
716 to 732 Unicode
Book(29)
716+717
အပိုင်း(၇၁၆)
လုံဖေးရဲ့ဆရာ (၃)
"သခင်....ကျွန်တော် မပြောရသေးတဲ့ ကိစ္စလေး ရှိလို့ပါ"
လုံဖေးလည်း အခန်းထဲဝင်ကာ ပြောလိုက်တယ်။
"ဘာကြောင့် ဝိညာဉ်မြို့တော်မှာ သိပ်မကြာခင်ကမှ လူတွေ အများကြီးရှိလားလဲ သိလား"
"ငါ စိတ်မဝင်စားဘူး"
မိန်းမပျိုလေးရဲ့ အဖြေက လုံဖေးရဲ့မျက်နှာထားကို ခပ်မာမာ ဖြစ်သွားစေပြီး တည့်တိုးပြောလိုက်တယ်။
"ပြန်လမ်းမဲ့ သစ်တောမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့်ပေါ့"
"ပြန်လမ်းမဲ့သစ်တော...ငါလည်း အဲ့နေရာက လာခဲ့တာပါ...အဲ့မှာ ထူးခြားတာကို ငါက ဘာလို့ မသိရလဲ"
"ဒါက..."
လုံဖေးလည်း လူလတ်ပိုင်း အမျိုးသားကို ကြည့်ကာ တစ်စုံတစ်ရာကို ပြောဖို့ ယတိပြတ် ဆုံးဖြတ်ပြီး ယွမ်လော့ဖုန်းကို မျက်နှာချင်းဆိုင်လိုက်တယ်။
"များစွာသော ရတနာပစ္စည်းတွေက ပြန်လမ်းမဲ့သစ်တောက လာတယ်ဆိုတာ ကြားဖူးတယ်မလား...ဒါကြောင့် ဝိညာဉ်မြို့တော် သခင်က ရတနာစုဆောင်းဖို့ ရည်ရွယ်ချက်နဲ့ ပြန်လမ်းမဲ့တောကို တိုက်ဖို့ ကြံစည်နေတယ်"
ယွမ်လော့ဖုန်းလည်း ပြန်မတုံ့ပြန်ခင်မှာ ခဏတော့ တွေဝေနေမိတယ်။
"ပြန်လမ်းမဲ့ သစ်တောကို တိုက်ခိုက်မလို့ ... ဟုတ်လား...သူတို့မှာ ဒီလို တိုက်ခိုက်ဖို့ အရည်အချင်း ရှိရဲ့လား"
လုံဖေးလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
"တကယ်တမ်းက မြို့သခင်...လှည့်စားထားတာ...ပြန်လမ်းမဲ့ သစ်တောထဲမှာ ဘာရတနာပစ္စည်းမှ မရှိဘူး...သူတို့စစ်တပ်အတွက် ရဲရင့်တဲ့ စစ်သည်တွေ စုဆည်းချင်လို့။
"အသေခံစစ်သည်တွေလား"
"ဟုတ်တယ်....ကံခေရင် ပြန်လမ်းမဲ့ သစ်တောမှာ ထိခိုက်ဒဏ်ရာ ရနိုင်တယ်...ဝိညာဉ်သားရဲဘုရင်က ပြန်လမ်းမဲ့ သစ်တောကို ပိတ်လှောင်ထားတယ်"
"ဒီသတင်းကို ဝိညာဉ်မြို့တော် သခင် ကြားလားတော့ မသိဘူး...ဒါပေမဲ့ သားရဲဘုရင် ပြန်မတိုက်ခိုက်နိုင်တဲ့ အချိန် ပြန်လမ်းမဲ့ သစ်တောကို သိမ်းပိုက်ချင်နေတာ..."
ပြန်လမ်းမဲ့သစ်တောတစ်ခုလုံးကို သိမ်းပိုက်ချင်တာလား။ဒီဝိညာဉ်မြို့တော်သခင်က အတော့်ကို ရည်ရွယ်ချက် ကြီးမားတာပဲ။
"သူ့မှာ ဒီလိုရည်ရွယ်ချက် မရှိနိုင်ဘူး"
ယွမ်လော့ဖုန်းလည်း လက်ရည်တစ်ငုံ မသောက်ခင်မှာ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး ခပ်နွမ်းနွမ်း ပြုံးလိုက်တယ်။
"သခင်"
လုံဖေးလည်း ယွမ်လော့ဖုန်း ရှေ့ ဒူးတစ်ဖက်ကို ထောက်လိုက်ပြီး ခေါင်းမော့က အသက်ရှူမှားလောက်တဲ့ မိန်းမပျိုကို ငေးမောကြည့်လိုက်တယ်။
"ကျွန်တော်မျိုးနဲ့ သားရဲဘုရင်က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်... သူ့ကို ထောက်ချောက်ထဲ မကျစေချင်ဘူး... သခင် ကူညီပေးဖို့ မျှော်လင့်ပါတယ်"
"သူ့ကို ကူညီပေးရမယ့် အကြောင်းအရင်း သိချင်တယ်"
အကြောင်းအရင်း... လုံဖေးလည်း ဒွဟ ဖြစ်သွားတယ်။ သူမကို အမှန်တရား ပြောပေးဖို့ လိုအပ်ပြီလား။
"ဦးလေး"
လုံဖေးလည်း စိတ်မရှည်စွာနဲ့ လူလတ်ပိုင်း အမျိုးသားကို ကြည့်လိုက်တယ်။
သူ့ဦးလေးက ယုံကြည်ဖို့ မထိုက်တန်သော်လည်း ဆုံးဖြတ်ချက်ချမှတ်ဖို့ သူ့ကို လိုအပ်သေးတယ်။
"သူမကို သိခွင့်ပေးလိုက်"
လူလတ်ပိုင်း အမျိုးသားလည်း သက်ပြင်းချလိုက်တယ်။
" မင်းရဲ့ဆရာက ခက်ခဲ ပင်ပန်းခဲ့တယ်... ခေါင်းမာတဲ့လူတွေကြောင့် သူမ အများကြီးကို နာကျင်ခံစားခဲ့ရတယ်"
လုံဖေးလည်း မဲ့ပြုံး ပြုံးလိုက်တယ်။ သူမကို ဖျောင်းဖျဖို့ သူ့ဆရာရဲ့နာမည်ကို နောက်ဆုံးတော့ ပြောရတော့မယ်။
လုံဖေးလည်း ကူရာမဲ့စွာ စကားဆိုတယ်။
"ပြန်လမ်းမဲ့ သစ်တောထဲ စိတ်အေးလက်အေး သွားနိုင်တဲ့ အကြောင်းအရင်းကို သခင် မသိချင်ဘူးလား... ဘာကြောင့်ဆို... ကျွန်တော်ရဲ့ဆရာက ပြန်လမ်းမဲ့ သစ်တောရဲ့ သားရဲဘုရင်ထဲက တစ်ပါး ဖြစ်နေလို့"
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။
"ဒါဆို ရှင့်ဆရာက စိတ်ဝိညာဉ်သားရဲလား"
"ဒီပြင် ကျွန်တော့်ဆရာက ထျန်းရာ ရှာနေတဲ့ မိန်းကလေးပါ"
ယွမ်လော့ဖုန်းလည်း ထိုင်ခုံပေါ်မှ ရုတ်တရက် ထလိုက်တော့ သူ့လက်ထဲက လက်ဖက်ရည်ခွက် လွတ်ကျသွားတယ်။လက်ဖက်ရည်ပူပူနွေးနွေးများ သူမရဲ့လက်ကို စဉ်သော်လည်း သတိမထားမိပါဘူး။
ယွမ်ရှောင်ရဲ့မျက်ခုံးများ တွန့်ကွေးသွားပြီး မိန်းမပျိုလေးရဲ့လက်ပေါ်က လက်ဖက်ရည်ကို သုတ်ဖို့ လက်ကိုင်ပဝါကို ထုတ်လိုက်တယ်။ သူမရဲ့လက်ပေါ်မှ ရေနွေးပူလောင်ကိုတွေ့တော့ ခံစားချက် ကင်းမဲ့တဲ့ သူ့နှလုံးသား နာကျင်ရတယ်။
"လုံဖေး...ရှင်...အမှန်တိုင်း ပြောနေတာလား"
ယွမ်လော့ဖုန်းလည်း ဘာဆိုဘာမှ ဂရုမစိုက်နိုင်ဘဲ လုံဖေးကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။ တကယ်တော့ သူမက တခြားသူရဲ့ ကိစ္စကို ဝင်မရှုပ်ချင်ပါဘူး။ဒါပေမဲ့ ထျန်းရာရဲ့ မိန်းကလေး ဖြစ်နေပြန်တော့ တခြား ကိစ္စတွေနဲ့ အတူတူ သဘောမထားနိုင်ဘူး။
ဘာပဲဖြစ်ဖြစ် ထျန်းရာရဲ့ မိန်းကလေးကို နာကျင်မှု တစ်စုံတစ်ရာတောင် မဖြစ်စေချင်ဘူး။
"ကျွန်တော်ရဲ့ ဆရာက တခြားသော အတားအဆီးတွေကို ဂရုမစိုက်ဘဲ ထျန်းရာနဲ့ အတူတူနေထိုင်ဖို့ပဲ စိတ်ကူးခဲ့တယ်... ဒါပေမဲ့ နားလည်မှုလွဲတဲ့ ကိစ္စမျိုး ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး"
Chapter-716
End
အပိုင်း(၇၁၇)
လုံဖေးရဲ့ဆရာ(၄)
"သူမက ခေါင်းမာတဲ့ စရိုက်ရှိပြီး ဒေါသကြီးတယ်... သူ...ဒေါသထွက်လာရင် နားဝေတိမ်တောင် ဖြစ်ပြီး လျှို့ဝှက် ပူးပေါင်း ကြံစည်မှန်းတောင် မတွေးတတ်တော့ဘူး...ဒေါသဖြစ်တာကို ဖြေသိမ့်ဖို့ သူမက ထျန်းရာကို ထားခဲ့ပြီး ပြန်လမ်းမဲ့သစ်တောထဲ ပြန်ခဲ့တယ်...တခြားသော သားရဲဘုရင်တွေက သူမကို သွားခွင့်မပြုလို့ တခြားသားရဲကောင်တွေလို ပြန်လမ်းမဲ့သစ်တောက ထွက်သွားခွင့် မရှိခဲ့ဘူး။ အမှန်ကို မပြောခဲ့တာလည်း ထျန်းရာနဲ့ ဆရာ ပြန်ဆုံတွေ့ရင် တခြားဘာကိုမှ မစဉ်းစားဘဲ သူနဲ့အတူတူ ထွက်သွားဦးမှာ...ဒါဆို တခြား သားရဲဘုရင်တွေကို ရန်စ သလို ဖြစ်နေမယ်"
လုံဖေးလည်း ယွမ်လော့ဖုန်းကို ကြည့်ကာ ဆက်ပြောတယ်။
"ဒီလိုဆိုရင် ကျွန်တော့်ဆရာ ရော ထျန်းရာပါ ပြဿနာ ငြိစွန်းနိုင်တယ်"
ယွမ်လော့ဖုန်းရဲ့လက်ချောင်းများက သူမရဲ့မေဖျားကို နှိပ်နယ်နေကာ သက်လတ်ပိုင်း အမျိုးသားကို ကြည့်လိုက်တယ်။
"ကျွန်မ ကြားဖူးတာတော့ ပြန်လမ်းမဲ့ သစ်တောထဲက သားရဲဘုရင်အားလုံးက သူတော်စင် အဆင့် ကျင့်ကြံသူတွေပဲ....သူက ရှင့်ဆရာရဲ့ မောင်လား... ဒါဆို သူလည်း သားရဲဘုရင် ဖြစ်ရမယ်... ဒါဆို ဘာလို့ သူတော်စင် အဆင့်လို့ အာရုံခံလို့ မရတာလဲ"
လုံဖေးက ရှင်းပြချင်သော်လည်း သူ့ဘေးနားက လူလတ်ပိုင်း အမျိုးသားက ဝင်ရှုပ်သွားတယ်။
"သူတော်စင်အဆင့် သားရဲ ဟုတ်လား... ဒါတွေ အားလုံးက ပြောင်းလဲသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ...ငါတို့သစ်တောထဲက သူတော်စင်သားရဲ အားလုံး ပျောက်ကွယ်သွာားတာ ကြာခဲ့ပြီ...မျိုးဆက်သစ်မှာ ငါနဲ့ အစ်မတို့ သားရဲဘုရင် ဖြစ်တော့ ဒီလောက် အစွမ်းမထက်တော့ဘူး...ဒါပေမဲ့ ဒါက ငါတို့ ပြန်လမ်းမဲ့ သစ်တောရဲ့ လျှို့ဝှက်ချက်...လူသားတွေ မသိဘူး"
မှန်ပါတယ်... ပြန်လမ်းမဲ့ သစ်တောထဲမှာ သူတော်စင် သားရဲ ပျောက်ကွယ်သွားမှန်း သိရင် ပြန်လမ်းမဲ့သစ်တောမှာ ငြိမ်းချမ်းတဲ့နေ့ ရှိလာမှာ မဟုတ်ဘူး။
"သခင်...ဆရာက ကျွန်တော်ရဲ့ ကျေးဇူးရှင်ပါ...ကျွန်တော် လုပ်ကြံခံရတဲ့ အချိန်က အပြင်းအထန် ဒဏ်ရာ ရပြီး ပြန်လမ်းမဲ့ သစ်တောထဲ ဇွတ်တိုးဝင်ခဲ့တယ်... တခြားသူတွေ ငြင်းဆန်တာကို လျစ်လျူရှုပြီး ကျွန်တော့်ကို သူ့ဘေးနားမှာ နေခွင့် ပြုခဲ့တယ်...ဆရာ့ကို အန္တရာယ် မဖြစ်စေချင်လို့ သခင့်ကို အကူအညီတောင်းရတာပါ... ကျွန်တော်ရဲ့ ကျန်ရှိတဲ့ တစ်ဘဝလုံး သခင့်ကို ခစားဖို့ ဆန္ဒ ရှိပါတယ်"
လုံဖေးလည်း သူ့ဦးခေါင်းကို ကြမ်းပြင်နဲ့ ခပ်ကြမ်းကြမ်း ဆောင့်ကာ နာကျင်မှုကို အံ့ကြိတ်နေခဲ့တယ်။သူ့ဆရာကိုသာ ကယ်တင်နိုင်မယ်ဆိုရင် သူ့တစ်ဘဝလုံး ခက်ခဲပင်ပန်းစွာ အလုပ်လုပ်ဖို့ ဆိုတာ စာဖွဲ့စရာ မလိုပါဘူး...သူ့ဆရာအတွက်ဆိုရင် ငရဲပြည်ကိုသွားဖို့တောင် ဝန်မလေးဘူး။
"သူတို့ ဘယ်အချိန် သွားမှာလဲ"
ယွမ်လော့ဖုန်းလည်း အသက်ခပ်ပြင်းပြင်း ရှုလိုက်တယ်။
လုံဖေးရဲ့ဆရာက ထျန်းရာရဲ့ မိန်းကလေး ဖြစ်နေတော့လည်း ဒီကိစ္စကို လျစ်လျူရှုဖို့ မဖြစ်နိုင်တော့ဘူး။
လုံဖေးလည်း နှလုံးသားထဲမှာ ပျော်ရွှင်မြူးထူးမိပါရဲ့။ သူလည်း စကားပြောဖို့ ကြမ်းပြင်ပေါ်မှထကာ
"ကြားတာတော့ သုံးရက်ကြာရင် မြို့သခင်က ပြန်လမ်းမဲ့သစ်တောကို ခရီးစထွက်မယ်တဲ့...ကျွန်တော်တို့တွေ ဒီအဖွဲ့ကို တိုက်စစ် ဆင်သင့်တယ်"
"ပြင်ဆင်သင့်တာ ပြင်ဆင်လိုက်...ငါတို့တွေ ၃ရက်ကြာရင် ခရီးထွက်မယ်"
ယွမ်လော့ဖုန်းလည်း ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်က ကုလားထိုင်ကို ပျင်းရိလေးတွဲစွာ မှီကာ မျက်ခုံးပင့်လိုက်တယ်။
"ကျွန်မဘက်က အစွမ်းကုန် ကြိုးစားမယ်လို့တော့ ပြောနိုင်တယ်... သူတို့ကို ကယ်တင်နိုင်တယ်လို့ အတိအကျတော့ မပြောနိုင်ဘူး"
"ကျွန်တော်...သခင့်ကို ယုံကြည်တယ်"
လုံဖေးလည်း အချီကြီး ပြုံးကာ ပြောလိုက်တယ်။
"လုံယွမ်တိုင်းပြည်က လူတိုင်းလူတိုင်း သခင့်ကို အကျင့်စာရိတ္တ မကောင်းသူလို့ ပြောကြတယ် ဒီလောကကြီးထဲမှာ သခင် မလုပ်ဆောင်နိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး"
အကျင့်စာရိတ္တ မကောင်းသူ...ဟုတ်လား။
ယွမ်လော့ဖုန်းလည်း သူမရဲ့နဖူးကို ပွတ်ကာ သူမရဲ့နောက်က ယွမ်ရှောင်ကို မော့ကြည့်လိုက်တယ်။
"လုံယွမ်တိုင်းပြည်က လူတွေက ကျွန်မကို ဒီလိုပဲ ပြောတာလား"
ယွမ်ရှောင်လည်း အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။
"မင်းက မိစ္ဆာ အမူအကျင့် ဖောက်ပြားသူ မဟုတ်ဘူး"
မင်းက တခြားလူရဲ့နှလုံးသားကို ညှို့ယူဖမ်းစားတဲ့ မိန်းမလှလေး။
ယွမ်လော့ဖုန်းလည်း သူမရဲ့လက်နှစ်ဖက်ဖြင့် ယွမ်ရှောင်ရဲ့ခံ့ညားသော မျက်နှာကို ဖြှစ်ညစ်လိုက်တယ်။
"ရှင်က အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့သူလို့ ထင်မိတယ်"
ချစ်ခင်မြတ်နိုးနေတဲ့ သူတို့နှစ်ဦးကို ကြည့်ကာ လုံဖေးလည်း ရှိုးတိုးရှန်တန့် ဖြစ်လာရတယ်။
"ဦးလေး...ကျွန်တော်တို့ ထွက်သွားသင့်ပြီထင်တယ်"
"ထွက်သွားမယ်...ဘာလို့လဲ"
လူလတ်ပိုင်း အမျိုးသားက နားမလည်နိုင်စွာနဲ့ ပြူးတူးကြောင်တောင် မေးတယ်။
နလပိန်းတုံး... လုံဖေးလည်း တိတ်တဆိတ် သူ့ကို အပြစ်တင်လိုက်တယ်။ ဒီလိုအခြေအနေမှာ သူတို့က တတိယလူဖြစ်နေတာ မသိတာများလား။
"ဦးလေးကို အပျော်စံအိမ်တော် ခေါ်သွားပေးမယ်...ဒီမှာ ပြဿနာ မရှာနဲ့တော့"
လုံဖေးလည်း လူလတ်ပိုင်းအမျိုးသားကို ဆွဲကာ ထွက်ခွာသွားတယ်။
Chapter-717
End
Book(29)
အပိုင်း(၇၁၈)
ကြောင်သူတော် (၁)
အပျော်စံအိမ်တော်...သူ့မျက်ဝန်းများက တောက်ပနေပြီး လုံဖေးရဲ့နောက်ကို အလျင်စလို လိုက်ကာ ထွက်ခွာသွားတယ်။
"အနည်းဆုံးတော့ မင်းက လိမ္မာပါးနပ်ပြီး ဦးလေးကို လေးစားရကောင်းမှန်း သိတယ်... လှပတဲ့ အမျိုးသမီးလေးတွေရှိတဲ့ အပျော်စံအိမ်တော်မျိုး ဝိညာဉ်မြို့တော်မှာ ရှိတယ်ကြားတယ်...သွားမယ်... ငါမင်းကို အဲ့နေရာ ချက်ချင်း ခေါ်သွားပေးမယ်"
....
