Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

622+632 (Unicode)

Unicode

ယွမ်လော့ဖုန်း
သရဲဘုရင်

Ghostwife-26

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

စာစဉ်(၂၆)
အပိုင်း(၆၂၂)
တောင်းပန်ခယမှု (၄)

တိတ်ဆိတ်သောခြံဝင်းအတွင်းမှာ.... ယွမ်လော့ဖုန်းတစ်ယောက် စိတ်ငြိမ်အေးချမ်းသော နေရာတစ်ခုမှာ ထိုင်နေခဲ့တယ်။ ကောင်းကင်ယံကို ငေးကြည့်ရင်း သူမရဲ့မျက်ဝန်းများ မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်တယ်။

"တစ်နှစ်ကြာခဲ့ပြီ"

ရှောင်မိသားစုရဲ့ လျှို့ဝှက်နယ်မြေထဲက ယွမ်ရှောင် ထွက်လာပြီးလား။ သူ ဒီနေရာက ထွက်လာရင်တော့ သူမကိုတွေ့ဖို့ သမားတော်ပြိုင်ပွဲကို လာမှာ သေချာတယ်။ ဒီအကြောင်းကိုတွေးရင်း သူမရဲ့ စိတ်ကို လျော့ချလိုက်ကာ သူမရဲ့မျက်နှာပေါ်မှာ အပြုံးလေးကို ဖြန့်ကျက်လိုက်တယ်။

"ယွမ်လော့ဖုန်း"

သူမရဲ့ ငြိမ်းချမ်းမှုကို နှောင့်ယှက်တဲ့ အသံတစ်သံ အဝေးမှ ပျံ့လွင့်လာခဲ့တယ်။ သူမလည်း အပန်းဖြေ ဥယျာဉ်တဲ ထောင့်တိုင်ကို မှီကာ သူမရဲ့ လက်ကို ဦးခေါင်းနောက်မှီထားလိုက်တယ်။ ခြံဝင်းအပြင်ဘက်မှ သူမအနားကို ရောက်လာတဲ့ လူအုပ်စုကို ငေးကြည့်လိုက်တယ်။

သူတို့ထဲက တစ်ယောက်ကတော့ ဒီကနေ့ တွေ့လိုက်ရတဲ့ လုရာထင်ပါ။ ဒုတိယ တစ်ယောက်ကတော့ ထာဝရ ရှင်သန်သူနဲ့ တူတဲ့ အဘိုးအို တစ်ယောက်.... တတိယ တစ်ယောက်ကတော့ ခန့်ညားတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်၊ အဘိုးအိုကတော့ မထီမဲ့မြင်ဟန်တူပြီး သတ်လတ်ပိုင်း အမျိုးသားရဲ့ မျက်ဝန်းများက မောက်မာဟန်ရှိတယ်။ ခဏလေးအတွင်းမှာ ယွမ်လော့ဖုန်းလည်း သတ်လတ်ပိုင်း အမျိုးသား ဘယ်သူလဲဆိုတာ သိသွားခဲ့တယ်။

လုကော ဆေးမြို့တော် သခင်...။

ဦးငယ်လေး ဒုက္ခရောက်အောင် ကြိုးပမ်းခဲ့တဲ့ အဓိက ရန်သူတော်ကြီး။

သူတို့ကို ကြည့်နေရင်း သူတို့အားလုံး အလျင်စလို လျှောက်လှမ်းလာခဲ့တယ်။ သူမလည်း နှုတ်ခမ်းထောင့်ကို အသာအယာ ပင့်တင်လိုက်ပြီး
"ဒီနေရာက ရှင်တို့ကို မဖိတ်ခေါ်ဘူး"

လုကောရဲ့မျက်နှာက မည်းမှောင်သွားလေတယ်။ ဒါပေမဲ့လည်း လုရာထင်ပြောတဲ့ စကားကို တွေးမိတော့ သူ့ရင်ထဲက ဒေါသစိတ်ကို ဖိနှိပ်ဖို့ ကြိုးစားလိုက်တယ်။
"ငါ မင်းကို တောင်းပန်ဖို့ လာခဲ့တာ"

"တောင်းပန်မယ်..."
ယွမ်လော့ဖုန်းလည်း လုကောကို စဉ်းလဲစွာ ကြည့်လိုက်တယ်။
"ကောင်းပြီ... ဒါဆို ဒူးထောက်မယ်"

သူမပြောလိုက်တဲ့ စကားက မောက်မာလွန်းပြီး အထက်စီးဆန်လွန်းတယ် သူမ က လုကောကို မလေးစားတာ ထင်ရှားနေတာပါပဲ။

"လူပါး မဝနဲ့ ယွမ်လောဖ့ုန်း"
လုကောလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ သူ့မျက်နှာက အင်မတန် ဖြူဖျော့နေခဲ့တယ်။

"ဖေဖေ"
လုရာထင်လည်း မျက်မှောင်ကြုတ်ကာ အသံနိမ့်ပြောလိုက်တယ်။
"သူ့ဒေါသစိတ်ကို ဖိနှိပ်ထားတာ အကောင်းဆုံးပဲ ယွမ်လော့ဖုန်းက ပါရမီရှိတယ်... အခုတည်းက ကိုယ့်ဘက်ပါအောင် ဆွဲမထားနိုင်ရင် တခြားအကြီးအကဲတွေ လက်ဝါးကြီး အုပ်သွားမယ်.... အဲ့အချိန်ဆို... သမီးတို့တွေ အထောက်အပံ့ကောင်းကို ဆုံးရှုံးသွားလိမ့်မယ်... အဖေလည်း လက်စားချေလို့ မရတော့ဘူး"

လုကောရဲ့မျက်နှာက ပြောင်းလဲသွားခဲ့တယ်။ လုရာထင်ပြောတာ အမှန်ဆိုတာ သူ သိနေတယ်လေ။ ယွမ်လော့ဖုန်းသာ တခြား အကြီးအကဲဘက် ရောက်သွားရင် သူတို့ အထောက်အပံ့ကောင်းကို ဆုံးရှုံးပြီး လက်စားချေလို့ မရတော့ဘူး။ ဒီအကြောင်းကို တွေးမိတော့ သူလည်း အသက်ခပ်ပြင်းပြင်း ရှုလိုက်ကာ ဒူးထောက်လိုက်တယ်။
"ကျွန်တော့်အမှားပါ... တောင်းပန်ပါတယ်"

"သြော်...မှားမှန်း သိပြီလား"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။
"ဒါပေမဲ့ ငါ့ကို ဦးတိုက် မတောင်းပန်ဘူး... ရှင့်တောင်းပန်မှုကို လက်ခံသင့်လား"

လုကောမှာ ဒေါသများ ပိုပြင်းထန်လာရတယ်။ သူ့မျက်နှာက နီမြန်းနေပြီး သူ့မျက်ဝန်းက ဒေါသများ ပြည့်နှက်နေခဲ့တယ်။ ဒူးထောက်တာက သူ လုပ်နိုင်တဲ့ နောက်ဆုံး အခြေအနေပါပဲ။ ဦးတိုက် တောင်းပန်ဖို့ ဒီမိန်းမက ပြောရဲတယ်။

"ဖေဖေ..."
လုရာထင်လည်း သူ့ကို ဖျောင်းဖျဖို့ ကြိုးစားတယ်။
"အရင် ကြိုးစား အားထုတ်ထားတာကို အလကား ဖြစ်စေချင်လို့လား"

အရင်ကြိုးစား မှု... ဒီစကားက လုကောရဲ့ ရင်ကို ထိရှစေတယ်။ လက်သီးကို ကျစ်နေအောင် ဆုပ်ကာ ခေါင်းကို မြေကြီးနဲ့ တိုက်လိုက်တယ်။

"ရပြီလား"
သူမကို ဦးတိုက်ပြီးနောက် လုကောလည်း မတ်တတ် ရပ်လိုက်တယ်။သူ့မျက်နှာက ညိုမည်းနေပြီး မျက်ဝန်းများက ဒေါသပြည့်နှက်နေခဲ့တယ်။
"ငါ တောင်းပန်တယ်လို့ ပြောပြီးပြီ.... ဦးတိုက်လည်း တောင်းပန်ပြီးပြီ... မင်းစကားကို တည်ပြီး ငါ့ကို ခွင့်လွှတ်လိုက်တော့"

"စကားတည်ရမယ်"
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
" ရှင့်ကို ဘာကတိမှ မပေးထားဘူး... ဒူးထောက် ဦးတိုက်ဖို့ပဲ ပြောခဲ့တာ... ကျွန်မ အမိန့်ပေးတိုင်း လုပ်မယ်လို့ မထင်ခဲ့ဘူး"

Chapter-622
End

အပိုင်း (၆၂၃)

တောင်းပန်ခယမှု(၄)

အခုတော့ လုကော တစ်ယောက်တည်းတင်မဟုတ် လုရာထင်နဲ့ လောဖူးတို့ပါ ဒေါသ ဖြစ်ရတယ်။

ဒီမိန်းမက ငါတို့ကို လှည့်စားနေတာပဲ။

"ကောင်မလေး..."လောဖူးရဲ့ မျက်ဝန်းများက မည်းမှောင်သွားလေတယ်။

"မင်းရဲ့မကျေနပ်မှုကြောင့် ဆေးမြို့တော်လည်း အတော့်ကို ထိခိုက်ခဲ့ရပါတယ်"

"သူတို့က မင်းရဲ့ပြစ်မှုကို ခွင့်လွှတ်ပေးပြီး....လာတောင်းပန်နေတာပါ...ပြီးထားသမျှ ကိစ္စတိုင်းကို မေ့ထားလိုက်ပါလား"

ဒီစကားကို ကြားလိုက်ရတော့ ယွမ်လော့ဖုန်းလည်း ဟားတိုက် ရယ်မောလိုက်တယ်။

"ထိခိုက် နစ်နာရတယ်...ဟုတ်လား"

"သူတို့ဘက်က ဘာများဆုံးရှုံး နစ်နာခဲ့လို့လဲ...ကျွန်မရဲ့ ဦးငယ်လေးလို အမှောင်ထဲ ဆယ်နှစ်လောက် နေခဲ့ရလို့လား...သူ့လို ဆယ်နှစ်လောက် ကံဆိုးမိုးမှောင်ကျ ခဲ့လို့လား"

မျက်မှောင်ကြုတ်ရင်း လောဖူးလည်း စိတ်မရှည် ဖြစ်လာရတယ်။

"ဆေးမြို့တော် သခင်လေးလည်း မင်းတို့ဘက်ကြောင့် စိတ်ထိခိုက် နာကျင်ခဲ့ရတယ်လေ...နှစ်ပေါင်းများစွာ ကြာလဲ မသက်သာခဲ့ဘူး၊ဒါက ယွမ်ချင်ရာရဲ့ အမှား မဟုတ်ဘူးလား၊ဒါပေမဲ့ ဆေးမြို့တော်ဘက်က မင်းတို့ကို ခွင့်လွှတ်ပေးပြီး တောင်းပန်စကား ပြောနေပြီလေ...ဒါကို ဘာလို့ လက်မခံရလဲ....မင်းအစား ရှက်မိတယ်"

"တရားမျှတလွန်းပါတယ်...ရှုံးသွားတော့ ရှုံးမဲ မဲပြီး...ဆေးမြို့တော်က အစွမ်းမြင့်တဲ့လူတွေကို လွှတ်ပြီး လက်တုံ့ပြန်ခိုင်းတယ်"

ညစ်ကျယ်ကျယ် အပြုံးနဲ့ ယွမ်လော့ဖုန်းလည်း လူအိုကြီးကို ကြည့်လိုက်တယ်။

"ရှင်သာ ရန်မူခံရသူဆိုရင်....ဦးလေး အမှားလို့ ထင်မလား"

ဆေးမြို့တော်က သိက္ခာမဲ့တာ အံ့သြစရာမရှိဘူး။ သူတို့ကို ကျောထောက်နောက်ခံပြုနေတဲ့ သမားတော်အဖွဲ့အစည်း ကိုယ်တိုင် ဂုဏ်သိက္ခာမဲ့လွန်းတယ်။

လောဖူးလည်း ရှက်ရွံ့မိပါတယ်။

"ဆေးမြို့တော်က မှားခဲ့ရင်တောင်...လုကောဘက်က မင်းကို တောင်းပန်နေပြီလေ..ဘာလို့များ ဆိုးယုတ်သူကို ဂရုဏာ မထားနိုင်ဘူးလား "

လောဖူးအပြင် တခြားသောသူများလည်း သူမကို ဒီစကားပြောဖူးပါတယ်။

ဆိုးယုတ်သူကို ဂရုဏာထားရမယ်...။

"အားနာပါတယ်....ကျွန်မက မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး...သွားတစ်ချောင်း သွားတစ်ချောင်း တန်ရာတန်ကြေး ပြန်လက်တုံ့ပြန်ဖို့ပဲ သိတယ်"

"ကျွန်မကတော့ ဆေးမြို့တော်ကို လက်စားချေရမှာပဲ..."

သူမရဲ့ ပလွှားသော အထက်စီးဆန်သည့်အသံက တိတ်ဆိတ်သော ခြံဝင်းအတွင်း ပျံ့လွင့်လာခဲ့တယ်။

လောဖူးရဲ့မျက်နှာက ချက်ချင်း မည်းမှောင်သွားတယ်။သူမကို ဆုံးမကို လက်ရွယ်လိုက်ချိန်သူ့လက်ကို လုရာထင်က ဟန့်တားသွားခဲ့တယ်။

သူမလည်း လောဖူးကို ခေါင်းခါပြကာ

ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။

"မိန်းကလေး...ဒေါသထွက်နေတုန်းဆိုတာ နားလည်ပါတယ်...ဒါကြောင့် မိန်းကလေး ခွင့်လွှတ်ပေးဖို့ ကျွန်မတို့ဘက်က ဘာလုပ်ပေးရမလဲ ပြောပါ"

ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်များကို မြှင့်တင်ကာ ညစ်ကျယ်ကျယ် အပြုံးလေးကို ဖန်တီးလိုက်တယ်။

"ကောင်းပြီလေ...ဒါဆို...ဆေးမြို့တော် ပျောက်ကွယ်သွားရင် ခွင့်လွှတ်ပေးမယ်"

"ဟား..."

