Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

662+663 Unicode

662+663

အပိုင်း(၆၆၂)

ဆေးမြို့တော်ရဲ့ ကံကြမ္မာ (၈)

နောက်ဆုံးတော့ လုဟောင်လည်း သူ့အပြစ်အားလုံးကို လုကော အပေါ် ပုံချတော့တယ်။ သူ့အပြစ်ကို လုံးဝ ပြန် မသုံးသပ်တော့ပါဘူး။လုကောရဲ့ စိတ်ပျက်မှုက ပိုများပြားလာရတယ်။ ပြဿနာရှားထားတဲ့ အပြင် အပြစ်အားလုံးကို လွှဲချချင်တယ်။ သူ့သားအရင်းက သူ့အပြစ်အားလုံးကို အဖေ ဖြစ်သူထံ လွှဲချမယ်လို့ မထင်ခဲ့ဘူး။

"ဟား..."

လုရာထင်လည် ထေ့ငေါ့ကာ သရော်စကား ပြောလိုက်တယ်။""

"ဒီသားက ရှင် ဒီနှစ်တွေမှာ တုန်နေအောင် ချစ်ပြီး အလိုလိုက်ခဲ့တဲ့ သားလေ... ပြဿနာရှားထားတဲ့ အပြင် အပြစ်အားလုံးကို လွှဲချ ရတယ်လို့... ဒီသားကြောင့် ရှင့်မှာ ပြဿနာပေါင်းစုံတက်ရတာလေ

"ပါးစပ်ပိတ်ထားစမ်း"

လုကောလည်း လုရာထင်ကို မဲ့ရွဲ့နေသော မျက်နှာထားနဲ့ ခက်ထန်စွာ ကြည့်လိုက်တယ်။

"နင့်ကိုယ်နင်လည်း ကောင်းတယ်များ ထင်နေလား... တခြားသူလို ဟန်ဆောင်ပြီး သရဲဘုရင်ရှေ့မှာ နင့်ကိုယ်နင် ချီမွမ်းနေတာလေ.... သူ့ကို ဖြားယောင်ဖို့ ငါတို့ကို အသုံးချသေးတယ်"

"ဘယ်သူအတွက် ဒီလို လုပ်ပေးခဲ့တာလဲ"

လုရာထင်ရဲ့နှလုံးသားကို ဆုတ်ဖြဲနေသလို ခံစားရတယ်။

"ဆေးမြို့တော်ကြောင့်သာ မဟုတ်ရင် ကိုယ့်ဘာသာ အေးအေးလူလူ နေလို့ရတယ်... သရဲဘုရင်ကို ဖြားယောင်နေဖို့ လိုအပ်လို့လား.... ရှင့်တို့အတွက် အရာအားလုံးကို လုပ်ဆောင်ပေးခဲ့တယ်လေ...နောက်ဆုံး ပြောလိုက်တဲ့ စကားတစ်ခွန်းက အံ့သြဖို့ ကောင်းလွန်းတယ်..."

လုကောလည်း သူ့မျက်ဝန်းကို နာကျင်စွာ ပိတ်လိုက်တယ်။သူ့သားမှာ အပြစ် အနာဆာတွေ ရှိနေလဲ....သူ့ဘဝမှာ အရေးပါဆုံး လူတစ်ယောက်ပါပဲ။ သူ့သားလေးကို ဘေးကျဉ်းထားနိုင်ပါ့မလား။

သူလည်း ယွမ်ချင်ရာကို တည့်တည့်ကြည့်လိုက်တယ်။ သူ့မျက်ဝန်းများက သေခြင်းတရားကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ မျက်ဝန်းများနဲ့ ပေါ့။

"ယွမ်ချင်ရာ... မင်း တစ်စုံတစ်ယောက်ကို သတ်ချင်နေရင်လည်း ငါ့ကို သတ်လိုက်စမ်းပါ... ဟောင်အာကိုတော့ အသက် ချမ်းသာခွင့်ပေးလိုက်ပါ"

ယွမ်ချင်ရာလည်း ထေ့ငေါ့လိုက်တယ်။

" ဆေးမြို့တော်က တစ်ယောက်ယောက်ကို လွှတ်ပေးမယ်လို့များ ထင်နေလား"

