Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

701 to 715 Unicode

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၉)
ဘာသာပြန်ဆိုသူ: ချိုသင်းမာ

701+702+703

အပိုင်း(၇၀၁)
မျိုးစေ့မှာ အပြောင်းအလဲ ဖြစ်ပေါ်ခြင်း (၂)

နောက်တစ်နေ့ မိုးသောက်ယံ အချိန်….

ယွမ်လော့ဖုန်းလည်း သူ့မျက်ဝန်းကို ဖွင့်လိုက်ချိန်မှာ ချင်ယန်က သူမအိပ်ရာဘေးမှာ တိတ်တဆိတ် စောင့်ဆိုင်းနေတာကို တွေ့လိုက်ရတယ်။

သူမရဲ့သခင်မလေး နိုးထလာတာကို မြင်တော့ သူမလည်း စိတ်လှုပ်ရှားစွာ စကားပြောလာခဲ့တယ်။
“ သခင်မလေး… သတင်းကြားပြီးပြီလား.. လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပိတ်လှောင်ခဲ့တဲ့ ကွမ်လန် သေတော့မယ်… နောက်ထပ် တစ်နာရီတောင် ခံပါ့မလား မသိဘူး”

လွန်ခဲ့သော တစ်နှစ်က ကွမ်လန်ကို ယွမ်လော့ဖုန်းက ချက်ချင်း မသတ်ခဲ့ဘူး။ သေရတာထက် ပိုဆိုးရွားတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံယူဖို့ အနောက်ဘက် ခြံဝင်းမှာ ပိတ်လှောင်ထားခဲ့တယ်။ အသက်ရှင်သန်နေရတဲ့ တစ်နှစ်မှာ သူက သေဖို့ပဲ တောင်းဆုခြွေနေမိမှာလေ။ နောက်ဆုံးတော့ သူ့ဘက်က ဆက်လက် သည်းမခံနိုင်တော့ဘူး ထင်ပါတယ်။ အခု ချင်ယန် ရတဲ့ သတင်းအရတော့ သူ့ကို ဆေးကုသပေးထားလည်း သူ သေတော့မယ်လား။ဒါကြောင့်သူမက ယွမ်လော့ဖုန်းကို သတင်းပို့ဖို့ အခန်းထဲ အလျင်စလို လာရတာပေါ့။

“ကွမ်လန်…ငါ သူ့အကြောင်းကို မေ့နေလိုက်တာ”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ခုံးကို ပင့်လိုက်တယ်။
“ ဘာပဲဖြစ်ဖြစ်ပါလေ… ငါတို့က အချိန်တုန်းက ရင်းနှီးခဲ့ဖူးတာပဲ… သူ သေဆုံးတော့မယ်ဆိုတော့ သူ့နောက်ဆုံးခရီးကို လိုက်ပို့ဆောင်ပေးတာပေါ… ချင်ယန် သွားမယ်”

သူမလည်း ပြောပြီးတာနဲ့ အိပ်ရာပေါ်မှ ထကာ လန်းဆန်းအောင် ကိုယ်လက် သန့်စင်လိုက်ပြီး အနောက်ဘက် ခြံဝင်းသို့ ထွက်လာခဲ့တယ်။

ခြံဝင်းအတွင်းမှာ ကွမ်လန်က သစ်သား ပျဉ်းပြားပေါ် လဲလျောင်းနေပြီး သူ့မျက်ဝန်းများက စိတ်ပျက်ကြေကွဲမှုကို ပြသနေခဲ့တယ်။

သူနဲ့အတူတူ အချုပ်ခံထားရတဲ့ လူတစ်ချို့လည်း ယွမ်လော့ဖုန်းရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည် မရှိတော့ပါဘူး။ သူတစ်ယောက်တည်း သည်းခံနိုင်ခဲ့သော်လည်း နေ့တိုင်း သတ်သေတဲ့လူ အများကြီးပါ။

ကျွီ…

ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ တံခါးကို ကျောက်စိမ်းရောင် လက်တစ်စုံက တွန်းဖွင့်လာခဲ့ပြီး အသက်ရှူမှားလောက်အောင် လှပတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာပြီး သူမရဲ့ အစေခံနဲ့အတူတူ အခန်းထဲကို ဝင်လာတယ်။ သူ… နေ့နေ့ ညည တမ်းတခဲ့ရတဲ့ မျက်နှာကို ငေးကြည့်ရင်း ကွမ်လန်လည်း ချောင်းတဟွတ်ဟွတ် ဆိုးလိုက်တယ်။ သူ့လည်ချောင်းမှာ တစ်စုံတစ်ရာ တစ်ဆို့နေသလိုပေါ့။

အတိတ်ကလဲ သူ… ဒီဟောင်းနွမ်းနေတဲ့ ခြံဝင်းထဲက ထွက်မပြေးခဲ့ပါဘူး။ သူမရဲ့ အပြင်မှာ အောင်မြင်နေတဲ့ သတင်းကို  လူတစ်ချိူ့က သူ့ကို လာပြောခဲ့လဲ သူ… နေမြဲတိုင်း နေခဲ့တယ်။ ဥပမာအနေနဲ့ ပြောရရင်… ဒီမိန်းမ… ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်သွားပြီတို့…နတ်ဆေးသမားတော် ထျန်းရာက သူမရဲ့ တပည့်တို့ စတဲ့ အကြောင်းတွေ ကြားခဲ့တာတောင်ပေါ့။

အခု သူ ကြားခဲ့ရတဲ့ သတင်းက… ယွမ်လော့ဖုန်းက ဆေးစံအိမ်တော် အကြီးအကဲ ရုန်ကို ဝိုင်တစ်ခွက် တိုက်ပြီး အတားအဆီးကို ဖြတ်ကျော်စေခဲ့တဲ့ သတင်းပါပဲ။

အတိတ်က သူမကို ဘယ်တော့မှ မနာကျင်စေခဲ့ရင်… သူမပိုင်ဆိုင်တဲ့ တောက်ပမှု ကျော်ကြားမှုအားလုံးက သူ့အတွက်ဖြစ်လာခဲ့မှာ…ကွမ်လန်… အလွန်အမင်းကို နောင်တရမိပါရဲ့ သူ့ဘဝကို နောက်တစ်ကြိမ် ပြန်စနိုင်မယ်ဆိုရင် သူ့တစ်သက်လုံး နောင်တရစေမယ့် အပြုအမူမျိုး သူ မလုပ်တော့ဘူး။

“ ရှင်က တကယ့်ကို တစ်နှစ်ကျော် နေနိုင်တာပဲ”
ယွမ်လော့ဖုန်းလည်း ကွမ်လန်ကို ဖျတ်ခနဲ ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်တယ်။
“ ညှဉ်းပန်းမှုကို သည်းမခံနိုင်ဘဲ ကိုယ့်ဘာသာ သတ်သေပြီ ထင်ထားတာ…. ရှင်က တကယ့်ကို သူရဲဘောကြောင်ပြီး ကြောက်တတ်တာပဲ”

သူက တကယ်ပဲ သူရဲဘောကြောင်ပြီး ကြောက်တတ်ပါတယ်။ သူ့ကိုယ်သူ သတ်သေရဲတဲ့ သတ္တိတောင် မရှိခဲ့ဘူး။ ဒါကြောင့်လည်း တစ်နှစ်ခွဲလောက် ညှဉ်းပန်းမှုကို အလူးအလဲ ခံစားရတာပေါ့။

“ယွမ်လော့ဖုန်း”
ကွမ်လန်ရဲ့အသံက အတော့်ကို ပြာဝင်နေခဲ့တယ်။ သူ့လည်ပင်းကို လက်တစ်စုံက ညှစ်ထားသလိုပေါ့။
“ငါ… မုစူစွမ်းနဲ့ အတူတူ မရှိခဲ့ရင် မင်း ငါ့ကို လက်ထပ်မှာလား”

“လက်မထပ်ဘူး”
ယွမ်လော့ဖုန်းက တည့်တိုး ပြန်ဖြေတယ်။

“မဖြစ်နိုင်ပါဘူး”
ကွမ်လန်လည်း ခေါင်းကိုခါလိုက်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်တယ်။
“အရင်က မင်း ငါ့ကို နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး ချစ်ခဲ့တာပါ… ဘာကြောင့်များ မင်းက ငါ့ကို လက်မထပ်ဘဲ နေပါ့မလား… ငါက မင်းကို ထိခိုက်စေခဲ့လို့သာပေါ့… တကယ်ဆို မင်းက ငါ့ဇနီးဖြစ်လာမှာပါ။

ယွမ်လော့ဖုန်းလည်း ကွမ်လန် အနားကို လျှောက်လိုက်ပြီး မဲ့ကာ ပြောလိုက်တယ်၊
“ ဘာကြောင့်လဲဆိုတာ မသိချင်ဘူးလား”

ကွမ်လန်လည်း ခေါင်းညိတ်လိုက်တယ်။ သူလည်း အကြောင်းအရင်းကို သိချင်ပါတယ်။

သူရဲ့မျက်နှာအမူအရာကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း သူမရဲ့ကိုယ်ကို ကိုင်းလိုက်ကာ သူတို့နှစ်ဦးပဲ ကြားနိုင်တဲ့ အသံနဲ့ ပြောလိုက်တယ်။
“ရှင့်ကို အရူးအမူးချစ်ခဲ့တဲ့ ယွမ်လော့ဖုန်းက ရှင် ရက်ရက်စက်စက် စွန့်ပစ်လိုက်ကတည်းက ဆွဲကြိုးချ သတ်သေသွားပြီလေ… ကျွန်မက သူ့ခန္ဓာကိုယ်ကို လက်ခံယူထားတဲ့ တခြားကမ္ဘာက လာတဲ့ ဝိညာဉ်…ဒါကြောင့် ကျွန်မက ရှင့်ကို မချစ်ခဲ့ဘူး”

ကွမ်လန်ရဲ့မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတပြင်လုံးမှာ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

“မင်း…”

သူ ပြောလို့ မပြီးခင်မှာ ယွမ်လော့ဖုန်းရဲ့လက်ထဲမှ ဓားရှည်က သူ့ရင်ဘတ်ကို ထိုးဖောက်သွားပြီး သူ့ဘဝကို အဆုံးသတ်ပေးလိုက်တယ်။

Chapter-701
End

အပိုင်း(၇၀၂)
မျိုးစေ့မှာ ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်း (၃)

“သခင်မလေး… စောနက သူ့ကို ဘာပြေလိုက်တာလဲ”

ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အခန်းမှ လမ်းလျှောက် ထွက်လာပြီး ချင်ယန်က သူမဘက်လှည့်ကာ စပ်စပ်စုစု မေးလာခဲ့တယ်။

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“ သူ့ကို စိတ်ပျက်စေမယ့် စကားမျိုးပေါ့”
ယွမ်လော့ဖုန်းက ဒီစကားမျိုး မပြောလဲ ကွမ်လန်က စိတ်ပျက်စရာကောင်းတဲ့ တည်ရှိမှုမျိုနဲ့ ကြေကွဲနေရသူပါ။

သူ့အတွက်တော့ သေဆုံးခြင်းက အကောင်းဆုံးသော လွတ်မြောက်နိုင်တဲ့နည်းလမ်းပါ။ ပိန်လှီနေတဲ့ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ ဗလပွကို ကြီးလိုက်တာနဲ့ သူ… ဒီနှစ်ပေါင်းမှာ ညှဉ်းပန်းမှုကို အတော်လေး သည်းခံခဲ့ရမှန်း အတပ်ပြောနိုင်ပါတယ်။ သူလည်း သတ်သေဖို့ စဉ်းစားခဲ့မိမှာပါ… ဒါပေမဲ့ မလုပ်ရဲခဲ့ဖူး ထင်ပါတယ်။

“ချင်ယန်”
ယွမ်လော့ဖုန်းလည်း သူမရဲ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချင်ယန်ကို လှည့်ကာ စကားပြောလာခဲ့တယ်။
“ ဒီနေ့ စစ်သူကြီးအိမ်တော်ကနေ… ယွမ်ရှောင်နဲ့အတူတူ ထွက်သွားမယ် တခြားကုန်းမြေစုကို သွားဖို့ လိုအပ်တယ်… နင်က ယွမ်မိသားစုကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်…နည်းနည်းလေးတောင် ထိခိုက်မှုတောင် မဖြစ်စေနဲ့”

“သခင်မလေး…”
ချင်ယန်ရဲ့နှလုံးသာက တုန်ရီနေပြီး ခေါင်းကို ငုံ့ထားတယ်။
“သခင်မလေး …ပြန်ရောက်လာတာ မကြာသေးဘူး… နောက်တစ်ကြိမ် ထပ်ထွက်သွားဦးမလို့လား”

ယွမ်လော့ဖုန်းလည်း ပြန်မပြောခင်မှာ အချိန်အကြာကြီး တိတ်ဆိတ်နေမိပါရဲ့။

“ဒီတစ်ခေါက်သွားရတာက အရမ်းကို အရေးပါတဲ့ လူတစ်ယောက်ကို ရှာဖို့အတွက်ပါ… ယွမ်မိသားစု ဒုက္ခရောက်ရင် ဆေးစံအိမ်တော်နဲ့ နင်မိသားစုကို အကူအညီတောင်း…အခုတော့ လုံရှောင်ကုန်းမြေစုက ဘယ်သူမှ ယွမ်မိသားစုကို ထိရဲမှာ မဟုတ်ဘူး။

ယွမ်မိသားစုမှာ နင်အကြီးအကဲ ရှိတဲ့အပြင် သူတို့နောက်မှာ ထောက်ပံ့ပေးနေတဲ့ ထျန်းရာလည်း ရှိနေပြန်တယ်။ဒီကုန်းမြေစု တစ်ခုလုံးမှာ သူတို့ကို ရန်စရဲသူ ရှိပါ့မလား။

“ဒါကြောင့်လည်း သူမက တခြား ကုန်းမြေစုကို သွားရဲတာပေါ့”

“စိတ်ချပါ သခင်မလေး… ချင်ယန်က ယွမ်မိသားစုကို သေချာပေါက် စောင့်ရှောင်မှာပါ… သခင်မလေး ပြန်လာမှာကို စောင့်မျှော်နေပါမယ်”
ချင်ယန်ရဲ့မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး ယွမ်မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့ ဆုံးဖြတ်ချက် ချမှတ်ထားတယ်။

ယွမ်လော့ဖုန်းလည်း ခဏနားပြီး ဆက်ပြောလိုက်တယ်။
“ဒီတစ်ခေါက်တော့ ယွမ်ရှောင်နဲ့အတူတူ တိတ်တိတ်လေး ထွက်သွားမယ်… နောက်ပြီး မြေအောက်ခန်းမှာ ဝိုင်ပုလင်းတွ သိုလှောင်ထားတယ်… နေ့တိုင်း အဘိုးကို တစ်နေ့ နှစ်ပုလင်း ပို့ပေးလိုက်…”

“ ဟုတ်ကဲ့… မှတ်ထားပါ့မယ်”
ချင်ယန် လေးလေးစားစားနဲ့ ရိုသေစွာ ပြန်ဖြေတယ်။
“ဘာကြောင့် သခင်မလေး တိတ်တဆိတ် ထွက်သွားရတာလဲ… သိခွင့်ရှိမလား”

“ရှောင်ပိုင်ကြောင့်ပေါ့…”
ယွမ်လော့ဖုန်းလည်း စိတ်ညစ်ညစ်နဲ့ ပြန်ဖြေတယ်။
“ငါ တခြား ကုန်းမြေစုကို ထွက်သွားတာကို ရှောင်ပိုင် သိရင် ငါ့နောက်ကို သေချာပေါက် လိုက်တော့မှာလေ…ဒါပေမဲ့ အဲနေရာက အရမ်းကို အန္တရာယ်များ လွန်းတယ်…ကိုယ့်ဘာသာတောင် မကာကွယ်နိုင်တာ… သူ့ကို ခေါ်သွားရင်တော့ စွန့်စားလွန်းရာ ရောက်မယ်… ဒါကြောင့် သူမကို ဒီမှာ ထားခဲ့မှ ဖြစ်မယ်”

ရှောင်ပိုင်က အရည်အချင်းမဲ့သူ မဟုတ်ပါဘူး… ဒါပေမဲ့ အဲဒီကုန်းမြေစုမှာ အစွမ်းမြင့်သူ အများကြီးရှိတယ်… သူမလေးက သူတို့အတွက် သေးနုပ်တဲ့ တည်ရှိမှုလေး ဖြစ်နေမှာလေ….။

ဒီအကြောင်းကို သေချာတွေးတော ပြီးတော့မှ ယွမ်လော့ဖုန်းလည်း ဆက်ပြောတယ်။
“ဒီရက်ပိုင်းအတွင်းမှာ ရှောင်ပိုင်ကို စိတ်စွမ်းအား လေ့ကျင့်နိုင်ဖို့ နည်းလမ်းတချို့ ရေးပေးခဲ့မယ်… ငါ ထွက်သွားပြီးမှ သူမကို ပေးလိုက်နော်”

ချင်ယန်လည်း ယွမ်လော့ဖုန်း လှမ်းပေးတဲ့ စာအုပ်ကို ယူလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တယ်။
“သခင်မလေး… ကျွန်မ … ဒီစာကို ရှောင်ပိုင်လက်ထဲ သေချာပေါက် ရောက်အောင် ထည့်ပေးပါ့မယ်”

“ညွှန်းကြားသင့်တာကို ညွှန်းကြားပြီး ခဏကြာရင် ယွမ်ရှောင်နဲ့အတူတူ ထွက်သွားတော့မယ်… ကိုယ့်ဘာသာ ဂရုစိုက်ပြီး နေနော်”

ယွမ်လော့ဖုန်းလည်း ဒီစကားကို ပြောပြီးတာနဲ့ ဘယ်သူနဲ့မှ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ အိပ်ခန်းထဲကို ဦးတည်သွားလိုက်တယ်။လက်ရှိအချိန်  အိပ်ခန်းထဲမှာ ယွမ်ရှောင်က ပစ္စည်းအားလုံးကို ထုပ်ပိုးပြီး သူမကို စောင့်ဆိုင်းနေတယ်။

“သွားမယ်”

သူမလည်း ပခုံးတွန့်လိုက်ပြီး နောက်ကို တစ်ချက်မျှ ပြန်လှည့်မကြည့်ဘဲ အဓိက တံခါးပေါက်မှ ထွက်ခွာလာခဲ့တယ်။

…..