လောဖူး အရမ်းကို ဒေါသဖြစ်မိတယ်။ ဒါကြောင့် သူ့မျက်နှာက အရင်နဲ့မတူ တမူထူးခြားစွာ အေးတိအေးစက် ဖြစ်နေခဲ့တယ်။

"ယွမ်လော့ဖုန်း...မင်းက ငါတွေ့ဖူးသမျှထဲမှာ အဆိုးဝါးဆုံး ပလွှားဆုံး မိန်းကလေးပဲ...မင်းကို မျက်နှာချိုသွေးနေတယ်များ ထင်နေလား...မင်းက အရည်အချင်းရှိမှန်း ဝန်ခံပါတယ်...ဒါကြောင့်လည်း ငါ့ဘက်မှာနေဖို့ ဆွယ်ချင်ခဲ့တယ်...ဒါပေမဲ့ ဒီလောကကြီးထဲမှာ ပါရမီရှင် မင်း တစ်ယောက်တည်း မဟုတ်ဘူး"

ထို့နောက် လောဖူးလည်း ခဏရပ်တန့်ကာ ပြောလိုသော စကားကို ဆက်လက် ပြောကြားလိုက်တယ်။

"ဒီပြင် ပါရမီရှင်တွေက အသက်ရှည်ကြလို့လား... ဒါကြောင့် မင်း မသေဖို့ ဆုတောင်းပေးလိုက်ပါတယ်... ရာထင် ပြန်မယ်"

အဘိုးအိုရဲ့အသံက ခြိမ်းခြောက်နေတာ ရှင်းနေတာပါပဲ။ သူ ထွက်မသွားခင်မှာ ယွမ်လော့ဖုန်းကို နောက်ပြန် လှည့်ကြည့်လိုက်တယ်။ သူ့အကြည့်များက ခက်ထန် ကြမ်းကြုတ်နေခဲ့တယ်။ တခြား အဖွဲ့အစည်းထဲ ဝင်မှာကို စောင့်ကြည့်နေရတာထက် သတ်လိုက်တာ ပိုကောင်းပါတယ်။

"ယွမ်လော့ဖုန်း.... ငါ့ဆရာက စိတ်ဆိုးနေလို့ပါယယယယ စိတ်ထဲ မထားပါနဲ့..."

ယွမ်လော့ဖုန်းကို ကြည့်ရင်း လုရာထင်လည်း ခဏတာ တိတ်ဆိတ်သွားခဲ့တယ်။ ထို့နောက်...

"မင်း စိတ်ပြောင်းသွားခဲ့ရင် ငါ့ကို အသိပေးပါ"

လုရာထင်ရဲ့အတွေးထဲမှာတော့ ယွမ်လော့ဖုန်း သူမကို ခစားဖို့ အတတ်နိုင်ဆုံး ဖျောင်းဖျမှာပါ။ဒါပေမဲ့ သူမ (ယွမ်လော့ဖုန်း) ဘက်က ချိုးနှိမ်ဖို့ ဆန္ဒမရှိရင်တော့ ဆရာပြောတဲ့ အမိန့်အတိုင်း သတ်ရတော့မှာပေါ့။

Chapter-623

End

အပိုင်း(၆၂၄)

ပြိုင်ပွဲ စတင်ခြင်း(၁)

ခြံဝင်းအတွင်းမှ ထွက်ခွာလာပြီးနောက် လောဖူးလည်း သူ့စာကြည့်ဆောင်ထဲ ပြန်သွားလိုက်တယ်။ စာကြည့်ခန်းထဲ ရောက်သွားတာနဲ့ ထိုင်ခုံအနားကို သွားကာ သူ့ဝတ်ရုံကို ခါထုတ်ပြီး ဒေါနဲ့မောနဲ့ ထိုင်ချလိုက်တယ်။

"ဒီမိန်းကလေးက ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတယ်"

"ဆရာ..."

သူ့နောက်မှ လိုက်ကာ အခန်းထဲ ဝင်လိုက်တယ်။ ကြော့ရှင်းသော အပြုံးလေးနဲ့

"ယွမ်လော့ဖုန်း ကိစ္စကို တပည့်လက် အပ်ထားလိုက်ပါ... စကားနားထောင်လာဖို့ အကောင်းဆုံး ကြိုးစားပါမယ်"

လောဖူးလည်း သက်ပြင်းချလိုက်တယ်။

"ဒီမိန်းကလေးက အရမ်းကိုခေါင်းမာတယ်၊ သူမကို အလွယ်တကူ အယုံမသွင်းနိုင်မှာ စိုးရိမ်မိတယ်"

"တပည့်ကို အချိန်ပေးပါ... နောက်တစ်ကြိမ် ကြိုးစားကြည့်ပါမယ်"

လုရာထင်လည်း မျက်ဝန်းကို အနည်းငယ် မှေးစဉ်းလိုက်တယ်။ သူမရဲ့မျက်ဝန်းမှ လူသတ်ငွေ့များ ဖိတ်ဖိတ်တောက်နေခဲ့တယ်။

"အလုပ်မဖြစ်ရင်လည်း သူမကို သတ်လိုက်ပါမယ်"

"ကောင်းပြီလေ"

လောဖူးရဲ့မျက်နှာက ခက်ထန်နေခဲ့ပြီး သူ့မျက်ဝန်းများက သွေးအေး ရက်စက်နေခဲ့တယ်။

"ရာထင်... မင်းက လူရည်လည်ပါတယ်၊ သူမရဲ့ထောက်ချောက်ထဲ မကျဖို့ သတိပြုပါ... သရဲဘုရင်လည်း သမားတော်အဖွဲ့အစည်းကို လာမယ် ကြားထားတယ် သုံးရက်အတွင်း ရောက်လိမ့်မယ်၊ ဒါကြောင့် ပြင်ဆင်ထားတော့... သူရောက်လာရင် ဘယ်မိန်းကလေးမှ သူ့အနား မကပ်စေနဲ့"

သရဲဘုရင်ကို ဖြားယောင်းချင်တဲ့ မိန်းကလေး အများကြီး ရှိနေတယ်၊ ဒါကြောင့်လည်း လောဖူးက ရာထင်ကို အလေးအနက် သတိပေးနေတာပေါ့။

ရာထင်လည်း ခေါင်းညိတ်လိုက်တယ်။ သူမရဲ့မျက်နှာက တည်ကြည်လေးနက်နေခဲ့တာပေါ့။

"တပည့် သတိထားပါမယ်"

"ကောင်းပြီ.... မနက်ဖြန် ပြိုင်ပွဲစတော့မှာ... အနားယူလိုက်ဦး၊ ဒီအတောအတွင်း နောက်ခံရှိဖို့ အရေးပါတယ်ဆိုတာ သိဖို့ ယွမ်လော့ဖုန်း ကို သင်ခန်းစာပေးရမယ်... သူမကို ပြဿနာရှာထားလိုက်"

......

လရောင်က ရေကဲ့သို့ အေးမြနေခဲ့တယ်။

ယွမ်လော့ဖုန်း အိပ်နေစဉ်... တစ်စုံတစ်ယောက်က သူမရဲ့ အိပ်ခန်းတံခါးကို ခေါက်လာခဲ့တယ်။ သူမလည်း တအံ့တသြ မေးလိုက်တယ်။

"ဘယ်သူလဲ"

"လော့ဖုန်း... ကျုပ်ပါ.... အိပ်နေပြီလား"

ရုန်အကြီးအကဲရဲ့အသံက အပြင်မှ ပျံ့လွင့်လာခဲ့တယ်။

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ

"ရုန်အကြီးအကဲ နောက်ကျနေပြီ... ဘာကိစ္စရှိလို့လဲ"

"လော့ဖုန်း... မျက်နှာချင်းဆိုင် ပြောလို့ ရမလား"

"ကောင်းပြီ..."

ယွမ်လော့ဖုန်းလည်း တွေးတွေးဆဆနဲ့ ရုန်အကြီးအကဲရဲ့တောင်းဆိုချက်ကို လက်ခံလိုက်တယ်။

ကျွီ...

တံခါးကို တွန်းဖွင့်လာခဲ့တယ် မီးခိုးရောင်ဝတ်စုံနဲ့ ရုန်အကြီးအကဲ ဝင်ရောက်လာခဲ့တယ်။ ပုံမှန်အတိုင်း ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး သူ့အတွက် လက်ဖက်ရည်ခွက်ထဲ လက်ဖက်ရည်ကြမ်း လောင်းထည့်လိုက်တယ်။ ထို့နောက် တစ်ငုံသောက်ကာ မေးလိုက်တယ်။

"လော့ဖုန်း... လက်ဖက်ရည်ကြမ်း အရမ်းကောင်းတယ်.... ဘယ်က ဝယ်လာတာလဲ"

"ကျွန်မ ကိုယ်တိုင် စိုက်ထားခဲ့တာ.... သောက်မယ်ဆို...ပေးပါမယ်"

ယွမ်လော့ဖုန်းလည်း ဝတ်ရုံကို ခါလိုက်ပြီး ရုန်အကြီးအကဲနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်တယ်။

"ဘာကိစ္စများလဲ"

"လုရာထင်နဲ့ လုကောတို့ လော့ဖုန်းကို ဒီနေ့လာတွေ့တယ် ကြားလို့"

ရုန်အကြီးအကဲလည်း ယွမ်လော့ဖုန်းကို ကြည့်ကာ မေးလိုက်တယ်။

ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။

"အဘိုးကြီးတစ်ယောက်လည်း ပါလာတယ်... ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင်... လူအိုကြီးက သူ့ဆရာ ဖြစ်ရမယ်"

သူမစကားကို ကြားလိုက်တော့ ရုန်အကြီးအကဲလည်း သုန်မှုန်သွားခဲ့တယ်။

"ဒီကို သူက ဘာအကြောင်းကြောင့် လာတာလဲ သူတို့ မင်းကို ထိခိုက်စေခဲ့လား"

သူမရဲ့ သေးသွယ်သော လက်ချောင်းများနဲ့ လက်ဖက်ရည်ခွက်ကို ညင်သာစွာ ဆုပ်ကိုင်ရင်း သူမရဲ့နှုတ်ခမ်းနား တေ့လိုက်တယ်။ တစ်ငုံသောက်ကာ ခွက်ကို ပြန်ချထားလိုက်တယ်။

"သူတို့ဘက်မှာ နေဖို့ ဆွယ်နေတာပါ"

သူတို့ဘက်မှာ နေဖို့ ဆွယ်တယ်...။(သူတို့ဘက်တော်သား ဖြစ်ဖို့)

ရုန်အကြီးအကဲလည်း ကြောင်အမ်းအမ်းဖြစ်ကာ မျက်မှောင်ကြုတ်လိုက်တယ်။

"ငါ့အထင် မမှားဘူးဆိုရင် ဒါက လုရာထင်ရဲ့အကြံ ဖြစ်ရမယ်... သူ့အဖေနဲ့ သူ့မောင်ထက် လုရာထင်က ပို အကြံကြီးတယ်... သူမအတွက် ဘာက အကောင်းဆုံးလဲ သိတယ်... လော့ဖုန်းက အသုံးဝင်မှန်းသိလို့ သူတို့ဘက်ပါဝင်ဖို့ အယုံသွင်းနေတာ... ဒါနဲ့ ကျုပ်အထင် မင်း ငြင်းလိုက်တယ်မလား"

ထပ်တွေးနေစရာတောင် မလိုအပ်ဘူး ယွမ်လော့ဖုန်းက ငြင်းလိုက်မှာပါ။

"ဒါနဲ့...လော့ဖုန်း... ရာထင်က အလွယ်တကူ လက်လျော့မှာ မဟုတ်ဘူး သူတို့ဘက်ဆွယ်ဖို့ တခြားနည်းလမ်း ရှာဦးမှာ...ဒါနဲ့ ဒီကို လာခဲ့တာ တခြား အကြောင်းအရင်းကြောင့်...."

Chapter-624

End

အပိုင်း(၆၂၅)

ပြိုင်ပွဲစတင်ခြင်း (၂)

ရုန်အကြီးအကဲမှာ တည်ငြိမ်သွားခဲ့တယ်။

"နှစ်တိုင်း သမားတော်ပြိုင်ပွဲမှာ ပါဝင်ဖို့ ငယ်ရွယ်တဲ့ သမားတော်များကို ဖိတ်ကြားလေ့ရှိတယ် ဒါကြောင့်လည်း မင်းအတွက် ဖိတ်ကြားလွှာကို အလွယ်တကူ ရတာပေါ့ ဒီပြင်ပြိုင်ပွဲမစတင်ခင်မှာ သမားတော်ငယ်များက အစမ်းပြိုင်ပွဲ ဖြေဆိုရတယ် ၊ ပြီးရင် သူတို့ကို အမျိုးမျိုးသော ဂိုဏ်းခွဲတွေက သူတို့ဘက်ပါအောင် ဆွယ်ကြမယ်"

ရုန်အကြီးအကဲလည်း ခဏရပ်တန့်ပြီး ဆက်ပြောတယ်။

"ဒါကြောင့် ပြိုင်ပွဲ မစတင်ခင်မှာ သမားတော်အဖွဲ့အစည်းရဲ့ အကြီးအကဲ အားလုံးက တပည့်ရွေးချယ်ခြင်းနဲ့ အလုပ်များနေမှာ... ကျုပ်အထင် ဒီရက်ပိုင်း လောဖူးအပြင် တခြားသော အကြီးအကဲတွေလည်း သူတို့ဘက်ပါဖို့ မင်းကို ဆွယ်လိမ့်မယ်..."

ယွမ်လော့ဖုန်းရဲ့လက်ချောင်းများက စားပွဲခုံကို ညင်သာစွာ တောက်လိုက်တယ်။ သူမရဲ့မျက်ဝန်းနက်မှာ စဉ်းလဲသော အလင်းတန်းများ ဖြာတန်းနေခဲ့တယ်။ လှောင်ပြုံးကို သူမရဲ့နှုတ်ခမ်းမှာ ချိတ်ဆွဲထားခဲ့တယ်။

လုကောသာ သမားတော်အဖွဲ့အစည်းမှာ မရှိရင် သူမလည်း ဒီနေရာကို လာခဲ့မှာ မဟုတ်ဘူး။

ရုန်အကြီးအကဲလည်း ခေါင်းကိုခါယမ်းလိုက်တယ်။ မဲ့ပြုံး ပြုံးကာ စကားပြောလာခဲ့တယ်။

"လော့ဖုန်း.... ဆေးမြို့တော်ရဲ့ ဖိတ်ကြားလွှာကို လက်ခံပြီးပြီဆိုတော့ မင်းသာ ပြိုင်ပွဲကို မတက်ရောက်ရင် မသင့်လျော်ဘူး... ပြီးတော့ဒီနှစ်ပွဲရဲ့ဆုလာဘ်က တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ"

"ဘာရတနာလဲ"

"နဂါးသလင်းကျောက်ဓား"

နဂါးသလင်းကျောက်ဓားက မှော်လက်နက် မဟုတ်ရင်တောင် သာမန်ထက်တော့ အစွမ်းထက်ပါသေးတယ်။ ဒါကြောင့်လည်း ရုန်အကြီးအကဲက ယွမ်လော့ဖုန်းကို ဖျောင်းဖျနေတာ မဆန်းတော့ပါဘူး။

ဆုလာဘ်က နဂါးသလင်းကျောက်ဓားလို့ သိပြီးတည်းက ယွမ်လော့ဖုန်းရဲ့မျက်ဝန်များ အရောင်တောက်လာခဲ့တယ်။

"ကောင်းပြီလေ.... ဒါဆို သမားတော်ပြိုင်ပွဲကို တက်ရောက်မယ်"

သူမ လိုချင်တာ နဂါးသလင်းကျောက်ဓား မဟုတ်ဘူး... သူ့အထဲမှာ နစ်မြှပ်နေတဲ့ နဂါးသလင်းကျောက်...။ဒီပစ္စည်းက ရုပ်သေးရုပ်တွေကို မွမ်းမံ့ဖို့ လိုအပ်တယ်။

"ဟား..."

