Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

687 to 700 unicode

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၈)
ဘာသာပြန်ဆိုသူ: သကြားလုံးလေး

အပိုင်း(၆၈၇)

မွေးနေ့ ဧည့်ခံပွဲ (၄)

"အရှင်မင်းကြီး. အရင်အချိန်တုန်းကလို ဆိုရင်တော့ ယွမ်မိသားစုနဲ့ လက်ထပ်ဖို့ မင်းသမီးကို ကြုံရာမရွေးပါဘူး.ဒါပေမဲ့ အခုအချိန်မှာ ယြမ္မိသားစုက အာဏာ ရှိတယ်. အခု သူတို့က တော်ဝင်မိသားစုကို မကျေနပ် ဖြစ်နေတော့သူတို့ကို ထူးခြားတဲ့ တစ်စုံတစ်ယောက် မပေးရင် ယြမ္မိသားစုက လက်ခံမှာ မဟုတ္ဘူး"

သူ့စကားကြောင့် တခြားသော အမတ်များလည်း သံယောင်လိုက်ကြတယ်။

"အရှင်မင်းကြီး. .. အမတ်ချုပ်ပြောတာ မှန်ပါတယ်...မင်းသမီး လျန်ရှင်းကို ယွမ်မိသားစုနဲ့ လက်ဆက်ပေးဖို့ တောင်းဆိုပါတယ်...ဒါမှလည်း ယြမ္မိသားစုက တော်ဝင်မိသားစုအပေါ်

မကျေမနပ် ဖြစ်နေတဲ့ ခံစားခ်က္ကို ဖြေရှင်းနိုင်မှာပါ"

"ညှာတာထောက်ထားတဲ့ အနေနဲ့ လက်ခံပေးပါ အရှင်မင်းမြတ် တော်ဝင်မိသားစု ကောင်းမွန်ဖို်အတွက် မင်းသမီး လျန်ရှင်းကို စေတးတာ ထိုက်တန်ပါတယ်"

ဧကရာဇ်လည်း လေးတွဲ့စွာ သက်ပြင်းချလိုက်တယ်။သူ့မှာ လက်ခံဖို့ အင်တင်တင် ဖြစ်နေလဲ ရွေးချယ်စရာမှ မရှိဘဲလေ...။

"အမတ်ချုပ်. ဒီကိစ္စကို မင်း စီစဉ်လိုက်တော့ အခုကစပြီး မင်းရဲ့ တာဝန် ဖြစ်သွားပြီ"

"အမိန့်တော်မြတ်အတိုင်းပါ အရှင်မင်းကြီး"

မှူးမတ်အားလုံးက ဒူးထောက်ကာ ရိုရိုကျိုးကျိုး ပြောတယ်။

ဧကရာဇ်လည်း သူ့အကျႌလက်ကို ခါကာ နောက်ကို လှည့်မကြည့်တော့ဘူး။

..

စောင့်မျှော်ခဲ့ရတဲ့မွေးနေ့က နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ။

ဒီကနေ့တော့ ယွမ်အိမ်တော်က အတော့်ကို ပျားပန်းခပ်နေတယ်။ ဧည်သည်တော် အမ်ားအျပား လာရောက်ပြီး စစ်သူကြီး အိမ်တော် တစ္ခုလုံး လူမ်ား ရထားလုံးများဖြင့် ပြည့်နှက်နေခဲ့တယ်။

ဧည့်သည်တော်များက ဘယ္လိုပဲ ဂုဏ်ဒြပ်ရှိတဲ့သူ ဖြစ်နေပါစေ လှည်း သို့မဟုတ် မြင်းပေါ်မှ ဆင်းကာ ယွမ်အိမ်တော်ကို လမ်းလျှောက် ဝင်ရမယ်။

တော်ဝင်မိသားစုကိုယ်တိုင်လည်း ချွင်းချက် မဖြစ်နိုင်ဘူး။ တခြားသူတွေရဲ့ အမြင်မှာ ယြမ္မိသားစုက ဘယ္လို အဆင့်အတန်းမျိုး ရှိလဲဆိုတာ တွေးကြည့်ပေါ့။

ယွမ်လော့က ခန်းမဆောင်ထဲမှာ အပြုံးနဲ့ထိုင်ကာ ဧည့်သည်တော်များကို ကြိုဆိုခြင်း မရှိခဲ့ဘူး။ ဒါပေမဲ့ တခြားသောသူများမှာ သူ့ကို မဝေဖန်ရဲပါဘူး။အခုအချိန်မှာ ယြမ္မိသားစုက အာဏာ ရှိနေပြီလား။

သူတို့ကို လာကြိုခိုင်းဖို့လဲ မပြောရဲပါဘူး။ဒါကြောင့် ဆွေကြီးမျိုးကြီး အားလုံးက သူတို့ကိုယ်တိုင် လာလည်ပြီး ယွမ်လော့ရဲ့ မွေးနေ့ကို မျက်နှာချိုသွေးကာ ဂုဏ်ပြုစကား ပြောတော့တယ်။

"ယွမ်စစ်သူကြီး...ကျုပ်က တော်ဝင်မိသားစု ကိုယ္စား အသက်ရှည် ပျော်ရွှင်စေဖို့ ဆုမွန်ကောင်း တောင်းပေးပါတယ်"

အပြုံးလေးနဲ့ အမတ်ချုပ်လည်း ယွမ်လော့ အနားသြားကာ ဂါရဝပြုလိုက်တယ်။

"ကျုပ်. ယွမ်မိသားစုအတွက် လက်ဆောင်ပေးချင်လို့ပါ သခင်လေး ယွမ်ချင်ရာ အတွက်ပါ။ ကြိုက်မယ်လို့ မျှော်လင့်မိပါတယ်"

လွပတဲ့ မိန်းကလေးရဲ့ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိတဲ့ ယောကျ်ားဆိုတာ ရှိလို့လား။ ဒီလွပတဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်မယ်ဆိုရင် စိတ်စွမ်းအားလည်း တိုးတက်လာမယ်လေ.ဒါဆို စိတ်မဝင်စားဘဲ နေပါ့မလား။ သေချာပေါက်ကို ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံဦးမှာ။

"ဟား"

ယွမ်လော့လည်း မတူမတန်ဟန် ဟားတိုက် ရယ်မောလိုက်တယ်။

"ဒါဆိုရင်တော့ ချင်ယွမ် ကိုယ္စား မင်းတို့ရဲ့ အရှင်ဘုရင်ကို ကျေဇူးတင်ရမှာပေါ့"

သူ့ဘက်က ဒီစကားကိုပြောသော်လည်း အမတ်ချုပ်ပြောတဲ့ လက်ဆောင်ကို စိတ်မဝင်စားမှန်း သိသာလွန်းပါတယ်။

သူ့ကို ဘာကိုမွ အလျင်စလို မရှင်းပြချင်တာကြောင့် အမတ်ချုပ်လည်း

ပြုံးရုံသာ ပြုံးနေလိုက်တယ်။

"ယွမ်စစ်သူကြီးက ဒီလက်ဆောင်ရဲ့ တန္ဖိုးကို နောက်မှ သိလာမှာလေ"

ယြမ္မိသားစုက ဒီလက်ဆောင်ကို လက်ခံမယ်လို့ ယုံကြည်ထားတယ်။စစ်သူကြီးယွမ် ကိုယ်တိုင်လည်း နှစ်ခြိုက်မှာပါ။

စစ်သူကြီးယွမ်က သူပြောတာကို စိတ်မဝင်စားဘဲ ခန်းမဆောင် အပြင်ဘက်ကိုပဲ စောင့်ကြည့်နေခဲ့တယ်။သူရဲ့ မျက်ဝန်းများက အပြင်ကို လေးလေးနက်နက် စိတ်ဝင်စားစွာ ကြည့်နေခဲ့တယ်။

နင်မိသားစုဝင်တွေ ဘာကြောင့်များ မလာသေးတာလဲ။ နင်ရှင်းနဲ့ ချင်ရာကို ဒီနေ့ စေ့စပ်ပေးဖို့ စဉ်းစားထားတယ် ။ ဒါပေမဲ့ သူ စောင့်နေတာ ကြာပြီ အခုအထိ နင်မိသားစုက ရောက်မလာသေးဘူး။

ထိုစဉ် အစေခံတစ်ယောက် ခန်းမဆောင်ထဲ အလျင်စလို ပြေးဝင်လာပြီး သတင်းပို့လိုက်တယ်။

"သခင်ကြီး...နင်မိသားစုဝင်တွေ သခင်ကြီးရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ရောက်နေပါပြီ"

ယွမ်လော့လည်း မျက်လုံးပြူးကာ ချက်ချင်းထ ရပ်လိုက်တယ်။ နောက်ဆုံးတော့ ရောက်လာပြီပေါ့...။

ဒီအကြောင်းကိုတွေးရင်း သူ့ချွေးမလေးရဲ့ မိသားစုမ်ားကို ကြိုဆိုရန် အလျင်စလို ပြေးထွက်သွားလိုက်တယ်။

သူ့အပြုအမူကြောင့် ခန်းမဆောင်ထဲမှ လူအားလုံး မှင်တက်ရတယ်။စစ်သူကြီးယွမ်က ဆေးစံအိမ်တော်က လူတွေတောင် မကြိုဆိုဘူး။

အခု ဘယ်သူများလာလို့လဲ။ဘာကြောင့်များ ကိုယ်တိုင်ကိုယ်ကျ ခရီးဦး ကြိုဆိုရလဲ။

ပျားပန်းခပ်နေတဲ့ လူအုပ်ကြားမှာ ရပ်နေတဲ့ နင်အကြီးအကဲကို မြင်တော့ ယွမ်လော့လည်း အလျင်စလို ပြေးသွားလိုက်တယ်။

Chapter-687

End

အပိုင်း(၆၈၈)

မွေးနေ့ ဧည့်ခံပွဲ (၅)

"ယွမ်စစ်သူကြီး ကျုပ် နောင်ကျနေသလား"

သူ့ဆီ အလျင်စလို ရောက်လာတဲ့ ယွမ်လော့ကိုကြည့်ကာ နင်အကြီးကဲလည်း ပြုံးကာရွှင်ကာ မေးလိုက်တယ်။

"ဟား"

ယွမ်လော့လည်း ရယ်မောလိုက်တယ်။

"မင်းက အချိန်မှီ ရောက်လာတာပဲ...သြားမယ္ဗ်ာ ကျုပ် ကြေညာစရာလေး ရှိတယ်"

နင်အကြီးအကဲလည်း ပြုံးကာ ယွမ်လော့နောက်လိုက်လာခဲ့တယ်။

ထို လူအိုကြီးက ဘယ္သူမ်ားလဲ...ဘာကြောင့်များ ယွမ်စစ်သူကြီးက လေးလေးစားစား ပြုမူနေရလဲ။ဒါပေမဲ့ သူတို့ တစ်စုံတစ်ရာကို မေးချင်သော်လည်း မမေးသင့်မှန်း သိပါတယ်။ ယွမ်လော့ သူ့အပေါ်ထားတဲ့ အပြုအမူကို အကဲဖြတ်လိုက်တာနဲ့ထိုအဘိုးအိုက အဆင့်အတန်း မြင့်မားသးမှန်း သိနိုင်ပါတယ်။

"နင်အကြီးအကဲ"

ယွမ်လော့နောက်မှ နင်အကြီးအကဲကို လှမ်းမြင်တော့ ရုန်အကြီးကဲလည်း သူတို့ကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တယ်။

"မင်း နောက်ကျတယ်"

သူလည်း ရုန်အကြီးအကဲကို စူးစူးစိုက်စိုက်ကြည့်ကာ

"မင်းတို့ ဆေးစံအိမ်တော်က နီးတယ်လေ ငါတို့က အဝေးကြီးက လာခဲ့ရတာ ငါ့မွေးစားမြေးနဲ့ မတွေ့ရတာ ကြာပြီ ငါ သူနဲ့ စကားပြောချင်တယ်"

ယွမ်လော့ဖုန်း...ယွမ်အိမ်တော်မှ ထြက္သြားတဲ့ အချိန်တည်းက နင်အကြီးကဲက ယြမ္မိသားစုကို ကာကွယ် စောင့်ရှောက်ဖို့ အိမ်တော်မှာ နေထိုင်ခဲ့တယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ယွမ်လော့ဖုန်းက ဆေးမြို့တော်ကို ဖျက်ဆီးလိုက်တဲ့ သတင်း ကြားရတယ်။

