Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

664+665 Unicode

664+665

အပိုင်း(၆၆၄)

ကိုယ်တို့ရဲ့ အခန်းကို ပြန်ပြီး ဆွေးနွေးမယ်လေ

ကောင်မလေးရဲ့ မာယာများသော အပြုံးကို ကြည့်ကာ ယွမ်ရှောင်လည်း ရိုးသား ပွင့်လင်းစွာ ဝန်မခံခင်မှာ ခဏတော့ လန့်ဖျပ်မိပါရဲ့။

“အဲ့လူရဲ့ သဲလွန်စကို ရှာဖို့ ကိုယ်… ရက်အနည်းငယ် နောက်ကျသွားရတာပါ”

သူ့ရဲ့ နောက်ကျမှုကြောင့် ယွမ်လော့ဖုန်း အပြစ်တင်မယ်လို့ တွေးမိတာကြောင့် သူလည်း သူမ အပြစ်မပေးခင်မှာ အမှန်အကန် ရှင်းပြခဲ့ပါတယ်။

“အဲ့လူ ဆိုတာက…”

“ကိုယ့် အမေ…”

ယွမ်ရှောင်က ဒီကိစ္စကို တစ်ခါမှ မပြောခဲ့သော်လည်း သူ့အမေနဲ့ ပတ်သတ်ပြီး သူ့နှလုံးသားထဲမှာ နာကျင် ကြေကွဲနေမှာတော့ သူမ ခံစားမိပါတယ်။ဟိုး အရင်တုန်းက သူ့အမေက ရှောင်မိသားစုမှ ထွက်သွားခဲ့ပြီး သဲလွန်စ ရှာမရအောင် ပျောက်ကွယ်သွားခဲ့တယ်။

သူ့ကို တစ်ခါလေမျှ ရှာခဲ့ခြင်း မရှိတာကြောင့် သူ့ကို ပြန်လမ်းမဲ့ သစ်တောမှာ တစ်ယောက်တည်း ရှင်သန်စေခဲ့တယ်။ အစပိုင်းတော့ သူ့အမေကို လွမ်းဆွတ် တမ်းတခဲ့ရင်တောင် သေလုနီးပါး အတွေ့အကြုံများကို မရေတွက်နိုင်အောင် ခံစားရပြီးနောက် ပြင်းပြသော လွမ်းဆွတ်မှုမှ စိတ်ပျက်ကြေကွဲမှုအဖြစ် ပြောင်းလဲသွားတော့တယ်။

ဒါပေမဲ့လည်း ဒီလိုဆိုရင်တောင် သူမကို ရှာချင်တဲ့ စိတ်က ရှိနေတုန်းပါ… ဒီနှစ်တွေမှာ သူ့ကို လာမရှာရတဲ့ အကြောင်းအရင်းကို သိချင်တယ်… သူမ လာမရှာရတဲ့ အကြောင်းအရင်းကို နားလည်မိချင်ပါရဲ့။

“ယွမ်ရှောင်… လွန်ခဲ့တဲ့ ရက်က ရှင် ဘယ်သွားနေလဲလို့ ကျွန်မ မမေးပါဘူး”

ယွမ်လော့ဖုန်းလည်း သူမရဲ့ ကျီစာချင်တဲ့ အတွေးများကို ဖယ်ထုတ်လိုက်ကာ သူမရဲ့ မျက်ဝန်းများကို မှေးစဉ်းလိုက်တယ်။ သူမလည်း ဖြည်းဖြည်းချင်း မတ်တတ် ထရပ်လိုက်ကာ သူမ ရှေ့မှာ ရပ်နေတဲ့ သူ့အနား ခြေလှမ်း လှမ်းလိုက်တယ်။သူမရဲ့နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ပင့်တင်လိုက်ကာ

“ကျွန်မက ရှင့်ကို လေ့ကျင့်ပေးခဲ့တာ အတော့်ကို ကြာခဲ့ပြီ ရလာဒ်ကို အကဲဖြတ်ဖို့ သင့်ပြီ ထင်ပါတယ်”

ထိုလူက မျက်နှာဖုံးကို ဝတ်ဆင်ထားရင်တောင် သူ့မျက်နှာပေါ်က အပြောင်းအလဲကို သူမ ခံစားလို့ ရပါတယ်။