နောက်ဆုံးတော့ သူလိုချင်တဲ့ အဖြေကို ရလိုက်ပြီ။ ရုန်အကြီးအကဲလည်း မတ်တတ် ရပ်ကာ ရယ်မောလိုက်တယ်။

"လော့ဖုန်း မနက်ဖြန် အစမ်းပြိုင်ပွဲအတွက် ပြင်ဆင်ထားလိုက်တော့... ဒါဆို မင်းကိုာ မနှောင့်ယှက်တော့မယ်... နောက်မှ တွေ့မယ်"

ဒီစကားကို ပြောပြီးနောက် သူလည်း ပြုံးပျော်ရွှင်ကာ ထွက်ခွာလာလိုက်တယ်။ သူ့မှာ စိတ်ကြည်လင်ရင်း မျက်နှာက ရွှှုင်လန်းနေခဲ့တယ်။

ရုန်အကြီးအကဲ ထွက်သွားပြီးနောက် လေပြေလေညင်လေးက ညင်သာ သူမရဲ့ အခန်းထဲ တိုက်ခတ်လာခဲ့တယ်။

ခက်ထန်သော အကြည့်က သူမရဲ့မျက်ဝန်းမှာ ကူးလူးသွားခဲ့တယ်။ သူမလည်း လှည့်ကာ ပြတင်းပေါက်ကို ဖြတ်ခနဲ ကြည့်လိုက်တယ်။

"ဘယ်သူလဲ ထွက်လာခဲ့စမ်း..."

"သခင်မ... ကျွန်တော်ပါ"

ရင်နှီးသော အသံကို ပြတင်းပေါက်မှ ဖြတ်သန်းလာခဲ့တယ်။ ထို့နောက် မီးခိုးရောင် ဝတ်စုံနဲ့ ချင်ယွမ်တစ်ယောက် ယွမ်လော့ဖုန်းရှေ့နား ခုန်ဆင်းလာခဲ့တယ်။

"ချင်ယွမ်"

ယွမ်လော့ဖုန်းလည်း မှင်တက်သွားရတယ်။

"ဒီကို ဘာကြောင့် ရောက်နေတာလဲ"

ယွမ်လော့ဖုန်းကို ကြည့်ရင်း ချင်ယွမ်လည်း ရိုသေလေးစားစွာ ပြန်ဖြေလိုက်တယ်။

"သခင်မ... ဒီကိုလာမယ်မှန်း သခင်က သိနေခဲ့လို့ သူလာမယ်ဆိုတဲ့ အကြောင်း ကျွန်တော်ကို လာပြောခိုင်းလိုက်လို့ပါ ဒါပေမဲ့ သူ့မှာ အဆောတလျင် ဖြေရှင်းစရာ ကိစ္စရှိလို့ ရက်ပိုင်းလောက်တော့ ကြာဦးမယ် ပြောတယ်"

ယွမ်ရှောင်လာမယ်...

ယွမ်လော့ဖုန်းအတွက်တော့ ဒီသတင်းကို ကြားရတာ ဝမ်းသာမိတယ်။ သူမရဲ့မျက်ဝန်းနက်များက ပျော်ရွှင်မှုကြောင့် တောက်ပနေခဲ့တယ်။

"ငါသိပြီ... ဒီမှာ သူ့ကို စောင့်မျှော်နေမယ်"

"ဒါနဲ့... ချင်ယွမ်... ငါ့မိသားစု အဆင်ပြေရဲ့လား... ငါ့မိသားစုကို နှောင့်ယှက်သူ ရှိလား"

ချင်ယွမ်လည်း ခေါင်းခါလိုက်တယ်။

"သခင်မ မရှိတဲ့အချိန်... နင်အကြီးအကဲက စစ်သူကြီးအိမ်တော်မှာ နေထိုင်ခဲ့တယ်... ဒါကြောင့် ဘယ်သူမှ လာမရှုပ်ရဲပါဘူး... ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့ သခင်မ"

ဒီပြင် သူ့သခင်ရဲ့ သီးသန့် ကျင့်ကြံခြင်းလည်း ပြီးဆုံးသွားပြီး သူ့ရှေ့မှာ ဘယ်သူက စစ်သူကြီးအိမ်တော်ကို ရန်စရဲမလဲ။ ဒါက မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းနဲ့ တူမနေဘူးလား။

Chapter-625

End

အပိုင်း(၆၂၆)

ပြိုင်ပွဲ စတင်ခြင်း(၃)

ယွမ်လော့ဖုန်းလည်း ပြန်မမေးခင်မှာ တွေးတော ချင့်ချိန်လိုက်တယ်။

"ဦးငယ်လေးနဲ့ ပတ်သက်တဲ့ သတင်းကြားသေးလား"

"အမ်..."

ချင်ယွမ်လည်း ခေါင်းကုတ်ရင်း

"သခင်ချင်ရာက စစ်သူကြီးအိမ်တော်ကို ပြန်မလာသေးဘူး... ဒါကြောင့် သူ့သတင်း မကြားဘူး... ဘယ်ရောက်နေမှန်းလဲ မသိဘူး"

နှလုံးခုန်ဖို့ မေ့လျော့သလို ခံစားလာရပြီး ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။ သူမရဲ့ အကြည့်များက စိုးရိမ်ကြောင့်ကြရိပ်များ ပေါ်လွင်လာခဲ့တယ်။ တစ်နှစ်တောင် ကြာခဲ့ပြီး ဦးငယ်လေးက စစ်သူကြီးအိမ်တော်ကို ပြန်မလာဘူးလား... သူ ဘယ်များ ရောက်နေလဲ။ မတော်တဆမှုများ ဖြစ်လို့လား။

"သခင်မ... မစိုးရိမ်ပါနဲ့..."

ယွမ်လော့ဖုန်း စိုးရိမ်နေမှန်း သတိထားမိတော့ ချင်ယွမ်လည်း သူမကို အလျင်အမြန် နှစ်သိမ့်စကား ပြောလိုက်တယ်။

"သခင်ချင်ရာ အဆင်ပြေမှာပါ.... တရားကျင့်ကြံဖို့ တစ်နေရာရာ သွားတာ ဖြစ်မှာပါ... မကြာခင် ပြန်လာတော့မယ်လို့ ကျွန်တော် ထင်ပါတယ်"

"ငါလည်း ဒီလိုဖြစ်ဖို့ မျှော်လင့်ပါတယ်"

ယွမ်လော့ဖုန်းလည်း တွန့်ချိုးထားတဲ့ မျက်ခုံးများကို ဖြေလျော့လိုက်တယ်။

"ပြိုင်ပွဲ ပြီးတာတောင် ပြန်မလာရင် ဦးငယ်လေးကို ကျွန်မကိုယ်တိုင် ပြန်လမ်းမဲ့ သစ်တောထဲ သွားရှာမယ်"

....

သမားတော်ပြိုင်ပွဲကို လေးထောင့်ကွက်လပ်မှာ ကျင်းပမှာပါ။ သိပ်မကြာခင်မှာ နေထွက်လာပြီး အဆောက်အဦမှာ လူများဖြင့် ပြည့်နှက်နေခဲ့တယ်။

လူအားလုံးက သတ်မှတ်ထားတဲ့နေရာမှာ နေရာယူပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတယ်။

ခဏကြာတော့ အဝါရောင်ဝတ်ရုံနဲ့ လုရာထင်တစ်ယောက် ရောက်လာပြီး သူမနောက်မှာ သမားတော်အဖွဲ့အစည်းရဲ့တပည့်များ လိုက်ပါလာခဲ့တယ်။ ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် သူမရဲ့ ပုံစံ တော်ဝသင် မင်းသမီးတစ်ယောက်နဲ့ တူနေခဲ့တယ်။ လုရာထင်လည်း ဘေးဘယ်ညာ လှည့်ကြည့်လိုက်ပြီး ယွမ်လော့ဖုန်းကို မြင်တော့ ရပ်တန့်လိုက်တယ်။ ဒါပေမဲ့လည်း သူမရဲ့အကြည့်ကို အလျင်အမြန် ရုပ်သိမ်းလိုက်တယ်။

"ဂုဏ်သရေရှိ မိန်းမပျိုများနဲ့ လူကြီးမင်းများ... ကျွန်မက သမားတော် ပြိုင်ပွဲရဲ့ ဒိုင်ပါ.... ကိုယ်ရေးကိုယ်တာကို ထည့်မတွက်ဘဲ မျှမျှတတ အမှတ်ပေးမယ်လို့ ကတိပေးပါတယ်"

လုရာထင်လည်း တိကျပြတ်သားသော အကြည့်နဲ့ ကြည့်လိုက်တယ်။

"ဒါဆို... အခု အစမ်းပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်းတွေကို မိတ်ဆက်ပေးပါမယ်"

"ဒီအစမ်းပြိုင်ပွဲကိုလည်း သမားတော်အဖွဲ့အစည်းကကျင်းပတယ်။ ဒါကြောင့် ဒီပွဲမှာ ဆေးပညာစွမ်းရည် အကြောင်းပဲ ဖြစ်မယ်.... ဒါကြောင့် တစ်ယောက်ချင်းစီကို လူနာတစ်ယောက် ခွဲဝေပေးမယ် သတ်မှတ်ထားတဲ့ အချိန်အတွင်း လူနာကို ကုသပေးရမယ်... အကယ်၍ မကုသပေးနိုင်ရင် အစမ်းပြိုင်ပွဲမှာ ကျဆုံးမယ်... နားလည်ရဲ့လား"

လုရာထင်ရဲ့ စကားကို ကြားပြီးနောက် လူရွယ် သမားတော်အားလုံး စိတ်လှုပ်ရှားစွာ သံပြိုင်အော်ကြတယ်။

"ဟုတ်ကဲ့"

"ကောင်းပြီ... ဒါဆို မင်းတို့ လူနာတစ်ယောက်ချင်းစီ ခွဲဝေပေးမယ်"

လုရာထင်လည်း ယွမ်လော့ဖုန်းကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ သူမရဲ့လှပသော မျက်ဝန်းမှ ဖြုံလောက်သော အလင်းတန်းများ တဖျတ်ဖျတ်လက်နေခဲ့တယ်။

ယွမ်လော့ဖုန်း... နင့်ကို ငါတို့ဘက် ဆွယ်နိုင်ဖို့ လှည့်ဖျားရတော့မှာပေါ့။ မင်းသာ မင်းရဲ့ ပြိုင်ဘက်တွေ အနိုင်ယူသွားနိုင်ရင် တခြားသောအကြီးအကဲတွေက မင်းကို မျက်စိကျသွားတော့မှာ။

ဒါကြောင့် ငါ နင့်ကို အစမ်းပြိုင်ပွဲ ကျဆုံးစေမယ်။

လုရာထင်လည်း သက်ပြင်းရှိုက်လိုက်တယ်။ ယွမ်လော့ဖုန်းကို တခြားသောသူတွေကို ဆွယ်ချင်တဲ့ အတွေး စွန်ွှ့လွှတ်နိုင်အောင် လုပ်ဆောင်နိုင်သ၍ သမရဲ့စိတ် ညစ်တေးလည်း ကိစ္စမရှိဘူး။

သိပ်မကြာခင်မှာ လူနာတစ်စုကို အဆောက်အဦအတွင်း သယ်ဆောင်လာခဲ့ပြီး သမားတော် တစ်ယောက်ချင်းစီကို ခွဲဝေပေးတယ်။

သူမရဲ့ရှေကမှာ ညည်းညူနေတဲ့ လူငယ်ကို စိုက်ကြည့်ရင်း ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းကို မှေးကျဉ်းလိုက်တယ်။ သူမရဲ့မျက်ဝန်းအကြည့်များ မာယာများသော အသွင်သဏ္ဍန်ကို ဆောင်ကျဉ်းနေခဲ့တယ်။ သူမလည်း သွေးအေးစွာ မေးလိုက်တယ်။

" သူက နေမကောင်းတာ မဟုတ်ဘူး"

တိတ်ဆိတ်နေသော အဆောက်အဦအတွင်း သူမပြောလိုက်တဲ့ စကားကို လူအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။

"မင်း ဘာပြောလုက်တယ်"

လူငယ်လေးရဲ့မျက်နှာထား ပြောင်းလဲသွားပြီး ဒေါကန်စွာ အော်ဟစ် ပြောဆိုတော့တယ်။

"ဒီမှာ သေမတတ် နာကျင်နေရတာ... ငါ နေမကောင်း မဖြစ်ဘူးလို့ ပြောရဲတယ်... နင်က သမားတော် အစစ်မှ ဟုတ်ရဲ့လား သွေးကြောမစမ်းဘဲ နေမကောင်းတာ မဟုတ်ဘူးလို့ ပြောရဲတယ်လား"

ယွမ်လော့ဖုန်းလည်း သူ့ကို မာယာများစွာ ငေးကြည့်လိုက်တယ်။

"ကျွန်မ မေးချင်တာက ဘာကြောင့် နေမကောင်းချင်ယောင် ဆောင်နေတာလဲ"

နေမကောင်းချင်ယောင်ဆောင်တယ်...။

ပရိသတ်အလယ် ထိုင်နေတဲ့ ရုန်အကြီးအကဲလည်း မှင်တက်သွား့ပြီး ယွမ်လော့ဖုန်းနဲ့ လုရာထင်လည်း တအံ့တသြ ကြည့်လိုက်တယ်။ သူ့မျက်ဝန်းက တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

သူအံ့သြမိတာက လုရာထင်က ဒီအခြေအနေအထိ ရောက်အောင် လုပ်ဆောင်ရဲတာကိုပဲ။

လူငယ်လေးက နေမကောင်းချင်ယောင်ဆောင်ဖို့ ဆက်လက် စိတ်အားထက်သန်နေသ၍ ယွမ်လော့ဖုန်းရဲ့ ဆေးပညာအစွမ်း နိမ့်ပါးတယ်လို့ သူမက ကြေညာလိမ့်မယ်။ ဒီရလာဒ်ကြောင့် ယွမ်လော့ဖုန်းကို ဆွယ်ချင်တဲ့ အကြီးအကဲတွေ လက်လျော့သွားလိမ့်မယ်။

Chapter-626

End

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၆)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး
627+628
ကြားရက်များတွင် တစ်နေ့ ၂ပိုင်း ပိတ်ရက်မှာ တစ်နေ့၅ပိုင်းပါ။ တစ်ပတ်ကို အပိုင်း၂၀ တင်မည့် gpဖြစ်သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အပိုင်း(၆၂၇)
ပြိုင်ပွဲစတင်ခြင်း (၄)

