
518-522
Zawgyi/Unicode
အပုိင္း(၅၁၈)
ထ်န္းရႊယ္ ၏ အၾကံအစည္ (၂)
ထ်န္းမိသားစုရဲ႕ တပည့္အားလုံး လဲက်သြားျပီးေနာက္ လုံေဖးလည္း သူ႔မ်က္ႏွာေပၚမွ ေသြးစမ်ား သုတ္လုိက္တယ္။ ခက္ထန္ေသာ သူ႕မ်က္ဝန္းမ်ားက တစ္ဦးတည္း က်န္ရွိေတာ့သည့္ ထ်န္းရႊယ္ဘက္ လွည့္လုိက္တယ္။
ေျဖာင္း ေျဖာင္း ေျဖာင္း
ထ်န္းရႊယ္လည္း မ်က္ႏွာခ်ိဳေသြးကာ ေျပာလုိက္တယ္။
"ေတာ္ပါတယ္.... မင္း အစြမ္းအစက မဆုိးပါဘူး ဒါေပမဲ့ ယြမ္ေလာ့ဖုန္းရဲ႕အမိန္႔ကုိ မင္း ဘာေၾကာင့္ နာခံေနရလဲ ၊ မင္း တန္ခုိးကုိ ျဖဳန္းတီးတာပဲ ၊ အခုကစျပီးေတာ့ ထ်န္းမိသားစုကုိ သစၥာခံရင္ မင္း ငါတုိ႔ တပည့္အမ်ားႀကီး သတ္ခဲ့လည္း မင္းကုိ ခြင့္လႊတ္ေပးမယ္... မင္း လက္ခံလား"
ထ်န္းရႊယ္ရဲက အျမင္မွာေတာ့ လုံေဖးက သူ႔ကမ္းလွမ္းမႈကုိ ႏွစ္သက္မယ္ေပါ့။ ဒီလူျငင္းရင္ေတာ့ ေက်းဇူးမသိတတ္တဲ့ ငတုံးပဲ။
သို႕ေသာ္ျငား... ထ်န္းရႊယ္ရဲ႕ ကမ္းလွမ္းမႈကုိ ၾကားျပီးေနာက္ လုံေဖးက အထင္ျမင္ေသးစြာ ေထ့ေငါ့ေတာ့တယ္။
"ထ်န္းမိသားစု ၊ အယုတ္တမာ...၊ ခင္ဗ်ားကုိ က်ဳပ္က ဘာလို႔ သစၥာခံရမလဲ... ခင္ဗ်ားကုိ သစၥာခံဖုိ႔ ေျပာရဲတယ္ အရွက္မဲ့လုိက္တာ..."
ထ်န္းရႊယ္ရဲ႕ ႏွလုံးသားက ေဒါသမ်ား ျပည့္လ်ွံေနခဲ့ျပီး လုံေဖးကုိ တုန္ရီေနေသာ လက္ျဖင့္ လက္ညိဳးထုိးကာ
"မင္းက ငါတုိ႔ တပည့္ကုိ သတ္ခဲ့တယ္... မင္းကုိ ဘယ္သူမွ ထိန္းခ်ဳပ္လို႔ မရဘူး ထင္ေနသလား... ငါတုိ႔ ထ်န္းမိသားစုကုိ အျမစ္ဖ်က္ သုတ္သင္မယ္ ဟုတ္လား ၊ အိပ္မက္ မက္ေနလုိက္ေတာ့ ၊ ငါတုိ႔မွာ ဆရာသခင္ အမ်ားႀကီး ရွိတယ္ ၊ မင္းက ငါတုိ႔ ျပိဳင္ဘက္ မျဖစ္ႏုိင္ဘူး"
"ဆရာသခင္"
လုံေဖးလည္း ထ်န္းရႊယ္ကုိ ဖ်တ္ခနဲ ၾကည့္လုိက္တယ္။
"ခင္ဗ်ား ကုိယ္ ခင္ဗ်ား ေျပာေနသလား"
"မွန္တာေပါ့"
သက္လတ္ပုိင္း အမ်ိဳးသားက ဝံ့ဝံ့ၾကြားၾကြား ေခါင္းကုိေမာ့လုိက္တယ္။
"လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က... အနိမ့္စား ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ ျဖစ္သူ ရွိခဲ့တယ္ ၊ ငါက သူတို႔ထဲက တစ္ေယာက္ပဲ ၊ ဒါေပမဲ့ မင္းက ကမာၻေျမႀကီး တုိးတက္အဆင့္ပဲ ရွိေသးတယ္ ၊ မင္းက ငါ့ ျပိဳင္ဘက္ ျဖစ္ႏုိင္ပါ့မလား"
သူက ထ်န္းမိသားစုမွာ ေတာ္ေတာ္ကုိ ထူးခြ်န္တယ္။ ေကာင္းကင္ဘုံ အလယ္အလတ္အဆင့္ ေရာက္ေနတဲ့ သူ ဖခင္ကလြဲရင္ တျခားေသာ အႀကီးအကဲမ်ားက ေကာင္းကင္ဘုံ အနိမ့္အဆင့္ က်င့္ၾကံသူပဲ။
ဒါေပမဲ့ သူက အသက္၄၀ အေစာပုိင္းပဲ ရွိေသးျပီး အဘုိးႀကီးမ်ားထက္ ပုိငယ္ရြယ္တယ္။ သူတုိ႔ အသက္အရြယ္ေရာက္ရင္ သူ႔ဖခင္ထက္ ပုိေအာင္ျမင္ႏုိင္တယ္။
ဒါကလည္း သူ ဂုဏ္ေမာက္ေနရတဲ့ အေၾကာင္းအရင္းေပါ့။
ဒီေလာကႀကီးထဲမွာ သူ႔အထုံပါရမီကုိ သာလြန္ႏုိင္သူ ရွိပါ့မလား။
လုံေဖးက ငယ္ငယ္ရြယ္ရြယ္နဲ႔ ကမာၻေျမႀကီး တုိးတက္အဆင့္ကုိ ေရာက္ေနေသာ္လည္း... က်င့္ၾကံသူအမ်ားစုက ဒီအဆင့္ကုိ မထုိးေဖာက္ႏုိင္ဘူး။ ေကာင္းကင္ဘုံအဆင့္ကုိ ေရာက္ဖုိ႔ ဆယ္ႏွစ္ ၾကာတတ္တယ္။
ဒါေၾကာင့္လည္း သူ႔ေရွ႕ကလူကုိ ဂရုစုိက္စရာ မလုိအပ္ဘူးလုိ႔ ယူဆထားတာေပါ့။
ယြမ္ေလာ့ဖုန္းကုိ....
အသက္၁၅ႏွစ္တည္းနဲ႔ ကမာၻေျမႀကီး အနိမ့္အဆင့္ က်င့္ၾကံသူ ျဖစ္လာေတာ့ တကယ္ကုိ အံ့ဖြယ္ပါ။ ကံဆုိးစြာနဲ႔ သူမကုိ ဒီေနရာမွာ ျမွပ္ႏွံလုိက္ရင္ သူမရဲ႕ ေအာင္ျမင္မႈကုိ ဘယ္သူမွ မွတ္မိမယ္ မထင္။
ကံဆုိးရွာတဲ့ ထ်န္းရႊယ္က ယြမ္ေလာ့ဖုန္းကုိ ကမာၻေျမႀကီးအဆင့္ က်င့္ၾကံသူလို႔သာ မွတ္ယူထားတယ္ နင္မိသားစုမွာ ဘာျဖစ္ခဲ့လည္းဆုိတာ သိရင္ ဂုဏ္ေမာက္ရဲမည္ မဟုတ္ေပ။
ရႊမ္းခနဲ ျမည္သံ
စကားေျပာရင္း အခ်ိန္မျဖဳန္းခ်င္ေသာေၾကာင့္ လုံေဖးဘက္မွ စလႈပ္ရွားလာခဲ့တယ္။ ထ်န္းရႊယ္ ေနာက္မွာ ေနရာယူလုိက္ျပီး သူ႕လက္ထဲမွ ေတာခုတ္ဓားနဲ႔ ထ်န္းရႊယ္ရဲ႕ လည္ပင္းေနာက္ကုိ ရြယ္လုိက္တယ္။ သူ႔မ်က္ဝန္းက လူသတ္ခ်င္စိတ္မ်ား တဖြားဖြား ျဖစ္ေပၚေနခဲ့တယ္။
သုိ႔ေသာ္ျငား သူ႕ေနာက္မွာ မ်က္စိ ရွိသကဲ့သုိ႔ ရုတ္ျခည္း ထ်န္းရႊယ္က လွည့္လုိက္ျပီး လုံေဖးရဲ႕ ရင္ဘတ္ကုိ တြန္းလႊတ္လုိက္တယ္။
သူ႔တန္ျပန္တုိက္ခုိက္မႈေၾကာင့္ လုံေဖးမွာ ေနာက္သုိ႔ ေျခလွမ္း အနည္းငယ္ ဆုတ္သြားရျပီး အနာေဟာင္းမွ ေသြးမ်ား တဖန္ ယုိစိမ့္လာျပန္တယ္။ ေသြးမ်ားက သူ႕ရင္ဘတ္မွာ ႏွင္းဆီပန္းပြင့္ေလးလုိ ပြင့္ဖူးေနျပီး သူ႕ဝတ္စုံကုိ အနီေရာင္ စြန္းထင္းေစခဲ့တယ္။
"သခင္... ကြ်န္ေတာ္တုိ႔ သူ႕ကုိ ကူညီသင့္လား"
ရဲ႕လင္းလည္း မ်က္ေမွာင္ၾကဳတ္ရင္း ယြမ္ေလာ့ဖုန္းဘက္ လွည့္လိုက္တယ္။
ယြမ္ေလာ့ဖုန္းလည္း ေခါင္းခါလုိက္တယ္။
"မလုိအပ္ဘူး... သူ ေျဖရွင္းႏုိင္တယ္"
သူမစကားကုိ ၾကားေတာ့ ရဲ႕လင္း အံ့ၾသသြားေသာ္လည္း လုံေဖးကုိ ေနာက္တစ္ဖန္ ျပန္ၾကည့္လုိက္တယ္။
သခင္က ဒီလိုေျပာေတာ့လည္း လူသတ္သမားရဲ႕ စြမ္းအားက သူထင္ထားသည္ထက္ သာလြန္မွာပါ။ သူ႕လက္ထဲမွာ ဝွက္ဖဲ ရွိရမယ္။