“မင်း ဆန္ဒရှိမယ်ဆိုရင် ကိုယ် ဘာမဆို မင်းအတွက် လုပ်ပေးနိုင်ပါတယ်… မင်းရဲ့အိပ်ရာကို နွေးထွေးပေးရမယ် ဆိုရင်တောင်ပေါ့”

ထိုလူရဲ့အကြည့်မှာ ရိုးသားမှုများ ပြည့်လျှံနေခဲ့ပြီး သူ့ရှေ့မှာ ရပ်နေတဲ့ မိန်းကလေးကို တိတ်ဆိတ်စွာ ငေးမော ကြည့်နေခဲ့တယ်။

“အိပ်ရာကို နွေးထွေးပေးမယ်… ဟုတ်လား”

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။

“အိပ်ရာကို နွေးထွေးပေးမယ်ဆိုတာ ကျွန်မရဲ့အိပ်ရာခင်းကို နွေးအောင် လုပ်ပေးတာ မဟုတ်ဘူးနော်… တခြား အဓိပ္ပါယ် ရှိတယ်”

သူမတို့ ပထမဆုံး ဆုံတွေ့ချိန်တုန်းက ဒီလူက သူမရဲ့ အိပ်ရာကို နွေးစေခဲ့ပါတယ်…တကယ်တမ်းတော့ သူမရဲ့အိပ်ရာကို အနွေးဓာတ်ပေးတာပါ… ဒီကမ္ဘာကြီးမှာ ဒီလို အတွေအကြုံမရှိ နုံအတဲ့အမျိုးသားလေး ရှိနေသေးလို့ သူမ အံ့သြရပါတယ်။ အခုတော့ ဒီလူက အိပ်ရာနွေးစေမယ်ဆိုတဲ့ စကားကို နောက်တစ်ကြိမ် နှုတ်မှ ဖွင့်ဟပြောမယ်လို့ မထင်ခဲ့ပါဘူး…

ယွမ်လော့ဖုန်း ပြောလို့ ပြီးချိန်မှာ သူမလည်း ရုတ်တရက် ပွေ့ဖက်ခံလိုက်ရပြီး သူ့ရဲ့ တိုးလျသော ခပ်သြသြ အသံကို သူမ ကြားလိုက်ရတယ်။

“ကိုယ်ပြောတဲ့ အိပ်ရာနွေးစေမယ်ဆိုတဲ့ စကားကို မင်းလေး မကြာခင် သိရတော့မှာပါ”

ဒီစကားကို ကြားတော့ ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများက မှေးစဉ်းလိုက်ကာ မာယာအကြည့်များ ဖြန့်ကျက်လိုက်တယ်။

“ယွမ်ရှောင်… ကျွန်မတို့တွေ မတွေ့ရတာ တစ်နှစ်ပဲ ရှိပါသေးတယ် ဝမ်းတွင်းပုတ် တစ်ယောက် ဘယ်လိုများစ ဖြစ်လာရသလဲ”

သူမရဲ့လက်ကို သူ့ရင်ဘတ်ပေါ် အသာလေး တင်ထားလိုက်ကာ သူ့ခန္ဓာကိုယ်ကို အနည်းငယ် အဝေး တွန်းထုတ်လိုက်တယ်။ သူမရဲ့သေးသွယ်သော လက်ချောင်းများက သူ့မေဖျားကို မော့ကာ ပြုံးလျက် ပြောလိုက်တယ်။

“ဒါပေမဲ့ ကျွန်မက ဒီလိုပုံစံလေးကို ကြိုက်ပါတယ်…”

သူမ ပြောလိုက်တဲ့ စကားသုံးခွန်းက သူ့ သူငယ်အိမ်ကို ကျုံ့သွားစေပြီး သူအသက်ရှူနှုန်းကို မရည်ရွယ်ပါဘဲ မြန်ဆန်စေတယ်။

“ဒီမှာ လူတွေ အများကြီး ရှိနေတယ်…အခန်းထဲ ပြန်ပြီး ဆွေးနွေးမယ်”