လုရာထင်လည်း မျက်မှောင်ကြုတ်လိုက်တယ်။ ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါး ကြည့်ကာ မေးလိုက်တယ်။
"ငါတို့ကရောဂါ ပြင်းထန်တဲ့ လူနာတွေကို ရွေးချယ်ပေးထားတာ အမှားအယွင်း မရှိနိုင်ဘူး သူ့ခန္ဓာကိုယ်မှာ တစ်စုံတစ်ရာ မှားယွင်းနေတာ ဖြစ်မယ်... ယွမ်မိန်းကလေး... မင်း အရင်ဆုံး သွေးကြောစမ်းသပ်သင့်တယ်"

"မလိုအပ်ဘူး..."
ယွမ်လော့ဖုန်းလည်း ခေါင်းကို ခါယမ်းလိုက်တယ်။ သူမနဲ့ မလျော့စတမ်း ပြောလိုက်တယ်။
"သူ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိဘူး"

လူနာတင်ထမ်းစင်မှာ လဲလျောင်းနေတဲ့လူနာဟာ တကယ့်ကို နာကျင်နေသော ပုံစံပေါက်တယ်။ သူ့နဖူးမှ ချွေးအေးများ ကျဆင်းနေခဲ့တယ်။ သူ့ပုံစံက အတော့်ကို ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့တယ်။

"ငါ့ကို ကြည့်စမ်းပါ... ငါ့ပုံစံက နေမကောင်းချင်ယောင် ဆောင်နေတဲ့ ပုံစံပေါက်နေလား"
လူငယ်က အံ့ကြိတ်ရင်း ဒေါနဲ့မောနဲ့ အော်ဟစ်တော့တယ်။
"မင်းက တကယ့်ကို တဂတ်ဂတ် အော်နေတတ်တဲ့ ဘဲပဲ...ငါ့ရောဂါကို မကုသပေးနိုင်လို့ ငါ့ကို လိမ်ညာနေတယ်လို့ တထစ်ချ ပြောနေတာလား မင်းလို ဘဲမမျိုးကို သမားတော်ပြိုင်ပွဲ ပါဝင်ဖို့ ခွင့်မပြုသင့်ဘူး"

လုရာထင်က စင်မြင်ပေါ်မှာ ဝင်ရောက် စွက်ဖက်ခြင်းမရှိ ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်ကိုလက်ပိုက် ကြည့်နေခဲ့တယ်။ သူမရဲ့မျက်ဝန်းမှ ခက်ထန်သော အကြည့်များ ဖြာဆင်းနေခဲ့တယ်။ သူမရဲ့ နှုတ်ခမ်းထောင့်များကို အသာအယာ ပင့်တင်လိုက်ပြီး ခံစားချက် ကင်းမဲ့သော အမူအရာကို နောက်တစ်ဖန် ဟန်လုပ်လိုက်တယ်။

လူငယ်လေး ဟန်ဆောင်နေတာ ချက်ချင်း ရိပ်မိတော့ ယွမ်လော့ဖုန်းရဲ့ ဆေးပညာအစွမ်းက မဆိုးပါဘူး။ သမားတော်အဖွဲ့အစည်းရဲ့ ကျန်းအကြီးအကဲ ကိုယ်တိုင်တောင် သူ့ခန္ဓာကိုယ်ရဲ့ အခြေအနေ အမှန်ကို မသိဘူး။ လူငယ်လေး အလွန်အမင်း နေမကောင်းမှန်း သိသားစေရန် ထူးခြားသော နည်းလမ်း တစ်ချို့ကို သုံးထားတယ်လေ။ ဒါက ဝတ်ရုံ ခြုံထားသလိုပါပဲ။ သူမကလွဲရင် ဘယ်သူမှ အတုမှန်းသိမှာ မဟုတ်ဘူး။

"အဟွတ်..."
ချောင်းခြောက်သံက စင်ပေါ်မှ ထွက်ပေါ်လာခဲ့တယ်။ လုရာထင် ဘေးနားမှာ ရပ်နေတဲ့ အဘိုးအိုက စင်ပေါ်မှ ဆင်းလာခဲ့တယ်။ လေထဲမှာ လမ်းလျှောက်နေသကဲ့သို့ ယွမ်လော့ဖုန်းရှေ့ကို မျက်စိ တစ်မှိတ်အတွင်း ရောက်လာခဲ့တယ်။

"လူငယ်လေး နေမကောင်း ဖြစ်ချင်ယောင် ဟန်ဆောင်နေတယ်လို့ မိန်းမပျိုလေးက တထစ်ချ ပြောနေတယ်နော်... သူက အတုအယောင်လားဆိုတာ ငါ ဆုံးဖြတ်ပါရစေ..."
အဘိုးအိုရဲ့ သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း စင်မြင့်ပေါ်မှ လုရာထင်ကို ကြည့်လိုက်တယ်။
"တစ်စုံတစ်ယောက်က ပြိုင်ပွဲ စည်းကမ်းကို ချိုးဖောက်ပြီး အခွင့်အာဏာကို အလွဲသုံးစား လုပ်ခဲ့မှန်း ရှာတွေ့ခဲ့ရင် ခေါင်းဆောင်ကို ချက်ချင်း သတင်းပို့ရလိမ့်မယ်"

သမားတော်အဖွဲ့အစည်းက ဆေးမြို့တော်ကို အကာအကွယ်ပေးနေသော်လည်း သူတို့က သမားတော်အဖွဲ့အစည်းမှာ လိမ်ညာမှု ပြုလုပ်ဖို့် ခွင့်မပြုပါဘူး။မဟုတ်ရင်တော့ သူတို့ အလေးအမြတ်ထားရတဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာပေါ့။

ဒီစကားကို ပြောပြီးနောက် အဘိုးအိုလည်း ခါးကိုင်းလိုက်ပြီး သူ့လက်ချောင်းများကို လူငယ်လေးရဲ့ လက်ကောက်ဝတ်ပေါ် တင်ထားလိုက်တယ်။ ထို့နောက် မျက်မှောင်ကြုတ်ရင်း တည့်တည့်မတ်မတ် ရပ်နေလိုက်တယ်။ ခဏတာ စဉ်းစားခန်း ဝင်လိုက်တယ်။

"လူငယ်လေးရဲ့ သွေးခုန်နှုန်းမြန်နေတယ်... သူ နာကျင်နေတာ အမှန်အကန်ပါ... ငါ့အတွေ့အကြုံနဲ့တောင် သူ ဘာရောဂါ ဖြစ်နေလည်း ခန့်မှန်းလို့ မရဘူး... သူ နေမကောင်းတာ အမှန်လို့ ငါထင်တယ်"

အဘိုးအိုက ရိုးသား ပွင့်လင်းလွန်းတယ်....။ လူငယ်လေးရဲ့ ရောဂါက ဘာမှန်း ခွဲခြားလို့ မရတာကို ချက်ချင်း ဝန်ခံလိုက်တယ်။။ အများရှေ့မျက်နှာပျက်မှာကိုလည်း မစိုးရိမ်ဘူး။

ရုန်အကြီးအကဲလည်း အံ့သြမိတယ်။ သူ့မျက်ဝန်းမှာ အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေခဲ့တယ်။

လန်ဟုန်အကြီအကဲက သမားတော်အဖွဲ့အစည်းမှာ အတော်အသင့် လေးစားဖို့ ကောင်းတယ်။ သူက ဘယ်တော့မှ လိမ်ညာခြင်း မရှိသလို၊ လုရာထင်ကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ အခု... လူငယ်လေးက ဟန်ဆောင်တာ မဟုတ်ဘူးလို့ သူ ပြောနေတော့ ယွမ်လော့ဖုန်းရဲ့ ဆန်းစစ်ချက် မှားယွင်းနေတာ ဖြစ်ရမယ်။

မဟုတ်ဘူး။

သူက ယွမ်လော့ဖုန်းရဲ့ အစွမ်းစကို ယုံကြည်ခဲ့ပါတယ်။ လူငယ်လေးက လိမ်ညာနေတာလို့ သူမ ပြောတော့ အကြောင်းအရင်း တစ်စုံတစ်ရာတို့ ရှိရမယ်။ ရုန်အကြီးအကဲက ယွမ်လော့ဖုန်းအပေါ် ခိုင်မာစွာ ယုံကြည်ထားတယ်။

ဒီအတွေးကြောင့် ရုန်အကြီးအကဲလည်း သူ့နှလုံးသားထဲမှ မပြေလည်မှုများကို ဖိနှိပ်လိုက်ပြီး သူတို့နှစ်ဦးကို ကြည့်လိုက်တယ်။

"တောက်... ဒီမိန်းမ... ဘယ်ကနေများ ဖိတ်ကြားလွှာကို ခိုးယူလာလဲ... စက်ဆုပ်ဖွယ်ကောင်းတဲ့ ဆေးပညာ အရည်အချင်းနဲ့ သမားတော်ပြိုင်ပွဲကို ဝင်ပြိုင်ရဲတယ်လား"

"သူ... မကုသနိုင်လို့ လူငယ်လေးကို ဟန်ဆောင်နေတာလို့ ပြောတာ ဖြစ်မယ်...လန်ဟုန်အကြီးအကဲကလည်း ဒီလူငယ်လေး နေမကောင်းကြောင်း အတည်ပြုပြီးပြီ... ဟန်ဆောင်နေတာ မဖြစ်နိုင်ဘူး"

Chapter-627
End

အပိုင်း(၆၂၈)
လိမ်ညာခြင်းအတွက် ပြစ်ဒဏ် (၁)

ဒီလူများရဲ့ ထေ့ငေါ့မှုကို မကြားချင်ယောင်ဆောင်နေသကဲ့သို့ ယွမ်လော့ဖုန်းလည်း လူငယ်လေးအနား ဖြည်းညင်းစွာ လမ်းလျှောက်သွားကာ သူ့ကို ကြည့်လိုက်တယ်။

"လိမ်ညာရင် ဘာပြစ်ဒဏ်သင့်မယ်လို့ ထင်လဲ"

လူငယ်လေးရဲ့မျက်နှာက အနည်းငယ် ပျက်ယွင်းသွားရတယ်။ ခက်ထန်သော အလင်းတန်းများ သူ့မျက်ဝန်းမှ ဖြာလဲ့နေခဲ့တယ်။
"လန်ဟုန်အကြီးအကဲက ငါ့ခန္ဒာကိုယ်ကို စစ်ဆေးကြည့်ထားပြီးသားပါ... ငါ့မှာရောဂါရှိမှန်း သက်သေပြထားပြီးသား.. ငါ လိမ်နေတယ်လို့ ပြောချင်နေတုန်းလား"

ပွဲကြည့်ပရိတ်သတ်များက တစ်ယောက်နဲ့တစ်ယောက် တီတိုးပြောနေကြတယ်။သူတို့ရဲ့မျက်ဝန်းများမှာ ယွမ်လော့ဖုန်းကို လှောင်ရိပ်များ ထင်ဟပ်နေခဲ့တယ်။
" ဒီမိန်းမက တကယ့်ကို အရှက်မဲ့လွန်းတယ်....သမားတော်အဖွဲ့အစည်းကိုများ လှည့်ဖျားချင်သေးတယ်လား... သူမ အရည်အချင်း မရှိတာကို ဖုံးကွယ်ချင်လို့ ဖြစ်မယ်"

အနည်းငယ် စိုးရိမ်ကြောင့်ကြသော ပုံစံနဲ့ ရုန်အကြီးအကဲလည်း ယွမ်လော့ဖုန်းကို မျက်စပစ်လိုက်တယ်။ ထို့နောက် သူလည်း မတ်တတ် ထရပ်လိုက်ပြီး သူမကို ကာကွယ်ပြောဆိုဖို့ ပြင်နေစဉ် သူမဘက်က ရုတ်တရက် လှုပ်ရှားလာခဲ့တယ်။

ဘန်း...

သူမလည်း လူငယ်လေးရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို မြေကြီးပေါ် တွန်းထုတ်လိုက်တယ်။ သူ့ရင်ဘတ်ကို တက်နင်းလိုက်ချိန် သူမရဲ့မျက်ဝန်းမှာ မာနဝင့်ကြွားမှုများ ပြည့်လျှံနေခဲ့တယ်။

"မင်း ဘာလုပ်ချင်နေတာလဲ"
ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး လူငယ်လေးလည်း ကြုံးဝါးကာ မတ်တတ် ထရပ်ဖို့် ရုန်းကန်လိုက်တယ်။ ယွမ်လော့ဖုန်းက သိက္ခာစောင့်စည်းမှု မရှိဘဲ သမားတော်အဖွဲ့အစည်းရဲ့ လူနာနဲ့ ထိပ်တိုက် စာရင်းရှင်းမယ်လို့ မထင်ထားခဲ့ဘူး။

လုရာထင်လည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့ဘေးနားမှာ ရပ်နေတဲ့လူကို မျက်စပစ်လိုက်တယ်။ သူမ ရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် ထိုလူလည်း ခုန်ဆင်းသွားပြီး ခပ်ကြမ်းကြမ်း ကြိမ်းမောင်းလိုက်တယ်။

"အတင့်ရဲလိုက်တာ... ယွမ်လော့ဖုန်း... သူ့ကို ကုသမပေးနိုင်လို့ လူနာကို ပြန်တိုက်ခိုက်နေတယ်ပေါ့...။ မင်းလို အင်မော်တယ် တစ်ယောက်က သမားတော် ဖြစ်ဖို့ မထိုက်တန်ဘူး... ဘယ်လူယုတ်မာက နင့်ကို ဖိတ်ကြားလွှာပေးလိုက်လဲ.... ဒီနေရာကို လာခွင့်ပြုလိုက်လဲ"

ယွမ်လော့ဖုန်းလည်း သူ့ကို မတူမတန်ဟန် ကြည့်လိုက်တယ်။ လူပြက် တစ်ယောက်လို သဘောထားကာ သူ့ကို စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ဘူး။

"ချွီဖျင်"
ဒီတစ်ခေါက်တော့ လုရာထင်လည်း မတ်တတ်ရပ်ပြီး သူတော်ကောင်းဟန်ဆောင်ကာ ပြောလိုက်တယ်။
"ဆေးစံအိမ်တော်က သူမကို ဖိတ်စာပေးထားတာ... ဒီဖိတ်စာကို ငါက ခွင့်ပြုပေးထားတာ....ဘာပဲဖြစ်ဖြစ်ပါ... အရင်က သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် သမားတော်အဖွဲ့အစည်းရဲ့ ပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မှီတယ်"

"အစ်မရာထင်.... တစ်ဆင့်စကားတွေပါ... မှားနေတာလဲ ဖြစ်နိုင်တာပဲ သူမရဲ့ ဆေးပညာအစွမ်းကို ကြေညာဖို့ လူတွေကို ငွေပေးထားတာ ဖြစ်နိုင်ပါတယ် ငါ့အထင် ဒီမိန်းကလေးမှာ ဆေးပညာ အရည်အချင်း မရှိလောက်ဘူး"
ချွီဖျင်လည်း အထင်မြင်သေးစွာ ထေ့ငေါ့လိုက်ပြီး ယွမ်လော့ဖုန်းကို မျက်စောင်းထိုး ကြည့်လိုက်တယ်။