Chapter-518
End
အပုိင္း(၅၁၉)
လုံေဖး၏ စြမ္းအား
"ေကာင္ေလး... မင္းကုိမင္း ထူးျခားတယ္လုိ႔ ထင္ေနသလား"
ထ်န္းရႊယ္လည္း ဂုဏ္ေမာက္စြာ ေမးေငါ့လုိက္တယ္။
"မင္း ကုိယ္မင္း အထင္ႀကီးရင္ ငါ့ကုိ အႏုိင္တုိက္ေလ"
လုံေဖးလည္း သူ႔မ်က္ဝန္းကို ေမွးက်ဥ္းလုိက္ျပီး သူ႔မ်က္ဝန္းမွာ ခံစားခ်က္ ကင္းမဲ့ေသာ အလင္းတန္းမ်ား တဖ်တ္ဖ်တ္လက္ေနခဲ့တယ္။ ဘာမွ မေတြးေတာ့ဘဲ ထ်န္းရႊယ္ရွိရာ တဟုန္ထုိး ေျပးသြားေတာ့တယ္။
"မင္းက ေနာက္တစ္ႀကိမ္ ရႈံးခ်င္ေနသလား"
ေထ့ေငါ့ေသာ အၾကည့္နဲ႔ လွည့္ၾကည့္ကာ ထ်န္းရႊယ္လည္း လက္ဖဝါးနဲ႔ သူ႕ကုိ ရုိက္ခ်လိုက္တယ္။ သူ႔မ်က္ဝန္းမွာ လူသတ္ခ်င္စိတ္မ်ား ေျပးလႊားေနေလရဲ႕။
သုိ႔ေသာ္လည္း သူ႔လက္က ရင္ဘတ္ေပၚ မေရာက္မွီ ခႏၶာကုိယ္က အခုိးအေငြ႕လုိ ေပ်ာက္ကြယ္သြားခဲ့တယ္။
"သရဲေျခာက္သလား"
ထ်န္းရႊယ္ မွင္တက္သြားခဲ့တယ္။
ၾကြက္ အနံ႕ခံသလုိ အာရုံခံေနေသာ္လည္း သူ ေနာက္က်သြားျပီဆုိတာ သိလိုက္ရတယ္။
ေတာကုိင္ဓားက ထ်န္းရႊယ္ရဲ႕ လည္ပင္းကုိ လွီးျဖတ္သြားခဲ့ျပီး ေသြးမ်ား ယုိစိမ့္လာျပီး သူ႕လည္းပင္းတစ္ခုလုံးကုိ ေဆးဆုိးသြားခဲ့တယ္။
"ေကာင္ေလး... ငါ မင္းကုိ အထင္ေသးမိျပီ"
ထ်န္းရႊယ္လည္း ေျခလွမ္း အနည္းငယ္ ဆုတ္လုိက္ျပီး သူ႕လည္ပင္းကုိ ထိလုိက္ေတာ့ ေသြးခ်င္းခ်င္းနီမ်ားကုိ ေတြ႕လုိက္ရတယ္။ သူ႔မ်က္ဝန္းမွ လူသတ္ခ်င္စိတ္မ်ားက ပုိျပင္းထန္လာခဲ့တယ္။
"ေကာင္ေလး... မင္းက ကုိယ္ေယာင္ေဖ်ာက္ျပီး ငါ့ အျမင္အာရုံကုိ လွည့္စားခဲ့တယ္ ဒါေပမဲ့ မင္းနဲ႔ ငါက နယ္ပယ္ ျခားနားပါတယ္"
ေျပာျပီးတာနဲ႔ ထ်န္းရႊယ္ရဲ႕ ခႏၶာကုိယ္က ေလေပၚ ေျမွာက္သြားျပီး ေကာင္းကင္ယံမွာ မတ္တတ္ ရပ္ေနခဲ့တယ္။အစကေတာ့ လုံေဖးကုိ အႏုိ္င္တုိက္ဖုိ႔ လြယ္ကူမယ္လုိ႔ ထင္ခဲ့တယ္။ ဒါေၾကာင့္ သူ ေလထဲ မပ်ံသန္းခဲ့ဘူး။ ေကာင္ေလးက ရင္ဆုိင္ဖုိ႔ ခဲယဥ္းသည္ကုိ သိေတာ့ ေလထဲမွာ သူတုိက္ခိုက္ရမယ္။
ေျမႀကီးေပၚမွ လုံေဖးကုိ ၾကည့္ရင္း ထ်န္းရႊယ္လည္း ေနာက္တစ္ဖန္ ရယ္ေမာလုိက္တယ္။
"မင္းအစြမ္းအေပၚ ယုံၾကည္ခ်က္ရွိရင္ ငါနဲ႔ ေလထဲမွာ တုိက္ခုိက္မယ္"
စစ္သူႀကီးယြမ္ ဒီေနရာမွာရွိရင္ ဒီလူရဲ႕ အရွက္မဲ့မႈကုိ ျပစ္တင္ေျပာဆုိေနမွာပါ။ ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူက ကမာၻေျမႀကီးအဆင့္ က်င့္ၾကံသူကုိ ေလထဲမွာ ႏွစ္ေယာက္တည္း တုိက္ခုိက္ဖုိ႔ ေျပာရဲတယ္။ ဒီကုန္းေျမစု တစ္ခုတည္းမွာ အရွက္မဲ့သူ မနည္းပါလား။
လုံေဖးလည္း သူ႕လက္ကုိ ပါးစပ္ထည့္ တိတ္တဆိတ္ထည့္ကာ ေလခြ်န္လုိက္တယ္။က်ည္က်ည္က်ာက်ာ ေအာ္သံကုိ ေကာင္းကင္ယံမွာ ၾကားလုိက္တယ္။ လ်ွပ္စီးလ်ွပ္သကဲ့သုိ႔ လုံေဖးရဲ႕ ေရွ႕ကုိ ေရာက္ရွိလာခဲ့တယ္။ လုံေဖးလည္း က်ဴဖန္ငွက္ရဲ႕ ေခါင္းေလးကုိ ညင္သာစြာ ပြတ္သပ္ရင္း ႏူးညံ့စြာ စကားဆုိတယ္။
"ငါေနာက္ လုိက္ခြင့္ မေပးခဲ့လို႔ ေတာင္းပန္တယ္ေနာ္ အခု... အတူတူ တုိက္ခုိက္မယ္"
ထိုလူရဲ႕ စကားသံကုိ ၾကားျပီးေနာက္ က်ဴဖန္ငွက္က ေပ်ာ္ရႊင္ေသာ အသံကုိ ျမည္တမ္းတယ္။ လုံေဖးက ခုန္လုိက္ျပီး က်ဴဖန္ငွက္ရဲ႕ ေက်ာေပၚ တက္လုိက္ျပီး ခ်က္ခ်င္း ေလေပၚ ပ်ံတက္ေစတယ္။
"ခင္ဗ်ားနဲ႔အတူူတူ ေလထဲမွာ တုိက္ခိုက္ေစခ်င္တယ္မလား... က်ဳပ္ ေရာက္လာျပီ ၊ အခု စေတာ့မလား "
လုံေဖးက ထ်န္းရႊယ္ကုိ ခံစားခ်က္ ကင္းမဲ့စြာ ၾကည့္လုိက္တယ္။
လုံေဖးမွာ က်ဴဖန္ငွက္ ရွိမယ္လုိ႔ မထင္ေသာေၾကာင့္ ထ်န္းရႊယ္ရဲ႕ မ်က္ႏွာေျပာင္းလဲသြားခဲ့တယ္။ သူ ဘာမွ ျပန္မေျပာစဥ္ က်ဴဖန္ငွက္က က်ယ္ေလာင္စြာ ေအာ္ဟစ္ျပီး ထ်န္းရႊယ္ကုိ စတင္တုိက္ခုိက္ေတာ့တယ္။
"သခင္..."
ရဲ႕လင္းလည္း အံ့ၾသရပါတယ္။
"သူ႕လက္ထဲမွာ စိတ္ဝိညာဥ္ သားရဲ ရွိတာေတာင္ ဘာေၾကာင့္ လုံေဖးက သတ္ခံရမလုိ ျဖစ္ရလဲ"
ေလထဲမွာ တုိက္ခုိက္ေနသည္ကုိ ေစာင့္ၾကည့္ရင္း ယြမ္ေလာ့ဖုန္းေျပာလုိက္တယ္။
"က်ဴဖန္ငွက္ရဲ႕ အစြမ္းက သိပ္မျမင့္ဘူး ၊ လုံေဖး ဆင့္ေခၚလည္း အမ်ားႀကီး အကူအညီ မျဖစ္ဘူး ၊ လုံေဖးကုိ ကူညီဖုိ႔ ထ်န္းမိသားစုကုိ တိုက္ခုိက္ျခင္းက အလဟႆ သူ႕ကုိယ္သူ စေတးသလုိ ျဖစ္ေစတယ္"
လုံေဖးမွာ အျပင္းအထန္ ဒဏ္ရာရျပီး အခုအခ်ိန္မွာ မတုိက္ခိုက္ႏိုင္ေတာ့ဘူး။ ဒါေၾကာင့္လည္း က်ဴဖန္ငွက္ကုိ ဆင့္ေခၚရတာေပါ့။ ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူရဲ႕တုိက္ခုိက္ျခင္းကုိ ခံရတာက သူ႕ကုိယ္သူ ေသေၾကာင္းၾကံျခင္းနဲ႔ အတူတူပဲ။
Chapter-519
End
အပုိင္း(၅၂၀)
က်ဴဖန္ငွက္
က်ဴဖန္ငွက္ကုိ ပ်ံသန္းဖုိ႔ စီးေတာ္ယာဥ္အျဖစ္ မ်ားေသာအားျဖင့္ အသုံးျပဳၾကတယ္။ က်ဴဖန္ငွက္က ဥာဏ္အရမ္း မေကာင္းမြန္တာေၾကာင့္ သူတုိ႔ သခင္အမိန္႔ကုိပဲ နာခံၾကျပီး သခင္ကုိ ကာကြယ္ဖုိ႔ လက္ဦးမႈ မယူတတ္ၾကေပ။
ရဲ႕လင္းလည္း ေခါင္းညိတ္လုိက္ျပီး ေလထဲက တုိက္ခုိက္ပြဲကုိ ဆက္လက္ ၾကည့္ေနလိုက္တယ္။
.......