ကောင်မလေးရဲ့အပြုံးက အရမ်း လှပတယ်… အရမ်းကို လှပလွန်းတာကြောင့် နှလုံးခုန် မြန်စေတယ်။ ထို့နောက် သူ့လက်ကို ချိတ်လိုက်တယ်။ သူမရဲ့ဖြားယောင်သော အပြုအမူများက ချက်ချင်း တခြားသူများရဲ့ နှလုံးသားကို နဲ့ စိတ်ဝိညာဉ်ကို စွဲလမ်းစေတယ်။

ယွမ်ချင်ရာက… သူ့တူမ ဖြစ်သူရဲ့ အပြုအမူများနဲ့ မစိမ်းပါဘူး။ ဒါကြောင့် သူဘက်က ဘာမှ မတုံ့ပြန်ဘဲ ဆေးမြို့တော်မှ လူများနဲ့ ဆက်လက် ရန်ကြွေး ရှင်းနေခဲ့တယ်။

ဒါပေမဲ့… ယွမ်လော့ဖုန်းရဲ့ စရိုက်ကို မသိတဲ့ တချို့လူများအတွက်တော့ သူတို့ နှစ်ယောက် ပြောတဲ့ စကားများကို ကြားလိုက်ရပြီးနောက် မိုးကြိုး ပစ်ခံရသလို ခံစားရပြီး  မျက်လုံး ပြူးကျယ်သွားရတယ်။

တချို့သော ယောကျ်ားလေးများက ယွမ်ရှောင်ကို မနာလို အကြည့်များဖြင့် ကြည့်ကြပြီး… ဒီလို ပြုမူခံရသူ နေရာမှာ သူတို့သာ ဖြစ်လိုက်ချင်ပါတယ်။

လုရာထင်လည်း မနာလိုဝန်တို ဖြစ်ရပါတယ်… သူမရဲ့ လက်များကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားပြီး ယွမ်လော့ဖုန်းကို မလိုမုန်းထားစိတ်နဲ့ စိန်းစိန်းဝါးဝါး ကြည့်နေလိုက်တယ်။

ဒါပေမဲ့လည်း အခုအချိန်မှာ သူမကိုယ် သူမလည်း မကာကွယ်နိုင်သလို… ကိုယ်တိုင်လည်း လက်စား မချေနိုင်ပါဘူး။

Chapter-664

End

အပိုင်း(၆၆၅)

မင်းက ကောင်းကင်ဘုံနဲ့ ရန်ဘက် ဆိုရင် ကောင်းကင်ဘုံက ကိုယ့်ရန်သူ

အခန်းထဲမှာ အဝါရောင်  မှိန်ပျပျ အလင်းရောင်လေး ပတ်ချာလည် ဝိုင်းနေခဲ့ပါတယ်။ ပြတင်းပေါက် ရှုခင်း အနားမှာ ခံ့ညားသော အမျိုးသားလေးနဲ့ လှပသော မိန်းမပျိုလေးတို့ ထိုင်နေပါတယ်။

ဘေးချင်းကပ် ရပ်နေတဲ့ လူနှစ်ယောက်ရဲ့ မျက်စိ ပသာဒ ဖြစ်စရာ မြင်ကွင်းက အင်မော်တယ် စုံတွဲက လက်ချင်း ယှဉ်တွဲကာ ဆူဆူညံ့ညံ့ ပျားပန်းခပ်နေတဲ့ မော်တယ် လောကကြီးရဲ့ စောင့်ကြည့်နေသလိုပါပဲ။

“ယွမ်ရှောင်…”

ကောင်မလေးလည်း သူ့နာမည်ကို  နူးနူးညံ့ညံ့လေး ခေါ်လိုက်ပါရဲ့…။ နောက်ဆုံးသော စကားလေး သူမရဲ့နှုတ်မှ ထွက်ခွာသွားချိန်… သူက သူမကို ရုတ်ခြည်း ငုံ့ကာ သူမရဲ့နှုတ်ခမ်းကို နမ်းလာခဲ့တယ်။

သူ့အနမ်းက သူမကို လွှမ်းမိုး နိုင်ပြီး သူ့ရဲ့ ခပ်ရေးရေးမျှ ရသော ရနံ့သင်း… ယောကျ်ားဆန်ဆန် ဖြောင့်ဖြောင့်တောင့်တောင့် ရုပ်သွင်က သူမကို လွှမ်းမိုးလွန်းပါတယ်။

ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို ပိတ်ကာ သူမကို နမ်းနေတဲ့ သူ့အနမ်းကို လေးလေးနက်နက် ဆန်းစစ်နေမိတယ်။

သူ့ဘက်က စနမ်းတာ အခုဆိုရင် ၉ကြိမ်မြောက်ရှိနေပါပြီ,… အစပိုင်းတုန်းက အံ့သြမိလည်း အခုတော့ နေသားတကျ ဖြစ်သွားပါပြီ။ ဒါပေမဲ့ လွှမ်းမိုးခံရတာထက် စာရင် သူ့ကို လွှမ်းမိုးရတာ ပိုကြိုက်ပါတယ်။

“ပိုင်စုက အရမ်းကို အန္တရာယ်များတယ်”

သူလည်း နံရံကို တွန်းကပ်ထားတဲ့ ကောင်မလေးကို လွှတ်ပေးလိုက်ပြီး လေးလေးနက်နက် ပြောလိုက်တယ်။

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်ပြီး

“အဲ့တော့…”

“မင်း… သူနဲ့ ဝေးဝေး နေရမယ်”

“ယွမ်ရှောင်…ရှင် သဝန်တိုနေတာလား”

သူ့ရဲ့ ကို့ရို့ကားရား ပုံစံ…. ပိုင်စိုးပိုင်နင်း ပုံစံကို ကြည့်ကာ ယွမ်လော့ဖုန်းလည်း ပြုံးနေလိုက်တယ်။

ယွမ်ရှောင်လည်း ရိုးသားစွာ ခေါင်းညိတ်လိုက်တယ်။

“ဟုတ်ပါတယ်”

သူဘက်က ထပ်မံ့ ဖြည့်စွက် မပြောခင်မှာ ခဏ ရပ်တန့်လိုက်တယ်။

“သူ… မင်းကို ထိခိုက်စေမှာလဲ စိုးရိမ်မိတယ်”

“စိတ်မပူပါနဲ့ ယွမ်ရှောင်… ကျွန်မကိုယ် ကျွန်မ ဂရုစိုက်နိုင်ပါတယ်…”

ယွမ်လော့ဖုန်းလည်း နောက်တစ်ဖန် ပြုံးကာ ပြောလိုက်တယ်။

“ဒါပေမဲ့ ကျွန်မ… ပိုင်စုနဲ့ ဝေးဝေးနေမှာပါ… အဲ့လူက ကျွန်မကို အဆင်မပြေတဲ့ ခံစားချက်မျိုးကို ပေးတယ်”

ပိုင်စုက ယွမ်ရှောင်နဲ့ ခြားနားတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။

ယွမ်ရှောင် အနားမှာရှိနေရင် သူမရဲ့ စိတ် အေးချမ်းရတယ်… သူမဘေးနားမှာ သက်တော်စောင့် တစ်ယောက်မှ မရှိရင်တောင် ဘယ်လို ဘေးအန္တရာယ်မျိုး ဖြစ်ဖြစ် သူမကို ယွမ်ရှောင်က ကာကွယ်ပေးမှာပါ။

ပိုင်စု သူမအနား ရောက်လာတာနဲ့ အန္တရာယ် အငွေ့အသက်ကို ခံစားရပြီး သူမကို အချိန်တိုင်း သတိရှိနေစေပြီး နည်းနည်းလေးတောင် စိတ်ပြေလက်ပျောက် နေလို့ မရပါဘူး။

“မှန်တယ်မလား…”

တစ်စုံတစ်ရာကို တွေးလိုက်မိတာကြောင့် သူမလည်း ဆက်ပြောလိုက်တယ်။

“အရင်ဆုံး ရှင့်အမေရဲ့ အခြေအေနေကို ပြော…”

ယွမ်ရှောင်လည်း တိတ်ဆိတ်သွားခဲ့ပြီး ခဏကြာတော့မှ စကားပြောလာခဲ့တယ်။

“သူမက ပြန်လမ်းမဲ့ သစ်တောရဲ့ တခြားတစ်ဖက်မှာ ရှိတယ်”

