
582 မွ 584 (U)
ယွမ်လော့ဖုန်း
သရဲဘုရင်
582+583+584
အပိုင်း(၅၈၂)
ချန်းယွီချင်းရဲ့ အတိတ် (၃)
တန်ယွဲ့ရဲ့ အမြင်မှာတော့ သူမက ဖြားယောင်ဖို့ ကြိုးစားနေတယ်လို့ ချန်းယွီချင်းက ထင်နေမယ်ပေါ့။ သူမမွာ ဆန္ဒရှိရင်တောင် ထင်သားအောင် ဘယ်တော့မှ မျပဘူး။ ဒါကြောင့် ဒီစကားကို ပြောပြီးတာနဲ့ တန်ယွဲ့လည်း လှည့်ထွက်လာခဲ့တယ်။
ခဏေနဦး
သူမ ထွက်ခါနီးမှာ နောက်ဘက်မှ စိတ်မပါသော အသံတစ်သံကို ကြားလိုက်ရတယ်။
ထိုအသံကို ကြားပြီးနောက် တန်ယွဲ့မှာ နှလုံး အပြင် ခုန်ထွက်မတတ် ပျော်ရွှင်ရတယ်။လှည့်ဖို့တောင် စောင့်မနေချင်တော့ဘဲ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် ချန်းယွီချင်းကို ကြည့်ချင်လာတယ်။ သို့သော်လည်း သူမရဲ့ဆရာ ပြောထားသော စကားမ်ားကို ပြန်လည်ကြားယောင်လာတော့ သူမနှလုံးသားထဲမှ ပြင်းပြသောဆန္ဒများကို ထိန်းချုပ်လိုက်ပြီး လှည့်မကြည့်ဖြစ်အောင် အားတင်းလိုက်တယ်။
သူ့နှလုံးသားကို အနိုင်ရဖို့ သူမက ပိုင်ဆိုင်ဖို့ ခဲယဉ်းကြောင်း ကစားပြဖို့ လိုအပ်တယ်။
ဒီအကြောင်းကို တွေးရင်း တန်ယွဲ့မှာ စိတ်လျော့လိုက်ပြီး အေးတိအေးစက် အသံနဲ့ ပြန်မေးလိုက်တယ်။
သခင်ချန်း ဘာကိစ္စများရှိလို့ပါလဲ
ချန်းယွီချင်းလည်း ရယ်မောလိုက်တယ်။သူ့ရယ်သံက တန်ယွဲ့နှလုံးသားကို ကျီစားနေတဲ့ လက်တစ်စုံနဲ့ တူညီတယ်။ သူမကို ကြွေဆင်းစေတယ်။
ဒီလိုမျိုး ဖြစ်အောင် မင်းကို ချန်းထျန်း သင်ထားတာ မလား
သူလည်း ပြုံးလိုက်တယ်။ သူ့အသံကတော့ ဘာကိုမှ စိတ်မဝင်စားသလိုပါပဲ ဒါကြောင့် တန်ယွဲ့လည်း သူ့အတွေးကို ခန့်မှန်းဖို့ မလြယ္ကူဘူး။
သခင်က ဘာ ဘာဆိုလိုချင်တာလဲ
မင်းကို ဖြူစင် ရိုးသားပြီး ပိုင်ဆိုင်ရခက်ခဲကြောင်း သရုပ်ဆောင်ဖို့ မင်းရဲ့ ဆရာ ပြောထားတယ်မလား
သူပြောလိုက်တဲ့ စကားများကြောင့် တန်ယွဲ့မှာ ငရဲကျသွားသလို ခံစားနေရတယ်။ သူမလည်း အလျင်စလို ခေါင်းလှည့်ပြီး ခန့်ညားသော သူ့မျက်နှာကို ကြည့်လိုက်တယ်။
သခင် ဘာပြောချင်တာလဲဆိုတာ နားမလည်ဘူး
သူမရဲ့နှုတ်ခမ်းသားလေးကို ဖိကိုက်ရင်း မျက်နှာကတော့ ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့တာပေါ့။