ေလထဲမွာ က်ဴဖန္ငွက္က ထ်န္းရႊယ္ကုိ သူ႕ကုိယ္လုံးႀကီးနဲ႔ ဝင့္ေဆာင့္ဖုိ႔ ႀကိဳးစားျပီး က်ည္က်ည္က်ာက်ာ ေအာ္ေနခဲ့တယ္။ထုိအသံက နားထဲမွာေတာ့ မုိးခ်ဳန္းသံလုိ ေျပးလႊားေနခဲ့တယ္။
ဒါက က်ဴဖန္ငွက္ရဲ႕ အရည္အခ်င္းပါ။
ဒီငွက္မ်ားက အေတာ္ကုိ အစြမ္းမထက္ေသာ္လည္း သူ႕အသံက ျပိဳင္ဘက္ရဲ႕စိတ္ကုိ အေႏွာင့္အယွက္ေပးျပီး နားထဲ တဝီဝီျမည္ေစတယ္။
ရႊမ္းခနဲျမည္သံ...။
ထုိအခုိက္... လ်ွပ္စီးေၾကာင္း ကဲ့သုိ႔ လ်င္ျမန္စြာနဲ႔ က်ဴဖန္ငွက္ရဲ႕ ေက်ာေပၚမွ လုံေဖးတစ္ေယာက္ ဆင္းသက္လာခဲ့ျပီး ထ်န္းရႊယ္ေနာက္မွာ ရပ္လုိက္တယ္။
ထ်န္းရႊယ္လည္း က်ဴဖန္ငွက္ရဲ႕အသံကုိ စိတ္စြမ္းအားနဲ႔ တားဆီးေသာ္လည္း ေနာက္က်သြားခဲ့ပါျပီ။ လုံေဖးက ထ်န္းရႊယ္ရဲ႕ တင္ပါးကုိ ေနာက္ဘက္မွ ခပ္ျပင္းျပင္း ကန္လုိက္ေသာေၾကာင့္ သူ႕ခႏၶာကုိယ္က ေကာင္းကင္ယံမွာ လႊင့္စဥ္သြားခဲ့တယ္။
ထုိ႔ေနာက္ လုံေဖးလည္း ေကာင္းကင္ယံမွာ ခုန္ဆင္းလုိက္ျပီး ထ်န္းရႊယ္ရဲ႕ ေက်ာကုန္းကုိ တက္နင္းလုိက္တယ္။ က်ယ္ေလာင္ေသာ ဘုိင္ခနဲ အသံနဲ႔အတူတူ ေျမႀကီးေပၚမွာ ႀကီးမားေသာ တြင္းတစ္ခုျဖစ္ေပၚလာျပီး လူႏွစ္ေယာက္လည္း ထုိတြင္းထဲ က်လာခဲ့တယ္။
မီးခုိ္းေငြ ႕မ်ား ေတာင္တံခါးေပါက္မွာ ျဖန္႔က်က္သြားခဲ့ေလရဲ႕။
ထ်န္းရႊယ္လည္း ေခ်ာင္းဆုိးသြားျပီး တြင္းထဲမွ ျဖည္းျဖည္းခ်င္း တက္လာဖို႕ ႀကိဳးစားတယ္။ လုံေဖးရဲ႕ ခံစားခ်က္ ကင္းမဲ့ေသာ မ်က္ႏွာကုိ မေက်မခ်မ္း ၾကည့္ကာ သူ ေထ့ေငါ့လုိက္တယ္။
"မင္းက ဒီလို ဆူညံမႈမ်ိဳး လုပ္လုိက္ေတာ့ ငါ့ဖခင္နဲ႔ ထ်န္းမိသားစုရဲ႕ တျခားေသာ အႀကီးအကဲေတြ ၾကားသြားေလာက္ျပီ သူတုိ႔ေရာက္လာတာနဲ႔ မင္းတုိ႔ေတြ ေသရေတာ့မယ္"
တကယ္တမ္း ေနာင္တရေနသူက ထ်န္းရႊယ္ပါ။ ဒီေနရာကုိ သူ တစ္ေယာက္တည္း မလာခဲ့သင့္ဘူး။ သူတို႕ကုိ ေတာင္းတံခါးထဲ မွ်ားေခၚျပီး ေထာက္ေခ်ာက္ဆင္ သတ္ခဲ့သင့္တယ္။ ယြမ္ေလာ့ဖုန္းက သူမနဲ႔အတူတူ ဒီလူကုိ ေခၚလာမယ္လို႔ မထင္ခဲ့မိဘူး။ သူက ကမာၻေျမႀကီးအဆင့္ က်င့္ၾကံသူနဲ႔ တုိက္ခုိက္ရင္ သေရက်ေလာက္မယ္လုိ႔ ထင္ခဲ့မိတယ္။ ဒီသတင္း ပ်ံ႕ႏွံ႕သြားလုိ႔ကေတာ့ သူ အႀကီးအက်ယ္ အရွက္ကြဲမွာေလ။
မွန္ပါတယ္...။ ထ်န္းရႊယ္ရဲ႕စိတ္ထဲမွာ လုံေဖးကုိ ဖမ္းခ်ဳပ္ျပီး သူ႔အရႈံးကုိ ဘယ္ေတာ့မွ ဝန္ခံမွာ မဟုတ္။
"ရႊယ္အာ"
ရုတ္တရက္ အဘုိးအိုရဲ႕ အသံကုိ ၾကားလုိက္ရတယ္။ ထုိအသံကုိၾကားေတာ့ ထ်န္းရႊယ္ရဲ႕စိတ္ ေပ်ာ္ရႊင္လာခဲ့တယ္။ တံခါးေပါက္မွ ထြက္လာေသာ အဘုိးအုိကုိ တက္တက္ၾကြၾကြ ၾကည့္ရင္း ေပ်ာ္ရႊင္စြာ ေအာ္လုိက္တယ္။
"အေဖ"
သူ႔အေဖရဲ႕ေနာက္မွာ ထ်န္းမိသားစုရဲ႕ အႀကီးအကဲမ်ား ပါဝင္လာျပီး အားလုံးက ယြမ္ေလာ့ဖုန္းနဲ႔ သူ႔အေဖာ္မ်ားကုိ မေက်မခ်မ္း ၾကည့္ေနၾကတယ္။
"ယြမ္မိန္းကေလး"
အဘုိးအုိက ထ်န္းရႊယ္ကုိ ေခါင္းညိတ္ျပျပီး ယြမ္ေလာ့ဖုန္းဘက္ လွည့္လုိက္ကာ ခံစားခ်က္ ကင္းမဲ့စြာ ေျပာတယ္။
"မင္း တရားလြန္ေနတယ္လုိ႔ မထင္ဘူးလား ၊ မင္းက ငါတုိ႔ ထ်န္းမိသားစုရဲ႕ တပည့္တစ္ေယာက္ကုိ သတ္တယ္ ၊ ေတာင္တံခါးေပါက္ကုိ ဖ်က္ဆီးတယ္ ၊ အခုေတာ့ တပည့္အမ်ားႀကီးကုိ သတ္ျပန္တယ္... ငါတုိ႔ေတြ မင္းကုိ ရန္မစခဲ့ဘူး ၊ ဘာေၾကာင့္ ရုိ္င္းစုိင္းရလဲ...အေၾကာင္းအရင္း ေျပာစမ္းပါ"
"ကြ်န္မက က်ံဴးလင္းအာ ဘယ္မွာလဲ ေမးတယ္ ၊ သူတုိ႔က ျပန္မေျဖဘူးေလ ဒါေၾကာင့္ ကုိယ့္နည္းလမ္းနဲ႔ ကိုယ္ ရွာဖုိ႔ ႀကိဳးစားတာေလ"
ယြမ္ေလာ့ဖုန္းက ျပံဳးလ်က္ ေျပာေသာ္လည္း ထုိအျပံဳးက စဥ္းလဲေသာ အျပံဳးေလးပါ။
"က်ံဴးလင္းအာက ထ်န္းမိသားစုရဲ႕ တပည့္... ငါတုိ႔ သူမကုိ ဘာလုပ္လုပ္ မင္းနဲ႔ မသက္ဆုိင္ဘူး... ကုိယ့္အလုပ္ ကုိယ္လုပ္ရင္ေကာင္းမယ္"
အဘုိးအုိက မတူမတန္ဟန္ေျပာကာ မ်က္ေမွာင္ၾကဳတ္လုိက္တယ္။
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕မ်က္ခုံးမ်ားကုိ ျမွင့္တင္လုိက္တယ္။
"သူမက ကြ်န္မရဲ႕လူ ၊ ဒါေၾကာင့္ ထ်န္းမိသားစုက သူမရဲ႕ ကံတရားကုိ ဆုံးျဖတ္လို႔ မရဘူး"
"ဟြန္႔"
အဘုိးအုိက သေရာ္လုိ္က္တယ္။
"ဒါဆုိေတာ့လည္း ငါ့အစြမ္းကုိ ျပရတာေပါ့"
သူ႔ဖခင္ ေဒါသထြက္လာတာ ျမင္ရေတာ့ ထ်န္းရႊယ္ရဲ႕မ်က္ဝန္းမ်ားက စိတ္လႈပ္ရွားမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။
ေနာက္ဆုံးေတာ့ အေဖက ဒီလူေတြကို သင္ခန္းစာေပးဖုိ႔ ဆုံးျဖတ္လုိက္ျပီ။ ဒီလူေတြ ဘယ္လုိ ဆုိးဆုိးရြားရြား ေသမလဲ ေစာင့္ၾကည့္ရတာေပါ့။ အထူးသျဖင့္ မိန္းမယုတ္ ယြမ္ေလာ့ဖုန္း ဘယ္လုိ တုိက္ခုိက္ခံရမလဲဆုိတာ တစ္ခ်က္ေလးမွ် မလြတ္သြားခ်င္ဘူး။
မဟုတ္ဘူး။
အေဖက သူမကုိ စကၠန္႔ပုိင္းေလးအတြင္း တစ္ခ်က္တည္းနဲ႔ တုိက္ခုိက္ႏုိင္မွာ။
Chapter-520
End
အပုိင္း(၅၂၁)
ယြမ္ေလာ့ဖုန္းရဲ႕စြမ္းအား (၁)
ေတာင္တံခါးေပါက္ကုိ မေရာက္ခင္တည္းက မိန္းကေလးရဲ႕ အျဖဴေရာင္ဝတ္စုံက ေလမွာ တလြင့္လြင့္ ျဖစ္ေနခဲ့ျပီး သူမ ႏႈတ္ခမ္းက ေကာက္က်စ္စဥ္းလဲမႈကုိ ပုံေဖာ္ေနခဲ့တယ္။
"ေကာင္းျပီေလ"
သူမက အဘုိးအုိရဲ႕ ရန္စမႈကုိ စကားတစ္ခြန္းတည္းျဖင့္သာ တုံ႕ျပန္ခဲ့တယ္။ အဘုိးအုိရဲ႕ ေဒါသထြက္ေနေသာ မ်က္ႏွာအမူအရာနဲ႔ ယွဥ္လုိက္ရင္ သူမက အေတာ္ကုိ တည္ၿငိမ္ေနခဲ့တယ္။
"မာနေထာင္လႊားလုိက္တာ"
ထ်န္းမိသားစုရဲ႕ အႀကီးအကဲ အားလုံးကုိ မာနေထာင္လႊားေနေသာ မိန္းကေလးကုိ သင္ခန္းစာေပးခ်င္သည္အထိ ေဒါကန္လာတယ္။ သူတုိ႔အားလုံး လက္နက္ထုတ္ခ်ိန္မွာ အဘုိးအုိရဲ႕ ေသြးေအးသံက ပဲ့တင္ထပ္လာခဲ့တယ္။
"မင္းတုိ႔အားလုံး ေနာက္ဆုတ္ေနစမ္း"
အဘုိးအုိက မ်က္ဝန္းကုိ ေမွးက်ဥ္းရင္း ျပင္းထန္စြာ အမိန္႔ေပးလုိက္တယ္။
သူရဲ႕ အမိန္႔သံကုိ ၾကားျပီးေနာက္ သူတုိ႔ သင္ခန္းစာေပးခ်င္ေသာ္လည္း ျဖည္းျဖည္းခ်င္း အဘုိးအုိေနာက္ကုိ ဆုတ္ခြာလုိက္တယ္။
"ဒီေကာင္မေလးကုိ ငါကုိယ္တုိင္ ရင္ဆုိင္မယ္"
