
752 to 772 Unicode
Book(31)
752+753+754
အပိုင်း(၇၅၂)
အစီအရင်ကို ဖျက်စီးခြင်း
လေပြင်းမုန်တိုင်း တိုက်ခိုက်လာပြီး ယွမ်လော့ဖုန်းရဲ့ ခန္ဓာကိုယ်မှ စိတ်စွမ်းအားများ ထွက်ပေါ်လာတယ်။ ထိုစွမ်းအားများက အစီအရင်ကို လျင်မြန်သောနှုန်းနဲ့ ဦးတည်လာတယ်။ဒါကို ပကတိမျက်လုံးနဲ့ မြင်နိုင်တယ်။
ပြင်းထန်သောပေါက်ကွဲမှုက အစီအရင်ပေါ်မှာ ဖြစ်ပေါ်လာပြီး ယွမ်လော့ဖုန်း လွှင့်ထွက်သွားမယ်လို့ အားလုံး မျှော်မှန်းထားသော်လည်း ထင်သလို ဖြစ်မလာပါဘူး။ အဲဒီအစား မူလက တုံ့ပြန်မှု မရှိတဲ့ အစီအရင်က မဆိုသလောက်လေး လှုပ်ခတ်လာခဲ့တယ်။
အမှန်ပါပဲ... အစီအရင်က အနည်းငယ် လှုပ်ခတ်သွားပါတယ်။
ဒါက အနည်းငယ်မျှ ပြောင်းလဲမှု ဖြစ်မယ်ဆိုရင်တောင် အားလုံးကို အဆုံးအစမဲ့တဲ့ တုန်လှုပ်မှု ဖြစ်ပွားဖို့ လုံလောက်ပါတယ်။
"ဒါက ဘယ်လို ဖြစ်ရတာလဲ"
လင်းယွမ်ရဲ့မျက်နှာက သွေးဆုတ် သွားရတယ်။
"စောစောကမှ အစီအရင် အကြောင်းကို သိတာလေ...ဘာကြောင့် ဒီလို အစွမ်းအစ ရှိနေတာလဲ အချိန်ခဏလေးအတွင်း အစီအရင်ရဲ့ အခြေခံ အချက်တွေကို လေ့လာတယ်လို့် မပြောနဲ့... ငါ မယုံကြည်နိုင်ဘူး"
လင်းယွမ်ရဲ့ စကားက အားလုံးကို ပင့်သက်ရှိုက်ဖို့ လုံလောက်ပါတယ်။ အစီအရင် အကြောင်း နားမလည်တဲ့လူက အချိန်ခဏလေး ဗဟုသုတ အားလုံးကို လေ့လာနိုင်တယ်လား။ ဒီလို ပါရမီရှင်ကို ဘယ်လိုမျိုး အမည်နာမ တပ်သင့်လဲ။
လင်းယွမ် နောင်တရမိတယ်။အစတည်းက ဒီမိန်းကလေးနဲ့ ယှဉ်ပြိုင်မိတာ နောင်တ ရသလို ရန်ရှာမိတာကိုလည်း ကြေကွဲလို့ မဆုံးပါဘူး။
အစီအရင်ကို တိုက်ခိုက်ဖို့ အားကုန်သုံးတဲ့ အချက်က လင်းယွမ်ရဲ့အမှားပါ။
သူနဲ့ စူးကျန်း ကျရှုံးချိန်မှာ သူမက အောင်မြင်မှု ရနိုင်သတဲ့လား။
တကယ်တမ်းတော့ ဒီကိစ္စကို ရှင်းပြဖို့ လွယ်ကူပါတယ်။ ပြောရရင်တော့ လင်းယွမ်က အစီအရင် အကြောင်းကို သိသော်လည်း အပေါ်ယံမျှ သိလို့ပါ။ အစီအရင် အားလုံးရဲ့ အားအနည်းဆုံး အပိုင်းက အလယ်ဗဟိုမှာပဲ ရှိမယ်လို့ ယုံကြည်ခဲ့လို့ပါ။
ယွမ်လော့ဖုန်းလည်း မျက်လွှာချပြီး အာရုံခံကြည်တော့ အစီအရင်ရဲ့ ပင်မ နေရာကို တွေ့ရှိသွားတယ်။
တခြားသူ ကြိုးစား ကြည့်မယ် ဆိုရင်တော့ အစီအရင်ရဲ့ ပင်မ နေရာကို အာရုံခံနိုင်ဖို့ ရက်ပေါင်းများစွာ အချိန်ယူ ရပါမယ်။ တခြားအစီအရင်များက ပင်မ နေရာကို ဝှက်ထားလို့ တခြားသူများအဖို့ ရှာနိုင်ဖို့ ခဲယဉ်း ပါတယ်။
ယွမ်လော့ဖုန်းမှာ တခြားသူများထက် သာလွန်တဲ့ အစွမ်း ရှိတဲ့အပြင် သူမကို အဆုံးအစမဲ့တဲ့ စိတ်စွမ်းအားများ ထောက်ပံ့ပေးနိုင်တဲ့ ဆေးနတ်ဘုရား နယ်မြေလည်း တွဲဖက်ပြီး ရှိနေတယ်။ ဒါကြောင့်လည်း ပင်မ နေရာကို ရှာဖို့ ကျွယ်ချင်း ရေးသားထားတဲ့ နည်းလမ်းကို သုံးလို့ ရတာပေါ့။
ယွမ်လော့ဖုန်းလည်း အစီအရင်ကို နောက်တစ်ကြိမ် တိုက်ခိုက် ပြန်တယ်။ သူမရဲ့ပြင်းထန်သော တိုက်ခိုက်မှုအောက်မှာ အစီအရင်က ပိုပိုလှုပ်ခတ် လာရပြီး တောင်ကြော တစ်ခုလုံး ငလျင်လှုပ်သလို ဖြစ်လာတယ်။
အစီအရင် အတွင်းဖက်ခြမ်း
ကြည်လင်သော ရေကန်ရဲ့ တစ်ဖက်မှာ မီးခိုးရောင် ဝတ်စုံနဲ့ အမျိုးသားမှာ ချွေးစေးများကို မနည်း သုတ်နေရတယ်။ ရေကန်ဘေးနားက မိန်းကလေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။
မျက်မှောင်ကြုတ်ထားပြီး မဲ့ပြုံး ပြုံးနေတယ်။
"ခဏလေးအတွင်း သားရဲဘုရင်တွေကို ငါ ပိုင်ဆိုင်တော့မယ်"
"ဒါပေမဲ့ သူမရဲ့သိစိတ် ခုခံမှုက ပြင်းထန်လွန်းလို့ ဒီမိန်းမကို ထိန်းချုပ်ဖို အားအများကြီး သုံးလိုက်ရတယ်...သွေးပြန်ကြောမှာ ဒီအစွမ်းကို မသုံးလို့ တော်သေးတယ်"
ရုတ်တရက် မြေကြီးတုန်လှုပ်သွားတာကို ခံစားမိတော့ သူ့မျက်နှာက ခပ်တင်းတင်း ဖြစ်သွားရတယ်။
"ဘယ်သူလဲ... ငါ့အစီအရင်ကို ဘယ်သူဖျက်တာလဲ...သတ္တိကောင်းနေကြတယ်..."
ထိုလူလည်း မတ်တတ် ထရပ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။ သူ့မျက်ဝန်းက ရက်စက် ယုတ်မာမှုကို ပုံဖော်နေတယ်။
"ငါ သူတို့နဲ့ စာရင်းရှင်းဦးမယ်...ပြီးမှ မင်းကို ဆက် ထိန်းချုပ်မယ်"
ထို့နောက် သူလည်း ထွက်ခွာ လာခဲ့တယ်။
အစီအရင် အပြင်ဘက်
ယွမ်လော့ဖုန်းရဲ့ တိုက်ခိုက်မှုကြောင့် အစီအရင်မှာ အက်ကြောင်းရာ ဖြစ်ပေါ်လာခြင်းကို မျက်မြင် တွေ့လိုက်ရတော့ အားလုံးရဲ့ မျက်ဝန်းများက ရွှင်မြူးရိပ် သန်းရတယ်။
အစီအရင်က တစ်စထက်တစ်စ ပိုပိုပြီး ကွဲအက်လာတယ်။ ဒီအစီအရင် ပျက်သွားတာနဲ့ သူတို့တွေ ပြန်လမ်းမဲ့ သစ်တောကို ခရီးဆက်လို့ ရပြီ...ရတနာ ရှာလို့ရတာပေါ့။
လင်းယွမ်ရဲ့မျက်ဝန်းများပါ အရောင်တောက်နေတယ်။
အစီအရင် ပျက်သွားခြင်းက ဖူရှန်းနဲ့ နီးစပ်ဖို့ ခြေတစ်လှမ်း တိုးလာခြင်းပဲ။
နောက်ဆုံး တိုက်ခိုက်ချက်ကြောင့် အစီအရင်က ကြယ်ကြွေသလို ကြွေဆင်းသွားတော့တယ်။
Chapter-752
End
အပိုင်း(၇၅၃)
ကျွယ်ချင်းနဲ့ ဘယ်လို ပတ်သက်လဲ
"ဘယ်သူက ငါ့အစီအရင်ကို ဖျက်လိုက်တာလဲ"
အစီအရင်ကို ဖျက်လိုက်ချိန် တောင်လမ်းတစ်လျှောက် စိတ်ပျက်စရာကောင်းတဲ့ အသံကို ကြားလိုက်ရတယ်။ ထိုအသံက အလွန်အမင်း ကြောက်လန့်ဖွယ် ကောင်းပြီး မင်းရဲ့ လည်ပင်းကို မြွေ ရစ်ပတ်ထား သလိုပါပဲ။ မင်းသာဆိုရင် သူ့အသံ ကြားရုံနဲ့ မွန်းကျပ်လာနိုင်တယ်။
သူမ သတိမထားမိခင် ယွမ်ရှောင်က သူမ အနားကို ရောက်လာခဲ့ပြီး သူ့မျက်နှာ အမူအရာက အရင်ထက် လေးနက်နေခဲ့တယ်။
တောင်ပတ်လမ်းတစ်လျှောက် ထိုလူက ဖြည်းဖြည်းချင်း လမ်းလျှောက်လာတယ်။ သူတို့ကြားမှာ ၁၀မီတာမျှ ကွာဝေးမှန်း သိသာသော်လည်း ခြေနှစ်လှမ်းနဲ့ သူတို့အနား တောင်ခြေကို ရောက်လာခဲ့တယ်။
မီးခိုးရောင် ဝတ်စုံနဲ့လူကို ကြည့်ကာ လင်းယွမ်မှာ ကြောက်ရွံတုန်လှုပ်လာရတယ်။ ထိုလူရဲ့ ပြိုင်ဘက် မဖြစ်နိုင်လောက်အောင် သူ့စိတ်တန်ခိုး မြင့်မှန်း သူ အာရုံခံမိတယ်။
လင်းယွမ်လည်း တံထွေးမျိုချကာ ယွမ်လော့ဖုန်းကို ညွှန်းပြလိုက်တယ်။
"သူမပါ...ဒီကိစ္စက ငါတို့နဲ့ မသက်ဆိုင်ဘူး..."
လင်းယွမ် ညွှန်းပြတဲ့ နေရာကို မီးခိုးရောင် ဝတ်စုံနဲ့လူက လှည့်ကြည့်လိုက်တယ်။ ခဏလေးအတွင်း သုန်မှုန်နေတဲ့ မျက်နှာက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တယ်။ သူ့မျက်နှာမှာ ဒေါသမိုးတိမ်များ ကြီးစိုးသွားတော့တယ်။
"လူယုတ်မာကောင် ကျွယ်ချင်းနဲ့ မင်း ဘယ်လို ပတ်သက်လဲ....မင်းရဲ့ခန္ဓာကိုယ်မှာ ဘာကြောင့် သူ့တန်ခိုး ရှိနေတာလဲ"
ကျွယ်ချင်း...
ခဏတော့ ယွမ်လော့ဖုန်းလည်း ဘာပြောရမှန်း မသိ ဖြစ်သွားတယ်။ ဒီစာအုပ်ကြောင့်များလား။
ထိုလူက ယွမ်လော့ဖုန်းအနား တဟုန်ထိုး ပြေးလာပြီး မီးဝင်းဝင်းတောက်တဲ့ မျက်ဝန်းများဖြင့် ယွမ်လော့ဖုန်းကို တိုက်ခိုက် လာတယ်။
အမည်းရောင် ဝတ်စုံနဲ့ အမျိုးသားလေးက ယွမ်လော့ဖုန်းကို ကာကွယ်ဟန် သူမရဲ့ ရှေ့မှာ မားမား မတ်မတ် ရပ်နေတယ်။ ထိုလူရဲ့ မျက်နှာက ခံစားချက် ကင်းမဲ့နေပြီး မီးခိုးရောင်ဝတ်စုံနဲ့ လူရဲ့ တိုက်ခိုက်မှုကို လက်ဖြင့် ဟန့်တားထားတယ်။
ဗိုင်း...
ခဏလေး အတွင်း ပတ်ဝန်းကျင်မှာ ပြင်းထန်သော မုန်တိုင်း ဖြစ်ပေါ်လာပြီး များစွာသော အပင်များကို သစ်သားစ မကျန်အောင် လဲပြိုသွားစေတယ်။
"ယွမ်ရှောင်"
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်အနား အလျင်စလို ပြေးသွားလိုက်တယ်။ သူမရဲ့မျက်ဝန်းများက စိုးရိမ်ပူပန်မှုကို ဖော်ပြနေတယ်။
"ရှင် အဆင်ပြေရဲ့လား"
"ကိုယ် အဆင်ပြေတယ်... အဟွတ် အဟွတ်"
ဒီစကားနှစ်ခွန်းကို နှုတ်မှ ပြောလိုက်ပြီးနောက် သူ့မှာ ချောင်းဆိုးပြီး လတ်ဆတ်သောသွေးများ အန်တော့တယ်။ လူတိုင်းရဲ့မျက်ဝန်းများက တုန်လှုပ် ချောက်ချားမှုကို ပြသနေပြီး တအံ့တဩ ငေးကြည့်နေလေရဲ့။
ဒီမြင်ကွင်းကြောင့် ယွမ်လော့ဖုန်းရဲ့နှလုံးသား နာကျင်ရပြီး ဒေါသူပုန် ထတော့တယ်။ မီးခိုးရောင်ဝတ်စုံနဲ့ လူကို သွေးအေးစွာ ကြည့်တော့တယ်။
"လူယုတ်မာ ကျွယ်ချင်း ဘယ်မှာလဲ..."
ထိုလူက အံ့ကြိတ်ကာ ဒေါသတကြီး အော်ဟစ်တော့တယ်။
"ငါ့လက် အပ်စမ်း...သူ့ကို အမှုန့်ကြွတ်ပစ် ချင်တယ်"
ယွမ်လော့ဖုန်း ထေ့ငေါ့လိုက်တယ်။
"သူက သေတာကြာပြီ...ဘယ်မှာ သွားရှာ ရမလဲ"
"သေပြီ ဟုတ်လား"
မီးခိုးရောင်ဝတ်စုံနဲ့လူလည်း သရော်လိုက်တယ်။
"သူသေတယ်ဆိုရင် သူ့တန်ခိုးက မင်းရဲ့ခန္ဓာကိုယ်မှာ ဘာကြောင့် ရှိနေတာလဲ...အခုချက်ချင်း ကျွယ်ချင်းကို ငါ့လက်အပ်စမ်း...ငါ့အမိန့်ကို မနာခံရင်တော့ မင်းကို ပြာမှုန့် ဘဝ ပြောင်းပစ်မယ်"
ယွမ်ရှောင်က သူမကို တင်းကျပ်စွာ ဖက်ထားရင်း ခပ်တိုးတိုး ပြောလာတယ်။
"ကိုယ်...သူ့ကို အချိန်ဆွဲထားမယ်... မင်း အရင်ဆုံး ထွက်ပြေး"
"ယွမ်ရှောင်"
"ထွက်သွားတော့"
ယွမ်ရှောင်ရဲ့ အကြည့်က လေးနက်နေပြီး ယွမ်လော့ဖုန်းကို ငေးကြည့်နေတယ်။
"အရင်ဆုံး ထွက်ပြေး...ခဏနေ ကိုယ် လိုက်လာမယ်"
ထွက်ပြေးရမယ်...
ယွမ်လော့ဖုန်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။ ဒီလို အခြေအနေမျိုးမှာ သူမက ဘယ်လို စိတ်ထားမျိုးနဲ့ ထွက်ပြေးရမလဲ။ ဒီပြင် သူမက ယွမ်ရှောင်ကို စွန့်ပစ်ပြီး ထွက်ပြေးမှာ မဟုတ်ဘူး။
"ယွမ်ရှောင်... အဘိုး ပြောဖူးတဲ့ စကားတစ်ခွန်း ရှိတယ်...ယွမ်မိသားစုဝင်တွေက မိသားစုကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်း ရမှာထက် စစ်ပွဲမှာ သေဆုံးမယ်တဲ့..."
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
"ကျွန်မ... ရှင်နဲ့အတူတူ သေရမယ်ဆိုရင်တောင် တစ်ယောက်တည်း အန္တရာယ်ကို မရင်ဆိုင်ခိုင်းဘူး"
သေမယ်...သူမက သေရမှာ မကြောက်ဘူးလား...သေခြင်းတရားနဲ့ ယှဉ်လိုက်ရင် သူမက ယွမ်ရှောင်ကို ဆုံးရှုံးရမှာ ပိုကြောက်တယ်။
"အဓိပါ္ပယ် မရှိတာတွေ ပြောလို့ ပြီးပြီလား"
သူလည်း မျက်မှောင် ကြုတ်ကာ
"မင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်... လူယုတ်မာကို ငါ့လက်အပ်စမ်း"
ယွမ်လော့ဖုန်းရဲ့ အမြင်အာရုံက မီးခိုးရောင် ဝတ်စုံနဲ့လူပေါ် ကျရောက်လာခဲ့တယ်။
"ရှင်က ကျွယ်ချင်းကို အလွန်အမင်း မုန်းတီးနေတာပဲ..သူက ရှင့်ကို သစ္စာ ဖောက်ခဲ့လို့လား"
Chapter-753
End
အပိုင်း(၇၅၄)
ကျွယ်ချင်းတိုက်ခိုက်ခြင်း (၁)
ထိုလူရဲ့မျက်နှာက ချက်ချင်း မည်းပြာသွားပြီး မီးဝင်းဝင်းတောက်တဲ့ မျက်ဝန်းအဖြစ် အသွင်ပြောင်းသွား တော့တယ်။
"ကောင်မစုတ်...နင်က ငါ့ဂုဏ်သိက္ခာကျဆင်းအောင် ပြောနေတာပဲ...သူနဲ့ငါက ရန်သူတွေဆိုတော့ ကျေလည်ဖို့ မဖြစ်နိုင်ဘူး"
ဒီစကားကို ကြားလိုက်ရုံနဲ့ သာမန်လူဆို ဒီလောက်အထိ ဒေါသ မဖြစ်နိုင်ပါဘူး။
"လူယုတ်မာကောင်"
အတိတ်က အကြောင်းများကို ပြန်တွေးမိလေ သူ့မှာ ဒေါသဖြစ်ပြီး အံကြိတ်ရလေပဲ။
"သူ့ကြောင့် ငါ့မှာ အခုလို လူ ဖြစ်လာရတာ... အသက်လည်း မကြီး... သေလည်း မသေ...ကျင့်ကြံခြင်းလည်း ရပ်တန့်သွားတယ်... ဘယ်အရာက ငါ့အတွက် ပိုအရေးကြီးမှန်း သိလို့ ငါ့ကို အပြစ်ပေးဖို့ ဒီနည်းလမ်းကို သုံးခဲ့တာ"
ကျွယ်ချင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က အသက်ရှင်သန်ခဲ့သူပါ။ ဒါဆို သူမတို့ရှေ့မှာ ရပ်နေတဲ့လူက အနည်းဆုံးတော့ အသက်၁၀၀၀ ရှိလောက်မယ်...။
နှစ်တစ်ထောင်အတွင်း သူ့ကျင့်ကြံစဉ်က နည်းနည်းလေးတောင် တိုးမလာဘူး။ ဒါက သူ့အတွက်တော့ ရက်စက်တဲ့ ညှဉ်းပန်းမှုမျိုးပါ။ သူဘက်က နည်းလမ်းမျိုးစုံ သုံးခဲ့လည်း ကျွယ်ချင်းရဲ့ ကျိန်စာ မပြယ်သွားဘူး။
"ကျွန်မ အထင်တော့ ကျွယ်ချင်းက ရှင့်ကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး။ ရှင့်က သူ့ကို စိတ်ပျက်စေခဲ့တာ"
ယွမ်လော့ဖုန်းလည်း မျက်ဝန်းများကို မှေးစက်လာလိုက်တယ်။
"ဒါပေမဲ့ အရင်က မကျေနပ်ခြင်းနဲ့ ကျွန်မနဲ့ ဘာများ သက်ဆိုင်လို့လဲ...ကျွန်မက သူနဲ့ မရင်းနှီးသလို သူ့ကိုလည်း မသိဘူး"
"ဟွန့်"
မီးခိုးရောင်ဝတ်စုံနဲ့လူက မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောတော့တယ်။
"အခြေအနေကို မသိဘဲ ရမ်းသန်း မပြောနဲ့...ငါက သူ့ရဲ့တစ်ဦးတည်းသော တပည့်။ ငါ့ကို ရုပ်သေးရုပ် ဖန်တီးခြင်း အကြောင်းကို မသင်ပေးခဲ့ဘူး။ ဒီအစီအရင်ကိုတောင် သူ့စာအုပ်ထဲက ခိုးသင်ထားလို့"
"အစီအရင်ကို ခိုးသင်မှန်း သိတော့ ငါ့ကို မောင်းထုတ်ပြီး ဒီအခြေအနေ ရောက်အောင် တွန်းပို့ခဲ့တာ...ငါတို့ကြားက ရန်ငြိုး အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူး။ သူ သေဆုံးသွားလဲ သူ့အုတ်ဂူကို တူးဖော်ပြီး အရိုးကို ပြာမှုန့့်ဘဝပြောင်းမယ်"
သူ့ဘက်က ရှင်းပြတာကို နားမထောင်မိရင် ကျွယ်ချင်းက သူ့ဇနီးနဲ့ သမီးကို အဓမ္မကျင့်လို့ အုတ်ဂူ တူးတယ်လို့ ထင်ဦးမယ်။ ရုပ်သေးရုပ် ဖန်တီးခြင်းကို မသင်ပေးလို့ ကျွယ်ချင်းကို အရိုးထဲအထိ ခိုက်အောင် မုန်းသတဲ့လား။
"ကျွယ်ချင်းက သာမန်လူတစ်ယောက် မဟုတ်ဘူး...ထူးခြားတဲ့ ပါရမီ ရှိတယ်...သူ့ဘဝမှာ အမှားလုပ်ခဲ့တာ ဆိုလို့ ရှင့်ကို တပည့်အဖြစ် လက်ခံ ခဲ့မိတာပဲ"
"မင်း...မဟုတ်တာ မပြောနဲ့"
မီးခိုးရောင်ဝတ်စုံနဲ့လူမှာ ခန္ဓာကိုယ် တုန်ယင်လာတဲ့အထိ ဒေါကန်ရတယ်။
"ငါက သူ့ရဲ့တစ်ဦးတည်းသော တပည့်။ ငါ့ကိုမှ မသင်ပေးရင် ဘယ်သူ့ကို သင်ပေးမှာလဲ ပြော...သူ့ပညာတွေကို အုတ်ဂူထဲ အထိ သယ်သွားမလို့လား။ ငါက သူ့ဆီက ပညာအားလုံးကို သင်ယူချင်ခဲ့တာ သူ့အတွက် ဂုဏ်ယူရတဲ့ တပည့်ဖြစ်ချင်လို့်...သူ့အရည်အချင်းကို တခြားလူတွေ သိစေချင်လို့"
ယွမ်လော့ဖုန်းမှာ ပိုပိုပြီး ဒေါသထွက်လာရတယ်။
"ကျွယ်ချင်းက ရှင့်ကို ကျေးဇူးတင်သင့်တယ်လို့ ပြောချင်တာလား"
"ဟုတ်တာပေါ့"
သူလည်း မေငေါ့ကာ လူယုတ်မာဟန်နဲ့ ပြောလာခဲ့တယ်။
"ငါ့ရည်ရွယ်ချက်က သူ့ကို ဂုဏ်ရှိစေချင်လို့...ဒါပေမဲ့ လူယုတ်မာကောင်က နားမလည်ဘဲ ခေါင်းမာလွန်းတယ်...ငါ့ဘက်က တောင်းပန်ခယခဲ့လဲ...သူသိသမျှ အရာရာတိုင်းကို မသင်ပေးခဲ့ဘူး။ သူ့ဘက်က မပျက်ကွက်ခဲ့ရင် ငါလည်း အစီအရင်ကို ခိုးသင်မှာ မဟုတ်ဘူး။ သူ သိသွားခဲ့လို့ ရုပ်သေးရုပ်အကြောင်း မသက်လိုက်ရတာ နှမျောဖို့ ကောင်းတယ်"
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။ သူ့ကို ဒေါသထွက်လွန်းလိ့ု မဲ့ပြုံး ပြုံးတာပါ။
"ကျွန်မသာ ကျွယ်ချင်းဆိုရင် ကျိန်စာ မတိုက်ဘူး တစ်ခါတည်း ရှင့်ကို သတ်ပစ်မှာ"
"သတ်မယ်"
ထိုလူရဲ့ သုန်မှုန်တဲ့ မျက်ဝန်းများက ယွမ်လော့ဖုန်းရှိရာ ကျရောက်လာတယ်။
"ဒီလိုလုပ်ဖို့ မင်းမှာ အရည်အချင်း ရှိတယ်လို့ ထင်နေလား"
"အခုတော့ မရှိသေးပါဘူး...တစ်နေ့တော့ ကျွယ်ချင်းအတွက် ဂိုဏ်းကိစ္စကို ရှင်းလင်းပေးမှာပါ"
ယွမ်လော့ဖုန်းဘက်က အတိအလင်း မပြောသော်လည်း သူမရဲ့နှလုံးသားထဲမှာ ကျွယ်ချင်းကို ဆရာအဖြစ် သတ်မှတ်ထား ပြီးသားပါ။ အကြောင်းအရင်းကတော့ သူ့ရဲ့ စာအုပ်ကို ပိုင်ဆိုင်ထားလို့ပါ။ ကျွယ်ချင်းရဲ့ စာအုပ်ကို လေ့လာပြီးပြီဆိုတော့ သူမကိုယ်သူမ ကျွယ်ချင်းရဲ့ တပည့်လို့ သတ်မှတ်နိုင်ပြီ။ သူ့ဆရာအတွက် ပြဿနာ ဖြေရှင်းပေးခြင်းက သူမ လုပ်ဆောင်သင့်တဲ့ ကိစ္စပါပဲ။
Chapter-754
End
Book(31)
အပိုင်း(၇၅၅)
ကျွယ်ချင်းတိုက်ခိုက်ခြင်း(၂)
"ဟား..."