သူမ ပြန်လာတာကို အိမ်တော်မှာ စောင့်ဆိုင်း ချင်သော်လည်း အရေးတကြီး အလုပ်ကိစ္စ ပေါ်လာလို့ ယွမ်လော့ဖုန်း ပြန်မလာခင် ထွက်သွားရတယ်။ ဒါဆို ယွမ်လော့ဖုန်းနဲ့ မတွေ့ရတာ တစ်နှစ်ကျော် ကြာပြီ။

မွေးစားမြေး ဟုတ္လား။

လူအမ်ားက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်တယ်။ ယွမ်သခင်မလေးရဲ့ မွေးစားအဘိုး ဖြစ်နေလို့ ယွမ်လော့က လေးစားသမှုဖြင့် ဆက္ဆံတာ အံ့ဩစရာ မရှိတော့ပါဘူး။ ယွမ်မိသားစုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတာ ဒီအဘိုးကြီးတော့ ကံကောင်းလွန်းပြီ။

"ဘိုးဘိုး "

ရုတ်ခြည်း ပျော်ရွှင်မြူးနေသော အသံကို ခန်းမဆောင် အပြင်ဘက်မှ ကြားလိုက်ရတယ်။ နင်အကြီးကဲလည်း ဘေးဘယ်ညာ ကြည့်လိုက်တော့ နင်ရှင်းကို တွေ့လိုက်ရတယ်။

"ဘိုးဘိုး ရောက်လာပြီလား"

သူမရဲ့မျက်နှာမှာ တောက်ပသော အပြုံးလေး ရှိနေခဲ့ပြီး ကြော့ရှင်း နန်းဆန်လွန်းပါတယ်။သူမရဲ့ လှုပ်ရှားမှုတိုင်းက တင့်တယ်လွန်းပါရဲ့။

ယွမ်ချင်ရာလည်း သူမရဲ့ဘေးမှာ မတ်တတ် ရပ်နေခဲ့ပြီး ကျောက်စိမ်းတမျှ ခံ့ညားသော မျက်နှာက ရွှင်မြူးနေခဲ့တယ်။

"ရှင်းအာ"

သူ့မြေးမလေးရဲ့ မျက်နှာမှာ အပြုံးကို မြင်ရတော့ သူ စိတ်ချမ်းသာ မိပါရဲ့။

"ဒီနှစ်တွေမှာ မြေးလေး စိတ်ပင်ပန်းခဲ့ပါတယ်...အခုတော့ စိတ်ချမ်းသာ ပြီမလား ဘိုးဘိုး စိတ်အေးနိုင်ပါပြီ"

နင်အကြီးအကဲအတွက်တော့ သူ့မြေးမလေးရဲ့ပျော်ရွှင်မှုထက် အေရးပါတာ မရှိဘူး။ယွမ်မိသားစုမှာ ပျော်နေတယ် ထင်ပါတယ်. သူ့မျက်နှာပေါ်က အပြောင်းအလဲကို ကြည့်ရင်း သိနိုင်ပါတယ်။

ဒီနှစ်တွေမှာ သူမ ခက်ခဲ ပင်ပန်းခဲ့တယ်။

"ဟား စိတ်မပူပါနဲ့ မင်း ကိုယ္စား နင်ရှင်းကို စောင့်ရှောက်ပေးမှာပါ"

ယွမ်လော့လည်း ရယ်ကာမောကာဖြင့် နင်အကြီးအကဲရဲ့ ပခုံးကို ပုတ်လိုက်တယ်။

နင်အကြီးအကဲလည်း ပြုံးကာ

"နင်ရှင်းကို ဂရုစိုက်ဖို့ ယြမ္မိသားစု ရှိနေတော့လဲ စိ်တ်အေးချမ်းပါပြီ"

အဘိုးအိုနှစ်ယောက်ရဲ့ စကားဝိုင်းကို ကြားလိုက်ရပြီးနောက် လူအားလုံးလည်း သူတို့နှစ်ဦးမှာ ထူးခြားတဲ့ ဆက်ဆံရေး ရှိမှန်း သိလိုက်တယ်။ နင်ရှင်းနဲ့ ချင်ရာကို အပေါ်အောက် ထပ်ခါထပ်ခါ ကြည့်နေမိတယ်။ သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို အကဲဖြတ်ဖို့ ထင်ပါရဲ့။

အမတ်ချုပ်ရဲ့မျက်နှာက အနည်းငယ် သုန်မှုန်နေပါရဲ့။

ဒီကောင်မလေးနဲ့ ယွမ်ချင်ရာက အရမ်းကို နီးကပ်လွန်းတယ်။ ခန်းမဆောင်ထဲကို ဝင်လာတာ စုံတွဲတွေလိုပဲ။

မဖြစ်နိုင်ဘူး။ သူ လက်မခံနိုင်ဘူး။ ယွမ်မိသားစုနဲ့ တော်ဝင်မိသားစု ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ သူ ကူညီရမယ်။ ဒါမှလည်း တော်ဝင်မိသားစုရဲ့ ချမ်းသာ ကြွယ်ဝမှု အဓွန့်ရှည်မှာ...။

ဒီပြင် မင်းသမီးလျန်ရှင်းက ဒီကောင်မလေးထက် ပိုသာလွန်မယ်လို့ ယုံကြည်တယ်။

"ကြည့်ရတာ အားလုံး ရောက်နေပြီ ထင်တယ်"

တံခါးအပြင်ဘက်မှ စဉ်းလဲသော အသံကို ကြားလိုက်ရတယ်။

Chapter-688

End

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၈)
ဘာသာပြန်ဆိုသူ သကြားလုံးလေး
689+690+691+692

အပိုင်း(၆၈၉)

မွေးနေ့ ဧည့်ခံပွဲ (၆)

ရုတ်တရက် ခန်းမဆောင် တစ္ခုလုံး တိတ်ဆိတ်သွားပြီး လူအားလုံးက အသံလာရာဘက္ကို လှည့်ကြည့်လိုက်တယ်။

လရောင်အောက်မှာ နှင်းတမျှ ဖြူဖွေးသော ဝတ္စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့တယ်။ သူမရဲ့ နက်မှောင်သော ဆံနွယ်များက လေညင်းနဲ့ အပြိုင် တလွင့်လွင့်တလူလူ ဖြစ်နေခဲ့တယ်။

သူမက နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးကာ ပြုံးရုံမျှ ပြုံးနေတယ်။

ဧည့်သည်တော်များက လုံယွမ်တိုင်းပြည်ရဲ့ နံပါတ်၁ အလွေလး ယွမ်လော့ဖုန်းမှန်း သိသော်လည်း မတွေ့ရတဲ့ တစ်နှစ်အတွင်း ပို လှပလာတယ်။

သူမရဲ့ အလွကို ဖော်ကျူးစရာ စကားလုံးတောင် ရှာဖို့ ခဲယဉ်းလွန်းတယ်။

ဖုန်းအာ ရောက်လာပြီလား အာရှောင် ဘယ်မှာလဲ

ယွမ်လော့ဖုန်းရဲ့နောက်ဘက်ကို ငေးကြည့်တော့ ယွမ်ရှောင်ကို ရှာမတွေ့တာကြောင့် ယွမ်လော့လည်း မျက်မှောင်ကြုတ်လိုက်တယ်။ ယွမ်ရှောင် အကြောင်းကိုသူ ကောင်းကောင်းသိတယ်။ သူမအနားမွာ အရိပ္လို စောင့်ရှောက်နေတတ်တာ. အခု ဒီမွာ မရှိဘူးဆိုတော့ ဘာမ်ား မှားယွင်းနေလဲ။

ယွမ်လော့ စိုးရိမ်နေမှန်း သတိထားမိတာကြောင့် ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။

သူ့မှာ လုပ္စရာ ကိစ္စလေး ရှိလို့ အပြင်ခဏထွက်သွားတာပါခဏနေရင် ရောက်လာမှာပါ. ဘိုးရဲ့ မွေးနေ့အတွက် ဂုဏ်ပြုစကား ဘာပြောမှာပါ့

ကောင်းပြီလေ ဒါဆို မွေးနေ့ပွဲကို စမယ်

သိပ်မကြာခင်မှာဘဲ ယွမ်လော့က ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များက ထိုင်ဖို့ ပြောလိုက်တယ်။ ထို့နောက် သူလည်း အင်္ကျီလက်ကို ခါကာ သူ့ထိုင်ခုံမှာ နေရာယူလိုက်တယ်။

မွေးနေ့ ဧည့်ခံပွဲက သက်ဝင်လှုပ်ရှားတဲ့ ပတ်ဝန်းကျင် တစ္ခု အဖြစ် စတင်ခဲ့တယ်။ များစွာသော အေစခံမ်ားက အရသာရှိသော အစားအသောက်များကို တည့်ခင်းပါတယ်။ အစေခံများကြားမှာ သူနဲ့ ရင်းနှီးသော တစ်စုံတစ်ယောက်ကို လှမ်းတွေ့လိုက်တယ်။

ခင်. ခင်ဗျားက ဝိညာဉ် မျိုးနွယ်စုရဲ့ သခင် ဟုတ္တယ္မလား

သူ့ကို အမတ်ချုပ်အဖြစ် ရာထူး မတိုးခင်က ကြမ္တုကိုယ္စား လုံယွမ်တိုင်းပြည်ရဲ့ သတင်းကို ပို့ဆောင်ရန် ဝိညာဉ် မျိုးနွယ်စုကို လာရောက်ခဲ့ဖူးတယ်။ ဒါကြောင့်လည်းမျိုးနွယ်စုရဲ့ သခင်ကို မြင်တွေ့ခွင့် ရခဲ့တယ်။

ဒါပေမဲ့ အခုတော့ ယွမ်မိသားစုရဲ့ အေစခံ ဖြစ်သွားပြီလား. ဘာကြောင့်များလဲ

ဝိညာဉ် မျိုးနွယ်စုရဲ့ သခင်က လုံယွမ်တိုင်းပြည်ရဲ့ ကျောထောက် နောက်ခံမလား သူက ယွမ်မိသားစုရဲ့ အေစခံ အဖြစ် လျော့ချခံလိုက်ရလား။

ဒီကုန်းမြေစုမှာ သာမန္လူ အမ်ားစုက တော်ဝင်မိသားစုကိုပဲ သိပြီး သူတို့နောက်ကွယ်က အင်အားစုကိုတော့ မမြင်နိုင်ပါဘူး။ ဒါပေမဲ့လည်း ယွမ်လော့ရဲ့ မွေးနေ့ပွဲကို တက်ရောက်သူများက သာမန္လူမ်ား မဟုတ္ဘူး။ ဝိညာဉ်မျိုးနွယ်စုရဲ့ သခင်ကို မသိစရာ အကြောင်းကို မရွိဘူး။

ယွမ်လော့ဖုန်းကိုယ်တိုင်တောင် သူ့ကို ကြည့်လိုက်တယ်။

ဝိညာဉ်မျိုးနွယ်စုရဲ့ သခင်က သူ့အပြစ်ကို ချေဖျက်ချင်လို့ ယွမ်မိသားစုရဲ့ အစေခံဖြစ်ဖို့ လိုလားခဲ့တယ် ဒီအကြောင်းကို သူမလည်း မေ့လျော့နေခဲ့တယ်။

အဟွတ်

ယွမ်လော့လည်း ချောင်းဆိုးကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။

မင်းက တကယ့်ကို အမြင်စူးရှပါလား ဝိညာဉ်မျိုးနွယ်စုရဲ့ သခင်က အိမ်တော်မှာ အစေခံလုပ်နေတာ တစ်နှစ်ကျော် ကြာပြီ

ဝုန်း

ကြည်လင်သော ကောင်းကင်ပြာအောက်မှာ ရုတ်တရက် မိုးကြိုးထပစ်လိုက် သလိုပါပဲ ဧည့်သည် အားလုံးက ယွမ်လော့ကို တအံ့တသြ ကြည့်နေခဲ့တယ်။ ဝိညာဉ်မျိုးနွယ်စုရဲ့ သခင်က ယွမ်အိမ်တော်မှာ အစေခံအဖြစ် ခစားနေတယ်လား။ ယြမ္မိသားစုက အာဏာ ရှိလွန်းလို့လား။

