Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

633+640 Unicode

633+634
အပိုင်း(၆၃၃)

ထျန်းရာရောက်ရှိလာခြင်း (၄)

နောက်ဆုံးတော့ လုရာထင်ရဲ့မျက်နှာထား ပြောင်းလဲသွားတော့တယ်။ သူမရဲ့ ကြော့ရှင်းသော အမူအရာကို ဆက်လက် မထိန်းသိမ်းထားနိုင်တော့ဘဲ သူမရဲ့လှပသော မျက်ဝန်းများဖြင့် အဆောက်အဦထဲမှ ကောင်မလေးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းမှာ ချမ်းစိမ့်စိမ့် အလင်းတန်းများ ပြေးလွှားနေခဲ့တယ်။

“ယွမ်လော့ဖုန်း… ငါ နင့်ကို ကတိပေးတယ်”

သူမရဲ့ဆေးပညာ အရည်အချင်းက ဘယ်လိုပဲ ထူးချွန် ထက်မြက်နေပါစေ… လူနာ အများကြီးကို ၁၅မိနစ်အတွင်း ကုသပေးနို်င်ဖို့ဆိုတာ လုံးဝကို ဖြစ်နိုင်ချေ မရှိဘူး။ ဒီပြင်… သူမ  အောင်မြင်သွားတော့လည်း ဘာဂရုစိုက်နေစရာ လိုအပ်လို့လဲ...။ သူမ ဘက်က ကတိတည်ဖို့ ငြင်းဆန်ရင် ဒီမိန်းမ ဘာလုပ်နိုင်မှာမို့လဲ။ ဘာပဲဖြစ်ဖြစ် သမားတော်အဖွဲ့အစည်းကလည်း ဆေးမြို့တော်ကို ပျောက်ကွယ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။

“ရုန်အကြီးအကဲ… ကျွန်မကို ယုံကြည်ထားလိုက်ပါ… တစ်ခု ကူညီပေးနိုင်မလား”

ယွမ်လော့ဖုန်းလည်း ရုန်အကြီးအကဲဘက် ခေါင်းလှည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

“ဘာများလဲ”

ရုန်အကြီးအကဲလည်းပြုံးကာ မေးလိုက်တယ်။

“ခဏနေရင် ဆေးညွှန်းတစ်ချို့ ရေးပေးလိုက်မယ်… ကျွန်မအတွက် ဆေးကို ကျိုပေးပါ ၊၁၅မိနစ်အတွင်း ပြီးဖို့တော့ လိုအပ်မယ်”

“ဟုတ်ပါပြီ လော့ဖုန်း… စိတ်ချထားလိုက်… မင်းရဲ့တောင်းဆိုချက်အတိုင်း လုပ်ဆောင်ပေးမယ်”

ရုန်အကြီးအကဲရဲ့မျက်နှာက တည်ကြည်နေခဲ့တယ်။ ဒီကိစ္စက အရေးကြီးမှန်း သူ သိနေခဲ့တယ်။ ယွမ်လော့ဖုန်းကလည်း သူ့ကို ယုံကြည်လို့ ဒီကိစ္စကို အကူအညီတောင်းတာပေါ့။ သူမကို စိတ်မပျက်စေရဘူး။

“ဒီတာဝန်ကို ပြီးမြောက်ဖို့ လက်အများကြီး လိုအပ်မယ် ထင်တယ်”

အခုအထိ တိတ်ဆိတ်နေတဲ့ လန်ဟုန် အကြီးအကဲက ဝင်ရောက်ပြောဆိုတယ်။

“ဒါဆို မင်းကို ကူညီဖို့ ငါ့တပည့်တွေကို လွှတ်ပေးရမလား”

တခြားအကြီးအကဲဆိုရင် ဆေးထဲ အဆိပ်ခပ်မှာ စိုးရိမ်တာကြောင့် ရုန်အကြီးအကဲ ငြင်းမိမှာပါ။ ဒါပေမဲ့ လန်ဟုန် အကြီးအကဲက တခြားသူနဲ့ မတူဘူး။ သူက ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူး။

ဆေးမြို့တော်ရဲ့ သိုင်းပညာရှင်များက ယွမ်ချင်ရာကို ထိခိုက်စေချိန်မှာ သမားတော်အဖွဲ့အစည်းက ဆေးမြို့တော်ကို ကာကွယ်ပေးဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတစ်ယောက်တည်းသာ ဆန့်ကျင်စကား ပြောခဲ့တယ်။ ဒါကြောင့်လည်း သူ တစ်ယောက်တည်းသာ ဆေးမြို့တော်ရဲ့ အမှားအယွင်းကို ဖော်ထုတ်ပေးနိုင်တယ်။

ခဏကြာတော့ အဖွဲ့အစည်းရဲ့ တပည့်တစ်ယောက်က အမွှေးရနံ့အိုးကို ယူထားပြီး ထိုထဲ အမွှေးရနံ့ကို ထည့်လိုက်တယ်။ လေပြေလေညင်နဲ့အတူတူ ယစ်မူးစေသော အမွှေးရနံ့ကို ထုတ်ပေးတယ်။

“အခု နင် စတင်နိုင်ပြီ”

လုရာထင်လည်း သူမရဲ့ အကျႍလက်ကို ခေါက်တင်လိုက်ပြီး အပြုံးနဲ့ ယွမ်လော့ဖုန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။

သမားတော်အဖွဲ့အစည်းမှာ သူမကို ယှဉ်ပြိုင်ရဲတဲ့ ဘယ်သူမဆို အရှုံးနဲ့ အဆုံးသတ်ရတာပါပဲ။

စကားတစ်ခွန်းမှ မပြောဘဲ ယွမ်လော့ဖုန်းလည်း သူမရဲ့အကျႍလက်ထဲမှ ငွေအပ်ကို ဆွဲထုတ်လိုက်တယ်။ ငွေအပ်များနဲ့ မီးနဲ့ ပိုးသတ်ခြင်းမရှိဘဲ လူနာတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ အပ်တစ်ချောင်းကို ထိုးသွင်းလိုက်တယ်။

“သူ…သူမက လူနာရဲ့ သွေးခုန်နှုန်းကို မစမ်းသပ်ဘူးလား… ဘာလိုများ အပ်စိုက်ကုသရဲတာလဲ”

“သူမက လူနာရဲ့အသက်ကို အလေးအနက် မထားတာလား… လူနာကို မဆန်းစစ်ဘဲ စတင် ကုသရဲတယ်”

“ချွီဖျင် ပြောတာ မှန်လောက်တယ်… ဒီမိန်းကလေးမှာ ဘာအစွမ်းအစမှ မရှိလောက်ဘူး”

အားလုံးကို ယွမ်လော့ဖုန်းရဲ့အပြုအမူက တုန်လှုပ်စေခဲ့တယ်။သမားတော်အဖွဲ့အစည်းရဲ့ အကြီးအကဲများ ကိုယ်တိုင်တောင် မျက်မှောင်ကြုတ်ရပါတယ်။ သူတို့ရဲ့အမြင်မှာတော့ ယွမ်လော့ဖုန်းက လူနာရဲ့အသက်ကို အလေးမထားဘူးပဲ။

သမားတော်တစ်ယောက်အနေနဲ့ လူနာကို အဆင်အခြင်မဲ့စွာ ကုသရဲတယ်။

အံ့သြဖွယ်နှုန်းနဲ့ လူနာတစ်ယောက်ချင်းစီကို အပ်စိုက်ကုသပြီးနောက် မျက်စိ တစ်မှိတ်အတွင်းမှာ ယွမ်လော့ဖုန်းက တခြားလူနာတစ်ယောက်ဘက် ရွေ့လျားသွားခဲ့တယ်။

သူတို့်ရဲ့မျက်စိနဲ့ သူမရဲ့လှုပ်ရှားမှုကို မဖမ်းမိနိုင်လောက်အောင်ကို မြန်ဆန်လွန်းတယ်။

အချိန်မပြည့်ခင်မှာဘဲ သူမက လူနာ အားလုံးကို အပ်စိုက် ကုသသွားခဲ့တယ်။ ထို့နောက် သမားတော်အဖွဲ့အစည်းရဲ့ တပည့်များနဲ့ လန်ဟုန်တို့ ရောက်လာခဲ့ပြီး တစ်ယောက်ချင်းစီရဲ့လက်မှာ ဆေးခွက်တစ်ခွက်ချင်းစီကို ကိုင်ဆောင်ထားခဲ့တယ်။

ဆေးပြုတ်ရည် ရနံ့ကို ရရှိရုံနဲ့ ဘယ်ရောဂါအတွက် သုံးသင့်လဲဆိုတာ ယွမ်လော့ဖုန်း ချက်ချင်းသိတယ်။ ဒါကြောင့် လူနာများကို သူတို့နဲ့ သင့်လျော်တဲ့ဆေးများ ဝေခွဲပေးရန် တပည့်များကို ညွှန်းကြားလိုက်တယ်။

“ဒီဆေးပြုတ်ရည်ကိုသောက်လိုက်…ရှင်တို့်အားလုံး သက်သာသွားလိမ့်မယ်”

ယွမ်လော့ဖုန်း ပြောလိုက်တော့ လူနာတစ်ယောက်ချင်းစီက ဆေးပြုတ်ရည်ကို သောက်သုံးကြတယ်။ သူတို့ သောက်လိုက်တဲ့ အချိန်မှာ သူတို့ခန္ဓာကိုယ်ထဲမှ နာကျင်မှုများ လျော့ပါးသွားသလို ခံစားရတယ်။