အဘုိးအုိလည္း ေကာက္က်စ္ စဥ္းလဲေသာ မ်က္ႏွာထားနဲ႔မိန္းကေလးကုိ ၾကည့္လုိက္တယ္။ သူ႔မ်က္ဝန္းမ်ားက ခက္ထန္ေသာ အၾကည့္မ်ားျဖင့္ ေတာက္ပေနခဲ့တယ္။ ယြမ္ေလာ့ဖုန္းကုိ လက္နက္သုံး မတုိက္ခုိက္လည္း ႏုိမယ္လုိ႔ ယုံၾကည္ထားတယ္။
ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ တစ္ေယာက္ျဖစ္တာေၾကာင့္ သူက အလြန္လ်င္ျမန္တယ္။ ဘာျဖစ္မွန္း လူအုပ္ႀကီးက မသိလိုက္ခင္ သူက ယြမ္ေလာ့ဖုန္း ေရွ႕ ေရာက္ေနျပီ။ ျပင္းထန္ေသာ ေလကုိ သယ္ေဆာင္ရင္း သူ႕လက္ဖဝါးက ေခ်ာေမာေသာ သူမမ်က္ႏွာကုိ ရုိက္ဖုိ႔ ရြယ္လုိက္တယ္။
အစမွ အခုအခ်ိန္ထိ သူမက တည္ၿငိမ္ေနခဲ့တယ္။ အဘုိးအုိရဲ႕ လက္ဖဝါးက သူမရဲ႕မ်က္ႏွာေပၚ ေရာက္လုနီးပါျဖစ္ေသာ္လည္း ေကာင္မေလးက ျပံဳးျမဲ ျပံဳးေနခဲ့တယ္။
သူမ အျပံဳးက မေကာင္းဆုိးဝါးဆန္တယ္။
ဝုန္း
အဘုိးအုိက စြမ္းအား အကုန္ စုစည္းျပီး သူမကုိ အားကုန္ တုိက္ခုိက္တယ္။သူရဲ႕ တုိက္ခုိက္မႈက ျပင္းထန္တာေၾကာင့္ ပတ္ဝန္းတစ္ခုလုံး တိတ္ဆိတ္သြားခဲ့တယ္။
"ဟား...ဒါက မင္း ငါတုိ႔ ထ်န္းမိသားစုကုိ ရန္စလုိ႔ပဲ"
ထ်န္းရႊယ္ ဟားတုိက္ ရယ္ေမာလုိက္တယ္။
သူ႔အျမင္မွာေတာ့ ယြမ္ေလာ့ဖုန္းတစ္ေယာက္... သူ႔အေဖ တုိက္ခုိက္မႈေၾကာင့္ ေသဆုံးေတာ့မယ္ေပါ့။ သိပ္မၾကာခင္မွာဘဲ သူ႔အျပံဳးက ေအးခဲသြားျပီး မယုံၾကည္ႏုိင္ေသာေၾကာင့္ သူ႔မ်က္လုံးမ်ား ျပဴးက်ယ္သြားရတယ္။ ယြမ္ေလာ့ဖုန္း ရပ္ေနေသာ ေနရာကုိ ယုံၾကည္ရခက္စြာ စူးစူးစုိက္ၾကည့္လိုက္ေတာ့ သူမက ေပ်ာက္ကြယ္သြားေလျပီ။
မွန္ပါတယ္
အဘုိးအုိရဲ႕ ျပင္းထန္ေသာ တုိက္ခုိက္မႈက ယြမ္ေလာ့ဖုန္း အနား ေရာက္လုနီးပါးမွာ သူမက ရုတ္တရက္ ေပ်ာက္သြားခဲ့တယ္။ သူ႔တုိက္ခုိက္မႈက သူ႕ေရွ႕က ေရွးေဟာင္း သစ္ပင္အေပၚ က်ေရာက္သြားခဲ့တယ္။ ေတာင္တံခါးေပါက္ တစ္ခုလုံး ဖုန္မႈန္႔မ်ား ျပည့္ႏွက္သြားေတာ့တယ္။
"သူမ ဘယ္ေရာက္သြားလဲ"
ထ်န္းအႀကီးအကဲ အားလုံးက တုန္လႈပ္သြားရတယ္။ သက္ရွိလူသားတစ္ေယာက္က ဒီလိုမ်ိဳး ေပ်ာက္သြားလို႔ ရလား။ အားလုံး ေၾကာင္အမ္းအမ္း ျဖစ္ေနစဥ္က ဘယ္ကမွန္း မသိေသာ အသံတုိးတုိးေလး ပ်ံဝဲလာေတာ့တယ္။
"ၾကည့္ပါဦး... ယြမ္ေလာ့ဖုန္း မလား"
ဒါကို ၾကားေတာ့ အားလုံးက ေခါင္းေမာ့ျပီး အျပာေရာင္ ေကာင္းကင္ကုိ ၾကည့္တယ္။
ေကာင္းကင္ယံမွာ သူမက ရပ္ေနခဲ့ျပီး အျဖဴေရာင္ ဝတ္စုံေလးက ေလထဲမွာ ႏူးႏူးညံ့ညံ့ေလး လြင့္ေနခဲ့တယ္။ အလွပဆုံးေသာ ျမင္ကြင္းေလးပါပဲ... အားလုံးရဲ႕ အသက္ရႈသံကုိ ရပ္တန္႔ေစတယ္။
"ေကာင္း... ေကာင္းကင္ဘုံ အဆင့္ က်င့္ၾကံသူ"
"အသက္ ၁၅ႏွစ္တည္းနဲ႔ ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ ျဖစ္ေနျပီလား... ဒီေကာင္မေလးက ထ်န္းမိသားစု မဟုတ္တာ နစ္နာတယ္ကြာ"
ထ်န္းမိသားစု အႀကီးအကဲအားလုံး ေက်ာက္ရုပ္ ျဖစ္ေနတယ္။ သူမက ေလထဲမွာ ကုိယ္ေဖာ့ႏုိင္တယ္။ ဒါက ဘာသေဘာလဲ။ ၁၅ႏွစ္အရြယ္ ေကာင္မေလးက ေကာင္းကင္ဘုံအဆင့္ ေရာက္ေနျပီလား။
ဒီေလာကႀကီးထဲမွာ အသက္၁၅ႏွစ္နဲ႔ ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ ရွိခဲ့လုိ႔လား။
အားလုံးထဲမွာ ထ်န္းရႊယ္က အံ့ၾသတုန္လႈပ္မႈ အျမင့္မားဆုံးပါ။ မ်က္ႏွာေသ ျဖစ္သြားျပီး သူ႔ခႏၶာကုိယ္က အျပင္းအထန္ ခါယမ္းေနခဲ့တယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေကာင္းကင္ဘုံ အဆင့္ က်င့္ၾကံသူ ျဖစ္ခဲ့တာေၾကာင့္ သူ႕ကုိ ယွဥ္ႏုိင္သူ မရွိဘူးလုိ႔ ထင္ခဲ့ဖူးတယ္။
Chapter-521
End
အပုိင္း(၅၂၂)
ယြမ္ေလာ့ဖုန္းရဲ႕ စြမ္းအား (၂)
၁၅ႏွစ္အရြယ္ ေကာင္မေလးက ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ ျဖစ္မယ္လုိ႔ မထင္ခဲ့မိပါဘူး။
"ရႊယ္အာ"
အဘုိးအုိရဲ႕မ်က္ႏွာက မည္းေမွာင္သြားခဲ့တယ္။
"ယြမ္ေလာ့ဖုန္းက ကမာၻေျမႀကီးအဆင့္ က်င့္ၾကံသူလုိ႔ မင္း ေျပာခဲ့တယ္မလား..ဘာလို႔ သူမက ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ ျဖစ္ေနတာလဲ"
ထ်န္းရႊယ္လည္း ႀကိဳးစား အားယူျပံဳးရင္း ျပန္ေျဖလုိက္တယ္။
"လြန္ခဲ့ေသာ လပုိင္းက ကမာၻေျမႀကီး အနိမ့္ဆင့္ က်င့္ၾကံသူ တစ္ေယာက္ဆုိတာ ေသခ်ာပါတယ္ အခုေတာ့ ဘယ္လုိမ်ား ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ ျဖစ္သြားလဲ"
အဘုိးအုိက ထ်န္းရႊယ္ကုိ ပါးရုိက္လုိက္ျပီး ေသြးေအးစြာ ေအာ္လုိက္တယ္။
"မင္း မသိဘူးလား... မင္း မသိဘူးလုိ႔ ငါ့ကုိ ေျပာရဲတယ္ လြန္ခဲ့တဲ့ လပုိင္းတည္းက ေကာင္းကင္ဘုံအဆင့္ ေရာက္ေနတာမလား... မင္း ငါ့ကုိ အရူးလုပ္ဖုိ႔ ေတြးေနတာလား"
ျပန္လည္ဝင္စားတဲ့ နတ္ဘုရား ဝိညာဥ္ ကုိယ္တိုင္ ကမာၻေျမႀကီးအဆင့္မွ ေကာင္းကင္ဘုံအဆင့္ကုိ လပုိင္းနဲ႔ မေရာက္ႏုိင္ပါဘူး။ ယြမ္ေလာ့ဖုန္းလို သာမန္လူသားတစ္ေယာက္က ပိုျပီးေတာ့ မျဖစ္ႏုိင္ဘူး။ ဒါေၾကာင့္လည္း အဘုိးအုိက ထ်န္းရႊယ္ကုိ သံသယ ဝင္တာေပါ့။
"ငါ ဒီအမ်ိဳးသမီးနဲ႔ စာရင္းရွင္းျပီးမွ မင္းနဲ႔ ငါေတြ႔မယ္"
အဘုိးအုိက ထ်န္းရႊယ္ကုိ ခက္ထန္စြာၾကည့္ျပီး ေသြးေအးစြာ စကားဆုိတယ္။
ထုိ႔ေနာက္ ယြမ္ေလာ့ဖုန္ဘက္ လွည့္ကာ စကားေျပာတယ္။
"ယြမ္မိန္းကေလး... မင္းအရည္အခ်င္းက ေကာင္းမြန္ပါတယ္ မင္း ထ်န္းမိသားစုရဲ႕ တပည့္ကို မသတ္ရင္ မင္းကုိ ထ်န္းမိသားစုက မိတ္ေဆြအျဖစ္ လက္ခံႏုိင္မွာပါ"
ယြမ္ေလာ့ဖုန္းလည္း မ်က္ခုံးပင့္လုိက္ျပီး
"ထ်န္းတပည့္ကုိ မသတ္လည္း ကြ်န္မက ထ်န္းမိသားစုနဲ႔ မိတ္ေဆြ မျဖစ္လုိဘူး"
က်ံဴးလင္းအာကုိ ထ်န္းမိသားစုက မဖမ္းသြားလည္း ထ်န္းရာေၾကာင့္ ထ်န္းမိသားစုကုိ သူမ အျမင္မၾကည္ဘူး။ ထ်န္းရာကုိ သူမရဲ႕ တပည့္အျဖစ္ လက္မခံေသာ္လည္း ထ်န္းရာက သူမရဲ႕ မိတ္ေဆြပါ။ ဒါေၾကာင့္ ထ်န္းရာကုိ ထိခုိက္ေစတဲ့ ထ်န္းမိသားစုနဲ႔ မိတ္ေဆြ ျဖစ္စရာလား။
"ဟား... ေကာင္မေလး... မင္းက မာနခဲေလးပဲ..."