အမတ်ချုပ်လည်း မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကာ ယွမ်မိသားစုနဲ့ တော်ဝင်မိသားစုကြား ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ သူ့စိတ်ကို ပိုင်းဖြတ်လိုက်တယ်။

ယွမ်စစ်သူကြီး

သူ့စိတ်ကို လျော့ချကာ မတ်တတ်ရပ်ရင်း ရိုသေလေးစားစွာ ပြောလိုက်တယ်။

သခင်လေး ချင်ရာလည်း ရောက်လာပြီဆိုတော့ သူ့ကို ကျုပ်ရဲ့ လက်ဆောင် ပေးတော့မယ်ကျုပ်

ခဏေနဦး

ယွမ်လော့လည်း အမတ်ချုပ်လျို

ကို မတူမတန်ဟန် ပြောလိုက်တယ်။

နောက်မှ ပြော ငါ့မွာ ကြေညာစရာ ရှိတယ်

ယွမ်လော့ရဲ့စကားကြောင့် အမတ်ချုပ်မှာ ငြင်းဆိုရန် မရွိနှုတ်ပိတ်ပြီး နေလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ သူ့လက်ဆောင်ကို ပြသဖို့ အခွင့်အရေး ရှိပါသေးတယ်။

Chapter-689

End

အပိုင်း(၆၉၀)

မွေးနေ့ ဧည့်ခံပွဲ (၇)

ယွမ်လော့ရဲ့ မျက်ဝန်းများနဲ့ အကြည့်ချင်းဆုံတော့ နင်ရှင်း ဘာဖြစ်တော့မယ်မှန်း သိလိုက်တယ်။သူမမှာ အသက်ရှူဖို့တောင် မေ့လျော့နေရတယ် သူမရဲ့ ကြော့ရှင်း တင့်တယ်သော မျက်နှာက ရှိုးတိုးရှန်တန့် ဖြစ်နေခဲ့တယ်။ ရုတ်ခြည်း လက္တစ္စုံက သူမရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း နွေးထွေးမှုကို ပေးနေတယ်။

ဒီနေ့ သတင်းကောင်းတစ်ခုကို ကြေညာချင်ပါတယ် ဒါကေတာ့ ကျုပ်သားရဲ့ လက်ထပ်ထိပ်မြားခြင်းပါ

ယွမ်လော့လည်း ပြုံးကာ နင်အကြီးအကဲကို ကြည့်လိုက်တယ်။

နင်အကြီးအကဲ ကျုပ် မင်းရဲ့ မြေးကို တကယ် နှစ်သက်ပါတယ် သူမကို ကျုပ်သားနဲ့ လက်ထပ်ပေးချင်တယ် မင်းဘက်က လက်ခံနိုင်မလား

နင်အကြီးအကဲလည်း ရယ်မောလိုက်တယ်။

နင်ရှင်း ကိုယ်တိုင် ဆုံးဖြတ်ပါစေ ကျုပ်က သူ့အမြင်ကို လေးစားပါတယ်

နောက်တစ်ခေါက် ယွမ်လော့လည်း နင်ရှင်းကို ကြည့်ကာ ပြုံးလိုက်တယ်။

နင်ရှင်း သမီးလေးရဲ့ဘိုးဘိုးက သဘောတူလိုက်ပြီ သမီးလေး ဘိုးရဲ့ ချွေးမ ဖြစ်ချင်လား

နင်ရှင်းလည်း ချင်ရာကို အလျင်စလို ကြည့်ကာ ခေါင်းငုံ့လိုက်တယ်။

ဟုတ် လက်ခံပါတယ်

ယွမ်ချင်ရာနဲ့ အတူတူ သူမရဲ့ဘဝကို ကုန်ဆုံးချင်တာ သူမရဲ့ အိပ်မက်ပါ။

ဟား

ယွမ်လော့လည်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်တယ်။

အခုတော့ ငါ့သားမွာ ဇနီး ရှိပြီ မင်းတို့ရဲ့ မင်္ဂလာပွဲအတွက် သင့်လျော်တဲ့ ရက္ကို ရွေးလိုက်ဦးမယ် နှစ်ယောက်လုံး ကလေးရဖို့ အကောင်းဆုံး ကြိုးစားရမယ်နော်

ယွမ်လော့က ယြမ္မိသားစုမွာ ကလေးတစ်ယောက် မွေးဖွားဖို့ မစောင့်နိုင်တော့ဘူး ထင်တယ် မြေးလေး ဖြစ်ဖြစ်မြစ်လေး ဖြစ်ဖြစ် ကိစ္စ မရွိဘူး ချစ်ဖို့ကောင်းတဲ့ ပါးဖောင်းဖောင်းနဲ့ ကေလး ဖြစ်ရင် ရပြီ။

ဂုဏ်ယူပါတယ်ယွမ်စစ်သူကြီး တကယ့်ကို ကောင်းမြတ်တဲ့ သတင်းပါ

ဧည့်သည်တော်အားလုံးက ရှေ့သို့လာကာ စိတ်ရင်းနဲ့ ဂုဏ်ပြုစကားပြောတယ်။

မျက်နှာ သုန်မှုန်နေတဲ့ အမတ်ချူပ်လျို တစ်ယောက်တည်း မလှုပ်မယှက်နဲ့ လက္သီးကို ကျစ်နေအောင် ဆုပ်ထားတယ်။

ဘာ ဘာကြောင့်များလဲ ဘယ်ကမှန်း မသိတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာပြီး သူတို့ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်ကို ဖျက်ဆီးလိုက်တယ်

ဒီမိန်းကလေးက ရုပ်ရည်ရော အဆင့်အတန်းရော မင်းသမီးလျန်ရှင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဘယ်လိုဖြစ်ပြီး သူမက ယွမ်လော့ရဲ့ ချွေးမ ဖြစ်နိုင်မလဲ။

ဟုတ္သား

ယွမ်လော့လည်းတစ်စုံတစ်ရာကို တွေးမိတာကြောင့် အမတ်ချုပ်လျိုဘက်လှည့်ကာ ပြောလိုက်တယ်။

ငါ့သား လက်ထပ်တော့မှာမို့မင်္ဂလာလက်ဖွဲ့ ပြင်ထားတာလား ဘာမ်ားလဲ ငါကို ကြည့်ခွင့်ပေးမလား

အမတ်ချုပ်လျိုရဲ့မျက်နှာလည်းမည်းမှောင်နေခဲ့ပြီး သူ့မျက်ဝန်းများက တိကျပြတ်သားနေခဲ့တယ်။

အစောင့်တွေသခင်လေးချင်ရာအတွက် လက်ဆောင် ယူလာပေးလိုက်

ထို့နောက် အစောင့်နှစ်ယောက်က ဧရာမ အနီရောင် ပုံး တစ္ခုကို ယူဆောင်လာခဲ့တယ်။ ထိပ်မှာ အနီရောင် ပန်းပွင်များ တြဲကာ ချည်နှောင်ထားတယ်။ အားလုံးက အထဲမွာ ဘာရွိလဲ သိချင်မိတယ်။

ဖွင့်လိုက်

အမတ်ချုပ်လျိုကလက်ကို ဝှေ့ကာ အမိန့်ပေးလိုက်တယ်။

ဟုတ်ကဲ့ပါ အမတ်မင်း

အစောင့်နှစ်ယောက်က ပုံးကို အောက်သို့ ချထားလိုက်ပြီး အမိန့်အတိုင်း ဖွင့်လိုက်တယ်။

ပုံးထဲက လက်ဆောင်ကို မြင်ရတော့ ယွမ်လော့ တစ်ယောက်တည်း မဟုတ္ဘူး ခန်းမဆောင်ထဲမှာ ရှိနေတဲ့ ဧည့်သည်တော် အားလုံး မှင်တက် နေရတယ်။

ဧရာမ ပုံးကြီးထဲမှာ ၁၇နှစ်  ၁၈အရွယ် ကောင်မလေး တစ်ယောက် ရှိနေခဲ့ပြီး သူမကို အနီရောင် ကြိုးများဖြင့် ချည်ထားကာ ပါးစပ္ကို အနီရောင် ပိတ္စမ်ား ပိတ်ဆို့ထားတယ်။ သူမက မျက်ရည်များနဲ့ သနားစဖွယ် ပုံစံရှိတယ်။ သူမရဲ့မျက်ဝန်းမှာ ကြောက်လန့်မှုများ ပြည့်နှက်နေခဲ့တယ်။

နင်ရှင်းရဲ့လက်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ရင်း ယွမ်ချင်ရာလည်း အမတ်ချုပ်ဘက် လှည့်ကာ လူသတ်ချင်စိတ် ပြင်းထန်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

ဒါပေါ့ေဒေါသအထွက်ဆုံးသူက နင်အကြီးအကဲပါ။

လူယုတ်မာကောင်က သူ့မြေးလေးရဲ့ စေ့စပ်တဲ့ နေ့မှာ သူ့မြေးသားမက်အတွက် မိန်းကလေးတစ်ယောက် ပို့ပေးတယ်လား။

သူ့မြေးလေးကိုနာကျင်ခံစားခွင့်မပြုနိုင်ဘူး။ဒါပေမဲ့လည်း ယြမ္မိသားစုက ဒီပြဿနာကို ဖြေရှင်းမယ်ဆိုတာ နင်အကြီးအကဲ သိနေတယ်။ ဒါကြောင့်သူလည်း သရော်လိုက်ပြီး ဘာဆိုဘာမွ ဝင်မစွက်ဖက်တော့ဘူး။

Chapter-690

End

အပိုင်း(၆၉၁)

မွေးနေ့ ဧည့်ခံပွဲ (၈)

"ဒါက ငါ့သားအတွက် လက်ဆောင်လား"

ယွမ်လော့လည်း သရော်ကာ အမတ်ချုပ်လျို

ကို ခက္ထန္စြာ ကြည့်လိုက်တယ်။

အမတ်ချုပ်လျိုလည်း အံ့ကြိတ်ကာ ဂါရဝပြုလိုက်တယ်။

"စစ်သူကြီးယွမ် သူမက မင်းသမီးလျန်ရှင်းပါ...သူမမွာ ထူးခြားတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံရှိတယ်...ဒါကြောင့် ဘုရင်မင်းမြတ်က သခင်လေးချင်ရာကို ကိုယ်လုပ်တော် အဖြစ် ပေးရတာပါ...သူမက သခင်လေးအတွက် အကူအညီ ဖြစ်မှာပါ"

ကိုယ်လုပ်တော်ဆိုတဲ့ စကားကို ပြောရတာ သူ့အတွက်တော့ အင်တင်တင် ဖြစ်မိပါတယ်။

နင်ရှင်းက ယွမ်ချင်ရာနဲ့ စေ့စပ်ကြောင်းလမ်းပြီးပြီဆိုတော့ မင်းသမီးမှာ တရားဝင် ဇနီးဖြစ်ဖို့ အခွင့်မရှိတော့ဘူး။ ဒါကြောင့်လည်း ကိုယ်လုပ်တော်လို့ ပြောရတာပေါ့။

ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ တော်ဝင်မိသားစုနဲ့ ယြမ္မိသားစု ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ပဲ လိုအပ်တယ်။ တရားဝင်ဇနီးဖြစ်ဖြစ် ကိုယ်လုပ်တော်ဖြစ်ဖြစ် မင်းသမီးအတွက် ကိစ္စမရှိဘူး။ဒီပြင် မင်းသမီးလျန်ရှင်းကို သူ ယုံကြည်ထားတယ်။

လျန်ရှင်းရဲ့ ထူးကဲတဲ့ တည်ဆောက်မှုနဲ့ဆိုရင် ယွမ်ချင်ရာက သူမကို ကောင်းမွန်စွာ ဆက္ဆံမွာပါ။ ဘယ်တော့မှ သူမကို စွန့်လွှတ်မှာ မဟုတ္ဘူး။ နင်ရှင်းနဲ့ ကွာရှင်းပြီး မင်းသမီး လျန်ရှင်းကို တရားဝင်ဇနီး ဂုဏ်ဒြပ်ပေးနိုင်ပါသေးတယ်။