ချန်းယွီချင်းလည်း ပြုံးလိုက်ပြီး ပညာသားပါးပါး ပြောလိုက်တယ်။
ငါ ပြောထား မမှားဘူးဆိုရင် မင်းကို ချန်းထျန်းက အများကြီး ပြောထားလောက်တယ် ၊ မင်းကို မိန်းကလေးတစ်ယောက်ကို အတုခိုးဖို့ ပြောထားလိမ့်မယ်၊ ဒီမိန်းကလေးက ငါ့ကို သစ္စာဖောက်ခဲ့တယ်ဆိုတာ မင်းကို မပြောထားဘူးလား ၊ ငါ့ကို ညှို့ယူဖမ်းစားနိုင်မယ်လို့ မင်းတွေးနေတာလား
သူမရဲ့ မျက်ဝန်းများ ပြူးကျယ်သွားရပြီး တန်ယွဲ့မှာ နောက်သို့ တယိမ်းတယိုင် ဖြစ်သွားရတယ်။ သူမလည်း တုန်ရီနေသော အသံနဲ့ ပြောလိုက်တယ်။ သူမရဲ့ မျက်နှာတပြင်လုံးကို တုန်လှုပ်မှုများဖြင့် ဖုံးလွှမ်းထားခဲ့တယ်။
ကြ်န္မက ရှင့်ဂီတကို စွဲလမ်းတာပါ ရှင့်ကို ဆွဲဆောင်ဖို့ မရည်ရွယ်ခဲ့ဘူး ၊ ဘာလို့ ကျွန်မကို စွပ်စွဲနေရလဲ
မင်း လိမ်နိုင်ပါတယ် ၊ ဒါပေမဲ့ မင်းမျက်လုံးတွေကတော့ အမှန်တရားကို ပြောနေတယ် ၊ ငါ မင်းကို ပထမဆုံး တွေ့ကတည်းက သူမမျက်ဝန်းမှ တစ်ဆင့် ဘာလိုချင်နေတဲ့ သိနေပြီးသားပါ၊ ဒါကြောင့် ငါ့ကို ဆွဲဆောင်ဖို့ မကြိုးစားနဲ့ မင်း ဘာပဲလုပ်လုပ် ငါ့စိတ်ကို ညှို့ယူနိုင်မှာ မဟုတ္ဘူး
တန်ယွဲ့လည်း စိတ်ပျက်ကြေကွဲစွာ မျက်ဝန်းများကို မှေးစဉ်းလိုက်တယ်။ သူမ ကောင်းကောင်း ဖုံးကွယ်နိုင်မယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ဥာဏ္ပညာရွိတဲ့ အမျိုးသားလေးက သူ့ကို ပထမစတွေ့တည်းက ရိပ်စားမိတယ်တဲ့ ။ ပိုင်ဆိုင်ဖို့ ခဲယဉ်းကြောင်း ကစားမိတာ ရှက်လိုက်တာနော်။ သူ့အမြင်မှာ သူမကို ရယ္စရာ အဖြစ် မြင်နေမှာပဲ။
အတော်ကို ရှက်မိတာကြောင့် တန်ယွဲ့လည်း ဒီနေရာမှာ ဆက်မနေရဲတော့ပေ။ ဒီနေရာမှ အလျင်စလို ပြေးထွက်သွားလိုက်တယ်။ မျက်ရာများက သူမမျက်နှာတပြင်လုံးမှာ သွန်းလောင်းထားသလို စိုရွဲနေခဲ့တယ်။
ဖိနပ်ချွတ်ခုံကို ဖြတ်သွားစဉ်မှာ အလျင်အမြန် ပြေးသွားတာကြောင့် ချော်လဲမလို ဖြစ်သွားရတယ်။ ထိုစဉ် သူမလည်း သူမရှေ့မှာ လူတစ်ယောက် အရိပ်ကို ဖြတ်ခနဲ လှမ်းမြင်လိုက်တယ်။ ဒါကြောင့် သူမလည်း ကတိုက်ကရိုက်နဲ့ ထိုလူရဲ့ အကျႍလက်ကို သူမလက်နဲ့ လှမ်းဆွဲလိုက်တယ်။ သူမရဲ့ခန္ဓာကိုယ်ကို မြေကြီးပေါ် မလဲကျစေချင်ဘူး။ မထင်မှတ်ထားလောက်အောင် သူမမြင်လိုက်တဲ့သူက ဘေးကို အလျင်အမြန်ရွေ့လိုက်ပြီး သူမရဲ့လက်ကို ခါထုတ်လိုက်တယ်။