သူမစကားကုိၾကားေတာ့ အဘုိးအိုက ေဒါသထြက္ေသာ္လည္း ဝါးလုံးကြဲ ရယ္ေမာေနတယ္။
"ေနာက္ မင္း ဒီလို စကားမ်ိဳး ေျပာရဲမလား ၾကည့္ရတာေပါ့"
ယြမ္ေလာ့ဖုန္းလည္း သူ႕ကုိ အျပံဳးေလးနဲ႔ ဖ်တ္ခနဲ ၾကည့္လုိက္တယ္။
"ကြ်န္မ အခ်ိန္ကုန္ သက္သာဖုိ႔ ဘာလုိ႔ ကြ်န္မနဲ႔ အစြမ္းကုန္ မတုိက္ခုိက္လဲ"
အဘုိးအုိက ယြမ္ေလာ့ဖုန္းကုိ မာနႀကီးတယ္လုိ႔ သိထားေသာ္လည္း သူမအေၾကာင္း အလုံးစုံ မသိေသးပါလား
မာနေထာင္လႊားတာက ထင္တာထက္ ပုိဆုိးပါလား။
သူမက အခုက ေကာင္းကင္ဘုံ အနိမ့္ဆင့္ က်င့္ၾကံသူ ျဖစ္တာ... တစ္ခ်ိန္တည္းမွာ သူမနဲ႔ နယ္ပယ္တူတဲ့ က်င့္ၾကံသူ အမ်ားႀကီးကုိ ရင္ဆုိင္ႏုိင္မယ္လုိ႔ ထင္ေနသလား။ သူမရဲ႕ ျပိဳင္ဘက္ထဲမွာ ေကာင္းကင္ဘုံ အလယ္အလတ္ က်င့္ၾကံသူ ျဖစ္တဲ့ သူကို္ယ္တုိင္ ပါဝင္ေနတယ္ေလ။
"ယြမ္ေလာ့ဖုန္း... မင္းကုိယ္မင္း ဘာထင္ေနလဲ မင္းက ထ်န္းမိသားစုကုိ အထင္ေသးရဲတယ္"
သူမရဲ႕ မထီမဲ့ျမင္ ျပဳမူမႈကုိ သည္းမခံႏုိင္ေတာ့တဲ့အတြက္ ထ်န္းအႀကီးအကဲ အားလုံးက လက္နက္ထုတ္ျပီး ေလထဲမွာ ရပ္ေနတဲ့ သူမကုိ မေက်မခ်မ္း ၾကည့္ေတာ့တယ္။
"မွန္ပါတယ္... မင္းရဲ႕ အထုံပါရမီက ေကာင္းမြန္ပါတယ္ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာ ထ်န္းမိသားစုရဲ႕ အႀကီးအကဲ အားလုံးကုိ ရင္ဆုိင္ဖုိ႔ မျဖစ္ႏုိင္ဘူး"
"သခင္... သူမက ဒီစကားေျပာေတာ့လည္း ငါတုိ႔ေတြ ဘာကုိ ေစာင့္ေနဦးမလဲ ငါတုိ႔ သူမကုိ သင္ခန္းစာ မေပးရင္ သူမကုိယ္ သူမ ဘယ္သူလဲဆုိတာ သိမယ္ မထင္"
ထ်န္းရႊယ္ရဲ႕မ်က္ဝန္းမ်ားလည္း မည္းေမွာင္သြားခဲ့တယ္။ သူ႔ႏႈတ္ခမ္းကုိ တြန္႔ေကြးလုိက္ျပီး ေသြးဆာေနေသာ အၾကည့္နဲ႔ စကားဆုိလုိက္တယ္။
"အေဖ... ဒီတုိက္ပြဲမွာ ကြ်န္ေတာ္လည္း ပါဝင္ပါရေစ"
သူ ယြမ္ေလာ့ဖုန္းကုိ တုိက္ခုိက္ခ်င္ေသာ္လည္း ထိခုိက္မွာလည္းေၾကာက္တယ္။ အခုေတာ့ ထ်န္းအႀကီးအကဲ အားလုံး သူမကုိ တုိက္ခိုက္မယ္ဆုိေတာ့ အခြင့္ေကာင္းတစ္ခုပဲမလား။
"မသင့္ေလ်ာ္ဘူး"
ေဒါသမီးလ်ွံ ေတာက္ေလာင္ေနေသာ္လည္း ထ်န္းမိသားစုရဲ႕ေက်ာ္ၾကားမႈကုိ ထိန္းသိမ္းထားဖို႔ လုိအပ္တယ္။ အဘုိးအုိက လူအုပ္ႀကီးကုိ တားဆီးေနဆဲပါ။
"ငါတုိ႔အားလုံးက ေကာင္မေလး တစ္ေယာက္ကုိ ဝုိင္းအႏုိင္က်င့္တယ္လုိ႔ သတင္းျပန္႔သြားရင္ ထ်န္းမိသားစု နာမည္ပ်က္မယ္"
Chapter-522
End
Zawgyi/Unicode
အပိုင်း(၅၁၈)
ထျန်းရွှယ် ၏ အကြံအစည် (၂)
ထျန်းမိသားစုရဲ့ တပည့်အားလုံး လဲကျသွားပြီးနောက် လုံဖေးလည်း သူ့မျက်နှာပေါ်မှ သွေးစများ သုတ်လိုက်တယ်။ ခက်ထန်သော သူ့မျက်ဝန်းများက တစ်ဦးတည်း ကျန်ရှိတော့သည့် ထျန်းရွှယ်ဘက် လှည့်လိုက်တယ်။
ဖြောင်း ဖြောင်း ဖြောင်း
ထျန်းရွှယ်လည်း မျက်နှာချိုသွေးကာ ပြောလိုက်တယ်။
"တော်ပါတယ်.... မင်း အစွမ်းအစက မဆိုးပါဘူး ဒါပေမဲ့ ယွမ်လော့ဖုန်းရဲ့အမိန့်ကို မင်း ဘာကြောင့် နာခံနေရလဲ ၊ မင်း တန်ခိုးကို ဖြုန်းတီးတာပဲ ၊ အခုကစပြီးတော့ ထျန်းမိသားစုကို သစ္စာခံရင် မင်း ငါတို့ တပည့်အများကြီး သတ်ခဲ့လည်း မင်းကို ခွင့်လွှတ်ပေးမယ်... မင်း လက်ခံလား"
ထျန်းရွှယ်ရဲက အမြင်မှာတော့ လုံဖေးက သူ့ကမ်းလှမ်းမှုကို နှစ်သက်မယ်ပေါ့။ ဒီလူငြင်းရင်တော့ ကျေးဇူးမသိတတ်တဲ့ ငတုံးပဲ။
သို့သော်ငြား... ထျန်းရွှယ်ရဲ့ ကမ်းလှမ်းမှုကို ကြားပြီးနောက် လုံဖေးက အထင်မြင်သေးစွာ ထေ့ငေါ့တော့တယ်။
"ထျန်းမိသားစု ၊ အယုတ်တမာ...၊ ခင်ဗျားကို ကျုပ်က ဘာလို့ သစ္စာခံရမလဲ... ခင်ဗျားကို သစ္စာခံဖို့ ပြောရဲတယ် အရှက်မဲ့လိုက်တာ..."
ထျန်းရွှယ်ရဲ့ နှလုံးသားက ဒေါသများ ပြည့်လျှံနေခဲ့ပြီး လုံဖေးကို တုန်ရီနေသော လက်ဖြင့် လက်ညိုးထိုးကာ
"မင်းက ငါတို့ တပည့်ကို သတ်ခဲ့တယ်... မင်းကို ဘယ်သူမှ ထိန်းချုပ်လို့ မရဘူး ထင်နေသလား... ငါတို့ ထျန်းမိသားစုကို အမြစ်ဖျက် သုတ်သင်မယ် ဟုတ်လား ၊ အိပ်မက် မက်နေလိုက်တော့ ၊ ငါတို့မှာ ဆရာသခင် အများကြီး ရှိတယ် ၊ မင်းက ငါတို့ ပြိုင်ဘက် မဖြစ်နိုင်ဘူး"
"ဆရာသခင်"
လုံဖေးလည်း ထျန်းရွှယ်ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
"ခင်ဗျား ကိုယ် ခင်ဗျား ပြောနေသလား"
"မှန်တာပေါ့"
သက်လတ်ပိုင်း အမျိုးသားက ဝံ့ဝံ့ကြွားကြွား ခေါင်းကိုမော့လိုက်တယ်။
"လွန်ခဲ့သော နှစ်အနည်းငယ်က... အနိမ့်စား ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်သူ ရှိခဲ့တယ် ၊ ငါက သူတို့ထဲက တစ်ယောက်ပဲ ၊ ဒါပေမဲ့ မင်းက ကမ္ဘာမြေကြီး တိုးတက်အဆင့်ပဲ ရှိသေးတယ် ၊ မင်းက ငါ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"
သူက ထျန်းမိသားစုမှာ တော်တော်ကို ထူးချွန်တယ်။ ကောင်းကင်ဘုံ အလယ်အလတ်အဆင့် ရောက်နေတဲ့ သူ ဖခင်ကလွဲရင် တခြားသော အကြီးအကဲများက ကောင်းကင်ဘုံ အနိမ့်အဆင့် ကျင့်ကြံသူပဲ။
ဒါပေမဲ့ သူက အသက်၄၀ အစောပိုင်းပဲ ရှိသေးပြီး အဘိုးကြီးများထက် ပိုငယ်ရွယ်တယ်။ သူတို့ အသက်အရွယ်ရောက်ရင် သူ့ဖခင်ထက် ပိုအောင်မြင်နိုင်တယ်။
ဒါကလည်း သူ ဂုဏ်မောက်နေရတဲ့ အကြောင်းအရင်းပေါ့။
ဒီလောကကြီးထဲမှာ သူ့အထုံပါရမီကို သာလွန်နိုင်သူ ရှိပါ့မလား။
လုံဖေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာမြေကြီး တိုးတက်အဆင့်ကို ရောက်နေသော်လည်း... ကျင့်ကြံသူအများစုက ဒီအဆင့်ကို မထိုးဖောက်နိုင်ဘူး။ ကောင်းကင်ဘုံအဆင့်ကို ရောက်ဖို့ ဆယ်နှစ် ကြာတတ်တယ်။
ဒါကြောင့်လည်း သူ့ရှေ့ကလူကို ဂရုစိုက်စရာ မလိုအပ်ဘူးလို့ ယူဆထားတာပေါ့။
ယွမ်လော့ဖုန်းကို....