Chapter-633

End

ထျန်းရာ

ထျန်းရာ ရောက်ရှိလာခြင်း (၅)

“သူတို့ရဲ့ အခြေအနေကို ငါ စစ်ဆေးကြည့်ပေးမယ်”

လန်ဟုန်လည်း လူနာများရှိရာသို့ အလျင်စလို လျှောက်လှမ်းသွားလိုက်တယ်။ သူတို့ရဲ့သွေးကြောပေါ် သူ့လက်ချောင်းများ တင်လိုက်တယ်။ သူတို့ခန္ဓာကိုယ်ပေါ်မှ ပြောင်းလဲမှုများကို ခံစားမိပြီးနောက် သူ မှင်တက်သွားရတယ်။ ဒါကို မြင်ရတော့ တခြားသော အကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက် လူနာကို စမ်းသပ်ကြတော့တယ်။

“ဖြစ်နိုင်ပါ့မလား… ဒါက ဖြစ်နိုင်ပါ့မလား… ”

လောဖူးလည်း သူ့ရဲ့ အံ့အားသင့်ဖွယ်စမ်းသပ်ချက်ကြောင့် တယိမ်တယိုင် ဖြစ်ကာ သူ့မျက်နှာက ဖြူဆုပ်သွားတော့တယ်။

“ မဖြစ်နိုင်ဘူး… တခြားလူနာတွေ ရော် အဆင်ပြေလား…. ငါ… သူတို့ရဲ့အခြေအနေကို စမ်းသပ်ကြည့်လိုက်တယ်။”

ဒီအကြောင်းကို တွေးမိတော့ လောဖူးလည်း တခြားသောအကြီးအကဲများကို တံတောင်နဲ့တွန်းကာ သူတို့နေရာကို ယူလိုက်တယ်။

အစကတော့ လောဖူး အံ့သြမိသော်လည်း စိတ်ပျက်မှုက ကြီးစိုးလာခဲ့တယ်။ ပြိုင်ပွဲ မစတင်ခင်တည်းက ဒီလူတွေရဲ့ အခြေအနေကို ဆန်းစစ် ကြည့်ထားပြီးသားပါ။ ဒါကြောင့် သူတို့ရဲ့ အခြေအနေကို ကောင်းကောင်း သိနေတယ်။ ဒါပေမဲ့ အခုတော့ သူတို့အားလုံးကပြန်ကျန်းမာ သွားပြီ။

ဒီကောင်မလေးက ဆယ်မိနစ်အတွင်း လူနာအားလုံးကို ကုသပေးလိုက်တာလား။

ပြီးတော့… သူမက သွေးကြောတောင် မစမ်းသပ်ဘဲ ဘာရောဂါ ဖြစ်နေမှန်း သိတယ်။

လော့ဖူးရဲ့ မျက်နှာဟာ အင်မတန် ဖြူစွက်နေပြီး တယိမ်းတယိုင် ုဖြစ်ကာ မြေကြီးပေါ် လဲကျမတတ်ပါပဲ။ သူလည်း စင်ပေါ်မှာ ရှိနေတဲ့ လုရာထင်ကို စိတ်ပျက်ကြေကွဲစွာ ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းပေါ်မှာ နာကြည်းမုန်းတီးသော အပြုံးများ ပေါ်လွင်လာခဲ့တယ်။ ရာထင်က ဒီတစ်ခေါက်တော့ နမော်နမဲ့နိုင်သွားပြီ။ ဒါပေမဲ့ ဒီကောင်မလေးရဲ့ ဆေးပညာ အရည်အချင်းက တကယ့်ကို ကောင်းမွန်ပါတယ်…။

ငါတို့ရဲ့ ခေါင်းဆောင် ကိုယ်တိုင်တောင် သူမရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။

“ဆန်းကြယ်လွန်းတယ်.. ဒါက တကယ့်ကို ဆန်းကြယ်လွန်းတယ်…”

လန်ဟုန်လည်း ယွမ်လော့ဖုန်းကို  တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

“ကောင်မလေး… မင်း ငါတို့ ဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိလား”

သူမလည်း ခေါင်းခါလိုက်တယ်။

“ ကျွန်မက သမားတော်အဖွဲ့အစည်းထဲ မဝင်ဘူး”

“အင်း… ငါ နားလည်ပြီ”

လန်ဟုန် စိတ်ပျက်မိသော်လည်း ဒေါသ ဖြစ်စေမယ် စကားတစ်ခွန်းမျှ မပြောဘဲ… ပြုံးရုံသာ ပြုံးနေလိုက်တယ်။

“နောင်ဆို…. သမားတော်အဖွဲ့အစည်းထဲ ဝင်ရောက်ချင်တဲ့ စိတ်ဆန္ဒရှိခဲ့ရင် ငါ့ကို ပြောပါ… ငါ့ကို ပြောပါ… မင်းကို အမြဲတမ်း ကြိုဆိုနေပါတယ်…”

လုရာထင်လည်း သူမကို ဒီလို စကားမျိုးပြောခဲ့ဖူးသော်လည်း နားထောင်ရတဲ့ ခံစားချက်ကတော့ ကွာခြားတယ်။ လန်ဟုန်က သူမရဲ့ အရည်အချင်းကို တကယ့် နှစ်ခြိုက်လို့ ပြောမှန်း သူမ သိနေတယ်။

လန်ဟုန်ကို ဘာမှ မပြောဘဲ… ယွမ်လော့ဖုန်းလည်း ပြုံးရုံးသာ ပြုံးနေလိုက်တယ်။ ထို့နောက် သူမလည်း လုရာထင်ဘက်လှည့်ကာ မျက်ခုံးပင့်မေးလိုက်တယ်။

“ ငါနိုင်သွားပြီ… နင်ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးလိုက်တော့”

သူမရဲ့နှလုံးသားထဲမှ နာကြည်းမုန်းတီးမှုများကို ဖိနှိပ်ကာ လုရာထင်လည်း အေးတိအေးစက်ဟန်နဲ့ ပြောလိုက်တယ်။

“နဂါးသလင်းကျောက်ဓားကို ပေးနိုင်ပါတယ်”

“ဆေးမြို့တော်ကို ဘာဆက်လုပ်မှာလဲ…”

ယွမ်လော့ဖုန်းလည်း ပြုံးရင်း မေးလိုက်တယ်။

“အားနာပါတယ်… ဆေးမြို့တော်နဲ့ ပက်သတ်ပြီးတော့ ဆုံးဖြတ်ချက် မချမှတ်ရသေးဘူး”

ပြောရမယ်ဆိုရင် သူမဘက်က ဆေးမြို့တော်ကို မစွန့်လွှတ်နိုင်ဘူး။

“တရား မလွန်လာနဲ့… ယွမ်လော့ဖုန်း”

လုရာထင် ဒုက္ခရောက်နေတာ မြင်တော့ ချွီဖျင်က တစ်စခန်းထ လာပြန်တယ်။

“မြို့တော်က ငါတို့ရဲ့ လက်အောက်ခံ… ဆေးမြို့တော်ကို မင်းလက်ထဲ အပ်လိုက်ရင် လူတွေက ဘာပြောကြမလဲ…”

ဝုန်း…

ချွီဖျင် ပြောလို့ပြီးတဲ့အချိန်… အဆောက်အဦအတွင်းမှ မိန်းကလေးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သော တန်ခိုး အစွမ်းကို ထုတ်လိုက်တယ်။ ထို့နောက် ချွီဖျင်ကို စင်မြင့်ပေါ်မှ ကန်ချလိုက်တယ်။

“ရှင်ဟာ အရမ်းကို စကားများလွန်းတယ်”

သူမလည်း ချွီဖျင်ကို ကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းအကြည့်မှာ မာနဝင့်ကြွားခြင်းများ ပြည့်နှက်နေခဲ့တယ်။

“ယွမ်လော့ဖုန်း”

လုရာထင်ရဲ့မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့ပြီ

“ငါ နင့်ကို ဆက်သည်းမခံနိုင်တော့ဘူး….နင်က အရမ်းကို ရိုင်းစိုင်းလွန်းတယ်… သမားတော်အဖွဲ့အစည်းမှာ တပည့်တစ်ယောက်ကို ပေါ်တင် ရိုက်နှက်ရဲတယ်… နင်က သမားတော်အဖွဲ့အစည်းကို ရန်စချင်တာလား”

ယွမ်လော့ဖုန်းလည်း လုရာထင်ဘက်လှည့်ကာ ညစ်ကျယ်ကျယ် ကြည့်လိုက်တယ်။

“သမားတော်အဖွဲ့အစည်း….. ယုံကြည်လေးစားဖို့ မထိုက်တန်တဲ့ နေရာလေ… နင် သဘောတူတူ… မတူတူ… ဆေးမြို့တော်ကို ဖျက်ဆီးပစ်မယ်…”

Chapter-634

End

635+636
အပိုင်း
(၆၃၅)

ထျန်းရာ ရောက်ရှိလာခြင်း(၆)