လင်းလောပိုင်က အစတည်းက အချိန်ဖြုန်းနေတတ်တဲ့လူ ဖြစ်တာကြောင့် မနက်ခင်းတိုင်း ဈေးဝယ်ထွက်လေ့ရှိတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် သူမ ပြန်လာတော့ စောင့်ကြိုနေတဲ့ သတင်းက ယွမ်လော့ဖုန်း ထွက်သွားပြီတဲ့လား။

ရုတ်တရက် သူမလည်း ယွမ်လော့ဖုန်း ပေးခဲ့တဲ့ စာအုပ်ကို ဖတ်ကာ ရှိုက်ကြီးတငင်ငင် ငိုကြွေးတော့တယ်။
“ဆရာ… တပည့်ရဲ့ အစွမ်းက အားနည်းမှန်းသိပါတယ်… ဘယ်သွားသွား တပည့်ကိုတော့ ချန်မထားခဲ့သင့်ဘူးလေ…ဒါပေမဲ့ မစိုးရိမ်ပါနဲ့…ဆရာ…တပည့် အကောင်းဆုံး ကြိုးစားပြီး စိတ်စွမ်းအားကျင့်ကြံပါ့မယ်…ဆရာ့ကို မကြာခင် လိုက်ရှာမယ်”

သူမလည်း ယွမ်လော့ဖုန်း ချန်ထားခဲ့တဲ့ စာအုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း မျက်ရည်များကို သုတ်ကာ မတ်တတ် ရပ်လိုက်တယ်။ သူ့မရဲ့ မျက်ဝန်းမှာ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်များ ဆုံးဖြတ်ချက်ခိုင်မာမှုများ ဖြာလဲ့နေခဲ့ပါရဲ့။

“ဆရာ…တပည့် သေချာပေါက်ကို အကောင်းဆုံး လေ့ကျင့်သွားမယ်… ဆရာရဲ့ မျှော်လင့်ချက် မပျက်သုန်းစေရဘူး”

Chapter-702
End

အပိုင်း(၇၀၃)
ပထမဆုံး ဆုံတွေ့တည်းက မင်းကို ချစ်ခဲ့တယ် (၁)

ပြန်လမ်းမဲ့ သစ်တောထဲ မိုင်တစ်ထောက်လောက် ခြေဆန့်ခဲ့သော်လည်း လူသားတွေရဲ့ နေထိုင်မှုနဲ့ ပတ်သက်တဲ့ အရိပ်အယောင်လေးမျှ မတွေ့ရဘူး။ပြန်လမ်းမဲ့ သစ်တောထဲ ဝင်လာကတည်းက ယွမ်လော့ဖုန်းလည်း ဘယ်သူ့ကိုမှ မမြင်ခဲ့ပါဘူး။ပတ်ဝန်းကျင်မှာ ဝိညာဉ်ရဲကောင်များရဲ့ ခြေရာကိုပဲ တွေ့ရပါတယ်။

ထိုစဉ် ပတ်ဝန်းကျင်မှ လှုပ်ရှားသံကို ကြားလိုက်ရပြီးသူမရဲ့နိုးကြားတက်ကြွတဲ့ စိတ်အခြေအနေကို လှုံဆော်ပေးတယ်။ချက်ချင်း သူမရဲ့လက်ထဲမှ ဓားရှည်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက်တယ်။

ပြန်လမ်းမဲ့ သစ်တောအတွင်းမှာ သူတို့တွေ နည်းနည်းလေး သတိမမူသိရင် ချက်ချင်း အသက်ဆုံးရှုံးသွားနိုင်တယ်။

“သတိထားနော်”

ယွမ်ရှောင်က သူ့နောက်ကျောမှ မိန်းမပျိုလေးကို ကာဆီးထားတယ်။ သူ့ရဲ့ခံစားချက် ကင်းမဲ့နေသော မျက်နှာ မိန်းမပျိုလေး ဘေးအန္တရာယ် ဖြစ်မှာ စိုးရိမ်တာကြောင့် သတိဝိရီယ ရှိနေတယ်။

သူတို့နှစ်ဦးလုံး ပတ်ဝန်းကျင်ကို သတိထားနေချိန်မှာ ပန်းရောင် ကြွက်လေးက ပင်ခြေပိတ်ပေါင်မှ သုတ်သုတ်ပျာပျာ ပြေးထွက်လာတယ်။ တယိမ်တယိုင် ဖြစ်ကာ ယွမ်လော့ဖုန်းရှေ့ လဲကျသွားတယ်။ ကြည့်ရတာတော့ ဒီကြွက်လေးက သားရဲ တိုက်ခိုက်တာကို ခံခဲ့ရပုံပဲ.. သေမတတ် ထိခိုက်ဒဏ်ရာ ရခဲ့တယ်ထင်ပါရဲ့။

နို့လက်ဖက်ရည်လေးလည်း ပန်းရောင် ကြွက်လေးကို တွေ့လိုက်ရချိန်… သူရဲ့ခန္ဓာကိုယ်မှာ လျှပ်စီးကြောင်း စီးဆင်းသွားသလို ခံစားမိတယ်။  ပြောမပြနိုင်လောက်အောင် ထူးခြားတဲ့ ခံစားချက်က သူ့ခန္ဓာကိုယ်မှာ ဖြစ်တည်လာခဲ့တယ်။

အကျော်ဇေယျလေးလေး ပန်းရောင်ကြွက်မလေးကို ပထမဆုံးတွေ့ကတည်းက ကြိုက်သွားတာမလား။

ပန်းရောင် ကြွက်လေး လဲကျသွားချိန်မှာ အဖြူရောင် မီးတောက် ကြောင်က ခုန်လွှားထွက်လာပြီး ကြွက်လေးကို ခုန်အုပ်ဖို့ ဟန်ပြင်တယ်။

“သခင်… သူမကို ကယ်ပေးပါ…”

ပန်းရောင် ကြွက်လေး တိုက်ခိုက်ခံရမှာကို မြင်တော့ နို့လက်ဖက်ရည်လေးလည်း သတိဝင်လာပြီး အလျင်စလို အော်လိုက်တယ်။

“ ပြေး…”

ဝုန်း…

အဖြူရောင် မီးတောက်ကြောင်က တဟုန်ထိုး နီးကပ်လာတော့ ယွမ်လော့ဖုန်းလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးကမ္ဘာမြေကြီးကို တုန်လှုပ်စေတဲ့ အရှိန်အဝါကို မီးတောက်ကြောင် ပေါ်  ဖြစ်တည်စေတယ်။

မီးတောက်ကြောင်ရဲ့ခန္ဓာကိုယ်က ရုတ်ခြည်း လွင့်ထွက်သွားပြီး သစ်ပင်ပင်စည်ကို ပြေးဆောင့်တော့တယ်။ ယွမ်လော့ဖုန်းရှေ့က ကြွက်လေးကို ဖျတ်ခနဲကြည့်ကာ နောက်ပြန်လှည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ဒီလူသားက သူ ရန်မူလို့ ရသူ မဟုတ်ဘူး… ဒါကြောင့် သူ့ရဲ့သားကောင်ကို လက်လွတ်ပြီး ကြန့်ကြာမှုမရှိ ဒီနေရာက ထွက်ပြေးမှ ဖြစ်မယ်။

“သခင်…”
နို့လက်ဖက်ရည်လေးလည်း သူမရဲ့အင်္ကျီလက်မှ အောက်သို့ ဆင်းလာပြီး မဝံ့မရဲ ပြောတယ်။
“သခင်… သူမကို ကယ်ပေးနိုင်မလား”

နို့လက်ဖက်ရည်လေးရဲ့ မဝံ့မရဲ ပုံစံကို ကြည့်ရင်းယွမ်လော့ဖုန်းလည်း မပြုံးဘဲ မနေနိုင်တော့ပါ။
“မင်းက တခြားလူရဲ့ အလုပ်ကိစ္စကို ဝင်မရှုပ်တတ်တဲ့ ကြွက်လေးမှန်း ငါ သိပါတယ်”

“ငါ့ကို အမှန်တိုင်း ပြောစမ်းပါ…မင်း ရွှေရှာကြွက်မလေးကို နှစ်သက်နေတယ်မလား”

နို့လက်ဖက်ရည်လေးလည်း ရှိုးတိုးရှန်တန်နဲ့ ခေါင်းငုံ့လိုက်ပြီး မိန်းမပျိုလေးရဲ့ အရှက်သည်းနေတဲ့ ပုံစံနဲ့တူတယ်။

ယွမ်လော့ဖုန်းလည်း ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး… ဒါဆို နို့လက်ဖက်ရည်လေးက ရွှေရှာကြွက်မလေးကို ပထမဆုံးတွေ့တည်းက ချစ်ခဲ့တာလား။

ယွမ်လော့ဖုန်းလည်း ရွှေရှာကြွက်မလေး အနားဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပြီး သူမရဲ့ ဒဏ်ရာကို စစ်ဆေးလိုက်တယ်။
“သူမရဲ့ဒဏ်ရာက ပြင်းထန်တယ်… ဒါပေမဲ့ ကိစ္စမရှိပါဘူး သူမကို စိတ်ဝိညာဉ် ဆေးမြစ် ရိုးတံ နည်းနည်းလောက် ပေးလိုက်ရင် အဆင်ပြေသွားမှာပါ”

သစ်ပင်မျိုးစေ့က ဆေးဖက်ဝင် အပင်အားလုံးကို စုပ်ယူပြီးသွားတည်းက တခြားအပြောင်းအလဲ မဖြစ်သေးဘူး။ ဒါကြောင့် သူမရဲ့နယ်မြေထဲက တခြားသော ဆေးဖက်ဝင် အပင်တွေ ရှင်သန်နေတုန်းပဲ။

ယွမ်လော့ဖုန်းလည်း ဒဏ်ရာကို ကုသဖို့ သင့်လျော်တဲ့ ဆေးပင်ကို ယူလိုက်တယ်။ အရွက်များကို ဂရုတစိုက် ခြွေလိုက်လေရဲ့။ ထို့နောက် သူမရဲ့လက်ကို သုံးက  အရည်စက်ရဖို့ ကြိတ်ချေလိုက်တယ်။ အရည်စက်ကို ဒဏ်ရာပေါ် တစ်စက်ချင်း ကျစေပြီး အရွက်ကို စားစေတယ်။

သူတို့မျက်စိရှေ့မှာတင် ချက်ချင်းပဲ ကြွက်မလေးရဲ့ ဒဏ်ရာက လျင်မြန်သော နှုန်းနဲ့ သက်သာပျောက်ကင်းသွားတယ်။သိပ်မကြာခင်မှာဘဲ သူမ မျက်လုံးဖွင့်လာတယ်။

“ဘယ်လိုနေလဲ…နေကောင်းရဲ့လား… အဆင်ပြေရဲ့လား…ဘယ်လို ခံစားရလဲ”
နို့လက်ဖက်ရည်လေးမှာ ပျာယာခတ်နေပြီး သူ့လက်ကို ဘယ်ထားလို့ ထားရမှန်းတောင် မသိတော့ဘူး။

ကြွက်မလေးက ငေးကြောင် ကြည့်နေခဲ့တယ်။ဒီရွှေရှာကြွက်လေးက စကားပြောနိုင်တယ်လား။

ကြွက်မျိုးနွယ်စုမှာ သူမရဲ့ အမေတစ်ယောက်တည်း လူသားစကားကို ပြောနိုင်တာပါ။ ဒီရွှေရှာကြွက်လေးက ဘယ်က ရောက်လာတာလဲ။ ဘာကြောင့် စကားပြောနိုင်တာလဲ။

“ဒါ…”
နို့လက်ဖက်ရည်လေးလည်း သူ့ရဲ့ ခေါင်းသေးသေးလေးကို ကုတ်ကာ ရှိုးတိုးရှန်တန် ပြောလိုက်တယ်။
“စောနက မင်းရဲ့အသက်ကို ကယ်တင်ခဲ့တာ… ငါ့သခင်… မင်းရဲ့အိမ်…ဘယ်မှာလဲ…. ငါ မင်းကို လိုက်ပို့ပေးမယ်”

Chapter-703
End

အပိုင်း(၇၀၄)
ပထမဆုံး ဆုံတွေ့တည်းက မင်းကို ချစ်ခဲ့တယ် (၂)

နို့လက်ဖက်ရည်လေးရဲ့စကားကိုကြားတော့ ရွှေရှာကြွက်လေးက မြေကြီးပေါ်မှ ချက်ချင်းထကာ ယွမ်လော့ဖုန်းကို ဦးညွတ်တော့တယ်။

“သခင်… သူမက ကျေဇူးတင်ကြောင်း ဖော်ပြနေတာ”
ထို့နောက် နို့လက်ဖက်ရည်လေးလည်း ရွှေရှာကြွက်လေးဘက် လှည့်လိုက်တယ်။
“ဟုတ်သား… ငါ မင်းရဲ့ နာမည်ကို မမေးရသေး”

“မန်မန်လား… နာမည်က မင်းလိုပဲ ချစ်ဖို့ကောင်းတယ်…ဟုတ်သား… မင်းရဲ့အိမ် ဘယ်မှာလဲ”
“ကြွက်အော်သံ”

….

ယွမ်လော့ဖုန်းလည်း ဘာဆက်ပြောရမှန်းတောင် မသိအောင် ကျောက်ရုပ် ဖြစ်သွားတယ်။နို့လက်ဖက်ရည်လေးက ပိုးပန်းတာ တော်နေပါလား။ ဒီလှည့်ကွက်မျိုး ဘယ်က သင်လာတာလဲ။

“သခင်”
နို့လက်ဖက်ရည်လေးလည်း သိချင်တာ သိလိုက်ရတော့ ယွမ်လော့ဖုန်းဘက်လှည့်ကာ မဝံ့မရဲ စကားလှည့်ပြောတယ်။
“ မန်မန်ကို အိမ်ပြန်လိုက်ပို့ဖို့ ဖြစ်နိုင်မလား…သူ့ကိုတစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချဘူး ဖြစ်နေတယ်”

“ကောင်းပြီလေ”

ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။သူမက ပြန်လမ်းမဲ့ သစ်တောထဲ ဆက်သွားချင်ပါတယ်။ ဒါပေမဲ့ သူမက အလျင်မလိုပါဘူး။ဒီပြင် ဘယ်အရာကမှ နို့လက်ဖက်ရည်လေးရဲ့ ဇနီးထက် အရေးမပါဘူး။
“သခင့်ကို အရမ်းချစ်သွားပြီ”

နို့လက်ဖက်ရည်လေးလည်း ရွှင်မြူးသွားပြီး ယွမ်လော့ဖုန်းအနား ပြေးသွားလိုက်တယ်။ ဒါပေမဲ့လည်း သူမအနား မရောက်ခင်မှာဘဲ သူ့ကို ကြီးမားသော လက်တစ်စုံက ဟန့်တားသွားခဲ့တယ်။ ယွမ်ရှောင်က သူ့လက်ကို ဆန့်တန့်ပြီး မိန်းမပျိုလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ နို့လက်ဖက်ရည်လေးကို သတိပေးတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့မျက်နှာအမူအရာရဲ့ အဓိပ္ပါယ်က ရှင်းလင်းလွန်းပါတယ်။

နို့လက်ဖက်ရည်လေးလည်း စိတ်ဆိုးမာန်ဆိုး ဖြစ်သော်လည်း ယွမ်ရှောင်ကို မနာခံတဲ့ ပုံစံ မပြုရဲပါ။ မန်မန်အနားကိုပဲ တရွေ့ရွေ့လျှောက်လာခဲ့တယ်။

“မန်မန်…. ငါတို့ကို လမ်းပြနိုင်မလား… မင်းကို ငါတို့တွေ အိမ်ပြန်လိုက်ပို့ပေးမယ်”

….
ရွှေရှာကြွက်လေးက အရမ်းတော့ တန်ခိုးအစွမ်း မမြင့်ပါဘူး။ အန္တရာယ်တွေ ဝိုင်းရံနေတဲ့ ပြန်လမ်းမဲ့ သစ်တောထဲမှာ ကိုယ့်ဘာသာ ကာကွယ်နိုင်ဖို့ လွန်စွာခဲယဉ်းပါတယ်။ ဒါကြောင့်လည်း သူတို့တွေက အသက်ရှင်သန်နိုင်ဖို့ မြေအောက်ကိုပေ ၁၀၀ လောက်တူးပြီး သွားလာတာပေါ့။

မြေအောက် ဂူအတွင်းမှာ ရဲတိုက်တစ်ခု မားမားမတ်မတ် ရှိနေခဲ့တယ်။
ရဲတိုက်ကို စောင့်နေတဲ့ ရွှေရှာကြွက်လေး ၂ကောင်က မန်မန်ကိုတွေ့တော့ သူတို့မျက်ဝန်းများ အရောင်တောက်သွားတော့တယ်။ သူတို့က ရဲတိုက်ထဲ အလျင်စလို သွားကာ သတင်းပို့တယ်။

ခဏကြာတော့ သရဖူဆောင်းထားတဲ့ ကြွက်ဘုရင်မက ရွှေရှာကြွက် အုပ်စုကို ဦးဆောင်ကာ သူတို့အနား မြန်မြန် လျှောက်လာတယ်။

“မယ်တော် ကလေးလေး… မန်မန်…. အမေကို သမီးလေးက ကြောက်လန့်တုန်လှုပ်စေတယ်။

ကြွက်ဘုရင်မက မန်မန်အနားလာကာ သူမကို ပွေ့ဖက်တယ်။ သူမမှာ ပျော်လွန်းလို့ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းနေတယ်။