ပစ္လွဲက်သံ
တန်ယွဲ့လည်း ကပိုကရို့နဲ့ မြေကြီးပေါ် မျက်နှာအပ် လဲကျသွားခဲ့တယ်။ သူမရှေ့က ချစ်စဖွယ်ကောင်းတဲ့ ကောင်လေးကို ဒေါသတကြီး စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
ဟေ့ ကေလး နင့်မိဘတွေက နင့်ကို ကောင်းကောင်း မသွန်သင်ထားဘူးလား၊ ငါ ခလုတ်တိုက်တာကို ကူညီပေးသင့်တယ်လေဒါကို နင့်အမေက မသင်ပေးထားဘူးလား
ရှောင်မိုလည်း တန်ယွဲ့ကို အေးတိအေးစက် အထင်မြင်သေးစွာ ကြည့်လိုက်တယ်။ လေလံစံအိမ်တော်မှာ ဒီမိန်းမက သူ့သခင်ကို စော်ကားမော်ကား ပြောဆိုခဲ့တာကို မေမ့ပါဘူး။ လင်းလောပိုင်လက်ထဲမှ လွတ်မြောက်ချင်လို့သာပေါ့ မဟုတ်ရင် ဒီမိန်းမကို အဲဒီအချိန်တည်းက တစ္စစီ စုတ်ဖြဲလိုက်တာ ကြာပေါ့။
Chapter-582
End
အပိုင်း(၅၈၃)
ချန်းယွီချင်းရဲ့ အတိတ် (၄)
နင့်ဘာသာနင် ခလုတ်တိုက်တာကို ငါက နင့်အတွက် ဖျာလုပ်ပေးရမှာလား နင့်အရှိန်က မြန်လွန်းတယ် နင် ငါ့အပေါ် လဲကျရင် မသန်မစွမ်း ဖြစ်သွားမှာ ၊ သေမှာ ကြောက်လို့ပေါ့ ရှင်းလား အရူးမကြီးရဲ့
ရှောင်မိုလည်း ပြုံးပြီးတော့ အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။
တန်ယွဲ့ရဲ့မျက်နှာက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ဒေါသစိတ်ကြောင့် တုန်ရီလာရတယ်။ ဒီကောင်စုတ်လေးက သူမကို ဒီလိုပုံစံမျိုး ပြောရဲတယ်ပေါ့။ ငါကပဲ အရှိန်မြန်လွန်းတယ် ဖြစ်ရတယ်။
နင့်အမေက နင့်ကို မဆုံးမထားရင် သူ့အစား ငါ ဆုံးမပေးမယ်
သူမရဲ့လက်ကို မြှောက်လိုက်ပြီး တန်ယွဲ့က ရှောင်မိုကို ရို်က်ဖို့ ရွယ်လိုက်တယ်။ ဘေးဘက်မှ လက်တစ်ဖက် ရုတ်တရက် ပေါ်လာပြီး သူမရဲ့လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ်။
ထို့နောက် ကောက်ကျစ်စဉ်းလဲသော အသံက ပဲ့တင်ထပ်လာပြီး တန်ယွဲ့ရဲ့ ခန္ဓာကိုယ်ကို အေးခဲသွားစေတယ်။
နင့်လက်မောင်းကို မလိုချင်တော့ဘူးထင်တယ်
အပြုံးလေးနဲ့ တန်ယွဲ့ကို ကြည့်လိုက်တယ်။
တန်ယွဲ့မှာ ခေါင်းလှည့်ကြည့်လိုက်တော့ မှင်တက်သွားရတယ်။ ယွမ်လော့ဖုန်းရဲ့လှပသော မျက်နှာကို မြင်လိုက်ရတော့ သူ့နှလုံးသားကို ပြင်းပြင်းထန်ထန် ထိုးနှက်သလို ခံစားလာရတယ်။ သူမစိတ်ထဲမှာ ဒေါသလှိုင်းများ ပလူပျံလာရတယ်။