လုရာထင်လည်း သရော်လိုက်တယ်။

"နင့်မှာ ဒီလိုလုပ်ဆောင်ဖို့ အရည်အချင်းရှိရင် လုပ်လိုက်လေ...ငါ နင့်ကို မတားဘူး...နင့်မှာ အရည်အချင်းရှိမယ်လို့….ငါ မထင်….အရင်ဆုံး နင့်ရဲ့ ယွမ်မိသားစုကိစ္စကို ဂရုစိုက်ဖို့ အကြံပေးလိုက်မယ်...နင့်မိသားစုဆီ နင်ပြန်ရင်….သေဆုံးနေတဲ့ ခန္ဓာကိုယ် ရုပ်ကြွင်းတွေက စောင့်မျှော်နေဦးမယ်...သတိလည်း ထားပါဦး…"

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ကာ လုရာထင်ကို သွေးအေးစွာ ကြည့်လိုက်တယ်။

"နင် ဘာပြောချင်တာလဲ…"

"ယွမ်လော့ဖုန်း….နင်က လူတော်တော်များများကို ရန်ငြိုးဖွဲ့ထားတာ...တခြားသူတွေက ငါ့လို နင့်ကို သည်းခံမှာ မဟုတ်ဘူး...ဒါကြောင့် လုံယွမ်တိုင်းပြည်ကို အလျင်စလို သွားပြီး နင့်မိသားစု ဘာဖြစ်နေလဲ ကြည့်သင့်တယ်"

ဝုန်း…

အားကြီးသော တန်ခိုးအစွမ်းကို ကောင်မလေးရဲ့ခန္ဓာကိုယ်မှ ထုတ်ပေးတယ်။သူမရဲ့မျက်ဝန်းများက ရေခဲတမျှ အေးစိမ့်နေပြီး စကားတစ်ခွန်းချင်းစီ ဖွင့်ဟလာခဲ့တယ်။

"လုရာထင်….ယွမ်မိသားစုဝင်ထဲ တစ်ယောက်ယောက်ရဲ့ ဆံခြည်မျှင် တစ်မျှင် လျော့ခဲ့ရင်...နင် အသေဆိုးနဲ့ သေစေရမယ်"

"ယွမ်လော့ဖုန်း...ငါက နင့်ကို သတိပေးရုံပါ...ငါ နင့်မိသားစုကို ဘာမှ မလုပ်ထားဘူး"

လုရာထင်လည်း ထေ့ငေါ့လိုက်တယ်။

"ဒါပေမဲ့ တခြားသူတစ်ယောက် လုပ်ကြံမလားတော့ ငါ သေချာ မသိဘူး"

ယွမ်လော့ဖုန်း ဒေါသူပုန်ထနေတာ မြင်ရတော့ ရုန်အကြီးအကဲလည်း ရှေ့သို့ အလျင်စလိုသွားကာ သူမရဲ့ ပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်တယ်။

"မစိုးရိမ်ပါနဲ့...နင်အကြီးအကဲက ယွမ်မိသားစုနဲ့အတူတူ ရှိနေပါတယ်...ဒါကြောင့် ဘာဘေးအန္တရာယ်မှ မရှိနိုင်ပါဘူး...ဒီပြင်...ငါ့တို့သခင်လည်း လုံယွမ်တိုင်းပြည်ကို ပြန်ရောက်တာ မကြာသေးဘူး...လုရာထင်ဘက်က ယွမ်မိသားစုကို ထိခိုက်အောင် မလုပ်ဆောင်နိုင်လောက်အောင် စိတ်စွမ်းအားမြင့်ပါတယ်"

သူမ မနိုင်ရင်တောင် ယွမ်လော့ဖုန်းကလည်း သူမရဲ့ မိသားစုကို ထိခိုက်စေဖို့ ခွင့်ပြုမှာတော့ မဟုတ်….။

"ရုန်အကြီးအကဲ….ကျွန်မကို ကူညီပေးပါ…"

ယွမ်လော့ဖုန်းလည်း ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

"ဒုတိယ ဦးလေးကို ရှာဖို့ လူတစ်ချို့လွှတ်ပေးပါ...ဆေးမြို့တော်ကို လက်စားချေချင်တာကြောင့် ပြန်လမ်းမဲ့ သစ်တောထဲ စိတ်စွမ်းအား ကျင့်ကြံဖို့ သွားမယ်...လက်စားချေနိုင်တဲ့ အခွင့်အရေးကောင်းကို မလွဲချော် စေချင်ဘူး"

ကိုယ့်ရန်သူကို ကိုယ်တိုင်သတ်ရတာလောက် ကျေနပ်စရာ ကောင်းတာ မရှိဘူး။

ဒါကြောင့်လည်း သမားတော်အဖွဲ့အစည်းမှာ သူ့ကို တွေ့တာတောင် ယွမ်လော့ဖုန်းက တစ်ချက်မျှ မထိတာပေါ့။ ဦးငယ်လေးကိုယ်တိုင် သူ့ရန်သူကို မသတ်နိုင်ရင် စိတ်ဒဏ်ရာ သက်သာမှာ မဟုတ်ဘူး။

"ကောင်းပြီလေ"

ရုန်အကြီးအကဲလည်း အလျင်စလို သဘောတူလိုက်တယ်။

"ယွမ်ချင်ရာ ဘယ်မှာလဲဆိုတာ ရှာဖို့ ဆေးစံအိမ်တော် တပည့်တွေကို ညွှန်းကြားထားပါမယ်...သူ့သတင်းရတာနဲ့ မင်းကို ချက်ချင်း အကြောင်းကြားပါမယ်…"

"ဆေးမြို့တော်ကို ဇယားသိမ်းဖို့ ဦးငယ်လေးရှိလည်း ဒီအတိုင်း လက်ပိုက်မကြည့်နိုင်ပါဘူး"

ယွမ်လော့ဖုန်းလည်း ပြုံးကာ လုရာထင်ကို ညစ်ကျယ်ကျယ် ကြည့်လိုက်တယ်။

"ယွမ်လော့ဖုန်း...နင်က ငါနဲ့တိုက်ခိုက်ချင်တာလား"

လုရာထင်ရဲ့မျက်နှာက မည်းမှောင်နေခဲ့တယ်။

"နင် ပြန်တွေးကြည့်ရင် ပိုကောင်းမယ်….ငါက ချွီဖျင် မဟုတ်ဘူး… နင် ငါ့ကို အလွယ်လေး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ မရဘူး"

"နင့်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မယ်လို့များ ဘယ်သူက ပြောလိုက်လို့လဲ"

ယွမ်လော့ဖုန်းလည်း ထေ့ငေါ့လိုက်တယ်။

သူမရဲ့ခန္ဓာကိုယ်ကို လှုပ်ရှားကာ လုရာထင်ရှိရာ တဟုန်ထိုး ပြေးသွားလိုက်တယ်။ထို့စဉ် သူမရဲ့အရှိန်အဝါကို မဖုံးကွယ်ထားဘဲ အပြည့်အဝ ဖွင့်ဟထားခဲ့တယ်။

"ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူလား…"

သူမရဲ့ ခွန်အားကို ခံစားမိတော့ လောဖူးမှာ တုန်လှုပ်သွားရတယ်။

"သူမက ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူပဲ...ရာထင်တော့ ဒုက္ခများပြီ"

တွေးတောနေဖို့ အချိန်မရတာကြောင့် လောဖူးလည်း လုရာထင်ရှေ့သွားကာ ယွမ်လော့ဖုန်းရဲ့ တိုက်ခိုက်မှုကို ရှေ့မှ ကားဆီးလိုက်တယ်။

ဝုန်း….

ပြင်းထန်သောအားက ယွမ်လော့ဖုန်းရဲ့ လက်ဖဝါးကို ပြန်လည် ရိုက်ခတ်လာကာ နောက်သို့ တယိမ်းတယိုင်

ဖြစ်သွားရတယ်။မြေကြီးပေါ်မှာ နက်ရှိုင်းသော မြောင်းတစ်ခု ကြွင်းကျန်ရစ်ခဲ့တယ်။

"ခင်ဗျား...တကယ့်ကို အရှက်မဲ့လွန်းတယ်…"

ရုန်အကြီးအကဲလည်း လောဖူးကို အထင်အမြင်သေးစွာ ကြည့်လိုက်တယ်။

"မင်းလို နှစ်၁၀၀ သက်တမ်းရှိတဲ့ လူအိုကြီးက ဆယ်ကျော်သက်အရွယ် ကောင်မလေးကို တိုက်ခိုက်ရဲတယ်...ဂုဏ်သိက္ခာမဲ့လွန်းတယ်"

လောဖူးလည်း ရုန်အကြီးအကဲကို မကျေမချမ်း ကြည့်လိုက်ပြီး...ယွမ်လော့ဖုန်းဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ခန္ဓာကိုယ် ဘေးပတ်ပတ်လည်မှာ လူသတ်ငွေ့များ လွှမ်းခြုံထားတယ်။

"ယွမ်လော့ဖုန်း...မင်းအသက်အရွယ်လေးနဲ့ ကောင်းကင်ဘုံအဆင့် ရောက်နေမယ်လို့် မထင်ထားခဲ့ဘူး...မင်းရဲ့ ပါရမီနဲ့ ဆေးပညာအရည်အချင်းကို ငါ လေးစားပါတယ်...မင်းသာ ငါ့တပည့်အဖြစ် ခံယူမယ်ဆိုရင်….ငါ မင်းကို ခွင့်လွှတ်ပေးမယ်...မဟုတ်ရင်တော့ မင်းဘက်က သမားတော်အဖွဲ့အစည်းကို အမှားကျူးလွန်လို့ မင်းကို သတ်ရလိမ့်မယ်"