မြို့သခင် အိမ်တော်
ခမ်းနားထည်ဝါတဲ့ စာကြည့်ခန်းအတွင်းမှာ လင်းယွမ်ရဲ့လက်က စားပွဲပေါ်မှ ပန်းချီကို ကြင်နာစွာ ပွတ်သပ်နေခဲ့တယ်။သူ့အကြည့်များက နူးညံ့သိမ်မွေ့နေတာပေါ့။
ပန်းချီကားထဲမှ အမျိုးသမီးက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့ရုပ်ရည်က အလွန့်ကို သိမ်မွေ့လှပတယ်။ သူမရဲ့လက်မှာ ကျောက်စိမ်း ပုလွေ တစ်လက် ရှိပြီး ပြုံးနေသော မျက်နှာနဲ့ သစ်ပင်ခြေရင်းမှာ ဆွဲဆောင်မှုရှိစွာ ထိုင်နေတယ်။သူမရဲ့ အပြုံးက ခြောက်သွေ့ မှိုင်းထိုင်းနေတဲ့ နေရာတစ်ခုကို ထွန်းလင်း တောက်ပြောင် နွေးထွေးစေတဲ့ နေရောင်လိုပါပဲ။
"ဖူရှန်"
လင်းယွမ်လည်း ခါးကိုင်းကာ ပန်းချီကာကို လျှာဖြင့် လျက်လိုက်တယ်။သူ့မျက်နှာအမူအရာက စွဲလမ်းနှစ်သက်မှုကို ဖော်ပြနေပြီး ချိုသာစွာ တီတိုးစကား ပြောနေခဲ့တယ်။
"မင်းက လူဖြစ်ဖြစ် ဝိညာဉ်သားရဲ ဖြစ်ဖြစ် ကိုယ် ... မင်းကို ပိုင်ဆိုင်ရမယ်...မင်းကိုတွေ့ရဖို့ ပြန်လမ်းမဲ့ သစ်တောတစ်ခုလုံးကို မီးရှို့ပစ်မယ်"
အတိတ်ကဆိုရင်တော့ သူ့မှာ ဒီလိုစိတ်ကူးမျိုး ရှိမှာ မဟုတ်ဘူး။ သိပ်မကြာခင်ရမှ ဒီသတင်းကို သူ ကြားခဲ့ရတာ...။
ပြန်လမ်းမဲ့ သစ်တောထဲက သားရဲဘုရင် အားလုံးကို ချိတ်ပိတ်ထားတယ်တဲ့။
ကောင်းကင်ဘုံက သူ့ရဲ့အလိုဆန္ဒကိုသိလို့ ဖြည့်ဆည်းပေးလိုက်တာ ဖြစ်မယ်။
"အဖေ"
တံခါးအပြင်ဘက်မှ အေးတိအေးစက် အသံကို ကြားလိုက်ရတော့ လင်းယွမ်လည်း ထိတ်လန့်သွားပြီး အလျင်စလို ပန်းချီကားကို သိမ်းကာ ပြန်မဖြေခင် ချောင်းခြောက်ဆိုးလိုက်တယ်။
"ဝင်ခဲ့တယ်"
အခန်းတံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လာခဲ့တယ်။ နေရောက်အောက်မှာမိန်းမပျိုတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာတယ်။ သူမရဲ့ပုံစံက အေးတိအေးစက်နိုင်ပြီးကြည်လင် လှပတဲ့ အသားအရည်က နေရောင်အောက်မှာ တောက်ပနေခဲ့တယ်။
"လောရှင်း ပြန်လာပြီလား"
စောစောကလို စိတ်ကသိကအောက် ဖြစ်နေသော ပုံစံ မရှိတော့ဘဲ တည်ကြည်လေးနက်သော မျက်နှာ အမူအရာဖြင့်
"ပြန်လမ်းမဲ့ သစ်တောကို ခရီးထွက်ဖို့ ၃ရက်ကျော်လောက် လိုသေးတယ်.... အဲ့အတွက် အကောင်းဆုံး ပြင်ဆင်ထားရင် ကောင်းမယ်....ပါရမီရှင် လူငယ်လူရွယ် အများကြီးလာမှာဆိုတော့ အဲဒီလူထဲက တစ်ယောက်ကို ခင်ပွန်းအဖြစ် ရွေးချယ်လိုက်တော့"
လင်းလောရှင်းလည်း ခဏ တွေဝေသွားချိန် သူမရဲ့ စိတ်နှလုံးဝယ် ခံစားချက် ကင်းမဲ့သော မျက်နှာလေး ပေါ်လာခဲ့တယ်။
"အဖေ... သမီးရဲ့ အနာဂတ် ခင်ပွန်းလောင်းကို ရွေးချယ် ပြီးပြီထင်တယ်"
"ဪ"
လင်းယွမ်လည်း လင်းလောရှင်းကို ကြည့်လိုက်တယ်။
"ဘယ်သူများလဲ... အဖေနဲ့တွေ့ဖို့ ခေါ်လာခဲ့လေ"
လင်းလောရှင်းလည်း ခေါင်းခါလိုက်တယ်။
"သမီး...သူ့အကြောင်းကို စုံစမ်းတုန်းပဲ ရှိသေးတယ်... သမီး စစ်ဆေးတာကို အောင်မြင်ရင်တော့ သူ့ကို ချက်ချင်း လက်ထပ်မယ်"
ဒီစကားကို ကြားသော်လည်း လင်းယွမ်က ဘာဆိုဘာမှ မပြောပါဘူး။ သူက သူ့သမီးရဲ့ အမြင်ကို အမြဲတမ်း ယုံကြည်ထားပြီးသား။
"ဒါဆိုရင်လည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်ချပေါ့... အခုတော့ ထွက်သွားနိုင်ပြီ"
လင်းယွမ်လည်း လက်ကို ယမ်းကာ ဂရုမစိုက်ဟန် ပြောလိုက်တယ်။
"ဟုတ်ကဲ့"
လင်းလောရှင်းလည်း ဂါရဝပြုကာ စာကြည့်ခန်းမှ ထွက်ခွာလာခဲ့တယ်။ ထိုစဉ် သူမရဲ့နှလုံးသားလေး အနည်းငယ် စိတ်အေးချမ်းသလို ခံစားရတယ်။ သူမရွေးချယ်တဲ့လူကို သူ့အဖေက ငြင်းဆန်မယ်လို့ တွေးထင်ခဲ့တယ်။ ဒီလိုဆိုရင် သူ့အဖေက သူမရွေးချယ်တဲ့ လူအကြောင်းစုံစမ်းဖို့ လူလွှတ်ပြီး သူမရဲ့ အစီအစဉ်ကို နှောင့်ယှက်မှာ သေချာတယ်။
လင်းယွမ်က နောက်ထပ် စစ်ဆေးမေးမြန်းခြင်း မပြုမှ သူမ စိတ်အေးရတော့တယ်။ တစ်ဖက်လူက သူမကို မြန်မြန် ထွက်သွားစေချင်တာကိုတော့ မသိရှာပါဘူး။
လင်းလောရှင်းက စာကြည့်ခန်း တံခါးကို ပိတ်လိုက်ချိန် လင်းယွမ်လည်း ပန်းချီကားကို နောက်တစ်ကြိမ် ဆွဲထုတ်လိုက်ကာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လျှာဖြင့် အထက်မှ အောက် အနှံ့ လျှာဖြင့်လျက်နေခဲ့တယ်။သူ့မျက်နှာအမူအရာက လူအစစ်ကို လျှာဖြင့်လျက်နေသလိုပါပဲ။
အထူးသဖြင့် ပန်းချီကားထဲမှ အမျိုးသမီးကို လျှာဖြင့် လျက်နေစဉ် ညစ်ညမ်းသော ညည်းညူသံကို ပေးနေတယ်။
....
၃ရက်ကြာပြီးနောက် ဝိညာဉ်မြို့တော်မှ ပါရမီရှင်များက ပြန်လမ်းမဲ့ သစ်တောကို ခရီးထွက်ခွာကြတယ်။ မနက်အစောကြီးမှာတင် မြို့ဂိတ် တစ်ခုလုံး ပြည့်ကျပ်နေခဲ့တယ်။ယွမ်လော့ဖုန်းနဲ့တခြားသောလူများလည်း ဒီနေရာ လူအုပ်ထဲ ရောက်နှင့်နေပြီးသားပါ။
"အားလုံးပဲ"
လင်းယွမ်...လက်ကို မြှောက်လိုက်ချိန် ဆူညံ့နေတဲ့ လူအုပ်ကြီး ချက်ချင်း တိတ်ဆိတ်သွာားခဲ့တယ်။
သူလည်း လည်ချောင်းရှင်းကာ ဆက်ပြောလိုက်တယ်။
"ငါတို့တွေ...သွားမယ့်နေရာက ပြန်လမ်းမဲ့ သစ်တောဆိုတာ ဒီမှာရှိနေတဲ့ လူအားလုံး သိမှာပါ...ဘေးအန္တရာယ်များနဲ့ နေရာတစ်ခု အဖြစ် ယူဆလို့ရပါတယ်...ခရီးစဉ်မှာ ဘေးဒုက္ခတွေ ရှိနေမယ်ဆိုရင်တောင် ငါတို့ အသက်ရှင်နိုင်ရမယ်...မင်းတို့တွေ အသက်ရှင်နိုင်ရင်လည်း တခြားသူထက် သာလွန်တဲ့ ခွန်အားကို ရရှိမှာပါ"
Chapter-718
End
Book(29)
719+720
အပိုင်း(၇၁၉)
ကြောင်သူတော် (၂)
"ဒါနဲ့..."
လင်းယွမ်လည်း ခဏရပ်တန့်လိုက်တယ်။
"ငါတို့နဲ့ ပြန်လမ်းမဲ့ သစ်တောထဲက သားရဲဘုရင်တွေ မတိုက်ခိုက်နိုင်ဘူးလို့ ကြားထားတယ် တခြားသားရဲတွေနဲ့ပဲ ရင်ဆိုင်ဖို့ လိုအပ်မယ်...ဒါကြောင့် ဒီတာဝန်က မင်းတို့တွေးထင်သလို မခက်ခဲဘူး"
ဟာ...
လူအုပ်ကြီးမှာ ရုတ်တရက် အုတ်အုတ်သောင်းသောင်း ဖြစ်သွားခဲ့တယ်။ လင်းယွမ်ရဲ့စကားက တည်ငြိမ်နေတဲ့ ရေပြင်ကို ကျောက်တုံးနဲ့ ပစ်လိုက်သလိုပါပဲ။
"မြို့သခင်... ကျုပ်တို့တွေ နားမလည်နိုင်တာ ရှိတယ်... ဒီတာဝန်က ဘေးအန္တရာယ် မရှိဘူးဆိုရင် ဘာကြောင့် ကျုပ်တို့ကို အတူတူ ခေါ်သွားရလဲ"
လင်းယွမ်လည်း ပြုံးကာ သဘောထားကြီးစွာ ပြောလိုက်တယ်။
"လင်းယွမ်ဆိုတဲ့ ကျုပ်က ရတနာပစ္စည်းတွေကို တစ်ယောက်တည်း အပိုင်သိမ်းတတ်သူ မဟုတ်ဘူး... ပြန်လမ်းမဲ့ သစ်တောထဲမှာ ရတနာ ပစ္စည်းတွေ ပေါ်တတ်တယ်ဆိုတော့ လူတိုင်းနဲ့ မျှဝေချင်တယ်... ဒါက ကျုပ်ရဲ့ စိတ်သဘောထားပဲ"
အားလုံးက သူ့ကို ကျေးဇူးတင်သော အကြည့် လေးစားသော အကြည့်များဖြင့် ကြည့်နေခဲ့တယ်။
"မြို့သခင်ရဲ့ အကျင့်စာရိတ္တက လေးစား ဂုဏ်ယူဖို့ ကောင်းမွန်ပါတယ်... ငါတို့တစ်ဘဝလုံး ဒီလိုစိတ်ထားကောင်းတဲ့ လူကို မတွေ့ဖူးဘူး"
"တခြားတစ်ယောက်ဆိုရင် ရတနာပစ္စည်းအားလုံးကို တစ်ယောက်တည်း အပိုင်သိမ်းမှာလေ။ မြို့သခင် တစ်ယောက်တည်း ငါတို့နဲ့ မျှဝေချင်တဲ့ ဆန္ဒရှိတယ်"
"မြို့သခင်...သက်တော်ရာကျော် ရှည်ပါစေ"
ပဲ့တင်သံက မြို့တံခါးအပြင်ဘက်အထိ ဟိန်းထွက်လာခဲ့တယ်။
ဘယ်သူမှ လင်းယွမ်ရဲ့စကားကို ဝေဖန်ခြင်းမရှိသလို... လူတိုင်းလိုလို သံသယမရှိ အကြွင်းမဲ့ ယုံကြည်နေတယ်။
"ကြောင်သူတော်"
လုံဖေးလည်း သရော်ကာ ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်တယ်။ သူ့အသံက အလွန့်ကို တိုးလျပြီး သူ့အသံကို တခြားသောသူများရဲ့ စိတ်အား ထက်သန်နေသော အသံက ဖုံးလွှမ်းသွားတယ်။ဘယ်သူမှ သူ့တည်ရှိမှုကို သတိမထားမိဘူး။
လင်းယွမ်လည်း နောက်တစ်ဖန် လက်ကိုမြှောက်လိုက်ပြီး ဂရုမစိုက်ဟန် ပြောလိုက်တယ်။
"ကျုပ်က ပြန်လမ်းမဲ့ သစ်တောထဲဝင်တာ ရတနာရှာဖို့ မဟုတ်ရပါဘူး... ကျုပ်ရဲ့သမီးချောလေးကို လက်တွေ့ဘဝရဲ့ အတွေ့အကြုံကို မြင်စေချင်လို့ပါ... ဒါကြောင့် ပြန်လမ်းမဲ့သစ်တောထဲက ဘယ်ရတနာပစ္စည်းကိုမှ မယူပါဘူး အားလုံးကို မင်းတို့တွေ စုဆောင်းနိုင်ပါတယ်"
သူ့စကားကြောင့် လူအုပ်ကြီးမှာ အုတ်အော်သောင်းတင် ဖြစ်သွားပြန်တယ်။ တချို့ဆိုရင် စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်ကျနေတယ်။ သူတို့ တစ်ဘဝလုံး လင်းယွမ်လို အတ္တကင်းတဲ့လူကို မတွေ့ဖူးဘူး။ မြင့်မြတ်တယ်ဆိုတဲ့ ဂုဏ်ဒြပ်က လင်းယွမ်နဲ့ပဲ ထိုက်တန်တယ်။
နက်နက်ရှိုင်းရှိုင်းကို ကျေးဇူးတင်နေတဲ့ မျက်နှာအမူအရာများကို ကြည့်ရင်း လင်းယွမ်လည်း အတွင်းကျိတ် သရော်လိုက်တယ်။
နလပိန်းတုံးတွေ...။
သူကိုယ်တိုင်တောင် ရတနာတွေ ဘယ်မှာရှိမှန်း မသိခဲ့ဘူး။ အမျိုးသမီးတစ်ယောက်ကို ရှာဖို့အတွက်ပဲ ပြန်လမ်းမဲ့ သစ်တောထဲ ဝင်ခဲ့တာ... ဒီလူတွေကို အသေခံ စစ်သည်တော်တွေ အဖြစ် သဘောထားခဲ့တာကို သူတို့က ကျေးဇူးတင်နေသတဲ့လား...ရယ်စရာကောင်းလိုက်တာနော်။
ဒါပေမဲ့လည်း လူတိုင်းမှာ မျှော်လင့်ချက် ရှိသင့်တယ်လေ။
လင်းယွမ်လည်း သူ့စကားကို မတုန်လှုပ်တဲ့ လူတစ်စုကို ရုတ်တရက် ရှာတွေ့သွားခဲ့တယ်။ သူ့စကားကို လက်သင့်မခံဘဲ မတ်တတ်ရပ်နေတယ်။ သူ့အစီအစဉ် ညံ့ဖျင်းခြင်းကို သိလို့တော့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ သူတို့မျက်နှာက မထီမဲ့မြင်အမူအရာကို ပြသနေတယ်။
"အဟွတ် အဟွတ်"
လင်းယွမ်လည်း ချောင်းခြောက်ဆိုးကာ ခက်ထန်သော အကြည့်နဲ့ စိတ်ဝင်စားမှု မရှိတဲ့ လူတစ်စုကို မေးလိုက်တယ်။
"မင်းတို့ လေးယောက်မှာ တခြား အတွေးများ ရှိလား... သိခွင့်ရှိမလား"
လူလေးယောက်ထဲမှာ လူလတ်ပိုင်း အမျိုးသားက လွဲရင် ကျန်သူ အားလုံးက အသက်ငယ်တယ်။ အထူးခြားဆုံး ယောကျ်ားလေးနဲ့ ရှေ့မှာရပ်နေတဲ့ မိန်းကလေးပဲ။အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက အခုခေတ် မျိုးဆက်မှာ ယှဉ်လို့ မရနိုင်အောင် လှပချောမောတယ်။ သူမက ပျင်းရိလေးတွဲစွာ မြို့တံတိုင်းကို မှီနေပြီး သူမရဲ့မျက်ဝန်းနက်များက ပြုံးရိပ်သန်းနေခဲ့တယ်။
အမည်းရောင်ဝတ်စုံနဲ့ အမျိုးသားက သူမရဲ့ဘေးနားမှာ ရပ်နေခဲ့ပြီး ခက်ထန်ကာ ခံစားချက် ကင်းမဲ့သော မျက်နှာအမူအရာ ရှိတယ်။ သူ့မျက်နှာက ပဟေဠိဆန်လွန်းတယ်။သူ့ဘေးနားက မိန်းမပျိုလေးကို မလှုပ်မယှက် စောင့်ကြည့်နေတဲ့ နတ်ဘုရား တစ်ပါးနဲ့ တူတယ်။
"ဒီလူတွေက ဘယ်သူတွေလဲ... ဘယ်သူက သူတို့ကို ဖိတ်လိုက်လဲ"
ရုတ်တရက် လူအုပ်ကြီးထဲမှ မကျေမနပ်အသံ ထွက်ပေါ်လာတယ်။
"မြို့သခင်က ငါတို့အတွက် အများကြီး စွန့်လွှတ် အနစ်နာခံခဲ့တာကို ဒီလူတွေက ကျေးဇူးတင်တဲ့ အမူအရာလေးတောင် မပြသဘူး...သူတို့ရဲ့ အရှက်မဲ့တဲ့ စရိုက်က မြို့သခင်ရဲ့ဂုဏ်ယူဖွယ်ကောင်းတဲ့ အကျင့်စရိုက်ကို ကန့်လန့်တိုက်နေသလိုပဲ"
Chapter-719
End
အပိုင်း(၇၂၀)
ကြောင်သူတော် (၃)
"ငါ ကိုယ်တိုင်လည်း မြို့သခင်လောက် မမြင့်မြတ်ပါဘူး...ဒါပေမဲ့ မြို့သခင်ရဲ့ စတေးမှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ လေးစားမှုတော့ ပြသသင့်တယ်... အခုတော့ သူတို့က မြို့သခင်မေးတဲ့ မေးခွန်းကို လျစ်လျူရှုရဲတယ်"
လူတိုင်းက ဒီစကားတစ်ခွန်းကိုပဲ ထပ်တလဲလဲ ပြောပြီး ယွမ်လော့ဖုန်းတို့အဖွဲ့ကို မကျေမနပ် ဖြစ်နေတယ်။ အတွင်းကလီစာများ တုန်ရီတဲ့အထိ လုံဖေးက ဒေါကန်မိတယ်။ နလပိန်းတုံးများကို မကျေမနပ် ကြည့်လိုက်တယ်။
ဒီလူတွေ အားလုံး ပြန်လမ်းမဲ့ သစ်တောထဲ ရောက်မှ နာကြည်းမှု မကျေနပ်မှုကို ခံစားစေမယ်။
"မှန်ပါတယ်"
လူတစ်စုရဲ့ ဒေါသထွက်နေတဲ့ အသံအောက်မှာ နောက်ဆုံးတော့ ယွမ်လော့ဖုန်းဘက်က စကား စပြောလာခဲ့တယ်။
"ကျွန်မက အမျိုးသမီး တစ်ယောက်ရဲ့ ပန်းချီကားကို ကိုင်ဆောင်ပြီး လိင်စိတ် မဖြေဖျောက်တော့ မြို့သခင်လောက် ဂုဏ်သရေ မတင့်တယ်ပါဘူး"
လင်းယွမ်လည်း ပျာယာခတ်နေသော မျက်ဝန်းများဖြင့် နားမလည်နိုင်စွာ ကြည့်လာခဲ့တယ်။
သူမ သိနေတယ်။
ဘယ်လို သိသွားတာလဲ။
ဒီကိစ္စကို သူ့သမီးကိုယ်တိုင်တောင် မသိတာ... ဒီမိန်းကလေးက ဘယ်လိုသိနေတာလဲ... သူမက ဘယ်သူလဲ။
လုံဖေးလည်း ယွမ်လော့ဖုန်းကို နားမလည်နိုင်စွာ ကြည့်လိုက်တယ်။ သူ့အကြည့်များက ဒွဟဖြစ်မှုကို ဖော်ပြနေလေရဲ့။
"မိန်းကလေး"
လင်းယွမ်ရဲ့မျက်နှာအမူအရာက တည်ငြိမ်နေခဲ့တယ်။
"မိန်းကလေး...ကျုပ်ကို သိက္ခာချဖို့ ဘယ်သူ မြှောက်ပေးလဲတော့ မသိဘူး... လင်းယွမ်ဆိုတဲ့ ကျုပ်က ဇနီးသည်ကို သစ္စာရှိတာ ဒီမှာရှိတဲ့ လူတိုင်း သိပါတယ်... ဘယ်တုန်းကမှ ကိုယ်လုပ်တော် မယူခဲ့ဘူး ပန်းချီကားတစ်ချပ်နဲ့ စိတ်ကူးယဉ်တယ်လို့ ပြောရဲတယ်"
"ကိုယ်လုပ်တော် မယူတာက အိမ်တော်အပြင်မှာ တခြားမိန်းမ ရှိတယ်လို့လည်း ဖြစ်နိုင်တယ်"
လင်းယွမ်ရဲ့မျက်နှာအမူအရာက နောက်တစ်ဖန် ပြောင်းလဲသွားပြန်တယ်။
"မိန်းကလေး... မင်း ပြောတဲ့ စကားအတွက် တာဝန်ယူနိုင်လား... မင်းက ငယ်ရွယ်ပြီး ဂုဏ်မောက်မှန်း ငါသိတယ်... ဒါကြောင့် မင်းနဲ့ ပြိုင် မငြင်းချင်ဘူး...နောက်ဆို မင်း သူများ မကောင်းကြောင်း ပြောမယ်ဆိုရင် သက်သေ အခိုင်အမာရှိမှ ပြောရင်ကောင်းမယ်"
လင်းယွမ်နဲ့ ယွမ်လော့ဖုန်း ငြင်းခုန်နေစဉ် အားလုံးက တိတ်ဆိတ်နေပြီး သူမကို ပိုပြီး အကဲခတ်နေတယ်။ ဒီလူတွေ သူမကို အလွန်အမင်း ဒေါသထွက်နေမှာပဲ။ သူတို့ရဲ့စိတ်ထဲမှာတော့ လင်းယွမ်က ဂုဏ်သိက္ခာ အရှိဆုံး လူသားပေါ့... ဒီအမျိုးသမီးက သူ့ကို စွပ်စွဲရဲတယ်ပေါ့။သူတို့ သည်းမခံနိုင်ဘူးပေါ့။
"မိန်းကလေး...မြို့သခင်က စိတ်ထားကောင်းတယ်... မင်းနဲ့ ပြိုင် မငြင်းချင်ဘူး...ငါတို့သာဆိုရင် မင်းကို လွှင့်ထွက်သွားအောင် ပါးရိုက်မှာလေ"
"မြို့သခင်ရဲ့ တရားမျှတမှုကို မသိရင် သခင်မလေးလောရှင်းရဲ့ ငြိမ်သက် အေးချမ်းတဲ့ စရိုက်ကို ကြည့်လိုက်စမ်းပါ... မင်း စကားပြောတဲ့ ပုံစံက စရိုက်ဆန်တယ်"
"ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတိုင်း သခင်မလေး လောရှင်းနဲ့တူရင် အမျိုးသားအားလုံး ကံကောင်းနေမှာပေါ့... သူမရဲ့ ဆံခြည်မျှင် တစ်မျှင်တောင် မမှီတဲ့ လူတချို့ရှိတယ်"
ဖြန်း...