ယွမ်လော့ဖုန်း နင် ဒီကို ဘာလာလုပ္တာလဲ
သူမက ရှောင်မိုကိုပဲ သတိထားမိပြီး သူ့ဘေးနားက ယွမ်လော့ဖုန်းကို မမြင်ခဲ့မိဘူး။ ဒီနေရာမှာ တွေ့ရလို့ သူမ အံ့သြမိတယ်။
နင် ဒီနေရာကိုလာတာ သခင်ချန်းကို မြူဆွယ်မလို့ပဲ ဖြစ်မယ်
တန်ယွဲ့လည်း ယွမ်လော့ဖုန်းကို စက်ဆုပ်သော အကြည့်နဲ့ ကြည့်လိုက်တယ်။
နင်က တကယ်ကို ရွံဖို့ ကောင်းတယ် ၊ နင့်မှာ ယောကျ်ား အများကြီးရှိပါတယ် ၊ဘာလို့ သခင်ချန်းကို မြူဆွယ်ဖို့ စိတ်ကူးနေရလဲ ၊ နင့်လို အရှက်မဲ့တဲ့ မိန်းကလေးက ဒီလောကကြီးထဲမှာ ရှင်သန်ဖို့ မထိုက်တန်ဘူး
ရှောင်မိုမှာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့။သူက ချစ်ဖို့ကောင်းတဲ့ ကောင်လေး တစ်ယောက် ဖြစ်တာကြောင့် သူ့အပြုံးက ရင်ကိုထိရှစေတယ်။
အရှက်မဲ့တဲ့လူက တခြားသူတစ်ယောက်ကို အရှက်မဲ့တယ်လို့ ခေါ်တာ ပထမဆုံးအကြိမ် ကြားဖူးတာပဲ ၊ရှက်ဖွယ်ပဲ ရှက်စရာကောင်းလိုက်တာ
ရှောင်မိုလည်း ဟားတိုက် ရယ်မောလိုက်တယ်။
တန်ယွဲ့မှာ ရှောင်မိုကို ရိုက်နှက်ချင်လောက်တဲ့အထိ ဒေါသထွက်လာရတယ်။ ယွမ်လော့ဖုန်းက သူမရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကြောင့် တကျွတ်ကျွတ်မြည်သံကိုတောင် ကြားနေရတယ်။
ထွက်သွားစမ်း
မိန်းကလေးက ရုတ်တရက် ကျယ်လောင်စွာ ထအော်လိုက်ပြီး သိပ်မကြာခင် တန်ယွဲ့ရဲ့ခန္ဒာကိုယ်ပေါ် စိတ်စွမ်းအား ကျရောက်ပြီး လွင့်ထွက်သွားရတယ်။ မြေကြီးပေါ်သို့ အကြမ်းပတမ်း လဲကျသွားရတာပေါ့။
တန်ယွဲ့ရဲ့ ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်များကို မြှင့်တင်ရင်း မောက်မာစွာ ပြောလိုက်တယ်။
ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို စိန်ခေါ်မယ်လို့ ငါပြောထားပြီးသား ၊ သိပ်မကြာခင် ရက်ပိုင်းမှာ နင်တို့ ပျက်သုန်းစေရမယ် ၊ ငါ အံ့သြမိ်ပါရဲ့ နင့်မှာ ချန်းမိသားစု လာလည်ချင်တဲ့ စိတ်လေး ရှိသေးတယ်
တန်ယွဲ့လည်း အထင်မြင်သေးစွာ ထေ့ငေါ့လိုက်တယ်။
ယွမ်လော့ဖုန်း သခင်ချန်းက နင် မြူဆွယ်လို့ရတဲ့ လူစားမျိုး မဟုတ္ဘူး