အသက်၁၅နှစ်တည်းနဲ့ ကမ္ဘာမြေကြီး အနိမ့်အဆင့် ကျင့်ကြံသူ ဖြစ်လာတော့ တကယ်ကို အံ့ဖွယ်ပါ။ ကံဆိုးစွာနဲ့ သူမကို ဒီနေရာမှာ မြှပ်နှံလိုက်ရင် သူမရဲ့ အောင်မြင်မှုကို ဘယ်သူမှ မှတ်မိမယ် မထင်။
ကံဆိုးရှာတဲ့ ထျန်းရွှယ်က ယွမ်လော့ဖုန်းကို ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူလို့သာ မှတ်ယူထားတယ် နင်မိသားစုမှာ ဘာဖြစ်ခဲ့လည်းဆိုတာ သိရင် ဂုဏ်မောက်ရဲမည် မဟုတ်ပေ။
ရွှမ်းခနဲ မြည်သံ
စကားပြောရင်း အချိန်မဖြုန်းချင်သောကြောင့် လုံဖေးဘက်မှ စလှုပ်ရှားလာခဲ့တယ်။ ထျန်းရွှယ် နောက်မှာ နေရာယူလိုက်ပြီး သူ့လက်ထဲမှ တောခုတ်ဓားနဲ့ ထျန်းရွှယ်ရဲ့ လည်ပင်းနောက်ကို ရွယ်လိုက်တယ်။ သူ့မျက်ဝန်းက လူသတ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေခဲ့တယ်။
သို့သော်ငြား သူ့နောက်မှာ မျက်စိ ရှိသကဲ့သို့ ရုတ်ခြည်း ထျန်းရွှယ်က လှည့်လိုက်ပြီး လုံဖေးရဲ့ ရင်ဘတ်ကို တွန်းလွှတ်လိုက်တယ်။
သူ့တန်ပြန်တိုက်ခိုက်မှုကြောင့် လုံဖေးမှာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားရပြီး အနာဟောင်းမှ သွေးများ တဖန် ယိုစိမ့်လာပြန်တယ်။ သွေးများက သူ့ရင်ဘတ်မှာ နှင်းဆီပန်းပွင့်လေးလို ပွင့်ဖူးနေပြီး သူ့ဝတ်စုံကို အနီရောင် စွန်းထင်းစေခဲ့တယ်။
"သခင်... ကျွန်တော်တို့ သူ့ကို ကူညီသင့်လား"
ရဲ့လင်းလည်း မျက်မှောင်ကြုတ်ရင်း ယွမ်လော့ဖုန်းဘက် လှည့်လိုက်တယ်။
ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်တယ်။
"မလိုအပ်ဘူး... သူ ဖြေရှင်းနိုင်တယ်"
သူမစကားကို ကြားတော့ ရဲ့လင်း အံ့သြသွားသော်လည်း လုံဖေးကို နောက်တစ်ဖန် ပြန်ကြည့်လိုက်တယ်။
သခင်က ဒီလိုပြောတော့လည်း လူသတ်သမားရဲ့ စွမ်းအားက သူထင်ထားသည်ထက် သာလွန်မှာပါ။ သူ့လက်ထဲမှာ ဝှက်ဖဲ ရှိရမယ်။
Chapter-518
End
အပိုင်း(၅၁၉)
လုံဖေး၏ စွမ်းအား
"ကောင်လေး... မင်းကိုမင်း ထူးခြားတယ်လို့ ထင်နေသလား"
ထျန်းရွှယ်လည်း ဂုဏ်မောက်စွာ မေးငေါ့လိုက်တယ်။
"မင်း ကိုယ်မင်း အထင်ကြီးရင် ငါ့ကို အနိုင်တိုက်လေ"
လုံဖေးလည်း သူ့မျက်ဝန်းကို မှေးကျဉ်းလိုက်ပြီး သူ့မျက်ဝန်းမှာ ခံစားချက် ကင်းမဲ့သော အလင်းတန်းများ တဖျတ်ဖျတ်လက်နေခဲ့တယ်။ ဘာမှ မတွေးတော့ဘဲ ထျန်းရွှယ်ရှိရာ တဟုန်ထိုး ပြေးသွားတော့တယ်။
"မင်းက နောက်တစ်ကြိမ် ရှုံးချင်နေသလား"
ထေ့ငေါ့သော အကြည့်နဲ့ လှည့်ကြည့်ကာ ထျန်းရွှယ်လည်း လက်ဖဝါးနဲ့ သူ့ကို ရိုက်ချလိုက်တယ်။ သူ့မျက်ဝန်းမှာ လူသတ်ချင်စိတ်များ ပြေးလွှားနေလေရဲ့။
သို့သော်လည်း သူ့လက်က ရင်ဘတ်ပေါ် မရောက်မှီ ခန္ဓာကိုယ်က အခိုးအငွေ့လို ပျောက်ကွယ်သွားခဲ့တယ်။
"သရဲခြောက်သလား"
ထျန်းရွှယ် မှင်တက်သွားခဲ့တယ်။
ကြွက် အနံ့ခံသလို အာရုံခံနေသော်လည်း သူ နောက်ကျသွားပြီဆိုတာ သိလိုက်ရတယ်။
တောကိုင်ဓားက ထျန်းရွှယ်ရဲ့ လည်ပင်းကို လှီးဖြတ်သွားခဲ့ပြီး သွေးများ ယိုစိမ့်လာပြီး သူ့လည်းပင်းတစ်ခုလုံးကို ဆေးဆိုးသွားခဲ့တယ်။
"ကောင်လေး... ငါ မင်းကို အထင်သေးမိပြီ"
ထျန်းရွှယ်လည်း ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး သူ့လည်ပင်းကို ထိလိုက်တော့ သွေးချင်းချင်းနီများကို တွေ့လိုက်ရတယ်။ သူ့မျက်ဝန်းမှ လူသတ်ချင်စိတ်များက ပိုပြင်းထန်လာခဲ့တယ်။
"ကောင်လေး... မင်းက ကိုယ်ယောင်ဖျောက်ပြီး ငါ့ အမြင်အာရုံကို လှည့်စားခဲ့တယ် ဒါပေမဲ့ မင်းနဲ့ ငါက နယ်ပယ် ခြားနားပါတယ်"
ပြောပြီးတာနဲ့ ထျန်းရွှယ်ရဲ့ ခန္ဓာကိုယ်က လေပေါ် မြှောက်သွားပြီး ကောင်းကင်ယံမှာ မတ်တတ် ရပ်နေခဲ့တယ်။အစကတော့ လုံဖေးကို အနိုင်တိုက်ဖို့ လွယ်ကူမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် သူ လေထဲ မပျံသန်းခဲ့ဘူး။ ကောင်လေးက ရင်ဆိုင်ဖို့ ခဲယဉ်းသည်ကို သိတော့ လေထဲမှာ သူတိုက်ခိုက်ရမယ်။
မြေကြီးပေါ်မှ လုံဖေးကို ကြည့်ရင်း ထျန်းရွှယ်လည်း နောက်တစ်ဖန် ရယ်မောလိုက်တယ်။
"မင်းအစွမ်းအပေါ် ယုံကြည်ချက်ရှိရင် ငါနဲ့ လေထဲမှာ တိုက်ခိုက်မယ်"
စစ်သူကြီးယွမ် ဒီနေရာမှာရှိရင် ဒီလူရဲ့ အရှက်မဲ့မှုကို ပြစ်တင်ပြောဆိုနေမှာပါ။ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူကို လေထဲမှာ နှစ်ယောက်တည်း တိုက်ခိုက်ဖို့ ပြောရဲတယ်။ ဒီကုန်းမြေစု တစ်ခုတည်းမှာ အရှက်မဲ့သူ မနည်းပါလား။
လုံဖေးလည်း သူ့လက်ကို ပါးစပ်ထည့် တိတ်တဆိတ်ထည့်ကာ လေချွန်လိုက်တယ်။ကျည်ကျည်ကျာကျာ အော်သံကို ကောင်းကင်ယံမှာ ကြားလိုက်တယ်။ လျှပ်စီးလျှပ်သကဲ့သို့ လုံဖေးရဲ့ ရှေ့ကို ရောက်ရှိလာခဲ့တယ်။ လုံဖေးလည်း ကျူဖန်ငှက်ရဲ့ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ရင်း နူးညံ့စွာ စကားဆိုတယ်။
"ငါနောက် လိုက်ခွင့် မပေးခဲ့လို့ တောင်းပန်တယ်နော် အခု... အတူတူ တိုက်ခိုက်မယ်"
ထိုလူရဲ့ စကားသံကို ကြားပြီးနောက် ကျူဖန်ငှက်က ပျော်ရွှင်သော အသံကို မြည်တမ်းတယ်။ လုံဖေးက ခုန်လိုက်ပြီး ကျူဖန်ငှက်ရဲ့ ကျောပေါ် တက်လိုက်ပြီး ချက်ချင်း လေပေါ် ပျံတက်စေတယ်။
"ခင်ဗျားနဲ့အတူူတူ လေထဲမှာ တိုက်ခိုက်စေချင်တယ်မလား... ကျုပ် ရောက်လာပြီ ၊ အခု စတော့မလား "
လုံဖေးက ထျန်းရွှယ်ကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်တယ်။
လုံဖေးမှာ ကျူဖန်ငှက် ရှိမယ်လို့ မထင်သောကြောင့် ထျန်းရွှယ်ရဲ့ မျက်နှာပြောင်းလဲသွားခဲ့တယ်။ သူ ဘာမှ ပြန်မပြောစဉ် ကျူဖန်ငှက်က ကျယ်လောင်စွာ အော်ဟစ်ပြီး ထျန်းရွှယ်ကို စတင်တိုက်ခိုက်တော့တယ်။
"သခင်..."
ရဲ့လင်းလည်း အံ့သြရပါတယ်။
"သူ့လက်ထဲမှာ စိတ်ဝိညာဉ် သားရဲ ရှိတာတောင် ဘာကြောင့် လုံဖေးက သတ်ခံရမလို ဖြစ်ရလဲ"
လေထဲမှာ တိုက်ခိုက်နေသည်ကို စောင့်ကြည့်ရင်း ယွမ်လော့ဖုန်းပြောလိုက်တယ်။
"ကျူဖန်ငှက်ရဲ့ အစွမ်းက သိပ်မမြင့်ဘူး ၊ လုံဖေး ဆင့်ခေါ်လည်း အများကြီး အကူအညီ မဖြစ်ဘူး ၊ လုံဖေးကို ကူညီဖို့ ထျန်းမိသားစုကို တိုက်ခိုက်ခြင်းက အလဟဿ သူ့ကိုယ်သူ စတေးသလို ဖြစ်စေတယ်"
လုံဖေးမှာ အပြင်းအထန် ဒဏ်ရာရပြီး အခုအချိန်မှာ မတိုက်ခိုက်နိုင်တော့ဘူး။ ဒါကြောင့်လည်း ကျူဖန်ငှက်ကို ဆင့်ခေါ်ရတာပေါ့။ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူရဲ့တိုက်ခိုက်ခြင်းကို ခံရတာက သူ့ကိုယ်သူ သေကြောင်းကြံခြင်းနဲ့ အတူတူပဲ။
Chapter-519
End
အပိုင်း(၅၂၀)
ကျူဖန်ငှက်
ကျူဖန်ငှက်ကို ပျံသန်းဖို့ စီးတော်ယာဉ်အဖြစ် များသောအားဖြင့် အသုံးပြုကြတယ်။ ကျူဖန်ငှက်က ဉာဏ်အရမ်း မကောင်းမွန်တာကြောင့် သူတို့ သခင်အမိန့်ကိုပဲ နာခံကြပြီး သခင်ကို ကာကွယ်ဖို့ လက်ဦးမှု မယူတတ်ကြပေ။
ရဲ့လင်းလည်း ခေါင်းညိတ်လိုက်ပြီး လေထဲက တိုက်ခိုက်ပွဲကို ဆက်လက် ကြည့်နေလိုက်တယ်။
.......