မန်မန်နဲ့ ကြွက်ဘုရင်မ ဘာတွေ ပြောနေမှန်း သူတို့ မသိသော်လည်း ကြွက်ဘုရင်မက ယွမ်လော့ဖုန်းအနား ရောက်လာကာ ရိုသေလေးစားစွာ ဂါရဝပြုတယ်။

“ကျွန်မရဲ့သမီးလေးကို ကယ်တင်ပေးလု့ လူသားနဲ့ ဒီကြွက်လေး ကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်မရဲ့ မသိမနားလည်တဲ့ သမီးလေး တခြား သားရဲကောင်တွေရဲ့ အစာ ဖြစ်နေပြီ… ကျေးဇူးဆပ်တဲ့အနေနဲ့ ညစာဖိတ်ကျွေးလို့ ရနိုင်မလား”

ယွမ်လော့ဖုန်းရဲ့မျက်ဝန်းများကာ တောက်ပကာ ပြုံးရိပ်သန်းနေခဲ့တယ်။
“ရတာပေါ့”

ကြွက်ဘုရင်မလည်း ပြုံးလိုက်တယ်။
“ဒါဆို ညစာစားပွဲ ပြင်ဆင်ဖို့ လက်အောက်ငယ်သားတွေကို ပြောလိုက်မယ်…ခဏတော့ အနားယူလိုက်ပါဦး…ပြင်ဆင်လို့ပြီးရင် လာခေါ်ခိုင်းပါ့မယ်”
ဒီစကားကို ပြောပြီးနောက် ကြွက်ဘုရင်မလည်း မျိုးနွယ်စုမှ ကြွက်များကို ယွမ်လော့ဖုန်းတို့ကို လမ်းပြပေးဖို့ ညွှန်းကြားပြီး တခြားသူများကိုတော့ အနားယူခိုင်းတယ်။ထို့နောက် ညစာစားပွဲ ပြင်ဆင်ဖို့  သူမ ထွက်သွားခဲ့တယ်။

ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းဘေးနားက လမ်းလျှောက်သွားပြီး သူတို့နှစ်ဦးပဲ ကြားနိုင်တဲ့ အသံနဲ့ ပြောလိုက်တယ်။
“ မင်း… ဒီမှာနေချင်တာ တခြား အကြောင်းအရင်း ရှိလား”
ယွမ်လော့ဖုန်းက ဒီနေရာမှာ တစ်စုံတစ်ရာ ရှာဖို့ အတွက်သာ မဟုတ်ရင် ဒီမှာ နေမှာ မဟုတ်ဘူး။

သူပြောတာကို ကြားတော့ ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။
“ရွှေရှာ ကြွက်လေးတွေအတွက် အတားအဆီးကို ဖြတ်ကျော်ဖို့ဆိုတာ သိပ်ကို ခက်ခဲတယ်… အဆင့်တက်ဖို့ စိတ်ဝိညာဉ် ဆေးမြစ်တွေ စားသုံးရမယ် ဒါပေမဲ့ ကျွန်မ မြင်ရတော့ ဒီမျိုးနွယ်စုရဲ့ အိမ်တော် အများစုက အလယ်အလတ်အဆင့်ကို ရောက်နှင့်နေပြီ… သူတို့ထဲက တချို့ဆိုရင် အမြင့်စား အဆင့်ကို ရောက်နေပြီ”

တခြားအမြင်က ကြည့်မယ်ဆိုရင် သူတို့ရဲ့ခွန်အားက အရမ်းကြီးတော့ မမြင့်ပါဘူး.. ဒါပေမဲ့ တခြားသော ကြွက်လေးတွေထက်တော့ မြင့်နေတယ်။သူတို့မှာ လုံလောက်တဲ့ ဆေးမြစ်တွေ မရှိရင် သူတို့ရဲ့ ကျင့်ကြံတဲ့ နှုန်းနဲ့ဆိုရင် သူတို့ တစ်သက်တာလုံး အနိမ့်စား အဆင့်ပဲ ရောက်နိုင်တယ်။

“ ဒီပြင် အကြောင်းအရင်းက ဒီတစ်ခုတည်း မဟုတ်ဘူး… ရွှေရှာ ကြွက်လေးတွေက ပြန်လမ်းမဲ့သစ်တောမှာ နေထိုင်ခဲ့တာ ကြာခဲ့ပြီ.. ကြွက်မျိုးနွယ်စုက ကံကောင်းထောက်မပြီးဆေးမြစ်တွေ ရှာတွေ့ထားတာ ဖြစ်နိုင်တယ်.. ဒီပြင်…ရွှေရှာ ကြွက်လေးတွေက အသံခံတဲ့နေရာမှာ ကျော်ကြားတယ်… အဝေးတစ်နေရာမှာ ဆေးမြစ်တွေ ရှိရင်တောင် သိနိုင်ပါတယ်။

Chapter-704
End

အပိုင်း(၇၀၅)
ပထမဆုံး ဆုံတွေ့တည်းက မင်းကို ချစ်ခဲ့တယ် (၃)

“ သိချင်စိတ်ကို လှုံဆွတဲ့ကိစ္စကတော့ ကြွက်ဘုရင်က လူသား ဘာသာစကား ပြောနိုင်တာပဲ”
သူမရဲ့လက်က သူမရဲ့မေဖျားကို ထောက်ကာ တစ်စုံတစ်ရာကို ချင့်ချိန် စဉ်းစားနေတယ်။
“စိတ်ဝိညာဉ်သားရဲကောင်တွေက လူသား ဘာသာစကားကို ပြောနိုင်ဖို့ နတ်ဘုရားအဆင့်ကို ရောက်ဖို့ လိုအပ်တယ်”

ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူရဲ့ အပေါ် အဆင့်က နတ်ဘုရားအဆင့် ကျင့်ကြံသူပါပဲ။

ဒီကြွက်ဘုရင်မက စကားပြောနိုင်တယ်ဆိုတော့ နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နေမှန်း သက်သေပြနေပါတယ်။

“သူမက ထောင်ပေါင်းများစွာသော ဆေးမြစ်တွေကို စားမယ်ဆိုရင်တောင် နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ချေကို မရှိဘူး။ဒါကြောင့် သူမ… ဒီမှာနေရတာပေါ့။ ကြွက်မျိုးနွယ်စုမှာ ရတနာတချို့ ရှိကို ရှိရမယ်”

တခြားအကြောင်းအရင်းလည်း ရှိတယ်။

နို့လက်ဖက်ရည်လေးက မန်မန်ကို ပထမဆုံး ဆုံတွေ့တည်းက ချစ်ခဲ့လို့ပဲ။ ဘာပဲဖြစ်ဖြစ် သူရဲ့ အချစ်ဦးအတွက် ကူညီပေးသင့်တယ်။

မြေအောက် ကမ္ဘာမှာ… နေ့အချိန်ဆိုတာ မရှိဘူး… ဒါပေမဲ့ ရွှေရှာ ကြွက်လေးက နေရောင်မရှိဘဲ ခွဲခြားသိနိုင်တယ်။သူမကို စားပွဲလာမဖိတ်ခင် အချိန်တည်းက သူမ အကြာကြီး အနားမယူခဲ့ပါဘူး။

စားပွဲကျင်းပရာ ခန်းမဆောင်မှာ ကြွက်ဘုရင်မက အမြင့်မှာ ထိုင်နေပြီး သူမရဲ့ ကျောဘက်အခြမ်းမှာ ကြွက်ခေါင်း သင်္ကေတ ချိတ်ဆွဲထားတယ်။

မန်မန်လည်း နာခံစွာ ကြွက်ဘုရင်မရဲ့ နောက်မှာ ထိုင်လိုက်ပြီး မျက်လုံး ပြူးပြူဝိုင်းဝိုင်းလေးများဖြင့် နို့လက်ဖက်ရည်လေးကို ကြည့်နေခဲ့တယ်။ နို့လက်ဖက်ရည်လေးကို လှမ်းမြင်တော့ သူမလည်း မျက်စ ပစ်လိုက်တယ်။ သူမရဲ့မျက်နှာက ရွှင်မြူးမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

ဗိုင်း…

နို့လက်ဖက်ရည်လေးရဲ့ နှလုံးခုန်နှုန်းတွေ မြန်ဆန်နေပြီး မန်မန်ကို အရူးတစ်ယောက်လို မျက်တောင်မခတ် ငေးကြည့်နေခဲ့တယ်။

“သခင် မြင်လိုက်လား… မန်မန်က ကျွန်တော်ကို ပရောပရည် လုပ်တယ်”

ထိုအချိန်…နို့လက်ဖက်ရည်လေးရဲ့မျက်လုံးမှ အသည်းနှလုံးလေးတွေ ဖြာထွက်နေသလိုပါပဲ သူ့မျက်နှာက သူ့ရဲ့အရူးအမူး ချစ်ခြင်းကို ဖော်ပြနေတယ်။တစ်ဖက်လူက သူ့ကို နှုတ်ဆက်တာလို့ ယွမ်လော့ဖုန်း ပြောချင်သော်လည်း သူ့မျက်လုံးထဲမှာတော့ သူ့ကို အထာပေးနေသတဲ့လား။

“ ဧည့်သည်တော်များ…မင်းတို့အားလုံးလည်း သတိထားမိမှာပါ…. ငါ့မျိုးနွယ်စုက မျိုးနွယ်ဝင်များကလွဲရင် တခြားသော ကြွက်လေးတွေရဲ့ ခွန်အားက နည်းပါးတယ်”
ကြွက်ဘုရင်မလည်း အားယူပြုံးကာ ပြောတယ်။
“ဒီပြန်လမ်းမဲ့ သစ်တောထဲမှာ တခြားသော အစွမ်းမြင့်တဲ့ သားရဲကောင်တွေ ရှိတယ်.. ဒါကြောင့် ငါတို့တွေ မြေအောက်မှာ နေရတာပေါ့… ဒီပြင် ကျွန်မ မပါဘဲ မြေပေါ် မတက်ဖို့ ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်… မျိုနွယ်ဝင်တိုင်းကို မြေပေါ်တက်ဖို့ ခွင့်မပြုခဲ့ဘူး… ဘယ်သူထင်မလဲ.. ကျွန်မရဲ့ သမီးက မနာခံဘဲ မြေပေါ် တက်သွားခဲ့တယ်”

ယွမ်လော့ဖုန်းလည်း သူမရဲ့လက်ထဲမှ ဝိုင်ခွက်ကိုချထားပြီး တည့်တိုး မေးလိုက်တယ်။
“ရွှေရှာ ကြွက်လေးတွေက သူတို့ဘဝမှာ အောင်မြင်မှုရဖို့ဆိုတာ မလွယ်ကူဘူး… ဒီလောက် အစွမ်းထက်အောင် ဘုရင်မ ဘယ်လို လေ့ကျင့်ခဲ့လဲဆိုတာ သိခွင့် ရှိမလား”

ယွမ်လော့ဖုန်းက သူမ သိချင်နေတဲ့ မေးခွန်ကို မေးလိုက်တာ ထင်ပါတယ်။ကြွက်မျိုးနွယ်စုရဲ့ အမှူးထမ်းအားလုံးက ခဏလေးအတွင်း ယွမ်လော့ဖုန်းကို လှည့်ကြည့်လာတယ်။သူတို့ရဲ့အကြည့်မှာ သတိပေးသော အရိပ်အကဲများ ပါဝင်နေတယ်။သတိပေးသော အကြည့်များနဲ့ ရင်ဆိုင်ရသော်လည်း ယွမ်လော့ဖုန်းဖုန်းက နှုတ်ခမ်းတွန့်ကာ သူမရဲ့မျက်ဝန်းနက်များဖြင့် ကြွက်ဘုရင်မကို မသွေမတိမ်း ကြည့်နေခဲ့တယ်။သူတို့ အကြည့်များကို သတိမထားသလို ဟန်ပန်နဲ့ပေါ့။

ကြွက်ဘုရင်မလည်း လက်မြှောက်ကာ သူ့အမှုထမ်းများကို ဟန့်တားလိုက်တယ်။ သူမလည်း ခပ်ရေးရေးမျှ ပြုံးလိုက်ပြီး
“အခွင့်ကြုံလို့ စိတ်ဝိညာဉ်ရေကို သောက်ခွင့်ရခဲ့လို့လေ… ဒါကြောင့်လည်း ချက်ချင်းကို နတ်ဘုရားအဆင့်ကို ရောက်သွားခဲ့တယ်… ဒါကြောင့်လည်း ကြွက်မျိုးနွယ်စုရဲ့ ဘုရင်မ ဖြစ်လာတာပေါ့”

စိတ်ဝိညာဉ်ရေ…

ယွမ်လော့ဖုန်းလည်း မျက်ဝန်းများကိုပိတ်ကာ မေးလိုက်တယ်။
“ရှောင်မို… ဘာစိတ်ဝိညဉ်ရေလဲ သိလား”

ပြန်မဖြေခင်မှာ ရှောင်မိုက တစ်စုံတစ်ရာကို ဝေခွဲမရစွာ အချိန်အကြာကြီး တီတိုးရေရွတ်နေတယ်။
“ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် စိတ်စွမ်းအားက ဖြစ်ပေါ်လာတဲ့ စိတ်ဝိညာဉ်ရေ ဖြစ်ရမယ်.. အဲဒီရေက ရှောင်ပိုင်တို့ အိမ်မှာတွေ့ခဲ့တဲ့ရေထက် ပိုကောင်းတယ်”

“အကျိုးသက်ရောက်မှုက ပြင်းထန်နိုင်တယ်… လူသားတွေသာ စိတ်ဝိညာဉ်ရေကို သောက်သုံးလိုက်ရင် ချက်ချင်း ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်”

ဒီစကားကို ကြားတော့ ယွမ်လော့ဖုန်းလည်း သက်ပြင်းချလိုက်တယ်။သူမ…စိတ်ဝိညာဉ်ရေကို ရခဲ့မယ်ဆိုရင်တောင် သူမအတွက် အသုံးမဝင်နိုင်ဘူး။

ဒါပေမဲ့…

တစ်စုံတစ်ရာကို တွေးမိလိုက်တာကြောင့် ယွမ်လော့ဖုန်းလည်း ကြွက်ဘုရင်မကို နောက်တစ်ခေါက် ကြည့်လိုက်တယ်။
“စိတ်ဝိညာဉ်ရေ ဘယ်မှာရှိလဲ သိလား”

ကြွက်ဘုရင်မလည်း ခေါင်းခါလိုက်တယ်။
“ကျွန်မလည်း အဲ့နေရာကို မရည်ရွယ်ဘဲ ရောက်သွားခဲ့တာ…. အဲ့နေရာကို နောက်တစ်ခေါက် ထပ်သွားတော့ ဘာဆိုဘာမှ ရှာလို့ မတွေ့တော့ဘူး”

Chapter-705
End

အပိုင်း(၇၀၆)
ကြွက်မျိုးနွယ်စုကို နှိမ်နင်းခြင်း (၁)

ကြွက်ဘုရင်မ အမှန်ပြောနေမှန်း ယွမ်လော့ဖုန်း သိပါတယ်။ သူမသာ စိတ်ဝိညာဉ်ရေကို နောက်တစ်ကြိမ် ထပ်တွေ့ရင်တော့ သူမရဲ့မျိုးနွယ်စုက ဒီလို အခြေအနေမျိုး ဖြစ်မနေဘူး။ သူမရဲ့လက်အောက်ငယ်သားများလည်း နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နေလောက်ပြီ။

“စိတ်ဝိညာဉ်ရေကို သောက်သုံးပြီးတော့ ဘယ်လို ဆိုးကျိုးတွေ ဖြစ်ခဲ့လဲ”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းကို မှေးကျဉ်းကာ ကြွက်ဘုရင်မကို အထက်အောက် ခေါက်တုံ့ခေါက်ပြန် ကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းများက တစ်စုံတစ်ရာကို နားလည်သွားမှန်း ပြသနေတယ်။

ကြွက်ဘုရင်မလည်း ကြောင်အမ်းအမ်း ကြည့်နေခဲ့တယ်။
“နင်… နင် ဘယ်လို သိနေတာလဲ”

“ကျွန်မက သမားတော်”

ယွမ်လော့ဖုန်းလည်း မာယာများစွာ ပြုံးလိုက်တယ်။ကြွက်ဘုရင်မကို ပထမဆုံးတွေ့တဲ့အချိန်တည်းက သူမရဲ့ခန္ဓာကိုယ်က ပုံမှန် မဟုတ်မှန်းသိလိုက်တယ်။အခုတော့ စိတ်ဝိညာဉ်ရေ အကြောင်းလည်း သိလိုက်တော့ သူမရဲ့သံသယစိတ် မှန်ကန်ကြောင်း သိလိုက်တယ်။

လွန်ကဲတဲ့ သက်ရောက်မှုရှိတဲ့အရာတိုင်းက ဆိုးကျိုးရှိစမြဲပါ။

ကြွက်ဘုရင်မလည်း အင်တင်တင်နဲ့ ပြောလိုက်တယ်။
“ကြွက်မျိုးနွယ်စုမှာ မျိုးပွားနိုင်တဲ့ စွမ်းရည်က အလွန့်ကို မြင့်မားတယ်…ဒါပေမဲ့ ကံဆိုးစွာနဲ့,, စိတ်ဝိညာဉ်ရေကို သောက်လိုက်တည်းက ကလေးထပ်မရတော့ဘူး… ဒါကြောင့် ငါ့မှာ ကလေးဆိုလို့ မန်မန် တစ်ယောက်တည်း ရှိတယ်”

“ကလေးရနိုင်တဲ့ အစွမ်းရှိအောင် ကျွန်မ ကူညီပေးနိုင်ပါတယ်”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းကို မှေးကာ အပြုံးလို့ မထင်ရသော အပြုံးမျက်နှာနဲ့ ပြောလိုက်တယ်။

“ဘာလို…”
ကြွက်ဘုရင်မလည်း အတော့်ကို အံအားသင့်မိတာကြောင့် မတ်တတ် ထရပ်လိုက်တယ်။ သူမရဲ့အသံက တုန်ရီနေတာပေါ့။
“မင်း…. ဘာပြောလိုက်တယ်”