ပြန်လမ်းမဲ့ သစ်တောက ကုန်းမြေစု တစ်ခုလုံးကို ကန့်လန့်ဖြတ် ပိုင်းခြားထားတယ်။ ယွမ်လော့ဖုန်းတို့နေထိုင်တဲ့ဘက်က ပြန်လမ်းမဲ့သစ်တောရဲ့ အရှေ့ဘက် အခြမ်း ဖြစ်တယ်။ အနောက်ဘက် အခြမ်းမှာ ဘာရှိလဲတော့ မသိနိုင်ဘူး။ ဘယ်သူမှ ပြန်လမ်းမဲ့ သစ်တော တစ်ခုလုံးကို ဖြတ်ကျော် မသွားနိုင်တာကြောင့် အခုအချိန်အထိ ဘယ်သူမှ မသိနိုင်ဘူး။

ယွမ်လော့ဖုန်းလည်း သူ့ရှေ့မှာ ရှိနေတဲ့လူကို ကြည့်ကာ ပြောလိုက်တယ်။

“ယွမ်ရှောင်…. ရှင့်အမေကို လိုက်ရှာချင်ရင် ကျွန်မ အဖော် အနေနဲ့ လိုက်ခဲ့ပေးပါမယ်”

“ကောင်းပါပြီ”

ယွမ်ရှောင်လည်း ပြုံးရုံမျှ ပြုံးလိုက်ကာ သူ့မျက်ဝန်းနက်များက ကောင်မလေးရဲ့ပုံရိပ်ကို ပုံဖော်နေလေတော့…

“ကိုယ် … သူမနဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ဒါကြောင့် လက်ရှိအချိန်မှာ သူမရဲ့ စရိုက်က ဘယ်လိုရှိလည်း ကိုယ် မသိတော့ဘူး… ဒါပေမဲ့…”

ဒီတစ်ခေါက်တော့ သူ့မျက်ဝန်းများက ဆုံးဖြတ်ချက် ခိုင်မာနေပါတယ်။

“ဘာပဲဖြစ်လာ ဖြစ်လာ… ကိုယ် …. မင်းဘေးမှာ ရပ်တည်ပေးမယ်…မင်းနဲ့ ကောင်းကင်ဘုံက ရန်သူ ဖြစ်လာမယ်ဆိုရင်တောင် ကိုယ်က မင်းဘက်က မားမားမတ်မတ် ရပ်တည်ပေးမှာပါ”

ယွမ်ရှောင်ရဲ့အသံက အနည်းငယ် တုန်နေပြီး ယွမ်လော့ဖုန်းကို မသွေ မတိမ်းကြည့်နေခဲ့တယ်။

“မင်းနဲ့ ကောင်းကင်ဘုံက ရန်သူ ဆိုရင် ကောင်းကင်ဘုံက ကိုယ့်ရန်သူပဲ”

သူမချစ်တဲ့သူကို သူ့အသက်နဲ့ ရင်းပြီး ကာကွယ်ပေးသွားမယ်…သူမရဲ့ရန်သူက သူ့ရန်သူ့ပဲ… သူ့အသက်နဲ့ ရင်းပြီး သူတို့အားလုံးကို ဖယ်ရှားပစ်မယ်။

“ယွမ်ရှောင်”

ယွမ်လော့ဖုန်းလည်း ရှေ့ကို ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်ပြီး ယွမ်ရှောင်ရဲ့ပခုံးကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက်တယ်။ သူ့ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် တွန်းလဲလိုက်ကာ သူ့အပေါ် မှီထားလိုက်တယ်။

“ကျွန်မတို့တွေ တူစုံတွဲ ကျင့်စဉ် ကျင့် မလား”

သူမရဲ့လက်က ညင်သာစွာ ပြေးလွှားနေပြီး သူ့အဝတ်အစားများကို သူမကိုယ်တိုင် ဆွဲခွာနေခဲ့တယ်။ ချက်ချင်းဆိုသလို ညှို့ဓာတ်ပြင်းတဲ့ ကြွက်သားစိုင်းများ ကောင်မလေးရဲ့ အမြင်အာရုံထဲ ဝင်ရောက်လာခဲ့တယ်။

Chapter-665

End

Bạn đang đọc truyện trên: Truyen247.Pro