ဆက်မပြောခင်မှာ ခဏ နားလိုက်တယ်။

"အရင်က ငါ့ကို ထိခိုက်စေသူတိုင်းကို တစ်ယောက်မှ မလွှတ်ပေးဘူး"

လုကောရဲ့ အသာအရည်က တဖြည်းဖြည်းချင်း မှောင်ရိပ်သန်းလာခဲ့တယ်။ သူ့ဘဝကို အစက ပြန်စလို့ ရမယ်ဆိုရင် သူ....လုဟောင်ကို ဒီလိုမျိုး ဖြစ်လာအောင် အလိုမလိုက်ခဲ့ပါဘူး... သူ့ကို ထိခိုက်စေမယ့်သူကို အလိုလိုက် အကြိုက်ဆောင်ခဲ့မိပြှ""

"ဟား..."

လုကောလည်း ရုတ်တရက် ကောက်ကာငင်ကာ ထရယ်လိုက်တယ်။ ရယ်နေစဉ် သူ့မျက်နှာမှာ မျက်ရည်များ အတားအဆီးမဲ့စွာ ကျဆင်းနေခဲ့တယ်။

"ယွမ်ချင်ရာ... မင်းနိုင်ပါတယ်...ငါ အကြီးအကျယ်ကို ရှုံးနိမ့်ရပါတယ်...ငါ အသက်အန္တရယ် ရှိမယ်ဆိုရင်တောင် ဟောင်အာကို အဝေးကို ပို့ပေးမှာ...သူ့ကို ဒီလိုနေရာမှာ သေခွင့် မပြုနိုင်ဘူး"

ရွှမ်းခနဲ အသံနဲ့အတူတူ လုကောလည်း လုဟောင်ကို ချိုင့်ကြီးထဲ ဆွဲထုတ်လိုက်တယ်။ ထို့နောက် သူ့လက်ထဲမှာ စိတ်စွမ်းအား အားလုံးကို စုစည်းပြီး လုဟောင်ကို အားနဲ့ တွန်းထုတ်လိုက်တယ်။

"ဟောင်အာ...ဒီနေရာက မြန်မြန် ထွက်သွားတော့... ငါတို့အတွက် ဘယ်တော့မှ လက်စား မချေပါနဲ့"

"ဖေဖေ"

ဟောင်အာရဲ့အသံက မကြည်မလင် ဖြစ်နေခဲ့တယ်။သူ့မျက်နှာမှာ နာကျင်မှုကို အတိုင်းသား မြင်နေရပါတယ်။ အခုတော့ သူ့စိတ်ထဲ နည်းနည်းတော့ နောင်တရမိပြီ ထင်ပါတယ်။

တစ်ချိန်တည်းမှာပဲ..လင်းယုန်ငှက်တစ်ကောင် သူ့ရှေ့ကို ရောက်လာခဲ့လေတယ်... လုဟောင်လည်း သူ့ကျောပေါ် မြဲမြဲမြံမြံ ထိုင်လိုက်တယ်။

"ဆရာ"

လင်းလောပိုင်ရဲ့နှလုံးသားလည်း တင်းကျပ်လာရပါတယ်။ သူမလည်း ယွမ်လော့ဖုန်းကို အလောတကြီး ကြည့်လိုက်ကာ""

"သူ လွတ်မြောက်သွားပြီ..."

"ပြဿနာ မရှိပါဘူး"

ယွမ်လော့ဖုန်းလည်း ပြုံးကာ ယွမ်ချင်ရာကိုသာ ကြည့်နေလိုက်တယ်။

"ဦးငယ်လေးက ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်... ငါတို့ ဝင်ရှုပ်ဖို့ မလိုအပ်ဘူး"

လင်းလောပိုင်လည်း ခေါင်းညိတ်နေလိုက်တယ်။ ဆရာ ပြောချင်တာက ဒီပြဿနာကို ယွမ်ချင်ရာက သူ့ကိုယ်ပိုင် အရည်အချင်းနဲ့ ဖြေရှင်းနိုင်တယ်လို့ ပြောချင်တာပါ။

"ငါ မွေးမြူးထားတဲ့ လင်းယုန်အထီးက အခုတော့ အသုံးဝင်သွားပြီ...ဟား..."