“အမှန်ပါပဲ”
ယွမ်လော့ဖုန်းရဲ့လက်ချောင်းထိပ်က စားပွဲခုံကို တောက်နေခဲ့တယ်။
“ရှင် မျိုးအောင်နိုင်အောင် ကျွန်မ ကူညီပေးမယ်… ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုစရာတော့ ရှိတယ်”
ဒီစကားကို ပြောပြီးတော့ ဆက်မပြောခင် ခဏနားလိုက်တယ်။
“ကျွန်မ တောင်းဆိုချင်တာကတော့ ကြွက်မျိုးနွယ်စုက ကျွန်မကို ခစားဖို့ပဲ”

ကြွက်ဘုရင်မရဲ့ မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပြီး သူမရဲ့မျက်ဝန်းများက ဆုံးရှုံးမှုကို ပြသနေလေရဲ့။ နောက်ထပ် ကလေးမရနိုင်ခြင်းက သူမရဲ့တစ်သက်တာမှာ နာကျင်ရဆုံး ကိစ္စတစ်ခုပါ။ဒါပေမဲ့လည်း ကြွက်မျိုးနွယ်စုကို လက်လွှဲပေးရမယ်ဆိုတော့ သူ့မျိုးနွယ်ဝင်တွေကို ဘယ်လိုမျက်နှာပြရမလဲ။

“ကျွန်မရဲ့ နောက်လိုက် လုပ်မယ်ဆိုရင် …ရှင်တို့တွေ နေ့အချိန်မှာတောင် ပုန်းကွယ်နေစရာမလိုဘူးလို့ ကျွန်မ အာမခံတယ်”
ယွမ်လော့ဖုန်းလည်း ခေါင်းမော့ကာ နှုတ်ခမ်းထောင့်တစ်ခုကို တွန့်ကွေးလိုက်တယ်။

“နောက်ပြီး စိတ်စွမ်းအားမတိုးလို့ဆိုပြီး စိတ်ညစ်နေတဲ့ ခံစားချက်မျိုး ထပ် မဖြစ်စေရဘူး”

ကြွက်ဘုရင်မရဲ့ ခန္ဓာကိုယ်က တုန်ရီနေတယ်။ယွမ်လော့ဖုန်း ပြောသမျှက မမှန်တာ မရှိတော့ သူ့ရင်ကို ထိရှစေတယ်။

သူ့မျက်နှာအမူအရာ ပြောင်းလဲသွားတာကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း ဆက်ပြောလိုက်တယ်။
“နို့လက်ဖက်ရည်လေးကို မြင်လား…သူလည်း နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ… ကြွက်မျိုးနွယ်စုသာ ကျွန်မကို အညံ့ခံရင် နှစ်ပေါင်းများစွာ ကြာရင် မျိုးနွယ်ဝင်အားလုံး နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နိုင်ပါတယ်”

ကြွက်ဘုရင်မလည်း မှင်တက်သွားတယ်။ သူမက ကြွက်မျိုးနွယ်စုကို လက်လွှဲမပေးချင်လည်း သူမရဲ့မျိုးနွယ်စု ခွန်အားတိုးတက်မယ်ဆိုရင် သူမ ပိုင်ဆိုင်တာကို စတေးရတာ ထိုက်တန်ပါတယ်။ လူသားဘေးနားက ရွှေရှာ ကြွက်လေးက တကယ်လည်း သူမနဲ့ အစွမ်းအတူတူပဲ။

“ကောင်းပြီလေ… ကျွန်မ ကတိပေးတယ်”
ကြွက်ဘုရင်မလည်း စိတ်ကိုပိုင်းဖြတ်ကာ နှုတ်ခမ်းကိုက်လိုက်တယ်။
“ဒါပေမဲ့ ကြွက်မျိုးနွယ်စု အကုန်လုံးကို နတ်ဘုရားအဆင့်ရောက်အောင် လုပ်ဆောင်ပေးမယ်လို့ မိန်းကလေး ကျွန်မကို ကတိပေးရမယ်ၑ

ယွမ်လော့ဖုန်းလည်း ယုံကြည်ချက်ရှိစွာ ပြုံးလိုက်တယ်။
“နတ်ဘုရားအဆင့် ကျင့်ကြံသူက အစပျိုးမှုပဲ ရှိပါသေးတယ်”

ဒီကြွက်မျိုးနွယ်စု အားလုံးကို ပိုပြီး အစွမ်းထက်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားတယ်။

မိန်းမပျိုလေး မျက်နှာပေါ်မှာ ယုံကြည်ချက်ရှိသော အပြုံးကို ကြည့်ကာ ကြွက်ဘုရင်မလည်း စိတ်အေးချမ်းရတယ်။သူမတို့တွေ မြေအောက်များ ပုန်းကွယ်နေတာ တော်သင့်ပြီး မိန်းမပျိုလေးကို ယုံကြည်စိတ်ချကာ ပုံအောသင့်ပြီ။

“မန်မန်က ပြန်လမ်းမဲ့ သစ်တောထဲ ထွက်သွားတယ် ကြားတယ်… ဒီတောထဲမှာ သားရဲကောင်တွေရဲ့ အစွမ်းကို ခန့်မှန်းလို့ မရဘူး… သူတို့ထဲက တချို့က နတ်ဘုရားအဆင့်ကို ကျော်နိုင်တယ်… ဒီနေရာကို သွားဖို့ မန်မန်အနေနဲ့ မသင့်လျော်ဘူး”

ဆက်မပြောခင် ကြွက်ဘုရင်မလည်း အကြာကြီး တိတ်ဆိတ်နေမိပါရဲ့။
“ပြန်လမ်းမဲ့ မြေကိုသွားဖို့ မျိုးနွယ်ဝင်တွေ မြေအောက်ကို တူးရင်ရော….ကြွက်မျိုးနွယ်စုက မြေပြင်မှာ သန်မာသူ မဟုတ်သော်လည်း အကုန်လုံးက မြေအောက်မှာတော့ ဧကရာဇ်”

Chapter-706
End

အပိုင်း(၇၀၇)

နို့လက်ဖက်ရည်လေးကြောင့် ရွှေရှာ ကြွက်လေးများရဲ့ လှိုဏ်ခေါင်း တူးနိုင်တဲ့ အစွမ်းက ပြင်းထန်ပြီး မြန်ဆန်မှန်း သတိပြုမိပြီးသားပါ။ကြွက်မျိုးနွယ်စုမှာ မျိုးနွယ်ဝင် အများကြီး ရှိတော့ ပြန်လမ်းမဲ့ မြေကို ရောက်နိုင်တဲ့ လှိုဏ်ခေါင်း တူးရာမှာ သိပ်အချိန်ကြာမှာ မဟုတ်ဘူး။

“ကောင်းပြီလေ… ငါတို့အားလုံး ပြန်လမ်းမဲ့ မြေကို အတူတူ သွားမယ်”
ယွမ်လော့ဖုန်းလည်း ကြွက်ဘုရင်မရဲ့ လှိုဏ်ခေါင်းတူးမယ် အကြံကို သဘောတူ ခေါင်းညိတ်လိုက်တယ်။

“ဒါ….”
ကြွက်ဘုရင်မလည်း ခေါင်းကို ထိကိုင်လိုက်တယ်။

“ ငါတို့ရဲ့ မျိုးနွယ်စုမှာ မျိုးနွယ်ဝင် အများကြီးရှိတယ်…အားလုံးက မိန်းကလေးနဲ့ အတူတူ ထွက်သွားမယ်ဆိုရင် ပြန်လမ်းမဲ့ မြေမှာ အုတ်အုတ်သောင်သောင် ဖြစ်သွားနိုင်တယ်”

“ရှင်တို့ ဒီကိစ္စကို စိတ်ပူစရာ မလိုဘူး… ကျွန်မမှာ အစီအစဉ် ရှိတယ်… ဒါပေမဲ့ ငါတို့ မထွက်သွားခင် မျိုးနွယ်ဝင် အားလုံးက ငါနဲ့ စာချုပ် ချုပ်ရမယ်… ကျွန်မက အမြော်အမြင် အရှိဆုံး လူ… ဒါကြောင့် ကျွန်မရဲ့ စကားကို နာခံရမယ်….မဟုတ်ရင်တော့ သားရဲကောင် ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး”

ရွှေရှာကြွက်လေးများ  လှိုဏ်ခေါင်းတူးနေစဉ်မှာ သူမက မျိုးနွယ်ဝင်အားလုံးနဲ့ တစ်ယောက်ချင်းစီ စာချုပ် ချုပ်ဖို့ အစပျိုးတယ်။

“သခင်…”
ရှောင်မိုရဲ့ အံ့သြ တုန်လှုပ်တဲ့ အသံက သူမရဲ့စိတ်ဝိညာဉ်မှာ ကူးပြောင်းလာခဲ့တယ်။
“သခင်…. ကြွက်မျိုးနွယ်စု အားလုံးကို ဆေးတ်ဘုရားနယ်မြေထဲ နေခွင့်ပြုမလို့လား”

“တကယ်လား”
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။
“ဆေးနတ်ဘုရားနယ်မြေထဲမှာ တခြားသော သားရဲကောင်တွေ နေထိုင်လို့ရတယ်လို့ နင် ပြောခဲ့တယ်မလား…ဒီပြင် အဲမှာ စိတ်စွမ်းအား ပေါကြွယ်ဝတော့ သူတို့ ကျင့်ကြံခြင်းကို အထောက်အပံ့ ဖြစ်နိုင်တယ်”

ဒါကြောင့်လည်း ယွမ်လော့ဖုန်းက ကြွက်မျိုးနွယ်စုတွေနဲ့ စာချုပ် ချုပ်ရတာပေါ့… စာချုပ်ရှိမှာသာ သူတို့တွေကို ဆေးနတ်ဘုရားနယ်မြေထဲ သူမ အလွယ်တကူ ဝင်ခွင့်ပြုနိုင်မယ်။

ရှောင်မိုလည်း ခဏတော့ တိတ်ဆိတ်နေလိုက်ပြီး
“သခင်…. ကြွက်မျိုးနွယ်စုက သခင်ရဲ့ ဆေးစိုက်ခင်း အားလုံးကို စားသွားရင် ဘယ်လို လုပ်မလဲ”

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
"ဆေးနယ်မြေက အဆပေါင်းများစွာ တိုးနေပြီးသား...သူတို့စားသုံးဖို့အတွက် မြေနေရာ ငါးပုံတစ်ပုံကို ခွဲဝေပေးမယ်...အဲ့နေရာမှာ ဆေးပင်တွေ စိုက်ပျိုးရမယ်...အဲအခါ နင်က သူတို့ကို စီမံ့ကြီးကြပ်ရမယ်...ပြီးရင် သူတို့ကို ဆေးပင်ခွဲဝေပေးရမယ်"

ကြွက်မျိုးနွယ်စုရဲ့ ဦးရေက များပြားသလို...မျိုးပွားနှုန်းလည်း ကောင်းမွန်တယ်။သူတို့ကို ထိန်းချုပ်နိုင်ရင်တော့ သူမအတွက် အကျိုး ဖြစ်ထွန်းနိုင်တယ်။

"သခင်"
ကြွက်ဘုရင်မလည်း ယွမ်လော့ဖုန်းအနား ချဉ်းကပ်လာပြီး ရိုသေ လေးစားစွာ ပြောလိုက်တယ်။

"ကြွက်မျိုးနွယ်စုက ဒီနှစ်ပေါင်းမှာ ဆေးစိုက်ခင်း အများကြီးကို ရှာတွေ့ခဲ့ပါတယ်...အခု ဒီနေရာက ထွက်သွားရတော့မယ်ဆိုတော့ သခင့်ကို လက်ဆောင်ပေးချင်ပါတယ်"

ကြွက်ဘုရင်မရဲ့ အစွမ်းအစနဲ့ဆိုရင် လုံရှောင်ကုန်းမြေစုမှာ နေထိုင်ဖို့ မခဲယဉ်းပါဘူး။ဒီပြန်လမ်းမဲ့သစ်တောထဲမှာ ထိတ်လန့် ကြောက်ရွံ့စွာ နေထိုင်နေဖို့ မလိုအပ်ပါဘူး။ လုံရှောင်ကုန်းမြေစုမှာ သူတို့အတွက် တန်ဖိုးရှိတဲ့ ဆေးဖက်ဝင် ဆေးပင် အလုံအလောက်မရှိဘူး။ ဒါကြောင့် အခြေချ နေထိုင်ရင် သူတို့မျိုးနွယ်စုအတွက် တိုးတက်မှု မရှိနိုင်ဘူး။
လုံရှောင်ကုန်းမြေစုကို ခေါ်သွားမယ်ဆိုတော့ သူတို့အတွက် နေရာရှိလို့ ဖြစ်ရမယ်။

ကြွက်မျိုးနွယ်စု တိုးတက်ဖို့အတွက် ပြန်လမ်းမဲ့သစ်တောမှာ နေထိုင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာ...။သူတို့တွေ မကြာခဏ ဆေးပင်တွေ ရှာဖွေသော်လည်း ရှာတွေ့သမျှက စမ်းချောင်းက ရေတစ်စက်မျှသာ...။ဒါကြောင့်လည်း ကြွက်မျိုးနွယ်စုမှာ ခွန်းအားတိုးတက်မှု အများကြီး မရှိခဲ့တာပေါ့။

"သွားမယ်"

ယွမ်လော့ဖုန်းလည်း ကြွက်ဘုရင်မနောက် လိုက်ကာ သူတို့ရဲ့ရတနာသိုက်ကို သွားတယ်။

ကြွက်ဘုရင်မမှာ တကယ်လည်း ဆေးဖက်ဝင် ဆေးမြစ်တွေ အများကြီး ရှိတာပဲ။ စိုက်ပျိုးထားတဲ့ ဆေးမြစ်တွေက နှစ်တစ်ရာ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဆေးပင်တွေပဲ။ ဒါတွေကို ဆေးနတ်ဘုရား နယ်မြေမှာ စိုက်ပျိုးရင် ကြွက်မျိုးနွယ်စုရဲ့ စွမ်းအားကို တဟုန်ထိုး တိုးတက်စေမှာပဲ။

"ဒါတွေ အားလုံးကို လက်ခံသင့်ပါတယ်"
ယွမ်လော့ဖုန်း လက်ကို ဝှေ့ယမ်းလိုက်ချိန် များစွာသော ဆေးမြစ်များ ပျောက်ကွယ်သွားတယ်။

ဆေးမြစ်တွေ ချက်ချင်း လေထဲမှာ ပျောက်ကွယ်သွားတာ မြင်ရတော့ ကြွက်ဘုရင်မလည်း နားမလည်နိုင်စွာ မိန်းမပျိုလေးကို တအံ့တဩ ကြည့်နေမိတယ်။

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ကာ အနားယူဖို့ ပြောလိုက်တယ်။
"ရှင်တို့ထွက်သွားရင် အနားယူဖို့ နန်းတော် လိုအပ်မယ်...ကျွန်မ ဒါကိုလည်း လက်ခံသင့်တယ်"

ကြွက်ဘုရင်မလည်း စူးစူစိုက်စိုက် ကြည့်လိုက်ပြီ
"သခင်...ဒီနန်းဆောင်က အရမ်းကို ကြီးမားပါတယ်...သယ်သွားဖို့ မလွယ်ကူဘူး..."