မီးခိုးရောင် ဝတ်စုံနဲ့လူက ဟားတိုက် ရယ်မောတယ်။ သူ့တန်ခိုး အရှိန်အဝါက သုန်မှုန်သော်လည်း သူ့ ရယ်သံက ပလွှားပြီး ဂုဏ်မောက်လွန်းတယ်။
"စိတ်မကောင်းပါဘူး...မင်းမှာ အနာဂတ် မရှိတော့ဘူး"
ထိုလူက သူမတို့နဲ့ ထွေရာလေးပါး ပြောမနေတော့ဘဲ တိုက်ခိုက်ဖို့ ဟန်ပြင်တော့တယ်။ သေရေးရှင်ရေး ဖြစ်နေတဲ့ အချိန်မှာတောင် ယွမ်ရှောင်က သူမရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာ ကာကွယ်ပေးနေတုန်းပါ။
မီးခိုးရောင် ဝတ်စုံနဲ့လူရဲ့ တိုက်ခိုက်မှုက ပြင်းထန်လွန်းပြီး လှုပ်ရှားမှုတိုင်းက သေခြင်းတရားကို ခေါ်ဆောင်သွားနိုင်တယ်။
လင်းယွမ် အနောက်ကို လိုက်လာခဲ့တဲ့ ပညာရှင်များလည်း တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြတယ်။ ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ရင်ဆိုင်ရတော့ သူတို့ခြေထောက်တွေက လှုပ်ရှားရ ခက်ခဲနေတယ်။ ဒီလိုတိုက်ပွဲမျိုးက သူတို့တွေ ပါဝင်လို့ရတဲ့ တိုက်ပွဲမျိုး မဟုတ်ဘူး။ ဒါကြောင့် ထွက်ပြေးဖို့ စဉ်းစားမိပါရဲ့။
"ထွက်ပြေးဖို့ ကြံရွယ်နေလား"
မီးခိုးရောင် ဝတ်စုံနဲ့လူလည်း ထွက်ပြေးဖို့ ကြံရွယ်နေတဲ့ လူတစ်စုကို ကြည့်ကာ သရော်လိုက်တယ်။ ထို့နောက် သူတို့ကို တိုက်ခိုက်တော့တယ်။ သစ်တောတစ်တောလုံး မီးလောင်ကျွမ်းတော့တယ်။
"အား..."
သစ်တောအတွင်း စူးစူးဝါးဝါး အော်သံကို ကြားနိုင်ပြီး ထိုအသံက သစ်တောတစ်ခုလုံးကို တုန်လှုပ်စေမယ့် လှိုင်းတုန်ခါမှု ဖြစ်စေတယ်။
လင်းယွမ်မှာ ကြောက်လွန်းလို့ ဇက်လေး ပုနေရှာတယ်။ ကြည့်ရတာတော့ သူ့တည်ရှိမှုကို ဖုံးကွယ်ချင်လို့ ထင်ပါတယ်။ သူက ကြောက်လွန်းလို့ တခြားသူတွေနဲ့ ထွက်မပြေးရဲ မလှုပ်ရဲတော့ ကံကောင်းသွားတယ်။ မဟုတ်ရင် သူလည်း မီးရှို့ခံရတဲ့အထဲ သေချာပေါက် ပါဝင်နေမှာ....။
မီးတောက်မီးလျှံမှ လွတ်မြောက်သွားတဲ့ တခြားသူများလည်း ကြောက်လွန်းလို့ အတွင်းခံပါ စိုစွတ်ရပါတယ်။ ကြောက်ကြောက်ရွံ့ရွံ့ အကြည့်များနဲ့ တိုက်ခိုက်နေတဲ့ လူနှစ်ဦးကို ကြည့်လိုက်တယ်။
တောနက်ထဲနှင့် သိပ်မဝေးကွာတဲ့ တစ်နေရာမှာ မြင်းကြိုးကို ဆွဲကာ မြင်းကို ရပ်တန့်လိုက်တယ်။
မြင်းပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးက မီးလောင်နေတဲ့ နေရာကို လှည့်ကြည့်ကာ လေးနက်သော အသံနဲ့ စကားပြောတယ်။
"အစ်ကိုရဲ့...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ...ပြန်လမ်းမဲ့သစ်တောရဲ့ သားရဲဘုရင်ကြားမှာ...သဘောထား ကွဲလွဲမှု ဖြစ်ပြီး စစ်ပွဲတွေ ဖြစ်နေလို့လား"
ရဲ့ကျင်းဟောင်လည်း အချိန်အကြာကြီး စဉ်းစားပြီးမှ မေးလိုက်တယ်။
"သွားကြည့်မလား..."
"ကောင်းပြီလေ..."
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက ခေါင်းညိတ်ပြတယ်။
"ရှောင်အာနဲ့ လော့ဖုန်းတို့က ပြန်လမ်းမဲ့ သစ်တောထဲ ရောက်နေတော့ သွားကြည့်လိုက်တာ ပိုကောင်းမယ်...ဒါမှ စိတ်အေးချမ်းရမှာလေ"
မြင်းကြိုးကို တင်းနေအောင် ဆွဲကာ မီးလောင်နေတဲ့ သစ်တောထဲ တဟုန်ထိုး ပြေးထွက်သွားတယ်။
ပြန်လမ်းမဲ့သစ်တော အတွင်းမှာ ရှိတဲ့ သက်ရှိအရာ အားလုံး မီးလောင်ကျွမ်းနေတယ်။
ယွမ်ရှောင်ရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသော်လည်း အရင်လို ခက်ထန် နေတုန်းပါ။
သူနဲ့ယှဉ်လိုက်ရင် မီးခိုးရောင်ဝတ်စုံနဲ့လူက အံ့ဩ တုန်လှုပ်နေတယ်။တစ်ဖက်လူက သူ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်လို့ မမျှော်လင့်ခဲ့ဘူး။
အရင်ကထက် ဒီကုန်းမြေစုမှာ ပါရမီရှင်တွေ များပြားလာတယ်။ သူ့မှာ အရည်အချင်း ရှိရင်တောင် ဒီနေရာမှာ သေဆုံးရတော့မယ်။
"ကောင်လေး...မင်း အရည်အချင်း ရှိမှန်း ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ မင်း ပါရမီရှင် ဖြစ်လည်း ဒီကနေ့ ဒီနေရာမှာ သေဆုံးရတော့မယ်"
ဝုန်း
သူ့ဘက်က ရုတ်တရက် တိုက်ခိုက်လာတယ်။ဒီတစ်ကြိမ် အားကုန် သုံးလိုက်တာကြောင့် တိုက်ပွဲ ပြင်းထန်ကာ မုန်တိုင်း ထန်တော့တယ်။
ယွမ်ရှောင်က သူ့ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကို ခုခံရင်း သူ့လက်များ ထုံထိုင်းလာကာ ဒဏ်ရာ ဒဏ်ချက်များ ပေါများ လာတော့တယ်။
သူ့ဘက်က ခြေတစ်လှမ်းမျှ နောက်မဆုတ်ခဲ့ဘူး။
ခြေတစ်လှမ်း ဆုတ်လိုက်ရင်း ယွမ်လော့ဖုန်းကို ထိခိုက်သွားနိုင်တယ်။
သူမအတွက် တွန့်ဆုတ်နေလို့ မဖြစ်ဘူး။
ဝုန်း
စွမ်းအားက ထိုးဖောက်သွားသော်လည်း ယွမ်ရှောင်က ခံစားချက် ကင်းမဲ့သော အမူအရာ ရှိနေတုန်းပါ။ သူ့မျက်နှာပေါ်မှာ အကြောက်တရားကို မြင်နိုင်ဖို့ မဖြစ်နိုင်တာလား...သူက နာကျင်မှုကို မသိခြင်းလား။
Chapter-755
End
Book(31)
756+757+758+759
အပိုင်း(၇၅၆)
ကျွယ်ချင်းရဲ့တိုက်ခိုက်မှု (၃)
ယွမ်ရှောင်မှာ တခြားသူ၊ တခြား အရာဝတ္ထုများအတွက် ခံစားချက် မရှိဘူး။ အမြဲတမ်း ခက်ထန်သော အမူအရာဖြင့်သာ တုံ့ပြန်လေ့ရှိတယ်။ သူ့ပုံစံက လေဒဏ် မိုးဒဏ်ကို ကာကွယ်ပေးနေတဲ့ သစ်ပင်ကြီးလိုပဲ။
"ယွမ်ရှောင်"
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်အနားကို အပြေးအလွှားလေး ပြေးသွားလိုက်တယ်။ သူ့လက်မောင်းမှာ သွေးများ ရွဲစိုနေတာ မြင်ရတော့ သူမရဲ့နှလုံးသား နာကျင်ရပါတယ်။ နှလုံးသားကို အစိတ်အစိတ် အမြွှာမြွှာ ဖြစ်အောင် စုတ်ဖြဲနေသလိုပဲ။ဒါပေမဲ့ နာကျင်ရခြင်းထက် ဒေါသထွက်ခြင်းက ပိုလို့သာပါတယ်။
"ငါ့ရဲ့အား အကုန်သုံးထားလဲ မင်းက အသက်ရှင်နေတုန်းပဲ"
မီးခိုးရောင် ဝတ်စုံနဲ့လူလည်း သတိပေးလိုက်တယ်။
"ဒီခေတ်လူတွေမှာ ခံနိုင်ရည်စွမ်း မြင့်တာများလား"
ယွမ်ရှောင်လည်း အဖတ်မလုပ်ဟန် မေးလိုက်တယ်။
"ငါ သေသွားရင် သူမ နာကျင် ခံစားရမယ်... ထိခိုက် ဒဏ်ရာ ရမယ်"
"..."
မီးခိုးရောင် ဝတ်စုံနဲ့လူမှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားတယ်။သူပြောတဲ့ စကားရဲ့အဓိပ္ပါယ်ကို နားမလည်နိုင်ဘူး။
"ဒါကြောင့် ငါ သေလို့ မဖြစ်ဘူး"
ထိုလူရဲ့အသံက တိုးလျပြီး ခပ်ဩဩ အသံနဲ့ ယွမ်လော့ဖုန်း ရှေ့မှာ မားမားမတ်မတ် ရပ်နေတဲ့ ဧရာမတောင်လိုပါပဲ။
သူ သေသွားခဲ့ရင် ဘယ်သူမှ သူမကို ကာကွယ်ပေးမှာ မဟုတ်ဘူး။
ဒါကြောင့် သူ သေလို့ မဖြစ်ဘူး။
ယွမ်လော့ဖုန်းလည်း သူမရဲ့လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ သူမကိုယ်သူမ အင်အားမဲ့သလို ခံစားမိတာ ပထမဆုံး အကြိမ်ပါ။ သူမမှာ လုံလောက်တဲ့ အစွမ်းအစ ရှိရင် ဒီလိုမျိုး ယွမ်ရှောင် ခံစားရမှာ မဟုတ်ဘူး။ သူမကြောင့်နဲ့ ဒီကနေ့ အန္တရာယ်ကို ရင်ဆိုင်နေရပြီ။
ထို့နောက် ကိုယ့်ဘာသာ အထင်ကြီးနေတဲ့ အသံကို သူမ ကြားလိုက်ရတယ်။
"ကျုပ်ရဲ့ ဆက်ခံသူ အနေနဲ့ ဒီတစ်ခေါက် မင်း ကျရှုံးလို့ မရဘူး... ကောင်မလေး မင်းကို ကူညီပေးဖို့ ငါ့တောင်းဆိုချက်ကို လက်ခံပေးပါ"
ကျွယ်ချင်း...
ဆက်ခံသူ...
ယွမ်လော့ဖုန်းကို ထိုအသံက အံ့ဩတုန်လှုပ်စေတယ်။ ရုတ်တရက် အဖြစ်အပျက်ကြောင့် သူ့မှာ ဘာပြောရမှန်း မသိ ဖြစ်နေတယ်။
ကျွယ်ချင်းက သေဆုံးသွားပြီ မဟုတ်ဘူးလား။
ဒါနဲ့ ဘာလို့ သူ့အသံကို ငါတစ်ယောက်တည်း ကြားရတာလဲ။တခြားသူတွေက ဒီလူရဲ့ မာနဝင့်ကြွားတဲ့အသံကို မကြားရဘူး ထင်တယ်။
"ကျွယ်ချင်း... ရှင် ဘယ်မှာလဲ"
ယွမ်လော့ဖုန်းလည်း သူမရဲ့စိတ်ကို ထိန်းချုပ်ကာ မေးလိုက်တယ်။ ကျွယ်ချင်းရဲ့အသံက သူမရဲ့စိတ်ထဲ ပဲ့တင်ထပ်လာတော့ သူမရဲ့စိတ်ဝိညာဉ်မှ တစ်ဆင့် ပြန်မေးလိုက်တယ်။
"အဲဒီနှစ်က လူယုတ်မာတွေရဲ့ တိုက်ခိုက်မှုကြောင့် ကျရှုံးခဲ့တယ်... ကံကောင်းထောက်မစွာနဲ့ ငါ့ဝိညာဉ်က လွတ်မြောက်သွားတယ်။ ဒီလိုနဲ့ပဲ စာအုပ်ကို ပိုင်ဆိုင်သွားတဲ့လူ အန္တရာယ် ကြုံကြိုက်ရင် သူ့ကို ကူညီပေးဖို့ ငါ့ဝိညာဉ် အပိုင်းအစက ပြန်ပေါ်လာတယ်..."
"ကောင်မလေး... မင်းရဲ့ခန္ဓာကိုယ်ကို ငှါးရမ်းပေးပါ ...ဒီစိတ်ထားယုတ်ညံ့တဲ့ တပည့်ကို ငါ သင်ခန်းစာ ပေးမယ်။ မင်းကို ကူညီပေးရင်တော့ မင်းဘက်က တစ်စုံတစ်ခုတော့ ပြန်လုပ်ပေးဖို့ လိုအပ်မယ်"
ယွမ်လော့ဖုန်းလည်း သူမရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး
"ပြောပါရှင့်..."
"ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်က သေဆုံးသွားလည်း ငါဆိုတာ တည်ရှိနေသေးတယ်။ ငါ ဖြစ်ချင်တဲ့ ဆန္ဒက ငါ့ပြန်လည်ဝင်စားလို့ ရမယ်လူကို ရှာဖွေဖို့နဲ့ သူ့ကို တပည့်အဖြစ် လက်ခံပေးဖို့ပဲ"
"ကောင်းပါပြီ... ကျွန်မ ကတိပေးပါတယ်။ ယွမ်လော့ဖုန်းလည်း သူမ သိချင်တာကို ဆက်မေးလိုက်တယ်။
"အနည်းဆုံးတော့ သူ့ကို ဘယ်လို ရှာနိုင်လဲ ပြောခဲ့ ဦးလေ"
"စိတ်ချပါ... မင်း သူ့ကို တွေ့ရင် တစ်စုံတစ်ရာကို ခံစားမိလိမ့်မယ်"
ဒီစကားကို ကျွယ်ချင်း ပြောလိုက်ပြီးနောက် ယွမ်လော့ဖုန်းရဲ့ခန္ဓာကိုယ်က ရုတ်ခြည်း တုန်ယင်လာပြီး သူမရဲ့ခန္ဓာကိုယ်ထဲ ပြင်းထန်သော စွမ်းအား ချဉ်းနင်း ဝင်ရောက်လာတယ်။ ထို့နောက် သူမမှာ ထိန်းချူပ်မှုကို ခံယူလိုက်ရတယ်။ ဒါက ယွမ်လော့ဖုန်းရဲ့ ခွင့်ပြုချက်ကြောင့် ဖြစ်တယ်။ သူမရဲ့ခွင့်ပြုချက်သာ မရှိရင် ကျွယ်ချင်းရဲ့ ဝိညာဉ်က သူမရဲ့ ရုပ်ခန္ဓာထဲ အလွယ်တကူ ဝင်လို့ မရပါဘူး။
အစကတော့ ယွမ်လော့ဖုန်းကို ထွက်သွားဖို့ ယွမ်ရှောင် ပြောခဲ့ချင်သော်လည်း သူမနဲ့အကြည့်ချင်း ဆုံချိန် သူ့မျက်နှာအမူအရာ အေးစက်သွားတော့တယ်။
ယွမ်လော့ဖုန်းလည်း ဘာစကားတစ်ခွန်းမှ မပြောဘဲ မီးခိုးရောင် ဝတ်စုံနဲ့ လူအနား သွားလိုက်တယ်။ သူမရဲ့ မျက်ဝန်းများက နီရဲနေပြီး မာနဝင့်ကြွားမှုနဲ့ အထက်စီးဆန်ခြင်းကို ပြသနေလေရဲ့။
Chapter-756
End
အပိုင်း(၇၅၇)
ကျွယ်ချင်းရဲ့တိုက်ခိုက်မှု (၄)
"မင်း.... မင်း ဘယ်သူလဲ"
ဘာကြောင့်မှန်းတော့ မသိဘူး... ယွမ်လော့ဖုန်းကို မြင်တော့ သူ့စိတ် လေးလံလာကာ နောက်ကို ခြေလှမ်းဆုတ်မိတယ်။
အစက ကျွယ်ချင်းရဲ့ အရှိန်အဝါကို ခံစားမိရုံပါ။ အခုတော့ ထိုတန်ခိုးအစွမ်းက ပြင်းထန်လာသလို ခံစားမိပါရဲ့။ ပြိုင်ဘက်ကင်းတဲ့ ပညာရှင်ဖြစ်သူ နှစ်တစ်ထောင် အသက်အရွယ် ရှိတဲ့ ကျွယ်ချင်းနဲ့ ရင်ဆိုင်နေရသလိုပဲ။
ဒီမျက်နှာထားက ကျွယ်ချင်းနဲ့ တစ်ထပ်တည်းပဲ။ မီးခိုးရောင် ဝတ်စုံနဲ့လူ ကြောက်လန့်နေတာ အံ့ဩစရာ မရှိဘူး။
ယွမ်လော့ဖုန်းက သူ့အနား ပိုပို နီးကပ်လာတာ မြင်တော့ သူ့အတွက် သိက္ခာကျဆင်း မှာကို မစိုးရိမ်တော့ပဲ တောင်ပေါ် တက်ပြေးတော့တယ်။
ခဏလေးအတွင်း အားလုံးမှာ တအံ့တဩ ဖြစ်နေရတယ်။ စောစောက ရက်စက်ယုတ်မာတဲ့ မိစ္ဆာ တစ်ကောင်လို ပြုမူနေတဲ့လူက ဘာကြောင့် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်သွားတာလဲ။ နောက်ပြန်လှည့်ကြည့်ဖော် မရဘဲ ထွက်ပြေးသွားတယ်... ဟုတ်မှ ဟုတ်ရဲ့လား။
အားလုံး သတိဝင်လာတော့ မမေ့နိုင်တဲ့ မြင်ကွင်းကိုတွေ့ကြုံလိုက်ရတယ်။
'ယွမ်လော့ဖုန်းက သူမရဲ့လက်ကို မြှောက်ကာ အစိမ်းပုတ်ရောင် မီးတောက်များကို ကောင်းကင်ယံမှာ ဖြစ်ပေါ်စေပြီး မြေပြင်မှာ ရှိနေတဲ့ မိစ္ဆာကောင်ကို တိုက်ခိုက်တော့တယ်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ စူးစူးဝါးဝါး အော်ဟစ် ညည်းညူသံက တောင်ပတ်လမ်းတစ်လျှောက် ပျံ့လွင့်လာခဲ့တယ်။
"ဘယ်သူလဲ..."
