

“ကောင်မစုတ်လေးနဲ့ ဘယ်လိုများ ပတ်သတ် ဆက်နွှယ်နေလဲ၊  ဘာကြောင့်များ ဒီကိစ္စကြောင့် ရိုက်နှက်ရလဲ”

ရွှယ်ရုံအာလည်း နောက်တစ်ကြိမ် ခေါင်းငိုက်စိုက်ကာ

“အစကတော့ နင့်ကို မပြောချင်ခဲ့ပါဘူး… သတင်းအမှောင်ချထားချင်တာပါ။ ဒါပေမဲ့ ကောင်မစုတ်လေးက ရဲ့မိသားစု ပိုင်ဆိုင်မှုကို သိမ်းပိုက်ချင်နေတော့ မပြောလို့ မဖြစ်တော့ဘူး၊ သူတို့တွေက ရဲ့အစ်ကို့ကို သွေးဆောင် ဖြားယောင်ချင်နေတာ၊ ရဲ့သခင်မသာ ကလေးမွေးဖွားခဲ့ရင် ရဲ့အစ်ကို ပိုင်ဆိုင်မယ့်နေရာကို ထိခိုက်လာနိုင်တယ်လေ၊ ဒါကြောင့် သူမက ငါ့ကို သတိပေးစကား ပြောရတာပါ”

အစကတော့ ယွမ်လော့ဖုန်းကို  အသရေဖျက်ချင်သော်လည်း ယွမ်လော့ဖုန်းမှာ ချစ်သူရှိမှန်း ရဲ့ချီ သိထားတယ်။ ဒါကြောင့် ဟောင်ဟောင်ကိုပဲ အပြစ်ပုံချနိုင်တယ်။

“မဖြစ်နိုင်ပါဘူး”

ရဲ့ချီမျက်နှာက အကျည်းတန်နေခဲ့တယ်။ ဦးခေါင်းကိုသာ တွင်တွင်ခါနေခဲ့တယ်။

“ကောင်မစုတ်လေးက ၈နှစ်၊ ၉နှစ် အရွယ်ပဲ ရှိသေးတယ်၊ အသိဉာဏ် ရင့်ကျက်ပါ့မလား။ ဒီလို အတွေးမျိုး ရှိပါ့မလား၊ အစ်ကိုကြီးနဲ့ သူမက အသက် အရမ်းကွာလွန်းပါတယ်”

ရွှယ်ရုံအာရဲ့မျက်ဝန်းများမှာ စိတ်ပျက်ကြေကွဲမှုများ ကြီးစိုးသွားရတယ်။

“ချီချီ… နင် နားလည်မှ ရမယ်၊ ဖုန်းအမည်ရှိတဲ့ အမျိုးသမီးမှာ ပုံမှန်မဟုတ်တဲ့ ဆန္ဒ ရှိတယ်၊ ရဲ့အစ်ကို့ကို သွေးဆောင် ဖြားယောင်ဖို့ ကောင်မစုတ်လေးကို သူမက ခိုင်းစေတာ ဖြစ်ရမယ်၊ သူမရဲ့ ရည်ရွယ်ချက်က ရဲ့မိသားစုလေ”

သူမက ယွမ်လော့ဖုန်းကို ရည်ညွှန်းခြင်းပါ။ ယွမ်လော့ဖုန်းရဲ့လက်ရှိနာမည်က ဖုန်းလော့ယွမ် ဖြစ်နေလို့ပါ။ ဒါကြောင့် ယွမ်အစား ဖုန်းက မျိုးရိုးနာမည် ဖြစ်လာတယ်။

Chapter-799

End

Bạn đang đọc truyện trên: Truyen247.Pro