Chapter-707
End

အပိုင်း(၇၀၈)
ပြန်လမ်းမဲ့မြေ (၁)

ကြွက်ဘုရင်မ နားလည်ထားတာ ရဲတိုက်က ကြီးမားတယ်..ဒါကြောင့် ရွေ့ပြောင်းဖို့ မလွယ်ဘူး...ဒါပေမဲ့ သူတို့တွေ ယွမ်လော့ဖုန်းရဲ့အမိန့်ကို နာခံရမယ်... ရဲတိုက်ကို အုတ်မြစ်မှ စပြီး ဖယ်ရှားရမယ်။

ယွမ်လော့ဖုန်း လက်ဝှေ့ယမ်းလိုက်ချိန်မှာ ရဲတိုက်က အမှန်တကယ် စောနကလို ချက်ချင်း ပျောက်ကွယ်သွားတယ်။

ကြွက်ဘုရင်မလည်း ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။

ကြွက်မျိုးနွယ်ဝင်အားလုံးလည်း မှင်တက်နေမိတယ်။

ထိုစဉ် သူတို့ရဲ့နှလုံးသားမှာ ခံစားချက်တစ်ခု ဖြစ်တည်လာတယ်။ဒီလူသားရဲ့ နောက်လိုက် ဖြစ်ရတာ ကံကောင်းတယ် ဆိုတဲ့ ခံစားချက် ဖြစ်ကောင်း ဖြစ်နိုင်ပါရဲ့ ။ ဒီမိန်းကလေးက လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံနဲ့ ရဲတိုက်တစ်ခုလုံးကို ပျောက်ကွယ်သွားစေတယ်။ သူမမှာ ကောင်းကင်ဘုံကို ဖီဆန်နိုင်တဲ့ တန်ခိုး ရှိရမယ်။

သာမန်လူတစ်ယောက်မှာ ဒီလို အစွမ်းမျိုး ရှိပါ့မလား။

ယွမ်လော့ဖုန်းလည်း ကြောင်တောင်တောင် ဖြစ်နေတဲ့ ကြွက်များကို ဖြန့်ကျက် ကြည့်ရှုလိုက်တယ်။
"ကျွန်မရဲ့နောက်ကို လိုက်မယ်ဆိုရင် ပြဿနာ မရှာဖို့ သတိရပေးပါ...ကိုယ့်တာဝန်ကိုယ် ကျေပွန်မယ်ဆိုရင် ကျွန်မက ရှင်တို့ကို ကျယ်ပြန်တဲ့ လောကကြီးကို သေချာပေါက် ပေးမယ်"

အစက သူမရဲ့အသံက တည်ငြိမ်နေသော်လည်း ပိုပြီးတော့ အားမာန် ပြည့်လာတယ်။ အနိမ့်အမြင့် အသံတုန်ခါမှုကြောင့် ကြွက်မျိုးနွယ်စုများကို စိတ်ဓာတ်တက်ကြွစေတယ်။

ကြွက်ဘုရင်မရဲ့ ခန္ဓာကိုယ်က တုန်ရီနေပြီး စိတ်ဓာတ်ခွန်အားဖြစ်နေတယ်။ ကျယ်ပြန့်တဲ့လောကကြီး။ ဒါက သူမတို့တွေ ဖြစ်ချင်နေတဲ့ ဆန္ဒပါ။ သူမတို့ ကြွက်မျိုးစုလည်း တခြား သားရဲကောင်တွေလို မြေပြင်ပေါ်မှာ လှည့်ပတ်သွားလာမယ်။ အမှောင်ထဲ ကြောက်ကြောက်ရွံ့ရွံ့ ပုန်းကွယ်ဖို့ မလိုအပ်တော့ဘူး။

"အခုအချိန်ကစပြီးတော့ ကြွက်မျိုးနွယ်စုက သခင့်အမိန့်ကို နာခံပါမယ်...."
ကြွက်ဘုရင်မရဲ့ အမူအရာက ရိုသေလေးစားမှုကို ပြသနေပြီး စိတ်လှုပ်ရှားနေတဲ့အသံက ပဲ့တင်ထပ်လာခဲ့တယ်။

"အလုပ်စလုပ်လို့ ရပြီ"

ယွမ်လော့ဖုန်းလည်း များပြားလှတဲ့ ကြွက်မျိုးနွယ်စုကို ကြည့်ကာ တွေးဆလိုက်တယ်။ရွှေရှာကြွက် အများကြီးဆိုရင်တော့ ခမ်းနားထည်ဝါတဲ ပြန်လမ်းမဲ့မြေကို ရောက်ဖို့ သိပ်မကြာတော့ဘူး။

မိန်းမပျိုလေးက စားပွဲခုံရှေ့မှာ မတ်တတ်ရပ်နေပြီး လက်မှာ စုတ်တံတစ်ခုကို ကိုင်ဆောင်ထားတယ်။ သူမရှေ့က စာရွက်ပေါ်မှာ ကျကျနန ရေးဆွဲနေတယ်။

သူမရဲ့ပုံစံက သူရဲကောင်းဆန်ပြီး ဆံနွယ်များက ခါးအထိ ရှည်လျားတယ်။ သူမက အသက်ရှူမှားလောက်အောင် လှပပြီး ခမ်းနားတဲ့ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတယ်။ သူမရဲ့ အလှအပကြောင့် မြို့တစ်မြို့ ပျက်သုဉ်းသွားနိုင်တယ်။

အခန်းတံခါး တွန်းဖွင့်လာချိန် စာရွက်ပေါ်မှာ ရေးသားနေတဲ့ ကောင်မလေးရဲ့ စုတ်ချက်လည်း ပြီးပြတ်သွားခဲ့တယ်။ သူမရဲ့ ပန်းချီကို ပြန့်နေအောင် လုပ်ကာ ဂရုတစိုက် ချထားလိုက်တယ်။

ပန်းချီကားထဲမှာ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးက ကောင်လေးကို အတင်းဆွဲနေပြီး ကောင်လေးရဲ့မျက်နှာက ခံစားချက် ကင်းမဲ့နေတယ်။သူ့မျက်ဝန်းများက ညကောင်းကင်ယံကဲ့သို့ မည်းမှောင်နေပြီး ခန့်မှန်းရခက်တယ်။

"ရဲ့ကိုကို"

အခန်းထဲဝင်လာတဲ့ အမျိုးသားလေးကို မြင်တော့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးလည်း ပြုံးလိုက်တယ်။

သူမရဲ့အပြုံးတစ်ပွင့်က စိတ်ဝိညာဉ်ကို နိုးထစေတဲ့ ပန်းလေး ဖူးပွင့်လာသလိုပဲ။

"ကိုကို... ကျွန်မရဲ့ ပန်းချီ လှရဲ့လား...အိပ်ခန်းထဲမှာ ချိတ်ဖို့် အဆင်ပြေမလား"

အမျိုးသားလေးလည်း အနီရောင်ဝတ်စုံနဲ့ မိန်းကလေးနဲ့ အတူတူ  လမ်းလျှောက်ရင်း ပြုံးမိတယ်။ သူ့အပြုံးက အလိုလိုက်အကြိုက်ဆောင်ထားတဲ့ အပြုအမူကို ဖော်ပြနေတယ်။
"ညီမလေး သဘောအတိုင်း လုပ်လေ...ကိုကိုက သတင်းကောင်း ပြောမလို့ လာခဲ့ရတာ"

"ရဲ့ကိုကို... ညီမလေး ဘာကို အလိုချင်ဆုံးလဲ သိလား...ညီမလေး ဖြစ်ချင်တဲ့ ဆန္ဒက ကုန်းမြေစုကို ပြန်ဖို့ပဲ"

သူရဲကောင်းဆန်တဲ့ သူမရဲ့မျက်နှာက စိုးရိမ်မှုကို ပြသနေတယ်။

"ကံဆိုးစွာနဲ့ ဒဏ္ဍာရီလာသားရဲကောင်က ပြန်လမ်းမဲ့သစ်တောကို စောင့်ရှောက်နေတယ်... သူတို့က အိပ်ပျော်နေရင်တောင် သတိရှိနေတော့ ဝင်လာဖို့ ခဲယဉ်းသလို...ပြန်ဖို့လည်း မဖြစ်နိုင်ဘူး"

အမျိုးသားလေးက အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကို နူးညံ့ညံ့လေး ပွေ့ဖက်လိုက်တယ်။
"ရှောင်အာ...ရောက်လာတော့မယ်... ပြန်လမ်းမဲ့မြေကို လာတဲ့လမ်းမှာ...ကိုယ်တို့ရဲ့ ချွေးမလေးလည်း အတူတူ လိုက်လာတယ်...ညီမနဲ့ သားလေးတို့ ဆုံဆည်းရတော့မယ်"

မိန်းကလေးရဲ့လက်က အားအင်ချည့်နဲ့သွားပြီး လက်ထဲမှ ပန်းချီကား လွတ်ကျသွားတယ်။ မှင်ရည် စွန်းထင်သွားတာ သတိမထားမိဘဲ အမျိုးသားကို မက်မွန်သီးကဲ့သို့ မျက်ဝန်းများဖြင့် စူးစူးစိုက်စိုက် ကြည့်နေလိုက်တယ်။

Chapter-708
End

အပိုင်း(၇၀၉)
ပြန်လမ်းမဲ့မြေ(၂)

“ အစ်ကိုဘာပြောလိုက်တာလဲ”

ရှောင်အာ ဒီကို ရောက်လာတော့မှာလား။

သူမကို တွေ့ဖို့ ပြန်လမ်းမဲ့မြေကို လာခဲ့တာလား။

“ကိုယ် လုံရှောင်ကုန်းမြေစုကို သွားခဲတဲ့နှစ်က တစ်စုံတစ်ယောက်ကို ကူညီပေးခဲ့တယ်…ကုန်းမြေစုမှာ သူ့အဆင့်အတန်းက မမြင့်ပေးမယ်… ဒီနှစ်တွေမှာ အသံလှိုင်းက တစ်ဆင့် ရှောင်အာရဲ့ သတင်းကို ပို့ပေးလေ့ရှိတယ်။ ရှောင်အာနဲ့ ချွေးမလေးတို့ ပြန်လမ်းမဲ့မြေကို ခရီးထွက်လာပြီလို့ စောနလေးတင် အသံလှိုင်းက တစ်ဆင့် သတင်းပေးထားတယ်။ သူပေးတဲ့ သတင်းတိုင်းက ဘယ်တော့မှ မမှားဖူးဘူး။

အနီရောင်ဝတ်စုံနဲ့အမျိုးသားမှာ နောက်သို့ ခြေလှမ်းနှစ်လှမ်း ယိုင်သွားရတယ်။သူမရဲ့မျက်ဝန်းမှ မျက်ရည်များ တဖြည်းဖြည်းချင်း စီးကျနေပြီး ပါးစပ်ကို လက်ဖဝါးဖြင့် အတင်းအုပ်ထားတယ်။

သူမ ရှောင်မိသားစုက ထွက်လာခဲ့တုန်းကလည်း သူမ မငိုခဲ့ပါဘူး။

သူမရဲ့ခင်ပွန်း လက်ထပ်ခဲ့တဲ့ အမျိုးသမီးက သူမကို သတ်ဖြတ်ဖို့ လူသတ်သမားလွှတ်ခဲ့တယ်။ ဒါကြောင့်လည်း သူမ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရခဲ့တယ်… ဒါလည်း သူမ မငိုခဲ့ပါဘူး။

ပြန်လမ်းမဲ့ မြေကိုရောက်လာတော့လည်း အန္တရာယ်ပေါင်းများစွာနဲ့ ညှဉ်ပန်းမှုများကို ခံစားခဲ့ရသော်လည်း သူမ ငိုလို့မရဘူး။

ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူမ ငိုကြွေးမိတယ်။

ယွမ်ရှောင်ကို ယွမ်အိမ်တော်မှ မောင်းထုတ်ခဲ့တဲ့ အချိန်ကလို သူမ …ယွမ်ရှောင်ကို ဖက်ကာ နာနာကြည်းကြည်း ငိုကြွေးမိတယ်။ အဲ့အချိန်က သူမ ပျော့ညံ့ခဲ့လို့ သူမရဲ့သားကို မကာကွယ်နိုင်လို့ ငိုခဲ့မိတယ်။ ဒီတစ်ကြိမ်တော့ သူမ…ပျော်လွန်းလို့ ငိုကြွေးရတာပါ။

ဘယ်နှနှစ် ကြာခဲ့ပြီလဲ။ သူမရဲ့သားလေးကို မတွေ့ရတာ ဘယ်နှနှစ် ရှိပြီလဲ။ သူ အရွယ်ရောက်လာတာကို မြင်တွေ့ခွင့် လွှဲချော်ခဲ့ရတယ်။ နာကြည်းမှုကို သည်းခံခဲ့ရသလို… အခုလို အောင်မြင်မှုမျိုး ရဖို့ ညှဉ်းပန်းနှိပ်စက်မှုများစွာကို ခံစားခဲ့ရတယ်။

“ရဲ့ကိုကို…ညီမလေး… ပြန်လမ်းမဲ့သစ်တောထဲ သားလေးတို့ကို ရှာချင်တယ်”

အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးရဲ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းများ ရှိနေတုန်းပါ။ဒါပေမဲ့ သူမရဲ့ ဖီးနစ်ငှက်မျက်ဝန်းများက လေးနက် ခိုင်မာနေတယ်။
“လူသားတွေကို ရွံရှားမုန်းတီးတတ်တဲ့ သူတော်စင်သားရဲကောင်လိုမျိုး စိတ်ဝိညာဉ် သားရဲကောင်အများကြီး ပြန်လမ်းမဲ့ သစ်တောထဲမှာ ရှိတယ်… သူတို့သာမရှိရင် လုံရှောင်ကုန်းမြေစုကို ပြန်ခဲ့တာ ကြာပြီ…သူတို့ကြောင့် သားလေးကို ၁၀နှစ်ကျော် မတွေ့ခဲ့ရဘူး”
အမျိုးသမီးက သူ့နှုတ်ခမ်းကို ခပ်ပြင်းပြင်း ကိုက်နေတယ်။

အဲ့နေ့က ယွမ်ရှောင်နဲ့တွေ့ဖို့ ပြန်လမ်းမဲ့သစ်တောထဲ သွားခဲ့တယ်။စိတ်ဝိညာဉ်သားရဲကောင်တွေရဲ့တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာ ရခဲ့တယ်။တိုက်ဆိုင်စွာနဲ့ ရဲ့ကျင်းချန်းနဲ့ တွေ့ဆုံခဲ့ရလို့ ပြန်လမ်းမဲ့ သစ်တောရဲ့ လျှို့ဝှက်ချက်ကို သိခဲ့ရတယ်။

ပြန်လမ်းမဲ့ သစ်တော နာမည်ကြီးရတဲ့အကြောင်းအရင်းကတော့ သားရဲ ဘုရင်တွေ အမြောက်အများ ရှိလို့ပါ။ သူတို့အားလုံးရဲ့ ကျင့်ကြံဆင့်က သူတော်စင် အဆင့်ကိုရောက်နှင့် နေပြီ။ဒါပေမဲ့ သားရဲကောင်တချို့ကတော့ ၁၀နှစ်ကြာတိုင်း အိပ်စက်မှု အခြေအနေကို ရောက်ရှိသွားတော့တယ်။
သူတော်စင် သားရဲကောင် အိပ်မောကျနေချိန်..အဲနှစ်က ရဲ့ကျင်းချန်းလည်း ပြန်လမ်းမဲ့သစ်တောထဲ တစ်ယောက်တည်း သွားခဲ့တယ်…

“အစ်ကို… ညီမလေးနဲ့အတူတူ လိုက်ခဲ့မယ်”

ရဲ့ကျင်းချန်းလည်း အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးရဲ့ခါးကို ဖက်ကာ နူးနူးညံ့ညံ့လေး ပြောလိုက်တယ်။
“အခုက ရှောင်အာ တစ်ယောက်တည်း လာမှာ မဟုတ်ဘူး…ကိုယ်တို့ရဲ့ အနာဂတ် ချွေးမလေးလည်း ပါလာမယ်… ကိုယ်ကြားထားတာတော့ ကိုယ်တို့ရဲ့ ချွေးမလေးက လုံရှောင်ကုန်းမြေစုမှာ သတင်းမွှေးပြီး အရည်အချင်း ရှိသူတဲ့”

အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးက ရဲ့ကျင်းချန်းကို မော့ကြည့်ကာ စကားဆိုလိုက်တယ်။
“ရဲ့ကိုကို…ကျေးဇူးပါနော်… အစ်ကိုကြောင့် ညီမမှာ ရှင်သန်ခွင့်ရတာပါ”

ရဲ့ကျင်းချန်းလည်း ရယ်မောလိုက်တယ်။
“ မင်းကို တွေ့ဆုံခွင့်ရတာက အစ်ကိုဘဝရဲ့ပျော်ရွှင်မှုပါ။ဒါကြောင့် ကိုယ့်ကို ကျေးဇူးတင်စရာ မလိုအပ်ဘူး”

အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးလည်း  အားယူပြုံးလိုက်တယ်။
“ညီမက အစ်ကို့အတွက် ကလေးတစ်ယောက်တောင် မမွေးပေးနိုင်ဘူး… အစ်ကိုကြောင့်သာ ရဲ့မိသားစုက မောင်းထုတ် မခံရတာပါ”

ဒဏ်ရာ ရခဲ့တဲ့ နှစ်ကတည်းက ကလေး မမွေးနိုင်တော့ဘူး… ကျော်ကြားတဲ့ သမားတော်များကိုယ်တိုင်တောင် သူမကို မကုသပေးနိုင်ဘူး… ဒါက သူမရဲ့ဘဝမှာ နောင်တ အရဆုံး ကိစ္စ တစ်ခုပါပဲ။

“ရှောင်အာ…ရှိတာ လုံလောက်ပါပြီ…မင်းရဲ့သားက ကိုယ့်ရဲ့သား… ကိုယ့်သားအရင်းလို ပြုမူမှာပါ”
သူမ မျှော်မှန်းထားသလိုပါပဲ ရဲ့ကျင်းချန်းက သူမရဲ့စကားကို ပြန်လည်ချေပနေတုန်းပါ။
“ဒီပြင် ကိုယ်တို့မှာ မို့အာ နဲ့ ချီအာလည်း ရှိတယ်လေ…သူတို့ကို မွေးစားထားလည်း သူတို့က နာခံမှုရှိပါတယ်…ကိုယ်တို့အတွက် အရှုံးမရှိပါဘူး”

ရဲ့ကျင်းချန်းက သူမကို နှစ်သိမ့်နေမှန်း သူမ မသိဘဲ နေပါ့မလား။ဒါပေမဲ့ သူမကို နှစ်သိမ့်လေ.. သူမရဲ့နှလုံးသား နာကျင်ရလေ ပါပဲ။

Chapter-709
End

Book29

710+711+712

အပိုင်း(၇၁၀)
ပြန်လမ်းမဲ့မြေ (၃)

“ရဲ့ကိုကို”

“ဟုတ်ပါပြီ…ဒီကိစ္စကို ဆက် မဆွေးနွေးတော့ဘူး… ကိုယ် သတင်းကြားတာတော့ ရှောင်အာနဲ့ ဖုန်းအာတို့ ထွက်လာတာ ရက်ပိုင်းတော့ ကြာပြီ…မို့အာကို သူတို့သတင်းကို တခြားနေရာမှာ ထောက်လှမ်းခိုင်းပြီး ကိုယ်တို့တွေ ပြန်လမ်းမဲ့ သစ်တောထဲ စွန့်စားပြီး ခရီးထွက်မယ်”

ရဲ့ကျင်းချန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
“ကိုယ်တို့ရဲ့ မွေးစားကလေး တစ်ယောက်ချင်းစီက အလွယ်တကူ ပြဿနာရှာတတ်တယ်… သူတို့သာ ပြန်လမ်းမဲ့မြေကို ရောက်လာတာ မှန်ရင်  ဒီသတင်းက မို့အာ နားထဲ ချက်ချင်း ရောက်မှာပဲ… သူ့ကို သတိပေး စကား ပြောထားမှ ဖြစ်မယ်”

အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးမှာ ပြောစရာ စကားမဲ့သွားခဲ့တယ်။ ကိုယ့်ကလေးကိုယ် ပြဿနာရှာလွန်းတယ်လို့ ပြောတဲ့ အဖေက ရှိသေးတယ်လား။