Chapter-635

End

အပိုင်း(၆၃၆)

ထျန်းရာ ရောက်ရှိလာခြင်း (၇)

ဒီလူယုတ်မာကို ဆက်လက် သည်းမခံနိုင်တော့တာကြောင့်...လန်ဟုန်လည်း မတ်တတ်ထရပ်ကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။

"လောဖူး...မင်းက ကလေးမလေးကို ခြိမ်းခြောက်ရဲတယ်လား...လုရာထင်သာ သူမကို မိသားစုနဲ့ချီပြီး မခြိမ်းခြောက်ခဲ့ရင် ကလေးမလေး ဒေါသဖြစ်မှာ မဟုတ်ဘူး...ဒီကိစ္စကို ဒီအတိုင်းထားလိုက်ပါ...မင်းပြန် တွေး ကြည့်စမ်းပါ…"

"ခြိမ်းခြောက်တယ်...ဟုတ်လား"

လောဖူးလည်း ထေ့ငေါ့လိုက်တယ်။

"ရာထင်ဘက်က ဘယ်တုန်းကများ...ခြိမ်းခြောက်ခဲ့လို့လဲ...မာန်မတက်ဖို့ မသိပေးခဲ့ရုံပါ….မစော်ကားသင့်သူကို မစော်ကားဖို့...စေတနာထားပြီး ပြောခဲ့တာလေ...မဟုတ်ရင် မိသားစုအတွက် ဘေးဒုက္ခကို သယ်ဆောင်လာနိုင်တယ်လေ...ရာထင်က သူမအပေါ် ဂရုဏာ ထားခဲ့လည်း ဒီမိန်းကလေးက ကျေးဇူးမသိတတ်ဘူး"

လန်ဟုန်လည်း စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်တယ်။

"ဒါပေမဲ့...မင်းက ယွမ်မိန်းကလေးကို ခြိမ်းခြောက်တဲ့ စကားမျိုး ပြောတယ်လေ...ဒါကိုတော့ မင်း ဝန်ခံလိုက်စမ်းပါ…"

"ဘာကြောင့်များ...မင်းကို ဆရာအဖြစ် အသိအမှတ်ပြုဖို့ တွန်းအားပေးနေရလဲ"

“လန်ဟုန်… ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ… သူများရဲ့ ကိစ္စကို ဝင်မစွက်နဲ့”

လောဖူးလည်း မျက်မှောင်ကြုတ်လိုက်တယ်။

“သူမက ငါ့တပည့်မလုပ်ရင် သေရမယ်… ဘာပဲဖြစ်ဖြစ် သူမက သမားတော်အဖွဲ့အစည်းကို ရန်စထားတယ်…. သမားတော်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်မှ သူမကို ခွင့်လွှတ်ပေးလို့ ရနိုင်မယ်… မဟုတ်ရင်တော့ သူမ သေရမယ်…”

လန်ဟုန်လည်း ပြုံးလိုက်တယ်။

“ယွမ်မိန်းကလေးရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းရဲ့တပည့်ဖြစ်စရာ လုံးဝ မလိုအပ်ဘူး… ဒီပြင် သမားတော်အဖွဲ့အစည်းမှာ အကြီးအကဲဆိုလို မင်းတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး… မင်းတပည့် ဖြစ်စရာ အကြောင်းမရှိဘူး”

လန်ဟုန်ရဲ့စကားက တခြားသော အကြီးအကဲများကိုသတိပေးလိုက်သလိုပါပဲ။ ယွမ်လော့ဖုန်းက သူတို့ဘက် ရောက်လာဖို့ အခွင့်အရေးရှိတယ်ဆိုတာ နားလည်သွားစေတယ်။

“ယွမ်မိန်းကလေး… လောဖူးရဲ့စကားကို နာမထောင်နဲ့… သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုစရာ မလိုအပ်ဘူး… မင်းက ငါ့တပည့် ဖြစ်နိုင်ပါတယ်… ငါ့ကာကွယ်မှုနဲ့ဆိုရင် အရူုးအိုကြီးလောဖူးက မင်းကို ဘာမှ မလုပ်ရဲဘူး”

“ယွမ်မိန်းကလေးက မင်းတပည့် ဘာကြောင့်ဖြစ်ရမှာလဲ… ငါက သူမအတွက် အသင့်လျော်ဆုံးလို့ ထင်တယ် မင်းသာ ငါ့ကို ဆရာအဖြစ် အသိအမှတ်ြ့ပုရင် ငါက မင်းကို ကာကွယ်ပေးမယ့်အပြင် မင်းရဲ့မိသားစုကိုလည်း ကာကွယ်ပေးမယ်”

“ယွမ်သခင်မလေး…. မင်းရဲ့ဦးငယ်လေးအတွက် စိတ်မကောင်းပါဘူး… မင်းသာ ငါ့တပည့် ဖြစ်လာရင် မင်းရဲ့ဦးလေးအတွက် လက်စားချေပေးမယ်”

ခွန်အားရှိသူက အလေးသာတာပါပဲ။ ဒါကြောင့် လူတိုင်းက လိုလိုလားလား လက်ခံနေတာပေါ့။ ယွမ်လော့ဖုန်းသာ ဆက်ပြီး သုံးစားမရသူ ဖြစ်နေရင် ဒီစကားကို ပြောမယ့်အစား သူတို့က လောဖူးဘက်နေဖို့ ရွေးချယ်လိုက်မှာလေ။ ယွမ်လော့ဖုန်းရဲ့ တမုထူးခြားတဲ့ ဆေးပညာစွမ်းရည်နဲ့ ပါရမီအရည်အချင်းကို နှစ်သက်တာကြောင့် ဒီစကားမျိုးကို ပြောနေကြတာ။

လောဖူးလည်း ဒီသစ္စာဖောက်တွေကို ဒေါနဲ့မောနဲ့ စိုက်ကြည့်လိုက်တယ်။ အိုမင်သော သူ့မျက်နှာတပြင်လုံးဟာ ဒေါသစိတ်ကြောင့် မည်းမှောင်နေခဲ့တယ်။

ထို့နောက် သူလည်း ခပ်မာမာ လေသံဖြင့် ပြောလိုက်တယ်။

“မင်း ဘာလုပ်ချင်တာလဲ…. ယွမ်လော့ဖုန်းက သမားတော်အဖွဲ့အစည်းကို ပြဿနာရှာထားတာလေ…. ဒါပေမဲ့…. မင်းတို့က သူမအတွက်နဲ့ တိုက်ခိုက်နေတယ်…ဟုတ်လား”

“လောဖူး… ထားလိုက်စမ်းပါ… မင်းလည်း ယွမ်မိန်းကလေးကို တပည့်အဖြစ် ခေါ်ထားချင်တာ ငါတို့ သိပါတယ်… ဒါပေမဲ့ မင်းက သူမကို မကောင်းကြံထားတာ အများကြီးပဲ… ဒါကြောင့် သူမဘက်က မင်းကို ဆရာအဖြစ် လက်ခံနိုင်ပါ့မလား…သူမသာ သမားတော်အဖွဲ့အစည်းထဲ ဝင်လိုက်ရင် မင်း ဘာမှလုပ်လို့ မရတော့ဘူး”

လောဖူးပြောလိုက်တဲ့ စကားကြောင့် တခြားသော အကြီးအကဲများက သူ့ကို အထင်အမြင်သေးစွာ ကြည့်လာကြတယ်။သူတို့ရဲ့မျက်လုံးထဲ… အခုအချိန်မှာ ယွမ်လော့ဖုန်းထက် ပိုအရေးကြီးတာ မရှိဘူး… သူတို့အားလုံး ယွမ်လော့ဖုန်းအတွက် ငြင်းခုံနေစဉ်… ကောင်းကင်ယံ အနီးအနားမှာ အားကြီးသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့တယ်။ ဒီမှာရှိနေသော လူအားလုံးရဲ့စိတ်အာရုံကို ဆွဲဆောင်သွားခဲ့တယ်။ သူတို့ရဲ့ မျက်ဝန်းထဲ အဖြူရောင် ပုံရိပ်တစ်ခု ဝင်ရောက်လာခဲ့တယ်။

အဘိုးအိုက လက်နောက်ပစ်ကာ လေထဲမှာ ကိုယ်ဖော့ လမ်းလျှောက်လာခဲ့တယ်။ သူက အင်မော်တယ် တစ်ယောက်လို့ ခန့်ညားကြော့ရှင်းတယ်။ သူ့ခြေလှမ်းများက သူ့ခြေထောက်အောက်မှာ ကြာပန်းများ ပွင့်နေသကဲ့သို့ ပေါ့ပါးလှတယ်။ သူ့ဘေးနား ဝန်းကျင်မှာ အားကောင်းသော အရှိန်အဝါကို ထုတ်လွှင့်ထားတယ်။

ထိုလူ ဘယ်အသူမှန်း သတိထားမိတာကြောင့် ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။ သူမရဲ့ မှတ်ဉာဏ်ထဲမှ  အရှက်မရှိ မျက်နှာပြောင်တိုက်တတ်တဲ့ အဘိုးအိုနဲ့ သူ့ပုံစံက လုံးဝကို ခြားနားနေခဲ့တယ်။

“ဘာအကြောင်းကြောင့် မင်းတို့တွေ ငြင်းခုန်နေရတာလဲ…”