ဒီအမျိုးသားလေး စကားပြောလို့ မပြီးခင်မှာဘဲ သူ့ကို မူးဝေသွားစေတဲ့ လက်ဝါးချက် မျက်နှာပေါ် ကျရောက်လာတယ်။သူ့မျက်ဝန်းများကို မှောင်မိုက်သွားစေတယ်။ထို့နောက် သူလည်း ဒေါနဲ့မောနဲ့ စကားပြောလိုက်တယ်။
"ဘယ်သူလဲ... စောနက ငါ့ကို ဘယ်သူ ရိုက်တာလဲ"
တိတ်ဆိတ်နေတယ်...ထူးထူးခြားခြား မြို့ဂိတ် တစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်။
လူငယ်လေးလည်း သူ့ဘေးနားက အမျိုးသားရဲ့ အင်္ကျီလည်ပင်းကို ဆုပ်ကိုင်ကာ ဒေါသဖြင့် ကြိမ်ဝါးလိုက်တယ်။
"ပြောစမ်... ငါ့ကို ဘယ်သူ ရိုက်လိုက်တာလဲ"
"မင်း ရူးနေလား"
ထိုလူက သူ့ဘေးနားက လူငယ်ကို တွန်းထုတ်ကာ အင်္ကျီကော်လံကို ပြန် သပ်သပ်ရပ်ရပ် လုပ်လိုက်တယ်။
ဖြန်း
နောက်ထပ် ရိုက်ချက်က လူငယ်လေးရဲ့ ခန္ဓာကိုယ်ကို လွင့်စဉ်သွားစေတယ်။ ဒီမြင်ကွင်းကြောင့် လူအားလုံးက သက်ပြင်းရှိုက်ကြတယ်။
သူတို့တွေ တကယ်ပဲ သရဲနဲ့ ပက်ပင်းတိုးတာလား။
လူငယ်လေးလည်း မြေကြီးပေါ်မှ ကုန်းရုန်းထကာ ဆက်လက်ပြီး ပြစ်တင် ပြောဆိုချင်တဲ့ စိတ် မရှိတော့ဘူး။ သူ့အသားအရည်က ဖြူဖျော့ရာမှ စိမ်းကာ သူ့မျက်ဝန်းများက ကြောက်လန့်မှုကို ဖော်ပြနေတယ်။ သူ့ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်ရီနေခဲ့တယ်။ မမြင်ရတဲ့ ရန်သူလောက် ကြောက်ဖို့ကောင်းတဲ့ ရန်သူ မရှိဘူး။
"တော်သင့်ပြီ"
လင်းယွမ်လည်း မျက်မှောင်ကြုတ်ကာ စကားပြောနေတဲ့ လူငယ်လေးကို ကြည့်လိုက်တယ်။
"မင်းရဲ့ခန္ဓာကိုယ် တစ်ခုခု ဖြစ်နေလား.. အကြောဆွဲတာ ဖြစ်မှာပါ...ငါ့အိမ်တော်မှာ သမားတော် ရှိတယ်... မင်း ခရီးစဉ် မလိုက်နဲ့တော့ ငါ့အိမ်မှာ အနားယူလိုက်ဦး"
ထိုလူငယ်လေးမှာ အတော့်ကို တုန်လှုပ်မိပါရဲ့။ပါးရိုက်ခံရသလို ခံစားမိတယ်။
Chapter-720
End
Book(29)
721+722
အပိုင်း(၇၂၁)
ကြောင်သူတော် (၄)
တခြားလူတွေက သူ့ကို လျစ်လျူရှုထားတယ်။
"ဟုတ်တယ်...အကြောဆွဲတာ ဖြစ်မယ်... တခြားသူက သူ့ကို ပါးရိုက်တာ ဖြစ်နိုင်ပါ့မလား... ငါ တခြားတစ်ယောက်ကို မတွေ့မိပါဘူး"
"မြို့သခင်က တကယ့်ကို ကြင်နာတတ်တာပဲ...သူ့ကို ကုသပေးဖို့ အိမ်တော်က သမားတော်ကို ပေးသေးတယ်... ဒီလို ကြင်နာတတ်တဲ့ အာဏာရှိသူကို မတွေ့ဖူးဘူး"
မြို့စားမင်းကို ကြည့်နေတဲ့ အားလုံးရဲ့အကြည့်မှာ လေးစားမှုများ ပြည့်နှက်နေခဲ့တယ်။ သူတို့ နှလုံးသားဝယ် ကိန်းအောင်းနေတဲ့ သူ့နေရာက အနည်းငယ် တိုးတက်သွားတယ်။
ယွမ်လော့ဖုန်းလည်း သူမရဲ့ဘေးနားမှာ ရပ်နေတဲ့ အမျိုးသားလေးကို ကြည့်လိုက်တယ်။ တခြားသူတွေ မမြင်နိုင်သော်လည်း စောစောက ယွမ်ရှောင်ရဲ့ လှုပ်ရှားမှုမှန်း သူမ သတိထားမိပါတယ်။ဒီအကြောင်းကို တွေးမိတော့ သူမရဲ့ နှုတ်ခမ်းလေးကို တွန့်ကွေးကာ ပြုံးလိုက်တယ်။
"ယွမ်ရှောင်... စောစောက တိုက်ခိုက်မှုကို နာမည်ပေးဖို့ စဉ်းစား ပြီးပြီလား"
"မပေးရသေးဘူး"
ယွမ်လော့ဖုန်းလည်း မေဖျားလေးကို ဆိတ်ကာ မျက်တောင်ခတ်နေခဲ့တယ်။
"ဒါဆို...လေထဲမှာ နွားကို ရိုက်ခြင်းလို့ နာမည်ပေးမယ်"
ဒဏ္ဍာရီလာ လေထဲ နွားကို ရိုက်ခြင်း တိုက်ကွက် အသစ်...။
လုံဖေးလည်း နားမလည်နိုင်စွာ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်တယ်... နာမည်က အပေါစားဆန်လိုက်တာ...။
သူ ဝင်ရောက် ပြောဆိုချင်သော်လည်း ထိုလူရဲ့ ခပ်ဩဩ မသဲမကွဲ အသံကို ကြားလိုက်ရတယ်။
"အဆင်ပြေတယ်"
အဆင်ပြေတယ်လား
အဆင်ပြေတယ်လို့ ပြောလိုက်တာလား။
ဒီအပေါစားဆန်တဲ့ နာမည်ကို ဒီလူ လက်ခံလိုက်တာလား။
လုံဖေးလည်း ပြောစရာ စကားမဲ့လောက်အောင် ဖြစ်သွားခဲ့တယ်။ သူ့သခင်ရဲ့ချစ်သူက သူမ ပြောသမျှ စကားတိုင်းကို လက်သင့်ခံတာလား။
"လင်းယွမ်က ပန်းချီကားနဲ့ လိင်စိတ်ကူးယဉ်နေတာကို သခင် ဘယ်လို သိနေတာလဲ"
လုံဖေးလည်း မေးခွန်းမေးနေစဉ် တစ်စုံတစ်ရာကို တွေးတောလိုက်မိတယ်။
ယွမ်လော့ဖုန်းလည်း သူ့ကို ကြည့်လိုက်တယ်။
"ငါ့ကို အကူအညီတောင်းတဲ့နေ့ လွန်ခဲ့တဲ့ ၃ရက်တည်းက သိတာ...သတင်းအချက်အလက်ကို စုံစမ်းဖို့ နို့လက်ဖက်ရည်လေးကို မြို့စားမင်း အိမ်တော် လွှတ်လိုက်တယ်... မထင်မှတ်ဘဲ... နို့လက်ဖက်ရည်လေးက ဒီမြင်ကွင်းနဲ့ ပက်ပင်းတိုးခဲ့တာ...
အစကတော့ ယွမ်လော့ဖုန်းက သာမန်ကာလျှံကာ ပြောတယ်လို့ လုံဖေး ထင်ခဲ့ပြီး အမှန်တကယ်လို့ မထင်ခဲ့မိဘူး။ထို့နောက် သူလည်း စူးကျန်းဘက် ချက်ချင်း လှည့်လိုက်တယ်။
"ဦးလေးထက်ပိုပြီး အောက်တန်းကျတဲ့လူ ရှိမယ်လို့ မထင်ခဲ့မိဘူး"
သူ့ဦးလေး အတွင်းခံ အဝတ်အစားကို ချောင်းကြည့်ရုံ... ခိုးယူရုံသာ အများဆုံး လုပ်ဆောင်ခဲ့တာပါ။ ပန်းချီကားနဲ့ စက်ဆုပ်ရွံရှားဖွယ်ကောင်းတဲ့ ကိစ္စကို လုပ်ဆောင်တာထက်တော့ သာလွန်ပါသေးတယ်။ အနှစ်ချုပ်ပြောရရင် သူ့ဦးလေးရဲ့ အပြုအမူက ပိုပြီး သင့်တင့်လျှောက်ပတ်တယ်လို့ ပြောလို့ ရတယ်။
"မှန်တာပေါ့"
စူးကျန်းလည်း ခေါင်းမော့ ရင်ကော့ကာ သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူ ဝင့်ကြွားနေခဲ့တယ်။
"ဘာပဲဖြစ်ဖြစ် မင်းရဲ့ ဦးလေးဖြစ်တဲ့ ငါ့မှာ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းတဲ့ စရိုက် ရှိပါတယ်။ ငါနဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူယုတ်မာကို ယှဉ်လို့ ရပါ့မလား။ ငါကတော့ သူ့ကို အထင်မြင်သေးတယ်"
လုံဖေးလည်း သူ့နဖူးပေါ် လက်တင်ထားလိုက်တယ်။ သူလည်း ဒီလူနဲ့ ရင်းနှီး ကျွမ်းဝင်ခွင့် မရှိဖို့ အမှန်တကယ် ဆုတောင်းမိပါတယ်။
ကံကောင်းစွာနဲ့ လင်းယွမ်တို့သားအဖကို လူအုပ်ကြီး ဝန်းရံထားလို့ ယွမ်လော့ဖုန်းတို့ အုပ်စုကို သတိမထားမိဘူး။ဒါကြောင့်လည်း သူတို့ပြောနေတာကို ဘယ်သူမှ မကြားဘူး။
"မြို့စားမင်း...ကျွန်တော်တို့ မဖြေရှင်းရသေးတဲ့ ကိစ္စ ရှိသေးတယ်... သခင့်ကို သိက္ခာချတဲ့ ဒီလူတွေကို ဘယ်လို လုပ်ဆောင်သင့်လဲ"
"လူတိုင်းသိတဲ့ အတိုင်းပဲ မြို့စားမင်းက သူ့ဇနီးကို သစ္စာစောင့်သိပြီး ဘယ်တုန်းကမှ ကိုယ်လုပ်တော် မယူခဲ့ဘူး။ဒီလောကကြီးထဲမှာ သစ္စာစောင့်သိတဲ့ ယောကျ်ားတချို့တလေပဲ ရှိတယ်။ဒါပေမဲ့ ဒီမိန်းကလေးက မြို့စားမင်းကို မှားယွင်း စွပ်စွဲတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပန်းချီကားကို ကြည့်ပြီး စိတ်ကူးယဉ်တယ်လို့ ပြောရဲသေးတယ်... မြို့စားမင်း မပြောနဲ့ ဘယ်သူမှ ဒီလို ကိစ္စမျိုးကို မလုပ်ဆောင်ဘူး"
ယွမ်လော့ဖုန်းကို ကိုက်စားတော့ မတတ် ဒေါသထွက်နေသော မျက်ဝန်းများဖြင့် စိန်းစိန်းဝါးဝါး ကြည့်နေခဲ့တယ်။ယွမ်ရှောင်ရဲ့လက်က နောက်တစ်ကြိမ် ဖြည်းဖြည်းချင်း မြှောက်လာပြီး...