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်း အနား သွားလိုက်ပြီး ခက်ထန်သော မျက်ဝန်းများဖြင့် သူ ရင်းနှီးတဲ့ မျက်နှာကို ကြည့်လိုက်တယ်။ဒါပေမဲ့ မိန်းမပျိုလေးရဲ့မျက်နှာ အမူအရာက သူနဲ့ မရင်းနှီးသလို ခံစားရတယ်။
ရုတ်တရက် ယွမ်လော့ဖုန်းရဲ့ခန္ဓာကိုယ်က ပျော့ခွေသွားပြီး ကမ္ဘာမြေကြီးရဲ့ ဆွဲအား လျော့နည်းသွားလို့ ထင်ပါတယ်... မြေကြီးပေါ် လဲကျသွားတယ်။ လျင်မြန် စူးရှသော ယွမ်ရှောင်ရဲ့မျက်ဝန်းများက ဒီအခြေအနေကို သတိထားမိလို့ သူမကို အလျင်အမြန် ဆွဲပွေ့လိုက်တယ်၊
"ယွမ်...ရှောင်..."
မိန်းမပျိုလေးက နှုတ်ကို ဖွင့်ကာ အားအင်ချည့်နဲ့စွာ ပြောလာခဲ့တယ်။
အခုတော့ သူမက သူနဲ့ ရင်းနှီးတဲ့ မိန်းကလေး ဖြစ်နေပါပြီ ဒါမှ သူ့မျက်နှာ အမူအရာက ပြေလျော့သွားရတယ်။
"ဘာဖြစ်ရတာလဲ"
"ဘာမှ မဖြစ်ဘူး"
ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်တယ်။
" တစ်စုံတစ်ယောက်က ငါ့ကို ကူညီပေးခဲ့တယ်"
ယွမ်ရှောင်လည်း မိန်းကလေးရဲ့ ခန္ဓာကိုယ်ကို တင်းကျပ်နေအောင် ဖက်ထားလိုက်တယ်။ သူ့ဦးခေါင်းကို နည်းနည်းလေး ငုံ့ကာ သူမရဲ့ ပခုံးပေါ် မေးတင်လိုက်ကာ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းချင်တယ်။
ယွမ်လော့ဖုန်းရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားတော့တယ်။
သူ့ရင်ထဲမှာ အကြောက်တရားများ ဖုံးလွှမ်းနေတယ်လို့ ခံစားရတယ်။တစ်စုံတစ်ယောက်က သူမရဲ့ခန္ဓာကိုယ်ကို အပိုင်စီးသွားမှာ စိုးရိမ်မိတယ်။
"ယွမ်ရှောင်... ကျွန်မ အဆင်ပြေပါတယ်... ကျွန်မရဲ့ ဆန္ဒ မပါရင် ခန္ဓာကိုယ်ကို ဝင်ပူးနိုင်မှာ မဟုတ်ဘူး"
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
လက်တွေ့မှာတော့ ကျွယ်ချင်းကို ခွင့်ပြုလိုက်ချိန် သူမ ဘာဆိုဘာမှ မတွေးခဲ့မိဘူး။ သူမရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး ပြန်မပေးရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အခုကစပြီး သူမရဲ့ခန္ဓာကိုယ်ကို သူ ထိန်းချုပ်သွားနိုင်တယ်။
ဒါပေမဲ့ သူမမှာ တခြား ဘာဆိုဘာမှ မတွေးနိုင်ဘူး။
ယွမ်ရှောင်က သူမအတွက် စွန့်လွှတ် စတေးခဲ့တာ အများကြီးပါ။ သူ့ကို ကယ်တင်နိုင်မယ်ဆိုရင် တခြားသူက သူမရဲ့ခန္ဓာကိုယ်ကို အပိုင်စီးသွားလဲ ကိစ္စ မရှိပါဘူး။ သူမရဲ့ဆုံးဖြတ်ချက်အတွက် ဘယ်တော့မှ နောင်တ မရဘူး။
"ကောင်မစုတ်လေး... ငါ့စွမ်းအား အကြွင်းအကျန် အားလုံး မင်းကို ကယ်ဖို့ သုံးခဲ့တာပါ။ သိပ်မကြာခင်မှာ ငါက ပျောက်ကွယ်သွားတော့မှာလေ"
ကျွယ်ချင်းရဲ့ မာနဝင့်ကြွားတဲ့ အသံက သူမရဲ့စိတ်ထဲ နောက်တစ်ဖန် ပဲ့တင် ထပ်လာပြန်တယ်။
"အမှန်တိုင်း ပြောရရင် မင်းတို့ကို ကြည့်ရင် ငါ့ရဲ့အတိတ်ဘဝကို ပြန်လည် သတိရမိတယ်"
မင်းတို့နှစ်ယောက်လုံးက ယုံကြည်ချက်ရှိပြီး မာနဝင့်ကြွားတယ်။ တခြားသူတွေ ထိန်းမနိုင်လောက်အောင် စိတ်စွမ်းအားကျင့်စဉ် မြင့်တယ်။
ကောင်းကင်ဘုံက ငါ့ကို ဆန့်ကျင်ရင် ငါလည်း ကောင်းကင်ဘုံကို ဆန့်ကျင်မယ်။ နတ်ဘုရားတွေက ငါ့ကို သတ်ချင်ရင် ငါက နတ်ဘုရား အားလုံးကို သတ်မယ်။
"လွန်ခဲ့တဲ့ နှစ်၁၀၀၀ကျော်မှာ ကျွယ်ချင်းဆိုတဲ့ ငါက အာဏာရှင်မိသားစုတွေရဲ့အမြင်မှာတော့ လူတိုင်းကို သတ်ချင်နေတဲ့ မိစ္ဆာကောင်ပေါ့။ ဒါပေမဲ့ သူတို့တွေ ငါ့ကို တကယ် သတ်ချင်တယ်လို့များ ထင်နေလား။ သူတို့တွေ သေလောက်အောင် ငါ့စာအုပ်ကို ပိုင်ဆိုင်ချင်ခဲ့တာ...ပြောရရင်တော့ ဂုဏ်သိက္ခာ ရှိချင်ယောင် ဆောင်နေတာပေါ့... ရယ်စရာကောင်းတဲ့ ပျက်လုံးတွေပဲ"
ယွမ်လော့ဖုန်းလည်း တိတ်ဆိနေမိ ပါရဲ့။ကျွယ်ချင်း ပြောတာ တကယ်လည်း မှန်ပါတယ်။ လောကကြီးမှာ အကျင့်စာရိတ္တကောင်းမွန်ချင်ယောင် ဆောင်နေတဲ့ လူအများကြီး ရှိပါတယ်။တကယ်တမ်းတော့ သူတို့ဘေးကင်းဖို့ ဟန်ဆောင်နေခြင်းသာ။
"ဟားဟား..."
ရုတ်တရက် ကျွယ်ချင်းက ဟားတိုက် ရယ်မော လာတယ်။ သူ့ရယ်သံက စိတ္တဇဆန်တယ်။
"သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် ငါ ဘယ်သူကိုမှ အညံ့မခံဘူး... အသက်ရှင်သန်ဖို့ ဒူးထောက် အညံ့ခံမယ် အစား သေမယ့်လမ်းကို ရွေးချယ်မယ်"
Chapter-757 End
အပိုင်း(၇၅၈)
ကျွယ်ချင်းရဲ့ တိုက်ခိုက်ခြင်း (၅)
"ငါ့လည်ပင်းကို ဓားနဲ့ထောက်လည်း ကောင်းကင်ယံကို ငေးမော ကြည့်ကာ ဟားတိုက် ရယ်မောလိုက်မယ်... သတ္တိကြောင်တဲ့လူတွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ဆိုတာ ရှိမှာပဲလေ"
"ဟား...ဟား ငါ သေသွားလဲ ဘာဖြစ်လဲ။ အခုအချိန်မှာ ငါ့အတွက် လက်စားချေပေးမယ့် ဆက်ခံသူ ရှိပြီ... ပြန်လည်ဝင်စားဖို့လည်း စိတ်ပူစရာ မလိုအပ်တော့ဘူး"
လည်ပင်းပေါ်မှာ ဓား ရောက်နေလည်း ဟားတိုက် ရယ်မော မယ်တဲ့လား။ ဒီလို စကားမျိုးကို ပြောရဲတာ အတော့်ကို မာနဝင့်ကြွားလွန်းလို့။ ဒါမှ ကျွယ်ချင်း။ ထူးခြားတဲ့ လူတစ်ယောက်သာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ စကားမျိုး ပြောရဲတယ်။
ဒီစကားကို ပြောပြီးနောက် ကျွယ်ချင်း ပျောက်ကွယ်သွားတော့တယ်။
သူရဲ့ ရည်ရွယ်ချက် ပြီးမြောက်သွားလို့ ပျောက်ကွယ်သွားမှန်း ယွမ်လော့ဖုန်း သိနေခဲ့တယ်။သူ ချန်ရစ်ခဲ့တဲ့ စကားလုံးများက သူမရဲ့နားမှာ တဝဲလည်လည် ရှိနေတုန်းပါ။ ဒါက သူမကို အံ့ဩ တုန်လှုပ်စေတယ်။
"ကျွယ်ချင်း စိတ်ချပါ"
လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ကာ ယွမ်လော့ဖုန်းရဲ့စိတ် ပိုလေးနက်လာတယ်။
"ရှင်... ပြန်လည်ဝင်စားလို့ ရအောင် ကျွန်မဘက်က ရှာဖွေပေးမယ်... ရှင့်ကို သတ်ခဲ့တဲ့လူ အသက်ရှင်နေသေးရင် ရှင့်အတွက် လက်စားချေပေးမယ်"
သူမက အမြဲတမ်း ကတိတည်သူပါ။ သူ့ကို ကတိပေးပြီးပြီဆိုတော့ သူမရဲ့ ကတိကို တည့်တံ့နိုင်အောင် သေချာပေါက် ကြိုးစားမယ်။
ဒီအကြောင်းကို တွေးရင်း ယွမ်လော့ဖုန်းလည်း တောင်ပတ်လမ်းတစ်လျှောက် မရပ်မနား ညည်းညူ အော်ဟစ်နေတဲ့ မီးခိုးရောင် ဝတ်စုံနဲ့လူကို ကြည့်လိုက်တယ်။
"ပထမဆုံး လုပ်ဆောင်ရမယ့်ကိစ္စက ဆရာ့အတွက် ဂိုဏ်းပြဿနာ ဖြေရှင်းတာပဲ"
ယွမ်လော့ဖုန်းလည်း သူ့အနား ဖြည်းဖြည်းချင်း သွားလိုက်တယ်။
"ရှင့်က ဆရာ့စကားကို နာခံသင့်တယ်။ သူ့ဘက်က သင်ပေးချင်သည် ဖြစ်စေ မသင်ပေးချင်သည် ဖြစ်စေ ရှင့်ဘက်က ဒါကို လက်ခံနိုင်ရမယ်။ ဒါပေမဲ့ ရှင်က သမာရိုးကျ နည်းလမ်းကို ဆန့်ကျင်ခဲ့တယ်... ဆရာဖြစ်သူကို စော်ကားတယ်။ ပထမဆုံး ဆရာ့အစား ရှင့်ကို ပြစ်ဒဏ်ပေးရမယ်"
မီးခိုးရောင် ဝတ်စုံနဲ့လူက ယွမ်လော့ဖုန်းကို မျက်တောင်မခတ် ငေးကြည့်နေခဲ့တယ်။
"ငါ မမှားဘူး။ အမှားလုပ်တဲ့လူက ကျွယ်ချင်း။ သူသာ သူ့ဘက်က သင်ပေးသင့်တာကို သင်ပေးမယ်ဆိုရင် ငါလည်း သူသွားတဲ့နေရာကို တခြားသူတွေကို ပြောမိမှာ မဟုတ်ဘူး။ ရက်ရက်စက်စက် အဆုံးသတ်ရတာ သူလုပ်တဲ့ အပြစ်ကို ပြန်လည် ပေးဆပ်လိုက်ခြင်းပဲ"
ယွမ်လော့ဖုန်းရဲ့ခြေလှမ်းများ ရပ်တန့်သွားတယ်။
"သူ ဘယ်နေရာမှာ ရှိမှန်း ရှင် ပြောခဲ့တာပေါ့"
"အမှန်ပဲပေါ့"
မီးခိုးရောင် ဝတ်စုံနဲ့လူက အံ့ကြိတ်နေတယ်။ နာကျင်လွန်းလို့ သူ့မျက်နှာက မြင်မကောင်း ရှု့မကောင်းအောင် အကျည်းတန်နေခဲ့တယ်။ သူ့အသံကလည်း ပိုပို ဩရှလာပြီး နားကိုညစ်တေးစေတယ်။
"သူက လူယုတ်မာ... သေဖို့ ထိုက်တန်တယ်"
ဗိုင်း
ယွမ်လော့ဖုန်းလည်း အောက်တန်းကျစွာ ပြောဆိုတဲ့ ထိုလူကို ပါးရိုက်ချလိုက်တယ်။ မီးခိုးရောင် ဝတ်စုံနဲ့လူမှာ သွေးအန်တော့တယ်။
မီးခိုးရောင် ဝတ်စုံနဲ့လူမှာ မီးတောက်များကို ငြှိမ်းသက်ချင်သော်လည်း မီးတောက်များက သူ့ခန္ဓာကိုယ်မှာ အမြစ်တွယ်နေသလိုပဲ အဆက်မပြတ် လောင်ကျွမ်းနေခဲ့တယ်။ သူ့ကို မီးလျှံများ မဝန်းရံထားရင် လေမှုတ်လိုက်ရုံနဲ့ ဒီမိန်းကလေးရဲ့ ဝိညာဉ် တစ်စစီ လွှင့်ထွက်သွားနိုင်တယ်။
ခြေသံများကို တောင်ထိပ်မှ ကြားနိုင်တယ်။
တောင်ထိပ်မှ ဆင်းလာတဲ့ မိန်းကလေးကို အားလုံးက တအံ့တဩ ငေးကြည့်နေခဲ့တယ်။ ထိုအမျိုးသမီးက အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့အကြည့်က နှေးကွေး လေးလံနေတယ်။ သူမက တင့်တယ်သော ခြေလှမ်းများဖြင့် ဖြည်းဖြည်းချင်း ဆင်းလာတယ်။
သူမ ခြေတစ်လှမ်း လှမ်းတိုင်း အားလုံးရဲ့ နှလုံးသားများ တုန်လှုပ်ရတယ်..သတိထားနေရတယ်။
"နောက်တစ်ယောက် ရှိသေးတယ်လား"
အမှန်တရားကို မသိတဲ့ လူတွေအတွက်တော့ တောင်အောက် ဆင်းလာတဲ့ အမျိုးသမီးကို ကြည့်ကာ စိတ်အေးချမ်းနေတဲ့ နှလုံးများမှာ အကြမ်းပတမ်း ခုန်လာရတယ်။
တောင်ခြေမှာ တိတ်ဆိတ်နေပြီး အားလုံးရဲ့ နှလုံးခုန်သံကိုပဲ ကြားနိုင်တယ်။
"ဆရာ"
လုံဖေးမှာ ပျော်ရွှင်မြူးထူးမိပါရဲ့... သူမအနားကို ပြေးသွားချင်သော်လည်း... ခြေလှမ်း နည်းနည်းသာ လှမ်းရသေးတယ်...သူ့ကို စူးကျန်းကာ ဆွဲထားတယ်။
"ခဏနေဦး သူမက နည်းနည်း မူမမှန်သေး..."
စူးကျန်းလည်း မျက်မှောင်ကြုတ်ကာ အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။
"ဟား..."
မီးခိုးရောင် ဝတ်စုံနဲ့လူက ရုတ်တရက် ကျေနပ် ပီတိ ဖြစ်စွာ ရယ်မောတော့တယ်။
"နောက်ဆုံးတော့ ငါ နိုင်ပြီ...ဖူရှန်း...ချက်ချင်း သူတို့အားလုံးကို သတ်ပစ်လိုက်စမ်း"
သူ့အကြည့်များက ရက်စက် ယုတ်မာလွန်းပြီး သူ့ မီးလောင်နေတာကို မေ့လျော့ကာ အားလုံးကို စိန်းစိန်းဝါးဝါး ကြည့်နေခဲ့တယ်။
Chapter-758
End
အပိုင်း(၇၅၉)
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီး ဒေါကန်ခြင်း (၁)
အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးလည်း ဖြည်းဖြည်းချင်း သူ့လက်ကို မြှောက်လိုက်တယ်။
မီးခိုးရောင်ဝတ်စုံနဲ့လူရဲ့ ရယ်သံက ပို အရိုင်းဆန်လာတယ်။ ယွမ်လော့ဖုန်းလေး သွေးအိုင်ထဲ လဲလျောင်းတော့မှာကို မြင်ယောင်နေလို့ ထင်ပါတယ်။
ယွမ်ရှောင်က ခံစားချက် ကင်းမဲ့စွာ ယွမ်လော့ဖုန်းရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတယ်။ ဒီအမျိုးသမီးက ဘယ်သူပဲဖြစ်ဖြစ် သူ့မိန်းကလေးကို ထိခိုက်မိတာနဲ့ အသက်ရှင်ဖို့ မတွေးနဲ့။
အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးက လေဓားသွားကို ထုတ်သုံးတယ်။ ဒါပေမဲ့ ယွမ်လော့ဖုန်းကို ဦးတည်ခြင်းတော့ မဟုတ်ဘူး မီးလျှံများ ဝန်းရံခံထားရတဲ့ မီးခိုးရောင် ဝတ်စုံနဲ့ လူရှိရာ သို့သာ။
မီးခိုးရောင်ဝတ်စုံနဲ့လူမှာ အံ့ဩလွန်းလို့ ရှောင်တိမ်းဖို့တောင် မေ့လျော့နေခဲ့တယ်။
" မင်းဘာလုပ်ချင်တာလဲ"
သူလည်း အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးဘက် လှည့်ကာ မီးဝင်းဝင်းတောက်တဲ့ မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။ နာကျင်နေတဲ့ ခန္ဓာကိုယ်က ပိုပို နာကျင်လာရပြီး သူ့လက်မောင်းမှာ သွေးများ ကျဆင်းလာရတယ်။
အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးက အသိပြန်ဝင်လာ သလိုပါပဲ။
"တောင်းပန်ပါတယ်... အခုမှ သတိလည်လာတော့ မူးဝေနေတုန်းပဲ..."