ယွမ်လော့ဖုန်းဘက်က +သခင်ချန်းကို မြူဆွယ်ဖို့ ဆရာကို လုံးဝ ခွင့်မပြုနိုင်ဘူးလို့ ပြောထားပြီးသား။ သူမက ချန်းမိသားစုရဲ့ သခင်မ မဖြစ်လည်း ချန်းမိသားစုရဲ့ တပည့် တစ်ယောက်ပါ ။ ဒီမိန်းမထက် အရာရာမွာ သာလွန်တယ် ဒါကြောင့်လည်း သူမနဲ့ ယှဉ်နိုင်တယ်လို့ ယုံကြည်နေတာပေါ့။
နင် ချန်းအိမ်တော် တံခါးပေါက်ဝတောင် မဝင်နိုင်ဘူးမလား ၊ ဒီတစ်သက် ချန်းယွီချင်းကိုတွေ့ဖို့ စိတ်ကူးယဉ်မနေနဲ့
တန်ယွဲ့လည်း မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်ပြီး ယွမ်လော့ဖုန်းကို သရော်လိုက်တယ်။
သူမပြောလိုက်ပြီး သိပ်မကြာခင်မှယ မတူမတန်ဟန် လေသံကို ကြားလိုက်ရပြီး တန်ယွဲ့ရဲ့ မျက်နှာကို ခက်ထန်သွားစေတယ်။
အားနာမိပါတယ် တန်သခင်မလေး ၊ ယွမ်မိန်းကလေးက ငါတို့ရဲ့ ဧည့်သည်တော်ပါ ၊ မင်း သူမကို ဆက်လက် ရိုင်းစိုင်းနေမယ်ဆိုရင်တော့ မင်းကို ချန်းမိသားစုကနေ ထာဝရ မောင်းထုတ်ရလိမ့်မယ်
ပုန်းကွယ်သော သက်တော်စောင့်က အမှောင်ထဲမှာ အခြေအနေကို စောင့်ကြည့်နေပုံပါပဲ။ ဖြည်းဖြည်းချင်း အပြင်ဘက်သို့ ထွက်လာပြီး တန်ယွဲ့ကို လျစ်လျူရှုကာ ယွမ်လော့ဖုန်းဆီသို့ တိုက်ရိုက်သွားတယ်။ ရိုသေလေးစားစွာ ဂါရဝပြုလိုက်ပြီး
ယွမ်မိန်းကလေးကို စောင့်နေဖို့ သခင်က အမိန့်ပေးထားလို့ပါ ၊ မိန်းကလေး ကျွန်တော်နောက်ကို လိုက်ခဲ့ပါ ကျွန်တော်တို့သခင် စောင့်ဆိုင်းနေတာ ကြာပါပြီ
ကောင်းပြီ
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်ပြီး ရှောင်မိုရဲ့လက်ကို ဆြဲကာ ချန်းမိသားစုရဲ့ ဖိနပ်ချွတ်ခုံကို ဖြတ်ကျော်လိုက်တယ်။
Chapter-583
End
အပိုင်း(၅၈၄)
ချန်းယွီချင်းရဲ့ အတိတ် (၅)
ရပ်စမ်း
တန်ယွဲ့လည်း ယွမ်လော့ဖုန်းကို တားဆီးလိုက်တယ်။
မင်း ဘာလုပ္ထားလဲ ၊ သခင်ချန်းက နင့်ကို ဘာကြောင့် တွေ့ချင်ရတာလဲ
ယွမ်လော့ဖုန်းလည်း အသာအယာ မျက်မှောင်ကြုတ်လိုက်ပြီး
ငါကို လမ်းဖယ်လိုက်စမ်း
အရင်ဆုံး ငါ့ကိုပြော
ဗိုင်း
သူမ ပြောလို့ မပြီးခင်မှာ ယွမ်လော့ဖုန်းက ခြေမြှောက်ကာ သူမကို ခပ်ကြမ်းကြမ်း ကန်ထုတ်လိုက်တယ်။ သူ့မှာ မြေကြီးပေါ် လူးလိမ့်သွားရတယ်။
ထို့နောက် သူမလည်း အကျႍလက်ကို ခါလိုက်ပြီး စကားဆိုတယ်။
အခုတော့ နားအေးသွားပြီ ၊ သွားမယ်