အေးစက်သော လေသံဖြင့် အဘိုးအိုက လေထဲမှ ဖြည်းညင်စွာ ဆင်းသက်လာခဲ့တယ်။ သူ့ခြေထောက်အောက်မှာ လှေကားရှိနေသကဲ့သို့ မြင်ရရန် ခက်ခဲသော ခြေလှမ်းများဖြင့် အောက်သို့ ဆင်းသက်လာခဲ့တယ်။

Chapter-636

End

အပိုင်း(၆၃၇)

အဘိုးအိုကို ကြည့်ရင်း အကြီးအကဲအားလုံးက သူ့ကို မျက်နှာလိုမျက်နှာရ ပြုံးပြကြတယ်။ တခြားတစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးတော့ ငြင်းခုန် မနေတော့ဘဲ သူတို့လည်း ရှေ့သို့ အလျင်စလို သွားကာ ရိုသေလေးစားစွာ အစီအရင်ခံလိုက်တယ်။
“သခင်ထျန်းရာ… ရောက်လာတာလား”

ထျန်းရာ…

အဘိုးအိုကို အကြီးအကဲ အားလုံး သုံးနှုန်းသော စကားကို ကြားပြီးနောက် အရင်က ထျန်းရာကို မမြင်ဖူးသော လူများမှာ အစကတော့ အံ့သြ တုန်လှုပ်မိသော်လည်း သူတို့ရဲ့ မျက်ဝန်းများမှာ တက်ကြွသော ရောင်ခြည်များ ဖြာတန်းနေခဲ့တယ်။ နတ်ဆေးသမားတော် ထျန်းရာနဲ့ တွေ့ဆုံခွင့်ရလို့ သမားတော် ပြိုင်ပွဲကို လာခဲ့မိတာ ထိုက်တန်တယ်လို့ ထင်ခဲ့မိတယ်။

အကြီးအကဲများ ဝိုင်းရံတာ ခံရတဲ့ ထျန်းရာက ယွမ်လော့ဖုန်းကို နှောင့်ယှက်နေခဲ့တဲ့ အဘိုးအိုငယ်လေးနဲ့ လုံးဝကို ခြားနားနေခဲ့တယ်။ ယွမ်လော့ဖုန်းသာ ထျန်းရာ အကြောင်းကို ကောင်းကောင်းမသိခဲ့ရင် သူ့ကို လေးစားထိုက်တဲံ အဘိုးအိုလို့ မှတ်ယူမိမှာပါ။

“မင်းတို့တွေ ဘာအကြောင်းကြောင့် ရန်စကားဆိုနေလဲဆိုတာ ငါ့ကို ပြောစမ်းပါ”
ထျန်းရာလည်း မျက်မှောင်ကြုတ်ကာ အေးတိအေးစက် မေးလိုက်တယ်။

“အမ်…”
လောဖူးဘက်က အပြစ်ကို တခြားသူအပေါ် ပုံချမှာ စိုးရိမ်မိတာကြောင့် လန်ဟုန်လည်း အလျင်စလို မတ်တတ်ရပ်ကာ ထ ရှင်းပြလိုက်တယ်။
“ဒီကောင်မလေးနဲ့ လောဖူးရဲ့တပည့်က ရန်သူပါ… ဒါပေမဲ့ လောဖူးက ဒီကောင်မလေးကို သူ့တပည့်ဖြစ်စေချင်နေတယ်… အကြောင်းအရင်းကတော့ သူမရဲ့ အရည်အချင်းကြောင့်ပေါ့… ယွမိမိန်းကလေးက အသက်ရှင်ချင်ရင် သူ့တပည့်လုပ်ရမယ်လို့ အထစ်ချ ပြောနေတယ်… ဒီပြင့် တခြားသော အကြီးအကဲတွေကလည်း သူမကို တပည့်တော်ချင်ကြတယ်”

“သြော်”
ထာဝရရှင်သူ တစ်ယောက်လို အမူအရာနဲ့ ထျန်းရာလည်း မေးလိုက်တယ်။“”
“မင်းလည်း လော့ဖုန်းကို မင်းတပည့် ဖြစ်စေချင်လား… ဒါဆို သူမသာ မင်းတပည့်ဖြစ်လာရင် ငါ ဘယ်မင်းတို့ကို ခေါ်ရမလဲ”

ထိုစဉ် ထျန်းရာရဲ့မျက်နှာက သုန်မှုန်နေခဲ့တယ်။ သူ ရက်ပိုင်းလေးပဲ နောက်ကျခဲ့တာပါ… ဘာလို့များ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေရလဲ… အထူးသဖြင့် ဒီလူတွေဟာ ယွမ်လော့ဖုန်းကို တပည့်တော်ဖို့ အသည်းအသန် ဖြစ်နေတယ် ဒီလိုသာဆိုရင် သူတို့အားလုံးက သူက ဆရာဘိုးဘိုးလို့ ခေါ်ရမှာလား… သူ့လို ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက် အတွက်တော့ သည်းမခံနိုင်စရာ တစ်ကွက်မှ မရှိဘူး“”

“ဘာကို ပြောချင်တာလဲ…သခင်ထျန်းရာ”
သူပြောလိုတဲ့ စကားရဲ့အဓိပါ္ပယ်ကို နားမလည်တာကြောင့် လန်ဟုန်လည်း နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။

“ဟွန့်”
“ဘာဆိိုလိုချင်တာလဲ…ဟုတ်လား…”
မျက်နှာတပြင်လုံး မည်းမှောင်နေတာကြောင့် ထျန်းရာ တစ်ယောက် အလွန်အမင်း ဒေါသထွက်နေတယ် ထင်ပါတယ်။

“ဒါဆိုလည်း ရှင်းရှင်းပဲ ပြောမယ်… ယွမ်လော့ဖုန်းသာ မင်းတို့ရဲ့တပည့်ဖြစ်သွားရင် မင်းတို့နဲ့တွေ့ရင် ငါက မင်းတို့ကို ဆရာဘိုးဘိုးလို့ ခေါ်ရမှာလား”

ဝုန်း…

ကောင်းကင်ပြာမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်း ချောက်ချားသွားကာ.. ထျန်းရာကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေလိုက်တယ်။

“သူ ဘာပြောလိုက်တာလဲ”

ယွမ်လော့ဖုန်းသာ သူတို့ရဲ့တပည့်ဖြစ်လာခဲ့ရင် ထျန်းရာက သူတို့ကို ဆရာဘိုးဘိုးလို့ ခေါ်ရမယ်….။

ဆရာရဲ့ဆရာကိုသာ ဆရာဘိုးဘိုးလို့ခေါ်တာလေ…။

ဒါဆို… ယွမ်လော့ဖုန်းက သူ့ဆရာလို့ ထျန်းရာက ပြောချင်တာလား။

လောဖူးရဲ့မျက်နှာဟာ ဖြူဆုပ်သွားတော့တယ်။ အိုမင်သော သူ့ခန္ဓာကိုယ်ဟာ တုန်ရီနေလွန်းလို့ ဘေးနားက သစ်သားတခေါက်ကို ကိုင်ထားရတယ်။ ဒါကြောင့်လည်း မြေကြီးပေါ် လဲကျမသွားတာပေါ့။
“ငါ နားကြားများ မှားခဲ့သလား… ငါ နားကြားမှားတာ ဖြစ်မှာပါလေ… ငါ့နားနှစ်ဖက်ကို ဆေးကုသဖို့တော့ လိုအပ်နေပြီ… ဘယ်လိုလုပ် ယွမ်လော့ဖုန်းက ထျန်းရာရဲ့ဆရာ ဖြစ်နိုင်ပါ့မလဲ…. သူ့ပြောတာကို မှားယွင်းကြားလိုက်တာ ဖြစ်ရမယ်”

ထျန်းရာ ပြောလိုက်တဲ့ စကားကို မှားယွင်းကြားလိုက်တာ အမှန်ပဲ ဖြစ်ရမယ်။ ဒါက လုံးဝကို ဖြစ်နိုင်ချေ မရှိဘူး။

လောဖူးလည်း သူ့စိတ်သူ ဖြေသိမ့်လိုက်တယ်။ ဒါပေမဲ့ သူ့မှာ ဒီအချက်ကို ယုံကြည်ဖို့ ခဲယဉ်းနေစဉ် ထျန်းရာက ယွမ်လော့ဖုန်း အနားကို သွားတာ မြင်လိုက်ရတယ်။ သူ့အိုမင်သော မျက်နှာက မဖော်ရွေသော အပြုံးလေးနဲ့ မလေးမစား မပြုမူရဲလောက်အောင် ဂုဏ်သရေ တင့်တယ်လွန်းပါတယ်။

“ကောင်းမလေး… နောက်ကျခဲ့မိလို့ တောင်းပန်ပါတယ်”

သူက လူကြီးလူကောင်းဆန်ဆန် ပြုံးနေခဲ့ပြီး သူမရဲ့ မှတ်ဉာဏ်ထဲမှ ထျန်းရာနဲ့ အတော်ကြီး ကွာခြားနေခဲ့တယ်။

“ထျန်းရာ”
ယွမ်လော့ဖုန်းလည်း သူမရဲ့နှာဖျားလေးကို ထိကိုင်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်တယ်။
“ရှင်က ကျွန်မထက် ၉၉ရာခိုင်နှုန်းလောက် သရုပ်ဆောင်ပိုတော်တယ်နော်”

Chapter-637
End

အပိုင်း(၆၃၈)