လုကောလည်း အရူးတစ်ယောက်လို ရယ်မောနေလိုက်တယ်။

"ယွမ်ချင်ရာ.... မင်း... ငါ့သားကို နာကျင်အောင် နှိပ်စက်ဖို့ ခွင့်မပြုနိုင်ဘူး"

ယွမ်ချင်ရာလည်း အဝေးတစ်နေရာမှာ ပျံသန်းနေတဲ့ လင်းယုန်ငှက်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဝေဖန်လိုက်တယ်။

"ဒီလင်းယုန်ငှက်ရဲ့ အမြန်နှုန်းနဲ့ဆိုရင်တော့ လုကောကို တစ်ချက်တည်းနဲ့ ဖမ်းနိုင်တယ်"

လုကောရဲ့မျက်နှာထား ပြောင်းလဲသွားခဲ့ပြီး ထေ့ငေါ့စွာ ပြောလိုက်တယ်။

"ယွမ်ချင်ရာ... ငါတို့ နှစ်ယောက်စလုံးက ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတွေပါ... တစ်ချက်လှုပ်ရှားရုံနဲ့ မင်း ဖမ်းနိုင်မယ်လို့တော့ ငါမထင်ဘူး...မင်းကိုယ်မင်း အရမ်းကြီး ဂုဏ်မောက် မနေသင့်ဘူး ငါက မင်းလောက် မသန်မာရင်တောင် မင်းကို ခုခံနိုင်ပါသေးတယ်"

Chapter-662

End

အပိုင်း(၆၆၃)

ဆေးမြို့တော်ရဲ့ ကံကြမ္မာ (၉)

အေးစက်စက် ခံ့ညားချောမောသောလူက သူ စကားပြောလို့ ပြီးချိန်မှာ သူ့ရှေ့ကို ရောက်နှင့် နေပြီးသားပါ။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှင့်နေပြီး သူ့လက်ဖဝါးက လေများကို သယ်ဆောင်လာကာ လုကောရှိရာသို့ ထိုလေအဟုန်များ သက်ရောက်လာခဲ့တယ်။

လုကောရဲ့ ထေ့ငေါ့သော မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ပေါ်သို့ တောင်တစ်တောင် ပြိုကျလာသလို ခံစားရပြီး ပါးစပ်အပြည့် သွေးအန်လာရပါတယ်။ သူ ပြန် မတုံ့ပြန်နိုင်ခင်မှာဘဲ ယွမ်ချင်ရာက လေထဲလွှင့်သွားကာ လုဟောင်နောက်ကို အလွန်လျင်မြန်သော အလျင်နဲ့ လိုက်ပါသွားတော့တယ်။

"မဖြစ်ရဘူး"

လုကောရဲ့ ဒေါသများ ပေါက်ကွဲ ထွက်လာပြီး နာကျင်နေသော ရင်ဘတ်ကို ဖိနှိပ်ကာ လုဟောင်ရှေ့ ရောက်သွားတဲ့ ယွမ်ချင်ရာကို ကြည့်နေလိုက်တယ်။

စိမ်းဖန့်ဖန့် ဓားရှည်က လုဟောင်ရဲ့ကျောကို ထိုးဖောက်သွားလေတယ်. ပြင်းထန်သော ခွန်အားနဲ့ ထိုလူက ရုတ်တရက် ခုတ်ပိုင်းလာခဲ့တယ်။ ထို့နောက် လုဟောင်နဲ့ လင်းယုန်အထီးကို တစ်ချက်တည်းနဲ့ နှစ်ပိုင်း ပိုင်းချလိုက်တော့တယ်။ သွေးအရောင်များက ကောင်းကင်ဘုံတစ်ခုလုံး ဖြန့်ကျက်ကာ နီမြန်းမြန်း ရောင်စဉ် တစ်ခု ဖြန့်ကျက်လိုက်တယ်။

"ဟောင်အာ..."