မှန်ပါတယ်
တန်ယွဲ့ကို ဆောင့်ကန်လို်က်မယ်လို့ မမျှော်လင့်ထားသောကြောင့် သူ့မှာ အံ့သြတုန်လှုပ်သွားရတယ်။ ဒါပေမဲ့လည်း ချက်ချင်း သတိပြန်ဝင်လာပြီး
ယွမ်သခင်မလေး ဒီလမ်းအတိုင်း ကြွပါ
သူမအပေါ် ထားရွိတဲ့ သခင်ရဲ့ ရိုသေလေးစားတဲ့ အပြုအမူကို မြင်နေရတော့ ပုန်းလျှိုးနေသော အစောင့်မှာ မရိုမသေ မပြုမူရဲဘူး။ လက်ဟန်ခြေဟန်နဲ့ ယွမ်လော့ဖုန်းအတွက် လမ်းပြပေးရတယ်။
အဝေးတစ်နေရာမှ ချယ်ရီပင်အောက်မှာ ဗျတ်စောင်းတီးနေသော လူတစ်ယောက်ကို သူမကို တွေ့လိုက်ရတယ်။ နှင်းတစ်မျှ ဖြူဖွေးသော သူ့ဆံနွယ်မှာ ပွင့်ချပ်တချိ်ု့ ကပ်ညှိနေပြီး ချောမောခန့်ညားသော မျက်နှာနဲ့ သူမကို ပြုံးပြနေတယ်။
ကြိုဆိုပါတယ်
ယွမ်လော့ဖုန်းကို မြင်လိုက်တော့ ချန်းယွီချင်းလည်း ဗျတ်စောင်းတီးနေတာကို ရပ်တန့်လိုက်ပြီး မျက်ခုံးပင့်လိုက်တယ်။
ကျွန်မပြောထားတဲ့ ဆေးမြစ်တွေကို ပြင်ဆင်ထားသလား
အင်း ဒါနဲ့ ငါ့ခန္ဓာကိုယ်က ဘာဖြစ်နေလဲ မင်းကို မပြောရသေးဘူးလေ မင်းက ဒီအကြောင်းကို ဘယ်လိုကောင်းကောင်း သိနေတာလဲ
ချန်းယွီချင်းလည်း အရင်က ဒီအကြောင်းကို မေးခဲ့ချင်ပါတယ်။ထျန်းရာက ဟွမ်ချွမ်မြို့အကြောင်း သူမကို မပြောထားလို့ သူမ အများကြီး မသိလောက်ဘူး။
ရှင်က ဖြည်းဖြည်းချင်း သက်ရောက်မှုရှိတဲ့ အဆိပ်မိနေတာ၊ ဒီအဆိပ္က ထူူးခြားပြီး သာမန် အဆိပ်ဖြေဆေးနဲ့ အဆိပ်ဖြေလို့ မရဘူး
ယွမ်လော့ဖုန်းလည်း သူမရဲ့ မေဖျားလေးကို အသာအယာ ပွတ်သပ်လိုက်ရင်း
ရှင့်ကို ဘယ္သူ အဆိပ်ခတ်ခဲ့လဲ ပြောလို့ ရမလား
ချန်းယွီချင်း မျက်နှာပေါ်က အပြုံးက လွင့်ပါးသွားပြီး ခက်ထန်မှုများ အစားထိုးသွားတယ်။
ယွမ်လော့ဖုန်းဘက်မှ သူမဖြေချင်ဘူး ထင်နေမှာကြောင့် သူလည်း ချိုသာစွာ ပြုံးလိုက်တယ်။
ငါ ကယ်ခဲ့တဲ့ တစ်စုံတစ်ယောက်ပေါ့
အတိတ်ကို ပြန်တွေးရင်း သူ ပုံစံက ဝမ်းနည်း ကြေကွဲရိပ် ထင်ဟပ်လာခဲ့တယ်။
အဲဒီနေ့က ဟွမ်ချွမ်မြို့ထဲ သူမ အမှတ်မထင် ဝင်ရောက်လာခဲ့ပြီး အပြင်းအထန် ဒဏ်ရာ ရခဲ့တယ် ၊ ဖြတ်သွားရင်း တွေ့လိုက်လို့ သူမကို ကယ်တင်ခဲ့တယ် သူမက သိမ်မွေ့ ရိုးသားပြီး ဖြူစင်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်တာကြောင့် တခြားသော မိန်းကလေးများနဲ့ ခြားနားခဲ့တယ်၊ ငါ့အနားမွာ အမြဲနေခဲ့ပြီး ငါ့ကို ချစ်မိအောင် ပြုစားခဲ့တယ် ၊ ငါ့အချစ်ကိုလည်း သူမက လက်ခံပေးခဲ့တယ်