ယွမ်လော့ရဲ့မျက်နှာက ပိုမိုကာ သုန်မှုန်လာရတယ်။

သူလည်း သရော်လိုက်တယ်။

"အမတ်ချုပ်လိျု မင်း ငါတို့မိသားစုရဲ့ စည်းမျဉ်းကို မေ့နေသလား...ငါတို့က တစ်လင်တစ်မယား စနစ္ကို လိုက်နာတယ်...ဘယ်ယောကျ်ားသားမှ ကိုယ်လုပ်တော် မယူခဲ့ဘူး မင်း စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်"

ယွမ်လော့ရဲ့အမြင်မှာတော့ ကိုယ်လုပ်တော်ယူခြင်းက မိသားစုရဲ့ လိုက်လျောညီထွေ ဖြစ်မှုကို ဖ်က္ဆီးသလိုပဲ။ ယောကျ်ားတစ်ယောက်က အောင်မြငိဖို့ဆိုရင် သူ့မိသားစုမှာ ငြိမ်းချမ်းမှု ရှိရမယ်။

မိသားစု ငြိမ်းချမ်းမှုရှိတာ သေချာဖို့ သခင်မတစ်ယောက်တည်း ရှိရမယ်။ ယွမ်ချင်ရာရဲ့ အမေနဲ့ ဆုံတွေ့ပြီးတည်းက သူ့နှလုံးသားထဲမှာ တျခား အမျိုးသမီးဆိုတာ မရှိတော့ဘူး။ သူ့ဇနီးသေဆုံးသွားခဲ့လည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် နောက်ထပ် ဒုတိယမြောက် ဇနီးကို လက်ထပ်ခြင်း မရှိခဲ့ဘူး။

ယွမ်လော့ဖုန်းရဲ့မိဘတွေလည်း သူနဲ့ အတွေးတူခဲ့တယ်။ သူမရဲ့ဖခင်က သူချစ်တဲ့မိန်းကလေးကို မတွေ့သရွေ့ လက်မထပ်ခဲ့ဘူး။ ဒါပေမဲ့ သူချစ်တဲ့လူကို တွေ့တော့ သူ့ဘဝမှာ ထိုမိန်းကလေး တစ်ယောက်တည်းကိုပဲ လက်ထပ်ခဲ့တယ်။

နင်ရှင်းကို နာကျင်စေဖို့ မပြောနဲ့ ယွမ်ချင်ရာကို ကိုယ်လုပ်တော်ယူဖို့ ခွင့်မပြုနိုင်ဘူး။

အမတ်ချုပ်လျိုရဲ့မျက်နှာက မည်းမှောင်နေခဲ့တယ်။ သူ့စိတ် ပိုင်းဖြတ်ထားတဲ့အတိုင်း ပြောလိုက်တယ်။

"စစ်သူကြီးယွမ်မင်းသမီးလျန်ရှင်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံရှိတယ်...ဒါကြောင့် သခင်လေး ယွမ်ချင်ရာသာ သူမနဲ့ ချစ်ရင် သူ့စိတ်စွမ်းအား တိုးတက်လာနိုင်တယ် စစ်သူကြီးတို့ ကောင်းစားဖို့ အတွက် ကျုပ်က ကူညီရတာပါ"

ယွမ်လော့လည်း မေးငေါ့ကာ အထက်စီးဆန်ဆန် ပြောလိုက်တယ်။

"မင်းမှာ ရွေးချယ်စရာ တစ်ခုပဲရှိတယ်မင်း အခုချက်ချင်း ထွက်သွားလိုက်တော့"

သူ့ကို မောင်းထုတ်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလူကြီးက တကယ်ပဲ အစွမ်းထက်သူ မဖြစ်ချင်တာလား။

"စစ်သူကြီးယွမ်.သခင်လေးချင်ရာရဲ့ အမြင်ကို မေးသင့်တယ် ထင်တယ်"

လက်မလွှတ်ချင်တဲ့ အမတ်ချုပ်လိျုက အံ့ကြိတ်ကာ မေးလိုက်တယ်။

"ခင်ဗျား...ယွမ်ချင်ရာရဲ့ အောင်မြင်နိုင်တဲ့ အခွင့်အရေးကို ဖျက်ဆီးလိုက်ရင် သူ...ခင်ဗျားကို မုန်းနေဦးမယ်"

သူ့စကားကို ဒေါသထွက်လွန်းတာကြောင့် ဟားတိုက်ရယ်မောလိုက်တယ်။ဘာကြောင့်များ မှူးမတ်အားလုံး အရှက်မရှိရလဲ။သူ့ကို ထွက်သွားဖို့ ပြောတာကို မျက်နှာပြောင်တိုက် ရပ်နေတုန်းပဲ။

ဒါကြောင့် ယွမ်လော့လည်း ယွမ်ချင်ရာဘက်လှည့်ကာ သရော်လိုက်တယ်။

"ချင်ရာ မင်းရဲ့ သေဘာထားက ဘယ္လိုလဲ"

နောက်ဆုံးတော့ အမတ်ချုပ်လိျု စိတ္သက္သာရာ ရပါပြီ။ယွမ်ချင်ရာက သွေးဆူလွယ်တဲ့ လူငယ်တစ်ယောက်ပဲ မိ်န်းကလေးတစ်ယောက်ရဲ့ အလွအပကို ခံနိုင်ရည် ရှိပါ့မလား။ နောက်ပြီး မင်းသမီးလျန်ရှင်းက သူ့ခွန်အား တိုးတက်အောင် စွမ်းဆောင်နိုင်တယ်။ သူဆိုရင် ချက်ချင်းကို လက်ခံလိုက်မှာ...။

"အေဖ...ဒီလူတွေနဲ့ အချိန်မဖြုန်းနဲ့"

ယွမ်ချင်ရာလည်း သူ့ကိုကြည့်ကာ အဖက်မတန်ဟန် ပြောလိုက်တယ်။

"မောင်းထုတ်လိုက်တော့"

အမတ်ချုပ်မှာ ကြောင်တောင်တောင် ဖြစ်သွားရတယ်။

သူ ဘာပြောလိုက်တယ် သူ့ကို မောင်းထုတ်လိုက်တယ်...ဟုတ္လား။

Chapter-691

End

အပိုင်း(၆၉၂)

မွေးနေ့ ဧည့်ခံပွဲ (၉)

ဘာတွေများ စောင့်နေလဲ

ယွမ်လော့လည်း ခန်းမဆောင်ထဲမှ အစောင့်များကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး သွေးအေးစွာ အမိန့်ပေးလိုက်တယ်။

ငါ့မွေးနေ့ ဧည့်ခံပွဲကို ဖ်က္ဆီးတဲ့ လူယုတ်မာကောင်ကို အခုချက်ချင်း မောင်းထုတ်လိုက်တော့ အခုကစပြီး တော်ဝင်မိသားစုတွေ ယွမ်အိမ်တော်ကို ခြေချခွင့် မရှိတော့ဘူး ဒီပြင် တော်ဝင်မိသားစုနဲ့ ပတ်သက် ဆက်နွှယ်သူတိုင်းကို ယြမ္မိသားစုက ရိုက်နှက်မောင်းထုတ်မယ်

ကြောက်လန့်တုန်လှုပ်မှုများက အမတ်ချုပ်ရဲ့ မျက်နှာမှာ အထင်းသား မြင်နေရတယ်။ ဒီတစ်ခေါက်တော့ သူ့ဘဝ အဆုံးသတ်သွားပြီ ပြန်လမ်းကို မရှိတော့ဘူး။

ဒါကိုလည်း လွှင့်ပစ်လိုက်

ယွမ်ချင်ရာက မျက်မှောင်ကြုတ်ကာ သွေးအေးအေး အမိန့်ပေးလိုက်တယ်။

ခဏလေးနေပါဦး

အစောင့်တွေ ရှေ့ကို တက်လာတော့ နင်ရှင်းရဲ့ အသံ ပဲ့တင်လာပြီး သူတို့ကို တားဆီးလိုက်တယ်။

ရှင်းအာ မြေး ဘာလုပ်မလို့လဲ

နင်အကြီအကဲလည်း မှင်တက်သွားပြီး သူ့မြေးမလေးကို တအံ့တသြ ကြည့်လိုက်တယ်။

နင်အကြီးအကဲ မေးတာကို ပြန်မဖြေဘဲ နင်ရှင်း ပြုံးရုံသာ ပြုံးနေလိုက်တယ်။ ယွမ်ချင်ရာရဲ့လက်ကို တွန်းဖယ်ကာ ချိုသာစွာ ပြောလိုက်တယ်။

အစ်ကိုယွမ် ကျွန်မကို ခဏလောက် စောင့်ဆိုင်းပေးပါ

ကောင်းပါပြီ

ယွမ်ချင်ရာလည်း ခေါင်းညိတ်လိုက်တယ်။ သူ့မျက်ဝန်းများကတော့ နင်ရှင်းကို မသွေမတိမ်း ကြည့်နေခဲ့တယ်။

သိမ်မွေ့စွာ ပြုံးရင်း နင်ရှင်းလည်း အမတ်ချုပ်လျို

အနား ချဉ်းကပ်လိုက်တယ်။သူမရဲ့ သွင်ပြင်လေးက ကျက်သရေရှိပြီး တင့်တယ်လွန်းပါတယ်။

မင်း ဘာလိုချင်လို့လဲ

နင်ရှင်း သူ့အနား ချဉ်းကပ်လာတာမြင်တော့ အမတ်ချုပ်လည်း ခပ်ပြတ်ပြတ် မေးလိုက်တယ်။

နင်ရှင်းလည်း သူ့ရှေ့မှာ ရပ်တန့်လိုက်ပြီး ချိုသာစွာ ပြုံးလိုက်တယ်။

ကျွန်မကို ဘယ်နေရာက လာမှန်းမသိတဲ့ ပြည်သူလို့ ထင်နေလား

မှန်ပါတယ် သူ ဒီလိုပဲ ယူဆခဲ့ပါတယ်။

သူ့အတွေ့အကြုံအရ သူက ဆေးစံအိမ်တောနဲ့ ဝိညာဉ် မျိုးနွယ်စုကိုပဲ သိပါတယ်။ နင်မိသားစုဆိုတာ သူ တစ်ခါမှ မကြားဖူးပါဘူး။ နင်မိသားစုရဲ့ အင်အားအမှန်ကို သိခဲ့ရင် သူ့ဘက်က ဒီလို မပြုမူပါဘူး။ဒါပေမဲ့ သူ့အပြုအမူက သူမကို အထင်သေးကြောင်း ပြသနေပါတယ်။

သိမ်မွေ့သော အပြုံးလေးနဲ့ နင်ရှင်းလည်း ချိုသာစွာ ပြုံးလိုက်တယ်။

ကျွန်မကို သာမန် အရပ်သူလို့ ထင်နေလို့ ကျွန်မကို အလြယ္တကူ ချိူးနှိမ့်လို့ ရတယ် မှတ်ယူနေသလား

ဒီကနေ့ သူမရဲ့ အင်အား အစစ်အမှန်ကို မပြသခဲ့ရင် နောင်အနာဂတ်မှာ သူမနဲ့ ယွမ်ချင်ရာ ကို နှောင့်ယှက်မယ် မိန်းကလေး အများကြီး ရှိလာနိုင်တယ်။ ဒါကြောင့် တခြားသူတွေကို သတိပေးတဲ့ အနေနဲ့ အမတ်ချုပ်လျှိုကို ဒီနေ့ ပြစ်ဒဏ်ပေးရမယ်။

ဟား

အမတ်ချူပ်လည်း သရော်လိုက်တယ်။

ငါက အလယ်အလတ်အဆင့် ကျင့်ကြံသူ သိပ်မကြာခင်မှာ အမြင့်စား ကျင့်ကြံသူ ဖြစ်တော့မယ် ငါ့ကို အလွယ်လေး အနိုင်တိုက်နိုင်တယ်လို့ ပြောရဲသေးတယ်