“ဒါ…”
အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးမှာ အတော်လေး စိတ်ရှုပ်နေရတယ်။
“နှစ်ပေါင်းများစွာ ကြာနေတော့ ရှောင်အာက ကျွန်မကို အမေလို့ သိပါဦးမလား… ဘာပဲဖြစ်ဖြစ်ပါလေ… အနာဂတ် ချွေးမလေးနဲ့ ပထမဆုံး တွေ့ဆုံရမှာပဲ… ညီမ…. လက်ဆောင် ပြင်ထားသင့်တယ်မလား… ညီမကို သူ့ရဲ့ ယောက္ခအ အဖြစ် နှစ်သက်ပါ့မလား”

ဒီတစ်ကြိမ်တော့ ဘာပြောရမှန်း မသိတာ ရဲ့ကျင်းချန်းပါ။

သူကြားဖူးတာတော့ ချွေးမက ယောက္ခမနဲ့ တွေ့မှာကို စိတ်လှုပ်ရှားတယ်ပဲ ကြားဖူးတယ်… ဒါပေမဲ့ အခုတော့ ယောက္ခမက ချွေးမနဲ့ တွေ့ဆုံရမှာမို့ စိတ်လှုပ်ရှားနေတယ်လား မင်းရဲ့ရန်သူကို တိုက်ခိုက် နှိပ်နှင်းစဉ်က ဖြစ်ပေါ်ခဲ့တဲ့ မင်းရဲ့ ခွန်အားတွေ ဘယ်ရောက်သွားလဲ မေးချင်မိပါရဲ့။

မင်းရဲ့ရန်သူကို တစ်စစီ စုတ်ဖြဲချိန် မင်းရဲ့ သတ္တိတွေ ဘယ်ရောက်သွားပြီလဲ။

သူရဲ့မိန်းကလေးကို သူ ဒီလောက်အထိ နားလည်ခဲ့တာ…သူမက ရန်သူရှေ့မှာ‌တော့ ရက်စက်တတ်ပြီး သနားညှာတာမှု ကင်းမဲ့တယ်… မိသားစုဝင်ကိုဆို နူးညံ့သိမ်မွေ့စွာ ပြုမူတတ်တယ်။

မဟုတ်ရင် သူမက ရဲ့မိသားစုမှာ နာကြည်းချက်များကို ရင်ဝယ်ပိုက်ပြီး နှစ်ပေါင်းများစွာ နေခဲ့ပါ့မလား။ ရဲ့မိသားစုဝင်တွေ သူမအပေါ် ဆက်ဆံခဲ့တဲ့ အပြုအမူကို ပြန်တွေးကြည့်တိုင်း ရဲ့ကျင်းချန်းလည်း သက်ပြင်းချကာ သူမကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်။

“ရှောင်အာကို ရှာတွေ့ရင် ကိုယ်တို့ တစ်မိသားစုလုံး အပြင်မှာနေမယ်… တရားမျှတမှု မရှိတဲ့ ရဲ့မိသားစုကို ဘယ်တော့မှ ပြန်မလာတော့ဘူး”
ရဲ့ကျင်းချန်းရဲ့မျက်နှာ အမူအရာက လေးနက် တည်ကြည်နေခဲ့တယ်။

“မင်းက ကိုယ့်ကို ကလေး မမွေးပေးနိုင်လဲ… ကိုယ်တို့မှာ ရှောင်အာ ရှိနေတာနဲ့ လုံလောက်ပါပြီ”

သူမမှာ ကလေးရှိခဲ့တာ မရှိတာကို သူတစ်ခါမှ ဂရုမစိုက်ပါဘူး….သူ့ဘေးနားမှာ သူမ…ထာဝရ ရှိနေဖို့ပဲ လိုအပ်တယ်။ရဲ့မိသားစုက သူမကို မလိုလားရင် သူလည်း ဒီလိုမိသားစုမျိုးကို တစ်ဘဝစာ ပြန်မလာတော့ဘူး။

“ရဲ့ကိုကို…”
အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးမှာ ရင်ခုန်မိတယ်။ ဒီလူသားက သူမအတွက် အရာရာကို စွန့်လွှတ်နိုင်တာ သူမ သိတာပေါ့။ သူမကြောင့် ရဲ့မိသားစုရဲ့ဆက်ခံသူ နေရာကို စွန့်လွှတ်ခဲ့ပြီး သူမရဲ့ဘေးနားမှာ နေဖို့ ရွေးချယ်ခဲ့တယ်။

“မွေးစား အဖေ… မွေးစားအမေ… ကျွန်တော်ကို ရှာတယ်ဆိုလို့ပါ”

ရုတ်တရက် ကြည်လင် စူးရှသော အသံကို တံခါးပေါက်နားမှာ ကြားလိုက်ရပြီး ချစ်ခင်ယုယနေတဲ့ သူတို့နှစ်ဦးရဲ့ အမြင်အာရုံကို ဆွဲဆောင်သွားတယ်။

တစ်မူထူးခြားစွာ ခံ့ညား ချောမောတဲ့ အမျိုးသားလေးက တံခါးဘောင်ကို မှီနေတယ်။ လက်နှစ်ဖက်လုံးမှာ ဓားကို ကိုင်ဆောင်ထားတယ်။ တံခါးကို ဖြတ်ကျော်ကာ သူတို့ ရှိရာ လာနေတယ်။သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးနေပြီး ပျော်ရွှင်မြူးထူးရိပ်ကို ဖော်ပြနေတယ်။မျက်ခုံးက ထင်ရှားပြတ်သားပြီး မျက်ဝန်းများက ကြယ်များလို စူးရှတောက်ပနေတယ်။ ခေါင်းအပြည့် ဆံနွယ်အမည်းများက လေညင်မှာ အနည်းငယ် တလွင့်လွင့် ဖြစ်နေတယ်။သူ့ခန္ဓာကိုယ် တစ်ခုလုံးက တက်ကြွမှု သူရဲကောင်းဆန်မှုများဖြင့် ပြည့်နှက်နေတယ်။

“မို့အာ… အချိန်အတိအကျရောက်လာတာပဲ”
ရဲ့ကျင်းချန်းရဲ့ မျက်ခုံးများ ပြေလျော့သွားတယ်။ သူလည်း ပြုံးကာ စကားဆိုလိုက်တယ်။
“အခု မင်းကို တာဝန်တစ်ခု ပေးချင်တယ်… မင်းရဲ့ညီလေးနဲ့ သူ့ဇနီးက ပြန်လမ်းမဲ့ မြေကို ရောက်လာတော့မယ် ဒါကြောင့် သူတို့ကို ချက်ချင်း သွားရှာစေချင်တယ်… သူတို့ရဲ့ တည်နေရာကို သိရင် မွေးစား အဖေနဲ့အမေကို အသံကူးပြောင်းခြင်းနဲ့ သတင်းပို့လိုက်”

ထိုလူလည်း သူ့ရဲ့ဓားသွားကဲ့သို့ မျက်ခုံးများကို ပင့်ကာ တည့်တည့် ရပ်လိုက်တယ်။
“ကျွန်တော်လည်း ညီလေးနဲ့ သူ့ဇနီးကို တွေ့ချင်ပါတယ်…မွေးစားအဖေ… စိတ်ချပါ…ဒီတာဝန်ကို ကျွန်တော့်တာဝန်ထားလိုက်တော့ ကျွန်တော်…သူတို့ရဲ့တည်နေရာကို သိရခဲ့ရင် ဘေးကင်းကင်းနဲ့ သူတို့ကို ခေါ်ဆောင်လာခဲ့မယ်”

ရဲ့ကျင်းချန်းရဲ့မျက်ဝန်းများက ပြုံးရိပ်သန်းနေခဲ့တယ်။
“သားလေး တာဝန်ယူတော့ စိတ်အေးရပါပြီ”

တာဝန်ကို လက်ခံပြီးနောက် ရဲ့ရှီမို့လည်း စာကြည့်ခန်းမှ ထွက်လာခဲ့တယ်။ဒါပေမဲ့ ခြေလှမ်း ဘယ်နှလှမ်းမှ မလှမ်းရသေးဘူး… သူ့ကို ကိုယ်လုံးကိုယ်ပေါက် ကျစ်လျစ်လှပတဲ့ မိန်းကလေးက ဟန့်တားသွားတယ်။

“အစ်ကိုကြီး… မွေးစားအဖေနဲ့ အမေက အစ်ကို့ကို ဘာလို့ ရှာတာလဲ”
ရဲ့ချီလည်း မျက်တောင်တစ်ဖျတ်ဖျတ်ခတ်လိုက်တယ်။ သူမရဲ့မျက်ဝန်းများက သိချင်စိတ်များ ပြင်းပြနေခဲ့တယ်။ သူမရဲ့ပုံစံက ရိုးရှင်းပြီး နုံ့အလွန်းတယ်။ ကြည့်လိုက်ရုံနဲ့ တခြားသူများက သူမကို ချစ်ခင်မြတ်နိုးလာစေတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းတော့ မသိဘူး ရဲ့ရှီမို့ ဖြစ်တဲ့ သူကတော့ သူ့မွေးစားညီမကို မြင်လိုက်တဲ့ ခံစားချက်မကောင်းဘူး…အမြင်ကတ်မိတယ်။

Chapter-710
End

အပိုင်း(၇၁၁)

သူမကို ရွံရှာမုန်းတီးသည်အထိ မနှစ်သက်ရတဲ့အကြောင်းအရင်းကို သူ မသိဘူး။

ရဲ့ရှီမို့လည်း ရဲ့ချီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တယ်။
"မွေးစားအမေရဲ့သားအရင်း... ပြန်လမ်းမဲ့မြေကို ရောက်လာတော့မယ်...အဖေက သူတို့ကို သွားရှာဖို့ တာဝန် ပေးထားတယ်..."

"ညီမလည်း လိုက်ချင်တယ်"
ရဲ့ချီလည်း နှုတ်ခမ်းစူကာ ရဲ့ရှီမို့ကို သနားစဖွယ် ကြည့်လာတယ်။

"အစ်ကိုကြီး... ညီမလေးကို လိုက်ခွင့် ပေးပါနော် "

"မလိုက်ရဘူး"
ရဲ့ချီမို့က သူမကို ခွန်းတုံ့ပြန်ခွင့် မပေးဘဲ အကြင်နာ ကင်းမဲ့စွာ ငြင်းဆန်တယ်။

"ဒါပေမဲ့..."
ရဲ့ချီလည်း မကျေမနပ်နဲ့နှုတ်ခမ်းကို ဖိကိုက်ထားတယ်။

အမျိုးသမီးများကို ချစ်ခင်ယုယတတ်တဲ့ သူမရဲ့ အစ်ကိုကြီးက သူမကို အကြင်နာတရား ခေါင်ပါး မယ်လို့ မထင်ထားဘူး။

"ဆင်ခြေလာ မပေးနဲ့...မွေးစားအဖေက နင့်ကို သွားခင်မပေးဘူး... ဒီမှာပဲ နေခဲ့လိုက်တော့.... ငါ့ကို ပြဿနာ မရှာနဲ့"

ရဲ့ချီလည်း နားမလည်နိုင်စွာ တွေတွေကြီး ငေးကြည့်လိုက်တယ်။ သူမ စကားဆက်ပြောချင်သော်လည်း သူမရဲ့ အစ်ကိုကြီးက သူမကို ဒီနေရာမှာ ချန်ခဲ့ပြီး ခြံဝင်းအပြင်ကို ထွက်သွားပြီလေ...။

ပြန်လမ်းမဲ့သစ်တော....

ကျယ်ပြောပြီး အကန့်အသတ်မဲ့တဲ့ ကောင်းကင်ယံအောက်မှာ တွင်းတစ်တွင်း ဖွင့်လာပြီး ခံ့ညားချောမော လုလင်ပျိုနဲ့ မိန်းမပျိုလေး တစ်ယောက် ထွက်လာတယ်။ ကောင်လေးက ခံစားချက် ကင်းမဲ့နေပြီး မိန်းမပျိုလေးရဲ့လက်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားတယ်။ သူတို့ရဲ့အဝတ်အစားများက ညစ်ပတ် စွန်းထင်းခြင်းမရှိဘဲ သန့်ရှင်း သပ်ရပ်နေခဲ့တယ်။ မြေကြီးထဲက ထွက်လာတယ်လို့ ယုံချင်စရာ မရှိပါဘူး။

"ရာ..."

သူတို့နှစ်ဦး ရှေ့ဆက်သွားဖို့ ပြင်နေစဉ်မှာ သန်မာထွားကြိုင်တဲ့ မြင်းတစ်ကောင်က လျင်မြန်သော အရှိန်နှုန်းနဲ့ သူတို့ရှိရာ ပြေးလာတယ်။ ဒါကြောင့် သူတို့ပတ်ချာလည်မှာ သဲတိမ်စိုင်များ ဖြစ်တည်လာခဲ့တယ်။

မြင်းခွာသံကိုကြားရတော့ ယွမ်ရှောင်လည်း ယွမ်လော့ဖုန်း ထိခိုက်မိမှာ စိုးရိမ်တာကြောင့် သူမကို ကာကွယ်ဖို့ သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ အရှေ့ဘက်ကို ကြည့်လိုက်တယ်။

ရှေ့မှာ ခံ့ညားသော အသွင်သဏ္ဍန် ရှိတဲ့ အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသားက မြင်းကို တဟုန်ထိုး စီးနေတယ်။ သူ့နောက်မှာ အနီရောင်ဝတ်စုံနဲ့ အမျိုးသမီး ရှိနေပြီး သူ့ခါးကို တင်းကျပ်နေအောင် ဖက်ထားတယ်။

လေပြင်းက သူမရဲ့ဆံနွယ်များကို နောက်သို့ တလွင့်လွင့် ဖြစ်စေတယ်... သူမရဲ့ သူရဲကောင်းဆန်တဲ့ မျက်နှာနဲ့ အသက်ရှူမှားလောက်တယ်။

ယွမ်လော့ဖုန်းလည်း သူတို့စီးနေတဲ့ မြင်းကို ကြည့်ကာ တစ်စုံတစ်ရာကို နားလည်လိုက်တယ်။

“နီမြမြ မိုင်တစ်ထောင်မြင်းပဲ..ဒီမြင်းရဲ့အပြေးနှုန်းက အရမ်းကိုမြန်ဆန်တယ်လို့ ကြားဖူးတယ်…နှစ်နာရီအတွင်းကို မိုင်တစ်ထောင် ခရီးသွားနိုင်တယ် ကောင်းကင်ယံမှာ ပြန်သန်းနေတဲ့ သတ္တဝါတွေထက်တော့ သာလွန်တယ်”

“ရဲ့ကိုကို… ခဏလေ့ နေဦး”
အနီရောင် ဝတ်စုံနဲ့ အမျိုးသမီးက တစ်စုံတစ်ရာကို သတိထားလိုက်မိတာကြောင့် အလျင်စလို ပြောလိုက်တယ်။

ရဲ့ကျင်းချန်းလည်း မြင်းကြိုးကို အလျင်စလို တင်းကျပ်နေအောင် ဆွဲလိုက်ပြီး အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးကို တအံ့တသြ ကြည့်လိုက်တယ်။
“ဘာဖြစ်လို့လဲ”

အနီရောင်ဝတ်စုံနဲ့အမျိုးသမီးက ဘာစကားမှ မပြောဘဲ မြင်းပေါ်မှ ခုန်ဆင်းကာ ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းအနား ဦးတည်သွားတယ်။

ယွမ်ရှောင်က ယွမ်လော့ဖုန်းကို ကာကွယ်ထားပြီး သူ့အကြည့်များက သတိရှိမှုကို ဖော်ပြနေတယ်။

“မင်းတို့နှစ်ယောက်ရဲ့နာမည်ကို သိခွင့်ရှိမလား”
အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးက ပြုံးကာ မေးလိုက်တယ်။

ဒီမေးခွန်းကို ကြားတော့ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်လည်း တစ်ယောက်နဲ့တစ်ယောက် သတိဝီရိယရှိသော မျက်နှာထားဖြင့် ကြည့်လိုက်တော့တယ်။သူတို့နှစ်ယောက်ကို ကြည့်ရတာတော့ စိတ်စွမ်းအား မြင့်ပုံပါပဲ… ဘာလို့ သူတို့နှစ်ဦးရဲ့ နာမည်ကို မေးတာလဲ။
ဘာပဲဖြစ်ဖြစ် သူမရဲ့နာမည်အစစ်အမှန်ကိုတော့ မပြောနိုင်ဘူး… လွန်ခဲ့တဲ့ နှစ်ပေါင်းက လူအများအပြားကို သူမ ရန်စတာခဲ့တယ်…ဒီလူနှစ်ယောက်ကလည်း လုံရှောင်ကုန်းမြေစုက တစ်ယောက်ယောက်နဲ့ ဆက်စပ်နေနိုင်တယ်။ဒီအချက်ကို တွေးမိတော့ ယွမ်လော့ဖုန်းလည်း ပြန်မဖြေခင်မှာ အချိန်အကြာကြီး တိတ်ဆိတ်နေမိတယ်။
“လင်းလောပိုင်”

စစ်သူကြီးအိမ်တော်နဲ့ သိပ်မဝေးတဲ့ တစ်နေရာမှာရှိနေတဲ့ လင်းလောပိုင်လေးမှာ, နှာချေနေရတယ်။
“ဘယ်သူက ငါ့အကြောင်း ပြောနေလဲ…ငါ ပေါက်ကရလုပ်နေတယ်လို့ ဆရာထင်နေတာလား…မဖြစ်ရဘူး… ငါ့လေ့ကျင့်မှု နှောင့်နှေးလို့ မဖြစ်ဘူး”
ဒီစကားကို ပြောပြီးတော့ လင်းလောပိုင်လည်း အလျင်စလို တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး ယွမ်လော့ဖုန်းက သူမအတွက် ချန်လှပ်ခဲ့တဲ့ စာအုပ်ကို လှန်လှော ဖတ်ရှုလိုက်တယ်။

….