"ဒါဆို... အခုချက်ချင်း သူတို့ကို သတ်စမ်း"
"ဟုတ်"
သူမဘက်က ဒီစကား ပြောမှ သူ့မှာ စိတ်သက်သာရာ ရတော့တယ်။ ဒါပေမဲ့လည်း မိနစ် အနည်းငယ်အတွင်းမှာ မရေမတွက်နိုင်အောင် များပြားတဲ့ ဓားသွားများ သူ့ဆီကိုသာ ဦးတည်လာခဲ့တယ်။ သိပ်မကြာခင်မှာဘဲ သူက သက်ရှိပစ်မှတ် ဖြစ်လာခဲ့တယ်။
"ဖူရှန်း.. မင်းဘယ်လို လုပ်နေတာလဲ"
အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးက မျက်တောင် ခတ်လိုက်တယ်။
"သတ်ဖို့ ကျွန်မကို ပြောခဲ့တယ် မလား"
"ငါက ဒီလူတွေကို သတ်ဖို့ ပြောခဲ့တာ"
မီးခိုးရောင် ဝတ်စုံနဲ့လူမှာ ဒေါသထွက်လွန်းလို့ ဗလုံးဗထွေးနဲ့ ပြောတော့တယ်။
အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးလည်း သိမ်မွေ့စွာ ပြုံးလိုက်တယ်။
သူမရဲ့ အပြုံးက လှပပြီး ချစ်ဖို့ကောင်းတယ်...နေရောင်လို နွေးထွေးနေပြန်တယ်။
"ဘယ်သူကို သတ်သင့်လဲ ကျွန်မ သိတယ်။ ရှင်က ပြန်လမ်းမဲ့ သစ်တောကို ထိခိုက်စေခဲ့သူ... ကျွန်မက ရှင့်ကို အသက်ချမ်းသာခွင့် ပေးမယ်လို့ ယုံကြည်နေတယ်လား"
မီးခိုးရောင် ဝတ်စုံနဲ့လူမှာ မှင်တက်သွားရတယ်။ အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးလေးရဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာကို အံ့ဩတုန်လှုပ်စွာ ကြည့်နေမိတယ်။
"မဖြစ်နိုင်ပါဘူး... ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး...ငါ နင့်ရဲ့ အသိစိတ်ကို ဖျက်ထားပါတယ်... နင်က ငါ့အစီအရင်ကို ဘယ်လို ဖြတ်ကျော်နိုင်တာလဲ"
ဖူရှန်းလည်း ပြုံးနေလိုက်တယ်။
"သတိမေ့နေချိန်... တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကို ကြားလိုက်ရတယ်... သူ့ရဲ့ ဒေါသ... ကြေကွဲမှု... ထိန်းချုပ်ရခက်တဲ့ ခံစားချက်က ကျွန်မကို နိုးထ စေခဲ့တယ်"
ထျန်းရာကို သူမ ပေးခဲ့တဲ့ ရှားပါး သစ်သီးကို ကျေးဇူးတင်ဖို့ ကောင်းတယ်။
ဆက်သွယ်ဖို့ ရှားပါး သစ်သီး မရှိရင် တစ်ဖက်လူရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိနိုင်မှာ မဟုတ်ဘူး... ဒီလူရဲ့ ထိန်းချုပ်မှုက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
"ဆရာ"
ဒါကို မြင်ရတော့ လုံဖေး အတော့်ကို ပျော်ရွှင်မိပြီး ဖူရှန်းအနား အပြေးအလွှား သွားတယ်။
သူလည်း ဖူရှန်း အရှေ့မှာ မတ်တတ် ရပ်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။
"ဆရာ ဘေးအန္တရာယ် ကင်းပြီ... ပျော်လိုက်တာ... ဒီအတောအတွင်း ကျွန်တော်နဲ့ ဦးလေးက ဆရာ့အတွက် စိတ်ပူပန်နေရတယ်"
ဖူရှန်းလည်း လုံဖေးဘက် လှည့်ကာ သိမ်မွေ့သော အပြုံးလေးကို ပြသတယ်။ သူမရဲ့ အပြုံးက သူ့မျက်နှာကို ဖြတ်ပြေးသွားတဲ့ လေညင်းလိုပါပဲ။
"ကျေးဇူး"
စူးကျန်းလည်း တစ်စုံတစ်ရာကို ပြောချင်သော်လည်း သူမရဲ့လှပတဲ့ မျက်နှာလေးကို ငေးကြည့်ရင်း ပြောချင်တဲ့ စကားများ ပျောက်ရှသွားတော့တယ်။
"ဟား..."
ရက်စက် ကြမ်းကြုတ်သော လေသံနဲ့အတူတူ မီးခိုးရောင် ဝတ်စုံနဲ့လူလည်း မတ်တတ် ရပ်နေတဲ့လူများကို ဝါးစား မတတ် ကြည့်ကာ ထေ့ငေါ့လိုက်တယ်။
"ငါ မနိုင်တော့မှန်း သိတယ်... ဒါပေမဲ့ နင်တို့အားလုံးကို ရအောင် သတ်သွားမယ်... ငါ့ဝိညာဉ်ကို ဖျက်စီး ရမယ်ဆိုရင်တောင် ငါ နင့်တို့ကို ငါနဲ့အတူတူ တမာလွန်ဘဝကို ခေါ်သွားမယ်"
ဝုန်း...
ရုတ်တရက် ထိုလူက အားကုန်သုံးကာ မြေကြီးကို ထိုးနှက်လိုက်တယ်။ ယွမ်လော့ဖုန်းရဲ့ ခြေထောက်အောက်က မြေကြီး ကွဲထွက်သွားပြီး ဧရာမ တွင်းနက် ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။
ယွမ်ရှောင်လည်း သူမကို ကာကွယ်ဖို့ သူ့ရင်ခွင်ထဲ ဆွဲထားလိုက်ပြီး နှစ်ယောက် အတူတူ တွင်းနက်ထဲ ကျသွားတယ်။
"သတိထား"
ကြောက်လန့် တုန်လှုပ်သွားပြီး ဖူရှန်းလည်း ရှေ့သို့ တက်ကာ ယွမ်လော့ဖုန်းရဲ့လက်မောင်းကို အတင်း လှမ်းဆွဲ လိုက်တယ်။
ဒါပေမဲ့လည်း တွင်းနက်က ဆွဲအား ပြင်းထန်လို့ ထင်ပါတယ်... သူတို့အားလုံးကို စုပ်ယူသွားတယ်။
Chapter-759
End
Book(31)
760+761+762
အပိုင်း(၇၆၀)
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီး ဒေါကန်ခြင်း (၂)
"ဆရာကို ကျွန်တော် ကူညီမယ်"
လုံဖေးရဲ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီလေ... ဒါပေမဲ့လည်း သူ့ဘက်က ရှေ့တိုးလာချိန် ဖူရှန်းက သူ့ရင်ဘတ်ကို တွန်းထုတ်ကာ အော်တော့တယ်။
"သွား..."
ဗိုင်း
လုံဖေးမှာ နောက်လန်ကျသွားတော့တယ်။ သူတို့ သုံးဦးကို တွင်းနက်ကြီး ဝါးမျိုသွားတာကို ထိုင်ကြည့်ရုံသာ တတ်နိုင်တော့တယ်။
"ဆရာ"
ခဏကြာတော့ စူးစူးဝါးဝါး ငိုသံက ကောင်းကင်ယံမှာ ပဲ့တင်ထပ် လာခဲ့တယ်။ သစ်ပင်ပေါ်မှာ နားနေတဲ့ ငှက်လေးများလည်း တောင်ပံဖြန့်ကာ ပျံသန်းသွားတော့တယ်။
သူတို့ သုံးဦးလုံး တွင်းနက်ထဲ ကျသွား ပြီးနောက် မြေပြင်က နဂို ပုံစံအတိုင်း ပြန်ဖြစ်သွားတော့တယ်။
"ဟား..."
မီးခိုးရောင် ဝတ်စုံနဲ့လူက ဝမ်းမြောက်ဝမ်းသာ ရယ်မောတော့တယ်။ သူက မြေကြီးပေါ်မှာ အားအင် ချည့်နဲ့စွာ လဲလျောင်းနေသော်လည်း သူ့ခံတွင်းမှ သွေးများ အဆက်မပြတ် ကျဆင်းနေသော်လည်း
" ငါ့ကို ဆန့်ကျင်ဖို့ ကြိုးစားလို့ လက်တုံ့ပြန်လိုက်တာ..."
အစိမ်းရောင် မီးတောက်များက သူ့ခန္ဓာကိုယ်မှာ တောက်လောင်နေတုန်းပါ။ သူ့အသက်ဓာတ်ကို မီးရှို့နေသလိုပါပဲ။ မီးတောက်ကို ငြှိမ်းသက်ဖို့ ကြိုးစားလေလေ သူခန္ဓာကိုယ်က ပို အားနည်းလာရတယ်။ သူ့မှာ လက်ချောင်းလေးတောင် မမြှောက်နိုင်တော့ဘူး။
လုံဖေးလည်း မြေကြီးပေါ်မှ ထလိုက်ကာ သူ့အနား သွားလိုက်တယ်။ မီးခိုးရောင် ဝတ်စုံနဲ့လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ အစိမ်းရောင် မီးတောက်တွေက အသိဉာဏ် ရှိပုံပဲ... လုံဖေးကိုတော့ မီး မလောင်ကျွမ်းစေဘူး။ ဖြတ်လျှောက်သွားလည်း ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေဘူး။
"သူတို့တွေ ဘယ်ရောက်သွားလဲ ကျုပ်ကို ပြောစမ်း"
လုံဖေးရဲ့နဖူးမှာ သွေးကြောများ ထင်းနေခဲ့တယ်။ထိုလူရဲ့ အင်္ကျီကော်လံကို ဆောင့်ဆွဲကာ ဒေါနဲ့မောနဲ့ မေးနေတယ်။
သူ့စကားကို ကြားတော့ ထိုလူက သွေးအန်ကာ ထေ့ငေါ့တော့တယ်။
"မြေအောက် ပေ၁၀၀ကျော်မှာပေါ့... သူတို့တွေ ဘယ်လိုပဲ ကျင့်ကြံစဉ် မြင့်ပါစေ ဒီနေရာက လွတ်မြောက်ဖို့ မလွယ်ကူဘူး"
သူ သေရမယ်ဆိုရင်တောင် သူတို့ကို သူနဲ့အတူတူ ခေါ်သွားမယ်။
"လူယုတ်မာကောင်"
လုံဖေးလည်း သူ့ဝမ်းဗိုက်ကို ကန်ချလိုက်တယ်။ သူ့မျက်ဝန်းမှာ လူသတ်ချင်သော အငွေ့အသက်များ ပြည့်နှက်နေခဲ့တယ်။
"အခုချက်ချင်း သူတို့ကို လွှတ်ပေးစမ်း မဟုတ်ရင်တော့ ခင်ဗျားကို မသေမချင်း ညှဉ်ပန်း နှိပ်စက်မယ်"
မီးခိုးရောင် ဝတ်စုံနဲ့လူလည်း မျက်လုံးများ ပိတ်ထားကာ ဂရုမစိုက်ဟန်နဲ့ပေါ့။ လုံဖေးက သူ့ရင်ဘတ်ကို ကန်နေတာ လျစ်လျူရှုထားတယ်။
"လုံဖေး"
စူးကျန်းလည်း သက်ပြင်းချလိုက်တယ်။ လုံဖေးကို ရပ်ဖို့ ပြောကာ မျက်မှောင်ကြုတ်လိုက်တယ်။
"အခု သူ့ကို မနှိပ်စက်နေလဲ အသုံးမဝင်ဘူး။ အရေးကြီးဆုံးက သူတို့ကို ကယ်တင်ဖို့ပဲ သူ့ကို နောက်မှ အပြစ်ပေးလည်း ရတယ်ကွာ"
လုံဖေးလည်း ရပ်တန့်လိုက်ပြီး လူယုတ်မာကို မကျေမနပ် ကြည့်လိုက်တယ်။
"ခင်ဗျား ထွက်ပြေးနိုင်မယ်လို့ ထင်နေလား... ခင်ဗျားကို တစ်စစီ ဖြစ်အောင် အပိုင်းပိုင်း ခုတ်ထစ် ပစ်မယ်လို့ ကျိန်ဆိုတယ်"
သူ့ဘက်က ဒီစကားကို ပြောလိုက်ပြီးနောက် နောက်ဘက်မှ စက်ဆုပ်ဖွယ်ကောင်းတဲ့ အသံကို ကြားလိုက်ရတယ်။
"ငါ အရင်က ပြောဖူးပြီးသားပါ... မကောင်းကြံတတ်သူတွေက ဝဋ်ကြွေးကို ပြန်လည် ပေးဆပ်ရတယ်လို့...အခု သူမရဲ့ ဝဋ်ကြွေးကို ပြန်လည် ပေးဆပ်လိုက်ခြင်းပဲ... ဒါက သူတို့နဲ့ ထိုက်တန်တယ်"
လင်းယွမ်က သူတို့ကို ထေ့ငေါ့သော အကြည့်နဲ့ ကြည့်နေခဲ့တယ်။ သူက ယွမ်ရှောင်ကို ကြောက်သော်လည်း တခြားသူတွေကိုတော့ ဂရုမစိုက်ဘူး။ အခု ယွမ်ရှောင်က ဒီနေရာမှာ မရှိတော့ သူ့ဘက်က ဘာဆိုဘာမျှ ကြောက်လန့်နေစရာ မလိုအပ်တော့ဘူး။
လုံဖေးလည်း သူ့ဘက် လှည့်ကြည့်လိုက်တယ်။
"ခင်ဗျား ဘာပြောလိုက်တယ်"
"မင်းက ငါ ပြောတကို ကြားတယ်လား... ဒီလူတွေက စိတ်မချမ်းမြေ့ဖွယ်ကောင်းအောင် သေဖို့ ထိုက်တန်တယ်... သူတို့အတွက် အသင့်လျော်ဆုံးပဲ"
ယွမ်လော့ဖုန်းက သူ့ဆေးပင်တွေကို ဖျက်ဆီးသွားတာ တွေးမိတိုင်း သူမကို အပိုင်းပိုင်း ဖြတ်တောက်ချင်တဲ့အထိ ဒေါသထွက်ရတယ်။... သူတို့အတွက် အသင့်လျော်ဆုံးပဲ"
ယွမ်လော့ဖုန်းက သူ့ဆေးပင်တွေကို ဖျက်ဆီးသွားတာ တွေးမိတိုင်း သူမကို အပိုင်းပိုင်း ဖြတ်တောက်ချင်တဲ့အထိ ဒေါသထွက်ရတယ်။
လုံဖေး စိတ်တိုနေစဉ် စူးကျန်းက ရှေ့ကို ခြေနှစ်လှမ်း လှမ်းသာ လင်းယွမ်ကို မကျေမနပ် ကြည့်လိုက်တယ်။
"ဒီမှာ မင်းကို အပြစ်ပေးနိုင်တဲ့လူ မရှိဘူးထင်လို့ ရဲတင်းနေတာလား"
လင်းယွမ်ရဲ့မျက်ဝန်းများ မည်းမှောင်သွားရတယ်။
လုံဖေးက ဖူရှန်းကို ဆရာလို့ ခေါ်လေ့ရှိတာ သူ မှတ်မိနေတော့ ဒီလူက ဖူရှန်းနဲ့ ဂိုဏ်းတူ မောင်နှမ တော်စပ်သူ ဖြစ်ရမယ်။
ဒီလူက ဖူရှန်းနဲ့ အတူတူ နေထိုင်ခဲ့ဖူးသူ ဖြစ်ရမယ်။ ဒေါသဖြစ်လွန်းတာကြောင့် သူ့လေသံက ပိုရဲတင်းလာတယ်။
Chapter-760
End
အပိုင်း(၇၆၁)
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီး ဒေါကန်ခြင်း (၃)
"ငါက အမှန်ကို ပြောနေတာ"
လင်းယွမ်လည်း ခေါင်းမော့ရင်ကော့ကာအရှုံး မပေးဟန် ပြောတယ်။
ဒီလူက ဖူရှန်းနဲ့ ဂိုဏ်းတူ မောင်နှမ မှန်းသိတယ်...အဲ့တော့ ဘာဖြစ်လဲ... ခင်ဗျား ရဲ့လက်ရှိ အခြေအနေနဲ့ ကျုပ်ကို တိုက်ခိုက်နိုင်မယ်များ ထင်နေလား။
စူးကျန်းက အစီအရင်နဲ့ တိုက်ခိုက်ခဲ့ပြီး အကြိမ်ပေါင်းများစွာ တန်ပြန်တိုက်ခိုက်ခံရတယ်။ ဒါကြောင့် အချိန်ခဏလေးအတွင်း ပြန်လည် ကုစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်လည်း လင်းယွမ်က သူ့ကို ရန်စရဲတာပေါ့။
"ဟိန်းဟောင်သံ"
ရုတ်ခြည်း စူးကျန်းလည်း ဟိန်းဟောင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အလင်းရောင်များ ဖုံးလွှမ်းသွားတယ်။ အလင်းရောင်ပျောက်ကွယ်သွားတော့ ဧရာမကျားကြီး ပေါ်လာတယ်။
"ဝိညာဉ် သားရဲ"
ဒီလူက ဝိညာဉ်သားရဲလား။ လူသားအဖြစ် ပြောင်းလဲနိုင်တဲ့ ဝိညာဉ်သားရဲလား။ နတ်ဘုရားအဆင့် ကျင့်စဉ် ရောက်မှ အသွင်ပြောင်းမြက်ကို သုံးဆောင်ပြီး လူသားအဖြစ် ပြောင်းလဲနိုင်တယ်။ လူအသွင်ပြောင်းထားတဲ့နတ်ဘုရား အဆင့် သားရဲကို တခြား သားရဲများက မယှဉ်နိုင်ပါဘူး။
စူးကျန်းကို ဝိညာဉ်သားရဲမှန်း သိလိုက်တော့ လူတိုင်း တအံ့တဩ ဖြစ်နေခဲ့တယ်။ သူတို့ကို သားရဲတွေ တိုက်ခိုက်နေချိန် ယွမ်လော့ဖုန်းက သူတို့ကို လှောင်ပြောင်နေမှာပဲ။
လင်းယွမ်ရဲ့မျက်နှာက အနည်းငယ် ပျက်ယွင်းသွားရပြီ။
"ခင်ဗျား ဒဏ်ရာရ ထားတယ်လေ...ခင်ဗျားရဲ့ဒဏ်ရာတွေနဲ့ ငါတို့ အားလုံးကို ရင်ဆိုင် နိုင်မယ်များ ထင်နေလား..."
"ပထမဦးဆုံးအနေနဲ့ ငါက လူတိုင်းနဲ့ မတိုက်ခိုက်ဘူး... ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်းကို တိုက်ခိုက်မယ်... ဒုတိယ အနေနဲ့ ကျုပ်က ခင်ဗျားတို့ အားလုံးနဲ့ တိုက်ခိုက်ရမယ်ဆိုရင်တောင် ကျုပ် ရှုံးမယ်လို့ မထင်ဘူး"
စူးကျန်း သရော်လိုက်တယ်။ သူ့မျက်ဝန်းမှာ သွေးဆာလောင်သော အကြည့်များ ဖုံးလွှမ်းနေခဲ့တယ်။
ရုတ်ခြည်း သူတို့ရှေ့မှာ အသံတစ်သံကို ကြားလိုက်ရတယ်။
"ပြန်လမ်းမဲ့ သစ်တောထဲမှာ ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ကိစ္စ ဖြစ်ခဲ့တယ် ထင်ပါတယ်...ရှင်တို့ကို လူနှစ်ယောက် အကြောင်း မေးလို့ ရမလား ရှင့်"
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက မြင်းပေါ် နောက်ဘက်မှာ ထိုင်နေပြီး ပြုံးကာ တင့်တယ်သော အပြုံးချိုချိုလေးနဲ့ မေးတယ်။
သူမရဲ့ ရှေ့မှာ ခံ့ညား ချောမောတဲ့ ယောကျ်ား တစ်ယောက် ရှိနေပါသေးတယ်။ အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက လူအားလုံးကို မေးလိုက်ခြင်းသာ။သူမလည်း လူသားပါ။ သားရဲများက လူသားတွေကို အရမ်းမုန်းတီးကြတယ်။
"မင်းက ဘာအကြောင်း မေးချင်လို့လဲ"
လင်းယွမ်မှာ အတော့်ကို ဝမ်းသာမိတယ်။ ဒီလူ နှစ်ယောက်က ကျင့်ကြံဆင့် မြင့်တယ်လို့ ခံစားမိပြီး သူတို့က သေချာပေါက်ကို ဒီသားရဲကောင်ကို တိုက်ခိုက်နိုင်မှာလေ။
"လက်မထပ်ရသေးတဲ့ စုံတွဲ တစ်တွဲ အကြောင်းပါ... သူတို့နာမည်က ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းပါ... ပြန်လမ်းမဲ့ သစ်တောထဲမှာ သူတို့ကို တွေ့မိသေးလား"
လင်းယွမ်နဲ့ တခြားသူများမှာ ဘာပြောရမှန်း မသိ ဖြစ်ရတယ်။ သူက ယွမ်လော့ဖုန်းကို ရန်သူ အဖြစ် မှတ်ယူသော်လည်း သူမရဲ့နာမည်ကိုတော့ မသိဘူး။ ဒါကြောင့် ထိုအမျိုးသမီး မေးတာ မသိဘူး။
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးလည်း မရိပ်စားမိအောင် မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့ရဲ့ ဒွဟ ဖြစ်နေတဲ့ ပုံစံကို ကြည့်ရင်းဖြင့် သူ့သားနဲ့ ချွေးမကို မသိမှန်း အတပ်ပြောနိုင်တယ်။
"ကြည့်ရတာ သူတို့တွေ ဒီနေရာကို မရောက်ခဲ့ဖူး ထင်တယ်... အစ်ကိုရဲ့ သွားမယ်"
သူမလည်း ကျောခိုင်း ထွက်ခွာဖို့ ဟန်ပြင်လိုက်တယ်။ဒါပေမဲ့ သူတို့ကို သားရဲက တောက်ပသော မျက်ဝန်းများဖြင့် ကြည့်နေတာကို သတိထားလိုက်မိတယ်။ ဒါကြောင့် သူမလည်း ရပ်တန့်လိုက်တယ်။
"အစ်ကို ကျွန်မတို့ မေးတဲ့လူကို သိလို့လား"
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက သူ့ကို ဂါရဝပြုကာ မေးလိုက်တယ်။ ဝိညာဉ်သားရဲက သူမ မေးတာကို ပြန်ဖြေမယ်လို့ မထင်ခဲ့မိဘူး။ ဒါပေမဲ့လည်း သူမ မစွန့်လွှတ်ချင်ဘူး... သူ့ကို ဆက်မေးနေတုန်းပါ။
လုံဖေးရဲ့ အကြည့်များ ပြောင်းလဲသွားတော့ စူးကျန်းလည်း အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးဘက် လှည့်ကာ မေးလိုက်တယ်။
"သူတို့နဲ့ ခင်ဗျားက ဘယ်လို ဆက်စပ်မှု ရှိလို့လဲ"
သူမက သူတို့ရဲ့ ရန်သူဆိုရင်တော့ ဘာဆိုဘာမျှ မပြောဖို့ ယတိပြတ် ဆုံးဖြတ်ထားတယ်။
Chapter-761
End
အပိုင်း (၇၆၂)
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီး (၄)
စူးကျန်းက ဒီလိုပြောတော့ သူမမှာ စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။
"ရှောင်အာ နဲ့ လော့ဖုန်း ဘယ်မှာ ရှိလဲ သိရင် ပြောပေးပါ... ကျေးဇူးဆပ်ပါမယ်"
သူမက အမှန်တကယ်ကို စိတ်လှုပ်ရှားနေသော်လည်း စူးကျန်းက တိတ်ဆိတ်နေမြဲပါ။
"ဦးလေး သူတို့ကို ပြောလိုက်တော့မယ်"
လုံဖေးလည်း ရှေ့ကို ထွက်လာပြီး စူးကျန်းရဲ့ ကျောကို ပုတ်လိုက်တယ်။ ထို့နောက် အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးဘက် လှည့်ကာ
"ယွမ်လော့ဖုန်းက ကျုပ်ရဲ့ အရှင်သခင်... ယွမ်ရှောင်က သူမရဲ့ချစ်သူ။ ကျုပ်သခင်နဲ့ ခင်ဗျား ဘယ်လို ဆက်နွှယ်မှု ရှိလည်းတော့ ကျုပ် မသိဘူး... ဒါပေမဲ့ ကျုပ်ပြောနိုင်တာတော့ သူတို့တွေ ထောက်ချောက်မိပြီး မြေအောက် ပေ၁၀၀ကျော်မှာ မြှပ်ခံထား ရတယ်။
"ဘယ်သူလဲ...ဘယ်သူက သူတို့ကို ထောက်ချောက် ဆင်တာလဲ... အခုချက်ချင်း ထွက်လာခဲ့စမ်း"
လင်းယွမ်လည်း အတော့်ကို အံ့ဩတုန်လှုပ်မိပါရဲ့ တက်ကြွနေတဲ့ သူ့စိတ်များ ကြေကွဲရပါတယ်။ တခြားသူတွေ သတိထားမိတာကို ရှောင်တိမ်းဖို့ သစ်ပင်နောက်မှာ ပုန်းကွယ်နေလိုက်တယ်။
ဒါပေမဲ့ သူ့ကို အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက အာရုံ မထားပါဘူး...လုံဖေး ညွှန်းပြတဲ့ မီးခိုးရောင် ဝတ်စုံနဲ့လူကို မကျေမနပ် ကြည့်နေလေရဲ့။
"ရှင်ပေါ့"
မီးခိုးရောင် ဝတ်စု့နဲ့လူက သရော်ကာ သူမမေးတာကို ပြန်မဖြေဘူး။
"ကောင်းတယ်... အရမ်းကို တော်လွန်းပါဘိ"
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက သွေးအေးစွာ ပြောလာခဲ့တယ်။
"အစ်ကိုရဲ့... ကျွန်မကို ခဏစောင့် ဒီလူတွေကို သင်ခန်းစာ ပေးဦးမယ်"
မီးခိုးရောင် ဝတ်စုံနဲ့လူက တိတ်ဆိတ်နေတုန်းပါ။ အဆိုးရွားဆုံး သူ့ကို ဆောင့်ကန်ရုံပေါ့... သူ့ကို လောင်ကျွမ်းနေတဲ့ မီးတောက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူ့ဆရာက တကယ့်ကို ရက်စက် လွန်းပါဘိ။ သူ့ကို မီးတောက် ပစ်ချခဲ့တဲ့ အပြင် ဖြည်းဖြည်းချင်း လောင်ကျွမ်းစေတယ်။ ဘယ်အချိန်များမှ ဒီမီးတောက်က သူ့ကို ပြာမှုန့် ဘဝ ရောက်စေမှာလဲကွာ...။
သူမလည်း ထိုလူ အနား ဖြည်းဖြည်းချင်း သွားလိုက်ကာ သူ့ကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
"ဟား..."