ယွမ်လော့ဖုန်းက သူ့လက်ချောင်းများကို ထိန်းချုပ်လိုက်ပြီး အသက်ရှူမှားလောက်တဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ကို ဖန်ဆင်းလိုက်တယ်။
"စကားတစ်ခွန်းကို ကျွန်မ လက်ဆောင်ပေးလိုက်မယ်... ရှင် လုပ်ဆောင်ခဲ့တာကို တခြားသူတွေ မသိစေချင်ရင် ဆက်မလုပ်နဲ့တော့"
လင်းယွမ်ရဲ့နှလုံးသားက အနည်းငယ် တုန်ယင်လာရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး... ဒီမိန်းမပျိုလေးက သူ့အကြောင်း ကောင်းကောင်း သိနေတယ်လို့ ခံစားမိတယ်။ ပြန်လမ်းမဲ့သစ်တောထဲ သူ ဘာလုပ်မယ်ဆိုတဲ့ ကိစ္စကိုတောင် သိနေခဲ့တယ်။
"ဘာမဟုတ်မမှန် ပြောနေတာလဲ"
သူလည်း အပြစ်ကင်းစင်ချင်ယောင်ဆောင်ဖို့ ဒေါသတကြီး အော်ဟစ်လိုက်တယ်။
"ကျွန်မ ရှင့်ကို တစ်ခွန်းတည်းပဲ မေးချင်တယ်...ပြန်လမ်းမဲ့ သစ်တောထဲက ဘာရတနာပစ္စည်းမှ မယူဘူးလို့ ရှင် ကတိပေးနိုင်မလား...တန်ဖိုးရှိတဲ့ ဆေးဖက်ဝင် ဆေးမြစ်တွေ အပါအဝင် ဘာဆိုဘာမှ မယူဘူးလို့ ပြောနိုင်မလား"
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်တော့ သူမရဲ့နှုတ်ခမ်းလွှာပေါ်မှာ စဉ်းလဲသော အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့တယ်။
ရတနာ ရှာဖွေမယ်ဆိုတဲ့ ခံစားချက်ရှိသော်လည်း သူတို့ကို ပိုင်ဆိုင်ခွင့် မရှိနိုင်တဲ့ ဒွဟဖြစ်မှုက သူ့အတွက်တော့ ခက်ခဲလွန်းပါတယ်။ ထိုအချိန်ခဏလေးအတွင်း သူ့မှာ ရတနာများကို ပိုင်ဆိုင်ချင်စိတ် ပေါက်ဖွားလာပြီး သူ ပြောသမျှ အားလုံးက အလိမ်အညာပါ။
Chapter-721
End
အပိုင်း(၇၂၂)
အရှက်မရှိ (၁)
လင်းယွမ်ရဲ့မျက်နှာထားက တည်ငြိမ်နေခဲ့တယ်။
"ဘာကို ဆိုလိုချင်တာလဲ...ငါပြောတဲ့ စကားကို ပြန်ရုပ်သိမ်းတယ်လို့ ထင်နေတာလား။ ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း မင်းနဲ့ စိတ်ထားတူမယ်လို့ ထင်နေလား"
လင်းယွမ်ရဲ့တရားမျှတသော စကားကို ကြားရတော့ လူတိုင်းက ယွမ်လော့ဖုန်းကို ဒေါကန်သော အမူအရာဖြင့် ကြည်လာခဲ့တယ်။ အခြေအနေကို ကောင်းကောင်း မရိပ်မိရင်တော့ ယွမ်လော့ဖုန်းက သူတို့ကို သည်းမခံနိုင်လောက်အောင် ရန်စနေတယ်ပေါ့။
"အဖေ"
လင်းလောရှင်းလည်း ပျင်းရိလေးတွဲစွာ ရပ်နေတဲ့ မိန်းကလေးကို ကြည့်ကာ ဂရုမစိုက်ဟန် ပြောလိုက်တယ်။
"ဒီစကားကု တမင်ရည်ရွယ်ပြီး ပြောတာ မဟုတ်လောက်ပါဘူး အဖေရယ်... ခွင့်လွှတ်ပေးလိုက်ပါ"
လင်းယွမ်ရဲ့တင်းမာနေတဲ့ မျက်နှာအမူအရာက ဖြည်းဖြည်းချင်း ပြေလျော့သွားပြီး တရားမျှတသော ဟန်အမူအရာဖြင့် လက်ကို နောက်သို့ ပစ်ကာ စကားဆိုလာခဲ့တယ်။
"ငါ့အကြောင်း ကောင်းကောင်းမသိလို့ ပြောတယ်လို့ပဲ ယူဆလိုက်မယ် နောက်ဆို...မြို့စားမင်း အကြောင်း ကောင်းကောင်း စုံစမ်းထားလိုက်တော့"
လုံဖေးရဲ့ မျက်နှာအမူအရာ ပျက်ယွင်းသွားတယ်။သူ့မှာ ပြောဖို့ ပြင်နေစဉ် လင်းယွမ်က ပြန်လမ်းမဲ့ သစ်တောဘက် ထွက်ခွာသွားတယ်။
ပါဝင်ပတ်သက်တဲ့ ယွမ်လော့ဖုန်းကိုယ်တိုင် တစ်ချိန်လုံး တည်ငြိမ်အေးဆေးပြီး စိတ်အနှောင့်အယှက် ကင်းစင်နေတယ်။သူမရဲ့နှုတ်ခမ်းလွှာမှာတော့ မဲ့ပြုံးတစ်ပွင့် ခပ်ရေးရေး ထင်ကျန်နေခဲ့တယ်။ သူမရဲ့ခန္ဓာကိုယ်က မြို့တံတိုင်းကို ပျင်းရိလေးတွဲစွာ မှီနေခဲ့တယ်။ သူမရဲ့ မျက်ဝန်းက ခန့်မှန်းရ ခက်ခဲ နက်နဲလွန်းတယ်။
"ဒီလူယုတ်မာလောက် အရှက်မဲ့တဲ့လူ တစ်ခါမှ မတွေ့ဖူးဘူး"
လုံဖေးရဲ့ မျက်နှာအမူအရာက အေးစက်နေပြီး ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် စကားပြောနေခဲ့တယ်။
"ငါတို့တွေ ပြန်လမ်းမဲ့ သစ်တောထဲ ဝင်တော့မှ သူတို့ကို နာကျင်မှု အရသာ မြည်းစမ်းစေမယ်"
စူးကျန်းရဲ့မျက်နှာက အကျည်းတန်နေပြီး ပြန်လမ်းမဲ့ သစ်တောထဲ ဝင်ရောက်သွားတဲ့လူများကို သွေးအေးစွာ ကြည့်နေခဲ့တယ်။
ယွမ်လော့ဖုန်းလည်း စူးကျန်းကို ကြည့်ကာ သူမရဲ့ နှုတ်ခမ်းလေးကို တွန့်ကွေးရင်း စကားပြောလိုက်တယ်။
"ဘာပဲဖြစ်ဖြစ် ရှင်က ပြန်လမ်းမဲ့သစ်တောရဲ့ ဝိညာဉ်သားရဲဘုရင် သူတို့ကို ဝင်ခွင့်ပြုမယ့်အစား အားလုံးကို သတ်လိုက်ပါလား"
စူးကျန်းရဲ့မျက်နှာတစ်ပြင်လုံးက ဘာလုပ်ရမှန်း မသိခြင်းကို ပြသနေလေရဲ့။
"ငါသာ သူတို့အားလုံးကို သတ်နိုင်ရင် လုပ်လိုက်တာ ကြာပြီပေါ့ ငါကလွဲရင် တခြားသော သားရဲဘုရင် အားလုံး ချိတ်ပိတ်ခံထားရတယ်။ ဒါကြောင့် ဒီလူတွေ ပြန်လမ်းမဲ့ သစ်တောထဲဝင်တာကို မမြင်ချင်ယောင်ဆောင်ထား ရတာပေါ့"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ စူးကျန်းကို မပြုံးတပြုံး ကြည့်လိုက်တယ်။
"လင်းယွမ်က ပြန်လမ်းမဲ့ သစ်တောကို သိမ်းပိုက်စိုးမိုးဖို့အတွက် ဒီစည်းကို ဖောက်ဖျက်ဖို့ တွေးမှာပဲ။ဒါပေမဲ့ သူ့ကို ယုံကြည်လို့ မရဘူး... ဒါကြောင့် ရှင့်ကို ဖိတ်ကြားဖို့ လုံဖေးကို ပြောရတာပေါ့"
ဒီအတွက်ကြောင့်သာ မဟုတ်ရင် ရှိသမျှ လူအားလုံးကို သတ်လိုက်တာ ကြာပေါ့။
ယွမ်လော့ဖုန်းလည်း အချိန်အကြာကြီး နှုတ်ဆိတ်နေပြီးမှ ဆက်ပြောတယ်။
"လင်းယွမ်က ချိတ်ပိတ်ထားတာကို ဖောက်ဖျက်လိုက်ရင် တခြား သားရဲဘုရင်တွေကို လွှတ်ပေးလိုက်သလို ဖြစ်မနေဘူးလား...အကျိုးဆက် အနေနဲ့ သူ့အတွက် အန္တရာယ် မရှိဘူးလား"
သူမရဲ့စိတ်ထဲမှာတော့ လင်းယွမ်က သူ့ကိုယ်သူ အန္တရာယ် ရှိတဲ့ အခြေအနေ ကျရောက်အောင် လုပ်ဆောင်မှာ မဟုတ်ဘူးပေါ့။
စူးကျန်းလည်း ခေါင်းခါလိုက်တယ်။
"ချိတ်ပိတ်ထားတာကို ဖောက်ဖျက်လည်း သားရဲဘုရင်တွေက မတိုက်ခိုက်နိုင်ဘူး...ငါကလွဲလို့ တခြားသော သားရဲဘုရင်တွေမှာ တိုက်ခိုက်နိုင်တဲ့ ခွန်အား မရှိဘူး"
"ဦးလေး"
လုံဖေးရဲ့စိုးရိမ်ဗျာပါဒများနေတဲ့ အသံက ပဲ့တင်ထပ်လာတယ်။
"ဟိုလူတွေ အဝေးကြီးရောက်သွားပြီ... ငါတို့တွေ သူတို့နောက်ကို လိုက်သင့်ပြီ"
စူးကျန်းလည်း သတိထားမိတော့ ခေါင်းညိတ်လိုက်တယ်။
"သွားမယ်"
စူးကျန်းရဲ့အရိပ်က ချက်ချင်း သူတို့ရှေ့မှ ပျောက်ကွယ်သွားတယ်။ လုံဖေးလည်း ဘာဆိုဘာမှ မတွေးနေဘဲ သူတို့နောက် အလျင်စလို လိုက်တယ်။
"ယွမ်ရှောင်...ကျွန်မတို့လည်း သွားမယ်"
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ ခါးကြောဆန့်လိုက်တယ်။ သူမရဲ့မျက်ဝန်းက အန္တရာယ် အငွေ့အသက်များ ထုတ်လွှင့်နေတယ်။
"ထျန်းရာရဲ့ မိန်းကလေးကို ထိခိုက်ခွင့် မပြုနိုင်ဘူး"
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို ငေးမော ကြည့်ကာ
"မင်း ကာကွယ်ပေးဖို့ ဆန္ဒရှိသူကို ကာကွယ်ဖို့ ကိုယ် ကူညီမယ်"
ဒီစကားမှာ တခြားပြောချင်တဲ့ စကားတစ်ခွန်းလည်း ကျန်ရှိနေပါသေးတယ်။ မင်း သတ်ချင်တဲ့လူကို သတ်ဖို့ ကိုယ် ကူညီမယ်တဲ့။ ယွမ်လော့ဖုန်းက သူ ပြောချင်တဲ့ အရာရာတိုင်းကို သိနေခဲ့တာကြောင့် ဒီစကားကိုတော့ ထည့်မပြောတော့ပါဘူး။
Chapter-722
End
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
Book(30)
အပိုင်း(၇၂၃)
အရှက်မဲ့မှု(၂)
ပြန်လမ်းမဲ့သစ်တောက မိုင်ပေါင်းများစွာ ကျယ်ပြောတယ်။ ပင်ခြေပိတ်ပေါင်းများအတွင်း ဝိညာဉ်သားရဲများ အချိန်တိုင်းလိုလို သုတ်ချေတင် ပြေးလွှားနေသော်လည်း နောက်ဆုံးတော့ လင်းယွမ်ရဲ့ လက်အောက်ငယ်သားများကြောင့် ခေါင်းဖြတ် ကွပ်မျက်ခံရတယ်။
ယွမ်လော့ဖုန်းလည်း လူအုပ်ရဲ့နောက်မှာ ဂရုမစိုက်ဟန် လမ်းလျှောက်လာတယ်။ အသက်လုနေတဲ့ တခြားသူတွေနဲ့ ယှဉ်ရင် သူမရဲ့မျက်နှာအမူအရာက အေးအေးလူလူပါပဲ။
ရယ်စရာ ကောင်းလိုက်တာ။ပြန်လမ်းမဲ့သစ်တောရဲ့သားရဲဘုရင်တစ်ပါးလုံး သူမရဲ့ဘေးနားမှာ ရှိနေပြီလေ။ လူတွေကို အချိန်တိုင်း တိုက်ခိုက်နေတဲ့ တခြားသားရဲတွေကို ကြောက်နေဖို့ လိုအပ်လို့လား။
သားရဲဘုရင်တစ်ပါးအနေနဲ့ စူးကျန်းရဲ့ ဖိနှိပ်မှုကြောင့် ထင်ပါတယ်။ယွမ်လော့ဖုန်းတို့အုပ်စုကို ဘယ်သူမှ ပြဿနာ မရှာရဲဘူး။ လင်းလောရှင်းလည်း အနောက်ဘက်မှ လမ်းလျှောက်လာတဲ့ ယွမ်ရှောင်ကို လှည့်ကြည့်လိုက်တယ်။ သူမရဲ့ ကြည်လင်တောက်ပနေတဲ့ မျက်ဝန်းမှာ ခန့်မှန်းရခက်တဲ့ အလင်းတန်းများဖြင့် ရွှန်းလဲ့နေခဲ့တယ်။ နောက်ဆုံးတော့ သူမလည်း အိတ်ဆောင် ရေဘူးကို ယူဆောင်ကာ ယွမ်ရှောင်အနား လျှောက်လာခဲ့တယ်။
"ရှင်တို့တွေ ရေဘူး မယူလာတာ သတိထားမိလို့... ဒါက ငါတို့အိမ်တော်က ပိုင်ဆိုင်တဲ့ ရေဘူးပါ... ဒါပေမဲ့ ရှင်တို့ကို ခဏငှါးထားလိုက်မယ်"
သူမက ထပ်တလဲလဲ အားလုံးလို့ ရည်ညွှန်း ပြောဆိုနေသော်လည်း သူမရဲ့ မျက်ဝန်းများက ယွမ်ရှောင်ကိုသာ ချိတ်ပိတ်ထားတယ်။ သူမရဲ့လက်ထဲမှ ရေဘူးကိုလည်း ယွမ်ရှောင် တစ်ယောက်တည်း ပေးနေတယ်။ယွမ်ရှောင်က သူမရောက်လာတာကို သတိ မထားမိ သလိုပဲ။ တစ်လျှောက်လုံး ယွမ်လော့ဖုန်းကိုသာ ကြည့်နေခဲ့တယ်။ သူ့မျက်ဝန်းမှာ ယွမ်လော့ဖုန်း တစ်ယောက်တည်း ရှိပြီး တခြားသူအတွက် နေရာမရှိဘူး ထင်ပါရဲ့။
လင်းလောရှင်းရဲ့မျက်နှာအမူအရာက အတော်လေး ကြည့်ရဆိုးနေခဲ့ပြီး ယွမ်ရှောင်ကို လှမ်းပေးနေတဲ့ သူမရဲ့လက်များကို အင်တင်တင် ဖြစ်နေခဲ့တယ်။သူမလည်း သက်ပြင်းချကာ သူမရဲ့လက်ကို ပြန်လည်ရုပ်သိမ်းချင်သော်လည်း ရုတ်တရက် ဘေးဘက်မှ လက်တစ်ဖက် ပေါ်လာပြီး သူမရဲ့ရေဘူးကို လုယူသွားတယ်။
"ကြည့်ရတာတော့ မြို့စားမင်း အိမ်တော်ရဲ့ သခင်မလေးက ပွင့်လင်းတယ် ထင်ပါတယ်"
စူးကျန်းလည်း သရော်ကာ ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်တယ်။
"တစ်စုံတစ်ယောက်က ဇနီးသည် ရှိပြီသားလေ... သူတို့ကို ဖြားယောင်ဖို့ ဆန္ဒရှိသေးတယ်... မြို့စားမင်း အိမ်တော်မှာ ကြီးပြင်းလာရတာ တကယ့်ကို ကြီးမြတ်တာပဲ ကိုယ့်သမီးကို တခြားသူရဲ့ယောကျ်ားကို ဖြားယောင်ဖို့ သင်ကြားပေးသားဟ"
ဒီစကားကို ပြောပြီး စူးကျန်းလည်း ရေဘူးကို ဖွင့်ကာ ရေဘူးလွတ် ဖြစ်တဲ့အထိ ရေကို ကုန်အောင် သောက်လိုက်တယ်။ သူ့နှုတ်ခမ်းကို သုတ်ကာ ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်သတဲ့။
"ရေထဲ ဆေးခတ်ထားလား မြည်းစမ်းကြည့်ရတာ...မြို့စားမင်း အိမ်တော်က လူတွေရဲ့ စရိုက်အရ ဒီလို ကိစ္စမျိုး လုပ်ဖူးမှာပဲ"
လင်းလောရှင်းရဲ့မျက်နှာအမူအရာက ချက်ချင်း လေးနက်သွားပြီး အေးစက်သော မျက်ဝန်းများက ပေါက်ကွဲမှု သံစဉ်ကို တီးခတ်နေတယ်။
"ခင်ဗျား ဘာပြောလိုက်တာလဲ"
လင်းယွမ်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
"ကျုပ်သမီးက သနားကြင်နာလို့ ရေဘူးပေးတာ... ဒါပေမဲ့ ခင်ဗျားတို့က မှားယွင်း စွပ်စွဲရက်တယ်... ဒီလောကကြီးထဲမှာ သနားကြင်နာတာလဲ မလွယ်ကူပါလားနော်"
စူးကျန်းလည်း သရော်လိုက်တယ်။ သူက ဒီသားအဖ နှစ်ယောက်ရဲ့ အကျင့်စာရိတ္တနဲ့ အပြုအမူကို မကြိုက်နှစ်သက်ရုံပါ။ အထူးသဖြင့် လင်းလောရှင်းပေါ့...။
ခရီးစဉ် တစ်လျှောက်လုံး ဒီမိန်းကလေး ယွမ်ရှောင်ကို ငေးကြည့်နေတာ သူ မသိဘဲ နေပါ့မလား။သူမမှာ ဒီလို အတွေးမျိုး မရှိရင် တခြားသူကို အာရုံစိုက်လိုက်ပါလား... အခုအချိန်ထိ ယွမ်ရှောင်ကို ကြည့်နေတုန်းပဲ။
"ဒီလူတွေ ဘယ်နေရာက လာတာလဲ... နေရာတိုင်းလိုလို မြို့စားမင်းကို ဆန့်ကျင် နေပါလား"
"သခင်မလေး လောရှင်းရဲ့ ကောင်းမွန်တဲ့ စိတ်ထားကို သူတို့က နားလည်မှုလွဲသေးတယ်... သခင်မလေးရဲ့ အလှအပနဲ့ အရည်အချင်းကြောင့် သူမသာ လက်ယမ်းခေါ်ရင် ဘယ်ယောကျ်ား မဆို သူမ နောက်ကို လိုက်မှာ... ဒီလူက ကြည့်ကောင်းရှု့ကောင်း ဖြစ်လည်း သူ့အစွမ်းအစက သခင်မလေးနဲ့ မထိုက်တန်မှန်း သိလို့ ဖြစ်မှာပါ။
"စောစောက ရေဘူးကို မယူဘူးဆိုတာ...သူ့ကိုယ်သူ သခင်မလေး လောရှင်းနဲ့ မသင့်လျော်မှန်း သိလို့ ဖြစ်မှာပေါ့"
အားလုံးက ဒေါသတကြီး ပြောဆိုနေပြီး ဒေါသဖြစ်စေတဲ့ စကားလုံးများက ယွမ်လော့ဖုန်းတို့ အဖွဲ့အတွက်တော့ ချွန်မြတဲ့ ဓားတစ်လက်လိုပဲ။ ယွမ်လော့ဖုန်းက သူမအနားမှာရှိတဲ့ လူတွေရဲ့ အားနည်းချက်ကို ဖုံးကွယ်ပေးမယ်... သူတို့ကို ကာကွယ်ပေးချင်တဲ့ စိတ်ထားရှိတယ်။ တခြားသူတွေက သူမ အကြောင်း ပြောရင်တော့ သူမ လျစ်လျူရှုထားလို့ရတယ်။ ဒါပေမဲ့ သူမအနားက လူတွေကို သရော်လို့ မရဘူး။ ဒါကြောင့် သူမလည်း ဒီစကားကို ကြားတော့ ရယ်မောကာ နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်တဲ့လူကို လက်ယပ် ခေါ်လိုက်တယ်။
"ရှင်...ဒီကို လာခဲ့ဦး"
Chapter-723
End
Book(30)
724+725
အပိုင်း(၇၂၄)
အရှက်မဲ့မှု (၃)
ထိုလူက အစိမ်းရောင်ဝတ်စုံနဲ့ လူငယ်လေးပါ...သူ့ကို ခံ့ညားချောမောတယ်လို့ ယူဆလို့ ရပါတယ်။ ယွမ်လော့ဖုန်းက သူ့ကို လက်ယပ်ခေါ်တာ မြင်ရတော့ ခဏတော့ သူလည်း ပြူးတူးကြောင်တောင် ဖြစ်နေခဲ့တယ်။
"မင်း ဘာလိုချင်လို့လဲ"
မိန်းမပျိုလေးရဲ့ ပြုံးရိပ်သန်းနေတဲ့ မျက်နှာအမူအရာက ရွှင်မြူးတက်ကြွနေတယ်။
"ဒီကို ရှင် လာရင် သိလိမ့်မယ်"
လူငယ်လေးမှာ စောစောက ပြောမိတဲ့ စကားအတွက် သူ့စိတ်ထဲ ကျိန်ဆဲနေမိတယ်။ ဒါပေမဲ့ မိန်းမပျိုလေးရဲ့ အသက်ရှူမှားလောက်တဲ့ အပြုံးကို မြင်ရတော့ သူ့ကို တစ်စုံတစ်ရာက ဆွဲငင်နေသလိုပဲ သူမအနားကို သွားနေမိတယ်။
"ဟုတ်ပြီ...ရှင်က နာခံတတ်တယ်"
ယွမ်လော့ဖုန်းက သူမရဲ့လက်ကို ဆက်လက် ဝှေ့ယမ်းနေတယ်။
"အလွယ်တကူ ဒီအနားကို လာတော့... ရှင့်ကို တကယ် မရိုက်တော့ဘူး... ကျွန်မက ရှင်နဲ့ စကားပြောချင်ရုံပါ"
လူငယ်လည်း စိတ်အေးချမ်းရတယ်။ယွမ်လော့ဖုန်းရဲ့ စကားကြောင့် သူ့ကို လျှို့ဝှက် ကြံစည်မှာ စိုးရိမ်စရာ မလိုအပ်ဘူး။ဒါကြောင့် ယွမ်လော့ဖုန်း သူ့ကို ရိုက်မယ်လို့ မတွေးခဲ့ဘူး။
"ကောင်းပြီလေ... ငါ ရောက်လာပြီ မင်း ပြောချင်တာကို ပြောနိုင်..."
လူငယ်လေး ပြောလို့ မပြီးခင်မှာ ဘန်းခနဲ အသံနဲ့အတူတူ ယွမ်လော့ဖုန်းရဲ့ခြေထောက်က သူ့ရဲ့အစာအိမ်ပေါ် ကျရောက်လာပြီး သတိထားရမယ့် အရိပ်အယောင်တောင် မရလိုက်ဘူး။သူမရဲ့အရှိန်က အရမ်းကို လျင်မြန်လွန်းပြီး သူ့မှာ ပြန်တုံ့ပြန်နိုင်တဲ့ အခွင့်အရေးတောင် မရလိုက်ဘူး။
ချက်ချင်း သူ့ခန္ဓာကိုယ်က လွင့်စဉ်သွားပြီး မိန်းမပျိုလေးရဲ့ ညှို့ဓာတ်ပြင်းသော အသံကိုပင် ကြားနိုင်တယ်။
"ကျွန်မ ရှင့်ကို မရိုက်ဘူး... ကန်ပဲ ကန်မှာ"
မိန်းမပျိုလေးက ပေါ့ပေါ့ပါးပါး မျက်ခုံး ပင့်နေပြီး သူမရဲ့မျက်ဝန်းနှစ်လွှာက ပြုံးရိပ်သန်းနေခဲ့တယ်။
"ဟုတ်ပြီ အခု ကျွန်မတို့တွေ စကားပြောနိုင်ပြီ"
သစ်တောတစ်ခုလုံး ခြောက်ကပ် နေခဲ့တယ်။
အားလုံးက ယွမ်လော့ဖုန်းကို အံ့ဩမှင်တက်သော အကြည့်များဖြင့် ငေးကြည့်နေခဲ့တယ်။
သေချာပေါက် သူမဘက်က မရိုက်ဘူးလို့ ပြောခဲ့တာပါ... ဒါဆို ဘာလို့ ရုတ်တရက် ရိုက်တာလဲ...လူသားချင်း အပြန်အလှန် လေးစားမှု မရှိတော့ဘူးလား။
လူငယ်လေးမှာ အာခံတွင်းအပြည့် သွေးအန်တော့တယ်။ သူ့မျက်နှာက စာရွက်ဖြူလို ဖြူဆုတ်ကာ ဒေါသတကြီး စကားပြောလာခဲ့တယ်။
"အရှက်သိက္ခာ မရှိဘူး"
"ဂုဏ်ပြုစကား ပြောပေးတဲ့အတွက် ကျေးဇူးပါရှင့်"
စောစောကလို ယွမ်လော့ဖုန်းရဲ့မျက်နှာက ပြုံးရွှင်နေတုန်းပါ။
"ဒီကနေ့အထိ ကျွန်မကို အရှက်မဲ့တဲ့လို့ ပြောတဲ့လူမှာ ရှင်က တစ်ရာမြောက်လူ... ဒါကြောင့် ရှင့်ရဲ့ ဂုဏ်ပြုမှုကို လက်ခံပါတယ်"
ဂုဏ်ပြုတယ်...