သစ်တောအအတွင်းမှာ အနီရောင်ဝတ်စုံနဲ့ အမျိုးသားက ယွမ်လော့ဖုန်းဖြေတဲ့ အဖြေကို ကြားတော့ အာရုံထွေပြားသွားတယ်…ဒါဆို သူ အမြင်မှားသွားတာ ဖြစ်နိုင်လား… သူတို့နှစ်ဦးက သူမတို့ ရှာနေတဲ့သူ မဖြစ်နိုင်ဘူးလား။

“ဒါဆို ဒီသခင်လေးရဲ့ နာမည်ကရော”
သူမလည်း ယွမ်ရှောင်ဘက် လှည့်ကာ မေးလိုက်တယ်… ကြည့်ရတာတော့ အခွင့်အရေးကို လက်မလွှတ်ချင်ဘူး ထင်ပါတယ်။

Chapter-711 End

အပိုင်း(၇၁၂)

ယွမ်ရှောင်ရဲ့မျက်နှာက ခက်ထန်နေပြီး တိတ်ဆိတ်နေဆဲပါ… သူမရဲ့တည်ရှိမှုကို မမြင်သလို အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးကို တစ်ချက်လေးမျှ မကြည့်ပါဘူး။

“ကျွန်မရဲ့ချစ်သူက စကားပြောရတာ မကြိုက်ဘူး”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“သူ့နာမည်က ယွမ်မို”

ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေအတွင်းမှာ ရှောင်မိုတစ်ယောက် နှုတ်ခမ်းစူနေခဲ့တယ်။ သခင်က တခြားနာမည်သုံးပြီး လုပ်ဇာတ်ခင်းရလဲ ဘာကြောင့်များ ငါ့နာမည်ကို ထည့်သုံးရလဲ။

“သွားမယ်”
ရဲ့ကျင်းချန်းလည်း အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးရဲ့ အင်္ကျီစကို ဆွဲကာ ပြောလိုက်တယ်။
“သူတို့က ကိုယ်တို့ ရှာနေသူ မဟုတ်ဘူး”

“အင်းပါ”

အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးလည်း ခေါင်းညိတ်ကာ တောင်းပန်စကား ပြောလိုက်တယ်။
“တောင်းပန်ပါတယ်…စောစောက တခြားလူတစ်ယောက်နဲ့ မှားသွားလို့ပါ…ရဲ့ကိုကို …ခရီးဆက်မယ်”
သူမက ဖြည်းဖြည်းချင်း ကျောခိုင်းသွားပြီး သူမရဲ့မျက်ဝန်းများက စိတ်ပျက်မှုကို ဖော်ပြနေရဲ့။

ပြန်လမ်းမဲ့ သစ်တောထဲမှာ လူအများကြီး မရှိပါဘူး။ သူမတွေ့လိုက်ရတဲ့ လူနှစ်ဦးကို သူ့သားနဲ့ ချွေးမလေးလို့ ထင်ခဲ့မိတာ။ အခုတော့ မှားသွားပြီပေါ့။

မြင်းပေါ် ခုန်တက်ပြီးနောက် ရဲ့ကျင်းချန်းလည်း သူ့မိန်းကလေးကို ခါးဖက်ခွင့် ပြုလိုက်တယ်။ ကြာပွတ်ရှည်ကို ကိုင်ဆောင်ကာ ပြန်လမ်းမဲ့ သစ်တောမှ ချက်ချင်း ထွက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်လည်း ကျောခိုင်းကာ ထွက်ခွာသွားဖို့ ဟန်ပြင်လိုက်တယ်။သူတို့လေးဦးရဲ့ နောက်တစ်ကြိမ်တွေ့ဆုံမှုက လွဲချော်မှုလေးကြောင့် ကြန့်ကြာတော့မယ်။

အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးက သူမတို့ရှာနေသူမှန်း ယွမ်လော့ဖုန်းလည်း တွေးမိမယ် မထင်ပါဘူး။

….

ပြန်လမ်းမဲ့ သစ်တောကို ဖြတ်လာပြီးဆိုတော့ သူတို့တွေ ပြန်လမ်းမဲ့မြေကို ရောက်ရှိလာပါပြီ။ထိုစဉ် ပြန်လမ်းမဲ့ သစ်တောနဲ့ သိပ်မဝေးတဲ့ မြို့အတွင်းမှာ ရှိတဲ့ လက်ရည်ဆိုင်မှာ ထိုင်ကာ ယွမ်လော့ဖုန်းလည်း ဟိုဟိုဒီဒီ ကြည့်နေမိတယ်။

“တစ်နာရီလောက် ရှိပြီ…ဘာလို့များ ယွမ်ရှောင် ပြန်မလာသေးတာလဲ”

ရှုပ်ယှက်ခတ်နေတဲ့ မြို့ထဲကို ဝင်လိုက်တော့ တည်းခိုခန်းအားလုံး စာရင်းပြည့်နေမှန်း သတိထားမိတယ်။ယွမ်လော့ဖုန်းကို တခြားသူ အာရုံစိုက်မှာကို စိုးရိမ်တာကြောင့် ယွမ်ရှောင်က သူမကို လက်ရည်ဆိုင်မှာ နေခဲ့ခိုင်းပြီး သူကိုယ်တိုင် တည်းခိုခန်းမှာ အခန်းအလွတ် ရှိ မရှိကို ရှာနေခဲ့တယ်။

အခုဆို သူ ထွက်သွားတာ တစ်နာရီ ရှိပြီ. ယွမ်လော့ဖုန်းလည်း မျှော်နေရတာ တစ်နာရီကြာပြီ။

“ဟွန့်”

ရုတ်ခြည်း ရင်းနှီးသော လူတစ်ယောက်ကို မြင်လိုက်တော့ ချက်ချင်း မတ်တတ် ရပ်ကာ အလျင်စလို ပြေးသွားရင်း ငွေစများကို လွှင့်ပစ်လိုက်တယ်။

“လုံဖေး… မတွေ့ရတာကြာပြီ ရှင့်ကို ဒီမှာတွေ့ရမယ်လို့ မထင်ခဲ့ဘူး”

အဓိက လမ်းမကြီးမှာ လုံဖေးက အသက်မဲ့တဲ့ လူတစ်ယောက်လို လမ်းလျှောက်နေပြီး သူ့ရှေ့နားက အသံကို ကြားတော့ ထိတ်လန့်သွားတယ်။ ခေါင်းမော့ ကြည့်လိုက်တော့ အပြုံးမမည်သော လူတစ်ယောက်ရဲ့ မျက်ဝန်းတစ်စုံနဲ့ ဆုံဆည်းသွားတယ်။

“သ…သခင်”
လုံဖေးလည်း တွေတွေကြီး ငေးမောကြည့်လိုက်ပြီး ယုံကြည်ချက် ကင်းမဲ့စွာ စကားပြောလာခဲ့တယ်။
“ဘာကြောင့်များ ဒီနေရာကို ရောက်လာတာလဲ”

ယွမ်လော့ဖုန်းလည်း ပြုံးကာ
“ဟွမ်ချွမ် မြို့တော်က ပြန်လာတော့ ရှင်… စစ်သူကြီးအိမ်တော်က ထွက်သွားပြီလို့ သတင်းပို့တယ်… ရှင့်ကို ဒီနေရာမှာ ပြန်ဆုံရမယ်လို့ မထင်ခဲ့မိဘူး… အခု…ရှင့်မှာ ကျွန်မကို ပြောစရာ စကားမရှိဘူးလား”

“ကိစ္စလေးရှိလို့ ဒီကို လာခဲ့ရတာပါ…ကိစ္စပြီးပြတ်ရင်း လုံယွမ်တိုင်းပြည်ကို ပြန်မှာပါ…ကျွန်တော့်နောက်ကို ဒီလောက်မြန်မြန် လိုက်လာမယ်လို့ မထင်ခဲ့မိဘူး”
လုံဖေးရဲ့အမြင်မှာတော့ ယွမ်လော့ဖုန်းက သူ့နောက်ကို လိုက်လာတယ်ပေါ့။

“လုံဖေး”
ယွမ်လော့ဖုန်းလည်းခပ်ရေးရေးမျှ မျက်မှောင်ကြုတ်လိုက်ပြီး
“အခု ငါ ကိစ္စတစ်ခုကို အရမ်း သိချင်တယ်”

“ဘာများလဲ”

“ရှင့်အရည်အချင်းနဲ့ ပြန်လမ်းမဲ့ သစ်တောကို  ဖြတ်ကျော်ဖို့ မတတ်သာဘူး မလား...ကုန်းမြေစု နှစ်ခုကြား ခေါက်တုံ့ခေါက်ပြန်သွားနိုင်တာ ဘာကြောင့်များလဲ”
ယွမ်လော့ဖုန်းလည်း ဆွဲဆောင်မှုရှိစွာ ပြုံးကာ လုံဖေးကို ကြည့်လိုက်တယ်။

“ဒါက…”
“ပြန်လမ်းမဲ့သစ်တောရဲ့ သားရဲဘုရင်က ကျွန်တော်ဆရာ့ကို ကျေးဇူးကြွေးတင် နေလို့….လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်….”

Chapter-712
End

Book(29)
713+714+715

အပိုင်း(၇၁၃)

“ဒီလိုလား”
ယွမ်လော့ဖုန်းလည်း ခပ်နွမ်းနွမ်း ပြုံးလိုက်တယ်။

“ဟုတ်ပြီ… ဒါဆို ငါလည်း ဒီလိုသွားချင်ရင် ဘယ်လိုလုပ်ရမလဲ”
လုံဖေးလည်း ဇောချွေးများကို သုတ်ကာ တိုးလျစွာ စကားဆိုတယ်။

“အခုတော့ မဖြေနဲ့ဦး တခြားတစ်ခုမေးမယ်…ရှင့်ဆရာက ဘယ်သူလဲ”

ထျန်းမိသားစုကို လုံဖေး လက်စားချေတာကို ပြန်တွေးမိတယ်။ဒါပေမဲ့ သူ့ဆရာက ပြန်လမ်းမဲ့ သစ်တောက ဆိုရင် သူ့စိတ်စွမ်းအားက ထျန်းမိသားစုထက် သာလွန်မှာပဲ…ဘာလို့များ ကိုယ်တိုင် လက်စားမချေတာလဲ။

“ကျွန်တော်ရဲ့ဆရာက သူ့နာမည်ကို ဖော်ပြခွင့် မပြုဘူး”

ဟာသပဲ… သူ့ဆရာက ထျန်းရာရှာနေတဲ့လူဆိုတာ မသိစေချင်တာမလား။

သူမ သိသွားခဲ့ရင် ထျန်းရာလည်း သူ့ဆရာ ဘယ်မှာလဲ သိသွားမယ်… သူ့ဆရာနဲ့ ထျန်းရာတို့ ဆုံတွေ့ရင်  ထျန်းရာနဲ့ ထွက်သွားချင်စိတ် ဖြစ်နေမယ်.. ဒါဆိုရင် ဆရာကို ဒီလူတွေက သေချာပေါက် အလွတ်ပေးမှာ မဟုတ်တော့ဘူး။

ဒါကြောင့် သူ့ဆရာ ဘယ်သူလဲဆိုတာ သေချာပေါက် မဖော်ထုတ်နိုင်ဘူး။

"ရှင့်ဆရာနာမည်ကို တကယ်ပဲ မပြောပြချင်တာလား"
ယွမ်လော့ဖုန်းလည်း ပြုံးကာ မေးလိုက်တယ်။

"ကျွန်တော် မပြောဘူး"
လုံဖေးက သူ့နှုတ်ခမ်းကို အတင်းအကျပ် ပိတ်ထားပြီး သေရမှာ မကြောက်တဲ့ပုံစံနဲ့ ပြောနေတယ်။

"ကောင်းပြီလေ...ဒါဆို ကျွန်မ ဆက်မမေးတော့ဘူး"

"အမ်…"

သခင်က ဘာအဓိပါ္ပယ်လဲ...။ သာမန်လူတစ်ယောက်ဆိုရင် ဒီလိုအခြေအနေမှာ မရမက ရှာကြံမေးမြန်းနေမှာပဲ။

"အရှင်သခင်….ဆက်မမေးတော့ဘူးလား"
လုံဖေးလည်း နားမလည်နိုင်စွာ ပြန်မေးလိုက်တယ်။

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်ပြီး
"ဘာလဲ ရှင်က ဆက်မေးစေချင်လို့လား...ဒီလိုဆိုရင်လည်း ရှင့်ဆရာနဲ့ နာမည်အတိအကျကို အခုချက်ချင်း သိချင်တယ်...ရှင်မဖြေရင် ရှင့်ကို တွဲလောင်းချိတ်ပြီး ကြာပွတ်နဲ့ ရိုက်နှက်မယ်"

"ဒါဆိုလည်း အရှင်သခင် မမေးမြန်းတာ အကောင်းဆုံးပါပဲ"

အခုအချိန်မှာ စကားနည်းနည်း ပြောခြင်းက အကောင်းဆုံးမှန်း လုံဖေး နားလည်လာတယ်။ သူမကို ဘယ်အချိန် ရန်စ မိမှန်း မသိ ဖြစ်နိုင်ပါရဲ့။

ရုတ်တရက် ယွမ်လော့ဖုန်းရဲ့ ကျောဘက်ခြမ်းမှ  ပုံမှန်မဟုတ်သော လေပြင်း တိုက်ခိုက်လာတယ်။ သူမရဲ့ အတွင်းခံအဝတ်က လေတိုက်လွန်းလို့ ပေါ်တော့မလို ဖြစ်နေချိန် သူမလည်း အလျင်စလိုပဲ သူမရဲ့ဝတ်စုံကို ဖိထားလိုက်ချိန် လူယုတ်မာကို လှမ်းတွေ့လိုက်တယ်။

"ဟာ...နှမြောစရာကောင်းလိုက်တာကွာ...ငါ မြင်ရတော့မယ့်ဟာကိုး"

“မင်းရဲ့လှုပ်ရှားမှုက အရမ်းကို မြန်ဆန်လွန်းတယ် ငါ အောင်မြင်တောမှာဟာ”

ယွမ်လော့ဖုန်းရဲ့ မျက်နှာအမူအရာက သုန်မှုန်နေခဲ့တယ်။

ဒါပေမဲ့ လုံဖေးရဲ့မျက်နှာအမူအရာက ပိုမို သုန်မှုန် နေပါတယ်။

ယွမ်လော့ဖုန်း ရန်မတွေ့ခင်မှာပဲ သူက ဒေါသူပုန်ထစွာ အော်ဟစ်တော့တယ်။
“ဦးလေး… အရှက်သိက္ခာမဲ့လိုက်တာ…ရှက်တတ်သေးရဲ့လား….ဂုဏ်သိက္ခာမဲ့တဲ့ အပြုအမူမျိုးကို လုပ်ဆောင်ရဲတယ်”

“ဦးလေး အရှက်မရှိလည်း ကျွန်တော့်တော့ ရှက်မိတယ်…ဒီလိုဆက်လုပ်နေရင် ကျွန်တော် ဆရာကို ပြန်တိုင်ရလိမ့်မယ်”

ယွမ်လော့ဖုန်းရဲ့မျက်နှာအမူအရာက ပိုမိုသုန်မှုန်လာရတယ်။
“ လုံဖေး သူက ရှင့်ရဲ့ ဦးလေးလား”

“ကျွန်တော် ဝန်ခံဖို့ ဆန္ဒမရှိဘူး”
လုံဖေးလည်း ကန့်လန့်တိုက်လိုက်တယ်။
“ဖြစ်နိုင်ရင်…. ဒီလိုလူယုတ်မာမျိုးနဲ့ တစ်ဘဝလုံး မပတ်သက်ရဘူး ဆုတောင်းမိတယ်”

“မိမစစ်ဖမစစ်ကောင်”

လူလတ်ပိုင်း အမျိုးသားက လုံဖေးရဲ့ ဦးခေါင်းကို ဒေါနဲ့မောနဲ့ ရိုက်ချလိုက်တယ်။ သူ့မျက်ဝန်းများက ပြူးကျယ်နေပြီး လုံဖေးကို အစိမ်းလိုက် ဝါးစားတော့မလို့ ကြည့်နေခဲ့တယ်။
“မင်း…အကြီးအကဲကို လေးစားတတ်သေးရဲ့လား…ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့ ဦး‌လေး… မင်းရဲ့ဦးလေးကို လေးလေးစားစား စကားပြောစမ်း”

“အကြီးအကဲကို လေးစားရမယ်…ဟုတ်လား…ခင်ဗျားက ကျုပ်ရဲ့ လေးစားမှုနဲ့ ထိုက်တန်ရဲ့လား”

လုံဖေးလည်း ထေ့ငေါ့လိုက်တယ်။

“ခင်ဗျား နေ့တိုင်း လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်စဉ်းစား ကြည့်စမ်းပါ… အမြဲတမ်း အမျိုးသမီးတွေရဲ့ အောက်ခံအင်္ကျီကို လှန်တယ်…ပြတင်းပေါက်က ချောင်းကြည့်တယ်….ခိုးတယ်… တခြားမိသားစုက ကလေးတွေ ရေချိုးတာကိုတောင် ချောင်းကြည့်ဖို့ ဝန်မလေးဘူး…စိတ်ညစ်ဖို့ အကောင်းဆုံးက ခင်ဗျားလို လူယုတ်မာနဲ့ အမျိုးတော်နေရတာပဲ…ခင်ဗျားရဲ့ ပြစ်မှုတွေကို စီတန်းပြောရရင် ဒီတစ်သက် ကုန်မယ် မထင်”

လမ်းသွားလမ်းလာများက သူတို့ကို အာရုံစိုက်လာတော့ လူလတ်ပိုင်း အမျိုးသားလည်း ရှက်လာတယ်။ မြေအောက်မှာ တွင်းတစ်တွင်းတူးပြီး ပုန်းအောင်းနေဖို့သာ ဆုတောင်းမိတယ်။