လေထဲမှာ ကျူဖန်ငှက်က ထျန်းရွှယ်ကို သူ့ကိုယ်လုံးကြီးနဲ့ ဝင့်ဆောင့်ဖို့ ကြိုးစားပြီး ကျည်ကျည်ကျာကျာ အော်နေခဲ့တယ်။ထိုအသံက နားထဲမှာတော့ မိုးချုန်းသံလို ပြေးလွှားနေခဲ့တယ်။
ဒါက ကျူဖန်ငှက်ရဲ့ အရည်အချင်းပါ။
ဒီငှက်များက အတော်ကို အစွမ်းမထက်သော်လည်း သူ့အသံက ပြိုင်ဘက်ရဲ့စိတ်ကို အနှောင့်အယှက်ပေးပြီး နားထဲ တဝီဝီမြည်စေတယ်။
ရွှမ်းခနဲမြည်သံ...။
ထိုအခိုက်... လျှပ်စီးကြောင်း ကဲ့သို့ လျင်မြန်စွာနဲ့ ကျူဖန်ငှက်ရဲ့ ကျောပေါ်မှ လုံဖေးတစ်ယောက် ဆင်းသက်လာခဲ့ပြီး ထျန်းရွှယ်နောက်မှာ ရပ်လိုက်တယ်။
ထျန်းရွှယ်လည်း ကျူဖန်ငှက်ရဲ့အသံကို စိတ်စွမ်းအားနဲ့ တားဆီးသော်လည်း နောက်ကျသွားခဲ့ပါပြီ။ လုံဖေးက ထျန်းရွှယ်ရဲ့ တင်ပါးကို နောက်ဘက်မှ ခပ်ပြင်းပြင်း ကန်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်က ကောင်းကင်ယံမှာ လွှင့်စဉ်သွားခဲ့တယ်။
ထို့နောက် လုံဖေးလည်း ကောင်းကင်ယံမှာ ခုန်ဆင်းလိုက်ပြီး ထျန်းရွှယ်ရဲ့ ကျောကုန်းကို တက်နင်းလိုက်တယ်။ ကျယ်လောင်သော ဘိုင်ခနဲ အသံနဲ့အတူတူ မြေကြီးပေါ်မှာ ကြီးမားသော တွင်းတစ်ခုဖြစ်ပေါ်လာပြီး လူနှစ်ယောက်လည်း ထိုတွင်းထဲ ကျလာခဲ့တယ်။
မီးခိုးငွေ့များ တောင်တံခါးပေါက်မှာ ဖြန့်ကျက်သွားခဲ့လေရဲ့။
ထျန်းရွှယ်လည်း ချောင်းဆိုးသွားပြီး တွင်းထဲမှ ဖြည်းဖြည်းချင်း တက်လာဖို့ ကြိုးစားတယ်။ လုံဖေးရဲ့ ခံစားချက် ကင်းမဲ့သော မျက်နှာကို မကျေမချမ်း ကြည့်ကာ သူ ထေ့ငေါ့လိုက်တယ်။
"မင်းက ဒီလို ဆူညံမှုမျိုး လုပ်လိုက်တော့ ငါ့ဖခင်နဲ့ ထျန်းမိသားစုရဲ့ တခြားသော အကြီးအကဲတွေ ကြားသွားလောက်ပြီ သူတို့ရောက်လာတာနဲ့ မင်းတို့တွေ သေရတော့မယ်"
တကယ်တမ်း နောင်တရနေသူက ထျန်းရွှယ်ပါ။ ဒီနေရာကို သူ တစ်ယောက်တည်း မလာခဲ့သင့်ဘူး။ သူတို့ကို တောင်းတံခါးထဲ မျှားခေါ်ပြီး ထောက်ချောက်ဆင် သတ်ခဲ့သင့်တယ်။ ယွမ်လော့ဖုန်းက သူမနဲ့အတူတူ ဒီလူကို ခေါ်လာမယ်လို့ မထင်ခဲ့မိဘူး။ သူက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူနဲ့ တိုက်ခိုက်ရင် သရေကျလောက်မယ်လို့ ထင်ခဲ့မိတယ်။ ဒီသတင်း ပျံ့နှံ့သွားလို့ကတော့ သူ အကြီးအကျယ် အရှက်ကွဲမှာလေ။
မှန်ပါတယ်...။ ထျန်းရွှယ်ရဲ့စိတ်ထဲမှာ လုံဖေးကို ဖမ်းချုပ်ပြီး သူ့အရှုံးကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်။
"ရွှယ်အာ"
ရုတ်တရက် အဘိုးအိုရဲ့ အသံကို ကြားလိုက်ရတယ်။ ထိုအသံကိုကြားတော့ ထျန်းရွှယ်ရဲ့စိတ် ပျော်ရွှင်လာခဲ့တယ်။ တံခါးပေါက်မှ ထွက်လာသော အဘိုးအိုကို တက်တက်ကြွကြွ ကြည့်ရင်း ပျော်ရွှင်စွာ အော်လိုက်တယ်။
"အဖေ"
သူ့အဖေရဲ့နောက်မှာ ထျန်းမိသားစုရဲ့ အကြီးအကဲများ ပါဝင်လာပြီး အားလုံးက ယွမ်လော့ဖုန်းနဲ့ သူ့အဖော်များကို မကျေမချမ်း ကြည့်နေကြတယ်။
"ယွမ်မိန်းကလေး"
အဘိုးအိုက ထျန်းရွှယ်ကို ခေါင်းညိတ်ပြပြီး ယွမ်လော့ဖုန်းဘက် လှည့်လိုက်ကာ ခံစားချက် ကင်းမဲ့စွာ ပြောတယ်။
"မင်း တရားလွန်နေတယ်လို့ မထင်ဘူးလား ၊ မင်းက ငါတို့ ထျန်းမိသားစုရဲ့ တပည့်တစ်ယောက်ကို သတ်တယ် ၊ တောင်တံခါးပေါက်ကို ဖျက်ဆီးတယ် ၊ အခုတော့ တပည့်အများကြီးကို သတ်ပြန်တယ်... ငါတို့တွေ မင်းကို ရန်မစခဲ့ဘူး ၊ ဘာကြောင့် ရိုင်းစိုင်းရလဲ...အကြောင်းအရင်း ပြောစမ်းပါ"
"ကျွန်မက ကျူံးလင်းအာ ဘယ်မှာလဲ မေးတယ် ၊ သူတို့က ပြန်မဖြေဘူးလေ ဒါကြောင့် ကိုယ့်နည်းလမ်းနဲ့ ကိုယ် ရှာဖို့ ကြိုးစားတာလေ"
ယွမ်လော့ဖုန်းက ပြုံးလျက် ပြောသော်လည်း ထိုအပြုံးက စဉ်းလဲသော အပြုံးလေးပါ။
"ကျူံးလင်းအာက ထျန်းမိသားစုရဲ့ တပည့်... ငါတို့ သူမကို ဘာလုပ်လုပ် မင်းနဲ့ မသက်ဆိုင်ဘူး... ကိုယ့်အလုပ် ကိုယ်လုပ်ရင်ကောင်းမယ်"
အဘိုးအိုက မတူမတန်ဟန်ပြောကာ မျက်မှောင်ကြုတ်လိုက်တယ်။
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ခုံးများကို မြှင့်တင်လိုက်တယ်။
"သူမက ကျွန်မရဲ့လူ ၊ ဒါကြောင့် ထျန်းမိသားစုက သူမရဲ့ ကံတရားကို ဆုံးဖြတ်လို့ မရဘူး"
"ဟွန့်"
အဘိုးအိုက သရော်လိုက်တယ်။
"ဒါဆိုတော့လည်း ငါ့အစွမ်းကို ပြရတာပေါ့"
သူ့ဖခင် ဒေါသထွက်လာတာ မြင်ရတော့ ထျန်းရွှယ်ရဲ့မျက်ဝန်းများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
နောက်ဆုံးတော့ အဖေက ဒီလူတွေကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီလူတွေ ဘယ်လို ဆိုးဆိုးရွားရွား သေမလဲ စောင့်ကြည့်ရတာပေါ့။ အထူးသဖြင့် မိန်းမယုတ် ယွမ်လော့ဖုန်း ဘယ်လို တိုက်ခိုက်ခံရမလဲဆိုတာ တစ်ချက်လေးမျှ မလွတ်သွားချင်ဘူး။
မဟုတ်ဘူး။
အဖေက သူမကို စက္ကန့်ပိုင်းလေးအတွင်း တစ်ချက်တည်းနဲ့ တိုက်ခိုက်နိုင်မှာ။
Chapter-520
End
အပိုင်း(၅၂၁)
ယွမ်လော့ဖုန်းရဲ့စွမ်းအား (၁)
တောင်တံခါးပေါက်ကို မရောက်ခင်တည်းက မိန်းကလေးရဲ့ အဖြူရောင်ဝတ်စုံက လေမှာ တလွင့်လွင့် ဖြစ်နေခဲ့ပြီး သူမ နှုတ်ခမ်းက ကောက်ကျစ်စဉ်းလဲမှုကို ပုံဖော်နေခဲ့တယ်။
"ကောင်းပြီလေ"
သူမက အဘိုးအိုရဲ့ ရန်စမှုကို စကားတစ်ခွန်းတည်းဖြင့်သာ တုံ့ပြန်ခဲ့တယ်။ အဘိုးအိုရဲ့ ဒေါသထွက်နေသော မျက်နှာအမူအရာနဲ့ ယှဉ်လိုက်ရင် သူမက အတော်ကို တည်ငြိမ်နေခဲ့တယ်။
"မာနထောင်လွှားလိုက်တာ"
ထျန်းမိသားစုရဲ့ အကြီးအကဲ အားလုံးကို မာနထောင်လွှားနေသော မိန်းကလေးကို သင်ခန်းစာပေးချင်သည်အထိ ဒေါကန်လာတယ်။ သူတို့အားလုံး လက်နက်ထုတ်ချိန်မှာ အဘိုးအိုရဲ့ သွေးအေးသံက ပဲ့တင်ထပ်လာခဲ့တယ်။
"မင်းတို့အားလုံး နောက်ဆုတ်နေစမ်း"
အဘိုးအိုက မျက်ဝန်းကို မှေးကျဉ်းရင်း ပြင်းထန်စွာ အမိန့်ပေးလိုက်တယ်။
သူရဲ့ အမိန့်သံကို ကြားပြီးနောက် သူတို့ သင်ခန်းစာပေးချင်သော်လည်း ဖြည်းဖြည်းချင်း အဘိုးအိုနောက်ကို ဆုတ်ခွာလိုက်တယ်။
"ဒီကောင်မလေးကို ငါကိုယ်တိုင် ရင်ဆိုင်မယ်"
အဘိုးအိုလည်း ကောက်ကျစ် စဉ်းလဲသော မျက်နှာထားနဲ့မိန်းကလေးကို ကြည့်လိုက်တယ်။ သူ့မျက်ဝန်းများက ခက်ထန်သော အကြည့်များဖြင့် တောက်ပနေခဲ့တယ်။ ယွမ်လော့ဖုန်းကို လက်နက်သုံး မတိုက်ခိုက်လည်း နိုမယ်လို့ ယုံကြည်ထားတယ်။
ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်တာကြောင့် သူက အလွန်လျင်မြန်တယ်။ ဘာဖြစ်မှန်း လူအုပ်ကြီးက မသိလိုက်ခင် သူက ယွမ်လော့ဖုန်း ရှေ့ ရောက်နေပြီ။ ပြင်းထန်သော လေကို သယ်ဆောင်ရင်း သူ့လက်ဖဝါးက ချောမောသော သူမမျက်နှာကို ရိုက်ဖို့ ရွယ်လိုက်တယ်။
အစမှ အခုအချိန်ထိ သူမက တည်ငြိမ်နေခဲ့တယ်။ အဘိုးအိုရဲ့ လက်ဖဝါးက သူမရဲ့မျက်နှာပေါ် ရောက်လုနီးပါဖြစ်သော်လည်း ကောင်မလေးက ပြုံးမြဲ ပြုံးနေခဲ့တယ်။
သူမ အပြုံးက မကောင်းဆိုးဝါးဆန်တယ်။
ဝုန်း
အဘိုးအိုက စွမ်းအား အကုန် စုစည်းပြီး သူမကို အားကုန် တိုက်ခိုက်တယ်။သူရဲ့ တိုက်ခိုက်မှုက ပြင်းထန်တာကြောင့် ပတ်ဝန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။
"ဟား...ဒါက မင်း ငါတို့ ထျန်းမိသားစုကို ရန်စလို့ပဲ"
ထျန်းရွှယ် ဟားတိုက် ရယ်မောလိုက်တယ်။