"ပြီးတော့ အရင်က ဒီမိန်းကလေး အစ်မကို ဘယ်လိုဆက်ဆံခဲ့လဲ မေ့သွားပြီလား... သူမကို တောင်းပန်စရာ ပြောဖို့ ဆေးမြို့တော် သခင့်ကို နားချခဲ့တယ်။ ဒီမိန်းကလေးကတော့ အစ်မရဲ့ တောင်းပန်မှုကို ငြင်းဆိုပြီး စော်ကားမော်ကား ပြောဆိုခဲ့တယ်... ဘာကြောင့်များ သူမဘက်က ပြောပေးနေရလဲ"
ချွီဖျင်လည်း ထေ့ငေါ့လိုက်ပြီး ယွမ်လော့ဖုန်းကို အေးတိအေးစက် ကြည့်လိုက်တယ်။

နှစ်ပေါင်းများစွာ သူတို့နှစ်ယောက်က ဒီလိုပြကွက်မျိုး ကစားနေကြပါ။ သူက လူယုတ်မာယောင်ဆောင်ပြီး လုရာထင်က လူကောင်းယောင် ဆောင်လေ့ရှိတယ်။ သသက သူမစိတ်ထဲမှာရှိတဲ့ စကားကို ပြောရပြီး သူမကတော့ ချိုသာသော စကားများကိုပြောကာ လူကောင်းဟန်ဆောင်တယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်ဖို့ သူ့ကို ဘယ်သူမှ တွန်းအားမပေးထားပါဘူး။ သူမအတွက်ဆို ဘာမဆိုလုပ်ဆောင်ချင်တဲ့ဆန္ဒရှိနေလို့ပါ။

လုရာထင်လည်း ခေါင်းခါလိုက်တယ်။
"မကောင်းသူအပေါ်ကြင်နာဂရုဏာ ထားသင့်တယ်လို့ ပြောထားတယ်လေ ဒီပြင်... ဆေးမြို့တော်က မှားယွင်းခဲ့တာပဲ...တောင်းပန်သင့်ပါတယ် အရေးကြီးဆုံးကတော့ ငါ့အထင် ယွမ်လော့ဖုန်းက စိန်ရိုင်းလေးတစ်တုံးပါ.... သမားတော်အစမ်းပွဲ ကျရှုံးရင်တောင် ငါက သူမကို လက်ခံနိုင်ပါသေးတယ်"

Chapter-628
End

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၆)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး

ကြားရက်များတွင် တစ်နေ့ ၂ပိုင်း ပိတ်ရက်မှာ တစ်နေ့၅ပိုင်းပါ။ တစ်ပတ်ကို အပိုင်း၂၀ တင်မည့် gpဖြစ်သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
အပိုင်း(၆၂၉)
လိမ်ညာခြင်းအတွက် ပြစ်ဒဏ် (၂)

"အစ်မရာထင်...ယွမ်လော့ုန်းအတွက် မပြောပေးပနဲ့....စိန်ရိုင်းတုံးလေး ဟုတ်လား...သုံးစားမရတဲ့ နလပိန်တုံးမ...ဆေးမြို့တော်ဘက်က ယွမ်ချင်ရာကို လက်လွန်ခဲ့လို့...အပြစ်ရှိသလိုခံစားနေရတာမလား...ဒါကြောင့်လည်း ဒီမိနိးမကို အခွင့်အရေး ပေးချင်တာမလား...ဒီမိန်းမက ကျေးဇူးမသိတတ်တဲ့ မိန်းမစားမျိုး..."

"ပါးစပ်ပိတ်ထားစမ်း..."
လုရာထင်ရဲ့မျက်နှာက မည်းမှောင်သွားလေတယ်။
"ချွီဖျင်...ဒီလောကကြီးထဲမှာ သုံးစားမရတဲ့ နလပိန်တုံးဆိုတာ မရှိဘူး..ဒါကို နင်သိထားဖို့လိုအပ်တယ်...ယွမ်လော့ဖုန်းရဲ့ဆေးပညာ အစွမ်းက ဆိုးရွားနေလည်း လေ့ကျင့်ပျိုးထောင်ပေးရင် ထူးချွန်ထက်မြက်တဲ့ သမားတော် တစ်ယောက် ဖြစလာနိုင်ပါတယ်..."

ယွမ်လော့ဖုန်းလည်း သူတို့နှစ်ယောက်ရဲ့ ပြဇာတ်ကို လက်ပိုက်ပြီး ကြည့်နေလိုက်တယ်။ ဘယ်သူမှ သတိမထားမိသော်လည်း သူမကတော့ သူတို့နှစ်ယောက် မျက်နှာကိပ် မျက်နှာကဲ ပြနေတာကို မြင်လိုက်ပါတယ်။...မျက်မှောင်ကြုတ်ရင်း သူတို့ကို စောင့်ကြည့်နေလိုက်တယ်။

သူ့ကို ဒီစကားပြောဖိူ့ ညွှန်းကြားထားတာ လုရာထင်ဖြစ်မယ်။

ဒီစကားကို ပြောပြီးနောက်...လုရာထင်လည်း ယွမ်လော့ဖုန်းဘက်လှည့်ကာ ကြော့မော့စွာ ပြုံးလိုက်တယ်။
"ယွမ်မိန်းကလေး...မစိုးရိမ်ပါနဲ့..မင်း အစမ်းပြိုင်ပွဲကို အောင်သည် ဖြစ်စေ...မအောင်သည် ဖြစ်စေ....မင်းကို ငါ့တပည့်အဖြစ် လက်ခံပေးပါမယ်....ယွမ်မိသားစုကို အလျော်အစား ပေးတယ်လို့ မှတ်ယူလိုက်ပါ"

သူမ ပြောချင်တာက ယွမ်လော့ဖုန်း အရည်အချင်း မရှိလည်း သူမဘက်က လက်ခံနိင်တယ်ပေါ့။ ဒါပေမဲ့ ဒီလိုလက်ခံတာက ယွမ်မိသားစုကို လျော်ကြေးပေးတာပေါ့။

ဒါက ယွမ်လော့ဖုန်း အရည်အချင်းမရှိဘူးလို့ သွယ်ဝိုက်သော နည်းလမ်းဖြင့် ထုတ်ဖော်နေတာပဲလေ...သူမကို ဆွယ်ချင်နေတဲ့ အကြီးအကဲ တစ်ချို့လည်း လက်လျော့သွားမယ်လေ။သူမရဲ့အကြံပိုင်တယ်မလား။သူမဘက်မှာ ယွမ်လော့ဖုနိးရှိနေဖို့ ဘာမဆို လုပ်ဆောင်သွားမှာပဲ။

ကံဆိုးစွာနဲ့ သူမရဲ့ ကြိုးစား အားထုတ်မှုတိုင်းက ယွမ်လော့ဖုန်းအတွက် အလုပ်မဖြစ်ပါဘူး။

"နင့်အစီအစဉ် အောင်မြင်ချင်ရင် လုကောတို့သားအဖကို သတ်လိုက်လေ..."
ယွမ်လော့ဖုန်းလည်း ပြုံးကာ မောက်မာစွာ ပြောလိုက်တယ်။
"ဆေးမြို့တော် မပျက်သုန်း သ၍ ငါ့ဘက်က မရပ်စဲနိုင်ဘူး"

တခြားသူဆိုရင်တော့ ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားကြောင့် ဒေါသထွက်မှာပါ။ဒါပေမဲ့ လုရာထင်ကတော့ ယွမ်လော့ဖုန်းကို ကျက်သရေရှိသော အပြုံးလေးနဲ့ ဖော်ရွေစွာ ပြောဆိုနေတုန်းပါ။
"နင့်ဘက်က ဒေါသဖြစ်နေမှန်း ငါ နားလည်ပါတယ်....ကိစ္စမရှိပါဘူး...ငါ စောင့်နိုင်ပါတယ်..နင့်ဘက်က ငါ့ကို သစ္စာခံကင် လျော်ကြေးအနေနဲ့ နင့်ကို ဆေးပညာ သင်ပေးနိုင်ပါတယ်"

လူအုပ်ကြီးလည်း အုတ်အုတ်သဲသဲ ဖြစ်သွားရတယ်။

အစမ်းပြိုင်ပွဲမှာ ပါဝင်ကြတဲ့ သမားတော်အားလုံးမှာ သနားစရာကောင်းတဲ့ သူတို့ရဲ့ လူနာများကို ကုသပေးဖို့ မေ့လျော့ကာ ယွမ်လော့ဖုန်းကို စိတ်ဆိုးမာန်ဆိုးဖြင့် မနာလို အကြည့်များဖြင့် ကြည့်နေခဲ့တယ်။

ကျေးဇူးမသိတတ်တဲ့ ယွမ်လော့ဖုန်းကို မုန်းမိတဲ့အပြင်...အစမ်းပြိုင်ပွဲ အောင်မြင်စရာ မလိုအပ်ဘဲ...သမားတော်အဖွဲ့အစည်းထဲ ဝင်ခွင့်ရတာကိုလည်း မနာလို ဖြစ်ရတယ်။...ဒီလို အခွင့်အရေးကောင်းမျိုးကိူ သူတို့ ဘာကြောင့်များ မရနိုင်တာလဲ။

အသက်ရှု ရပ်မတတ် မျက်လုံးများ နီရဲ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေတဲ့ လူနာကို ယွမ်လော့ဖုန်းဟာ တက်နင်းထားဆဲပါ။

"နင်က ငါ့ကို ဆေးပညာ သင်ပေးချင်တယ် ဟုတ်လား...."
ယွမ်လော့ဖုန်းလည်း လုရာထင်ကို ညစ်ကျယ်ကျယ်ကြည့်လိုက်တယ်။
"နင်....ငါ့အကြောင်း ကောင်းကောင်းသိရင် ငါ့ကို ဆရာဖြစ်ချင်တဲ့ နောက်ဆုံးသောသူ ဘာဖြစ်သွားလဲ နင်သိမှာပေါ့"

လွန်ခဲ့သော၂ နှစ်ခန့်... ချင်မြစ်ဘေးနားက သင်္ဘောပေါ်မှာ မုဝူစွမ်းဟာ သူမကို ဆရာလုပ်ဖို့ ကြိုးစားရင်း အများရှေ့မှာ မျက်နှာဖောင်းကားအောင် ပါးကိုကိခံရဖူးတယ်။ဒီကိစ္စကို လုံယွမ်တိုင်းပြည်မှာရှိတဲ့ လူတိုင်းနီးပါး သိခဲ့ဲကြတယ်။ လုရာထင်က ယွမ်လော့ဖုန်းနဲ့ပတ်သက်တဲ့ သတင်းမျိုးစုံကို စုစည်းထားတာကြောင့် ဟိုလေတကျော် ဖြစ်နေတဲ့ ဒီသတင်းကို သိမှာပါ။

ဒါကြောင့် သူမရဲ့ မျက်နှာက ခပ်တန်းတန်းဖြစ်သွားပြီး ဟန်လုပ်ပြုံးတော့တယ်။
"ငါက နင့်ကို ကူညီပေးချင်တာပါ"

ယွမ်လော့ဖုန်းရဲ့ဆေးပညာ အစွမ်းထက်လည်း သူမရဲ့လှည့်ကွက်မှ မလွတ်မြောက်နိုင်ဘူး။

"ယွမ်လော့ဖုန်း "

လုရာထင်ကို ယွမ်လော့ဖုန်း အနိုင်ကျင့်နေတာ မြင်ရတော့ ချွီဖျင် အလွန်အမင်း ဒေါသဖြစ်ရတယ်။
"မင်က တကယ့်ကို ဆင်ခြင်တုံတရား မရှိဘူး...အစ်မရာထင်က မင်းကို ကူညီပေးချင်ရုံပါ...နင်ကတော့ သူ့ကို စော်ကားမော်ကား ပြောဆိုတယ်...ဒီပြင်....လူနာကို တက်နင်းထားတဲ့ မင်းခြေဆထာက်ကို ဖယ်လိုက်စမ်းပါ....ငါပြောတဲ့အတိုင်း မလုပ်ရင်တော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မမြင်နဲ့..."

ယွမ်လော့ဖုန်းနဲ့ လုရာထင်...အပြန်အလှန် အချေအတင် ပြောဆိုနေသော စကားများက ဆွဲဆောင်လွန်းတာကြောင့် လူအုပ်ကြီးမှာ ယွမ်လော့ဖုန်း ခြေထောက်အောက်မှာ တက်နင်းခံထားရတဲ့ သနားစဖွယ် လူနာကို မေ့လျော့နေခဲ့တယ်။

Chapter-629
End

အပိုင်း(၆၃၀)
ထျန်းရာ ရောက်ရှိလာခြင်း(၁)

"တောင်းပန်ပါတယ်... ငါ သူ့ကို မေ့သွားလို့..."
ညစ်ကျယ်ကျယ် ပြုံးရင်း ယွမ်လော့ဖုန်းလည်း သူမရဲ့ ခြေထောက်ကို ဖယ်ရှားလိုက်တယ်။

ထို့နောက် သူ့ကို အကျႍကော်လံမှ ဆောင့်ဆွဲကာ မြေကြီးပေါ်မှ တရွတ်တိုက် ဆွဲခေါ်သွားခဲ့တယ်။
"ငါ နင့်ကို နောက်ထပ် အခွင့်အရေး တစ်ခါ ပေးမယ်... နင့်ကို ဘယ်သူက နေမကောင်းချင်ယောင် ဆောင်ခိုင်းလဲ ပြောစမ်း"

လူငယ်လေးရဲ့မျက်နှာထားက ပြောင်းလဲသွားခဲ့ပြီး ကြုံးဝါးတော့တယ်။
"ငါ ဟန်ဆောင်နေတာ မဟုတ်ဘူးလို့ ပြောထားပြီးသားပါ"

"တကယ် ဟုတ်လို့လား"
ယွမ်လော့ဖုန်းလည်း သူမရဲ့ နှုတ်ခမ်းထောင့်များကို မြှင့်တင်ကာ လန်ဟုန်ရှေ့နား ထိုလူငယ်ကို ကန်ထုတ်လိုက်တယ်။
"နောက်တစ်ခေါက် ဒီလူကို သွေးကြောစမ်းပေးပါ"

လန်ဟုန်လည်း မှင်တက်သွားခဲ့သော်လည်း ငုံ့ကာ သူ့လက်ချောင်းများဖြင့် လူငယ်လေးရဲ့ သွေးကြောကို စမ်းသပ်လိုက်တယ်။

ထို့နောက် ထိတ်လန့်တုန်လှုပ်သော ပုံစံသို့ ပြောင်းလဲသွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်တယ်။
"မဖြစ်နိုင်ပါဘူး... စောနက သူ့သွေးခုန်နှုန်းက ပုံမှန် မဟုတ်ပါဘူး ဒါဆို ဘာကြောင့်များ အခုတော့ ပုံမှန် ဖြစ်နေရလဲ... သူ့ရဲ့လက်ရှိသွေးခုန်နှုန်းအရ... သူက ကျန်းမာတဲ့ လူတစ်ယောက်ပါ"