နားလည်မနိုင်တာကြောင့် ထျန်းရာလည်း ယွမ်လော့ဖုန်းကို ဖျတ်ခနဲ ကြည့်လိုက်တယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရှင် သရုပ်ဆောင်တာ ပိုလွန်းတယ်… ရှင်ရဲ့ အရှက်မဲ့ သရက်စေ့ ပုံစံကို ပိုနှစ်ခြိုက်တယ်”

ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားကို ကြားပြီးနောက် ထျန်းရာ မျက်နှာပျက်သွားပြီး သူ့မျက်ဝန်းမှာ ဒေါသမာန်မာနများ ပြည့်နှက်နေခဲ့တယ်။
“လော့ဖုန်း… ဒီမှာ လူအများကြီးရှိတယ်လေ…. ငါ့ကို မျက်နှာသာလေး ပေးပါဦး ငဲ့ညှာပါဦး”

“မျက်နှာသာပေးရမယ်လား”
ယွမ်လော့ဖုန်းလည်း သူမရဲ့မေးဖျားလေးကို အသာအယာ ပွတ်သပ်ကာ ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
“ရှင့်မှာ မျက်နှာရော် ရှိသေးလို့လား… အရှက်ရှိသေးလို့လား”

ထျန်းရာရဲ့နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားလေတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ… ယွမ်လော့ဖုန်း ပြောသမျှက မှန်ကန်နေတာပဲလေ…. လော့ဖုန်းရှေ့မှာဆို... သူဘက်က မျက်နှာပြောင်တိုက်ခဲ့တာပဲလေ။

“သ..ခ… သခင်… ထျန်းရာ”

အတော်ကြီးကို တုန်လှုပ်မိတာကြောင့် အကြီးအကဲတစ်ယောက်ဟာ တုန်ရီနေသော အသံနဲ့ မေးလာခဲ့တယ်။
“တကယ် ပြောနေတာလား…ယွမ်လော့ဖုန်းက တကယ့်ပဲ ခင်ဗျားရဲ့ဆရာလား”

ထျန်းရာလည်း စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘက်လှည့်ကြည့်ကာ ထေ့ငေါ့လိုက်တယ်။
“ငါ့ဘက်က နောင်ပြောင်နေတယ်များ ထင်နေလား”

“ကျွန်တော်မျိုး… မ… မထင်ရဲပါဘူး”

ထျန်းရာဟာ သမားတော်အဖွဲ့အစည်းမှာ အထူးခြားဆုံး အဆင့်အတန်းရှိတယ်။ သူ့ကို ပြန်ခံပက်ရဲပါ့မလား။ သူတို့ လုပ်ခဲ့တာ အပြစ်ကို ပြန်တွေးမိတိုင်း အကြီးအကဲအားလုံးမှာ တွင်းတစ်တွင်းရှာပြီး ပုန်းနေချင်တဲ့ ဆန္ဒသာ ရှိတော့တယ်။ယွမ်လော့ဖုန်းသာ သူတို့ရဲ့ တပည့်ဖြစ်လာရင် ထျန်းရာ သူတို့ကို ဘယ်လိုများ ခေါ်ရတော့မလဲ… ရလာဒ်ကို သူတို့တွေ တွေးတောင် မတွေးဝံ့ဘူး။

“ငါ့ဆရာကို တပည့်တော်ဖြစ်တယ်လို့ ဘယ်သူများ ပြောလိုက်လဲ”
မောက်မာစွာ မေဖျားကိုမော့လိုက်ပြီး ထျန်းရာလည်း လူအုပ်ကြီးကို မကျေမနပ် ကြည့်လိုက်တယ်။
“ထွက်လာခဲ့စမ်းပါ”
ထိုချိန်…လူတိုင်းရဲ့မျက်လုံးများက လောဖူးဘက် လှည့်လာခဲ့တယ်။ သူတို့မျက်ဝန်းရဲ့ အဓိပါ္ပယ်ဟာ သိသာထင်ရှားလွန်းပါတယ်။

တံထွေးမျိုချလိုက်တယ်။

လောဖူးလည်း တံထွေးမျိုချလိုက်ပြီး နောက်သို့ ဆုတ်လိုက်တယ်။ ထျန်းရာက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတာ မြင်ရတော့ သူ့နှလုံးသားဟာ ကတုန်ကရင် ဖြစ်လာရတယ်။

“သ..သခင်…ထျန်းရာ… ကျွန်တော်ဘက်က ကျီစယ်တာပါ”

ထိုစကားကို ပြောပြီးနောက် သူ့ဘေးနားမှာ ကြောင်အမ်းအမ်း ရပ်နေတဲ့ လုထင်ရာကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။

ဒီကောင်မ… ထျန်းရာနဲ့ ယွမ်လော့ဖုန်းရဲ့ ဆက်နွှယ်မှုကို မပြောပြခဲ့ဘူး။ သိသာ သိခဲ့ရင် ယွမ်လော့ဖုန်းကို သူ့တပည့်လုပ်ဖို့ အတင်းအကျပ် လုပ်ဆောင်ခဲ့မှာ မဟုတ်ဘူး။

သူ့ဘက်ကလည်း လုရာထင်ကို မှားယွင်း စွပ်စွဲနေတာပါ။ သူတို့နှစ်ယောက်ကြားက ဆက်နွှယ်မှုကို သူမ မသိသလို… ယွမ်လော့ဖုန်းကို ထျန်းရာက ဆရာအဖြစ် အသိအမှတ်ပြုမယ်လို့ မထင်ခဲ့မိဘူး။

လောဖူးရဲ့ အပြစ်တင်ညူစူသော မျက်ဝန်းများကို ကြည့်ရင်း လုရာထင်လည်း လက်သီးကို ကျစ်နေအောင်ဆုပ်ကာ ခေါင်းငုံ့ထားလိုက်တယ်။ သူမရဲ့လှပတဲ့ မျက်ဝန်းများမှာ မကျေလည်မှုများ ပြည့်လျှံနေခဲ့တယ်။

ယွမ်လော့ဖုန်း… ဒီကနေ့ ငါ ခံစားခဲ့ရတာတွေ အတွက် နင့်ဘက်က တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်…။

“နောက်ပြောင်တာ…ဟုတ်လား”
ထျန်းရာလည်း သရော်လိုက်ကာ ထေ့ငေါ့စွာ ပြောလိုက်တယ်။
“ငါ မင်းကို သတ်ပြီး မင်းရဲ့အုတ်ဂူရှေ့မှာ နောက်ပြောင်ခဲ့တာပါလို့ ပြောမယ်… မင်းဘက်က ဒါကို လက်ခံနိုင်မလား”

လောဖူးရဲ့မျက်နှာထား ပြောင်းလဲသွားခဲ့တယ်။
“သခင်ထျန်းရာ… ငါတို့ရဲ့ခေါင်းဆောင်က သခင်ကို အလွန်အမင်း ကြည်ညိုလေးစားသော်လည်း ကျွန်တော်ဟာ သမားတော်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တစ်ယောက်ပါပဲ ကျွန်တော်ကို ဒီလိုမျိုး ရုန့်ရင်း ရိုင်းစိုင်းစွာ ပြောနိုင်ရတာလဲ”

“ဟား…”
ထျန်းရာလည်း ဒေါသအပြည့်နဲ့ ဟားတိုက် ရယ်မောလိုက်တယ်။
“မင်းက ငါ့ကို သမားတော်အဖွဲ့အစည်းနဲ့ ခြိမ်းခြောက်ချင်တာလား… ကောင်းပြီလေ…လူယုတ်မာ လိချွမ်… ထွက်လာခဲ့စမ်း…”

လိချွမ်က သမားတော်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပါ။ ထျန်းရာ ပြောလိုက်တဲ့ စကားကြောင့် အားလုံးမှာ ပြောစရာ စကားမဲ့သွားရတယ်။ အံ့သြတုန်လှုပ်သော မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

သူတို့ရဲ့ခေါင်းဆောင်က ထျန်းရာကို လေးစားမှန်း သိသော်လည်း ထျန်းရာဟာ ခေါင်းဆောင်ကို မလေးမစား ပြုမူမယ်လို့ မထင်ခဲ့ဘူး။ သူတို့မသိတဲ့ တစ်စုံတစ်ရာများ ရှိနေသလား။

Chapter-638
End

စာစဉ်၂၆
639+640

အပိုင်း(၆၃၉)
သူက ထျန်းရာရဲ့တပည့်လား

“ထျန်းရာ”

လူစုလူဝေးကြီး တုန်လှုပ်ချောက်ချားနေစဉ်… ကောင်းကင်ယံမှာ ကူရာမဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။

အပြာရင့်ရောင် ဝတ်စုံနဲ့ လူအိုကြီးတစ်ယောက်… လူအားလုံးရဲ့ အမြင်အာရုံထဲ ဝင်ရောက်လာခဲ့တယ်။ အဘိုးအိုဟာ ၅၀ကျော် အရွယ်ဖြစ်သော်လည်း နီမြန်းနေသော မျက်နှာမှာ အရေအကြောင်းများ မြင်ရဖို့ ခဲယဉ်းပါတယ်။  မီးခိုးရောင် ဆံပင်များသာ မရှိရင် သူ့အသက်အရွယ်ကို ခန့်မှန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။