သူ့အမြင်မှာတော့ ယွမ်လော့ဖုန်းတစ်ယောက်... သူ့အဖေ တိုက်ခိုက်မှုကြောင့် သေဆုံးတော့မယ်ပေါ့။ သိပ်မကြာခင်မှာဘဲ သူ့အပြုံးက အေးခဲသွားပြီး မယုံကြည်နိုင်သောကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားရတယ်။ ယွမ်လော့ဖုန်း ရပ်နေသော နေရာကို ယုံကြည်ရခက်စွာ စူးစူးစိုက်ကြည့်လိုက်တော့ သူမက ပျောက်ကွယ်သွားလေပြီ။
မှန်ပါတယ်
အဘိုးအိုရဲ့ ပြင်းထန်သော တိုက်ခိုက်မှုက ယွမ်လော့ဖုန်း အနား ရောက်လုနီးပါးမှာ သူမက ရုတ်တရက် ပျောက်သွားခဲ့တယ်။ သူ့တိုက်ခိုက်မှုက သူ့ရှေ့က ရှေးဟောင်း သစ်ပင်အပေါ် ကျရောက်သွားခဲ့တယ်။ တောင်တံခါးပေါက် တစ်ခုလုံး ဖုန်မှုန့်များ ပြည့်နှက်သွားတော့တယ်။
"သူမ ဘယ်ရောက်သွားလဲ"
ထျန်းအကြီးအကဲ အားလုံးက တုန်လှုပ်သွားရတယ်။ သက်ရှိလူသားတစ်ယောက်က ဒီလိုမျိုး ပျောက်သွားလို့ ရလား။ အားလုံး ကြောင်အမ်းအမ်း ဖြစ်နေစဉ်က ဘယ်ကမှန်း မသိသော အသံတိုးတိုးလေး ပျံဝဲလာတော့တယ်။
"ကြည့်ပါဦး... ယွမ်လော့ဖုန်း မလား"
ဒါကို ကြားတော့ အားလုံးက ခေါင်းမော့ပြီး အပြာရောင် ကောင်းကင်ကို ကြည့်တယ်။
ကောင်းကင်ယံမှာ သူမက ရပ်နေခဲ့ပြီး အဖြူရောင် ဝတ်စုံလေးက လေထဲမှာ နူးနူးညံ့ညံ့လေး လွင့်နေခဲ့တယ်။ အလှပဆုံးသော မြင်ကွင်းလေးပါပဲ... အားလုံးရဲ့ အသက်ရှုသံကို ရပ်တန့်စေတယ်။
"ကောင်း... ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ"
"အသက် ၁၅နှစ်တည်းနဲ့ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်နေပြီလား... ဒီကောင်မလေးက ထျန်းမိသားစု မဟုတ်တာ နစ်နာတယ်ကွာ"
ထျန်းမိသားစု အကြီးအကဲအားလုံး ကျောက်ရုပ် ဖြစ်နေတယ်။ သူမက လေထဲမှာ ကိုယ်ဖော့နိုင်တယ်။ ဒါက ဘာသဘောလဲ။ ၁၅နှစ်အရွယ် ကောင်မလေးက ကောင်းကင်ဘုံအဆင့် ရောက်နေပြီလား။
ဒီလောကကြီးထဲမှာ အသက်၁၅နှစ်နဲ့ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ရှိခဲ့လို့လား။
အားလုံးထဲမှာ ထျန်းရွှယ်က အံ့သြတုန်လှုပ်မှု အမြင့်မားဆုံးပါ။ မျက်နှာသေ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်က အပြင်းအထန် ခါယမ်းနေခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ ဖြစ်ခဲ့တာကြောင့် သူ့ကို ယှဉ်နိုင်သူ မရှိဘူးလို့ ထင်ခဲ့ဖူးတယ်။
Chapter-521
End
အပိုင်း(၅၂၂)
ယွမ်လော့ဖုန်းရဲ့ စွမ်းအား (၂)
၁၅နှစ်အရွယ် ကောင်မလေးက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်မယ်လို့ မထင်ခဲ့မိပါဘူး။
"ရွှယ်အာ"
အဘိုးအိုရဲ့မျက်နှာက မည်းမှောင်သွားခဲ့တယ်။
"ယွမ်လော့ဖုန်းက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူလို့ မင်း ပြောခဲ့တယ်မလား..ဘာလို့ သူမက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်နေတာလဲ"
ထျန်းရွှယ်လည်း ကြိုးစား အားယူပြုံးရင်း ပြန်ဖြေလိုက်တယ်။
"လွန်ခဲ့သော လပိုင်းက ကမ္ဘာမြေကြီး အနိမ့်ဆင့် ကျင့်ကြံသူ တစ်ယောက်ဆိုတာ သေချာပါတယ် အခုတော့ ဘယ်လိုများ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်သွားလဲ"
အဘိုးအိုက ထျန်းရွှယ်ကို ပါးရိုက်လိုက်ပြီး သွေးအေးစွာ အော်လိုက်တယ်။
"မင်း မသိဘူးလား... မင်း မသိဘူးလို့ ငါ့ကို ပြောရဲတယ် လွန်ခဲ့တဲ့ လပိုင်းတည်းက ကောင်းကင်ဘုံအဆင့် ရောက်နေတာမလား... မင်း ငါ့ကို အရူးလုပ်ဖို့ တွေးနေတာလား"
ပြန်လည်ဝင်စားတဲ့ နတ်ဘုရား ဝိညာဉ် ကိုယ်တိုင် ကမ္ဘာမြေကြီးအဆင့်မှ ကောင်းကင်ဘုံအဆင့်ကို လပိုင်းနဲ့ မရောက်နိုင်ပါဘူး။ ယွမ်လော့ဖုန်းလို သာမန်လူသားတစ်ယောက်က ပိုပြီးတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်လည်း အဘိုးအိုက ထျန်းရွှယ်ကို သံသယ ဝင်တာပေါ့။
"ငါ ဒီအမျိုးသမီးနဲ့ စာရင်းရှင်းပြီးမှ မင်းနဲ့ ငါတွေ့မယ်"
အဘိုးအိုက ထျန်းရွှယ်ကို ခက်ထန်စွာကြည့်ပြီး သွေးအေးစွာ စကားဆိုတယ်။
ထို့နောက် ယွမ်လော့ဖုန်ဘက် လှည့်ကာ စကားပြောတယ်။
"ယွမ်မိန်းကလေး... မင်းအရည်အချင်းက ကောင်းမွန်ပါတယ် မင်း ထျန်းမိသားစုရဲ့ တပည့်ကို မသတ်ရင် မင်းကို ထျန်းမိသားစုက မိတ်ဆွေအဖြစ် လက်ခံနိုင်မှာပါ"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်ပြီး
"ထျန်းတပည့်ကို မသတ်လည်း ကျွန်မက ထျန်းမိသားစုနဲ့ မိတ်ဆွေ မဖြစ်လိုဘူး"
ကျူံးလင်းအာကို ထျန်းမိသားစုက မဖမ်းသွားလည်း ထျန်းရာကြောင့် ထျန်းမိသားစုကို သူမ အမြင်မကြည်ဘူး။ ထျန်းရာကို သူမရဲ့ တပည့်အဖြစ် လက်မခံသော်လည်း ထျန်းရာက သူမရဲ့ မိတ်ဆွေပါ။ ဒါကြောင့် ထျန်းရာကို ထိခိုက်စေတဲ့ ထျန်းမိသားစုနဲ့ မိတ်ဆွေ ဖြစ်စရာလား။
"ဟား... ကောင်မလေး... မင်းက မာနခဲလေးပဲ..."
သူမစကားကိုကြားတော့ အဘိုးအိုက ဒေါသထွက်သော်လည်း ဝါးလုံးကွဲ ရယ်မောနေတယ်။
"နောက် မင်း ဒီလို စကားမျိုး ပြောရဲမလား ကြည့်ရတာပေါ့"
ယွမ်လော့ဖုန်းလည်း သူ့ကို အပြုံးလေးနဲ့ ဖျတ်ခနဲ ကြည့်လိုက်တယ်။
"ကျွန်မ အချိန်ကုန် သက်သာဖို့ ဘာလို့ ကျွန်မနဲ့ အစွမ်းကုန် မတိုက်ခိုက်လဲ"
အဘိုးအိုက ယွမ်လော့ဖုန်းကို မာနကြီးတယ်လို့ သိထားသော်လည်း သူမအကြောင်း အလုံးစုံ မသိသေးပါလား
မာနထောင်လွှားတာက ထင်တာထက် ပိုဆိုးပါလား။
သူမက အခုက ကောင်းကင်ဘုံ အနိမ့်ဆင့် ကျင့်ကြံသူ ဖြစ်တာ... တစ်ချိန်တည်းမှာ သူမနဲ့ နယ်ပယ်တူတဲ့ ကျင့်ကြံသူ အများကြီးကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေသလား။ သူမရဲ့ ပြိုင်ဘက်ထဲမှာ ကောင်းကင်ဘုံ အလယ်အလတ် ကျင့်ကြံသူ ဖြစ်တဲ့ သူကိုယ်တိုင် ပါဝင်နေတယ်လေ။
"ယွမ်လော့ဖုန်း... မင်းကိုယ်မင်း ဘာထင်နေလဲ မင်းက ထျန်းမိသားစုကို အထင်သေးရဲတယ်"
သူမရဲ့ မထီမဲ့မြင် ပြုမူမှုကို သည်းမခံနိုင်တော့တဲ့အတွက် ထျန်းအကြီးအကဲ အားလုံးက လက်နက်ထုတ်ပြီး လေထဲမှာ ရပ်နေတဲ့ သူမကို မကျေမချမ်း ကြည့်တော့တယ်။
"မှန်ပါတယ်... မင်းရဲ့ အထုံပါရမီက ကောင်းမွန်ပါတယ် ဒါပေမဲ့ တစ်ချိန်တည်းမှာ ထျန်းမိသားစုရဲ့ အကြီးအကဲ အားလုံးကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး"
"သခင်... သူမက ဒီစကားပြောတော့လည်း ငါတို့တွေ ဘာကို စောင့်နေဦးမလဲ ငါတို့ သူမကို သင်ခန်းစာ မပေးရင် သူမကိုယ် သူမ ဘယ်သူလဲဆိုတာ သိမယ် မထင်"
ထျန်းရွှယ်ရဲ့မျက်ဝန်းများလည်း မည်းမှောင်သွားခဲ့တယ်။ သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး သွေးဆာနေသော အကြည့်နဲ့ စကားဆိုလိုက်တယ်။
"အဖေ... ဒီတိုက်ပွဲမှာ ကျွန်တော်လည်း ပါဝင်ပါရစေ"
သူ ယွမ်လော့ဖုန်းကို တိုက်ခိုက်ချင်သော်လည်း ထိခိုက်မှာလည်းကြောက်တယ်။ အခုတော့ ထျန်းအကြီးအကဲ အားလုံး သူမကို တိုက်ခိုက်မယ်ဆိုတော့ အခွင့်ကောင်းတစ်ခုပဲမလား။
"မသင့်လျော်ဘူး"
ဒေါသမီးလျှံ တောက်လောင်နေသော်လည်း ထျန်းမိသားစုရဲ့ကျော်ကြားမှုကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်။ အဘိုးအိုက လူအုပ်ကြီးကို တားဆီးနေဆဲပါ။
"ငါတို့အားလုံးက ကောင်မလေး တစ်ယောက်ကို ဝိုင်းအနိုင်ကျင့်တယ်လို့ သတင်းပြန့်သွားရင် ထျန်းမိသားစု နာမည်ပျက်မယ်"
Chapter-522
End
Bạn đang đọc truyện trên: Truyen247.Pro