"ဒါက ဖြစ်နိုင်ချေ မရှိဘူး"
ထိတ်လန့်သောအကြည့်က လူငယ်ရဲ့မျက်ဝန်းမှာ ကူးလူးသွားခဲ့ပြီး စိတ်ဆိုးမာန်ဆိုး အော်ဟစ်တော့တယ်။
"ငါ့ခန္ဓာကိုယ်က တကယ့်ကို မကျန်းမာတာပါ... ခင်ဗျား မဟုတ်မမှန် ပြောနေတာ..."
သူ့ခန္ဓာကိုယ်က အထိန်းချုပ် ကင်းမဲ့စွာ တုန်ရီနေခဲ့တယ်။

ချွီဖျင် သူ့ကိုပေးထားတဲ့ တာဝန်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိင်ခဲ့ရင် သူ့ဇနီးက ဘေးဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်ပိုင်း ဘာဖြစ်မယ်ဆိုတာတော့ သူ မသိဘူး။ ဘာကြောင့်များ သူ့သွေးခုန်နှုန်းက ပုံမှန် ဖြစ်သွားရတာလဲ။ သူ ဒီကို မလာခင်က ချွီဖျင်က သူ့ကို ဆေးပြုတ်ရည် တစ်ခွက် တိုက်ခဲ့ပါတယ်။ ဒီဆေးပြုတ်ရည်က သူ့သွေးခုန်နှုန်းကို ရှုပ်ထွေးစေပြီး ပြင်းထန်သော နာကျင်မှုကို ခံစားရစေတယ်။

သူ အောင်မြင်လုနီးပါးမှာ.... အရေးကြီးသော အချိန်ရောက်မှ ဘယ်လိုများ ဖြစ်ရတာလဲ။

ရုတ်တရက် ထူးဆန်းတဲ့ တစ်စုံတစ်ရာကို တွေးလိုက်မိတယ်။ လူငယ်လေးလည်း ယွမ်လော့ဖုန်းဘက် လှည့်ကြည့်လိုက်တယ်။ သူ့မျက်ဝန်းမှာ ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့တယ်။

ဒီမိန်းမပဲ ဖြစ်ရမယ်။ ဒီကောင်မပဲ ဖြစ်ကို ဖြစ်ရမယ်။

အဲ့ဒီမိန်းမ သူ့ကို တက်နင်းလိုက်တဲ့အချိန်... သူ့ခန္ဓာကိုယ်ထဲကို စိတ်စွမ်းအားများ ဝင်ရောက်လာသလို ခံစားရတယ်။ ဒီစွမ်းအားက အလုပ်ဖြစ်သွားတာ ဖြစ်မယ်။ သူသောက်ထားတဲ့ ဆေးပြုတ်ရည်အစွမ်းကို ပျက်ပြယ်သွားစေတယ်။

လုရာထင်လည်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးနားမှာ ရပ်နေတဲ့ ချွီဖျင်ကို လှပသောမျက်ဝန်းများဖြင့် စူးစူးရဲရဲ ကြည့်လိုက်တယ်။

သူမမျက်ဝန်းအကြည့်ကို သတိထားမိတာကြောင့် ချွီဖျင်လည်း သမားတော်အဖွဲ့အစည်းမှာ လန်ဟုန်ရဲ့ အဆင့်အတန်းကို မေ့လျော့ကာ လက်လွတ်စပယ် စကားပြောတော့တယ်။
"အကြီးအကဲလန်ဟုန်... လူနာတိုင်းကို စည်းကမ်းတင်းကျပ်စွာ ရွေးချယ်ထားတာပါ... ဒါကြောင့် အမှားမရှိနိုင်ပါဘူး အကြီးအကဲရဲ့ အကဲဖြတ်မှု မှားယွင်းတာ ဖြစ်နိုင်ပါတယ်၊ သူက ကျန်းမာသူ မဖြစ်နိုင်ဘူး"

စိတ်မရှည်တဲ့ ပုံစံနဲ့လန်ဟုန်လည်း ချွီဖျင်ကို သွေးအေးစွာ ကြည့်လိုက်တယ်။
" ဒါဆို... ဆေးပညာအရည်အချင်းကို ဆိုးရွားတယ်လို့ ထင်နေတာလား... သူဟာ ကျန်းမာသူ ဟုတ်လား...မဟုတ်ဘူးလားဆိုတာ မဆန်းစစ်နိုင်ဘူး ထင်နေတာလား"

လူအုပ်ကြီးလည်း တိတ်ဆိတ်သွားခဲ့တယ်

သမားတော်အဖွဲ့အစည်းက တပည့်များအပြင် ပြိုင်ပွဲကို တက်ရောက်လာသူများ...ရှိရှိသမျှ လူတိုင်းက နှုတ်ဆိတ်နေခဲ့တယ်။ ဒီအပြောင်းအလဲဟာ အားလုံး မျှော်လင့်ချက်နဲ့ မတူညီပြီး အားလုံးကို အံ့အားသင့်စေတယ်။

"လန်ဟုန်အကြီးအကဲ"
နောက်ဆုံးတော့ ရုန်အကြီးအကဲလည်း စိတ်သက်သာရာ ရသွားပြး ခုန်ပေါ်မှထကာ ရယ်မောလိုက်တယ်။
"ဒီလူနာကို တခြားအကြီးအကဲတွေကို စမ်းသပ်ကြည့်ဖို့ ပြောလိုက်ပါလား ဒါဆို... ရလာဒ်က မှန်လား မမှန်လား ဆုံးဖြတ်လို့ ရတာပေါ့"

"ကောင်းပါပြီ..."
လန်ဟုန်လည်း ခေါင်းညိတ်လိုက်ပြီး အေးတိအေးစက် ပြောလိုက်တယ်။
"အစောင့်တွေ တခြားအကြီးအကဲတွေကို သွားဖိတ်ခေါ်စမ်း... အရေးတကြီး ဆုံးဖြတ်ရမယ့် ကိစ္စရှိတယ်လို့ ပြောလိုက်"

"ဟုတ်ကဲ့"

သူ့အမိန့်ကို နာခံရင်း တပည့်တစ်ယောက်ဟာ ထွက်ခွာသွားခဲ့တယ်။ သိပ်မကြာခင်မှာဘဲ သမားတော်အဖွဲ့အစည်းမှ တခြားသော အကြီးအကဲများ ရောက်ရှိလာခဲ့တယ်။

လန်ဟုန်ရဲ့ ရှင်းလင်းချက်ကို ကြားပြီးနောက် အကြီးအကဲများလည်း လူငယ်လေးကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးကြည့်တော့တယ်။ လုရာထင်ရဲ့ဆရာ ကိုယ်တိုင်တောင် ထိုလူအုပ်စုထဲ ပါဝင်လာခဲ့တယ်။

သိပ်မကြာခင်မှာပဲ ရလာဒ် ထွက်ရှိလာခဲ့တယ်။ လုရာထင်လည်း လောဖူးရဲ့ စိုးရိမ်ကြောင့်ကြနေသော အကြည့်ကို အလျင်အမြန် အကဲခတ်လိုက်နိုင်တယ်။ ထို့နောက် သူမကို မသိမသာ ခေါင်းခါပြတယ်။ သူမမှာ အသက်ရှူရပ်တော့မလို ခံစားရတယ်။

Chapter-630 End

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၆)
ဘာသာပြန်ဆိုသူ :သကြားလုံးလေး
631+632+633+634

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အပိုင်း(၆၃၁)
ထျန်းရာ ရောက်ရှိလာခြင်း (၂)

လုရာထင်လည်း သူမရဲ့နှုတ်ခမ်းကို အတင်းဖိကိုက်လိုက်တယ်။ လူငယ်လေးကို တိုက်ဖို့ ချွီဖျင်ကို ပေးထားတဲ့ဆေးက မမှားယွင်းနိုင်ပါဘူး။ ဒီပြင်... လန်ဟုန်ကိုယ်တိုင်ကလည်း ဒီလူငယ်လေး နေမကောင်းတာ အမှန်ဖြစ်ကြောင်း အတည်ပြုထားပြီးသားပါ။

ဒါပေမဲ့ ဘာကြောင့်များ အမြန်အဆန် ပြောင်းလဲသွားရတာလဲ။ ဒီမိနစ်ပိုင်းအတွင်း ဘာများ ပြောင်းလဲ သွားသလဲ။

စိတ်ရှုပ်ထွေးနေသော အကြည့်များနဲ့ လောဖူးလည်း ဘာဆိုဘာမှ မပြောနိုင်တော့ပါ။ ဒီလိုလုပ်ဆောင်ဖို့ ရာထင်ကို ပြောထားခဲ့တာ သူ ဖြစ်နေတယ်လေ။ ဒါပေမဲ့လည် သူ့ဘက်က လူငယ်လေး နေမကောင်းကြောင်း ပြောချင်သော်လည်း တခြားသော အကြီးအကဲများ မျက်မြင် သက်သေရှိနေတာကြောင့် သူ့မှာ ဘာဆိုဘာမှ မပြောနိုင်တော့ပါ။
" ဒီလူငယ်လေးက နေကောင်းပါတယ်"

အစမ်းပြိုင်ပွဲမှာ ကျန်းမာသော လူတစ်ယောက်ကို လူနာအဖြစ် ခေါ်ထားတယ်။ ဒါက ဘာအဓိပါ္ပယ်လည်းဆိုတာ အားလုံးက သိနေခဲ့တယ်။ ဒါကြောင့်လည်းအဆောက်အဦတစ်ခုလုံး အုတ်အုတ်သဲသဲ ဖြစ်သွားရတယ်။

"အမှန်အကန် နေကောင်းနေလဲ ဒီလူငယ်လေးက ဘာကြောင့်များ နေမကောင်းချင်ယောင်ဆောင်ဖို့ စိတ်အားထက်သန်နေရလဲ... ဒါကြောင့် ဒီမိန်းကလေးကို ငါတို့တွေ နားလည်မှုလွဲခဲ့ရတယ်"

"ငါတို့ကိုပေးတဲ့ လူနာတွေထဲ ဟန်ဆောင်ထားသူများ ရှိသေးတယ်လို့ ထင်လား"

"ကြည့်ရတာတော့ သမားတော်အဖွဲ့အစည်းက ယုံကြည်လို့ မရဘူးထင်တယ်... ငါတို့သာ လူနာရဲ့ ရောဂါကို ဘာမှန်း မဆန်းစစ်နိုင်ရင် အစမ်းပြိုင်ပွဲကို ကျရှုံးမှာ မလား..."

သူတို့ရဲ့ဆွေးနွေးချက်ကို ကြားရတော့ ရှိသမျှ အကြီးအကဲအားလုံးမှာ မျက်နှာမကောင်းကြပါ။ စိတ်တိုနေသော အကြီးအကဲများက သံကုန်အော်ဟစ် ကြိမ်မောင်းတော့တယ်။

"လောဖူး... ဒီသမားတော်ပြိုင်ပွဲကို မင်းရဲ့တပည့် ကြီးကြပ်တာမလား... ဘာလို့ ဒီလို ဖြစ်ရတာလဲ... မင်း ငါတို့ကို ဖြေရှင်းချက် ပေးစမ်း"

"ဖြစ်ပျက်သမျှတိုင်းကို အသေးစိတ် ဖြေရှင်းချက် ပေးစမ်းပါ... မဟုတ်ရင် ငါတို့သမားတော်အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာ ကျဆင်းတော့မယ်"

လောဖူးရဲ့မျက်နှာက မည်းမှောင်သွားပြီး ချွီဖျင်ဘက်လှည့်ကာ အလျင်စလို မေးတော့တယ်။
"ချွီဖျင် မင်း ဘာအမှားလုပ်ထားလဲ... ရာထင်ကို ကူညီပေးဖို့ မင်းကို ပြောထားတာလေ.... ဘာကြောင့်များ ခွင့်လွှတ်လို့ မရတဲ့ အမှားမျိုးကျူးလွန်ရသလဲ"

ချွီဖျင်လည်း မှင်တက်သွားရတယ်။ လောဖူးရဲ့ခက်ထန်သောမျက်ဝန်းများကို ကြည့်ရင်း ကူရာမဲ့စွာ သက်ပြင်းချလိုက်တယ်။
လုရာထင်ကို ကာကွယ်ဖို့ လောဖူးက သူ့ကို စတေးချင်နေတာ သူ သိပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စကို ကြီးကြပ်တာ သူ ကိုယ်တိုင်ပဲလေ။ လုရာထင်က သူ့ကို အကြံပေးရုံပေးတာလေ။

"ဆရာ... ကျွန်တော်မှားမှန်း သိပါပြီ"

ဘိုင်ခနဲ အသံနဲ့အတူတူ ချွီဖျင်လည်း မြေကြီးပေါ် ဒူးထောက်လိုက်တယ်။ မျက်လွှာချထားချိန် သူ့မျက်ဝန်းမှာ ခက်ထန်သော အကြည့်များ ပြေးလွှားနေခဲ့တယ်။

"အစ်မရာထင်က ဒီကိစ္စနဲ့ ဘာမှ မသက်ဆိုင်ပါဘူး... သူမကို မောင်းထုတ်ချင်လို့ ဒီနည်းလမ်းကို သုံးရတာပါ... ကျွန်တော်... ယွမ်လော့ဖုန်းကို တကယ့် မကြိုက်ဘူး"

သူလည်း ခေါင်းမော့ကာ ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။""
" အစ်မရာထင်က သူမအပေါ် ကြင်နာလွန်းတယ်... ဒါပေမဲ့ ဒီမိန်းမက ကျေဇူးသိတတ်မှု မရှိဘူး ဒီမိန်းမက အစ်မရာထင်ကို မကောင်းကြံချင်နေတယ်လို့ နားစွန်းနားဖျား ကြားလိုက်သေးတယ်"

လောဖူးလည်း ချွီဖျင်ကို တအံ့တသြ ကြည့်လိုက်တယ်။
"သူမက ဘာကြောင့်များ ရာထင်ကို မကောင်းကြံချင်တာလဲ... ဘာကြောင့်များလဲ"

ဘာကြောင့်များလဲ...