ထိုလူက လှောင်ပြုံး ပြုံးကာ သရော်နေတယ်။
" ရှင့်ကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်... သူတို့ကို လွတ်ပေး လိုက်စမ်း... ကျွန်မရဲ့ စကားကို မနာခံရင်တော့ ရှင့်ကို သေတဲ့အထိ ညှဉ်းပန်း နှိပ်စက်မယ်"
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက မျက်ဝန်းများကို မှေးစဉ်းလိုက်တယ်။
"ကောင်းပြီလေ... ရှင့်ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့... အစ်ကိုရဲ့...ကျွန်မကို ဓားပေး"
"ဓား... ဘာလုပ်မလို့လဲ"
"သူ့ကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ထစ် ပစ်မယ်"
သူ့ကို ကြိုက်ရာလုပ်လို့ ပြောခဲ့တော့ အခုတော့ လုပ်ချင်ရာ လုပ်တော့မယ်လား။
ရဲ့ကျင်းဟောင်လည်း သူမကို ဓားကမ်းပေးလိုက်တယ်။ သူ့လက်မောင်းကို ဓားနဲ့ လှီးတော့တယ်။
"အား"
စူးစူးဝါးဝါး အော်သံက ကောင်းကင်မှာ မြည်ဟည်းလာခဲ့တယ်။နာကျင်မှုကြောင့် သူ့ခန္ဓာကိုယ်က တုန်ယင်လာရတယ်။ ဓားသွားနဲ့ မီးတောက်ရဲ့ နှိပ်စက်မှုကြောင့် သူ့မှာ သေဖို့သာ ဆုတောင်းတော့တယ်။
"သူတို့ကို ဘယ်လို ကယ်တင်လို့ရလဲဆိုတာ ငါ့ကို ပြောစမ်း"
"ငါ မသိဘူး"
ထိုလူက အံ့ကြိတ်ထားတယ်။
ဘာမှ မပြောတော့ဘဲ နောက်တစ်ကြိမ် ဓားနဲ့ လှီးတော့တယ်။ သူ့လက်မောင်း အသားစိုင်းများကို တစ်စစီ ခုတ်ဖြတ်နေတယ်။ အဖြူရောင်အရိုးကိုတောင် မြင်နိုင်ပါပြီ။
ဒါကို မြင်ရတော့ လူအားလုံး တုန်လှုပ်နေရတယ်။ ချောမောလှပတဲ့ အမျိုးသမီးက ရက်စက်မယ်လို့ မထင်ခဲ့မိဘူး။ ဝက်သားကို တစ်လွှာချင်း လှီးနေသလို ဘာဆိုဘာမှ မတွေးဘူး။
"မလုပ်ပါနဲ့တော့ တောင်းပန်ပါတယ်... ငါ တကယ် မသိလို့ပါ... ငါ့ကို အသက်ချမ်းသာခွင့် ပေးပါ"
"ရှင့်ကို လွတ်မြောက်ခွင့် ပေးရမယ် ဟုတ်လား... ငါ လိုချင်တာကို ရှင့်က မပြောဘူး ရှင် ပြောသလို လုပ်ပေးနေတာပဲလေ... ဘာကြောင့် တောင်းပန်စကား ပြောနေတာလဲ"
သူမရဲ့ စကားကို ကြားပြီးနောက် သူ့မှာ ပိုပို တုန်ယင်လာရတယ်။
အစိမ်းရောင် မီးတောက်က သူ့ဝိညာဉ်ကို ညှဉ်းပန်းနေပြီး ဒီမိန်းမက သူ့ခန္ဓာကိုယ်ကို နှိပ်စက် နေပြန်တယ်။
အလွန်အမင်း ပြင်းထန်တဲ့ နှိပ်စက်မှု နှစ်ခုကြောင့် သူ့မှာ သေဖို့ပဲ ဆန္ဒ ရှိတော့တယ်။
Chapter-762
End
Book(31)
773-776
အပိုင်း(၇၆၃)
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီး ဒေါကန်ခြင်း (၄)
"ငါ တကယ် မသိလို့ပါ"
သူ့နဖူးမှ ချွေးစေးများ ကျဆင်းလာရတယ်။ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ သွေးများ ဖုံးလွှမ်းနေပြီး အသံက တုန်တုန်ယင်ယင် ဖြစ်နေလေရဲ့။
"မြေတူးကြည့်ရင်းတော့ သူတို့ကို ရှာတွေ့နိုင်ပါတယ်"
မြေတူးရှာလို့ ရတာပဲ
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးလည်း မျက်မှောင်ကြုတ်လိုက်တယ်။ ဒီနည်းလမ်းတစ်ခုပဲ ကျန်တော့တယ်။
"ရဲ့ကိုကို"
သူမလည်း ရဲ့ကျင်းချန်ဘက် လှည့်လိုက်တယ်။
"နောက်ကြောင်း ပြန်လှည့်ပြီး အကူညီတောင်းမယ်... ပေတစ်ရာကျော် တူးရမယ်ဆိုလည်း သူတို့ကို ရအောင် ကယ်တင်မယ်။
"ဟုတ်ပြီ"
ရဲ့ကျင်းချန်းလည်း ခေါင်းညိတ်ကာ သဘောတူလိုက်တယ်။
"ကိုယ့်ကို ဒီမှာ ခဏစောင့်နေဦး... မကြာခင် ပြန်လာခဲ့မယ်"
ရဲ့ကျင်းချန်းလည်း မြင်းကို ကျာပွတ်နဲ့ ရိုက်လိုက်ပြီးဒုန်းဆိုင်း ပြေးထွက် သွားတော့တယ်။
အနီရောင် ဝတ်စုံနဲ့ မိန်းကလေးလည်း လင်းယွမ်နဲ့ တခြားလူတွေဘက် အကြည့်လွှဲလိုက်တယ်။
"ရှင်တို့က သူတို့နှစ်ယောက်ရဲ့ ရှောင်အာ နဲ့ လော့ဖုန်းကို တကယ်ပဲ မသိတာလား"
လင်းယွမ်လည်း ပခုံးတွန့်ကာ အော်ပြောလိုက်တယ်။
"ငါတို့တွေ သူတို့နာမည်ကို တကယ် မသိဘူး"
"ဟုတ်လို့လား"
သူမလည်း နားလည်ရခက်လွန်းလို့ နောက်တစ်ခါ ထပ်မေးလိုက်တယ်။
"ရှင်တို့တွေက ဒီနေရာကို အတူတူ ရောက်လာခဲ့တာ မဟုတ်ဘူးလား...ဘာကြောင့် နာမည် မသိရလဲ"
လင်းယွမ်က ထပ်ငြင်းဖို့ ကြိုးစားစဉ် လုံဖေးက ကြားဝင် ရှင်းပြလိုက်တယ်"
"အရှင်ရဲ့ ရန်သူ တွေ ဖြစ်နေလို့ သူတို့က အရှင်ရဲ့ နာမည်ကို မသိတာပါ... ရန်သူဖြစ်နေလို့ သခင်မက သူတို့ကို နာမည် မပြောခဲ့ဘူး"
"ရန်သူတော်"
သူ့စကားကို ကြားလိုက်ရပြီးနောက် သူမရဲ့မျက်ဝန်းများမှာ လူသတ်ချင်သော အငွ့အသက်များ ဖုံးလွှမ်းသွားတော့တယ်။
တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေတဲ့ လင်းယွမ်ကို ကြည့်ကာ လုံဖေးလည်း ဆက်ပြောလိုက်တယ်။
"ဒါတွေ အားလုံးက သူ့သမီးကြောင့် ဖြစ်ရတာပါ...သူ့သမီးက သခင့်ရဲ့ ချစ်သူကို စွဲလမ်း နှစ်သက်ခဲ့တယ်။ ဒါကြောင့် သခင့်ကို အကောက်ကြံဖို့ ကြံရွယ် ခဲ့တယ်... သူ့အကြံကြောင့် သခင်တို့ ချစ်သူနှစ်ဦး စိတ်ဝမ်းကွဲ စေချင်တယ် ။ ဒါပေမဲ့ သူ့အကြံက ဟာကွက်တွေ များပြားလွန်းပါတယ်... သခင့်အတွက်တော့ ကလေး အကွက်တွေပဲ"
ဒီအမျိုးသမီးရဲ့မျက်နှာ ပိုလို့ တိုးစွာ သုန်မှုန်လာတာကို မြင်ရတော့ လုံဖေးလည်း ဆက်ပြောတယ်။
"ယွမ်ရှောင်အတွက် တခြား မိန်းကလေး ရှိခြင်းက ဖြစ်သင့်တဲ့ ကိစ္စပေါ့...အရှင်သခင်က ဒါကို လက်ခံပေးရမယ်တဲ့"
ကောင်းကင်ယံမှာ လေ ပျောက်ကွယ်သွားတော့တယ်။
ရာသီဥတုက အတော့်အသင့် ကောင်းမွန်နေပါရဲ့။
ရာသီဥတုက ကောင်းမွန်နေသော်လည်း ရုတ်တရက် အနီရောင် ဝတ်စုံနဲ့ အမျိုးသမီး အနားမှာ မုန်တိုင်း ထန်လာပြီး သူမရဲ့ အဝတ်အစားများ ပရမ်းပတာ ဖြစ်နေလေရဲ့။
"ရှင့်သမီးက ငါ့ရှောင်အာလေးနဲ့ မထိုက်တန်တာတော့ စိတ်မကောင်း ပါဘူး"
ထိုအမျိုးသမီးက ထေ့ငေါ့လာတယ်။
"ရှင့်သမီးက ရှောင်အာကို ဆွဲဆောင်ချင်လဲ ဖြစ်နိုင်မယ် မထင်ဘူး... သူ့အကြိုက်ကို ကျွန်မက သိထားပြီးသား"
သူ့သားရဲ့ စိတ်ဓာတ်ကို သူမ ယုံကြည်တယ်။ မိန်းကလေး တစ်ယောက်ကို ကြုံရာ ကျပန်း ရွေးချယ်မှာ မဟုတ်ဘူး။
လင်းယွမ်လည်း သူ့ကိုယ်သူ ကာကွယ်တဲ့ စကားများ ပြောချင်သော်လည်း ထိုမိန်းမရဲ့ အကြည့်စူးစူးများကြောင့် စကားတစ်ခွန်းမျှ မပြောရဲပါ။
"ရှောင်အာကို ပိုင်ဆိုင်ရဖို့ ငါ့ချွေးမကို အကောက်ကြံရဲတယ်ပေါ့...ဟုတ်လား"
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးလည်း လင်းယွမ်အနား ဖြည်းဖြည်းချင်း ချဉ်းကပ်လာတယ်။ သူမရဲ့ မျက်ဝန်းများက အေးစက်သထက် အေးစက်လာခဲ့တယ်။
"ရှင် ကောင်းစားဖို့အတွက် ရှောင်အာနဲ့ လော့ဖုန်းကို သွေးခွဲချင်တာမလား.... ရှင်က ဘာအဆင့် ရှိလဲ...ကိုယ့်ဘာသာကိုယ် ဟုတ်လှပြီ ထင်နေလား"
သူမလည်း ခြေလှမ်းများကို ရပ်တန့်လိုက်တယ်။ မည်းနက်သော သူမရဲ့ ဆံနွယ်များက လေမှာ တလွင့်လွင့်ဖြစ်ကာ ကျက်သရေ တင့်တယ် လွန်းပါတယ်။
မီးခိုးရောင် ဝတ်စုံနဲ့လူရဲ့ တိုက်ခိုက်မှုကြောင့် သေကံမရောက် သက်မပျောက်ကျန်ရစ်သူထဲမှ လူတစ်ယောက်က တုန်လှုပ်စွာ စကားပြောလာခဲ့တယ်။
"ထွက်သွားတဲ့လူ ဘယ်သူလဲ သိပြီ... အဲ့လူက ရဲ့မိသားစုက..."
"ရဲ့မိသားစုလား။ ထန်ယွင်တိုင်းပြည်ထောင်စုမှာ ပထမအဆင့် ရှိတဲ့ ရဲ့မိသားစုလား။ ဒီတစ်ခေါက်တော့ လင်းယွမ်ရဲ့ဘဝ အဆုံးသတ်ရပြီ...ရဲ့မိသားစုကို ပြဿနာ ရှာမိပါပြီ။ ရဲ့မိသားစုရဲ့ ဘိုးဘေးတွေက နတ်ဘုရားအဆင့်ထက် မြင့်တဲ့ အဆင့်ကို ရောက်ခဲ့တယ်လို့ ပြောကြတယ်"
သူတို့က နတ်ဘုရားအဆင့် အထက်ကို ရောက်တယ်ဆိုတော့ တန်ခိုးရှင်အဆင့် ကျင့်ကြံသူ ဖြစ်ရမယ်... ဒီကုန်းမြေစုမှာ တန်ခိုးရှင်အဆင့်ကို ရောက်တဲ့လူ နည်းပါးလှပါတယ်။
သူတို့ ဆွေးနွေးပြောဆိုနေတဲ့ စကားများကို ကြားရပြီးနောက် လင်းယွမ်မှာ ဖြူဖပ်ဖြူရော် မျက်နှာနှင့် အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးကို တွေတွေကြီး ငေးကြည့်နေတော့တယ်။
"ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်တို့က ခင်ဗျားနဲ့ ဘယ်လို ပတ်သက် ဆက်နွှယ်မှု ရှိလဲ"
Chapter-763
End
အပိုင်း(၇၆၄)
လက်တုံ့ပြန်ခွင့်ပေး (၁)
"ငါနဲ့ ဘယ်လို ပတ်သက်လဲ ဟုတ်လား။ ယွမ်ရှောင်က ငါ့ရဲ့သား ၊ ယွမ်လော့ဖုန်းက ငါ့ချွေးမ..။ အခု ဘယ်လို ပတ်သက် ဆက်နွှယ်လဲ သိပြီလား"
သူမက လှပကြော့ရှင်းသော မျက်ခုံးတစ်ဖက်ကို ပင့်ကာ ရယ်ကာ မောကာ ပြောလိုက်တယ်။
လင်းယွမ်မှာ မိုးကြိုးပစ်ချ ခံလိုက်ရသလိုပါပဲ... ကြောင်တောင်တောင် ဖြစ်သွားရတယ်။
သူမ ဘာပြောလိုက်တယ်။
ရက်စက် သွေးအေးတဲ့ လူက သူ့သားလား။
တခြားစကားအရတော့ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်က ရဲ့မိသားစုဝင်လား။
မဖြစ်နိုင်ပါဘူး။
သူက သူမရဲ့သားဆိုရင် မျိုးရိုးနာမည်က ရဲ့ မဟုတ်ဘဲ ယွမ် ဖြစ်နေရလဲ။
လုံဖေးလည်း မှင်တက် မိပါရဲ့။
ယွမ်ရှောင်က မိဘမဲ့ မဟုတ်ဘူးလား။ ဘယ်အချိန်က မိခင် ရှိသွားလဲ။ သူမက ယွမ်ရှောင်ရဲ့ မိခင် ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ သူ့အရှင်သခင်နဲ့ ယွမ်ရှောင်ကို အမှန်တကယ် အလေးအနက် ထားတယ်။
ဒါက လုံလောက်နေပါပြီ။
ကြောင်အမ်းအမ်း ဖြစ်နေတဲ့ လင်းယွမ်ကို သူမလည်း ကြည့်ကာ အေးတိအေးစက် ပြောလိုက်တယ်။
"ရှင့်ကို ဘာကြောင့် အပြစ်ပေးရလဲ သိပြီလား ရှင့်က ကျွန်မရဲ့ သားနဲ့ ချွေးမကို ဒီလို ပြုမူတော့လည်း ကျွန်မဘက်က အားမနာနိုင်ဘူး"
ဒီစကားကို ပြောပြီးနောက် သူမလည်း လင်းယွမ်အနားရောက်အောင် ခြေလှမ်းပေါင်းများစွာ လှမ်းလိုက်တယ်။ထို့နောက် လူသတ်ငွေ့များ ထုတ်လိုက်လေရဲ့။
ကြောက်လန့် တုန်လှုပ်လွန်းလို့ လင်းယွမ်လည်း တံထွေးမျိုချကာ နောက်သို့ ခြေလှမ်း နှစ်လှမ်း ဆုတ်လိုက်တယ်။
"သူတို့ကို ရဲ့မိသားစုဝင်မှန်း မသိလို့ပါ... မသိနားမလည်လို့ ဖြစ်တဲ့ ကိစ္စဆိုတော့ ခွင့်လွှတ်ဖို့ ထိုက်တန်ပါတယ်..."
ဝုန်း...
အနီရောင် ဝတ်စုံနဲ့အမျိုးသမီးက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ အားကုန် သုံးပြီး လင်းယွမ်ရဲ့အစာအိမ်ကို ခပ်ပြင်းပြင်း ဆောင့်ကန်လိုက်တယ်။
လင်းယွမ်မှာ ချက်ချင်း လွှင့်ထွက်သွားပြီး ခံတွင်းမှ သွေးများ အန်ထွက်လာတော့တယ်။ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လို့နေပါရဲ့။
"ကျွန်မ... ရှင့်ကို အခွင့်အရေး တစ်ခု ပေးမယ်... ကျွန်မနဲ့အတူတူ တွင်းတူးရမယ်"
အနီရောင် ဝတ်စုံနဲ့အမျိုးသမီးက မေးဖျားကို အနည်းငယ် မော့လိုက်တယ်။
"ဒါဆိုရင်တော့ ရှင့်ကို ကိုယ်လက်အင်္ဂါ အစုံအလင်နဲ့ သေခွင့်ပေးမယ်"
လင်းယွမ်ရဲ့မျက်နှာက ပိုပြီး သွေးရောင်မဲ့လာရတယ်။ သူမပြောတာကို ငြင်းပယ်ချင်သော်လည်း သူ့ ပြောချင်သော စကားများကို ပြန်လည် မျိူသိမ်လိုက်တယ်။
"ရှင်တို့မှာ ငြင်းပိုင်ခွင့် မရှိဘူး... ဒါပေမဲ့ ရှင်တို့အားလုံးကို ဟိုလူထက် အသေဆိုးနဲ့ သေအောင် ဖန်တီးပေးမယ်ဆိုတာ ယုံကြည်ထားလိုက်စမ်းပါ"
ရှင်တို့အားလုံးလို့ သူမ ပြောလိုက်တော့ တခြားသူတွေ အကုန်လုံးပါတာပေါ့။
လူတိုင်းရဲ့မျက်နှာမှာ ကြောက်စိတ် မွှန်ထူနေလေရဲ့။ လင်းယွမ်ကို ဒေါသ ၊ အမုန်း အာဃာတများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့်မကျေမနပ် ကြည့်နေခဲ့တယ်။ သူ့ကြောင့် သူတို့တွေ ဘေးဒုက္ခ ရောက်ရတာ။
"အခု လုပ်ငန်း စနိုင်ပြီ"
အနီရောင် ဝတ်စုံနဲ့အမျိုးသမီးက အင်္ကျီလက်ကို ခါကာ သစ်ငုတ်တိုကို ရှာပြီး ထိုင်နေလိုက်တယ်။
"မိန်းကလေး"
လူစုလူဝေးထဲမှ တစ်စုံတစ်ယောက်က တိုးလျသော အသံနဲ့ ပြောလာခဲ့တယ်။
"ငါတို့မှာဂေါ်ပြား တစ်လက်မှ မရှိဘူး...ဘယ်လို မြေတူးရမလဲ"
"ဂေါ်ပြား မရှိဘူး ဟုတ်လား။ ဒါဆို လက်ကို သုံးလိုက်ပေါ့...အခု တူးတော့... နင်တို့အတွက် ငါကိုယ်တိုင် မြေတူးပေးစေချင်လို့လား"
သူမလည်း ခက်ထန်ကြမ်းကြုတ်သော မျက်နှာနဲ့ သူမရဲ့ခါးမှာ ချိတ်ထားသည့် ကျာပွတ်ကို ဆွဲထုတ်ကာ မြေကြီးကို ရိုက်ချလိုက်တယ်။
"မြန်မြန် လုပ်စမ်း"
သူမရဲ့စကားကို ကြားတော့ မလှုပ်မယှက် ရှိနေတဲ့ ဒီလူတွေဟာ သေမတတ် ထိတ်လန့်နေပါတယ်။ ယွမ်လော့ဖုန်းတို့ ကျသွားတဲ့ မြေကြီးအနားကို သွားကာ သူတို့ရဲ့လက်နဲ့ မြေကြီးကို ကုတ်ခြစ်တော့တယ်။
...