မင်းရဲ့ ဦးခေါင်း....
လူငယ်လေးမှာ နောက်တစ်ဖန် အာခံတွင်း အပြည့် သွေးအန်ပြန်တယ်။ ဒေါသူပုန်ထလွန်းလို့ မူးလဲမတတ်ပါ။
လုံဖေးမှာ အံ့ဩလွန်းလို့ မျက်လုံး ပြူးကျယ်သည်မှာ မျက်နှာ ဖုံးမတတ်ပင်။ လင်းယွမ်တို့ သားအဖနဲ့ မတွေ့ဆုံခင်က သူ့ဦးလေးကို အရှက်မဲ့ဆုံးလို့ ထင်ခဲ့ဖူးတယ်။ လင်းယွမ်ကို အရှက်မရှိဆုံးလို့ ယူဆပြီး အရှက်မဲ့ဆုံး သရဖူကို လင်းယွမ်ကို လွှဲပြောင်းပေးခဲ့တယ်။ အခုတော့ ဘယ်ဟာက အစစ်အမှန် အရှက်မဲ့လဲ နားလည်သွားပြီ။
"သခင်နဲ့ ယှဉ်လိုက်ရင် သူ့ဦးလေးနဲ့ လင်းယွမ်က သူမရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး...ဒါက ဘယ်သူမှ မယှဉ်နိုင်တဲ့ အရှက်မဲ့မှု အမြင့်ဆုံး နယ်ပယ်ပဲ"
လင်းယွမ်လည်း အတော့်ကို တုန်လှုပ်မိပါရဲ့။ သူကိုယ်တိုင် ကြောင်သူတော် ဖြစ်သော်လည်း တခြားသူက သူ့ကို စော်ကားမော်ကားပြောဆိုတာကို ဂုဏ်ပြုတယ်လို့ မယူဆနိုင်ဘူး။
ဒီအမျိုးသမီးအတွက် ဖော်ညွှန်းမယ့် အရှက်မဲ့တဲ့ စကားကို ရှာလို့ မရဘူး။
ယွမ်လော့ဖုန်းလည်း ပြုံးကာ သူမကို အံ့ဩတုန်လှုပ်စွာ ကြည့်နေတဲ့ လူတစ်စုကို လှည့်ကြည့်လိုက်တယ်။
"ရှင်တို့အားလုံးလည်း ကျွန်မနဲ့ စကားလာ ပြောချင်လား"
မိန်းမပျိုလေးရဲ့အပြုံးက မကောင်းဆိုးဝါးလိုပဲ သူတို့ကို ရှေ့လာအောင် ဖမ်းစားနေတယ်။ ရှေ့တစ်လှမ်းတိုးလိုက်တာနဲ့ သူတို့ဘဝက ငရဲပြည်ကို ရောက်ပြီး ပြန်လည်ဝင်စားဖို့ ခဲယဉ်းသွားမယ်။
"မြို့စားမင်း"
ရုတ်ခြည်း အားလုံးရဲ့ အကြည့်က လင်းယွမ်အပေါ် ကျရောက်လာပြီး အလျင်စလို စကားပြောလာခဲ့တယ်။
နောက်ဆုံးတော့ လင်းယွမ်လည်း အသိတရား ဝင်လာပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် စကားပြောလာခဲ့တယ်။
"မိန်းကလေး... မင်း တရားလွန်တယ်လို့ မထင်မိဘူးလား... ငါ့ရှေ့မှာ တခြားသူကို မတရား ပြုမူရဲတယ်... မင်းက ငါ့ကို လျစ်လျူရှုရဲတယ်။
"ရှင်က ကျွန်မရဲ့ အာရုံစိုက်မှုနဲ့ ထိုက်တန်လို့လား"
ယွမ်လော့ဖုန်းလည်း လင်းယွမ်ကို စွေးခနဲ ကြည့်ကာ ထိုစကားကို ပြောလာခဲ့တယ်။
လင်းယွမ်လည်း အတော်လေးတော့ ဒေါသဖြစ်မိပါရဲ့
"မင်း ငါ့နောက်ကိုလိုက်လာတော့ ငါ့အမိန့်ကို နာခံသင့်တယ်"
ယွမ်လော့ဖုန်းလည်း ကိုယ့်အပြစ် ကိုယ်မမြင်ဘဲ သူတစ်ပါးကို ပြစ်တင်ပြောဆိုနေတဲ့ သူ့ကို ကြည့်လိုက်တယ်။
"ပြန်လမ်းမဲ့ သစ်တောထဲ ရှင့်နောက်လိုက်တာတယ်လို့ ဘယ်သူပြောလဲ...ငါတို့ခရီးစဉ်က တစ်ထပ်တည်းတူညီရုံပဲ ရှိတယ်"
Chapter-724
End
အပိုင်း(၇၂၅)
အရှက်မဲ့မှု (၄)
ခရီးစဉ် တစ်ထပ်တည်း တူညီတယ် ဟုတ်လား။ သူမပြောတဲ့ စကားကို မယုံကြည်လို့ ထေ့ငေါ့နေမှန်း သိသာ ထင်ရှားတယ်။ မြို့စားမင်း အိမ်တော်မှ လူယုံအိမ်တော်ကလွဲရင် ကျန်သူအားလုံး ဒီနေရာမှာ သေဆုံးဖို့ ကံကြမ္မာဖန်ပြီးသားပါ။
"မင်းက ဒီလို ပြောတော့လည်း မင်းနဲ့ စကားနိုင် မလုတော့ဘူး"
သူ့အကြည့်ကို ပြန်လည် မရုပ်သိမ်းခင် သွေးအေးစွာ ကြည့်လိုက်တယ်။
"ငါတို့တွေ ခရီးဆက်ထွက်မယ်"
လင်းယွမ်ရဲ့ အပြုအမူက ယွမ်လော့ဖုန်း မျှော်လင့်ထား သလိုပါပဲ။ သူမလည်း မဲ့ပြုံး ပြုံးကာ
"သွားမယ်"
ယွမ်ရှောင်က အစောပိုင်းတည်းက စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး။ ယွမ်လော့ဖုန်းကို ကြည့်နေတဲ့ သူ့အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရှေ့ဘက်မှာ လမ်းလျှောက်နေတဲ့ လင်းယွမ်တို့အဖွဲ့ကို ဆက်လက် ကြည့်ရှုနေတယ်။ ခံစားချက်မဲ့သော အကြည့်မှာ လူသတ်ချင်သော အငွေ့အသက်များ လွှမ်းခြုံနေခဲ့တယ်။
...
လမ်းက ရှေ့ဆက်သွားလေလေ အလွန်တိတ်ဆိတ်နေပါ... ဒါပေမဲ့ တိတ်ဆိတ်အေးချမ်းမှုက မကြာညောင်းပါဘူး။ငြိမ်းချမ်းမှုကို ဒေါသတကြီး အော်သံက နှောင့်ယှက်သွားတယ်။
"ဟိန်းဟောင်သံ"
ရုတ်ခြည်း ဝံပုလွေ အုပ်စုက သူတို့ အရှေ့ဘက်ကို ရောက်လာပြီး ဒီလူများကို ခုန်အုပ်တယ်။
လူစုလူဝေးထဲမှ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားနေသော အသံနှုန်းနဲ့ စကားပြောလာခဲ့တယ်။
"ဒါက ဝံပုလွေ အုပ်ပဲ... သူတို့ရှိတဲ့နေရာမှာ သေချာပေါက် ရတနာသိုက် ရှိတယ်လို့ ကြားဖူးတယ်... ဒီတစ်ခေါက်တော့ ငါတို့တွေ ချမ်းသာပြီ ထင်တယ်"
လင်းယွမ်လည်း အာရုံထွေပြားစွာ ငေးမောကြည့်နေပြီး တော်တော်လေး အံ့ဩနေပုံပါပဲ...ရတနာ... ကျယ်ပြန့်တဲ့ ဧရာမ သစ်တောထဲ သူတို့တွေ တကယ်ပဲ ရတနာသိုက်ကို ရှာတွေ့ပြီလား။
အံ့ဩတုန်လှုပ်နေစဉ် ဝံပုလွေအုပ်က သူ့ရှေ့ကို ခုန်အုပ်လာတယ်။သူလည်း အလျင်စလို သတိဝင်လာပြီး ဝံပုလွေအုပ်နဲ့ တိုက်ခိုက်တော့တယ်။
လင်းလောရှင်းလည်း သူမရဲ့ သက်တော်စောင့်ကို မျက်နှာရိပ် မျက်နှာကဲပြကာ အဓိပ္ပါယ်ပါပါ ကြည့်လိုက်တယ်။ သူမရဲ့အကြည့်ကို သတိထားမိတာကြောင့် သူလည်း ခေါင်းညိတ်လိုက်တယ်။ ခဏကြာတော့ သူလည်း ယွမ်လော့ဖုန်းတို့ အုပ်စုကို မသိမသာ ဝင်တိုက်တယ်။
ဗိုင်း
သူ့ခန္ဓာကိုယ်က မြေကြီးပေါ် အကြမ်းပတမ်း လဲကျသွားပြီး သူ့အိတ်ကပ်ထဲမှ အမွှေးအိတ် ပြုတ်ကျသွားတယ်။ ကံကောင်းချင်တော့ သက်တော်စောင့်ရဲ့ဓားက အမွှေးအိတ်ကို ထိုးဖောက်လိုက်တယ်။ ချက်ချင်းပဲ အိတ်ထဲမှ အဖြူရောင် အမှုန့်များ ဖိတ်ကျလာတယ်။
အဖြူရောင်အမှုန့်ရဲ့ ရနံ့ကြောင့် သားရဲဝံပုလွေများ ဒေါသဆူလာပြီး ယွမ်လော့ဖုန်းတို့ရှိရာ တဟုန်ထိုး ပြေးလွှားလာတယ်။
ဒီမြင်ကွင်းကို မြင်ရတော့ လင်းလောရှင်းလည်း ပြုံးနေလိုက်တယ်။
ပြန်လမ်းမဲ့ သစ်တောထဲ ဝင်လာကတည်း ယွမ်ရှောင်တို့ အဖွဲ့ကို သားရဲတွေ သဲကြီးမဲကြီး တိုက်ခိုက်ခြင်း မရှိခဲ့ဘူး။ ဒါကြောင့် ယွမ်ရှောင်က သူမနဲ့ ထိုက်တန်လား စစ်ဆေးကြည့်ဖို့ လိုအပ်ပြီ။ ကံကောင်းချင်တော့ သူမ ကြိုတင် ပြင်ဆင်မိတယ်။သူ့ရှေ့မှာ နှစ်တစ်ရာ ဆေးမြစ် အမှုန့် ဖြန်းလိုက်တာနဲ့ အနံ့ရှုမိတဲ့ သားရဲကောင်တိုင်း ကြမ်းတမ်း ရိုင်းစိုင်းသွားပြီး ကသုက်ကရိုက် တိုက်ခိုက်မယ်။
ဉာဏ်ရည် မြင့်မားတဲ့ သားရဲဝိညာဉ်က လွဲရင်ပေါ့။
လူသားတွေကို ဘယ်လို တိုက်ခိုက်ရမလဲ သိတဲ့ တခြားသားရဲကောင်တွေထက် ဒီဝံပုလွေတွေက စိတ်နုတယ်... ဒီအမှုန့်တွေကို သုံးပြီး ယွမ်ရှောင်ကို စမ်းသပ်ကြည့်ချင်တယ်။
တာဝန်ပြီးမြောက်ရင်တောင် ယွမ်ရှောင်ကို ထိခိုက်မှာတော့ စိုးရိမ်မိတယ်။ သူ...အလျင်စလို နောက်ဆုတ်သွားတယ်။တစ်စုံတစ်ယောက်မှာ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူရဲ့ ခွန်အား မရှိရင် ဝိညာဉ်သားရဲ ဝံပုလွေတွေကို ရင်ဆိုင်ဖို့တော့ မဖြစ်နိုင်ဘူး။ကြည့်ရတာတော့ ဒီလူတွေ ဒီနေရာမှာ ဘဝနိဂုံးချုပ်တော့မယ် ထင်ပါရဲ့။
လင်းယွမ်နဲ့ ကျန်တဲ့ သူများက မလှုပ်မယှက် ပွဲကြည့်ပရိတ်သတ်လို့ တစ်ဖက်ခြမ်းမှာ တိတ်ဆိတ်စွာ ရပ်ကြည့်နေခဲ့တယ်။ဝံပုလွေအုပ်က ယွမ်လော့ဖုန်းတို့ကို ဦးတည်နေလို့လေ... သူတို့မှ မဟုတ်တာလေ။
"သူတော်ကောင်းကို နတ်ကောင်းမတယ်... လူယုတ်မာက ဝဋ်ကြွေးကို ပြန်လည်ပေးမယ်ရမယ်...ဒီဝံပုလွေတွေက အမှားအမှန်ကို သိပြီး ငါတို့ကို မတိုက်ခိုက်တော့တာ"
အားလုံးက နှစ်တစ်ရာဆေးမြစ် အမှုန့်ကို သတိမထားမိပါဘူး။ တချို့ကလည်း ဒီဆေးမြစ်အကြောင်း မလေ့လားဖူးဘူး။ဒါကြောင့်လည်း ဒီအမှုန့်က သားရဲတွေရဲ့ ဒေါသစိတ်ကို လှုံဆော်ခြင်းကို မသိတာပေါ့။ ယွမ်လော့ဖုန်းကို ဝံပုလွေတွေ သဲကြီးမဲကြီး တိုက်ခိုက်ခြင်းက သူမရဲ့စိတ်ထား ယုတ်ညံ့ခြင်းကြောင့်လို့ တထစ်ချ ယုံကြည်နေလေရဲ့။
Chapter-725
End
Book(30)
726+727
အပိုင်း(၇၂၆)
အရှက်မဲ့မှု(၅)
ယွမ်ရှောင်လည်း သူတို့အနား တဟုန်ထိုး ပြေးလာတဲ့ ဝံပုလွေအုပ်ကို သွေးအေးစွာ ကြည့်လိုက်တယ်။ ထို့နောက် သူ အားကုန်သုံးလိုက်တယ်။ သူ့အမြန်နှုန်းက လျင်မြန်လွန်းတာကြောင့် သူ့တိုက်ခိုက်မှုကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး။ မျက်စိတစ်မှိတ်အတွင်းမှာ ယွမ်လော့ဖုန်းတို့အဖွဲ့ကို ခုန်အုပ်လာတဲ့ ဝံပုလွေ အားလုံး ချက်ချင်း သွေးအိုင်ထဲမှာ လဲကျသွားပြီး လှုပ်ရှားမှု တစ်စုံတစ်ရာမျှ မတွေ့ရဘူး။
လင်းလောရှင်းလည်း တွေတွေကြီး ငေးမောကြည့်နေခဲ့တယ်။ သူမကိုယ်တိုင်တောင် လဲကျသွားတဲ့ ဝံပုလွေအုပ် ဘယ်လိုတိုက်ခိုက်ခံရလဲ မသိလိုက်ဘူး။ အနည်းဆုံးတော့ ဒီလူက သူမရဲ့အဖေထက်တော့ သာလွန်မယ်။
ယွမ်ရှောင်လည်း ခက်ထန်သော အကြည့်နဲ့ လင်းလောရှင်းကို ကြည့်လိုက်တယ်။
ဒီကနေ့ သူ့ဘက်က သူမကို ပြန်ကြည့်တာ ပထမဆုံးအကြိမ်ပါပဲ။ ရုတ်ခြည်း သူမရဲ့နှလုံးခုန်သံ မြန်ဆန်လာရတယ်။ အစောပိုင်းကလို တည်ငြိမ်နေတဲ့ မျက်နှာ အမူအရာ မရှိတော့ဘဲ ယွမ်ရှောင်ကို မျက်တောင် မခတ် ကြည့်နေခဲ့တယ်။
လင်းလောရှင်းနဲ့ ကြမ်းပြင်ပေါ်မှ အဖြူရောင် အမှုန့်များကို ကြည့်ကာ သူ့ပတ်ဝန်းကျင်မှာ လူသတ်ငွေ့များ တဟုန်ထိုး ဖြစ်တည်လာခဲ့တယ်။သူ့ရှေ့ကို နှစ်တစ်ရာဆေးမြစ် အမှုန့် ဖြူးတဲ့ မြို့စားမင်းအိမ်တော်မှ လူတွေကို တကယ် သတ်ချင်လာတယ်။
လင်းလောရှင်းရဲ့မျက်နှာက သွေးဆုတ်နေပြီး သူ့ဘေးနားက သက်တော်စောင့်ကို ပါးရိုက်ကာ မျက်နှာထားတင်းတင်းဖြင့် စကားပြောလာခဲ့တယ်။
"နှစ်တစ်ရာ ဆေးမှုန့်ကို ရှင့်ကို ယူလာခွင့်ပြုလို့လား"
သက်တော်စောင့်မှာ ပြောမပြနိုင်အောင် နာကျင်ခံစားရတယ်။
သားရဲကောင်တွေနဲ့ ရင်ဆိုင်ရရင် အချိန်မှီ လွတ်မြောက်နိုင်ဖို့ ဒီအမှုန့်ကို ယူလာဖို့ ပြောတာ သခင်မလေး လေ...။
ဒါမှလည်း အရေးကြီး အခြေအနေမှာ သားရဲကောင်များရဲ့ အာရုံကို ဆွဲဆောင်ဖို့ သုံးနိုင်မှာလေ။ ဒီလို လုပ်ဖို့ ညွှန်းကြားတာလည်း သူမ ကိုယ်တိုင်ပဲလေ။
"သခင်မလေးရဲ့ လက်အောက်ငယ်သား အမှားကျူးလွန်မိပါတယ်"
သက်တော်စောင့်လည်း မြေကြီးပေါ် ဒူးထောက်လိုက်တယ်။
"ဒီတစ်ခေါက် ပြန်လမ်းမဲ့သစ်တောထဲ လာတာ အန္တရာယ်များလွန်းပါတယ်... မြို့စားမင်းတို့ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ စိုးရိမ်လို့ နှစ်တစ်ရာ ဆေးမှုန့်ကို ယူလာခဲ့တယ်...သခင်မလေး... ကျွန်တော်ကို အပြစ်ပေးနိုင်ပါတယ်"
လင်းလောရှင်းလည်း စိတ်ပျက်နေသော မျက်ဝန်းများဖြင့် ခေါင်းခါလိုက်တယ်။
"ရှင် ပြောချင်တာက ကျွန်မတို့တွေ သန်မာတဲ့ သားရဲကောင်တွေနဲ့ ရင်ဆိုင်ရရင် တခြားသူကို နှစ်တစ်ရာ ဆေးမှုန့်ဖြူးမယ်ပေါ့...ရှင့်ရဉ်ရွယ်ချက်က ကျွန်မတို့ကို ကယ်တင်ဖို့ပေါ့ ဟုတ်လား"
"ကျွန်တော်ကို ခွင့်လွှတ်ပေးပါ"
သက်တော်စောင့်ရဲ့အသားအရည်က တော်တော်လေး ဖြူဖျော့သော်လည်း အပြစ်အားလုံးကို ခံယူဖို့ ဆန္ဒရှိပုံပါပဲ။
လင်းလောရှင်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
"ရှင့်ကို တကယ် စိတ်ပျက်မိတယ်... ငါ့ကို ကယ်တင်ဖို့ တခြားသူရဲ့ အသက်ခန္ဓာကိုယ်ကို စတေးရလား... တစ်ခုခု ဖြစ်သွားရင် ငါ့တစ်ဘဝလုံး စိတ်အေးချမ်းစွာ နေထိုင်နိုင်ပါ့တော့မလား"
ယွမ်လော့ဖုန်းလည်း လင်းလောရှင်းကို ကြည့်လိုက်တယ်။ စောစောတည်းက လင်းလောရှင်းက သူမရဲ့သက်တော်စောင့်ကို မျက်နှာရိပ် မျက်နှာကဲပြတာကို မမြင်ထားရင် ဒီအမျိုးသမီးရဲ့ အပြုအမူက သူမတို့ကို လှည့်စားမှာပါ
"လင်းယင်း... ရှင်က မြို့စားမင်း အိမ်တော်ရဲ့ သက်တော်စောင့် အနေနဲ့ ပြစ်မှုကြီးကို ကျူးလွန်ထားတယ်... ငါ့ရဲ့ အသက်ခန္ဓာတည်း အလေးထားသင့်တာ မဟုတ်ဘူး တခြားသူရဲ့ အသက်ခန္ဓာကိုယ်ကိုလည်း လေးစားတန်ဖိုး ထားရမယ်... ရှင် တစ်ကိုယ်ကောင်းဆန်ပါလား...ဘယ်လိုပဲ သင်ကြားပေးပေး လူကောင်း ဖြစ်မလာဘူး"
လင်းလောရှင်းက သူ့ကိုယ်သူ အမှန်တရားရဲ့ဘက်တော်သားလို ပြောဆိုနေတယ်။သူမရဲ့ ကြည်လင်တဲ့ မျက်ဝန်းများက သူမရဲ့ သက်တော်စောင့်ကို မကျေမချမ်း ဆိုဆုံးမနေတယ်။
သက်တော်စောင့်က ဒူးတစ်ဖက်ကို ထောက်ကာ ခေါင်းငုံ့ထားတယ်။
"သခင်မလေး... ကျွန်တော်မျိုး အမှားကို သိပါပြီ... နှစ်တစ်ရာ ဆေးမြစ်ကို သူတို့ရှေ့ဖြူးဖို့ မရည်ရွယ်ပါဘူး... နမော်နမဲ့ ဖြစ်သွားလို့ပါ"
"ရှင် ဘာအကြောင်းပြချက် ပေးပေး ကျွန်မ ဂရုမစိုက်ဘူး... အမှားက အမှားပါပဲ... ဒီလူငယ်လေးမှာ တခြားသူထက် သာလွန်တဲ့ အစွမ်းသာ မရှိရင် သူတို့ ဘေးဒုက္ခ ဖြစ်လောက်ပြီ... ဒါကြောင့် သူတို့ကို ချက်ချင်း တောင်းပန်စကား ပြောစမ်း"
သက်တော်စောင့်လည်း နောင်တဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ခြေလှမ်းကျဲကျဲ လှမ်းလာခဲ့တယ်။
"တောင်းပန်ပါတယ်...ကျွန်တော် နမော်နမဲ့နိုင်လို့ ဖြစ်ရတာပါ... ခင်ဗျားတို့ကို ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး... အားလုံးက သဘောထားကြီးစွာနဲ့ အပြစ်မတင်ဖို့ မျှော်လင့်မိပါတယ်"
သူပြောချင်တာက သူဘက်က မရည်ရွယ်ခဲ့တဲ့အတွက် ယွမ်လော့ဖုန်းတို့အဖွဲ့က သူ့ကို ခွင့်လွှတ်မယ်ပေါ့။ ဒီလိုမှ မဟုတ်ရင် သူတို့က စိတ်သဘောထား သေးသိမ်သူပေါ့။
Chapter-726
End
အပိုင်း(၇၂၇)
ကြမ္မာငင်သော လင်းလောရှင်း (၁)
ဒီလို ငြင်းခုံမှုမျိုးကို လုံဖေးအတွက်တော့ ပထမဆုံးအကြိမ် ကြားဖူးတာပဲ။သူ့ဘက်က အမှားကျူးလွန်ပါတယ်လို့ ဝန်ခံရုံနဲ့ တစ်ဖက်လူက ခွင့်လွတ်ရမယ်တဲ့လား။ သူတို့ဘက်က သူ့ကို ခွင့်မလွှတ်ရင် သူတို့အမှားပေါ့... ထင်ထားတဲ့ အတိုင်းပါပဲ သခင်နဲ့ ကျွန်က စရိုက်အတူတူပါလား။ မြို့စားမင်းအိမ်တော်ရဲ့လက်အောက်ငယ်သား ဖြစ်ဖို့ သူတို့လည်း သေချာပေါက် အရှက်မဲ့သူ ဖြစ်ရမယ်လေ။
"လင်းယင်း ရှင် ပြန်လာနိုင်ပြီ"
ယွမ်လော့ဖုန်းတို့ အုပ်စုက စကားမပြောတာ မြင်ရတော့ သူ့ကို ခွင့်မလွှတ်မှန်း ယူဆမိတာကြောင့် သူမလည်း ဂရုမစိုက်ဟန် ပြန်လာခိုင်းလိုက်တယ်။
လင်းယင်းက မတ်တတ်ရပ်ကာ နောက်ပြန်လှည့်ဖို့ ပြန် ဟန်ပြင်နေစဉ် နောက်ဆုံးတော့ ယွမ်လော့ဖုန်းဘက်က စကားပြောလာခဲ့တယ်။ သူမရဲ့အသံက ညှို့ဓာတ်ပြင်းပြီး ရုတ်ခြည်း လင်းယင်းရဲ့ ခြေလှမ်းများကို ရပ်တန့်သွားစေတယ်။
"ထွက်သွားနိုင်ပြီလို့ ကျွန်မ ပြောလို့လား"
လင်းလောရှင်းရဲ့မျက်နှာအမူအရာ ပျက်ယွင်းသွားတယ်။ ယွမ်လော့ဖုန်းက သူမကို မျက်နှာသာ မပေးဘူးလို့ ထင်ကို မထင်ခဲ့မိဘူး။
"မိန်းကလေး... လင်းယင်းက တောင်းပန်ပြီးပြီလေ..."