သူလည်း အထင်မြင်သေးတဲ့ အပြုံးလေးကို ပြသလိုက်တယ်။

ရှင် မယုံကြည်ဘူးဆိုရင် စမ်းသပ်ကြည့်လိုက်လေ

နင်ရှင်းလည်း ပြုံးလိုက်တယ်။

သူမလည်း ပြောပြီးတာနဲ့ သူမရဲ့ အစွမ်းကို ဖွင့်ဟလိုက်တယ်။

ခဏလေးအတွင်းမှာ အမတ်ချုပ်လျိုရဲ့အရိုးကျိုးသံကို ကြားလိုက်ရတယ်။ ယွမ်အိမ်တော်တစ်ခုလုံး စူးစူးဝါးဝါး အော်သံ ပဲ့တင် ထပ်လာခဲ့တယ်။ အမတ်ချုပ်မှာ နာကျင်လွန်းလို့ တုန်တုန်ရီရီ ဖြစ်လာရတယ်။

ဖြစ်နိုင်ပါ့မလား။

ယြမိမိသားစုကို မှီခိုနေတဲ့ အရပ်သူ မိန်းကလေးမှာ ဒီလို အစွမ်းမျိုး ရွိပါ့မလား။

နင်အကြီးအကဲက ယွမ်လော့ဖုန်းကို မွေးစားမြေးလို့ ခေါ်တာ ယွမ်ချင်ရာနဲ့ နင်ရှင်းတို့ ကြောင့်လို့ ထင်ခဲ့မိတယ်။

နင်အကြီးအကဲကို အာဏာရှိသူလို့ မထင်ခဲ့မိဘူး။

ဒါပေမဲ့ အခုတော့ သူ ခန့်မှန်းတာ မှားသွားမှန်း သိလိုက်ရပြီ။ နင်အကြီးအကဲသာ အာဏာ မရှိရင် ယွမ်လော့ဖုန်းရဲ့ မွေးစားဘိုးဘိုး ဖြစ်နိုင်ပါ့မလား ပြီးတော့ သူ့မြေးကလည်း ဒီလောက်အထိ စိတ်စွမ်းအား မရှိလောက်ဘူး။

Chapter-692

End

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၈)
ဘာသာပြန်ဆိုသူ သကြားလုံးလေး
693+694+695+696+697

စာစဉ်၂၈ ပြီးပါပြီ

အပိုင်း(၆၉၃)

မွေးနေ့ ဧည့်ခံပွဲ (၁၀)

သူမက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူ

ခန်းမဆောင်ထဲမှ တစ်စုံတစ်ယောက်က တအံ့တသြ အော်လိုက်တယ်။

ဒီကောင်မလေးက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူလားဟုတ်တယ် သူမနဲ့ အစွမ်းအဆ တူတဲ့ ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူနဲ့ တွေ့ခဲ့ဖူးတယ်

နဂိုတည်းက မျက်နှာဖြူဆုပ်နေတဲ့ အမတ်ချုပ်လျိုမှာ ဒီစကားကို ကြားတော့ ပိုစိတ်ပျက် ကြေကွဲရတယ်။

နင်ရှင်းလည်း မျက်ခုံးပင့်ကာ ခပ္မာမာ ပြောလိုက်တယ်။

ဒီနေ့က အဘိုးယွမ်ရဲ့ မွေးနေ့ နေ့ကောင်းနေ့မြတ်မှာ သွေးမစွန်းချင်ဘူး အစ္ကို ယြမ္ကို နောက်တစ်ခါ ပြဿနာရှာရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့ အခုချက်ချင်း ဒီနေရာက ထွက်သွားလိုက်တော့

ဒီတစ်ခေါက်တော့ အမတ်ချုပ်လျိုလည်းဘာဆိုဘာမှ မတွေးတော့ဘဲ ချက်ချင်း ကျောခိုင်းထွက်သွားလိုက်တယ်။ မင်းသမီးလျန်ရှင်းကို လုံးဝ မေ့လျော့သွားပြီး သူ့အသက်ချမ်းသာဖို့ ပြေးသွားတော့တယ်။

အမတ်ချုပ်လျိုထွက်သွားတော့ နင်ရှင်းလည်း မင်းသမီးလျန်ရှင်းကို လှည့်ကြည့်လိုက်တယ်။ မင်းသမီးက တကယ့်ကို လှပမှန်း သူမ ဝန်ခံပါတယ်။ အထူးသဖြင့် အခုအချိန်မှာ အရမ်းကို လှပတယ်။ မျက်ရည်ဝိုင်းနေတဲ့ သူမရဲ့ ပုံစံက သနားဖို့ကောင်းသလို ချစ်ဖို့လည်း ကောင်းပါတယ်။

နင်ရှင်းက သူမအနားကို လျှောက်လာတာမြင်တော့ မင်းသမီးလျန်ရှင်းလည်း ခေါင်းကို ခပ်ကြမ်းကြမ်းခါကာ တစ်စုံတစ်ရာကို ပြောဖို့ ကြိုးစားတယ်။ဒါပေမဲ့လည်း သူမရဲ့ ပါးစပ္ကို ဆို့ထားတာကြောင့် သူမမွာ ဘာဆိုဘာမွ မပြောနိုင်ဘူး။

နင်ရှင်းလည်း သူမရဲ့ဓားရှည်ကို ဆွဲထုတ်လိုက်တယ်။

ချွမ်

မင်းသမီးလျန်ရှင်း ခန္ဓာကိုယ်ပေါ်မှာ တုပ်နှောင်ထားတဲ့ ကြိုးများကို ဓားနဲ့ဖြတ်လိုက်တယ်...။

နင့် အကြံကြောင့် ဒီကိုရောက်လာတာ မဟုတ်မှန်း ငါ သိပါတယ် ဒါကြောင့် ငါ နင့်ကို အပြစ်မတင်ဘူး အခု ဒီနေရာက နင် ထွက်သွားနိုင်တယ်

နင်ရှင်းလည်း မင်းသမီးလျန်ရှင်းရဲ့ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ ဆက်ပြောလိုက်တယ်။

ဒါပေမဲ့ တော်ဝင်မိသားစုက အသည်းနှလုံး မရှိတာတော့ နင့်ကို သတိပေးချင်တယ် ရက်စက်ယုတ်မာတတ်တဲ့ လူတွေ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ နင့်ကို ကြိုးနဲ့ ချည်နှောင်ပြီး တျခားသူ လက်ထဲ လက်ဆောင်ပေးဖို့ ဝန္မေလးဘူး

မင်းသမီးလျန်ရှင်းမှာ တုန်တုန်ရီရီ ဖြစ်နေပါပြီး သူမရဲ့ ဦးခေါင်းကို ငုံ့ထားတယ်။ သူ့တော်ဝင် အစ်ကိုတော်က သူမအပေါ် အမြဲ ကြင်နာခဲ့ပါတယ် ဘာကြောင့် ဒီတစ်ခေါက် သူ့ကို ရက်ရက်စက်စက် ပြုမူရလဲ။သူမဘက်က ယွမ်ချင်ရာကို လက်ထပ်ဖို့ သဘောမတူတာကြောင့် သူမကို ကြိုးတုပ်ပြီး သေတ္တာထဲ ထည့်တယ်။ အများရှေ့မှာ တျခားသူကို လက်ဆောင်ပေးတယ်။

သူက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘူးလား။

နင် ဒီနေရာက ထြက္သြားလိုက္တာ အကောင်းဆုံးပဲ ပြန်မလာနဲ့တော့

နင်ရှင်းလည်း မင်းသမီး လျန်ရှင်းကို ကြည့်လိုက်တယ်။

တော်ဝင်မိသားစုကို မကြောက်နဲ့ သူတို့တွေ နင့်နောက် မလိုက်ရဲဘူး

လျန်ရှင်းရဲ့ မျက်လုံးလေး ကလည်လည် ဖြစ်သွားတယ်။ သူမဘက္က ကပ်တွယ်နေရင် နောက်တစ်ခေါက်လည်း ဒီလို ပြဿနာ ဖြစ်လာမှာလေ။ဒါဆို ဘာကြောင့်များ သူမက ဒီလိုနေရာမှာ နေမလဲ။ သူမက သာမန် တောသူမလေး ဘဝကိုပဲ ရွေးချယ်တော့မယ်။

ကျေးဇူးတင်ပါတယ်

လျန်ရှင်းလည်း ကျေးဇူးတင်စကားပြောကာ နင်ရှင်းကို ကြည့်လိုက်တယ်။ ထို့နောက် မှောင်မည်းသော ညအလယ်မှာ ပျောက်ကွယ်သွားခဲ့တယ်။

နင်ရှင်းလည်း သူမရဲ့နှုတ်ခမ်းကို ကိုက္ကာ ထြက္ခြာသြားတဲ့ သူမရဲ့ ပုံရိပ္ကို ငေးကြည့်နေလိုက်တယ်။ ခဏကြာတော့ သူမရဲ့ အကြည့်ကို ရုပ်သိမ်းကာ သူမကို စိုးရိမ်တကြီး ကြည့်နေတဲ့ ယွမ်ချင်ရာဘက် လှည့်ကြည့်လိုက်တယ်။

ကျွန်မလည်း ဒီကိစ္စမှာ ဝင်မစွက်ဖက်ချင်ပါဘူးဒါပေမဲ့ မင်းသမီးလျန်ရှင်းက ကျွန်မရဲ့ အတိတ်အကြောင်းကို သတိပေးနေသလိုပဲ

ယွမ်လော့ဖုန်း အချိန်မီ ရောက်လာလို့သာ မဟုတ်ရင် သူမရဲ့ ဘဝ ကံကြမ္မာနဲ့ လျန်ရှင်းနဲ့ အတူတူ ဖြစ်မှာလေ။ဒါကြောင့်သူမက လျန်ရှင်းကို သနားစိတ်ဝင်မိပြီး  ကူညီပေးချင်တာပေါ့။

ယွမ်ချင်ရာလည်း အပြုံးနဲ့ မျက်နှာကို မော့လိုက်တယ်။

သူမကို ကာကွယ်ပေးဖို့ သက်တော်စောင့်တွေကို ပြောလိုက်မယ်

နင်ရှင်းက ကူညီပေးချင်ရင် သူလည်း ကူညီပေးဖို့ ဝန္မေလးပါဘူး။ ဒီပြင် မင်းသမီးလျန်ရှင်းက  ဆန္ဒအလျောက် လာခဲ့တာ မဟုတ်တော့လဲ။

အစ္ကို ကျေးဇူး

သူ့ရဲ့ ခံ့ညား တင့်တယ်သော အပြုံးကို ငေးကြည့်ရင်း နင်ရှင်းမှာ နှလုံးခုန်ဖို့တောင် မေ့လျော့နေရတယ်။ သူမရဲ့မျက်ဝန်းများက တောက်ပ ရွှန်းလဲ့နေခဲ့တယ်။

ရှင်းအာ..