မြေပြင်နဲ့ ဝေးကွာတဲ့ ဥမင်လိုဏ်းခေါင်းတစ်ခုမှာ ယွမ်လော့ဖုန်းက ထိုင်နေပြီး အံ့ဩမှင်တက်ကာ ပြောစရာ စကားမဲ့နေခဲ့တယ်။
ဖူးရှန်းလည်း အံ့ဩမိပါရဲ့။
"ဒီနေရာမှာ ဘယ်လိုဖြစ်ပြီး ဥမင်လိုဏ်းခေါင်း ရှိနေလဲ အရမ်းကို ရှည်လျားလွန်းတယ်... ရှည်လျားလွန်းတဲ့ ဥမင်ကို ဘယ်သူများ တူးခဲ့တာလဲ။ မယုံကြည်နိုင်စရာပဲ"
ယွမ်လော့ဖုန်းလည်း မျက်ခုံးကို တွန့်ချိုးလိုက်တယ်။
"ဒီဥမင်ကို ပြန်လမ်းမဲ့ သစ်တော အပြင်ဘက်ကနေ ရွှေရှာကြွက်လေးတွေ တူးခဲ့တာ...ဒီဥမင်ကို နောက်တစ်ခေါက်ကျလာမယ်လို့ မထင်ခဲ့မိဘူး"
ဒီဥမင်ကို ယွမ်လော့ဖုန်းရဲ့ အိမ်မွေး တိရိစ္ဆာန်လေးတွေ တူးထားမယ်လို့ မထင်ခဲ့မိလို့ ဖူရှန်း အံ့ဩရပါတယ်။သူမတို့တွေ ဒီဥမင် လိုဏ်ခေါင်းထဲ ကျသွားရတဲ့အထိ ကံကောင်း နေခဲ့တယ်။
Chapter-764
End
အပိုင်း(၇၆၅)
လက်တုံ့ပြန်ခွင့်ပေး (၂)
ယွမ်လော့ဖုန်းလည်း ပြုံးကာ ယွမ်ရှောင်ကို ကြည့်လိုက်တယ်။
"ယွမ်ရှောင်... ကျွန်မ... ရှင့်ကို မေးစရာ ရှိတယ်။ ကျွန်မ မဟုတ်မှန်း ရှင် ဘယ်လို သိနေလဲ"
"ကိုယ် ခံစားလို့ ရတယ်"
ယွမ်ရှောင်ရဲ့အသံက တိုးလျပြီး ဩရှရှ အသံပါ။
"သူက ကိုယ့်ကို ခြားနားတဲ့ ခံစားချက်ပေးတယ်"
"ဒါဆို လင်းလောရှင်း... ကျွန်မကို မကောင်းကြံစည်ပြီး တခြားယောကျ်ားပျိုကို အဓမ္မကျင့်တယ်လို့ ပြောတော့ ရှင်က ကျွန်မကို ယုံကြည်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ"
"အကြောင်းအရင်းက..."
ယွမ်ရှောင်လည်း ခေါင်းမော့ကာ ယွမ်လော့ဖုန်းရဲ့မျက်ဝန်းကို ကြည့်လိုက်တယ်။
"ဒီလို အပြုမူမျိုး မင်း မလုပ်ဘူးဆိုတာ ကိုယ် ယုံကြည်ထားလို့"
သူ...ကျွန်မကို ယုံကြည်နေသ၍ တခြားသူတွေ သူမကို နားလည်မှုလွဲလည်း သူမ ဂရုမစိုက်ဘူး...။
ဖူရှန်းရဲ့ခန္ဓာကိုယ်က တုန်ရီသွားကာ အတွေးထဲ နစ်မျောသွားတော့တယ်။
ယုံကြည်မှု...
လူတစ်ယောက်ကို ချစ်မိရင် သူ့ကို ယုံကြည်ပေးရမယ်။
သူမရဲ့ အမြင်အာရုံကို လှည့်ဖျားခံခဲ့ ရလို့ ထျန်းရာကို ယုံကြည်မှု မရှိခဲ့လို့ သူမ ထျန်းရာကို ထားရစ်ခဲ့မိတယ်။ အခုမှ တွေးမိတော့လည်း အတိတ်အချိန်ကို ပြန်သွားလို့ မရတော့ဘူး။
"ကျေးဇူးပါ"
ကျေးဇူးတင်သော အကြည့်များဖြင့် ဖူရှန်းလည်း ပြောလိုက်တယ်။ သူမအတွက် ယွမ်လော့ဖုန်းက ရည်ရွယ်ပြီး ဒီစကားကို ပြောမှန်း သူမ သိပါတယ်။
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။ ဟုတ်ပါတယ်... သူမက ရည်ရွယ်ချက် ရှိရှိ ပြောခဲ့တာပါ။
ချစ်တဲ့သူကို ယုံကြည်ပေးရမယ်ဆိုတဲ့ အကြောင်းကို ဖူရှန်း သိစေချင်လို့ပါ။
ပြီးတော့ ဒါက ထျန်းရာအတွက် သူမ ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ။
"သွားမယ်"
ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်တယ်။
"မီးခိုးရောင် ဝတ်စုံနဲ့လူ သေသွားရင် တခြားသားရဲ ဘုရင်တွေရဲ့ အစီအရင်တွေ ပျက်ကုန်ပြီ။ ကျွန်မကို ဒီနေရာက လိုအပ်တော့မှာ မဟုတ်ဘူး"
ဖူရှန်းလည်း တခစ်ခစ် ရယ်မောလိုက်တယ်။
"မင်း အန္တရာယ်နဲ့ ရင်ဆိုင်ရရင် ပြန်လမ်းမဲ့ သစ်တောထဲကို လာခဲ့ပါ... ငါတို့အားလုံးက မင်းကို အသက်စွန့်ပြီး ကယ်တင်ပေးမယ်"
ဘာစကားမှ မပြောဘဲ ယွမ်လော့ဖုန်းလည်း ဥမင် အတိုင်း လမ်းလျှောက်သွားလိုက်တယ်။
ယွမ်ရှောင်က သူမနဲ့ နီးကပ်စွာ လိုက်ပါလာတယ်။ လမ်းလျှောက်တိုင်း သူ့ဝတ်စုံက တလွင့်လွင့် ဖြစ်နေတယ်။
ဝေးကွာသွားတဲ့ သူတို့ရဲ့ ပုံရိပ်လေးကို ကြည့်ကာ ဖူရှန်းလည်း တိတ်တဆိတ်လေး ပြုံးမိပါရဲ့။ သိပ်မကြာခင်မှာဘဲ သူတို့နောက်ကို အပြေးအလွှားလိုက်ခဲ့တယ်။
ဥမင်က ရှည်လျားပြီး အထက်သို့ တက်သွားတဲ့ ပုံစံမျိုးပါ။ ကံကောင်းချင်တော့ သူတို့ သုံးဦးလုံးက အလွန်သန်မာပြီး အလွယ်တကူလေး ဖြတ်ကျော်နိုင်တယ်။
ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့လည်းတော့ မသိတော့ဘူး...နောက်ဆုံးတော့ သူတို့တွေ အလင်းရောင်ကို မြင်ရပါပြီ။ဒါကြောင့် သူတို့လည်း ခြေလှမ်းများကို မြန်ဆန်လိုက်တယ်။ ဥမင်ဝင်ပေါက်မှာ နေအလင်းရောင်ကို မြင်နိုင်ပါရဲ့။ယွမ်လော့ဖုန်းလည်း ဥမင်အပြင်ဘက် ထွက်လာချိန် သူမလည်း နွေးထွေးတဲ့ အလင်းရောင်ကို ခံစားရတော့ သူမရဲ့ ချောမောလှပတဲ့ မျက်နှာလေးမှာ စိတ်ကျေနပ်တဲ့ အပြုံးလေး ဖြစ်တည်နေခဲ့တယ်။
"နောက်ဆုံးတော့ ငါတို့တွေ ထွက်လို့ရပြီ"
သူမလည်း ဖူရှန်းကို လှည့်ကြည့်ကာ ပြောလိုက်တယ်။
"ယွမ်ရှောင်နဲ့ ကျွန်မက ပြန်လမ်းမဲ့ သစ်တောထဲက ထွက်သွားတော့မယ်... ပြန်သွားရင် လုံဖေးကို နှုတ်ဆက်တယ်လို့ ပြောပေးပါ"
"ကောင်းပါပြီ"
ဖူရှန်းလည်း ပြုံးလိုက်တယ်။
"ကျွန်မရဲ့ တပည့်က မင်းနဲ့ တွေ့ဆုံခွင့်ရတာ ကံကောင်းခြင်းပါ"
ယွမ်လော့ဖုန်းလည်း ဖူရှန်းကို နောက်တစ်ခေါက်ကြည့်လိုက်တယ်။ ဒီတစ်ခေါက်တော့ သူမရဲ့အပြုံးက ချစ်ဖို့ အလွန်ကောင်းပါရဲ့။
"ယွမ်ရှောင်... သွားမယ်"
ဖူရှန်းလည်း ထွက်ခွာသွားတဲ့ သူတို့နှစ်ဦးကို လက်ပြ နှုတ်ဆက်ကာ ငေးမော ကြည့်နေမိတယ်။ ထို့နောက် သူမလည်း ပြန်လမ်းမဲ့ သစ်တောထဲ အလျင်စလို ပြန်သွားလိုက်တယ်။
ပြန်လမ်းမဲ့ သစ်တောနက်ထဲမှာ မြေပြင်သာ ကျန်တော့တယ်။ သစ်ပင်အားလုံးမှာ မီးရှို့ခံရပြီး သစ်ငုတ်တိုသာ ကျန်တော့တယ်။
ထိုစဉ် ခဏ လူတစ်စုက အားကြိုးမာန်တက် မြေတွင်းတူးနေလေရဲ့။ ဘယ်သူမှ အနားမယူရဲပါဘူး။
ရဲ့ကျင်းချန်းလည်း သူ့မိန်းကလေး ဘေးမှာ ရပ်ကာ သူမကို တင်းကျပ်အောင် ဖက်ထားရင်း ချော့မြူနေတယ်။
"ကျွင်းအာ... စိတ်မပူပါနဲ့... သူတို့တွေ အားလုံး အဆင်ပြေမှာပါ"
ထိုအမျိုးသမီးက လက်သီးကို ကျစ်နေအောင် ဆုပ်ထားပြီး စိုးရိမ်နေပုံပါပဲ။နောက်ဆုံးတော့ အသက်ခပ်ပြင်းပြင်းရှူကာ ပြောလိုက်တယ်။
"ရဲ့ကိုကို... ကျွန်မကို ဂေါ်ပြားပေး... ကူညီပေးမယ်"
Chapter-765
End
အပိုင်း(၇၆၆)
လက်တုံ့ပြန်ခွင့်ပေး (၃)
ရဲ့ကျင်းချန်းလည်း ဘာစကားတစ်ခွန်းမှ ဆက်မပြောဘဲ အစောင့်ကို ဂေါ်ပြား နှစ်လက် ယူလာဖို့ အမိန့်ပေးလိုက်တယ်။
စူးကျန်းလည်း ထိုအဖွဲ့မှာ ပါဝင်နေပါပြီ။ သူ့လက်သည်းများက ဂေါ်ပြားထက် ပိုပြီး ချွန်ထက်ပါတယ်။ မြေတူးဖို့ အားစိုက်ဖို့သာ လိုအပ်တယ်။
"ဟား..."
တီတိုးပြောသံထက် ပိုတိုးလျတဲ့ အသံကို တောင်ပတ်လမ်း တစ်လျှောက် ကြားလိုက်ရတယ်။
"ဒါက အသုံးမဝင်ဘူး...သူတို့ကို ကယ်တင်လို့ မရတော့ဘူး။ မင်းတို့တွေ ပေ၁၀၀ကျော်ကို တူးနိုင်တဲ့ အချိန် သူတို့တွေက မြေကြီးနဲ့ တစ်သားတည်း ဖြစ်နေလောက်ပြီး ဆုံးပါး လောက်ပြီ"
သူမလည်း ထိုလူကို သွေးအေး ရက်စက်သော မျက်ဝန်းများဖြင့် သတိပေးဟန် ကြည့်လိုက်တယ်။
"အခုအထိ အသက်ရှင်နေတုန်းလား... မီးရှို့ ရိုက်နှက်လဲ မသေတော့ ရှင့်ကို လေးစားမိပါတယ်"
တောင်ပတ်လမ်းမှာ ရှိနေတဲ့ မီးခိုးရောင် ဝတ်စုံနဲ့လူရဲ့ ခန္ဓာကိုယ်က မီးလောင် ကျွမ်းနေပြီးသားပါ။ ထိုခန္ဓာကိုယ်ကို ကျွင်းဖန်လျန်က ဓားနဲ့ လှီးထားလို့ အဖြူရောင် အရိုးများ မြင်နေရပါပြီ။ ညှဉ်းပန်း နှိပ်စက်မှုကို ခံထား ရသော်လည်း ထိုလူက ပင့်သက်ရှိုက်ကာ ကျွင်းဖန်လျန်ကို အားအင်ချည့်နဲ့စွာ ကြည့်နေတုန်းပါ။
"ရှင်တို့တွေ ဘာလုပ်နေတာလဲ"
ထိုစဉ် လူစုလူဝေးရဲ့ နောက်ဘက်မှာ ပေါ့ပေါ့ပါးပါး အသံကို ကြားလိုက်ရပါတယ်။ သူမက နားမလည်နိုင်သော အကြည့်များဖြင့် တွေတွေကြီး ကြည့်နေခဲ့တယ်။
ရင်းနှီးတဲ့ အသံကို ကြားလိုက်ရတော့ လုံဖေးလည်း အသိစိတ် ကင်းမဲ့စွာ သူ့လက်ထဲက ဂေါ်ပြားကို လွှတ်ချလိုက်တယ်။ သူတို့အနား လျှောက်လှမ်းလာတဲ့ အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးကို ကြည့်ရန် ခေါင်းလှည့်လိုက်တယ်။ သူ ရင်နင့် ရပါတယ်။
"ဆ... ဆရာ..."
"လုံဖေး...နင်...ဒီနေရာမှာ ဘာလုပ်နေတာလဲ"
ဖူရှန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။
လုံဖေးမှာ စိတ်လှုပ်ရှားလွန်းလို့ အသားတဆတ်ဆတ် တုန်နေရပါတယ်။ထို့နောက် သူလည်း ဖူရှန်းအနား အလျင်စလို ပြေးသွားလိုက်တယ်။ သူ့စိတ်လှုပ်ရှားမှုကို မျက်နှာ ကြည့်လိုက်ရုံနဲ့ ခံစားမိနိုင်ပါတယ်။
"သခင်"
ဖူရှန်းရဲ့ အရှေ့ကို ပြေးအလွှား သွားရင်း လုံဖေးလည်း ခြေလှမ်းများကို ရပ်တန့်လိုက်တယ်။ သူ့အသံက တုန်နေပါရဲ့။
" ဆရာ... နေကောင်းရဲ့လား... အဆင်ပြေရဲ့လား"
ဖူရှန်းလည်း ခေါင်းအသာ အယာညိတ်လိုက်တယ်။
"စိတ်မပူပါနဲ့ အဆင်ပြေပါတယ်"
"ဒါနဲ့ ကျွန်တော့်ရဲ့ အရှင်သခင်တို့ ဘယ်ရောက်နေလဲ... ဆရာနဲ့အတူတူ ထွက်မလာဘူးလား...ဘာကြောင့် တစ်ယောက်တည်း ပြန်လာလဲ"
ကျွင်းဖန်လျန်လည်း ချက်ချင်း ဂေါ်ပြားကို အောက်ပစ်ချလိုက်ပြီး ဖူရှန်းကို ကြည့်လိုက်တယ်။
ဖူရှန်းလည်း နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်တယ်။
"ဒီနေရာရဲ့ အောက်ဘက်မှာ ဥမင်လိုဏ်ခေါင်း ရှိတယ်... မင်းရဲ့သခင်က ထွက်သွားပြီ"
ထွက်သွားပြီ...
ကျွင်းဖန်လျန်လည်း ခဏတော့ တွေဝေသွားပြီး ဆုံးဖြတ်ချက် ခိုင်မာသော အသံနဲ့ ပြောလိုက်တယ်။
"အစ်ကိုရဲ့ ပြန်မယ်... ဒီနေရာတစ်ဝိုက်မှာ ရှိနိုင်တယ်"
"ခဏနေဦး"
တစ်စုံတစ်ရာကိုတွေးမိတော့ ရဲ့ကျင်းချန်းလည်း လူစုလူဝေးထဲမှ လူလတ်ပိုင်း အမျိုးသားကို ကြည့်လိုက်တယ်။
"ငါတို့အတွက် သူတို့ရဲ့ ပုံတူ ပန်းချီကို ဆွဲပေးနိုင်မလား"
ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ကို သူမတို့ မမြင်ဖူးမှန်း သတိရသွားတယ်။ ပုံတူ ပန်းချီ မရှိရင် သူတို့ကို ဘယ်လို ရှာရမလဲ။
လူလတ်ပိုင်း အမျိုးသားက တုန်တုန်ယင်ယင်နဲ့...
"ငါ... ငါ မဆွဲနိုင်ဘူး"
"တကယ်လား...မင်းက ကျာမိသားစုက ဟုတ်တယ်မလား... ပန်းချီ စွမ်းရည်မှာ ကျော်ကြားတဲ့ မိသားစုပါ"
ရဲ့ကျင်းချန်းလည်း ကျောချမ်းဖွယ်ကောင်းအောင် ပြုံးလိုက်တယ်။
"ခင်ဗျား ပြောတာကို ယုံကြည်မယ်များ ထင်နေလား။ အချိန်ကုန် သက်သာဖို့ ခင်ဗျား ကျုပ်တို့နဲ့ အတူတူ လိုက်ခဲ့... ပန်းချီ ဆွဲလို့ ပြီးသွားရင် ရှင့်ကို ထွက်သွားခွင့် ပေးမယ်။ ဒါပေမဲ့ သူတို့နဲ့ တကယ်တူညီတဲ့ ပန်းချီကားကို မဆွဲပေးနိုင်ရင် ငါတို့ ရဲ့မိသားစု အရည်အချင်း ဘာမှန်း သိသွား စေရမယ်"
လူလတ်ပိုင်း အမျိုးသားမှာ ထိတ်လန့် သွားရတယ်။ ဒါပေမဲ့လည်း သူ့မှာ မငြင်းဆန်ရဲဘူး။ သူလည်း ထိတ်ထိတ်ပျာ မဝံ့မရဲ မေးလိုက်တယ်။
"သူတို့ရဲ့ ပုံတူ ပန်းချီ ဆွဲ ပြီးပြီရင် ငါ့ကို တကယ် လွတ်ပေးမှာလား"
ရဲ့ကျင်းချန်းလည်း ခေါင်းညိတ်လိုက်တယ်။
"အမှန်ပဲ"
"ကောင်းပြီလေ...ကျုပ် ခင်ဗျားတို့နဲ့ အတူတူ လိုက်ခဲ့မယ်"
Chapter-766
End
767-772
အပိုင်း(၇၆၇)
လက်တုံ့ပြန်ခွင့်ပေး (၄)
ပြန်လမ်းမဲ့ သစ်တောထဲ နေခဲ့ရမှာထက် သူတို့နဲ့အတူတူ ထွက်သွားရခြင်းက ပိုကောင်းမွန်ပါတယ်။
"အစ်ကိုရဲ့ ... ကျွန်မတို့ မေ့တော့မလို့"
ကျွင်းဖန်လျန်လည်း ကြောက်ရွံထိတ်လန့်နေတဲ့ လင်းယွမ်ကို ပြုံးကာ စွေးခနဲ ကြည့်လိုက်တယ်။
သူမလည်း စူးကျန်းဘက် လှည့်ကာ
"ဝိညာဉ်သားရဲတွေက သူတို့ရဲ့အစာကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲ ပြီး စားတတ်တယ်တဲ့.... ဒီလူက ရှင့်အတွက်ပဲ... သူ့ကို အရက်စက်ဆုံး နည်းလမ်းနဲ့ သတ်ပြီး မချိမဆံ့ ဝေဒနာကို ခံစားရအောင် ညှဉ်းပန်း နှိပ်စက်ရမယ်"
"လက်မခံနိုင်ဘူး"
လင်းယွမ်လည်း ရုတ်တရက် ကျယ်လောင်စွာ အော်တော့တယ်။
"ကိုယ်လက် အင်္ဂါ အပြည့်အစုံနဲ့ သေဆုံးရမယ်လို့ မင်း ပြောခဲ့တယ်လေ... ဘာကြောင့် ကတိ မတည်ရလဲ"
အခုအချိန်မှာ ကိုယ်လက် အင်္ဂါ အပြည့်အစုံနဲ့ သေဆုံးရခြင်းက သူ့အတွက်တော့ ဂုဏ်ယူစရာပါ။
ကျွင်းဖန်လျန်လည်း မေးဖျားလေးကို အသာအယာ ပုတ်ကာ မာနကြီးသော ဟန်ပန်ကို သရုပ်ဖော်နေတယ်။
"ငါ့ကတိကို မတည်တော့ ဘာဖြစ်ချင်လဲ ရှင်လို လူမျိုးအတွက်ဆို ကတိ မတည်ချင်ဘူး"
ထို့နောက် သူမလည်း မြင်းပေါ် တက်ကာ စကားပြောလိုက်တယ်။
"အစ်ကိုရဲ့ သွားမယ်"
လင်းယွမ်လည်း မြေကြီးပေါ် လဲကျသွားရပြီ။ ဒီလိုမှန်းသိရင် မျက်ကန်းတစ်ယောက်လို လောဘမကြီး ခဲ့ပါဘူး အခုများတော့...