ချွီဖျင်လည်း ခဏရပ်တန့်လိုက်တယ်။ ခွျှီဖျင်က သူ့စိတ်ထဲရှိတာကို ရှေ့နောက် မစဉ်းစားဘဲ ပြောလိုက်တာပါ။ အသေးစိတ်ကိုတော့ မပြောနိုင်ပါဘူး။

"အကြောင်းအရင်းကတော့..."
သူလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်ပြီး အကြံထုတ်လိုက်တယ်။
"သရဲဘုရင်က သမားတော်ပြိုင်ပွဲကို လာမယ် ကြားလို့ပေါ့... ဒိုင်အဖြစ် ဆောင်ရွက်မှာလေ... ဒိုင်အနေနဲ့ သရဲဘုရင်က အစ်မရာထင်နဲ့ တွေ့ဆုံခွင့်ရမယ်လေ... ဒါကြောင့် မနာလိုဖြစ်ပြီ အစ်မရာထင်ကို ထိခိုက်စေချင်နေတာလေ.... ဆရာ.... ကာကွယ်ခြင်းက အကောင်းဆုံး ထင်လို့ ဒီကိစ္စကို လုပ်ဆောင်ခဲ့ရတာပါ"

ချွီဖျင်ရဲ့ စိတ်ဆိုးမာန်ဆိုး ပြောသော စကားများကို ကြားပြီးနောက် အခြေအနေ အမှန်ကို မသိတဲ့ လူတစ်ချို့ကတော့ သူ့ကို ယုံကြည်မှာပါ။

"ချွီဖျင် ဘာပြောလိုက်တယ်"
လုရာထင်လည်း မျက်မှောင်ကြုတ်လိုက်တယ်။

" သူမပြောတာကို နင် ကြားလိုက်တာလား... ဒီအကြောင်းအရင်းကြောင့် ယွမ်လော့ဖုန်းက ငါ့ကို ထိခိုက်စေချင်တာလား"

လုရာထင်က ချွီဖျင် အကြောင်းကို ကောင်းကောင်း သိနေတယ်။ သူက ဘာအခြေအနေကို ဖန်တီးနေမှန်းလည်း သိတယ်။ ဒါပေမဲ့ သူမကလည်း မီးထဲ လောင်စာ မထည့်ရ မနေနိုင်ဘူး။ ဒီနေ့ပွဲ ပြီးဆုံးသွားရင် ယွမ်လော့ဖုန်းကို သူမတို့ဘက်ပါလာအောင် ဆွယ်လို့ မရမှန်း သိလိုက်ပြီ။ ယွမ်လော့ဖုန်းဘက်က သူမကို သစ္စာခံဖို့ ဖြစ်နိုင်ချေ မရှိတော့ဘူး။

Chapter-631
End

အပိုင်း(၆၃၂)
ထျန်းရာ ရောက်ရှိလာခြင်း (၃)

ဒါကြောင့် သူမ ဟန်ဆောင်နေဖို့ မလိုအပ်တော့ဘူး။ ယွမ်လော့ဖုန်းဘက်က အညံ့ခံဖို့ ဆန္ဒမရှိတည်းက ဒီမိန်းမက သေဖို့ပဲ ထိုက်တန်တယ်။

"အစ်မရာထင်... ကျွန်တော်နဲ့နားနဲ့ ဆတ်ဆတ် ကြားခဲ့တာပါ... ကျွန်တော် ကျိန်ပြောရဲပါတယ်"
ချွီဖျင်လည်း ကျိန်ဆိုလိုက်တယ်။

"ယွမ်လော့ဖုန်းလည်း သရဲဘုရင်ကို နှစ်သက်လိမ့်မယ်... ဒါကြောင့် ဒီပွဲကို လာခဲ့တာ ဖြစ်ရမယ် ၊ ဒါပေမဲ့ သရဲဘုရင်က သူ့လို အရှက်မဲ့တဲ့ မိန်းမကို လှည့်တောင် ကြည့်မှာ မဟုတ်ဘူး ဒါကြောင့် ဒီမိန်းမက အစ်မရာထင်ကို မနာလို ဝန်တိုနေတာ... အစ်မရာထင်က သရဲဘုရင်နဲ့အတူရှိခွင့်ရတယ်လေ... ဒါကို သူမက မကျေမနပ် ဖြစ်နေခဲ့တာ... ဒါကြောင့်လည်း သူမက အစ်မကို အပြစ်ပုံချဖို့ ကြိုးစားနေခဲ့တာ"

ချွီဖျင်က ဒီစကားကို အခိုင်အမာကို မှန်ကန်သည့် ပုံစံနဲ့ ပြောတယ်။ လူတိုင်းက သူ့စကားကို ယုံမယ်လို့ သေချာနေခဲ့တယ်။

"ဒီမိန်းမက ဂုဏိသိက္ခာရှိတဲ့ ပုံစံရှိပြီး ညစ်ညမ်းတဲ့ လှည့်စားမှုမျိုးလုပ်မယ်လို့ မထင်ထားခဲ့မိဘူး... ယောကျ်ားတစ်ယောက်ကို ပိုင်ဆိုင်ရဖို့အတွက်နဲ့ ယုတ်မာရဲတယ်"

"တောက်... ဒါကြောင့် အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်ဘူးလို့ ပြောကြတာ... ရှက်ဖို့ကောင်းလိုက်တာ... ဒါပေမဲ့ ငါ ကြားတာတော့ သရဲဘုရင်က အမျိုးသမီးတွေကို စိတ်မဝင်စားဘူးတဲ့.... ဒါကြောင့် သူမလည်း ကျရှုံးမှာပဲ"

လူတစ်စုရဲ့ လှောင်ပြောင် ခနဲသံများကို မကြားသကဲ့သို့ ယွမ်လော့ဖုန်းလည်း သူမရဲကမျက်ဝန်းကို မှေးကျဉ်းကာ စင်ပေါ်မှ ချွီဖျင်ကို ကြည့်လိုက်တယ်။
"ရှင်များ ဆက်ပြောချင်သေးလဲ... ဘာကြောင့်များ ပြောချင်သေးလဲ... မပြောတော့ဘူးလား"

ချွီဖျင်လည်း မှင်တက်သွားခဲ့တယ်။ သူ့ရဲ့ ပြစ်တင်စကားများကို ကြားလည်း ဒီမိန်းကလေးက ဘာကြောင့်များ တည်ငြိမ်နေရတာလဲ... သူ နားမလည်နိုင်တော့ပါဘူး... သူမကိုယ် သူမ ကာကွယ်ပြီး မပြောတော့ဘူးလား။

ဒီအတွေးကြောင့် ချွီဖျင်လည်း အံ့ကြိတ်ကာ စကားဆိုလိုက်တယ်။""
"ဒီပြင်... ယွမ်လော့ဖုန်းရဲ့ ဆေးပညာ အရည်းအချင်းက အရည်အချင်း မပြည့်မှီဘူးလို့ ငါ သက်သေပြနိုင်တယ်... မနေ့က လင်းယင်းကို နေမကောင်းချင်ယောင်ဆောင်ဖို့ ပြောနေချိန်... ငါတို့ပြောတာကို ခိုးနားထောင်သူရှိတယ်လို့ တပည့်တစ်ယောက် အကြောင်းကြားခဲ့တယ်"

မနေ့က လင်းလောပိုင်ဟာ နို့လက်ဖက်ရည်လေးနဲ့ သူတို့နှစ်ယောက် တွေ့ဆုံတဲ့ အနီးအနားမှာ ကစားနေခဲ့တာပါ ။ လင်းယင်းတို့ ပြောနေတဲ့ စကားဝိုင်းကို မကြားခဲ့တာကြောင့် သူမကို အပြစ်ပုံချဖို့ ကြံစည်ခြင်းမှ ချွီဖျင်ကို မတားဆီးခဲ့ပါဘူး။

ရုန်အကြီးအကဲလည်း သရော်လိုက်ပြီး ထေ့ငေါ့စွာ ပြောလိုက်တယ်။""
"ဒါဆို... လော့ဖုန်းက မင်းရဲ့လိမ်ညာမှုကို အလွယ်တကူ သိသွားလဲ...ငါတို့ကို ရှင်းစမ်းပါ"

"ဟား..."
ချွီဖျင်လည်း အထင်မြင်သေးစွာ ပြောလိုက်တယ်။
"ရုန်အကြီးအကဲဘက်က အမှန်တကယ် သိချင်ရင် ပြောပေးနိုင်ပါတယ်... ကျုပ်ရဲ့သတိမမူမှုကြောင့် လင်းယင်းက ဆေးကို စောစောစီးစီး သောက်လိုက်တယ်... ဒါကြောင့် ဆေးရဲ့အကျိုးသက်ရောက်မှုက ထင်ထားတာထက် စောစောစီးစီး ပျက်ပြယ်ခဲ့တယ်။ ယွမ်လော့ဖုန်းဘက်က အလွယ်တကူ သိသွားတယ်လို့များ ထင်နေလား"

သူ့စကားကို ကြားရတော့ လင်းယင်းမှာ ဝင်ပြောချင်သော်လည်း အေးစက်သော သူ့အကြည့်ကြောင့် စကားတစ်ခွန်းမှ ဝင်မပြောရဲပေ။ ပြောချင်သမျှ စကားလုံးတိုင်းကို မျိုသိမ်လိုက်ရပါတယ်... သူ့လည်ချောင်းမှာ ငါးရိုးဆူးနေလို့ ဘာမှ မပြောရဲသလိုပေါ့။

"ငါ့ဆေးပညာအစွမ်းကို သက်သေပြဖို့က လွယ်ကူပါတယ်"
ယွမ်လော့ဖုန်းလည်း ချွီဖျင်ကို ဖျတ်ခနဲ ကြည့်ကာ ပြောလိုက်တယ်။
"ဒီမှာ ရှိသမျှလူတိုင်းကို ၁၅မိနစ်တည်းနဲ့ ကုသပေးနိုင်တယ်"

သူမ ပြောလိုက်တဲ့စကားကြောင့် လူအုပ်ကြီးက ဝါးလုံးကွဲ ရယ်မောတော့တယ်။ဒီမှာ ရှိသမျှ လူတိုင်းကို ၅မိနစ်အတွင်း ကုသပေးမယ်လား။ သူမ နောက်ပြောင်နေတာလား။ ဒီမှာရှိသမျှ လူနာတိုင်းရဲ့ ရောဂါကို ၁၅မိနစ်နဲ့တောင် ဘာမှန်း အကဲမဖြတ်နိုင်ဘူး။ ဒါကိုများ ဒီစကား ပြောရဲတယ်။

"ယွမ်လော့ဖုန်း..."
လုရာထင်လည်း မျက်မှောင်ကြုတ်လိုက်ကာ အေးတိအေးစက် ပြောလိုက်တယ်။
"နင် ပြောလိုက်တဲ့ စကားကို ပြန်ရုပ်သိမ်းလိုက်တာ အကောင်းဆုံးပဲ... မဟုတ်ရင် နင် နောင်တရရလိမ့်မယ်... နင့်ကောင်းစားဖို့ ငါက ပြောရတာပါ... နင့်ကို အများရှေ့မှာ မျက်နာ မပျက်စေချင်ဘူး"

လုရာထင်ရဲ့ သတိပေးချက်ကို မကြားသကဲ့သို့ ယွမ်လော့ဖုန်းက ဆက်ပြောတယ်။
"၁၅မိနစ်အတွင်း လူနာအားလုံးကို ကုသပေးနိုင်ရင် သမားတော်ပြိုင်ပွဲရဲ့ အနိုင်ရရှိသူ ဆုလာဘ်ဖြစ်တဲ့ နဂါးသလင်းကျောက်ဓားက ငါ့အပိုင် ဖြစ်ရမယ် ... ဒီပြင် ငါ့ဘက်က ဆေးမြို့တော်ကို ပျောက်ကွယ်သွားစေချင်တယ်"

ငါက ဆေးမြို့တော်ကို ပျောက်ကွယ်သွားစေချင်တာ...။

ဒီစကားကို ပြောလိုက်တဲ့ အခိုက်အတန့်မှာ သူမဟာ ယုံကြည်ချက်ရှိလွန်းနေတယ်... ဒီလိုစကားမျိုးကို လုံရှောင် တိုင်းပြည်က လူတွေတောင် မပြောရဲဘူး။

Chapter-632
End

633+634
အပိုင်း(၆၃၃)

ထျန်းရာရောက်ရှိလာခြင်း (၄)

နောက်ဆုံးတော့ လုရာထင်ရဲ့မျက်နှာထား ပြောင်းလဲသွားတော့တယ်။ သူမရဲ့ ကြော့ရှင်းသော အမူအရာကို ဆက်လက် မထိန်းသိမ်းထားနိုင်တော့ဘဲ သူမရဲ့လှပသော မျက်ဝန်းများဖြင့် အဆောက်အဦထဲမှ ကောင်မလေးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းမှာ ချမ်းစိမ့်စိမ့် အလင်းတန်းများ ပြေးလွှားနေခဲ့တယ်။

"ယွမ်လော့ဖုန်း... ငါ နင့်ကို ကတိပေးတယ်"

သူမရဲ့ဆေးပညာ အရည်အချင်းက ဘယ်လိုပဲ ထူးချွန် ထက်မြက်နေပါစေ... လူနာ အများကြီးကို ၁၅မိနစ်အတွင်း ကုသပေးနို်င်ဖို့ဆိုတာ လုံးဝကို ဖြစ်နိုင်ချေ မရှိဘူး။ ဒီပြင်... သူမ အောင်မြင်သွားတော့လည်း ဘာဂရုစိုက်နေစရာ လိုအပ်လို့လဲ...။ သူမ ဘက်က ကတိတည်ဖို့ ငြင်းဆန်ရင် ဒီမိန်းမ ဘာလုပ်နိုင်မှာမို့လဲ။ ဘာပဲဖြစ်ဖြစ် သမားတော်အဖွဲ့အစည်းကလည်း ဆေးမြို့တော်ကို ပျောက်ကွယ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။

"ရုန်အကြီးအကဲ... ကျွန်မကို ယုံကြည်ထားလိုက်ပါ... တစ်ခု ကူညီပေးနိုင်မလား"

ယွမ်လော့ဖုန်းလည်း ရုန်အကြီးအကဲဘက် ခေါင်းလှည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

"ဘာများလဲ"

ရုန်အကြီးအကဲလည်းပြုံးကာ မေးလိုက်တယ်။

"ခဏနေရင် ဆေးညွှန်းတစ်ချို့ ရေးပေးလိုက်မယ်... ကျွန်မအတွက် ဆေးကို ကျိုပေးပါ ၊၁၅မိနစ်အတွင်း ပြီးဖို့တော့ လိုအပ်မယ်"

"ဟုတ်ပါပြီ လော့ဖုန်း... စိတ်ချထားလိုက်... မင်းရဲ့တောင်းဆိုချက်အတိုင်း လုပ်ဆောင်ပေးမယ်"

ရုန်အကြီးအကဲရဲ့မျက်နှာက တည်ကြည်နေခဲ့တယ်။ ဒီကိစ္စက အရေးကြီးမှန်း သူ သိနေခဲ့တယ်။ ယွမ်လော့ဖုန်းကလည်း သူ့ကို ယုံကြည်လို့ ဒီကိစ္စကို အကူအညီတောင်းတာပေါ့။ သူမကို စိတ်မပျက်စေရဘူး။

"ဒီတာဝန်ကို ပြီးမြောက်ဖို့ လက်အများကြီး လိုအပ်မယ် ထင်တယ်"

အခုအထိ တိတ်ဆိတ်နေတဲ့ လန်ဟုန် အကြီးအကဲက ဝင်ရောက်ပြောဆိုတယ်။

"ဒါဆို မင်းကို ကူညီဖို့ ငါ့တပည့်တွေကို လွှတ်ပေးရမလား"

တခြားအကြီးအကဲဆိုရင် ဆေးထဲ အဆိပ်ခပ်မှာ စိုးရိမ်တာကြောင့် ရုန်အကြီးအကဲ ငြင်းမိမှာပါ။ ဒါပေမဲ့ လန်ဟုန် အကြီးအကဲက တခြားသူနဲ့ မတူဘူး။ သူက ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူး။