ယွမ်လော့လည်း အပြုံးနဲ့ ပြောလိုက်တယ်။

အခု မိသားစု ဖြစ်နေပြီလေ ဘာကြောင့်များ ကျေးဇူးတင်စကား ပြောနေလဲ သမီးလေးကို အလိုလိုက်ရမှာ သူ့တာဝန်ပဲ

ဒီစကားကို ပြောရင်း ယွမ်လော့လည်း ယွမ်ချင်ရာကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

Chapter-693

End

အပိုင်း(၆၉၄)

ယွမ်လော့ဖုန်းလည်း သူမရဲ့နှာခေါင်းကို ပွတ်လိုက်တယ်။ အဘိုးက သူမနဲ့ ယွမ်ရှောင်ကို ခွဲခြားခွဲခြား ဆက်ဆံတယ်လို့ထင်ခဲ့တာ အခု နင်ရှင်းနဲ့ ယွမ်ချင်ရာရဲ့ ကိစ္စမှာလဲ နင်ရှင်းဘက်က လုံးလုံးလ်ားလ်ား ရပ်တည်ခဲ့တယ်။

ဒါကြောင့် ယွမ်လော့ဖုန်းရဲ့နှလုံးသားမှာ ပိုမို စိတ္သက္သာရာ ရတယ်။

အဘိုး...မွေးနေ့ ဧည့်ခံပွဲကို ဆက်ကျင်းပတာပေါ့ တစ်ခြားသူတွေကြောင့် ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို မဖျက်ဆီးချင်ဘူး

ယွမ်လော့ဖုန်းလည်း သူမရဲ့နှုတ်ခမ်းထောင့်ကို ပင့်ကာ ပြောလိုက်တယ်။

ဟုတ်ပြီ

အဘိုးအိုလည်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်တယ်။

အားလုံး ကိုယ့်ထိုင်ခုံမှာ ကိုယ်ထိုင်ပါ

ဧည့်သည်တော်အားလုံး တစ်ယောက်ပြီးတစ်ယောက် ထိုင်ခုံမှာ နေရာယူလိုက်သော်လည်း တစ်ချို့သော ကိစ္စအတွက် ဝိဝါဒ ကွဲလွဲနေတုန်းပါ။

လူတစ်ယောက်က သူ့ထိုင်ခုံမှ ထကာ အပြုံးလေးနဲ့ ပြောလာတယ်။

စစ်သူကြီးယွမ် ယွမ်သခင်မလေးနဲ့ သက်တော်စောင့်က အရမ်းကို ရင်းနှီးတယ်လို့ ကြားတယ် သူမေလးက  သူ့ကို လက်ထပ်မှာလားလို့ သိပါရေစ

စစ်သူကြီးမှာ ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး ဒါပေမဲ့ နောက်ဆုံးတော့ အမွန္တရားကို ပြောလာခဲ့ပါတယ်။

လက်မထပ်ဘူး

လုံယွမ်တိုင်းပြည်မှ လူတိုင်းက ယွမ်ရှောင်ကို ယွမ်အိမ်တော်ရဲ့ သားမက်အဖြစ် လူသိများပါတယ်။ဒါပေမဲ့ သူတို့နှစ်ဦးက ကလေးတစ်ယာက်ရှိတာတောင် လက်မထပ်သေးဘူး။ ယြမ္မိသားစုက ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ကို အတူမရှိစေချင်မှန်း သိသာလွန်းပါတယ်။

ထိုလူရဲ့မျက်ဝန်းများက တောက်ပနေခဲ့ပြီး သူ့မျက်နှာက ပြုံးကာ ဆက်ပြောလာခဲ့တယ်။

ယွမ်စစ်သူကြီး ယွမ်သခင်မလေးက လက်မထပ် ရသေးတော့ ကျုပ်သားကို အစားထိုး လက်ထပ်ဖို့ တောင်းဆိုပါရစေယွမ်စစ်သူကြီးရဲ့ အတွေးလေးကို ပြောပေးပါ

အေဖ

ဘေးနားမှာ ရပ်နေတဲ့ လူငယ်လေးမှာ သူ့အဖေရဲ့ စကားကို ကြားလိုက် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသလိုပဲ။

ယွမ်လော့ဖုန်းက တကယ်လည်း အသက်ရှူမှားလောက်အောင် ချောမောလှပပါတယ်။ ကံဆိုးစွာနဲ့ သူမက တျခား ယောကျ်ားတစ်ယောက်နဲ့ ကလေးယူထားတယ်။ သူ့အဖေက သူ့ကို လှည်းကျိုးထမ်းတဲ့ နွားဖြစ်စေချင်နေလား။

ပါးစပ် ပိတ်ထားစမ်း

ဆွေကြီးမျိုးကြီးက သူ့ဘေးနားက လူငယ်လေးကို စိန်းစိန်းဝါးဝါး ကြည့်ကာ ခက္ထန္စြာ ပြောလိုက်တယ်။

ဒီကိစ္စကို ငါ ကိုယ်တိုင် ဆုံးဖြတ်မယ်မင်းမှာ ဝင်ရောက်ပြောဆိုခွင့် မရွိဘူး

တျခားသူ အားလုံးရဲ့ အမြင်မှာ ယွမ်လော့ဖုန်းရဲ့ ခန္ဓာကိုယ်က မသန့်ရှင်းတော့ဘူး ကလေးတစ်ယောက်လည်း မွေးထားပြီးပြီ ဒါပေမဲ့ ဒီကုန်းမြေစုမှာ သန္မာသူကို လေးစားတယ်။ မင်းသာ တခြားသူထက် သာလွန်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားရင် မင်းဘာပဲလုပ်ခဲ့ လုပ်ခဲ့ မင်းက ခွင့်လွှတ်ပေးဖို့ ထိုက်တန်တယ်။

ဒါက အမွန္တရားပဲ။

လူငယ်လေးက ပြန်ထိုင်လိုက်သော်လည်း သူ့မျက်နှာကတော့ အလွန်အမင်း ဒေါကန်နေမှန်း ထင်ရှားစေတယ်။ ဖြူစင်မှုကို ဆုံးရှုံးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ လက်မထပ်ချင်ဘူး။

ထိုလူက အရင်ဦးဆုံး လက်ထပ်ထိပ်မြားခြင်းကို စကားစလိုက်တော့ တခြားသော ဧည့်သည်တော်များလည်း မတ်တတ် ထရပ္ကာ သူတို့ သားအရင်းကို ရောင်းစားဖို့ ကြိုးပမ်းတယ်။

စစ်သူကြီးယွမ် ငါ့သားလည်း သင့်လျော်မယ် ထင်တယ် စစ်သူကြီး ဆန္ဒရှိရင် သူ့က ယွမ်မိသားစုရဲ့ သားမက် ဖြစ်လာစေမယ်

မင်းရဲ့သားက သင့်လျော်တယ်လား သုံးစားမရတဲ့ လူပေါ်လူကျော့ ဖြစ်ရုံပါပဲ ယွမ်မိန်းကလေးနဲ့ ထိုက်တန်ပါ့မလား ငါ့မြေးက ပိုထူးချွန်တယ်လို့ ထင်တယ်

ဒီလူစု ငြင်းခုံနေတာကို မြင်တော့ ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများက သုန်မှုန်နေရတယ်။ သူမရဲ့နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်တယ်။

ချင်ဖန် မျိုးနွယ်စုရဲ့သခင်လေးက အပျော်စံအိမ်မှာ လတ္လ်ားလတ္လ်ား အချိန်ဖြုန်းနေတယ်လို့ သတင်းထွက်နေတာ. သူ့မောင်းမဆောင်မှာလည်း ကိုယ်လုပ်တော် အများကြီးရှိတယ်. ကျန်းသခင်လေးနဲ့ ရုန်သခင်လေးမှာလည်း မိန်းမအများကြီးရှိတာပဲ အေစခံ နဲ့ ကိုယ်လုပ်တော်တွေ အများကြီးကိုများ လူကျန်သေးရဲ့လား သူတို့က ငါနဲ့ ထိုက္တန္တယ္မ်ား ထင်နေလား

ယွမ်လော့ဖုန်းရဲ့စကားကို ကြားတော့ ဧည့်သည်ဆောင် တစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့တယ်။

အစက စကားအချေအတင် ပြောနေတဲ့ လူတစ်ချို့တောင် ရှိုးတိုးရှန်တန့် ပြောခဲ့တယ်။

အမ် သူတို့ အားလုံးက ယောကျ်ားတွေလေ အေစခံ မိန်းမပျိုနဲ့ ကိုယ်လုပ်တော် ရွိတာ မထူးဆန်းဘူးလေ

ယွမ်လော့ဖုန်းရဲ့ အေးစက်သော အကြည့်များက  ပြောနေတဲ့ ယောကျ်ားဘက် ကျရောက်လာခဲ့တယ်။

ကျွန်မရဲ့ ဘိုးဘိုး စောနက ပြောခဲ့တာကို နားလည်မယ်လို့ ယုံကြည်ပါရဲ့ ယြမ္မိသားစုက သူတို့တစ်ဘဝလုံးမှာ မိန်းကလေးတစ်ယောက်တည်းကို သစ္စာရှိရှိ ချစ်မယ့် သားမက္ကို အလိုရွိတာ.တခြားသောသူကို တိမ်ညွတ်ခွင့် မရွိဘူးဒီအခ်က္ကို အခြေခံလိုက်ရင်တော့ ရှင်တို့မိသားစုရဲ့ မျိုးဆက်သစ်တွေက ကျွန်မနဲ့ မထိုက္တန္ဘူး

မိန်းမပျိုလေးရဲ့စကားများက မာနဝင့်ကြွားကာ အထက်စီးဆန်ပါတယ်။ တျခားသူမ်ားကို အာရုံထဲ မထားမှန်း ထင်ရှားတယ်။

ယွမ်သခင်မလေး  ကျုပ်သားရဲ့ ကြင်ရာတော် အိပ်ဆောင်တွေကို ဖယ်ရှားပစ်နိုင်ပါတယ် ဒါကြောင့် ငါတို့ကို အခွင့်အရေးပေးပါ

ရုန်မိသားစုရဲ့ ခေါင်းဆောင်က ဒီအခွင့်အရေးကို စွန့်လွှတ်ချင်တဲ့ ဆန္ဒမရှိဘူး။ အလောတကြီးနဲ့ ကတိပြုနေတယ်။

ယွမ်သခင်လေး  စိတ်ပျက်စေမယ့် ကိစ္စမျိုး မလုပ်ဘူးလို့ အာမခံ ပါတယ်

Chapter-694

End

အပိုင်း(၆၉၅)

ယွမ်လော့ဖုန်းလည်း သူမရဲ့နှုတ်ခမ်းကို အသာလေး ပင့်တင်လိုက်ပြီ

အတိတ်မှာဖြစ်ဖြစ် အနာဂတ်မှာ ဖြစ်ဖြစ် ကျွန်မရဲ့လူမှာ မိန်းမ တစ်ယောက်တည်းပဲ ရှိရမယ် သန့်သန့်ရှင်းရှင်း ရိုးရိုးသားသား မနေထိုင်နိုင်ရင်. သူ့မှာ စိတ်ရင်းအမှန် ရွိပါဦးမလား။

ထိုလူများရဲ့မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားခဲ့တယ်။ တစ်ချို့သောလူများက ဝေဖန် ပြောဆိုချင်ပါရဲ့ မင်းမှာလည်း သားတစ်ယောက် ရှိပြီးသားလို့ ဝေဖန် ပြောဆိုချင်သော်လည်း သူတို့မှာ အခွင့်အရေး မရွိပါဘူး။ ဘယ္သူမွ ဒီစကားကို ကျယ်ကျယ် မပြောရဲပါဘူး။

ယွမ်စစ်သူကြီးရဲ့ အာဏာ လွှမ်းမိုးမှုက ပြင်းထန်တာကြောင့် ဘယ္သူမွ မပြောရဲတာပါ။

ယွမ်သခင်မလေး

ရုန်မိသားစု ခေါင်းဆောင်မှာ အင်တင်တင်နဲ့ ရယ်လိုက်ရတယ်။

ဒီလောကကြီးထဲမှာ ယောကျ်ားတစ်ယောက်အတွက် ဇနီးသည် ၃ယောက် ကိုယ်လုပ်တော် ၄ယောက်ရှိတာ ပုံမှန်ပါပဲ။ မင်း မကျေနပ်မှာဆိုလို့ ငါ့သားလေးရဲ့ မောင်းမဆောင်ကို ဖျက်သိမ်းဖို့ ဆန္ဒရှိခဲ့တာပါ တခြားသော အမျိုးသားလေး မလုပ်ဆောင်နိုင်တာကို လုပ်ဆောင်ပေးချင်တာပါ။ အတိတ္က မပြောနဲ့ အရွယ်ရောက်ပြီးသား ပုံမှန်ယောကျာ်းက ကိုယ်လုပ်တော် သေချာပေါက် ယူပါတယ်။ ယွမ်သခင်မလေး နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။

ယွမ်လော့ဖုန်းလည်း လှောင်ရယ်လိုက်တယ်။

ဆက်ဆံရေးကို ပေါ့ပျက်ပျက် တွေးတတ်တဲ့ ယောကျ်ားတစ်ယောက်ကို နားလည်ပေးရမယ်လား

ရုန်မိသားစုရဲ့ သခင်လေးက ယွမ်လော့ဖုန်းရဲ့ စကားကို ကြားလိုက်ရတော့ ဒေါကန်လာရတယ်။ အစကေတာ့ ယွမ်လော့ဖုန်းနဲ့ အချေအတင် ငြင်းခုံချင်သော်လည်း ရုန်မိသားစုရဲ့ ခေါင်းဆောင်က သူ့ကို ဟန့်တားနေတယ်။