"အစ်ကိုရဲ့... ပြန်လမ်းမဲ့ သစ်တောထဲ ထူးဆန်းနေတယ်လို့ မထင်ဘူးလား"
မြင်းနောက်ဘက်မှာ ကျွင်းဖန်လျန်က သူ့ရှေ့က အမျိူးသားရဲ့ ခါးကို တင်းကျပ်စွာ ဖက်ထားတယ်။ သူမရဲ့အကြည့်များက ရှုပ်ထွေးနေခဲ့တယ်။
"ပြန်လမ်းမဲ့ သစ်တော တိုက်ခိုက်ခံရတော့ ဘယ် တန်ခိုးရှင် ဝိညာဉ် သားရဲမှ ပေါ် မလာဘူး။ သူတို့တွေ မတော်တဆမှုများ ဖြစ်နေလို့လား"
ပြန်လမ်းမဲ့ သစ်တောထဲမှာ တန်ခိုးရဲ သားရဲ အနည်းငယ် ရှိလို့ လူတွေက ကြောက်လန့်ရတယ်။ လူသား ကမ္ဘာမှာလည်း တန်ခိုးရှင့်အဆင့် ကျင့်ကြံသူ ရှိတဲ့ မိသားစုကို ထိပ်တန်းအဆင့် မိသားစုလို့ အဆင့်သတ်မှတ်တယ်။
ပြီးတော့ ပြန်လမ်းမဲ့ သစ်တောထဲမှာ တန်ခိုးရှင်အဆင့် သားရဲ တစ်ကောင်ထက် ပိုရှိပါတယ်။
ပြန်လမ်းမဲ့ သစ်တောထဲမှာ တန်ခိုးရှင်အဆင့် သားရဲ မရှိရင်တော့ စဉ့်နီတုံးပေါ်က ငါးလေးနဲ့ ဘာများ ခြားနားဦးမလဲ။
"ပြန်လမ်းမဲ့ သစ်တောနဲ့ ရှောင်အာတို့က ရင်းနှီးပုံ ရတယ် ဒါကို လျှို့ဝှက်ထားမယ်"
ခဏအကြာ တိတ်ဆိတ်နေပြီးနောက် ရဲ့ကျင်းချန်းလည်း သူတို့နှစ်ဦးပဲ ကြားနိုင်တဲ့ အသံ ခပ်တိုးတိုးနဲ့ ပြောလိုက်တယ်။
"ကိုယ့် အထင်တော့ ဒီသားရဲတွေနဲ့ ရှောင်အာတို့က ရင်းနှီးလို့ ဖြစ်မယ်။ သူတို့က မိတ်ဆွေတွေ ဆိုတော့ ပြန်လမ်းမဲ့ သစ်တောကို ဘယ်သူမှ မတိုက်ခိုက်စေရဘူး"
လေးနက်သော အကြည့်များဖြင့် ကျွင်းဖန်လျန်လည်း ကျန်ခဲ့တဲ့ လူတစ်စုကို ကြည့်လိုက်တယ်။
"ဒီလူတွေ သတိထားမိလားတော့ မသိဘူး။ ပြန်လမ်းမဲ့ သစ်တောရဲ့ အပြောင်းအလဲကို ရိပ်စားမိတဲ့ လူတိုင်းကို လှည့်ဖျားပြီး သတ်ပစ်မယ်"
ပြန်လမ်းမဲ့ သစ်တောက သူ့သားနဲ့ ချွေးမရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတော့ ကာကွယ်ပေးနိုင်ဖို့ လူဆိုးတွေကို နှိပ်စက် ရလဲ ကိစ္စ မရှိပါဘူး။ ပြန်လမ်းမဲ့ သစ်တောထဲမှာ တန်ခိုးရှင်အဆင့် သားရဲတွေ ဒဏ်ရာ ရနေမှန်း ဘယ်သူမှ မသိသင့်ဘူး။
"အရင်ဆုံး ရှောင်အာနဲ့ လော့ဖုန်းကို ရှာမယ်။ ဒီလူတွေကို စာရင်းရှင်းဖို့ တစ်ယောက် ယောက်ကို လွှတ်လိုက်မယ်...စိတ်မပူပါနဲ့"
ရဲ့ကျင်းချန်းလည်း ပြုံးလိုက်တယ်။ကျွင်းဖန်လျန် ဖြစ်ချင်တဲ့ ကိစ္စမှန် သမျှကို သူ့ဘက်က ပေးမယ်... သူ့ဘက်က အကောင်းဆုံး ထောက်ပံ့ပေးမယ်"
ရဲ့မြို့တော်
ဒီနေရာက ပြန်လမ်းမဲ့ သစ်တောနဲ့ သိပ်မဝေးကွာပါဘူး။ ရက်အနည်းငယ်အတွင်း ဒီနေရာကို ရောက်ခဲ့ပါတယ်။
ရဲ့မြို့တော်က ဆင်းရဲချို့တဲ့ ခဲ့သော်လည်း ရဲ့မိသားစုမှ နှင်ထုတ်ခံခဲ့ရတဲ့ ရဲ့ကျင်းချန်း ပြန်ရောက်လာတည်းက ချမ်းသာ ကြွယ်ဝလာခဲ့တယ်။
ထိုချိန် ရဲ့မိသားစု အိမ်တော်မှာ....ရဲ့ရှီမို့ အပြင်ထွက်ခါနီးမှာ တေးသီငှက်လို ချိုမြတဲ့ အသံကို သူ့နောက်ကျောဘက်မှ ကြားလိုက်ရတယ်။
"ကိုကို... ရက်ပေါင်းများစွာ ကြာနေပြီ အခုအထိ ရှာမတွေ့သေးဘူးလား... ကိုကိုနဲ့ အတူတူ လိုက်ခဲ့မယ်.. ရတယ်မလား"
ရဲ့ချီလည်း မျှော်လင့်ချက် အပြည့်နဲ့ ရဲ့ရှီမို့ကို ကြည့်လိုက်တယ်။
"နင် စိတ်ချထားစမ်းပါ... ငါ့ဘာသာ ရှာနိုင်တယ်... နင့်ကို ဒုက္ခပေးစရာ မလိုအပ်ဘူး"
Chapter-767
End
အပိုင်း(၇၆၈)
လျှို့ဝှက် ဆန်းကြယ်သော မိန်းကလေး (၁)
ရဲ့ရှီမို့လည်း မျက်မှောင်ကြုတ်ကာ ခြေလှမ်းများကို ရပ်တန့်လိုက်တယ်။
"အိမ်မှာနေပြီး မွေးစား အဖေနဲ့ အမေ ပြန်လာမှာကို စောင့်နေလိုက်...မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ဇယားရှုပ် မနေနဲ့"
ဒီစကားကို ပြောပြီးနောက် ရဲ့ရှီမို့လည်း နောက်ကို လှည့်မကြည့်တော့ဘဲ အိမ်တော် အပြင်ဘက်သို့ ထွက်ခွာ လာခဲ့တယ်။
ရဲ့ရှီမို့ရဲ့ ထွက်ခွာသွားတဲ့ ပုံရိပ်လေးကို ကြည့်ကာ စိတ်မကျေနပ်သော အကြည့်များဖြင့် နှုတ်ခမ်း ကိုက်ထားမိတယ်။ သူမဘက်က ဘယ်လိုပဲ ကြိုးစား ကြိုးစား အစ်ကိုက သူမကို မနှစ်သက်ရလဲ...သူမဘက်က ဘယ်လိုမျိုး နေထိုင်ပေး ရမလဲ။
သူမအပေါ်ထားတဲ့ အမြင် ပြောင်းလဲအောင် ဘာလုပ်ဆောင်သင့်လဲ။
....
ရဲ့ရှီမို့လည်း ဂိတ်တံခါး အပြင်ဘက်ကို ထွက်လာခဲ့ကာ ကျယ်ပြန့်တဲ့ ကောင်းကင်ပြာကို ငေးမော ကြည့်လိုက်တယ်။
"ရက်ပေါင်းများစွာ ကြာနေပြီ... အနီးအနားက မြို့တွေကို ရှာလဲ သူတို့ကို ရှာမတွေ့နိုင်ဘူး... အစ်ကိုနဲ့ မရီးကို ကမ္ဘာမြေပေါ်က ဘယ်နေရာမှာ ရှာရမလဲ။
"ခစ်ခစ်"
ရုတ်တရက် အနီးနား သစ်ပင်မှ တခစ်ခစ် ရယ်သံကို ကြားလိုက်ရတယ်။
အသံကို လိုက်ရှာကြည့်တော့ သစ်ပင်ပေါ် ထိုင်နေတဲ့ မိန်းကလေးကို တွေ့လိုက်ရတယ်။သူမက ချစ်ဖို့ကောင်းပြီး အသားဖြူတယ်။ သူမရဲ့ ရယ်လိုက်ချိန်မှာ မျက်လုံးများက လခြမ်းသဖွယ် ကွေးသွားတယ်။ နီမြမြ ဝတ်စုံ ချစ်ဖို့ကောင်းပြီး လှပတယ်။
"ဟောင်ဟောင် ဘာကြောင့် ဒီနေရာကို ရောက်နေလဲ"
ရဲ့ရှီမို့လည်း အံ့ဩမိပါတယ်။ ပြောရမယ်ဆိုရင် ဒီကောင်မလေး ဘယ်နေရာက လာမှန်း သူ မသိဘူး... ရဲ့မိသားစုထဲ မွေးစားအဖေက သူမကို ခေါ်လာတယ်လို့ပဲ ယူဆမိတယ်။
ဒါပေမဲ့ ရဲ့မိသားစုများက သူမကို ရှိနေမှန်းတောင် မသိရှာဘူး။
ကောင်မလေးက သစ်ပင်ပေါ်မှာ ထိုင်နေပြီး သူမရဲ့လက်များကို သစ်ပင်ကို ကိုင်ထားတယ်။ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးနဲ့ သူမက ပြောတယ်။
"နင်လည်း ညံ့လိုက်တာနော်... အဲမိန်းကလေးက သမားတော်လို့ ရဲ့ကျင်းချန်း ငါ့ကို ပြောဖူးတယ်။ သမားတော်ဆိုတော့အနီအနား မြို့က မှောင်ခိုဈေးကို စိတ်ဝင်စားမယ်"
ရဲ့မိသားစုမှာ ဒီကောင်မလေး တစ်ယောက်တည်း ရဲ့ကျင်းချန်းကို နာမည်ခေါ်ရဲတယ်။ ဒါပေမဲ့ ရဲ့ကျင်းချန်းကလည်း ဒါကို စိတ်မဆိုးဘူး ထင်ပါရဲ့။ကံကောင်းချင်တော့ ဒီကောင်မလေးက အများရှေ့ပေါ်လာတာ နည်းပါးလို့ပေါ့ မဟုတ်ရင် သူမကို သူ့သမီးလို့ မှားသွားနိုင်တယ်။
"ချင်မြို့တော်လို့ ပြောချင်တာလား"
ရဲ့ရှီမို့လည်း မျက်လုံးပြူးသွားရတယ်။
မှောင်ခိုဈေးအကြောင်း သူ မေ့နေတာပဲ။ လေလံစံအိမ်မှာ မရနိုင်တဲ့ ဆေးပင်တွေ အဲဒီဈေးမှာ ရနိုင်တယ်။ ဒါကြောင့် တန်ဖိုးရှိတဲ့ ဆေးပင်တွေ ဝယ်ချင်ရင်တော့ ထိုနေရာကို သွားမှ ရမယ်။
သမားတော် ဖြစ်နေတော့ ယွမ်လော့ဖုန်းက ချင်မြို့တော်ရဲ့ မှောင်ခိုဈေးကို စိတ်ဝင်စားမယ်... ဒီအကြောင်းကို သူ မေ့နေလိုက်တာနော်။
"ဟောင်ဟောင် ကျေးဇူးအရမ်းတင်တယ် ကွာ ။ မင်း သတိမပေးရင် ကိုယ် မှတ်မိမှာ မဟုတ်ဘူး"
ရဲ့ရှီမို့လည်း သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်တယ်။
ဟောင်ဟောင်လည်း ပြုံးနေမိပါရဲ့။
"ငါ့ကို ကျေးဇူးတင် မစောနဲ့။ နင့်ကို ကူညီပေးရင် ရဲ့ကျင်းချန်းက ငါ့ကို တစ်ခု ပြန်ကူညီပေးမယ် ပြောထားလို့"
"မင်းနဲ့ ရဲ့မိသားစုက ဘယ်လို ဆက်နွှယ်မှု ရှိလို့လဲ...မင်းက ဘယ်သူကို ရှာနေတာလဲ။ ဘာကြောင့် သူမ တစ်ယောက်တည်း သီးသန့်နေရလဲ"
ရဲ့မိသားစုအိမ်တော်မှာ ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လန် ကလွဲရင် သိတဲ့လူဆိုတလို့ ရဲ့ရှီမို့ တစ်ယောက်တည်း ရှိတယ်။
"ငါ နင့်ကို မဖြေချင်လို့ မေးခွန်းအများကြီး မမေးနဲ့"
ဟောင်ဟောင်လည်း ရဲ့ရှီမို့ရဲ့ ရှေ့ကို ခုန်ဆင်းလိုက်တယ်။
"ဒါပေမဲ့ ငါ နင့်ကို ပြောနိုင်တာဆိုလို့ နင်နဲ့အတူတူ ၃နှစ်နေဖို့ ရဲ့ကျင်းချန်းကို ကတိပေးထားတယ်"
"မင်းက ကိုယ် မေးတာကို ပြန်မဖြေချင်ဘူးလား။ ကောင်းပါပြီလေ... ဒါပေမဲ့ ကိုယ်လည်း ရဲ့မိသားစုဝင်ပဲ ဒါကြောင့် မင်းနဲ့ ရဲ့မိသားစု ဘယ်လို ဆက်နွှယ်လဲ သိထားသင့်ပါတယ်။ နှစ်ပေါင်းများစွာ ကြာသွားခဲ့လည်း ရဲ့မိသားစုက မင်းရှိနေတဲ့ အကြောင်းကို ဘာလို့များ မသိရလဲ"
ရဲ့ရှီမို့လည်း သိချင်စိတ်ဖြင့် မေးလိုက်တယ်။
Chapter-768
End
အပိုင်း(၇၆၉)
လျှို့ဝှက် ဆန်းကြယ်သော မိန်းကလေး (၂)
သူ့စကားကြောင့် ဟောင်ဟောင် နှုတ်ခမ်း စူလိုက်တယ်။
"ရဲ့မိသားစုက ငါ့အကြောင်းကို သိဖို့ မထိုက်တန်ဘူး"
ရဲ့ရှီမို့လည်း သူမကို နားမလည်နိုင်စွာ တအံ့တဩ ကြည့်လိုက်တယ်။
ဟောင်ဟောင်လည်း ရဲ့ရှီမို့ရဲ့ ပခုံးကို ပုတ်ကာ
"နင်...ချင်မြို့တော်ကို သွားမှာ မလား။ ငါလည်း လိုက်ခဲ့ချင်တယ်"
ရဲ့ရှီမို့လည်း တွေဝေသွားပြီ
"မင်း ကိုယ်နဲ့အတူတူ ချင်မြို့တော်ကို လိုက်ခဲ့နိုင်ပါတယ်။
ဟောင်ဟောင်က ရင့်ကျက်တဲ့ လူကြီးတစ်ယောက်လို ခေါင်းညိတ်တယ်။
"ငါတို့ ရှာနေတဲ့ လူက သမားတော် ဖြစ်နိုင်တယ်"
ဖြစ်ရမယ် အစား ဖြစ်နိုင်တယ်လို့ သုံးနှုန်းတာပဲ။
"အစ္ကို"
ထိုနောက် ရဲ့ချီရဲ့ ကြည်လင်သော အသံကို ကြားလိုက်ရတယ်။
သူမရဲ့ အသံကို ကြားလိုက်ရတော့ ရဲ့ရှီမို့လည်း သူမကို သူ့နောက်မှာ အလျင်စလို ဖွက်ထားလိုက်တယ်။ သူမရဲ့အကြောင်းကို တခြားသူတွေ မသိမှန်း သိလို့ ဖွက်ထားမှ ဖြစ်မယ်လေ။
သို့သော်လည်း ရဲ့ရှီမို့ရဲ့ နောက်မှာ ပုန်းနေတဲ့ ဟောင်ဟောင်ကို ရဲ့ချီ ရုတ်တရက် လှမ်းမြင်လိုက်တယ်။
"ရဲ့ကိုကို...သူမက ဘယ်သူလဲ"
ရဲ့ချီက သုန်မှုန်နေတဲ့ မျက်နှာနဲ့ နှုတ်ခမ်းကို ကိုက်ထားတယ်။ သူမကို အမြဲတမ်း အေးတိအေးစက် ဆက်ဆံတတ်တဲ့ အစ်ကိုက အခုများတော့ ထိခိုက်စေမှာ စိုးရိမ်လို့ ကောင်မလေးတစ်ယောက်ကို ကာကွယ်ပေးနေတယ်လား။
"ရဲ့ရှီမို့ သွားဖို့ အချိန်တန်ပြီ"
ဟောင်ဟောင်လည်း ရဲ့ချီကို လျစ်လျူရှုကာ သူမရဲ့ဝတ်စုံနီကို ခါကာ စူပုတ်နေလိုက်တယ်။
"ကောင်းပြီလေ"
ရဲ့ချီမို့လည်း ချိုသာစွာ ပြန်ပြောလိုက်တယ်။
"ကုန်းပိုးပေး"
"..."
ရဲ့ချီမို့လည်း ဘာပြောရမှန်း မသိအောင် ငေးကြည့်နေမိတယ်။
"မင်းမှာ ခြေထောက်တွေ မရှိဘူးလား"
"လမ်းမလျှောက်ချင်ဘူး..ကုန်းပိုးသွား မဟုတ်ရင်တော့ ကျွန်မကို အနိုင်ကျင့်တယ်လို့ ရဲ့ကျင်းချန်းကို တိုင်ပြောမယ်"
ရဲ့ရှီမို့လည်း ဒူးထောက်လိုက်တယ်။
"တက်"
ဟောင်ဟောင်ရဲ့မျက်နှာက အပြုံးလေးနဲ့ တောက်ပနေပြီး သူ့ ကျောပေါ် တက်လိုက်တယ်။ သူမရဲ့မျက်ဝန်းများက တောက်ပနေပြီး လရောင်ကဲ့သို့ လှပတယ်။
"အစ္ကို"
ရဲ့ချီမှာ သူ့မျက်လုံးသူ မယုံနိုင်ဘူး။ သူမ အလွန်အမင်း လေးစားခဲ့ရတဲ့ အစ်ကိုကြီးက ကောင်မလေးကို ကုန်းပိုးနေပြီလား။ ဒီကောင်မလေးက မွေးစားဖခင်ကို နာမည် ခေါ်ရဲသေးတယ်။
ရဲ့ချီကို လှည့်ကြည့်ကာ ရဲ့ရှီမို့လည်း အမိန့်ပေးလိုက်တယ်။
"ရဲ့ချီ...ရဲ့အိမ်တော်မှာ နေခဲ့စမ်း... ရက်အနည်းငယ်လောက်တော့ ခရီးထွက်ဦးမယ်"
ထို့နောက် သူလည်း ဂိတ်တံခါး အပြင်ဘက်သို့ ထွက်လာခဲ့တယ်။
"ဟောင်ဟောင် မင်းက အရမ်းလေးလွန်းတယ်... မင်း ဝိတ်ချသင့်ပြီ"
"အရူးကောင် ရှီမို့ နင် ဘာပြောလိုက်တယ်"
ဟောင်ဟောင်လည်း မျက်မှောင်ကြုတ်ကာ ဒေါနဲ့မောနဲ့ အော်ဟစ်တော့တယ်။
"ငါက ငှက်မွေးထက် ပေါ့တယ်...နင်က အားအင်ချည့်နဲ့လွန်းတော့ ငါ့ကို လေးလွန်းတယ်လို့ ထင်နေတာ"
ငှက်မွေးထက် ပေါ့တယ် ဟုတ်လား... ဘာများလဲ။
ရဲ့ရှီမို့လည်း နှုတ်ဆိတ်နေလိုက်တယ်။ ဒီမိန်းကလေးက တကယ့်ကို စိတ်တိုလွယ်ပါလား။
....