"ဒါဆို ကျွန်မက မြို့စားမင်း အိမ်တော်ကို ဖျက်ဆီးပြီးမှ တောင်းပန်မယ်... ဒီစကားက အသုံးဝင်လား တွေးကြည့်စမ်းပါ"
ယွမ်လော့ဖုန်းက တည်ငြိမ်စွာ ပြောရင်း ခပ်ရေးရေးမျှ ပြုံးနေခဲ့တယ်။
လူစုကြီးလည်း ရုတ်ခြည်း တိတ်ဆိတ်သွားတယ်။ ယွမ်လော့ဖုန်းက ကိစ္စ အသေးအမွှားလေးနဲ့ တွက်ကပ်နေတော့ အံ့ဩမိတာပေါ့။ လူတိုင်းရဲ့အမြင်မှာတော့ ဒါက အသေးအမွှား ကိစ္စလေး တစ်ခုပါ။
ဝံပုလွေအုပ်က သူတို့ကို ဝိုင်းခဲ့သော်လည်း ထိခိုက်မှုမရှိတော့ ဘာတွေ ဇာချဲ့နေဖို့ လိုအပ်လို့လဲ။မြို့စားမင်းအိမ်တော်က သက်တော်စောင့်က တောင်းပန်ပြီးပြီလေ ဒီပြဿနာကို ဆက်ဇာချဲ့နေဖို့ လိုသေးလို့လား။
ဒီပြင် သူမကိုယ်တိုင်က မြို့စားမင်းအိမ်တော်ကို ဖျက်ဆီးမယ်လို့ ပြောခဲ့တယ်။ တကယ်ကို ရယ်စရာ ဟာသပျက်လုံးပဲ။ ဒီလူတွေက သိုင်းပညာမြင့်မားမယ်ဆိုရင်တောင် မြို့စားမင်းနဲ့ မယှဉ်နိုင်ဘူး။ နှစ်ဖက်က မိုးနဲ့မြေလို ခြားနားလွန်းတယ်။
"ဒါဆို မင်း ဘာလိုချင်လဲ"
စကားပြောတဲ့လူက မြို့စားမင်းလို့ နာမည်တွင်တဲ့ လင်းယွမ်ပါ။ သူ့မျက်နှာအမူအရာ ကြည့်ရဆိုးနေသော်လည်း သူ့ရင်ထဲမှ ဒေါသစိတ်ကို ဖိနှိပ်ထားတယ်။ ယွမ်လော့ဖုန်းကို သွေးအေးစွာ ကြည့်နေခဲ့တယ်။
"ရှင် ဘယ်လိုထင်လဲ"
ယွမ်လော့ဖုန်းလည်းပြုံးကာ မေးခွန်း ပြန်မေးလိုက်တယ်။
လင်းယွမ်လည်း သက်ပြင်းချလိုက်တယ်။
"မင်းဘက်က တရားမျှတမှုကို လိုချင်ရင် ငါ့ဘက်က ပြန်ပေးနိုင်အောင် အကောင်းဆုံး ကြိုးစားပေးမယ်။ ဒီကိစ္စမှာ ငါတို့က အမှားလုပ်သူပါ"
သူ့ဘက်က အခွင့်အရေး ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလူတွေ လက်ခံရဲမှာ မဟုတ်ဘူး ယွမ်လော့ဖုန်းကို လျော့တွက်ခဲ့ခြင်းက လင်းယွမ်ရဲ့ မဟာအမှားပါ။ သူ့ရှေ့မှာ လူတစ်ယောက်ကို ရိုက်ရဲတယ် ဆိုကတည်းက တရားမျှတမှုကို သူမဘက်က ပြန်မတောင်းဆိုရဲ စရာ အကြောင်းကို မရှိဘူး။
ဘာလုပ်သင့်လဲ ခဏတွေးတောလိုက်ပြီးနောက် ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို မှေးစက်လိုက်တယ်။
"အလျော်အစား ဆိုတော့ကား...ရှင့်ရဲ့မြို့စားမင်း အိမ်တော်တစ်ခုလုံး ပြန်အလျော်ပေးရမယ်"
လင်းယွမ်မှာ သွေးအန်မတတ် ဒေါသမီးတောက်လောင် ရပါတယ်။ မြို့စားမင်း အိမ်တော်တစ်ခုလုံး အလျော်ပေးဖို့ သုံးရမယ်...ဟုတ်လား။ ဒီစကားမျိုးကို ဒီအမျိုးသမီးမို့ ပြောထွက်ရဲတယ်။
"မင်း အရမ်းကို တရားလွန်နေပြီ"
သူလည်း ဒေါသူပုန်ထလာပြီး စကားတစ်ခွန်းချင်းစီကို အံ့ကြိတ်ကာ ပြောတယ်။
ယွမ်လော့ဖုန်းလည်း ပြုံးနေလိုက်တယ်။
"ကျွန်မကို လျော်ကြေး ပြန်ပေးမယ်လို့ ရှင် ပြောခဲ့တာပါ...ရှင်က ကတိကို ဖောက်ဖျက်ချင်တာလား... ရှင့်မှာ ဆန္ဒမရှိရင် အရင်တည်းက ကျွန်မဘာတောင်းဆိုချင်လဲ မမေးသင့်ဘူး"
လင်းယွမ်မှာ စကားပြန်မပြောနိုင်တဲ့အထိ ဒေါသမီး တောက်လောင်နေသော်လည်း သူ့ကိုယ်စား ပြောပေးမယ့် လူတစ်စု ရှိနေပါသေးတယ်။
"မြို့စားမင်းက တောင်းပန်ပြီးပြီလေ... ဘာကြောင့် မင်းဘက်က ပြဿနာကို မီးထွန်း ရှာချင်နေရလဲ"
"ဒီကိစ္စက သက်တော်စောင့်ရဲ့အမှား.. ငါကိုယ်တိုင်လည်း သူ့ရဲ့ အပြုအမူကို အထင်သေးတယ်... ဒါပေမဲ့ မြို့စားမင်းက အပြစ်ကင်းတယ်...လောရှင်းသခင်မလေးက သက်တော်စောင့်ကို ဆုံးမစကား ပြောနေတာ မင်း မကြားဖူးလား"
"လင်းလောရှင်းက ငါ တွေ့ဖူးသမျှမှာ ကြင်နာတတ်တဲ့ မိန်းကလေးပါ... သူမရဲ့သက်တော်စောင့်ကလဲ သူမကို ကယ်တင်ဖို့ ကြံမိကြံရာ လုပ်ခဲ့မိတာ ဒါပေမဲ့ သူမဘက်က တရားနည်းလမ်းကျကျ ပြောဆို ဆုံးမပြီးပြီလေ...တခြား ကြွယ်ဝချမ်းသာတဲ့ မိသားစုက သမီးပျိုတွေ လောရှင်းသခင်မလေးက လူ့အသက်ကို တန်ဖိုးထားတယ်"
"ထူးချွန်ထက်မြက်တဲ့ သခင်မလေးနဲ့ သဘောထားကြီးတဲ့ မြို့စားမင်းကို မင်းဘက်က ခွင့်မလွှတ်နိုင်ဘူးလား... မြို့စားမင်းအိမ်တော်ကိုတောင် ချန်လှပ်မထားချင်ဘူး"
အစတည်းက သက်တော်စောင့်ရဲ့ အပြုအမူကြောင့် လူတိုင်းက ဒေါပွနေတာပါ။ ဒါပေမဲ့ လင်းလောရှင်းရဲ့စကားကို ကြားရပြီးနောက် မြို့စားမင်း အိမ်တော်ကို ခွင့်လွှတ်နိုင်ခဲ့တယ်။
Chapter-727
End
Book30
728+729
အပိုင်း(၇၂၈)
ကြမ္မာငင်သော လင်းလောရှင်း (၂)
ဒါကြောင့်လည်း သူမလေးကို အနိုင်ကျင့်သလို ဖြစ်နေတဲ့ ယွမ်လော့ဖုန်းရဲ့ အပြုအမူကို သည်းမခံနိုင်တာပေါ့။ လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ဖွင့်ဟ ပြောဆိုလာခဲ့တယ်။
"မိန်းကလေး မလျော်မကန် မလုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်"
"ခင်ဗျားလည်း တရားမျှတမှု မရှိတာကို သိတယ်မလား"
လုံဖေးလည်း ထေ့ငေါ့လိုက်တယ်။
"ခင်ဗျားမှာ စဉ်းစားတွေးခေါ်နိုင်တဲ့ ဉာဏ်ရည်ရှိရင် မြို့စားမင်း အိမ်တော်က တရားမျှတမှု ရှိလား သိမှာပါ... မျှတမှု မရှိရင်တော့ ငါတို့ဘက်က ဝေဖန် ပြစ်တင်ရမှာပဲ..."
ထိုလူမှာ ချက်ချင်း တိတ်ဆိတ်သွားပြီး စိတ်ပျက်စွာ ခေါင်းကို တွင်တွင်ခါနေတယ်။ ဒီခေါင်းကြောမာတဲ့လူတွေကို ဘာဆိုဘာမှ ပြောလို့ရမယ် မထင်။
ယွမ်ရှောင်လည်း မျက်ခုံးကို တွန့်ချိုးလိုက်ပြီး မရပ်မနား ဆွေးနွေးတိုင်ပင်နေတဲ့ လူတစ်စုကို သွေးအေးစွာ ကြည့်လိုက်တယ်။ သူ့ရဲ့ခံစားချက် ကင်းမဲ့သော မျက်ဝန်းမှာ လူသတ်ငွေ့များ တစ်ဖန် ဖြစ်ပေါ်လာပြန်တယ်။ယွမ်ရှောင်ရဲ့အကြည့်ကို သတိထားမိတော့ သူတို့ရဲ့ခန္ဓာကိုယ်မှာ တုန်ယင်လာတယ်။ ဖော်ညွှန်းရခက်ခဲတဲ့ ချမ်းစိမ့်မှုက သူတို့ရဲ့ နှလုံးသားထဲ ဝင်ရောက်လာတယ်။ ချက်ချင်း သူတို့ရဲ့ခန္ဓာကိုယ်က ငရဲပြည်ရောက်သွားသလို ခံစားမိပါရဲ့။
လင်းလောရှင်းလည်း ယွမ်ရှောင်ရှေ့မှာ မတ်တတ်ရပ်ကာ နှုတ်ခမ်းကို ကိုက်ထားတယ်။ သူ့ရဲ့ လူသတ်ငွေ့ကို ဖြေဖျောက်ဖို့ သူမရဲ့ခန္ဓာကိုယ်ကို အသုံးချဖို့ တွေးတောနေခဲ့တယ်။
"ဒီကိစ္စက ကျွန်မရဲ့ အမှားပါ။ တခြားသူနဲ့ မသက်ဆိုင်ပါဘူး..သူတို့ကို ဒေါသမထွက်ပါနဲ့"
သူမရဲ့ချောမောလှပတဲ့ မျက်နှာက သွေးဆုတ်နေသော်လည်း အကြောက်အလန့်ကင်းမဲ့စွာနဲ့ ယွမ်ရှောင်ကို မျက်တောင် မခတ် ကြည့်နေခဲ့တယ်။
"သခင်မလေး လောရှင်း"
လင်းလောရှင်းရဲ့ အပြုအမူကို ကြည့်ရင်း သူတို့နှလုံးသား နာကျင်ရတယ်။ ဒီလောက်အထိ လင်းလောရှင်းက သူတို့ကို ကာကွယ်ပေးမယ်လို့ မမျှော်လင့်ခဲ့မိဘူး။ လင်းလောရှင်းရဲ့ စိတ်စွမ်းအားနဲ့ဆိုရင် ယွမ်ရှောင်ရဲ့တန်ခိုးကို ခံနိုင်ရည်ရှိဖို့ မဖြစ်နိုင်ဘူး။
ယွမ်ရှောင်လည်း လင်းလောရှင်းကို သွေးအေးစွာ ဖျတ်ခနဲကြည့်လိုက်ပြီး စိတ်စွမ်းအားကို ပိုမို ထုတ်သုံးလိုက်တယ်။ သူ့အမည်းရောင်ဝတ်စုံက လေမှာ တလွင့်လွင့် ဖြစ်နေပြီး လေညင်းနဲ့ အပြိုင် ကခုန်နေလေရဲ့။ သူ့ခန္ဓာကိုယ်မှ တန်ခိုးအစွမ်း ပေါ်ထွက်လာပြီး သူမရဲ့နောက်ကျောကို အပ်နဲ့ထိုးနေသလို ခံစားရတယ်။
လင်းလောရှင်းလည်း ဆက်လက် သည်းမခံနိုင်တော့ဘဲ ဗိုင်းခနဲ မြေကြီးပေါ် ဒူးထောက်သလို ဖြစ်သွားတယ်။ ဒီမြင်ကွင်းကြောင့် လင်းယွမ်လည်း သူ့သမီးအနား အပြေးအလွှားသွားကာ လက်မောင်းရင်းမှ ဆွဲထူလိုက်တယ်။ထို့နောက် တည်ကြည်လေးနက်သော အမူအရာဖြင့်
"မင်းတို့တွေ ပိုလွန်းနေတယ် မထင်ဘူးလား"
"အကဲပိုတယ် ဟုတ်လား"
ယွမ်လော့ဖုန်းလည်း သရော်လိုက်တယ်။
"ကျွန်မတို့တွေ ဘယ်လိုပဲ ပြုမူ ပြုမူ အကဲပိုတယ်ဆိုတာ မရှိဘူး"
သူမကို နာကျင်ခံစားအောင် လုပ်ဆောင်နိုင်တဲ့လူဆိုတာ မရှိရဘူး။ တခြားသူက သူမရဲ့လက်မှာပဲ ကျရှုံးရမယ်။ သူမရဲ့ ဒေါသကို ဖြေဖျောက်စေချင်တယ်ပေါ့... ဒီတစ်သက်တော့ မဖြစ်နိုင်ဘူး။
ယွမ်လော့ဖုန်းရဲ့စကားကြောင့် ယွမ်ရှောင်ရဲ့အကြည့်က လင်းလောရှင်းမှ လင်းယွမ်သို့ ပြောင်းလဲသွားပြန်တယ်။ သူ့မျက်ဝန်းမှ လူသတ်ချင်စိတ်က ပိုပို ပြင်းထန်လာပြီး သူ့အနားကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာတယ်။ ထိုအချိန်ခဏလေးအတွင်း လင်းယွမ်ရဲ့နောက်ကျော တောင့်တင်းလာပြီး သူ့အနားကို စိန်ပြေနပြေ လမ်းလျှောက်လာတဲ့ ခံစားချက် ကင်းမဲ့သော အမျိုးသားလေးကို မော့ကြည့်လိုက်တယ်။
သူ့မှာ အသက်ရှူရ ခက်ခဲလာပြီး မွန်းကျပ်လာရတယ်။ သူ့စိတ်လည်း လေးလံလာရတယ်။ လင်းယွမ်မှာ နောက်ဆုတ်ချင်သော်လည်း သူ့ကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ လူအများ ရှိမှန်း သိနေပြန်တယ်။ ဒီအကြည့်တွေက သူ့ကိုတွန့်ဆုတ်ခွင့်မပြုပြန်တော့ သူ့မှာ ယွမ်ရှောင်ကို ဆန့်ကျင်ဖို့ အတင်းတွန်းအား ပေးနေရတယ်။
"ကောင်လေး ဒီကိစ္စက ငါတို့ မြို့စားမင်း အိမ်တော်ရဲ့ အမှားအယွင်းပါ... သူတို့တွေနဲ့တော့ မသက်ဆိုင်ပါဘူး...ငါတို့ အပြစ်မကင်းတာကို အတင်း မငြင်းဆန်ပါဘူး"
သူ့အသံက အမှန်တရား ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်ကြီးလိုပေါ့ သူ့ဟန်ပန်က သဘောထားကြီး စိတ်ထား မွန်မြတ်နေသလို ဟန်လုပ်နေခဲ့တယ်။
"တခြားသူတွေက အပြစ်ကင်းပါတယ်...သူတို့ကို အရှုပ်အရှင်းထဲ ဆွဲမထည့်ပါနဲ့"
"ယွမ်ရှောင်"
ယွမ်ရှောင်က လင်းယွမ် အရှေ့ကို ရောက်နှင့်တဲ့ အချိန် သူ့နောက်ကျောဘက်မှ မိန်းမပျိုလေးရဲ့အသံကို ရုတ်ခြည်း ကြားလိုက်ရတယ်။ဒီအသံက သူ့ရဲ့ခြေလှမ်းများကို ချက်ချင်း ရပ်တန့်သွားစေတယ်။
"ခဏတော့ စောင့်ဆိုင်းဦး"
စောင့်ဆိုင်းရမယ်။ သူလည်း ပေါ့ပေါ့ပါးပါး ခေါင်းမညိတ်ခင်မှာ နားမလည်နိုင်စွာ ကြည့်လိုက်တယ်။ လင်းယွမ်ကို သွေးအေးစွာ ဖျတ်ခနဲ ကြည့်ကာ ယွမ်လော့ဖုန်းအနား ဖြည်းဖြည်းချင်း လမ်းလျှောက်သွားတယ်။
ယွမ်ရှောင် ထွက်သွားတော့မှ လင်းယွမ်တစ်ယောက် စိတ်အေးရတော့တယ်။ဒါမှလည်း သူ့နှလုံးသားလေး ဖြေသိမ့်နိုင်မှာပေါ့။
Chapter-728
End
အပိုင်း(၇၂၉)
ကြမ္မာငင်သော လင်းလောရှင်း (၃)
"အဟွတ် အဟွတ်"
လင်းယွမ်လည်း လည်ချောင်းရှင်းကာ စကားဆိုတယ်။
"ဆက်ပြီးတော့ ခရီးထွက်မယ်"
ဒီစကားကို ပြောပြီးနောက် လင်းယွမ်လည်း ယွမ်ရှောင်ရဲ့ အပြုအမူကို မကပ်တွက်တော့ဘူး။ ဒီလိုသာ ဆက်လုပ်နေရင် သူ့ရဲ့သေမင်းကို သွားနှိုးဆွသလို ဖြစ်နေမှန်း သူ့ဘက်က နားလည်လိုက်လို့ပါ။ ဒါပေမဲ့ တခြားသူတွေကတော့ လင်းယွမ်ရဲ့ စိတ်ထားမွန်မြတ်မှုကြောင့် သူတို့ကို အသက်ချမ်းသာခွင့် ပေးလိုက်တယ်လို့ပဲ ယူဆနေတယ်။ အားလုံးရဲ့နှလုံးသားဝယ် လင်းယွမ်က စိတ်ထား မွန်မြတ်သူ...စိတ်စွမ်းအား မြင့်မားသူပေါ့။ယွမ်ရှောင်က စိတ်စွမ်းအား မြင့်မားသူ ဖြစ်နေပါစေ လင်းယွမ်က သူ့ကို အသာလေး တိုက်ခိုက်နိုင်တယ်လို့သာ မှတ်ယူထားတယ်။
ယွမ်လော့ဖုန်းလည်း သူမအနား ရောက်လာတဲ့ ယွမ်ရှောင်ကို ဖြေရှင်းချက် ပေးလိုက်တယ်။
"ကျွန်မတို့ကို အချိန်မီ နောက်ဆုတ်ဖို့ပြောတာ လုံဖေး"
"သူ ပြောချင်တာက..."