အဟွတ် အဟွတ်

စစ်သူကြီးလည်း ချောင်းခြောက်ဆိုးကာ ပြောလိုက်တယ်။

ရှင်တို့အားလုံးက ကျွန်မ စောနက ပြောတဲ့ စကားကို နားမလည်တာလား. ယွမ်မိသားစုရဲ့မျိုးဆက်တွေက သူတို့ကို စိတ်ရင်းအမှန်နဲ့ ချစ်ခင်သူကို မတွေ့ရင် တျခား ဘယ်သူနဲ့မှ အချိန်ဖြုန်းမှာ မဟုတ္ဘူး။ ရှင်တို့အားလုံးရဲ့ သေဘာထား အမြင်တွေကို ယြမ္မိသားစုက လက်မခံနိုင်ဘူး။ ရှင်တို့တွေ မရပ္မနား နှောင့်ယှက်နေမယ်ဆိုရင် ရှင်တို့ကို မမြင်ချင်တော့ဘူး အခုချက်ချင်း ထွက်သွားလိုက်တော့။

ရုန်မိသားစုရဲ့သခင်လေးမှာ ဆက်လက် သည်းမခံနိုင်တာကြောင့် ချက်ချင်း မတ်တတ် ထရက်လိုက်တယ်။

ယွမ်လော့ဖုန်းလည်း အရင်တုန်းက ကလေးတစ်ယောက် မွေးထားတာ မဟုတ္ဘူးလား ဒီပြင် မင်းလည်း တခြားသူနဲ့ လက်မထပ်ထားဘူး

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ကာ ရုန်မိသားစုရဲ့သခင်လေးကို အေးတိအေးစက် ကြည့်လိုက်တယ်။ သူမရဲ့နှုတ်ခမ်းပေါ်က အပြုံးက တဖြည်းဖြည်းချင်း လွင့်ပါး ပျောက်ကွယ်သွားတော့တယ်။

ရှင်က ကျွန်မကို လက်မထပ်ထားဘူးလို့ ပြောချင်တာလား

သူမရဲ့အသံက ကြည်လင်ပြီး လေကဲ့သို့ ပေါ့ပါးတယ်။ ရုန်မိသားစုရဲ့သခင်လေးကို တုန်လှုပ်စေတယ်။ တျခားဘာစကားကိုမွ ထပ်မပြောရဲတော့ဘူး။

မျိုးနွယ်စု ခေါင်းဆောင်

ချမ်းစိမ့်စိမ့် အငွေ့အသက်များကြား အစေခံတစ်ယောက်က ရိုရိုသေသေနဲ့ ဂါရဝပြုကာ လျှောက်တင်တယ်။

မျိုးနွယ်စု ခေါင်းဆောင် သရဲဘုရင် ရောက်နေပါတယ် ယွမ်သခင်မလေးကို ခန်းဝင်လက်ဖွဲ့ပေးဖို့လို့ ပြောပါတယ်

သရဲဘုရင်ယွမ်ရှောင်လား

စစ်သူကြီးယွမ်ရဲ့မျက်ဝန်းများက တောက်ပနေခဲ့တယ်။ နောက်ဆုံးတော့ ယွမ်ရှောင် ရောက်လာပြီလား အရင်ဆုံး ဘယ္လို လှုပ်ရှားရမလဲ သိနေတယ်.. နောက်ဆုံးမှ ရောက်လာပြီး ခန်းဝင် လက်ဖွဲ့ ပေးတယ်လား။

သူ့ကို မြန်မြန် ဝင်ခိုင်းလိုက်တော့

ယွမ်စစ်သူကြီးရဲ့ အသက်ရှူနှုန်းက မြန်ဆန်နေပြီး အလျင်စလို ပြောလိုက်တယ်။

ဧည့်ဆောင်တစ်ခုလုံး အပ္က်သံ မကြားလောက်အောင် တိတ်ဆိတ်သွားတယ်။

အားလုံးရဲ့အကြည့်က တံခါးကို ဦးတည်နေပြီး သူတို့ရဲ့မျက်ဝန်းမှာ အံ့သြ တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့တယ်။ သူတို့က နင်မိသားစုကို မသိရင်တောင် သရဲဘုရင်ကိုတော့ သေချာပေါက် သိပါတယ်။

သရဲဘုရင်ရဲ့ အစွမ်းက တခြားသူတွေ မယှဉ်နိုင်အောင် ပြင်းထန်ပြီး တခြားသူထက် ရက်စက် သွေးအေးတယ်။ တစ်ချိန်လုံး သူက မျက်နှာဖုံး တပ်ထားတာကြောင့် သူ့မျက်နှာကို ဘယ္သူမွ အတိအက် မသိပါဘူး။ဒါပေမဲ့ သရဲဘုရင်နဲ့ ယွမ်လော့ဖုန်းမှာ ဒီလို ဆက်ဆံရေးရှိမယ်လို့ မထင်ထားဘူး။

အားလုံးရဲ့ မှင်တက်နေသော အကြည့်များအောက်မှာ ယွမ်ချင်ရာက ဧရာမ သေတ္တာကြီးများကိုသယ်ဆောင်လာတဲ့ သက်တော်စောင့်များကို ဦးဆောင်ကာ အပြင်မှ အထဲသို့ ဝင်လာခဲ့တယ်။

အေဝးကေန သေတ္တာ အများကြီးကို လှမ်းတွေ့လိုက်ရတယ်။ သေတ္တာက တစ်ရာကျော်ရှိပြီး အရွယ်အစား ကြီးမားလွန်းတာကြောင့် အထဲမွာ ဘာရှိလဲတောင် မသိနိုင်ပါဘူး။

သရဲဘုရင်ရဲ့ ခန်းဝင်လက်ဖွဲ့က ဗလာအလွတ်ကြီးတော့ မဖြစ်နိုင်ဘူး

မဖြစ်နိုင်ပါဘူများလွန်တယ် သေတ္တာတိုင်းမှာ ရတနာထည့်ရင် ငွေကြေး ဖြုန်းတီးရာ မေရာက္ဘူးလား ငါ့အထင်တော့ ရွှေငွေအချို့နဲ့ လက်ဝတ်လက်စား ဖြစ်ရမယ်

သာမန်လူအတွက်တော့ ရွှေနဲ့ ငွေကို တန္ဖိုးရွိ ပစ္စည်းလို့ သတ်မှတ်နိုင်သော်လည်း မြင့်မားတဲ့ အဆင့်အတန်းကို ရောက်နေတဲ့ သူတို့အတွက်တော့ ဒါတွေက အသုံးမဝင်ပါဘူး။

Chapter-695

End

အပိုင်း(၆၉၆)

ရုတ်ခြည်း တစ်စုံတစ်ယောက်က ထအော်လိုက်တယ်။

ကြည့် ကြည့်စမ်းပါဦး. သူက ယွမ်လော့ဖုန်းရဲ့ သက်တော်စောင့်မလား

အားလုံးရဲ့ အကြည့်များက ခန်းဝင်လက်ဖွဲ့မှ အထဲကို လျှောက်လာတဲ့ အမျိုးသားဘက် လှည့်လာခဲ့တယ်။ လရောင်အောက်မှာ အမည်းရောင်ဝတ်စုံက တလွင့်လွင့် ဖြစ်နေခဲ့တယ်။

သူ ခန်းမဆောင်ထဲ ဝင်လာပြီးနောက် သူအကြည့်က ယွမ်လော့ဖုန်းမှ သွေဖယ်သွားခြင်း မရွိပါဘူး။ သူရဲကောင်းဆန်ပြီး ခံ့ညားချောမောတဲ့ မျက်နှာမှာ အရင်လို ဆက်ထန်သော အကြည့်များ မရွိဘဲ ခပ်တန်းတန်း နှုတ်ခမ်းက ခပ်ရေးရေး ပြုံးနေခဲ့တယ်။

ထိုလူက ပုံမှန်အားဖြင့် မပြုံးပါဘူး။ ဒါပေမဲ့ သူ ပြုံးလိုက်တော့ သူ့အပြုံးကို ငေးကြည့်သူများ ရှိပါတယ်။ ချက်ချင်းပဲ သူ့အပေါ်ယံ အပြုံးက ပျောက်ကွယ်သွားခဲ့တယ်။

ယောကျ်ားတစ်ယောက် ပြုံးလိုက်ရင် စိတ်လှုပ်ဖို့ကောင်းမှန်း အရင်က သူတို့ မသိခဲ့ပါဘူး။ သူတို့ရဲ့နှလုံးသားကို လက်တစ်စုံနဲ့ ကုတ်ခြစ်နေသလိုပါပဲ။

သခင် ခန်းဝင် လက်ဖွဲ့အားလုံး ပို့ဆောင်ပြီးပါပြီ

ချင်ယွမ်လည်း ခန်းဝင်လက်ဖွဲ့ အားလုံး နေရာချထားပြီးတော့ ယွမ်ရှောင်အနား သြားကာ ရိုသေလေးစားစွာ ဂါရဝပြုရင်း ပြောလိုက်တယ်။

သခင်တဲ့လား။

သူခေါ်တဲ့နည်းလမ်းအရ လူတိုင်းကို မှင်တက်စေတယ်။ သူတို့မျက်နှာအားလုံးက မစင်စားထားသလို ရှုံ့မဲ့နေတယ်။

ယွမ်လော့ဖုန်းရဲ့ ကိုယ်ပိုင် သက်တော်စောင့်က နာမည်ကြီးနေတဲ့ သရဲဘုရင်လား။

မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ဘူး။

ဒီပြင် အဲနှစ်တုန်းက ယြမ္မိသားစုက အာဏာ မရှိသေးပါဘူး။

ခန်းဝင် လက်ဖွဲ့အားလုံးကို ဖွင့်ဖောက်လိုက်တော့

ယွမ်ရှောင်လည်း သူ့နှုတ်ခမ်းထောင့်ကို မြှင့်တင်ကာ ပြောလိုက်တယ်။

ဟုတ်ကဲ့ပါ သခင်

ဘာပြောလိုက်မှန်းကြားတော့ များစွာသော သက်တော်စောင့်များက သူတို့အနားက ခန်းဝင် သေတ္တာများကို ဖွင့်လိုက်တယ်။ ခဏလေးအတွင်း သေတ္တာထဲမှာ များစွာသော ဆေးဖက်ဝင်ဆေးမြစ်များကို ဧည့်သည်တော် အားလုံး လှမ်းမြင်လိုက်ရတယ်။

ဆေးမြစ် ရိုးတံတွေကြားမှာ အထူးခြားဆုံးကတော့ပျိုးပင်လေးပါပဲ။

သရဲဘုရင်ပေးမယ့် လက်ဆောင်က တန္ဖိုးရွိတဲ့ ရတနာလို့ ထင်ခဲ့တာ အခုတော့ ဆေးမြစ် ပျိုးပင်တွေလား

ကြည့်ရတာ ယွမ်မိန်းကလေးက သူ့နှလုံးသားကို အပိုင်မရထားဘူးထင်တယ် ဒါကြောင့်လည်း ဟိုလိုလို ဒီလိုလိုနဲ့ ဒီလက်ဆောင်ပစ္စည်းတွေ သုံးတာပေါ့

လူတိုင်းက ဆေးမြစ်များကို အထင်မြင်သေးစွာ ကြည့်နေတာကြောင့် ရုန်အကြီးအကဲကို သတိမထားမိဘူး ဆေးမြစ်များကို တအံ့တသြ ကြည့်နေခဲ့တယ်။

ရုန်အကြီးအကဲရဲ့မျက်နှာက စိတ်လှုပ်ရှားမှုကို ပြသနေလေရဲ့။

ဒီဆေးမြစ်တွေကို လေလံစံအိမ်တော်မှာ လေလံပစ်ရင်တောင် ကောင်းကင်ဘုံအဆင့် တန်ဖိုးလောက် ဖြစ်သွားနိုင်တယ်

ဘာ.