လုကောရဲ့ ရင်ကွဲမတတ် အော်လိုက်တယ်။သူ့မျက်ဝန်းများက နီရဲနေပြီး ကောင်းကင်မှ ခန္ဓာကိုယ် ကျဆင်းလာတာကို ကြည့်နေမိပါရဲ့။

သူ့သားအရင်း သေတာကို ကူရာမဲ့ ငေးကြည့်နေရတာလောက် နာကျင်ရတာ မရှိတော့ပါဘူး။

လုကောရဲ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီနေပြီး ဒေါသ မီးတောက်များဖြင့် ယွမ်ချင်ရာကို စူးစူးစိုက်စိုက် မကျေမချမ်း ကြည့်နေလိုက်တယ်။

"မင်းကိုယ်မင်း ရက်စက်တယ်လို့များ မထင်ဘူးလား"

"ရက်စက်တယ်... ဟုတ်လား"

ယွမ်ချင်ရာလည်း ဟားတိုက် ရယ်မောလိုက်တယ်...

"အတိတ်က မင်းတို့ ဆေးမြို့တော်နဲ့ ယှဉ်လိုက်ရင် ဘာဆိုဘာမှ မဟုတ်ပါဘူး"

လုကောရဲ့ခန္ဓာကိုယ်စာ မရပ်မနား တုန်ရီနေခဲ့လေတော့...

ရုတ်ခြည်း... သူလည်း ယွမ်ချင်ရာ ရှိရာသို့ တဟုန်ထိုး ပြေးသွားလိုက်ကာ သူ့အသက်ကိုတောင် ပဓာန မထားတော့ပါဘူး။ သူ့မျက်ဝန်းများကတော့ အရိုးကွဲမတတ် ကြောက်လန့် တုန်လှုပ်စေတဲ့ အမုန်းအာဃာတများက တောက်ပ ရွှန်းလဲ့နေခဲ့တယ်။

"ယွမ်ချင်ရာ...ငါ မင်းကို သတ်မယ်"

သူ့သာားအတွက် လက်စားချေနိုင်ဖို့ သူ သေရမယ်ဆိုရင်တောင် ယွမ်ချင်ရာကို သူနဲ့အတူ သေမင်းကမ္ဘာကို အတူတူ ခေါ်သွားမယ်။

လုကောလည်း ယွမ်ချင်ရာ အနားကို ရောက်ချိန်မှာ ဓားရှည်က သူ့ရင်ဘတ်ထဲ ထိုးဖောင် ဝင်ရောက်သွားလေတယ်။ သူ့ခန္ဓာကိုယ်ဟာ တုန်ရီသွားပြီး သူ့ရင်ဘတ်ထဲ ထိုးဖောက်သွားတဲ့ ဓားရှည်ကို အံ့သြ မှင်တက်စွာ ကြည့်နေလိုက်တယ်။ သူ့ရှေ့က လူကတော့ ဂန္ဓာမာပန်းကဲ့သို့ ကြော့ရှင်းနေတုန်းပါ။

"ယွမ်ချင်ရာ...မင်း အကုသိုလ်အတွက် မင်းပြန်ပေးဆပ်ရမယ် "

သူ့နောက်ဆုံးစကားပြောလိုက်ချိန်မှာ သူ့ခန္ဓာကိုယ်က လေထဲမှ ကျဆင်းလာပြီး မြေကြီးနဲ့ ထိချိန်မှာ သူ့အရိုးများ ကျိုးကြေသွားတော့တယ်။ ကြောက်ခမန်းလိလိ ပုံစံနဲ့ သေဆုံးရတာပါ။

"အခုတော့ လုကောနဲ့သူ့သား ကိစ္စကို ဖြေရှင်းပြီးပြီ... ငါ့ကို နာကျင်စေခဲ့သူ အားလုံးကို စာရင်းရှင်းရတာပေါ့"

ယွမ်ချင်ရာလည်း တည်ငြိမ်စွာ အသိပေးလိုက်ပြီး ပွဲကျင်းပရာ နေရာ အကုန်လုံးကို ဖြန့်ကျက် ကြည့်ရှုလိုက်တယ်။