ယွမ်လော့ဖုန်းလည်း ခဏရပ်တန့်လိုက်ပြီး ဆက်လက် ပြောကြားတယ်။
"ကြောင်သူတော်ကို ဆက်မကြည့်ချင်တော့ဘူးတဲ့ ပထမဆုံး သူ့ရဲ့စိတ်ဓာတ်အမှန်ကို ဖော်ထုတ်မယ်တဲ့"
"တခြားကိစ္စလည်း ရှိသေးတယ်"
လုံဖေးလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
"ဒီလူတွေက အသုံးဝင်သေးတယ်...သူတို့ရဲ့ ရည်ရွယ်ချက် အထမြောက်ရင်တော့ အသက်ရှင်သန်ခွင့် ပေးဖို့ မလိုအပ်တော့ဘူး"
အသုံးဝင်တယ်...
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ လုံဖေးကို ကြည့်လိုက်တယ်။ သိပ်မကြာခင်မှာဘဲ သူမရဲ့ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြန်လမ်းမဲ့ သစ်တောနဲ့ ဝေးကွာတဲ့ ကောင်းကင်ယံကို ငေးမောကြည့်လိုက်တယ်။
ပြန်လမ်းမဲ့ သစ်တောက အဆုံးအစမဲ့ နက်ရှိုင်းတယ်လို့ ဘာကြောင့် ခံစားမိလဲတော့ မသိဘူး...တစ်စုံတစ်ရာတော့ ဖြစ်ပျက်တော့မယ် ထင်ပါရဲ့။
ညအချိန်...
လရောင်က ရေကဲ့သို့ တည်ငြိမ်နေတယ်။ ပြန်လမ်းမဲ့ သစ်တောရဲ့ နေရာတိုင်းမှ ရွက်ဖျင်တဲများ ထိုးထားတယ်။ တဲအတွင်းမှာ အလင်းရောင် ထွန်းလင်းတောက်ပနေပြီး တိတ်ဆိတ်သော ညချမ်းကို ပုံဖော်နေတဲ့ ခံ့ညားထည်ဝါသော နေမင်းနဲ့ အသွင်တူတယ်။
ယွမ်လော့ဖုန်းလည်း အိပ်ပျော်နေစဉ် သားရဲများရဲ့ မချိတင် ဆွဲဆွဲငင်ငင် အသံကို သိပ်မဝေးတဲ့ တစ်နေရာမှ ကြားလိုက်ရတယ်။သူမရဲ့ဘေးနားမှာ အိပ်စက်နေတဲ့ ယွမ်ရှောင်ရဲ့ မျက်ဝန်းများ ဖွင့်လာပြီး အကြည့်များက ခက်ထန်နေတယ်။ ဒါပေမဲ့ ယွမ်လော့ဖုန်းကို တွေ့လိုက်ရတော့ သူ့မျက်နှာသွင်ပြင်က ပိုမို နူးညံ့သွားတယ်။
"ကိုယ့်ကို ဒီမှာ စောင့်နေ...ကိုယ် အပြင်ဘက်ကို သွားကြည့်လိုက်မယ်"
"ကောင်းပါပြီ"
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။ သူမက ယွမ်ရှောင်ရဲ့ ခွန်အားကို ယုံကြည်ထားတယ်။ ပြဿနာလာရှာတဲ့ ဝံပုလွေသားရဲတွေ ပြေးဖို့ အချိန်တောင် မရှိလောက်ဘူး။
နေ့အချိန် သူမဘေးနားမှာ စူးကျန်းရှိနေတော့ သူ့အရှိန်အဝါကြောင့် သူမအနားကို မချဉ်းကပ်ရဲဘူး။ ဒါပေမဲ့ ညအချိန်ရောက်တော့ သူမကို သားရဲတွေ ရန်မူမှာ စိုးလို့ အရင်ဆုံး သူကိုယ်တိုင် ဖြေရှင်းနေတာများလား...?
စူးကျန်း ဘယ်ရောက်နေလဲ...
သူမတို့အနီးအနား ရွက်ဖျင်တဲမှ မိုးခြိမ်းသလို ဟောက်သံကို ကြားလိုက်ရတော့ ယွမ်လော့ဖုန်းလည်း ဘယ်သူမှန်း သိလိုက်တယ်။ ဒီလူယုတ်မာကောင် အိပ်ပျော်နေကတည်းက ကောင်းကင်ပြိုကျလည်း နိုးမှာ မဟုတ်ဘူး။ သူမလည်း ဝိညာဉ်သားရဲဘုရင် ဖြစ်တဲ့ စူးကျန်းရဲ့ ပုံစံအစစ်အမှန်ကို သိချင်ပါတယ်။
ယွမ်ရှောင်က တဲအတွင်းမှ လေပြင်းမုန်တိုင်းလို ထွက်ခွာသွားတယ်။ သူ ထွက်သွားပြီး သိပ်မကြာခင်မှာဘဲ ခံ့ညားသော လူငယ်လေး တဲထဲ ခိုးဝင်လာတယ်။
သူ ဝင်လိုက်တဲ့အချိန်... အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ ယွမ်လော့ဖုန်းကို မြင်လိုက်ရတယ်။ နီးကပ်လာလေ သူ့မှာ စိတ်လေးလံလာရတယ်။ အိပ်ရာဘေးနားကို ရောက်တော့ သူ့ဝံပုလွေ လက်သည်းများကို အိပ်ရာပေါ် တင်လိုက်တယ်။
ဒါပေမဲ့ သူမရဲ့မျက်ဝန်းများက ရုတ်ခြည်း ဖွင့်လာပြီး သူ့မှာ သူမကို ထိခွင့် မရှိခဲ့ဘူး။ သူမက ရုတ်တရက် ထရပ်လာကာ သူ့လည်ပင်းကို အကြမ်းပတမ်း ညှစ်တော့တယ်။
"ပြောစမ်း...ရှင့်ကို ဘယ်သူ ခိုင်းတာလဲ"
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။
လူငယ်လေးက သူမရဲ့မေးတဲ့ စကားကို ရှောင်လွှဲဖို့ ကြိုးစားတယ်။
"ငါ...ငါ တဲမှားပြီး ဝင်လာတာပါ"
တဲမှားပြီး ဝင်လာတယ် ဟုတ်လား။
ယွမ်လော့ဖုန်းလည်း သရော်ကာ လူငယ်လေးရဲ့ ခန္ဓာကိုယ်ကို အဝေးလွှင့်စဉ်သွားအောင် ကန်ထုတ်လိုက်တယ်။
"ရှင့်ကို ဒီနေရာ ရောက်လာခဲ့ဖို့ ပြောတာ လင်းလောရှင်း မလား"
ခေါင်းမမော့ခင် လူငယ်လေးမှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်နေတယ်။ ထို့နောက် သူမလည်း ဆက်လက်ပြီး ထေ့ငေါ့လိုက်တယ်။
"ရှင်တို့ကိုနှစ်ရာ ဆေးမှုန့်က သွေးဆောင် ဖြားယောင်လိုက်တာ မလား"
Chapter-729
End
Book30
730+731+732
အပိုင်း(၇၃၀)
ကြမ္မာငင်သော လင်းလောရှင်း (၄)
"မင်း... မဟုတ်တာ ပြောတာပဲ"
လူငယ်လေးရဲ့ မျက်နှာအမူအရာက ပျာယာခတ်နေခဲ့တယ်။
"ဒီသားရဲကောင်တွေက ငါတို့အဖွဲ့မှာ အသုံးမှမဝင်တာ...ငါတို့သခင်မလေး နည်းလမ်းဟောင်းကို သုံးပါ့မလား"
"နည်းလမ်းဟောင်း ဟုတ်လား...ဒါဆို နှစ်တစ်ရာဆေးမှုန့်ကို သုံးဖို့ လင်းလောရှင်း အမိန့်ပေးမှန်း သိတယ်မလား"
ယွမ်လော့ဖုန်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
လူငယ်လေးမှာ ပိုပြီးပျာယာခတ် လာရတယ်။
"ငါမသိဘူး...ငါ ဘာဆိုဘာမှ မသိဘူး...ဒီပြင် အဲဒီသားရဲကောင်တွေက မင်းတို့ကို ခြိမ်းခြောက်လို့ မရဘူး...သူတို့က ညှို့ခိုင်းလို့ အသုံးဝင်ပါ့မလား"
"မှန်ပါတယ်...ကျွန်မရဲ့ဘေးနားမှာ ယွမ်ရှောင်ရှိနေလို့ သူတို့တွေ ခြိမ်းခြောက်လို့ မရပါဘူး... ဆေးမှုန့်သုံးရတဲ့ အကြောင်းအရင်းက ယွမ်ရှောင်ရဲ့စိတ်ကို ဆွဲဆောင်ချင်လို့"
ယွမ်လော့ဖုန်းလည်း မေဖျားကို ထိကိုင်ရင်း မဲ့ပြုံး ပြုံးနေခဲ့တယ်။
"ရှင်က ကျွန်မကို ဖြားယောင်ဖို့ စိတ်ကူးနေတယ်မလား...ဟွန့်"
ယွမ်ရှောင် ထွက်သွားတော့ တခြားယောကျ်ားတစ်ယောက်က အမှောင်ထဲ စမ်းတဝါးဝါးနဲ့ သူမရဲ့ တဲထဲ ရောက်လာတယ်။ လင်းလောရှင်းရဲ့ ရည်ရွယ်ချက်က သိသာထင်ရှားလွန်းတယ်။ လူငယ်လေးက ယွမ်လော့ဖုန်းကို တုန်လှုပ်ချောက်ချားစွာ ငေးကြည့်နေမိတယ်။ သူမက ကိစ္စတိုင်းကို သိနေတယ်။
ဒီမိန်းသမီးက သူ့သခင်မလေးရဲ့ ရည်ရွယ်ချက်ကို တကယ် ခန့်မှန်းနိုင်တာပဲ။ ဒါဆို ဘာလို့များ လှည့်ဖျားချင်ယောင်ဆောင်နေတာလဲ။
အစကတော့ ဒီသားရဲကောင်တွေ တိုက်ခိုက်ခြင်းက လင်းလောရှင်းကြောင့်လို့ မတွေးမိခဲ့ဘူး။ လူငယ်လေး တဲထဲ ဝင်လာတော့မှ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားတယ်။
ထိုစဉ် ခြေသံကို အပြင်ဘက်မှ ကြားလိုက်ရပြီးအတိတ်နိမိတ် မကောင်းတော့မှန်း လူငယ်လေး သိလိုက်တယ်။စုတ်ဖြဲသံကို ဖန်တီးကာ သူ့ဝတ်စုံကို တစ်စစီ စုတ်ဖြဲလိုက်ပြီး ထိတ်ထိတ်ပျာပျာ အော်လိုက်တယ်။
"ကူညီကြပါ"
လူငယ်လေးရဲ့ အကူအညီတောင်းတဲ့ အော်သံကို ကြားတော့ လူတစ်စုလည်း ရွက်ဖျင်တဲထဲ အပြေးအလွှားဝင်လာခဲ့တယ်။တဲအတွင်းမှ မြင်ကွင်းကို မျက်မြင်တွေ့လိုက်ရပြီးနောက် လင်းယွမ်လည်း ဒေါနဲ့မောနဲ့ အော်ဟစ်တော့တယ်။
"မင်းက ငါ့လက်အောက်ငယ်သားကို ဒီလို လုပ်ရဲတယ်...အရှက်မဲ့ပြီး အကျင့်စာရိတ္တမကောင်းဘူး မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ကျင့်တရား မရှိဘူး"
လင်းလောရှင်းလည်း လင်းယွမ်လို ဒေါသထွက်နေပါတယ်။ ချောမောခံ့ညားတဲ့ လူငယ်လေး အနား အေးအေးဆေးဆေး လမ်းလျှောက်လာတယ်။ သူမရဲ့ မျက်ဝန်းများကို မှေးကာ သိမ်မွေ့စွာ မေးလိုက်တယ်။
"ဘာဖြစ်ခဲ့လဲ ပြော"
လူငယ်လေးလည်း သူ့နောက်က ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ သူ့အကြည့်မှာ ကြောက်လန့်မှုများ ပါဝင်နေမှန်း သိသားထင်ရှားလွန်းတယ်။
"မကြောက်ပါနဲ့"
လင်းလောရှင်းရဲ့အသံက အင်မတန် နူးညံ့နေခဲ့ပါရဲ့။
"ကျွန်မ အနားမှာ ရှိတယ်...ရှင့်ကို ကာကွယ်ပေးမယ် ... ဒီမိန်းကလေး ရှင့်ကို ဘာလုပ်ခဲ့လဲဆိုတာ ကျွန်မကို အမှန်တိုင်း ပြောပေး...ကျွန်မ ရှိနေရင် ကျွန်မရဲ့ငယ်သားကို ဘယ်သူမှ ထိခိုက်အောင် မလုပ်ဆောင်နိုင်ဘူး"
လူငယ်လေးရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေခဲ့လေရဲ့။
"သခင်မလေး... စောစောက ဝံပုလေံ သားရဲ အသံကြားလို့ အပြင်ထွက်ပြီး အခြေအနေကို စုံစမ်းခဲ့တယ်...ဒီတဲ အနားလဲ ရောက်ရော... ဒီမိန်းမက ရူးနေလား မသိဘူး...ကျနော်ကို တဲထဲ အတင်းကို တရွတ်တိုက် ဆွဲခေါ်သွားတယ်"
စောစောက ဝံပုလွေအသံ ကြားလို့ အခြေအနေကို ထောက်လှမ်းဖို့ လူအများကြီး သွားတယ်ဆိုရင် ဒီကို လူနည်းနည်းပဲ ရောက်လာမှာပေါ့။ အခုတော့ အတင်းပြောနေတဲ့ အသံတွေက မရပ်မနားကို ဆူညံ့ ပွက်လော ရိုက်နေတာပဲ။
"ငါသိတာတော့ သူမမှာ ခင်ပွန်း ရှိပြီးသားပါ... အိမ်တော်တစ်စုက ယောကျ်ားတစ်ယောက်ကို မလျော်မကန် ပြုမူရဲတယ်။ ဒီလို မိန်းမမျိုးကို မြင်းနဲ့ ခြေလက်တွေကို ဆွဲပြီး အပိုင်း ပိုင်းဖြစ်အောင် သတ်သင့်တယ်။
"ငါ ဘဝမှာ အမုန်းဆုံး အမျိုးသမီးက အကျင့်စာရိတ္တ မကောင်းတဲ့ မိန်းမပဲ... သူ့ကိုယ်သူ ယောကျ်ားလေးလို့များ ထင်နေလား... ယောကျ်ားတစ်ယောက်မှာ ဇနီးသည် ၃ယောက် ၊ ကိုယ်လုပ်တော် ၄ယောက် ထားခွင့် ရှိတယ်... ဒါပေမဲ့ အမျိုးသမီးတွေက ခင်ပွန်းကို သစ္စာ ရှိရမယ်... သစ္စာစောင့်ထိန်းမှု မရှိတဲ့ ဇနီးသည်ကို သေဒဏ်ပေးသင့်တယ်"
ထိုအမျိုးသားက ယွမ်လော့ဖုန်းကို ခက်ထန်စွာ ကြည့်ခဲ့တယ်။ သူရဲ့မျက်နှာအမူအရာက မလိုမုန်းထားမှုကို ပြသနေတယ်။ အားလုံးကတော့ သူ့ကို မှတ်မိနေတယ်။ ဒီနှစ်ထဲ သူ့ဇနီးသည်က တခြားယောကျ်ားနဲ့ ခိုးပြေးသွားတယ်။ ဒါကြောင့် သစ္စာမဲ့တဲ့ အမျိုးသမီးတွေကို သူ မုန်းတီးနေတယ်။သူ့အမြင်မှာတော့ သစ္စာမဲ့သူတိုင်းကို ပြင်းထန်စွာ အပြစ်ပေးသင့်တယ်လို့ ထင်တယ်။
Chapter-730
End
အပိုင်း(၇၃၁)
ကြမ္မာငင်သော လင်းလောရှင်း (၅)
တိုက်တိုက်ဆိုင်ဆိုင် သူ့ဇနီးသည်နဲ့ မယားခိုးသူကို ရှာတွေ့ခဲ့ပြီး ပြင်းထန်စွာ အပြစ်ပေးနိုင်ခဲ့တယ်။သူ့ဇနီးကို အရင်ဆုံး သစ္စာဖောက်ကာ ကိုယ်လုပ်တော်နဲ့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်ခဲ့ပြီး ကိုယ်လုပ်တော်ကြောင့် သူ့ဇနီးသည်ရဲ့ မမွေးရသေးတဲ့ ကလေးကို ထိခိုက်စေခဲ့တာကို လျစ်လျူရှုခဲ့တာ သူ ကိုယ်တိုင်ပါ။ ဒါကြောင့် သူ့ဇနီးသည်က သူမရဲ့ ငယ်ချစ်ဦးနဲ့ ခိုးရာလိုက်ပြေးခဲ့တယ်။
ဒါပေမဲ့ ယောကျ်ားတစ်ယောက်က သူ ကြိုက်သလောက် မိန်းမယူလို့ ရတယ်လေ ဒါက ပုံမှန်ကိစ္စတစ်ခုပဲလေ... အမျိုးသမီးတွေကတော့ သူတို့ရဲ့ ခင်ပွန်းကို သစ္စာစောင့်သိရမယ်။
ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ထိုအမျိုးသားက ဆက်ပြောတယ်။