“ခေါင်းဆောင်”
အဘိုးအို ရုတ်တရက် ရောက်လာတာကို မြင်တော့ ထိုအဆောက်အဦမှ လူအားလုံးဟာ ဒူးထောက်လိုက်ကြတယ်။ ထျန်းရာနဲ့ ယွမ်လော့ဖုန်းတို့သာ မလှုပ်မယှက် မတ်တတ် ရပ်နေခဲ့တယ်။

ဒါကို မြင်တော့ လုရာထင်လည်း အံ့ကြိတ်လိုက်တယ်။ သူမရဲ့နှလုံးသားကို ဆွဲညှစ်ထားသလို ခံစားနေရတယ်။

ယွမ်လော့ဖုန်း မတ်တတ်ရပ်နေပြီး ဘာလို့များ သူမက ဒူးထောက်နေရတာလဲ။ တစ်နေ့ ဒီလူတွေအားလုံး သူမရဲ့ ခြေထောက်အောက်မှာ ဝပ်တွားခယ ရမယ်။ အသက်ချမ်းသာပေးဖို့ သူမကို တောင်းပန်စေရမယ်။

“ဟွန့် နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့”
ထျန်းရာလည်း ထေ့ငေါ့ကာ သရော်လိုက်တယ်။
“ဒီနှစ်တွေမှာ မင်း ဘယ်လိုများသမားတော် အဖွဲ့အစည်းကို အုပ်ချုပ်နေလဲ… မိုက်မိုက်ကန်းကန်းနဲ့ တရားမျှတမှုမရှိတဲ့ ဆေးမြို့တော်ကို ကာကွယ်ပေးတယ်….သမားတော်ပြိုင်ပွဲကို လာတဲ့ ပါရမီရှင် မျိုးဆက်သစ်တွေ့ကို အနိုင်ကျင့်ရတာ မွေ့လျော်နေတယ်လား… မင်း ဦးဆောင်မှုနဲ့ သမားတော် အဖွဲ့အစည်း ဆက်လက်တည်ရှိနေနိုင်တာ အံ့ပါနော်…”

ထျန်းရာ ပြောလိုက်တဲ့ စကားလုံးများဟာ ကြမ်းတမ်းပြီး ဝေဖန်ရှုတ်ချချတ်များဖြင့် ပြည့်နှက်နေခဲ့ပြီး သူ့ကို ထေ့ငေါ့နေခဲ့တယ်။လိချွမ်မှာ ပြောချင်သော်လည်း စကားတစ်ခွန်းမျှ သူ့နှုတ်မှ ပွင့်ဟ မလာခဲ့ပါ။ ထျန်းရာ ပြောနေတာ မှန်နေတော့ သူ မပြောဝံ့တော့ပါဘူး။

လောဖူးလည်း မျက်လုံးပင့် ကြည့်လိုက်တယ်။ သူလည်း မြေကြီးပေါ်မှ ထလိုက်ပြီး ထျန်းရာကို တစ်လုံးချင်း စကားနားထိုးတော့တယ်။
“သခင်ထျန်းရာ… ကျွန်တော်မျိုးတို့က ခင်ဗျားရဲ့ ဆေးပညာအရည်အချင်းကို လေးစားပါတယ်… ခေါင်းဆောင်ကိုယ်တိုင်က ခင်ဗျားကို လေးစားတော့ ခင်ဗျားရဲ့ စကားကို နာခံပါတယ်… ဒါပေမဲ့ ခင်ဗျားဘက်က ကျုပ်တို့ ခေါင်းဆောင်ကို စော်ကားမော်ကား ပြောခွင့် ပေးထားတာ မဟုတ်ဘူး ”

“ခင်ဗျားရဲ့ ဆေးပညာအစွမ်း ဘယ်လောက်မြင့်မြင့် အာဏာရှိရှိပါ… ငါတို့ရဲ့ ခေါင်းဆောင်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဖို့ ခွင့်မပြုနိုင်ဘူး… ခေါင်းဆောင်က ခင်ဗျားကို လေးစားရင်တောင် ခင်ဗျားဘက်က သူ့ကို ယဉ်ကျေးသင့်တယ်”

သူ့မှာ အခွင့်အရေးရှိလာတော့ လောဖူးက အလွယ်တကူ စွန့်လွှတ်စရာလား။ သမားတော်အဖွဲ့အစည်းနဲ့ ထျန်းရာ သွေးကွဲသွားခဲ့ရင် သူ့မှာ ဒီလူအားလုံးကို သတ်နိုင်ခဲ့တဲ့ အခွင့်အရေး ရပြီလေ။

“လောဖူး… မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း…”
လိချွမ်ရဲ့ မျက်နှာထား ပြောင်းလဲသွားခဲ့တယ်။ လောဖူးကို ပြင်းထန်စွာ ရိုက်နှက်ဖို့ အရှိန်ပြင်းပြင်း အစွမ်းထုတ်လိုက်တယ်။

ဝုန်း…

လောဖူးလည်း အံ့သြတုန်လှုပ်လွန်းတာကြောင့် တုန်ရီနေသော အသံနဲ့ မေးလိုက်တယ်။
“ခေါင်းဆောင် … ဘာလို့များလဲ”

“မင်းကိုယ်မင်း ဘယ်သူကို ပြန်ပြောနေတယ်လို့ ထင်နေလဲ… သူ့ကိုဒီလိုပုံစံမျိုးနဲ့ ပြန်ပြောရဲတယ်လား… အတင့်ရဲလိုက်တာနော်”
လိချွမ်လည်း သူ့ရဲ့ အင်္ကျိလက်ကို ခေါက်တင်လိုက်တယ်။ သူ့မျက်နှာကတော့ သုန်မှုန်နေတာပေါ့။
“ထျန်းရာက ငါ့ကို ရိုက်ချင်ရင် ရိုက်လို့ရတဲ့ အပြစ်တင်တယ် ဆိုတာ စာဖွဲ့စရာတောင် မလိုအပ်ဘူး”

သူ့မျက်လုံးများ ပြူးကျယ်သွားရတယ်။ လောဖူးမှာ အတော်လေးကို တုန်လှုပ်သွားရပါတယ်။

ခေါင်းဆောင်ပြောလိုက်တဲ့စကားက ဘာကိုများ ဆိုလိုချင်တာလဲ…. ထျန်းရာက ငါ့ကို ရိုက်ချင်ရင် ရိုက်လို့ရတဲ့ အပြစ်တင်တယ် ဆိုတာ စာဖွဲ့စရာတောင် မလိုအပ်ဘူး တဲ့လား။

အစမှ အဆုံးအထိ ယွမ်လော့ဖုန်းက လက်ပိုက်ပြီးသာ ကြည့်နေလိုက်တယ်။ သူမလည်း ပျင်းရိငြီးငွေ့စွာ သူမရဲ့နောက်က သစ်ပင်ကို မှီထားလိုက်တယ်။။ လိချွမ်ပြောလိုက်တဲ့ စကားကို ကြားပြီးနောက် သူမလည်း ထျန်းရာဘက် ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းနက်များမှ ထိုးထွင်းသိနိုင်သော အလင်းတန်းများ ဖြာဆင်းနေခဲ့တယ်။

“ထျန်းရာ မပြောစေချင်တဲ့ အတွက် ထျန်းရာ… ငါ့ကို ဘယ်လို ကူညီပေးခဲ့လဲဆိုတာ မပြောတော့ဘူး…”
လိချွမ်လည်း ထေ့ငေါ့လိုက်တယ်။

“ဒါပေမဲ့ မင်း … ထျန်းရာကို ရိုင်းစိုင်းလို့ အခုတော့ ငါ ဝင်ပါပြီး ပြောရတော့မယ်… ထျန်းရာ မရှိရင် သမားတော်အဖွဲ့အစည်းဆိုတာ ရှိမလာဘူး… ဒီကနေ့ ဒီအချိန်အထိ ငါ ဒီအဆင့်အတန်းနဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး”

သူ့နှလုံးသားကို အကြောက်တရား လွှမ်းမိုးသွားသလို ခံစားရတာကြောင့် လောဖူးလည်း သူ့ကိုယ်သူ ကာကွယ်တဲ့ စကားမျိုး ပြောလိုက်ချင်ပါတယ်။ ဒါပေမဲ့လည်း လိချွမ်ရဲ့ အေးစက်သော အကြည့်အောက်မှာ သူ့စကားတစ်ခွန်းမှ ပြန်မပြောရဲဘူး။

လိချွမ်လည်း အသက်ခပ်ပြင်းပြင်း ရှုလိုက်ကာ စကားဆိုတော့တယ်။
“ငါ ငယ်ငယ်တည်းက ထျန်းရာနဲ့ တွေ့ကြုံခဲ့ရတယ်… အဲ့ဒီအချိန်တုန်းက ငါဟာ ဘာဆေးပညာကိုမှ မတတ်ကျွမ်းခဲ့ဘူး… ငါ့ရဲ့ဆေးပညာအားလုံးကို ထျန်းရာ သင်ပေးထားတာ… သူ့သာ မငြင်းဘူးဆိုရင် သူ့ကို ငါက ဆရာလို့တောင် ခေါ်ချင်သေးတယ်… ဒါကြောင့် သူ့မှာ ငါကို ပြစ်တင်ရှုတ်ချနိုင်တဲ့ အခွင့်အရေး အပြည့်အဝရှိတယ်ဆိုတာ မင်း သိသင့်တယ်”