ကျင်းပရာ နေရာမှာ ဆေးမြို့တော်မှ လူများအားလုံး ကြောက်လန့်နေကြပြီး...တတ်နိုင်သမျှ သူတို့ရဲ့ တည်ရှိမှုကို သိုဝှက်ထားလိုက်ချင်တယ်။ ဒါပေမဲ့လည်း ယွမ်ချင်ရာရဲ့ အကြည့်က သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်မယ့် ဓားသွားလို ပါပဲ... ပုန်းစရာ နေရာ မရှိအောင်ကို ခန့်ဖျပ်စေတယ်။

"မင်းတို့တွေကို မှတ်မိနေတယ်"

ယွမ်ချင်ရာရဲ့ အကြည့်က တဖြည်းဖြည်းချင်း များစွာသော လူအပေါင်းမှာ ရပ်တန့်သွားတော့တယ်.။ သူလည်း ပြုံးရုံမျှ ပြုံးလိုက်ကာ

"ဒီတစ်ခေါက်... ငါ့ကို တွေ့တော့ မင်းတို့တွေ မသိချင်ယောင် ဆောင်နေကြတယ်ပေါ့"

ဒီလူတွေမှာ ကြောက်လွန်းလို့ ခိုက်ခိုက် တုန်နေပါပြီ... သူတို့အားလုံး မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြတယ်။

"သခင်လေး ချင်ရာ... ကျွန်တော်တို့က အမိန့်ကို နာခံရုံပါ... သခင်လေးကို သတ်ဖို့ တွန်းအားပေးသူက လုကောပါ... ကျွန်တော်တို့တွေကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်... ကျေးဇူးပြန်ဆပ်ပါမယ်"

ယွမ်ချင်ရာရဲ့အပြုံးက ခပ်တန်းတန်း ပုံစံ ဖြစ်နေလေတယ်။

"ဒီလိုလား...ဒါဆို... အရင်က နင်တို့တွေကို ငါ့ကို နှိပ်စက်တုန်းက အရမ်းကို ပျော်နေကြတာပါ....ငါ့လို လူမျိုးက ဘယ်တော့မှ မအောင်မြင်ဘူးလို့ ပြောခဲ့ပါတယ်..."

သူ့စကားကို ကြားရတော့ ထိုလူရဲ့ခန္ဓာကိုယ်က ဆတ်ခနဲ ဖြစ်သွားကာ သူ့နှလုံးသားကလည်း နောင်တများဖြင့် ပြည့်နှက်လာရတယ်။ ဒီလို ဖြစ်မယ်မှန်းသာ သိခဲ့ရင် ဒီလို စော်ကားမော်ကား စကားမျိုး မပြောခဲ့ပါဘူး။

"ဆေးမြို့တော်ကို ဖယ်ရှားပစ်မယ်... မင်းတို့တွေကို သေရမယ်"

သူတို့အားလုံး ဘယ်လို တန်ပြန် တိုက်ခိုက်ရမလဲ ချင့်ချိန် စဉ်းစားနေစဉ် ထိုလူရဲ့ အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့တယ်။ အရမ်းကိုသွေးအေးလွန်းတာကြောင့် သူတို့ကို ပိုမိုကာ ခိုက်ခိုက်တုန်စေတယ်။

"ဦးငယ်လေးရဲ့ ရန်ငြိုးကို နောက်ဆုံးတော့ ဖြေရှင်းနိုင်ခဲ့ပြီ"

ယွမ်လော့ဖုန်းလည်း ယွမ်ရှောင် ခွံကျွေးတဲ့ စပျစ်သီးကို ဝါးကာ ကုလားထိုင်ကို ပျင်းရိလေးတွဲစွာ မှီနေလိုက်တယ်""

"ယွမ်ရှောင်... ကျွန်မတို့ ကိစ္စကို နောက်မှ သေချာလေး ဂရုစိုက်ကြတာပေါ့... ဘယ်လို သဘောရလဲ"

Chapter-663

End

Bạn đang đọc truyện trên: Truyen247.Pro