"ဒီလိုမိန်းမမျိုးက လောကကြီးထဲ အသက်ဆက်ရှင်ဖို့ မထိုက်တန်ဘူး... ဒါပေမဲ့ ဒီနေ့တော့ ငါ့စိတ်ကြည်နေတယ်... ဒါကြောင့် မင်းကို သင်ကြားပေးသင့်တာ သင်ကြားပေးလိုက်မယ်... မင်း မကြားဖူးဘူးလား... အမျိုးသမီးက လက်ထပ်ပြီးရင် ခင်ပွန်းသည်ကို မှီခိုရမယ်...ခင်ပွန်းသည် စကားကို နားထောင်ရမယ်... ခင်ပွန်း ဆုံးပါးသွားရင် သားသမီးကို မှီခိုရမယ်တဲ့... မင်းက မင်းရဲ့ခင်ပွန်းကို ဩဇာ အာဏာ ပေးတဲ့အပြင် သူ့ကို သစ္စာမဲ့တယ်... မင်း ဘာကြောင့်များ အသက်ရှင်နေရလဲ။
အမျိုးသမီးက ခင်ပွန်းကို ဖိနှိပ်တာကို သူ မျက်စိ မယဉ်သေး။
အားလုံးရဲ့ ဒေါသများ သူမကို ဦးတည်နေသော်လည်း ယွမ်လော့ဖုန်းက လက်ပိုက်ရင်း အေးအေးလူလူ မတ်တတ် ရပ်နေကာ ပြုံးရုံ ပြုံးနေခဲ့တယ်။
"ကျွန်မက ရှင့်ကို ကိုယ်ထိလက်ရောက် စော်ကားတယ်လို့ ရှင်ပြောချင်တာလား"
လူငယ်လေးလည်း တံထွေးမျိုချရင်း အလျှော့မပေး ပြောတယ်။
"တကယ်လည်း စောစောက မင်းငါ့ကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တာပဲ... သခင်မလေးတို့ အချိန်မီ ရောက်လာလို့လာပေါ့... ငါ့ရဲ့ဖြူစင်မှုတွေ ပိုပိုပြီး ပျောက်ဆုံးသွားမှာ စိုးရိမ်ရတယ်"
"သက်သေ ဘယ်မှာလဲ"
ယွမ်လော့ဖုန်းလည်း ပြုံးကာ မေးလိုက်တယ်။
"ငါ့အဝတ်အစားတွေက သက်သေပဲလေ"
လူငယ်လေးရဲ့မျက်နှာက အတော်လေးကို ဖြူဖျော့နေခဲ့တယ်။
"မင်းက ငါ့ရဲ့အဝတ်အစားတွေကို စုတ်ဖြဲထားတာ သက်သေရှိနေပါပြီ ဒါကို မင်းက မင်းမလုပ်ဘူးလို့ ငြင်းချင်တယ်လား"
သူ့ဘက်က ဒီစကားကိုပဲ ထပ်ခါထပ်ခါ ပြောနေရင် သူမဘက်က ဖြူစင်ပါတယ်ဆိုပြီး မြစ်ဝါမြစ်ထဲ ခုန်ဆင်းလဲ သူမရဲ့ နာမည်ဆိုးကို ရှင်းလင်းနိုင်မှာ မဟုတ်ဘူး။
လင်းလောရှင်းလည်း မျက်ခုံးကို အနည်းငယ် တွန့်ကွေးလိုက်ကာ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
"နင် တကယ် ကျူးလွန်ခဲ့တယ်လို့ ဝန်ခံရင် နင့်ကို ရှင်သန်ဖို့ အခွင့်အရေး ပေးမယ်"
သူမပြောလိုက်တဲ့ စကားက အမှန်တရားကို လက်ကိုင်စွဲထားသူလို့ ဖော်ညွှန်းနေပြီး သူမက ယွမ်လော့ဖုန်းကို အသက်ရှင်နိုင်ဖို့ အခွင့်အရေး ပေးနေသလို ဟန်လုပ်နေတယ်။
ဝုန်း
လင်းလောရှင်း စကားပြောလို့ ပြီးချိန်မှာပဲ သူမရဲ့နောက်ကျောဘက်မှ ခံစားချက် ကင်းမဲ့သော အရှိန်အဝါကို ခံစားမိလိုက်ယ်။ သူမကို ရုတ်တရက် တိုက်ခိုက်လာခဲ့တယ်။ထို့နောက် သူမရဲ့ခြေထောက်များကို တစ်စုံတစ်ရာက ချုပ်နှောင်ထားသလို ခံစားရပြီး ဗိုင်းခနဲ အသံနဲ့အပြိုင် မြေကြီးပေါ် ဒူးထောက်လိုက်တယ်။
"နင့်အမှားကို နင် သိပြီး ငါ့ကိုတောင်းပန်ဖို့ ဒူးထောက်တာလား"
ယွမ်လော့ဖုန်းလည်း ဒူးထောက်နေတဲ့ လင်းလောရှင်းကို ကြည့်လိုက်တယ်။
"ဒါပေမဲ့ ငါ့ဘက်က နင့်တောင်းပန်မှုကို လက်မခံနိုင်ဘူး"
လင်းလောရှင်းရဲ့မျက်နှာသွင်ပြင်က အနည်းငယ် ဖြူဖျော့နေပြီး ခေါင်းမော့လိုက်ချိန် ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ယွမ်လော့ဖုန်းအနား လျှောက်လာတဲ့ အမည်းရောင်ဝတ်စုံနဲ့ အမျိုးသားကို မြင်လိုက်ရတယ်။
သူမရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမရဲ့ တပ်မက်ဖွယ်ကောင်းတဲ့မျက်နှာက နာကြည်းမှုကို ဖော်ပြနေတယ်။ အစတည်းက ဒီလူက သူမကို တစ်ချက်လေးတောင် မကြည့်ခဲ့ဖူးဘူး။
"ဘာဖြစ်တာလဲ"
ရွက်ဖျင်တဲအတွင်း ရောက်နေတဲ့ လူတစ်စုကို ယွမ်ရှောင်လည်း သွေးအေးစွာကြည့်လိုက်ချိန် သူ့မျက်နှာက ပိုပို ခက်ထန်လာခဲ့တယ်။
ယွမ်ရှောင်ရောက်တော့ တခြားသူတွေက ပြန်ထွက်ပြေးနေတဲ့ ဝိညာဉ်သားရဲတွေကို သတ်ပွဲကျင်းပနေတယ်။ သူတို့တွေက ဘာဖြစ်ခဲ့မှန်း အခြေအနေကို အတိအကျ မသိဘူး ထင်ပါတယ်။
"မင်း အချိန်မီရောက်လာတာပဲ...မင်းရဲ့အမျိုးသမီးက ငါတို့အိမ်တော်မှ ယောကျ်ားလေးကို မတော်တရော် ပြုမူဖို့ ကြိုးပမ်းတယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့တွေ ငါ့ကို ဖြေရှင်းချက် ပေးရမယ်"
လင်းယွမ်ရဲ့မျက်နှာအမူအရာက တည်ငြိမ်နေပြီး မတူမတန်ဟန် ပြောတယ်။
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို လှည့်မကြည့်ခင် အဝတ်အစား မသေမသပ်ဖြစ်နေတဲ့ လူငယ်ကို ဖျတ်ခနဲကြည့်လိုက်တယ်။
"မင်း ကိုယ့်ကို အဓမ္မကျင့်ဖို့ တောင်းဆိုတယ်"
မုဒိမ်းကျင့်ဖို့ တောင်းဆိုနေတယ်လား။ ချက်ချင်း အားလုံးမှာ ဘာပြောရမှန်း မသိအောင် မှင်တက်သွားရတယ်။ ဘာလဲဟ...။ တစ်စုံတစ်ယောက်က သူ့ကို အဓမ္မကျင့်ဖို့ တောင်းဆိုနေတယ်လား။
ဘာလို့ ကိုယ့်ကို အဓမ္မ မကျင့်တာလဲ... ကိုယ့်ဘက်က မင်းကို ပေးဆပ်ဖို့ ဆန္ဒရှိတယ်။
ယွမ်ရှောင်လည်း သူ့နှလုံးသားထဲမှ ဆန္ဒကို ဖွင့်ဟနေခဲ့တယ်။ ယွမ်လော့ဖုန်းဘက်က သူ့ကို အဓမ္မကြံ စေချင်ခဲ့တာပါ။ ဒါကြောင့် ယွမ်လော့ဖုန်းကို ကြည့်နေတဲ့ သူ့မျက်ဝန်းမှာ ရိုးသားမှုများ ပြည့်နှက်နေခဲ့တယ်။
လင်းလောရှင်းရဲ့မျက်နှာအမူအရာလည်း ခပ်တောင့်တောင့် ဖြစ်သွားပြီး သူမရဲ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေခဲ့တယ်။ဘာလို့လဲ...။
ယွမ်လော့ဖုန်း ကျူးလွန်တဲ့ စောင့်စည်းမှုမရှိတဲ့ အပြုအမူကို ကြားရ မြင်ရလည်း ဘာကြောင့်များ သူ့ဘက်က ခွင့်လွှတ်လဲ။
ကံဆိုးရှာတော့ ယွမ်ရှောင်က တခြားသူရဲ့အကြည့်များကို ဂရုမစိုက်ဘဲ ယွမ်လော့ဖုန်းကို မသွေမတိမ်း ကြည့်ကာ စကားပြောနေခဲ့တယ်။
"အိပ်ရာကို ဘယ်လို နွေးထွေးအောင် လုပ်ရမလဲ ကိုယ် သိပြီ...မင်းအတွက် ဟင်းချက်ပေးရမှန်းလည်း သိပြီ မင်းရဲ့ စကားကိုလည်း နာခံတယ်လေ... ဘာကြောင့် ကိုယ့်ကို အခွင့်အရေး မပေးရလဲ... ကိုယ့်ကို ဘာကြောင့် မတော်မရော် မပြုမူရလဲ...ဘာကြောင့် ကိုယ် မဟုတ်ရတာလဲ"
Chapter-731
End
အပိုင်း(၇၃၂)
ကြမ္မာငင်သော လင်းလောရှင်း (၆)
ယွမ်လော့ဖုန်းရဲ့မျက်နှာက မည်းမှောင်နေတော့တယ်။ ဒီလူကတော့ ရှက်စရာကောင်းတဲ့ ကိစ္စကို ပြောနေလည်း အလေးအနက် ထားသလို စိတ်လှုပ်ရှားမှု ကင်းမဲ့တဲ့ မျက်နှာထားနဲ့ ပြောနေတယ်။
လင်းလောရှင်းလည်း မြေကြီးကို ထောက်ကာ မတ်တတ်ရပ်ဖို့ ကြိုးစားသော်လည်း သူမ မတ်တတ် မရပ်ခင်မှာဘဲ ယွမ်ရှောင်ရဲ့ အေးတိအေးစက် အကြည့်က သူမအပေါ် ကျရောက်လာတယ်။ဒါကြောင့် သူမရဲ့ကျောပေါ် လေးလံတဲ့ အလေးတုံး ဖိထားသလို ခံစားရပြီး မထိန်းနိုင် ဖြစ်ကာ နောက်တစ်ကြိမ် ဒူးထောက် သွားရပြန်တယ်။
"ကျွန်မတို့ အိမ်တော်က လူ ပြောတာတော့ စောစောက သူမဘက်က မတရားကျင့်ဖို့ ကြိုးစားတယ်တဲ့ ရှင် ဘာလို့ ဒေါသ မထွက်ရလဲ"
"ဘာကြောင့် ငါက ဒေါကန်ရမလဲ"
ယွမ်ရှောင်ဘက်က သူမကို ပထမဆုံး စကားပြောခြင်းပဲ။ သူမရဲ့နှလုံးသား အရည်ပျော်မတတ် ခံစားရတယ်။ သူက အဲ့မိန်းမကို အချစ်စစ် အချစ်မှန်နဲ့ ချစ်ခဲ့တာလား။ သူမက တခြားယောကျ်ားနဲ့ ဖောက်ပြားလဲ သူ့အတွက် စိတ်အနှောင့်အယှက် မဖြစ်စေဘူးလား။
ယွမ်ရှောင်ဘက်က ဒေါသ မဖြစ်တာ စိတ်သဘောထား ကြီးမြတ်လို့ မဟုတ်ဘဲ တခြားကိစ္စကြောင့်ဆိုတာ လင်းလောရှင်း မသိနိုင်ပါဘူး။
ပြီးတော့ ဒီတခြားကိစ္စက ယုံကြည်မှုပဲ။
ဒါပေါ့ ဒီစကားက နက်နဲလွန်းတော့ လင်းလောရှင်းရဲ့ ဉာဏ်ရည်နဲ့ နားလည်နိုင်ပါ့မလား။
ဒီလိုအခြေအနေမှာ အိပ်ရာထက်မှ နူးညံ့ ချိုသာသော အသံကို ကြားလိုက်ရတယ်။
"ဖေဖေနဲ့ မေမေ ဘာတွေ ပြောနေတာလဲ... မေမေ သားကို ပုံပြင်ဆက်ပြောပြ"
ရွက်ဖျင်တဲ တစ်ခုလုံး တိတ်ဆိတ်သွားရတယ်။ လူတိုင်း လှမ်းကြည့်လိုက်တော့ အိပ်ရာခင်းကို ဖယ်လာတဲ့ ဖြူဖြူသေးသေး လက်လေးကို မြင်လိုက်တယ်။ ထိုကလေးငယ်က သူ့မျက်လုံးများကို ပွက်ကာ တိုးတိုးလေး စကားဆိုလာခဲ့တယ်။
"သား ပင်ပန်းနေပြီ ပုံပြင် နားထောင်ပြီးရင် အိပ်မယ်"
"ကလေး... ဒီရွက်ဖျင်တဲထဲ ကလေးရှိတယ်လား ။ဒီပြင် ကလေးက ယွမ်လော့ဖုန်းကို သူ့အမေလို့ ခေါ်နေတယ်လား"
ပြဿနာရှာဖို့လာတဲ့ လူအားလုံး မှင်တက်သွားရတယ်။
လူငယ်လေးလည်း တုန်လှုပ်သွားရတယ်။ သူရောက်လာတည်းက ယွမ်လော့ဖုန်း တစ်ယောက်တည်း အိပ်ရာပေါ်မှာ လဲလျောင်းနေတာပါ... ကလေးက ဘယ်အချိန်ရောက်လာတာလဲ။ သူတို့တွေ ခရီးစဉ် တစ်ခုလုံး အတူတူသွားခဲ့တာပါ... ယွမ်လော့ဖုန်း ကလေးခေါ်လာတာ သတိမထားမိပါဘူး"
"ဦးဦး... ဘာလို့ မထွက်သွားသေးတာလဲ"
ရှောင်မိုလည်း နှုတ်ခမ်းစူကာ လူငယ်လေးဘက် လှည့်ကြည့်လိုက်တယ်။
"ဦးဦးက အတင်းဝင်လာပြီး ပုံပြင်ပြောနေတဲ့ မေမေ့ကို နှောင့်ယှက်တယ်... ဒါကို ဦးဦးနဲ့ သား စာရင်းမရှင်းရသေးဘူး... အခု မေမေကို နှောင့်ယှက်ဖို့ တခြားသူတွေကိုပါ ခေါ်လိုက်ပြန်ပြီး တစ်ယောက်တည်း နှောင့်ယှက်ရတာ အားမရလို့လား"
အတင်း ဝင်လာတယ်... ဒီလူက သူ့ဘာသာ ဝင်လာတာလား.. ဒီအမျိုးသမီးက သူ့ကို အတင်းဆွဲခေါ်သွားတယ်လို့ ပြောခဲ့တာပါ။
"သူငယ်ချင်းလေး... ဒီလူက သူကိုယ်တိုင် ရွက်ဖျင်တဲထဲ ဝင်လာတယ်လို့ ပြောလိုက်တာလား"
အားလုံးက မြို့စားမင်းအိမ်တော်နဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း မဟုတ်ပါဘူး။ သူတို့ဘက်က ကူညီပြောဆိုရတာလဲ လင်းယွမ်ရဲ့စကားက သူတို့ရဲ့စိတ်ကို ထိရှစေလို့ပါ။ အခုတော့ရှောင်မိုရဲ့စကားကို ကြားတော့ သူ့တို့စိတ်ထဲ ဖြစ်တည်လာတဲ့ သံသယစိတ်ကို ရှင်းလင်းစေဖို့ မေးခွန်းမေးရမယ်။
"အမှန်ပါပဲ"
ရှောင်မိုလည်း မျက်တောင်ခတ်လိုက်တယ်။
"သူ ဝင်လာတော့ အမေကို အဝတ်အစား ချွတ်ဖို့ ကြိုးစားတယ်.. အဲ့တော့ မေမေက သူ့ကို ရိုက်တယ်... ဒါပေမဲ့ ဘာကြောင့် သူ့အဝတ်အစားတွေကို စုတ်ဖြဲလိုက်လဲတော့ မသိဘူး"
"သူ့အဝတ်အစားကို သူ့ဘာသာ ဖြဲလိုက်တယ်လို့ ပြောချင်တာလား"
"အွန်း"
ရှောင်မိုလည်း ချစ်ဖို့ကောင်းအောင် ခေါင်းညိတ်လိုက်တယ်။
"သားက ငယ်သေးတော့ သူ ဘာလုပ်ချင်တာလဲ နားမလည်ဘူး...ဦးဦးတို့ ပြောပြပါလား"
ငယ်သေးတယ်...ဟုတ်လား။ ရှောင်မိုရဲ့စကားကို ကြားတော့ ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။ရှောင်မိုက နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့တာပါ... ဒါကို သူ့ကိုယ်သူ ငယ်သေးတယ်လို့ ပြောထွက်ရက်တယ်။ ဒါပေမဲ့ ယွမ်လော့ဖုန်းဘက်က ပေါ်ပေါ်ထင်ထင် မပြောပါဘူး။ ဒီမြင်ကွင်းကို ကြည့်ကာ ခပ်တည်တည် ပြုံးနေလိုက်တယ်။
အားလုံးက လူငယ်လေးကို တအံ့တဩ ကြည့်နေခဲ့တယ်။ ဒီလူတွေထဲက အများစုက မိဘတွေပါ။ သူတို့တွေက ယုတ်မာတဲ့ လူဖြစ်ဖြစ် ကလေးရှေ့မှာတော့ အမှား မကျူးလွန်ဘူး။
"သူငယ်ချင်းလေး... ဦးဦးမှာ တခြားမေးစရာ မေးခွန်းရှိတယ်... ဘာလို့ နေ့ဘက်မှာ သားသားကို မတွေ့ရတာလဲ... ဘယ်အချိန်မှ ပေါ်လာတာလဲ"
Chapter-732
End
Bạn đang đọc truyện trên: Truyen247.Pro