ဆေးမြို့တော်ရဲ့ သိုင်းပညာရှင်များက ယွမ်ချင်ရာကို ထိခိုက်စေချိန်မှာ သမားတော်အဖွဲ့အစည်းက ဆေးမြို့တော်ကို ကာကွယ်ပေးဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတစ်ယောက်တည်းသာ ဆန့်ကျင်စကား ပြောခဲ့တယ်။ ဒါကြောင့်လည်း သူ တစ်ယောက်တည်းသာ ဆေးမြို့တော်ရဲ့ အမှားအယွင်းကို ဖော်ထုတ်ပေးနိုင်တယ်။

ခဏကြာတော့ အဖွဲ့အစည်းရဲ့ တပည့်တစ်ယောက်က အမွှေးရနံ့အိုးကို ယူထားပြီး ထိုထဲ အမွှေးရနံ့ကို ထည့်လိုက်တယ်။ လေပြေလေညင်နဲ့အတူတူ ယစ်မူးစေသော အမွှေးရနံ့ကို ထုတ်ပေးတယ်။

"အခု နင် စတင်နိုင်ပြီ"

လုရာထင်လည်း သူမရဲ့ အကျႍလက်ကို ခေါက်တင်လိုက်ပြီး အပြုံးနဲ့ ယွမ်လော့ဖုန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။

သမားတော်အဖွဲ့အစည်းမှာ သူမကို ယှဉ်ပြိုင်ရဲတဲ့ ဘယ်သူမဆို အရှုံးနဲ့ အဆုံးသတ်ရတာပါပဲ။

စကားတစ်ခွန်းမှ မပြောဘဲ ယွမ်လော့ဖုန်းလည်း သူမရဲ့အကျႍလက်ထဲမှ ငွေအပ်ကို ဆွဲထုတ်လိုက်တယ်။ ငွေအပ်များနဲ့ မီးနဲ့ ပိုးသတ်ခြင်းမရှိဘဲ လူနာတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ အပ်တစ်ချောင်းကို ထိုးသွင်းလိုက်တယ်။

"သူ...သူမက လူနာရဲ့ သွေးခုန်နှုန်းကို မစမ်းသပ်ဘူးလား... ဘာလိုများ အပ်စိုက်ကုသရဲတာလဲ"

"သူမက လူနာရဲ့အသက်ကို အလေးအနက် မထားတာလား... လူနာကို မဆန်းစစ်ဘဲ စတင် ကုသရဲတယ်"

"ချွီဖျင် ပြောတာ မှန်လောက်တယ်... ဒီမိန်းကလေးမှာ ဘာအစွမ်းအစမှ မရှိလောက်ဘူး"

အားလုံးကို ယွမ်လော့ဖုန်းရဲ့အပြုအမူက တုန်လှုပ်စေခဲ့တယ်။သမားတော်အဖွဲ့အစည်းရဲ့ အကြီးအကဲများ ကိုယ်တိုင်တောင် မျက်မှောင်ကြုတ်ရပါတယ်။ သူတို့ရဲ့အမြင်မှာတော့ ယွမ်လော့ဖုန်းက လူနာရဲ့အသက်ကို အလေးမထားဘူးပဲ။

သမားတော်တစ်ယောက်အနေနဲ့ လူနာကို အဆင်အခြင်မဲ့စွာ ကုသရဲတယ်။

အံ့သြဖွယ်နှုန်းနဲ့ လူနာတစ်ယောက်ချင်းစီကို အပ်စိုက်ကုသပြီးနောက် မျက်စိ တစ်မှိတ်အတွင်းမှာ ယွမ်လော့ဖုန်းက တခြားလူနာတစ်ယောက်ဘက် ရွေ့လျားသွားခဲ့တယ်။

သူတို့်ရဲ့မျက်စိနဲ့ သူမရဲ့လှုပ်ရှားမှုကို မဖမ်းမိနိုင်လောက်အောင်ကို မြန်ဆန်လွန်းတယ်။

အချိန်မပြည့်ခင်မှာဘဲ သူမက လူနာ အားလုံးကို အပ်စိုက် ကုသသွားခဲ့တယ်။ ထို့နောက် သမားတော်အဖွဲ့အစည်းရဲ့ တပည့်များနဲ့ လန်ဟုန်တို့ ရောက်လာခဲ့ပြီး တစ်ယောက်ချင်းစီရဲ့လက်မှာ ဆေးခွက်တစ်ခွက်ချင်းစီကို ကိုင်ဆောင်ထားခဲ့တယ်။

ဆေးပြုတ်ရည် ရနံ့ကို ရရှိရုံနဲ့ ဘယ်ရောဂါအတွက် သုံးသင့်လဲဆိုတာ ယွမ်လော့ဖုန်း ချက်ချင်းသိတယ်။ ဒါကြောင့် လူနာများကို သူတို့နဲ့ သင့်လျော်တဲ့ဆေးများ ဝေခွဲပေးရန် တပည့်များကို ညွှန်းကြားလိုက်တယ်။

"ဒီဆေးပြုတ်ရည်ကိုသောက်လိုက်...ရှင်တို့်အားလုံး သက်သာသွားလိမ့်မယ်"

ယွမ်လော့ဖုန်း ပြောလိုက်တော့ လူနာတစ်ယောက်ချင်းစီက ဆေးပြုတ်ရည်ကို သောက်သုံးကြတယ်။ သူတို့ သောက်လိုက်တဲ့ အချိန်မှာ သူတို့ခန္ဓာကိုယ်ထဲမှ နာကျင်မှုများ လျော့ပါးသွားသလို ခံစားရတယ်။

Chapter-633

End

ထျန်းရာ

ထျန်းရာ ရောက်ရှိလာခြင်း (၅)

"သူတို့ရဲ့ အခြေအနေကို ငါ စစ်ဆေးကြည့်ပေးမယ်"

လန်ဟုန်လည်း လူနာများရှိရာသို့ အလျင်စလို လျှောက်လှမ်းသွားလိုက်တယ်။ သူတို့ရဲ့သွေးကြောပေါ် သူ့လက်ချောင်းများ တင်လိုက်တယ်။ သူတို့ခန္ဓာကိုယ်ပေါ်မှ ပြောင်းလဲမှုများကို ခံစားမိပြီးနောက် သူ မှင်တက်သွားရတယ်။ ဒါကို မြင်ရတော့ တခြားသော အကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက် လူနာကို စမ်းသပ်ကြတော့တယ်။

"ဖြစ်နိုင်ပါ့မလား... ဒါက ဖြစ်နိုင်ပါ့မလား... "

လောဖူးလည်း သူ့ရဲ့ အံ့အားသင့်ဖွယ်စမ်းသပ်ချက်ကြောင့် တယိမ်တယိုင် ဖြစ်ကာ သူ့မျက်နှာက ဖြူဆုပ်သွားတော့တယ်။

" မဖြစ်နိုင်ဘူး... တခြားလူနာတွေ ရော် အဆင်ပြေလား.... ငါ... သူတို့ရဲ့အခြေအနေကို စမ်းသပ်ကြည့်လိုက်တယ်။"

ဒီအကြောင်းကို တွေးမိတော့ လောဖူးလည်း တခြားသောအကြီးအကဲများကို တံတောင်နဲ့တွန်းကာ သူတို့နေရာကို ယူလိုက်တယ်။

အစကတော့ လောဖူး အံ့သြမိသော်လည်း စိတ်ပျက်မှုက ကြီးစိုးလာခဲ့တယ်။ ပြိုင်ပွဲ မစတင်ခင်တည်းက ဒီလူတွေရဲ့ အခြေအနေကို ဆန်းစစ် ကြည့်ထားပြီးသားပါ။ ဒါကြောင့် သူတို့ရဲ့ အခြေအနေကို ကောင်းကောင်း သိနေတယ်။ ဒါပေမဲ့ အခုတော့ သူတို့အားလုံးကပြန်ကျန်းမာ သွားပြီ။

ဒီကောင်မလေးက ဆယ်မိနစ်အတွင်း လူနာအားလုံးကို ကုသပေးလိုက်တာလား။

ပြီးတော့... သူမက သွေးကြောတောင် မစမ်းသပ်ဘဲ ဘာရောဂါ ဖြစ်နေမှန်း သိတယ်။

လော့ဖူးရဲ့ မျက်နှာဟာ အင်မတန် ဖြူစွက်နေပြီး တယိမ်းတယိုင် ုဖြစ်ကာ မြေကြီးပေါ် လဲကျမတတ်ပါပဲ။ သူလည်း စင်ပေါ်မှာ ရှိနေတဲ့ လုရာထင်ကို စိတ်ပျက်ကြေကွဲစွာ ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းပေါ်မှာ နာကြည်းမုန်းတီးသော အပြုံးများ ပေါ်လွင်လာခဲ့တယ်။ ရာထင်က ဒီတစ်ခေါက်တော့ နမော်နမဲ့နိုင်သွားပြီ။ ဒါပေမဲ့ ဒီကောင်မလေးရဲ့ ဆေးပညာ အရည်အချင်းက တကယ့်ကို ကောင်းမွန်ပါတယ်...။

ငါတို့ရဲ့ ခေါင်းဆောင် ကိုယ်တိုင်တောင် သူမရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။

"ဆန်းကြယ်လွန်းတယ်.. ဒါက တကယ့်ကို ဆန်းကြယ်လွန်းတယ်..."

လန်ဟုန်လည်း ယွမ်လော့ဖုန်းကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

"ကောင်မလေး... မင်း ငါတို့ ဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိလား"

သူမလည်း ခေါင်းခါလိုက်တယ်။

" ကျွန်မက သမားတော်အဖွဲ့အစည်းထဲ မဝင်ဘူး"

"အင်း... ငါ နားလည်ပြီ"

လန်ဟုန် စိတ်ပျက်မိသော်လည်း ဒေါသ ဖြစ်စေမယ် စကားတစ်ခွန်းမျှ မပြောဘဲ... ပြုံးရုံသာ ပြုံးနေလိုက်တယ်။

"နောင်ဆို.... သမားတော်အဖွဲ့အစည်းထဲ ဝင်ရောက်ချင်တဲ့ စိတ်ဆန္ဒရှိခဲ့ရင် ငါ့ကို ပြောပါ... ငါ့ကို ပြောပါ... မင်းကို အမြဲတမ်း ကြိုဆိုနေပါတယ်..."

လုရာထင်လည်း သူမကို ဒီလို စကားမျိုးပြောခဲ့ဖူးသော်လည်း နားထောင်ရတဲ့ ခံစားချက်ကတော့ ကွာခြားတယ်။ လန်ဟုန်က သူမရဲ့ အရည်အချင်းကို တကယ့် နှစ်ခြိုက်လို့ ပြောမှန်း သူမ သိနေတယ်။

လန်ဟုန်ကို ဘာမှ မပြောဘဲ... ယွမ်လော့ဖုန်းလည်း ပြုံးရုံးသာ ပြုံးနေလိုက်တယ်။ ထို့နောက် သူမလည်း လုရာထင်ဘက်လှည့်ကာ မျက်ခုံးပင့်မေးလိုက်တယ်။

" ငါနိုင်သွားပြီ... နင်ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးလိုက်တော့"

သူမရဲ့နှလုံးသားထဲမှ နာကြည်းမုန်းတီးမှုများကို ဖိနှိပ်ကာ လုရာထင်လည်း အေးတိအေးစက်ဟန်နဲ့ ပြောလိုက်တယ်။

"နဂါးသလင်းကျောက်ဓားကို ပေးနိုင်ပါတယ်"

"ဆေးမြို့တော်ကို ဘာဆက်လုပ်မှာလဲ..."

ယွမ်လော့ဖုန်းလည်း ပြုံးရင်း မေးလိုက်တယ်။

"အားနာပါတယ်... ဆေးမြို့တော်နဲ့ ပက်သတ်ပြီးတော့ ဆုံးဖြတ်ချက် မချမှတ်ရသေးဘူး"

ပြောရမယ်ဆိုရင် သူမဘက်က ဆေးမြို့တော်ကို မစွန့်လွှတ်နိုင်ဘူး။

"တရား မလွန်လာနဲ့... ယွမ်လော့ဖုန်း"

လုရာထင် ဒုက္ခရောက်နေတာ မြင်တော့ ချွီဖျင်က တစ်စခန်းထ လာပြန်တယ်။

"မြို့တော်က ငါတို့ရဲ့ လက်အောက်ခံ... ဆေးမြို့တော်ကို မင်းလက်ထဲ အပ်လိုက်ရင် လူတွေက ဘာပြောကြမလဲ..."

ဝုန်း...

ချွီဖျင် ပြောလို့ပြီးတဲ့အချိန်... အဆောက်အဦအတွင်းမှ မိန်းကလေးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သော တန်ခိုး အစွမ်းကို ထုတ်လိုက်တယ်။ ထို့နောက် ချွီဖျင်ကို စင်မြင့်ပေါ်မှ ကန်ချလိုက်တယ်။

"ရှင်ဟာ အရမ်းကို စကားများလွန်းတယ်"

သူမလည်း ချွီဖျင်ကို ကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းအကြည့်မှာ မာနဝင့်ကြွားခြင်းများ ပြည့်နှက်နေခဲ့တယ်။

"ယွမ်လော့ဖုန်း"

လုရာထင်ရဲ့မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့ပြီ

"ငါ နင့်ကို ဆက်သည်းမခံနိုင်တော့ဘူး....နင်က အရမ်းကို ရိုင်းစိုင်းလွန်းတယ်... သမားတော်အဖွဲ့အစည်းမှာ တပည့်တစ်ယောက်ကို ပေါ်တင် ရိုက်နှက်ရဲတယ်... နင်က သမားတော်အဖွဲ့အစည်းကို ရန်စချင်တာလား"

ယွမ်လော့ဖုန်းလည်း လုရာထင်ဘက်လှည့်ကာ ညစ်ကျယ်ကျယ် ကြည့်လိုက်တယ်။

"သမားတော်အဖွဲ့အစည်း..... ယုံကြည်လေးစားဖို့ မထိုက်တန်တဲ့ နေရာလေ... နင် သဘောတူတူ... မတူတူ... ဆေးမြို့တော်ကို ဖျက်ဆီးပစ်မယ်..."

Chapter-634

End

#Gp1 (အပိုင်း575မှ အပိုင်း700 )(Free)
Gp2 (အပိုင်း700 မှ အပိုင်း772) (1000ks)
Gp3 (အပိုင်း773 မှ အပိုင်း850) (1000ks)
Gp4 (အပိုင်း 851 မှ အပိုင်း962) (2000ks)
Gp-5(အပိုင်း 963 မှ အပိုင်း 1042) (2000ks)

Wave pay= 09784327525
Ph bill = 09899327577
Ok $ = 09969332009
G1-24-28 =Free Gp1 (575မှ 700 )(Free)
Gp2 29-31 = 1000
Gp3 32-34 = 1000
Gp4 35-39= 2000

Bạn đang đọc truyện trên: Truyen247.Pro