ကံကောင်းမှုဆိုတာ သိပ်ကြာရှည်မခံပါဘူး ၊ သူူမက အာဏာရွိတဲ့ ရန်သူတော်ကို အမှားလုပ်ထားတယ်၊ သူမကို ကာကွယ်ဖို့ ချန်းမိသားစု အကုန်လုံးကို စေတးရလုနီးပါးပဲ ၊ ဒီစစ္ပြဲမွာ ငါ့မိဘတွေတောင် အသက်ဆုံးရှုံးခဲ့ရတယ်
ဒါပေမဲ့ ငါ့ဘက္က သူ့ကို အပြစ်မတင်ပါဘူး၊ သူမက ဖြူစင်လို့ သူမအတွက်ဆို ဘာမဆို ပေးဆပ်ဖို့ အဆင်သင့်ပဲ ၊ နောက်ပိုင်း သိလိုက်ရတာက ချန်းမိသားစုကို အနိုင်ပိုင်းဖို့ ငါ့အစားအသောက်ထဲ အဆိပ်ခပ်နေခဲ့တာ
ငါ သူမကို မနာကျင်စေချင်ဘူး၊ ဟွမ်ချွမ်မြို့တော်က မောင်းထုတ်ရုံပဲ မောင်းထုတ်ခဲ့တယ် ၊ အဲဒီတည်းက သူမနဲ့ ပတ်သက်တဲ့ သတင်းကို မကြားတော့ဘူး
ဒီမိန်းကလေးအတွက် သူ့မိဘတွေက အသက်ပေးခဲ့ပြီး ချန်းမိသားစု ပ်က္စီးလုနီးပါးပဲ။ ဒါပေမဲ့ သူ့နောက်ကျောကို ဓားနဲ့ထိုးနေတဲ့ ဝံပုလွေမကိုတော့ ကယ်တင်ခဲ့တယ်။
ငါ့ရှေ့မှာ ရိုးသား ဖြူစင်ချင်ယောင် ဆောင်နေလားဆိုတာ သူမ ထွက်သွားခဲ့လည်း နားမလည်သေးဘူး၊ ငါ့ကို ဆွဲဆောင်ဖို့ ပိုင်ဆိုင်ဖို့ ခဲယဉ်းကြောင်း ဟန်ဆောင်နေခဲ့တာဖြစ်မယ်၊ ဒါပေါ့ သူမက ငါ့ယုံကြည်မှုကို မလိုချင်ခဲ့ရုံပါ ၊ သူမရဲ့ ရန်သူတော်တွေက ချန်းမိသားစုကိုပဲ ဦးတည်တိုက်ခိုက်ခဲ့တယ် ၊ သူမက ငါ့မိဘတွေကို အဆိပ်ခပ်ခဲ့တာကြောင့် ငါ့မိဘေတြ အသက်ဆုံးရှုံးရတာ အစားအသောက်မှာ နေ့တို်င်း နည်းနည်းစီ အဆိပ်ခပ်ခဲ့ပြီး စိတ်စွမ်းအားကို ဆုံးရှုံးစေခဲ့တယ် ၊ဒါကြောင့်လည်း ချဉ်းနင်းဝင်ရောက်လာသူများရှေ့မှာ သိုးငယ်လေးလို အားနည်းသူ ဖြစ်လာတာပေါ့
Chapter-584
End
#Gp1 (575မွ 700 )(Free)
Gp2 (700 မွ 772) (1000ks)
Gp3 (773 မွ 850) (1000ks)
Gp4 (851 မွ 962) (2000ks)
Gp-5(963 မွ 1042) (2000ks)
Wave pay= 09784327525
Ph bill = 09899327577
Ok $ = 09969332009
G1-24-28 =Free Gp1 (575မွ 700 )(Free)
Gp2 29-31 = 1000
Gp3 32-34 = 1000
Gp4 35-39= 2000
Gp5 40-42= 2000
Bạn đang đọc truyện trên: Truyen247.Pro