Chapter-639

End

အပိုင်း(၆၄၀)
အပြစ်အားလုံးကို ခံယူမယ်

သူ့ကိုယ်သူ ကာကွယ်ပြောဆိုဖို့ ခွန်အားလည်း မရှိတော့ပါဘူး။ အရာရာတိုင်းကို သူ့ဘက်က လက်မြှောက် အရှုံးပေးပါတယ်။ လောဖူးလည်း စိတ်ပျက် ဝမ်းနည်းစွာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။ သွေးဆုတ်နေတဲ့ သူ့မျက်နှာ တပြင်လုံးမှာ စိတ်ပျက် ကြေကွဲမှုများ ကြီးစိုးနေခဲ့တယ်။

“ဆရာ”
လုရာထင်လည်း အရှေ့ကို အလျင်စလို သွားကာ လောဖူးကို မတ်တတ်ရပ်နိုင်အောင် ဖေးမပေးလိုက်တယ်။ သူမရဲ့ မျက်ဝန်းများမှာ ခက်ထန်ကြမ်းကြုတ်သော အငွေ့အသက်များ ပြည့်လျှံနေခဲ့ပါတယ်။ နှစ်ကိုယ်ခြား ကြားနိုင်သော အသံတိုးတိုးလေးနဲ့ သူမရဲ့ဆရာကို ပြောလိုက်တယ်။“”
“ဆရာ… အပြစ်အားလုံးကို ခံယူလိုက်ပါ…. တပည့် ဆရာ့ကို လာကယ်မယ်”

လောဖူးလည်း မှင်တက်သွားရတယ်။ သူ့တပည့် ဖြစ်သူကို ကြည့်လိုက်တော့ သူမသိဖူးတဲ့ သူစိမ်းတစ်ယောက်လို ခံစားရတယ်။

“ဘာကို ပြောချင်တာလဲ”

“တပည့်ကို ယုံကြည်ပေးပါ…. တပည့် ကိုယ်လွတ်ရုန်းနိုင်မှ ဆရာ့ကို လာကယ်ဆယ်နိုင်မှာ”

လုရာထင်ရဲ့ တိုးညင်းလှသော အသံကို နားထောင်ပြီးနောက် လောဖူးလည်း မဲ့ပြုံး ပြုံးလိုက်သော်လည်း သူ့မှာ ရွေးချယ်စရာ မရှိမှန်း သူ သိနေပါတယ်။သူနဲ့ လုရာထင်… နှစ်ယောက်စလုံး ထောင်ထဲရောက်သွားရင် သေဖို့ ထိုင်စောင့်နေရုံပဲ တတ်နိုင်တော့မယ်။

“ဟား…”
နားကြည်းစွာ မဲ့ပြုံး ပြုံးရင်း လောဖူးလည်း မတ်တတ်ထရပ်လိုက်ပြီး ကောင်းကင်ယံမှာ ရပ်နေတဲ့ လိချွမ်ကို ငေးမောကြည့်ကာ သက်ပြင်းချလိုက်တယ်။
“ခေါင်းဆောင်… ကျွန်တော်မျိုး ခွင့်လွှတ်ပေးလို့ မရတဲ့ အမှားမျိုး ကျူးလွန်ခဲ့မိတာ ဝန်ခံပါတယ်… အပြစ်ရှိမှန်း သိပါပြီ… အပြစ်အားလုံးကို ခံယူဖို့ ဆန္ဒရှိပါတယ်”

သူလည်း အံကြိတ်ရင်း ရှှေ့ဆက်ပြောလိုက်တယ်။
“ဒါပေမဲ့… ကျွန်တော်မျိုးရဲ့တပည့်မလေးဟာ အပြစ်ကင်းစင်ပါတယ်… သူမဟာ ဘာဆိုဘာမှ မသိပါဘူး… သူမလေးကို သက်ညှာထောက်ထားပေးပါ”

သူပြောလိုက်တဲ့ စကားကို ကြားပြီးနောက် လန်ဟုန်လည်း သူ့ကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။
“အကြီးအကဲ လောဖူး…. သူမဟာ ယွမ်လော့ဖုန်းနဲ့ အလောင်းအစား လုပ်ခဲ့သေးတယ်လေ… ယွမ်မိန်းကလေးသာ လူနာအားလုံးကို ၁၅မိနစ်အတွင်း ကုသပေးနိုင်ရင် ဆေးမြို့တော်ကို အပ်ပါမယ်လို့ ကတိပေးခဲ့တယ် ဒါပေမဲ့ စကားမတည်ခဲ့ဘူး။ ဒီကိစ္စကို ဘယ်လိုများ ဖြေရှင်းချက် ပေးမလဲ”

လောဖူးမှာ နှလုံးခုန်ဖို့ မေ့လျောသလို ခံစားရသော်လည်း ပေါ်ထင်းသော မပြသပါဘူး။
“ဒီလိုလုပ်ဖို့ ငါမှာထားခဲ့တာ… ယွမ်လော့ဖုန်းဘက်က ဘာတောင်းဆိုဆို… ကတိပေးဖို့ ရာထင်ကို ငါ ပြောထားတာ… အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ… သူ နာခံရမယ်… ရာထင်ဘက်က သဘောမတူခဲ့ပါဘူး… ဒါပေမဲ့ ငါက သူ့ဆရာ ဖြစ်နေတော့ ငါ့အမိန့့်ကို နာခံရတာပါ့…သူမလေးကို သက်ညှာထောက်ထားပေးပါ…ခေါင်းဆောင်”

လိချွမ်လည်း တွေးတွေးဆဆ ဖြစ်သွားပြီး ထျန်းရာဘက် လှည့်ကြည့်လိုက်တယ်။
“ထျန်းရာ ဘယ်လိုများဆုံးဖြတ်ချင်လဲ”

ထျန်းရာလည်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့မျက်ဝန်းမှ လူသတ်ငွေ့များ ထုတ်လွှင့်နေခဲ့တယ်။သူ့ဆုံးဖြတ်ချက်ကို ကြေညာမယ့်အချိန် ယွမ်လော့ဖုန်းက သူ့လက်ကို ဆွဲကာဟန့်တားလိုက်တယ်။

“လော့ဖုန်း…”
ထျန်းရာလည်း ယွမ်လော့ဖုန်းကို တအံ့တသြ ကြည့်လိုက်တယ်။

သူသိတဲ့ ယွမ်လော့ဖုန်းက လုရာထင်ကို အလွယ်တကူ  အသက်ချမ်းသာပေးမှာ မဟုတ်ဘူး။ ဘာကြောင့်များ သူ့ကို တားဆီးရသလဲ။

“ဦးငယ်လေး… ပြန်မရောက်လာသေး”

သူမ ပြောချင်တဲ့ စကားရဲ့အဓိပါ္ပယ်ဟာ ရှင်းလင်းပါတယ်။ ယွမ်ချင်ရာကလွဲရင် ဘယ်သူမှ ဆေးမြို့တော်ကို ထိခွင့်မရှိဘူး။ ထျန်းရာတစ်ယောက် သူမစကားရဲ့ ဆိုလိုရင်းကို နားမလည်မှန်း တွေးမိတာကြောင့် ယွမ်လော့ဖုန်းလည်း နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ်။
“ငါ့ဦးငယ်လေးက သူ့ရန်သူကို ကိုယ်တိုင် လက်စားချေပြီး သူလက်နဲ့ ဇီဝိန်ချုပ်ချင်တာ”

လုရာထင်ကို အသက်ချမ်းသာပေးတယ်လို့များ မှတ်ယူနေသလား။ ဒီနှစ်တွေမှာ ယွမ်ချင်ရာ ခံစားခဲ့ရသမျှကို  ဒီလူတွေရဲ့ သွေးနဲ့ ဖြေသိမ့်မယ်။

“ကောင်းပါပြီ”
ထျန်းရာလည်း သက်ပြင်းချလိုက်တယ်။
“ဒါဆို… အခုလို ဆုံးဖြတ်ပြီးပြီဆိုတော့ ငါ ဒီလူတွေရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ်… ဒီလူတွေကို မင်းရဲ့ ဦးငယ်လေးအတွက် ချန်လှပ်ထားပေးလိုက်မယ်”

ယွမ်လော့ဖုန်းလည်း သူမရဲ့ နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်တယ်။
“ထျန်းရာ… သူတို့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားပေးပါ… ဦးငယ်လေး ပြန်မလာခင်… သူတို့တွေ ထွက်ပြေးသွားဦးမယ်”

“ကောင်းပါပြီ… မင်းပြောတဲ့အတိုင်း ဖြစ်စေရမယ်”
ထျန်းရာလည်း ပြုံးရယ်ကာ လိချွမ်ဘက် လှည့်ကြည့်လိုက်တယ်။
“လောဖူးဘက်က အပြစ်အားလုံးကို ခံယူဖို့ ဆန္ဒရှိနေတော့လည်း သူ့ကို ထောင်ထဲပို့ထားလိုက်တော့… သမားတော်အဖွဲ့အစည်းရဲ့တရားရုံးမှာ သူ့ကို စီရင်မယ်… ဒီပြင် လုရာထင်ကို ဖြူစင်တယ်လို့ ငါမထင်ဘူး… ဒါကြောင့် ဆေးမြို့တော်က လူတွေအားလုံးကို အကျယ်ချုပ် ချုပ်ထားလိုက် သူ့အပြစ်ကို ဝန်ခံပြီးသွားလည်း လောဖူးကို ညှင်းပန်းနှိပ်စက်ပြီး စစ်ဆေးမယ်”
Chapter-640 End

Bạn đang đọc truyện trên: Truyen247.Pro