ချင်မြို့တော်က မှောင်ခို ဈေးကွက်ကြောင့် ကျော်ကြားပြီး ဒီအတွက်ကြောင့်လည်း သမားအများစု အလည်လာတယ်။ဘယ်အချိန်မဆို မြို့တော်က ပျားပန်းခတ် နေခဲ့တယ်။ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမပေါ်မှာ ဆူညံ့ပွက်လော ရိုက်သံကို ရုတ်တရက် ကြားလိုက်ရတယ်။
"လာခဲ့စမ်း... ဒီနေရာက ထွက်သွားစမ်း... ဒါက မုမိသားစု"
"သူတို့တွေ ဘာကြောင့်များ ပျာယာခတ်နေရလဲ။ မုမိသားစုမှာ ပြဿနာ ဖြစ်လို့လား"
"ငါတို့တွေ ဝေးဝေးနေတာ အကောင်းဆုံးပဲ ကိုယ် ဒုက္ခကိုယ် မရှာနဲ့။ ငါလည်း မုမိသားစုနဲ့ အရှုပ် အရှင်းမဖြစ် ချင်ဘူး"
လမ်းသွား လမ်းလာများအပြင် လှည့်လည်ကာ ကုန်နုပ်လေးများ ရောင်ချသူများလည်း ပြေးကုန်တော့တယ်။
လူတစ်စု ဝင်လာချိန် မှောင်ခိုဈေးမှာ တိတ်ဆိတ်သွားတော့တယ်။ သူတို့အနား အပြေးအလွှား ရောက်လာတဲ့ လူတစ်စုကို ငေးကြည့်ကာ လူတိုင်းမှာ စကားတစ်ခွန်းမှ မပြောရဲဘူး။
Chapter-769
End
အပိုင်း(၇၇၀)
ဓားပြတိုက်ခြင်း
မုမိသားစုလူများကို ခက်ထန်သော မျက်နှာဖြင့် လူက ဦးဆောင်လာပြီစး သူ့လက်ထဲမှာ ကြီးမားသော တောခုတ်ဓားကြီး ရှိနေခဲ့တယ်။ ထိုတောခုတ်ဓားကြီးကို မြေကြီးပေါ် ဘုတ်ခနဲ မြည်အောင် ပစ်ချလိုက်တယ်။
"မှောင်ခိုဈေးမှာ ရှိနေတဲ့ လူတိုင်း ငါ ပြောမယ့် စကားကို နားထောင်စမ်း။ မင်းတို့ရဲ့ဆေးပင် အားလုံးကို ငါ့လက်အပ်စမ်း... ဒီမှာ ရှိနေတဲ့ သမားတော်တွေလည်း လွတ်ငြိမ်းချမ်းသာခွင့် ရမယ် မထင်နဲ့... တစ်ယောက်မကျန် ပေးရမယ်"
"သူတို့တွေ ဓားပြတိုက်နေတာလား"
ဆိုင်ပိုင်ရှင်မှာ တုန်တုန်ယင်ယင်နဲ့ ပြန်ဖြေတော့တယ်။
"မုမိသားစုက ဓားပြတွေ...သူတို့မိသား အာဏာ ရှိတည်းက မိသားစုကို ဒီလို ပုံစံမျိုနဲ့ အုပ်ချုပ်တယ် ။ဒါကြောင့် ဒီလို အကျင့်စရိုက်ရှိတာ အံ့ဩစရာ မရှိဘူး။
ယွမ်လော့ဖုန်းလည်း သူမရဲ့မေးဖျားလေးကို ပွတ်သက်ကာဖြင့်
ဓားပြတိုက်တယ်... ငါကြိုက်တယ်"
ဒါပေမဲ့ သူမက ဓားပြ တိုက်ရခြင်းကိုတော့ မကြိုက်ဘူး။
ဘယ်သူမှ မလှုပ်ရှားတော့ မုမိသားစုလည်း စိတ်တိုလာတယ်။
"ခင်ဗျားတို့တွေ ကျုပ်ပြောတာကို မကြားလို့လား... အခုချက်ချင်း ဆေးပင်တွေ ကျုပ်ကို ပေးစမ်း။ ဆေးပင် တစ်ပင်လောက် ဝှက်ထား ရဲရင်တော့ သေဖို့သာ ပြင်ထားလိုက်တော့"
ဆိုင်ပိုင်ရှင်အားလုံးက ဆေးပင်ရောင်းဖို့ လာတဲ့ သာမန်လူတန်းစားများပါ။ ဒါပေမဲ့ ဆေးပင် လာဝယ်တဲ့ သမားတော်များက အလွယ်တကူ အရှုံးပေးမယ် လူတန်စားမျိုးတော့ မဟုတ်ဘူး။
"ဟား..."
အဘိုးအိုက မုမိသားစုဝင်ကို စက်ဆုပ်ရွံရှားတဲ့ အကြည့်နဲ့ ကြည့်ကာ လှောင်တော့တယ်။
"မင်းကိုယ်မင်း ဘာထင်နေလဲ... ဒီမှာ ရှိနေတဲ့ သမားတော် အားလုံးက မင်းကို ကြောက်မယ်များ ထင်နေလား"
"ဟား..."
ထိုလူက ကြုံးဝါးလာတယ်။
"သမားတော် ဟုတ်လား... လူတစ်ချို့က မင်းကို ကြောက်လန့်နေပေမယ်... ငါတို့ မုမိသားစုက လုံးဝပဲ။ မင်းဘာသာမင်း သမားတော်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... မင်းတို့ရဲ့ ဆေးပင်အားလုံး ငါ့လက်အပ်စမ်းပါ။ ငါ့စကားကို မနာခံရင်တော့ မင်းတို့ရဲ့ သွေးနဲ့ ငါ့ရဲ့ တောခုတ်ဓားကို ဆေးကြောပစ်မယ်"
သူ့ရဲ့ တောခုတ်ဓားကို ပြသကာ ခက်ထန်သော မျက်နှာထားနဲ့ပေါ့။
"မင်းက ဒီဆေးပင်အားလုံးကို ဘာလုပ်မလို့လဲ"
လူအိုကြီး အရမ်းကို ဒေါသထွက်နေပါပြီ
"မင်းမှာ ဆေးပင် အများကြီး ရှိလည်း အသုံးမဝင်ပါဘူး..ဝဖိုင်ဖိုင်လူက အသားဟင်းတစ်ပွဲနဲ့ မလောက်ငှ သလိုပဲ"
ထိုလူလည်း ထေ့ငေါ့လိုက်တယ်။
"ဆေးပင်တွေက အသုံးမဝင်ရင် မင်းတို့ကို ဓားပြ လာတိုက်ပါ့မလား ။ ဘယ်လို အသုံးဝင်လည်း မင်းတို့ကို ပြောနေစရာ မလိုအပ်ဘူး"
အဘိုးအိုမှာ တုန်ယင်နေပြီး ကြောက်လန့်လွန်းလို့ စကားမပြောနိုင်ဘူး။
"ခင်ဗျားတို့တွေ မသေချင်ရင် ဆေးပင်အားလုံးကို ပေးလိုက်စမ်း"
ထိုလူက ခြိမ်းခြောက်တဲ့ အကြည့်နဲ့ ကျယ်လောင်စွာ အော်နေတယ်။
"ငါ့စကားကို မနာခံရင်တော့ ရက်စက်တယ်လို့ အပြစ်မဖို့နဲ့"
ခက်ထန်သော အကြည့်နဲ့ ထိုလူက အားလုံးကို အောင်နိုင်သူ အကြည့်နဲ့ ကြည့်နေခဲ့တယ်။
သူတို့မှာ အင်တင်တင် ဖြစ်နေသော်လည်း အများစုက ဆေးပင်များကို ထုတ်ပေးပါတယ်။လူအုပ်ထဲမှာ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်သာ မလှုပ်မယှက် ရပ်နေတုန်းပါ။ မတူမတန်ဟန် မျက်နှာ အမူအရာနဲ့ပေါ့။
"မိန်းကလေး... မင်း သူတို့ကို ဆေးပင်တွေ ပေးလိုက်တာ အကောင်းဆုံးပဲ... သူတို့ကို ပြဿနာ ရှာဖို့ မတွေးနဲ့တော့"
သူတို့ရဲ့ ဘေးမှာ ရပ်နေတဲ့ လမ်းသွားလမ်းလာက ကြင်နာစွာ သတိပေးရင်း သက်ပြင်းရှိုက်နေတယ်။
သူပြောတာကို မကြားသလို ယွမ်လော့ဖုန်းလည်း မုမိသားစုဝင်များကို ပြုံးကာ ကြည့်နေလိုက်တယ်။
ထိုလူက ဗီသွာပင်အိတ်နဲ့ ဆေးပင်တွေကို စုစည်းဖို့ သူ့လူတွေကို အမိန့်ပေးနေတယ်။မတ်တတ် ရပ်နေသေးတဲ့ ယွမ်လော့ဖုန်းကို မြင်တော့ သူလည်း မျက်မှောင်ကြုတ်လိုက်တယ်။
"မင်းတို့နှစ်ယောက် ငါပြောတာကို မကြားဘူးလား။ သေမှာ မကြောက်လို့လား"
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို မှေးစက်ကာ မာယာပြုံး ပြုံးလိုက်တယ်။
"ရှင်တို့မှာ ကျွန်မရဲ့ ဆေးပင်တွေကို လုယူနိုင်တဲ့ အရည်အချင်း ရှိလား ကြည့်ရတာပေါ့"
Chapter-770
End
အပိုင်း(၇၇၁)
ဓားပြတိုက်တယ်ဆိုတာ ဒီလိုမျိုး ဖြစ်သင့်တယ် (၁)
ထိုလူရဲ့ မျက်နှာက မည်းမှောင် သွားလေတယ်။ ယွမ်လော့ဖုန်းကို အေးတိအေးစက် ကြည့်ကာ
"ဒါဆို ငါ့က အရည်အချင်း ရှိလား မရှိလား ပြရတာပေါ့"
ဝုန်း
ထိုလူက အားကုန်သုံးကာ ယွမ်လော့ဖုန်းကို လက်သီးနဲ့ ထိုးနှက်ဖို့ ကြိုးပမ်းတယ်။သူ့တိုက်ခိုက်မှုကြောင့် ယွမ်လော့ဖုန်း သွေးအန်မှာကို တွေးရင်း ပြုံးပျော်မိတယ်။
ဒါပေမဲ့ ယွမ်လော့ဖုန်းအနား မရောက်ခင်မှာ အေးစက်စက် အရှိန်အဝါနဲ့ အတူတူ ထိတ်လန့် ချောက်ချားဖွယ် အသံကို ကြားလိုက်ရတယ်။
"ထွက်သွားစမ်း"
ထိုလူမှာ သွေးအန်ကာ နောက်ဆုတ်လိုက်တယ်။ သူ့ရင်ဘတ်ကို လက်ဖြင့် ဖိကာ ယွမ်လော့ဖုန်း ရှေ့က လူကို ထိတ်ထိတ်ပျာပျာ ကြည့်လိုက်တယ်။
ဒီလူက အရမ်းကို သန်မာတယ်။
ချင်မြို့တော်ကို ဒီလိုလူမျိုး ဘယ်အချိန်က ရောက်လာတာလဲ။
အတွေးရိုင်းများ ပြည့်နှက်ကာ သူလည်း ဂါရဝပြုလိုက်တယ်။
"သခင်လေး တောင်းပန်ပါတယ်။ရန်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး... ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ... ကျုပ်တို့တွေ မိတ်ဆွေဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မုမိသားစုက အားနည်းတဲ့လူကို ညှဉ်းပန်းနှိက်စက်လေ့ ရှိပြီး အားကြီးသူကိုတော့ မျက်နှာချိုသွေးတတ်တယ်။
ယွမ်ရှောင်က သူ့ကိုလျစ်လျူရှုထားပါတယ်။ ခံစားချက် ကင်းမဲ့သော မျက်နှာထားနဲ့ လင်းယုန်ငှက်ကဲ့သို့ စူးရှသော အကြည့်များဖြင့် ကြည့်နေခဲ့တယ်။
ယွမ်ရှောင်က မုမိသားစု မပြောနဲ့ ဘယ်သူကိုမှ အလေးအနက် မထားဘူး။ဒါပေမဲ့ ထိုလူကတော့ သူတို့မုမိသားစုကို အထင်မြင်သေးတယ်လို့ မှတ်ယူကာ ချက်ချင်း မျက်နှာ မည်းမှောင်သွားတော့တယ်။
မှန်ပါတယ်။ မင်းတို့က အစွမ်းထက်ပါတယ်။ အဲ့တော့ ဘာလုပ်ရမလဲ
မုမိသားစုမှာ သန်မာတဲ့လူ အများကြီး ရှိပြီးသားပါ။ ငါတို့က မင်းကို ကြောက်မယ်များ ထင်နေလား။
မင်းတို့က ငါတို့နဲ့ မိတ်ဆွေ မဖြစ်ချင်ဘဲ ရန်သူ ဖြစ်ချင်တယ်လား။
ဒါပေမဲ့ မုမိသားစုက အသိဉာဏ် ကင်းမဲ့သူ မဟုတ်ပါဘူး။ ယွမ်ရှောင်ကို မနိုင်မှန်း သိနေတော့
" ငါတို့က မင်းနဲ့ မိတ်ဆွေ ဖြစ်ချင်တာပါ ... မင်းက ငြင်းတော့လည်း ..."
သူလည်း အင်္ကျီလက်ကို ခါထုတ်ကာ ထွက်သွားဖို့ ဟန်ပြင်လိုက်တယ်။ ထို့စဉ် သူ့ခန္ဓာကိုယ်ကို တောင့်တင်းသွားစေတဲ့ အသံကို ကြားလိုက်ရတယ်။
"နင်တို့ကို သွားခွင့်ပြုလို့လား"
သူလည်း ယွမ်လော့ဖုန်းကို ဒေါနဲ့မောနဲ့ လှည့်ကြည့်လိုက်တယ်။
"မင်း ဘာလိုချင်လို့လဲ"
"ဘာမှတော့ မဟုတ်ဘူး...ရှင်တို့ကို ဓားပြတိုက်ချင်လို့"
ငါ့ကို ဓားပြတိုက်မယ်။
သူ့မှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရတယ်။
သူ့ဘဝမှာ လူပေါင်းများစွာကို ဓားပြတိုက်ခဲ့ပါတယ်။ သူ့ကို တစ်စုံတစ်ယောက်က ဓားပြလာတိုက်တာ ပထမဆုံး အကြိမ်ပဲ။ သူမ နောက်နေတာလား။
တခြားလူတွေလည်း မှင်တက်နေမိတယ်။ယွမ်လော့ဖုန်းက မုမိသားစုက လူတွေကို ဒီစကား ပြောရဲမယ်လို့ မထင်ခဲ့မိဘူး။ ဘာပဲဖြစ်ဖြစ် မုမိသားစုက နတ်ဘုရားအဆင့် ရောက်နေပြီလေ။
ပြန်လမ်းမဲ့ မြေမှာ လုံရှောင်ထက် နတ်ဘုရားအဆင့် ကျင့်ကြံသူ ပိုများ ပါတယ်။ဒါပေမဲ့ မြို့တစ်မြို့မှာ နှစ်ယောက်ထက်တော့ ပို မရှိပါဘူး။
ဒါပေမဲ့ ချင်မြို့တော်မှာတော့ နတ်ဘုရားအဆင့် နှစ်ဦးလုံးက မုမိသားစုဝင်ပေါ့။
တန်ခိုးရှင်အဆင့် ကျင့်ကြံသူက ပြန်လမ်းမဲ့ ကုန်းမြေစုမှာ အနည်းငယ်သာ ရှိတယ်။ သူတို့ကလည်း ခြေတစ်လှမ်း လှမ်းလိုက်ရုံနဲ့ ကမ္ဘာမြေကို တုန်လှုပ်စေတဲ့ အစွမ်း သတ္တိ ရှိတယ်။
Chapter-771
End
အပိုင်း(၇၇၂)
ဓားပြတိုက်တယ်ဆိုတာ ဒီလိုမျိုး ဖြစ်သင့်တယ် (၂)
"ရှင်တို့ ကျွန်မကို ဓားပြတိုက်ချင်တာ သေချာလား"
မုမိသားစုမှလူက မယုံကြည်နိုင်စွာ သူ့နှာခေါင်းကိုပဲ ထိနေတယ်။ဒါပေမဲ့ သူ့ဘက်က မတုံ့ပြန်ခင်မှာ ယွမ်လော့ဖုန်းက လှုပ်ရှားခဲ့ပြီလေ...။
သူမက ခြေထောက်ကို မြှောက်ကာ သူ့ကို ကန်လိုက်ပါပြီ။ သူ့ကို လူကြားထဲ ကန်ချလိုက်တယ်။သူမက လျင်မြန်လွန်းလို့ မုမိသားစုမှ လူများ တန်ပြန်တိုက်ခိုက်ချိန်လေးမျှ မရခဲ့ဘူး။
ထို့နောက် သူမက မုမိသားစုမှလူအနားကို သွားကာ သူ မထနိုင်ခင် ရင်ဘတ်ကို တက်နင်းလိုက်တယ်။
"မင်းဘာလုပ်တာလဲ"
ထိုလူမှာ ဒေါသထွက်လွန်းလို့ ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါး ကြည့်လာခဲ့တယ်။
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ကျီစယ်သော သဘောဖြင့် ပြောလိုက်တယ်။
"ရှင်တို့ကို ဓားပြတိုက် မလို့၊ ရှင်တို့မှာ ရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းအားလုံးကို ပေးရမယ်"
ထိုလူမှာ သွေးအန်လူနီးပါး ဒေါသ ဖြစ်ရပါတယ်။ ဒါဆို ဒီအမျိုးသမီးက သူတို့ကို ဓားပြတိုက်ချင်နေတာလား။ မုမိသားစုထဲ ဝင်ရောက်ပြီးတည်းက ပထမဆုံး အကြိမ် အနိုင်ကျင့်ခံရတာပဲ။
"ငါ့မှာ ဘာဆိုဘာမှ မရှိဘူး"
မနိုင်တဲ့ တိုက်ပွဲတစ်ခုကို မဆင်နွှဲ သင့်ဘူး။ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ကို လျော့တွက်ခဲ့မိမှန်း သူ နားလည်ခဲ့တယ်။
ယွမ်လော့ဖုန်းလည်း သူမ တက်နင်းထားတဲ့ ထိုလူကို ဖျတ်ခနဲ ကြည့်ကာ သူမရဲ့အကြည့်ကို နယ်မြေလက်စွပ်သို့ လွှဲလိုက်တယ်။
"ကိုယ့်ဘာသာ ချွတ်မလား။ ဒါမှ မဟုတ် ကျွန်မက လက်ချောင်းကို ဖြတ်ပေးရမလား"
ထိုလူလည်း နောက်ဆုံးတော့ လက်စွပ်ကို ချွတ်ကာ ယွမ်လော့ဖုန်းကို မတူမတန်ဟန် ပစ်ပေးလိုက်တယ်။
သူ့ရိုင်းစိုင်းမှုကို လျစ်လျူရှုကာ ယွမ်လော့ဖုန်းလည်းကာ ပြုံးပြီး ကြမ်းပြင်ပေါ်က နယ်မြေလက်စွပ်ကို ကောက်ယူလိုက်တယ်။
"တခြားရှိသေးလား...ထုတ်စမ်း"
"မရှိတော့ဘူး"
ထိုလူမှာ ဒေါသဖြစ်ရလွန်းလို့ မျက်နှာက ခရမ်းရောင် သန်းနေပါပြီ။
"ငါ ပိုင်ဆိုင်သမျှကို နယ်မြေလက်စွပ်ထဲ ထည့်ထားတယ်...ဘာမှ မရှိတော့ဘူး"
ယွမ်လော့ဖုန်းလည်း ပြုံးကာ သူ့ကို ခေါင်းအစ ခြေအဆုံး စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။ထို့နောက် သူမကို ခါးကိုင်းကာ သူ့အဝတ်အစားထဲမှ အိတ်လေးကို ယူလိုက်တယ်။
ဒီအိတ်ထဲမှာ ကြေးစ အများကြီး ရှိသေးတယ်။
ထိုလူမှာ မှင်တက်နေရတယ်။ တခြားသူတွေကို ဓားပြတိုက်ခဲ့သော်လည်း ဒီလို အပြုအမူမျိုး မလုပ်ခဲ့ဖူးပါဘူး။ အခုတော့ ကြေးစ အနည်းလေးတောင် မချန်လှပ်ထားဘူးလား။ တစ်ဖက်အိမ်က မုဆိုးမဝမ် သူ့ကို ပေးထားခဲ့တဲ့ ချစ်သက်လက်ဆောင်ကိုလည်း သိမ်းသွားတယ်။
"ကြည့်ရတာ ရှင့်မှာ ဘာမှ မကျန်တော့ဘူး ထင်တယ်"
ယွမ်လော့ဖုန်းလည်း တခြားသူများဘက် လှည့်လိုက်တယ်။
"ရှင်တို့ အသုံးအဆောင်တွေကို ကိုယ်တိုင်ပေးမလား...ကျွန်မ ရှာရမလား"
သူတို့ ခေါင်းဆောင်ကိုယ်တိုင် အညံ့ခံလိုက်တော့ သူမရဲ့ အမိန့်ကို မငြင်းရဲပါဘူး။ နာခံစွာနဲ့ သူတို့ ပိုင်ဆိုင်သမျှကို ထုတ်ကာ မြေကြီးပေါ် ပစ်ချလိုက်တယ်။ နယ်မြေလက်စွပ်က လူတိုင်း ပိုင်ဆိုင်နိုင်တဲ့ ပစ္စည်းတော့ မဟုတ်ဘူး... ဒါပေမဲ့ ယွမ်လော့ဖုန်းက သူတို့မှ ရနိုင်သမျှကို ရှာဖွေ စုဆောင်းနေတုန်းပါ။
"အခု ငါတို့ သွားနိုင်ပြီလား"
သူ့ရင်ထဲက ဒေါသစိတ်များကို ဖိနှိပ်ရင်း အေးတိအေးစက် မေးလိုက်တယ်။
ထိုလူလည်း သက်ပြင်းချကာ သူ့လူများကို ထွက်သွားဖို့ လက်ယပ်ခေါ်လိုက်တယ်။
ထို့စဉ် မနှစ်မြို့ဖွယ်ကောင်းတဲ့ အသံကို သူတို့ နောက်ကျောဘက်ခြမ်းမှာ ကြားလိုက်ရတယ်။
"ဒါနဲ့ ရှင်တို့ အဝတ်အစားတွေက အရည်အသွေးကောင်းတယ်... ရောင်းစားရင်တော့ ငွေစ အနည်းငယ် ရနိုင်တယ်...ဒါကြောင့် ထွက်မသွားခင် ချွတ်ထားခဲ့"
ထိုလူမှာ ခလုတ်တိုက်ပြီး ဒူးထောက်လျက်သား လဲကျသွားခဲ့တယ်။ သူ့မှာ အော်ငိုချင်စိတ်ကို ထိန်းချုပ်လို့ မရပါဘူး။ ဓားပြလို နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ဒီနေ့တော့ သူထက် ပိုဆိုးသွမ်းတဲ့ ဓားပြမိန်းကလေးနဲ့ တွေ့နေရပါလား။
Chapter-772
End
Bạn đang đọc truyện trên: Truyen247.Pro