လုံဖေးကို အမှုန်ကျိတ်မလို ကြည့်ပြီး လူလတ်ပိုင်း အမျိုးသားလည်း ယွမ်လော့ဖုန်းကို လှည့်ကြည့်လိုက်တယ်။
“ငါ ပုန်းဖို့ နင့်ရဲ့ အဝတ်အစား ငှါးစမ်းပါ”

ဒီစကားကို ယွမ်လော့ဖုန်းက ထွက်သွားစမ်းဆိုတဲ့ စကားတစ်ခွန်းဖြင့်သာ တုံ့ပြန်ခဲ့တယ်။

Chapter-713
End

အပိုင်း(၇၁၄)
လုံဖေးရဲ့ ဆရာ (၁)

လုံဖေးလည်း စိတ်ညစ်ညစ်နဲ့ သူ့နဖူးကို သူ ရိုက်နေလိုက်တယ်။ ဒီလူယုတ်မာရဲ့ ယုတ်ယုတ်မာမာ အပြုအမူတွေကို မြင်လည်း မမြင်ချင်သလို ကြားလည်း မကြားချင်ဘူး။

“ဦးလေး… ဒီမိန်းကလေးက ကျွန်တော် ပြောဖူးတဲ့ ကူညီပေးခဲ့တဲ့ မိန်းကလေး”
လူလတ်ပိုင်း အမျိုးသားကို ကြည့်ကာ လုံဖေးလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
“သူမရဲ့ နာမည်က ယွမ်လော့ဖုန်း”

“အဟွတ်အဟွတ်”
လူလတ်ပိုင်း အမျိုးသားလည်း ဟန်လုပ်ချောင်းဆိုးလိုက်တယ်။
“ဒါဆို မင်းက ရှောင်မို ပြောဖူးတဲ့ မိန်းကလေးပေါ့… မင်းကြောင့် ရှောင်ဖုန်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာပါ”

လုံဖေးလည်း လူလတ်ပိုင်းအမျိုးသားကိုတစ်လှည့် ယွမ်လော့ဖုန်းကို တစ်လှည့် ကြည့်လိုက်တယ်။
“သူက ကျွန်တော်ရဲ့ဦး‌လေး စူးကျန်း… နာမည်ကြီး နာဘူးကြီးပေါ့”

“ရှောင်ဖုန်း…မင်း ဘယ်လို ပြောလိုက်တာလဲ”
လူလတ်ပိုင်း အမျိုးသားလည်း မုတ်ဆိတ်မွေးကို လှုပ်ယမ်းကာ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် စကားပြောလာခဲ့တယ်။
“လှပတဲ့ အမျိုးသမီးတွေကို ချစ်တတ်တာ ငါ့စိတ်ထားပဲ….ငါက သူတို့ကို ကလူရုံပဲ….ရိုးသားတဲ့ မိန်းကလေးကို အတင်းအကျပ် အပျော်စံအိမ် မပို့တတ်ဘူး…ဘယ်အမျိုးသမီးကိုမှ မတရား မကျင့်တတ်ဘူး… ငါက အကျင့်စာရိတ္တ ဖြောင့်မတ်တဲ့ လူကြီးလူကောင်း”

ကလူရုံ ဟုတ်လား…ဒီစကားကို အကျယ်ကြီး အော်ပြောတာ မရှက်ဘူးလား…မဟုတ်မမှန် အပြုအမူကို ပြုမူပြီး ဒီစကားမျိုး ပြောရဲသေးတယ်။

လုံဖေးလည်း ပြောစရာ စကားမဲ့သွားခဲ့တယ်။သူ့ဦးလေးထက် မျက်နှာပြောင်တဲ့လူ ရှိပါဦးမလား။

ထို့နောက် ယွမ်လော့ဖုန်းလည်း သူတို့အနား ဦးတည်လာတဲ့ ယွမ်ရှောင်ကို ကြည့်ကာ ပြုံးလိုက်တယ်။

“ယွမ်ရှောင်”

ယွမ်ရှောင်လည်း ယွမ်လော့ဖုန်း အနား ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး သူမရဲ့ ဆံပင်ပေါ်ကျဆင်းလာတဲ့ သစ်ရွက်ကို လက်ဖြင့် ခံလိုက်တယ်။သူ့ရဲ့မျက်ဝန်းနက်များက နူးညံ့သိမ်မွေ့မှုများကို ပြသနေတယ်။

“ဘာကြောင့် ထွက်လာခဲ့တာလဲ… လက်ဖက်ရည်ဆိုင်မှာ ကိုယ့်ကို စောင့်နေတာ မဟုတ်ဘူး… လမ်းပေါ် လျှောက်သွားနေတော့ မင်းလေး လုံခြုံရဲ့လားလို့ စိတ်ပူနေရတယ်”

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“ရင်းနှီးတဲ့လူကို လှမ်းတွေ့လိုက်လို့ ဒီကို ထွက်လာခဲ့တာ…ဒါနဲ့ တည်းခိုးဆောင် တွေ့ပြီလား”

“အွန်”

အစတည်းက ယွမ်လော့ဖုန်း ဘေးမှာ ရပ်နေတဲ့ လုံဖေးကို ယွမ်ရှောင် တစ်ချက်လေးတောင် မကြည့်ခဲ့ပါဘူး။သူ့မျက်ဝန်းနက်များမှာ မိန်းမပျိူလေးရဲ့ ပုံရိပ်သေးသေးလေးပဲ ထင်ဟပ်နေခဲ့တယ်။

“နေဦး”

ရုတ်ခြည်း ယွမ်ရှောင်ရဲ့ နောက်ကျော်ဘက်ခြမ်းမှ ဒေါနဲ့မောနဲ့ အော်သံကို ကြားလိုက်ရပြီး လူအုပ်ကြီးက သူတို့ရှိရာဦးတည်လာတယ်…. နောက်တော့ သူတို့ကို ဝိုင်းထားပြန်တယ်။ ယွမ်ရှောင်ရဲ့ အကြည့်က ပိုမိုခက်ထန်လာပြီး သူတို့ကို မကျေမနပ် ကြည့်လိုက်တယ်။လူအုပ်ကြီး ကွဲသွားပြီဂ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းကလေး ဝင်ရောက်လာတယ်။သူမရဲ့ ဆံနွယ်ရှည်များက လွင့်မျောနေပြီး ကျက်သရေ တင့်တယ်လှတယ်။

“သခင်မလေး…စောစောက ကျောက်တုံးကို ခွဲလိုက်သူပါ”

မိန်းမပျိုလေးရဲ့ဘေးနားမှာ အစေခံတစ်ယောက် ရှိနေပြီး သူမရဲ့ အစေခံက ယွမ်ရှောင်ကို လက်ညိုးထိုးကာ စကားပြောနေတယ်။

ကျောက်တုံး…

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ယွမ်ရှောက်ကို လှည့်ကာ မေးလိုက်တယ်။
“ယွမ်ရှောင်…ဘယ်လို ဖြစ်ရတာလဲ”

“ကိုယ် လမ်းလျှောက်နေရင်း ဧည့်ဆောင်က ကျောက်တုံးတစ်တုံး ကိုယ့်ရဲ့ဘေးဘက်ကို ကျလာခဲ့တယ်။

“အဲ့တော့…”

“ကိုယ်လည်း ရိုက်ခွဲလိုက်တယ်”

အမျိုးသားလေးရဲ့စကားက အမြဲတမ်းလို ရိုးစင်စဲပါ…သူက အခြေအနေကို ရိုးရှင်းတဲ့ စကားလုံးများဖြင့်သာ ဖြေရှင်းချက်ပေးခဲ့တယ်။

ယွမ်‌လော့ဖုန်းလည်း ကြော့ရှင်းလှပတဲ့မိန်းကလေးကိုကြည့်လိုက်တယ်။
“နင်တို့က ကျောက်တုံးကို ပစ်ချင်ရာ ပစ်လိုက်တော့ ငါ့လူကို အလန့်တကြား ဖြစ်စေတာပေါ့…ဒါကြောင့် နင်တို့တွေ မှားမှန်း သိလို့ လာတောင်းပန်တာလား”

လုံဖေးရဲ့ မျက်နှာကြောက တောင့်တင်းသွားတယ်။အစကတော့ သူ့ဦးလေးက အရှက်မဲ့လွန်းတယ်လို့ ထင်ခဲ့တာ….သူ့ထက် ပိုဆိုးတဲ့လူကို တွေ့ရမယ်လို့ မထင်ထားဘူး…ဒီလူတွေက ပြဿနာရှာဖို့ လာမှန်း သိသားနေတာပဲကို… တောင်းပန်စကား ပြောဖို့လာတာ လားလို့ ပြောရဲသေးတယ်…

“”လျှို့အာ”

ဒေါသထွက်နေတဲ့ အစေခံက စကားဆက် ပြောချင်သော်လည်း ကြော့ရှင်းလှတဲ့ သခင်မလေးက ဟန့်တားလိုက်တယ်။

သူမက ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းကိုသာ ကြည့်နေခဲ့ပြီး မတူမတန်ဟန် ပြောလာခဲ့တယ်။
“ဒီသခင်လေးက ငါ့ကျောက်တုံးကို ဖျက်ဆီးလိုက်တော့ ငါတို့ ကံတရားကို အတူတူဖြစ်ဖို့ ဖန်လာတာပေါ့…ကျွန်မရဲ့ နာမည်က လင်းလောရှင်း… ရှင်တို့နှစ်ယောက်လည်း နာမည်အမှန် ပြောနိုင်မလား”

Chapter-714
End

အပိုင်း(၇၁၅)
လုံဖေးရဲ့ဆရာ (၂)

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။
“နင်တို့တွေ တောင်းပန်ချင်ရင်တော့ ငါ လက်ခံပေးလိုက်မယ်…ဒါပေမဲ့ ငါတို့ရဲ့နာမည်ကို သိချင်ရင်တော့ နင့်ကို မပြောနိုင်ဘူး”

ဒီစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းလည်း ကျောခိုင်းကာ ထွက်ခွာသွားတယ်။ယွမ်ရှောင်က ဒီလူစုကို တစ်ချက်လေးမျှ မကြည့်ပါဘူး။

“သခင်မလေး”
အစေခံလည်း ဒေါနဲ့မောနဲ့ ခြေဆောင့်လိုက်တယ်။
“ဒီလူတွေကို ဒီအတိုင်း အလွတ်ပေးတော့မလို့လား”

“ငါက ဘာဆက်လုပ်ရမလဲ”
လင်းလောရှင်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီကျောက်တုံးက လက်ထပ်ထိပ်မြားခြင်း ကျောက်တုံးဖြစ်နေတော့ ခွဲလိုက်တဲ့လူက ငါ့ခင်ပွန်းပေါ့… ကံဆိုးစွာနဲ့ ဒီလူက ခွဲကြေသွားတယ် ဒီလိုဆိုတော့လည်း လက်ထပ်ထိမ်မြားခြင်း ကျောက်တုံး ရှာဖွေနေတဲ့လူက သူဖြစ်လို့ နေမှာပေါ့”

“သခင်မလေး… ကျွန်တော်မျိုးမတော့ မထင်ပါဘူး…သူက သခင်မလေးနဲ့ မထိုက်တန်ဘူး”

“လက်ထပ်ထိမ်မြားခြင်း ကျောက်တုံးက ငါ့ဖူးစာရှင်ကိုပဲ တုံ့ပြန်တယ်…ကျောက်တုံးက သူ့ကို ရွေးချယ်လိုက်တယ်က အကြောင်းအရင်း  ရှိရမယ်…ဒီလူက ငါနဲ့ထိုက်တန်မှုရှိလား ထပ်စုံစမ်းဖို့ လိုအပ်တယ်”

ဒီစကားကို ပြောနေချိန်မှာ လင်းလောရှင်းက သူ့ရဲ့မာနဝင့်ကြွားမှုကို ဖော်ပြနေတယ်။ဝိညာဉ်မျိုးတော် သခင်ရဲ့ သမီးတစ်ယောက်အနေနဲ့ သူမက မာနဝင့်ကြွားတာ ထိုက်တန်ပါတယ်။ သူမနဲ့ ပေါင်းစည်းရမယ် ထိုက်တန်တဲ့ ယောကျ်ားက တခြားသူများထက် ထူးခြားရမယ်။

“ဒါပေမဲ့…သခင်မလေး… ဒီလူက ဇနီးသည်ရှိမယ် ထင်တယ်”
အစေခံလည်း တိုးလျစွာ ပြောလိုက်တယ်။

ဒီနှစ်ယောက်ကို ကြည့်ရတာ အရမ်းကို နီးကပ်လွန်းတယ်…သေချာပေါက် သူတို့နှစ်ဦးမှာ အကြင်လင်မယား ဆက်နွှယ်မှုရှိရမယ်…သခင်မလေးက ဒီလူကို လိုချင်တယ်ဆိုရင်တော့ မလွယ်လောက်ဘူး ထင်တယ်။

လင်းလောရှင်းလည်း ခပ်နွမ်းနွမ်းပြုံးလိုက်တယ်။
“ဒါကို ငါ စဉ်းစားစရာ မလိုဘူး…ဒီလူက ငါနဲ့ ထိုက်တန်တဲ့ အစွမ်းအစ ရှိလာပဲ စဉ်းစားမယ်…ကျန်တာ ထည့်ထွက်စရာ မလိုအပ်ဘူး”

သူမသာ ဒီလူကို နှစ်သက်တယ်ဆိုရင် သူမရဲ့လက်က မလွတ်မြောက်နိုင်ဘူး။

“သွားမယ်…ငါတို့တွေ မြို့သခင်ရဲ့  အိမ်တော်ကို ပြန်သင့်ပြီ…ဒီကိစ္စကို ငါ့အဖေ မသိစေနဲ့ဦး”

“နားလည်ပါပြီ သခင်မလေး”

သူတို့နှစ်ဦးထွက်ခွာသွားတော့ ပျားပန်းခတ်နေတဲ့လမ်းမပေါ်မှာ ရှိနေတဲ့ စားသောက်ဆိုင်မှာ လူအရိပ်နှစ်ခု ဖြည်းဖြည်းချင်း ထွက်လာခဲ့တယ်။

“သခင်”
အနီရောင်ဝတ်စုံနဲ့မိန်းကလေးက ပြုံးကာ သူမရဲ့ဘေးနားက လူငယ်လေးကို ကြည့်ကာ ခေါင်းငုံ့လိုက်တယ်။
“သခင်လေး အမိန့်အတိုင်း လင်းလောရှင်းနဲ့ ဆက်သွယ်ပြီး သူမကို ဖူးစာ ကျောက်တုံး ရောင်းလိုက်ပါတယ်”

ဖူးစာကျောက်တုံးကို ယွမ်ရှောင်ရဲ့ တန်ခိုးနဲ့ အသက်သွင်းလိုက်တယ်။ဒီနေရာမှာ ယွမ်ရှောင်ရှိနေရင် ဖူးစာကျောက်တုံးက ယွမ်ရှောင်ရဲ့တည်နေရာကို ပြသမယ်။လင်းလောရှင်းက သူမရဲ့စကားကို ယုံကြည်တာ ရယ်ဖို့ကောင်းလိုက်တာနော်….ဖူးစာကျောက်တုံးက သူမရဲ့ ဖူးစာရှင်ကို ရှာပေးမယ်တဲ့လား။

ဖူးစားဘက်တဲ့လား…လောကကြီးထဲမှာ ရယ်ရွှင်ဖွယ် အကောင်းဆုံး စကားလုံးပဲ။

ပိုင်စုလည်း အသာလေး ခေါင်းညိတ်လိုက်တယ်။
“ငါ…သူတို့ကို အနိုင် မတိုက်နိုင်သေးလည်း သူတို့ကို ငြိမ်းငြိမ်းချမ်းချမ်းနေခွင့် မပြုဘူး…ဒါပေမဲ့ လင်းလောရှင်းက သူတို့အတွက် အတားအဆီး အကြာကြီး မဖြစ်နိုင်ဘူး သူတို့ကို ရင်ဆိုင်ဖို့ ယွမ်ရှောင်ရဲ့ အမေကို အားကိုးရဦးမယ်”

ယွမ်ရှောင်ရဲ့အမေက သူ့သားကို နှစ်နှစ်ကာကာ ချစ်လည်း သူတို့တွေ မရင်းနှီးခဲ့ဘူး ရင်းနှီးတဲ့ မိသားစုဝင်လို့ မသတ်မှတ်လောက်ဘူး။ ယွမ်ရှောင်ရဲ့ အမေ ဘေးနားမှာ နေထိုင်တဲ့ မွေးစားသမီးကို အသုံးချပြီး သူတို့နှစ်ဦးကို ခွဲနိုင်မှာပါလေ။သူမ ဘယ်တုန်းကမှ မတွေ့ဖူးတဲ့ ချွေးမထက် သူမ ပြုစုပျိုးထောင်ခဲ့တဲ့မွေးစားသမီးက  ပို အရေးပါ အရာရောက်မှာပေါ့။

“ဟုတ်ကဲ့ပါ သခင်”
ကျင်းယွီလည်း ရိုသေလေးစားစွာ ပြန်ဖြေလိုက်တယ်။

သူမက ပိုင်စု တောင်းဆိုသမျှကို ဘယ်တော့မှ မငြင်းဆန်ဘူး။

ပိုင်စုက သူမကို သတ်သေဖို့ ပြောခဲ့ရင် လုံးဝကို မတွေဝေဘဲ သတ်သေမှာပါ။

ပိုင်စုလည်း ဘာစကားမှ မပြောတော့ဘူး။ပိုင်စုလည်း သူ့ဝတ်စုံကို ခါယမ်းကာ မြို့တံခါးအပြင်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့တယ်။

…..
တည်းခိုဆောင်….

ယွမ်လော့ဖုန်းလည်း သူမတို့နောက် လိုက်လာတဲ့ လူနှစ်ဦးကို ကြည့်ကာ မျက်ခုံးပင့်လိုက်တယ်။
“ဘာလဲ…ဘာကိစ္စရှိသေးလို့လဲ”

Chapter-715
End

Bạn đang đọc truyện trên: Truyen247.Pro