ရုန်အကြီးအကဲရဲ့စကားက အားလုံးကို ကြောင်အမ်းအမ်း ဖြစ်သွားစေတယ်။ ဆေးစံအိမ်တော်မှဧည့်သည်တော်များ ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဆေးစံအိမ်တော်ရဲ့ အကြီးအကဲ ဖြစ်နေလို့ လူတိုင်းက သူပြောတာကို ယုံကြည်ဖို့ ထိုက်တန်တယ်။

ရုန်အကြီးအကဲလည်း သူ့ရင်ထဲက တုန်လှုပ်မှုကို မဖိနှိပ်ခင်မှာ အသက် ခပ်ပြင်းပြင်း ရှူလိုက်တယ်။

နှစ်တစ်ထောင် တန္ဖိုးရွိတဲ့ ဆေးမြစ်တွေ ဖြစ်လို့ ဝယ်ယူဖို့အတွက်ဆို တန္ဖိုး မြင့်တယ်

ဒီစကားက မိုးခြိမ်းသံလိုပါပဲ စောနက လှောင်နေတဲ့ လူအားလုံးကို ပါးစပ် ပိတ္ကာ ခေါင်းငုံ့သွားစေတယ်။ သူတို့ဆိုရင် မိသားစုဝင်အားလုံးရဲ့ ကံနဲ့ ဆေးမြစ် တစ်ခုတောင် မဝယ်နိုင်ဘူး။

ဒါပေမဲ့ သရဲဘုရင်က သေတ္တာ ၁၀၀ကျော်ကို ယူလာနိုင်တယ်

သေတ္တာ ၁၀၀မွာ ထူးခြားတဲ့ ဆေးမြစ်တွေ ရှိတယ်

ရုန်အကြီးအကဲလည်း ယွမ်လော့ဖုန်းကို မနာလို ဝန္တိုစြာ ကြည့်လိုက်တယ်။ သူ့လေသံက စိတ်ကုန်နေသလိုပေါ့။

အားလုံးက နှစ်တစ်ထောင် ဆေးမြစ်တွေ ငါတို့ဆေးစံအိမ်တော်မှာ တစ်ခုတည်း ရှိတယ် သရဲဘုရင်က သေတ္တာ ၁၀၀ကျော် ယူလာနိုင်တယ်. သေတ္တာတိုင်းမှာ နှစ်တစ်ထောင် ဆေးမြစ် အများကြီး ပါရှိနေတယ်

Chapter-696

End

အပိုင်း(၆၉၇)

ရုန်အကြီးအကဲက ဆေးမြစ်အားလုံးကို တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့ ဘာမှန်းသိပါတယ်။

ဒါပေမဲ့ ဒီဆေးမြစ်တွေက တန္ဖိုး အကြီးမားဆုံး မဟုတ္ဘူး

ရုန်အကြီးအကဲလည်း သက်ပြင်းချကာ ဆက်ပြောလိုက်တယ်။

ဘာလို့လဲ။ နှစ်တစ်ထောင် ဆေးမြစ်က တန်ဖိုးအကြီးမားဆုံး မဟုတ္ဘူးလား။

အားလုံးက ရုန်အကြီးအကဲ ပြောမယ် အဖြေကို သိချင်နေခဲ့တယ်။

ရုန်အကြီးအကဲလည်း သရော်လိုက်တယ်။

တန္ဖိုးအရွိဆုံးက မင်းတို့အားလုံး အထင်သေးခဲ့ ပျိုးပင်လေးပဲပျိုးပင်က သာမန္မဟုတ္ဘူးဘိုဟီ ပျိုးပင်

ဘိုဟီသစ်ပင်က ဘာလဲ

ဘိုဟီ သစ္သီးက စိတ်စွမ်းအား ကျင့်ကြံသူအတွက် စိတ်စွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်.ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူကိုတောင် နောက်ထပ် တစ်ဆင့် တိုးစေတယ်

ရုန်အကြီးအကဲ ပြောလို့ ပြီးတော့ ဧည့်သည်ဆောင် တစ္ခုလုံး တိတ်ဆိတ်သွားပြန်တယ်။

ထိုအချိန်မှာ သူတို့ရဲ့ နှလုံးခုန်သံ မြန်ဆန်နေသလို ခံစားရတယ်။ယွမ်လော့ဖုန်းက သရဲဘုရင်ရဲ့နှလုံးသားမှာ နေရာမယူနိုင်ဘူးလို့ မယူဆရဲတော့ပါဘူး။ သူမကို နေရာမပေးရင် ဆေးမြစ်အားလုံးကို စုဆောင်းဖို့ ငွေကြေး အမြောက်အမြား သုံးပါ့မလား။

ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းအနား ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ကြမ်းပြင်ပေါ် ဒူးထောက်လိုက်တယ်။ ယွမ်လော့ဖုန်းရဲ့လက်ကို ဆုပ်ကိုင်ကာ သူမရဲ့လက်ကို အနမ်းခြွေလိုက်တယ်။

အခုအချိန်မှာ ယွမ်ရှောင်က ဘုရင်မတစ်ယောက်ကို တစ္ဘဝလုံး ကာကွယ် စောင့်ရှောက်မယ့် သူရဲကောင်းတစ်ယောက်နဲ့ တူညီပါတယ်။

ယွမ်လော့ဖုန်းကို ဒူးထောက်ရင်း လက်ထပ်ခွင့်တောင်းတာကို မျက်မြင်တွေ့လိုက်ရတော့ အားလုံးမွာ မေးရိုး ပြုတ်ကျ မတတ် မှင်တက်ရတယ်။ သူတို့အတွက် ယုံကြည်နိုင်ဖို့တောင် ခက်ခဲလွန်းပါတယ်။

ယွမ်လော့ဖုန်းကလည်း စိတ်စွမ်းအား တကယ် မြင့်ပါတယ် ဒါပေမဲ့ သရဲဘုရင်က သူမထက် ပိုမြင့်တယ်။ဒါပေမဲ့ သရဲဘုရင်က သူမကိုဒူးထောက်နေတယ်။

ဒါက သူ့ဂုဏ်သိက္ခာအားလုံးကို စွန့်ခွာလိုက်မှန်း ရှင်းနေတာပါပဲ။

အမျိုးသမီးတစ်ယောက်အတွက်နဲ့ ထိုက်တန်ရဲ့လား။

မင်းနဲ့ မတွေ့ခင်က ကိုယ့်ဘဝက အဓိပ္ပါယ် မရွိခဲ့ဘူး

ယွမ်ရှောင်ရဲ့အသံက ခပ်အောအောနဲ့ နက်ရှိုင်းတယ်။ သူ့အကြည့်များက ရိုးသားတယ်။

သာမန်လူတွေက ကိုယ့်အတွက် ပုရွတ်ဆိတ်ဆိုရင် အမျိုးသမီးတွေက ကိုယ့်အတွက်တော့ အဖြူရောင် အရိုးစုထက် မပိုခဲ့ဘူးလူသတ်တာကလွဲရင် ကိုယ် ဘာဆိုဘာမွ မလုပ်ခဲ့ဘူး

ရှောင်မိသားစုက ထွက်လာပြီးနောက် သူ့ဘဝမှာ ကျန်ရှိခဲ့တဲ့ တစ်ခုတည်းသော ကိစ္စက လူသတ်ဖို့ပဲ။

ဒါပေမဲ့ ကံကောင်းစွာနဲ့ မင်းကို သိကျွမ်းခွင့် ရခဲ့တယ်

ယွမ်ရှောင်က သူမရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပြောတယ်။

မင်းက ကိုယ့်ဘဝရဲ့ တစ်ဦးတည်းသော ချစ်ရသူ အရင် အတိတ္ဘဝက ဖြစ်ဖြစ်. အခုဘဝဖြစ်ဖြစ်နောင် သံသရာ အထိ ကိုယ် မင်းတစ်ယောက်တည်းကို ချစ်မယ် ကိုယ့်တစ်ဘဝလုံး စွန့်ပြီး ကာကွယ်ပေးချင်တဲ့ မိန်းကလေးက မင်းတစ်ယောက်တည်းပဲ မင်းက ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နိုင်အောင် အရည်အချင်းတိုးတက်အောင် ကြိုးစားနေမှန်း ကိုယ် သိပါတယ် ဒါကြောင့် မင်းကို အလိုလိုက်ပြီး မင်းနဲ့အတူတူ ပြဿနာတိုင်းကို ရင်ဆိုင်ခဲ့တယ်

ဒါပေမဲ့ မင်း ပင်ပန်းလာရင် ကိုယ့်ရင်ခွင်ထဲ မှေးစက် အနားယူပြီး ကိုယ့် အာဏာနဲ့ ကိုယ့် အစွမ်းကို မင်း စိတ်ကြိုက် သုံးနိုင်ပါတယ်

ယွမ်ရှောင်ရဲ့မျက်ဝန်းမှာ ယွမ်လော့ဖုန်းရဲ့ ပုံရိပ်နဲ့ ပြည့်နှက်နေခဲ့တယ်။

မင်းက ရှေ့မှာ နေချင်ရင် ကိုယ္က မင်းနောက်မှာ ထောက်ပံ့နေတဲ့ လူသားတစ်ယောက် ဖြစ်ချင်တယ် မင်းက ကိုယ့် နောက်မှာ နေချင်ရင် မင်းအတွက် ရန္သူ အားလုံးကို ကိုယ့်လက်နဲ့ အဆုံးသတ်ပေးမယ်

ဒီစကားက ယွမ်ရှောင်ရဲ့တစ်ဘဝလုံးမှာ အရှည်လျားဆုံး ပြောဖူးတဲ့ စကားပါပဲ။ ဒါပေမဲ့ ဒီစကားမွာ သူ့ရဲ့ ရိုးသားမှုများ ပါဝင်နေတယ်။ ဘေးက ထိုင်ကြည့်နေတဲ့ ဧည့်သည်တော်များတောင် ဒီအမျိုးသားလေးရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတရားကို ခံစားမိတယ်။

မင်းက တစ်လောကလုံးနဲ့ ရန်သူဆိုရင် ကိုယ္က တစ်လောကလုံးကို အနိုင်ယူပေးမယ်။

မင်းက နတ်ဘုရားတွေနဲ့ ရန်သူဆိုရင် ကိုယ္က မင်းအတွက် နတ္ဘုရားအားလုံးကို သတ်ပေးမယ်။

မင်းက ကိုယ့်အားကိုယ်ကိုးသူ ဖြစ်ချင်ရင် ကိုယ္က မင်းနောက်မှာနေပြီး မင်းကို ကာကွယ် စောင့်ရှောက်ပေးမယ်။

ယွမ်လော့ဖုန်းလည်း ဒူးတစ္ဖက္ကို ထောက်ထားတဲ့ အမျိုးသားလေးကို ကြည့်ကာ သူမရဲ့ အကြည့်များ တုန်တုန်ယင်ယင် ဖြစ်လာရတယ်။ သူမရဲ့ နှလုံးသားကို နွေးထွေးမှုဖြင့် ဖြန့်ကျက်ထားသလိုပါပဲ။ ဒါကြောင့် သူမလည်း ပြုံးလိုက်တယ်။

ဖုန်းအာ ကိုယ့်ကို လက်ထပ်နိုင်မလား

အမျိုးသားလေးရဲ့ အကြည့်က အေတာ့္ကို မျှော်လင့် စောင့်စားနေသလိုပါပဲ။ ဒါပေမဲ့သူမ ငြင်းလိုက်မှာကို ကြောက်လို့ စိုးရိမ် ဗျာပါဒများနေရတယ်။

အမျိုးသားလေးရဲ့ မျှော်လင့် စောင့်စားနေတဲ့ အကြည့်အောက်မှာ မိန်းမပျိုလေးက သူမရဲ့နှုတ်ကို ဖွင့်ဟကာ ပြန်ဖြေလိုက်တယ်။

လက်ခံတယ်

Chapter-697

End

698+699+700

အပိုင်း(၆၉၈)
စိတ်ဝိညာဉ် ဝိုင်

ယွမ်ရှောင်ရဲ့ခန္ဓာကိုယ်က ရုတ်ခြည်း တောင့်တင်းသွားတယ်။ သူလည်း ကြမ်းပြင်ပေါ်မှ အလျင်စလို ထရပ်လိုက်တယ်။ သူရဲ့ ကြီးမားသော လက်တစ်စုံဖြင့် ယွမ်လော့ဖုန်းရဲ့ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အသက်ရှူ မြန်ဆန်နေခဲ့တယ်။

"မင်း သေဘာတူလိုက္တာလား"

သူမ တကယ်ပဲ သေဘာတူလိုက္လား။

ယွမ်လော့ဖုန်းလည်း ဆွဲဆောင်မှုရှိစွာ မျက်ခုံးလေးကို ပင့်လိုက်ပြီး
"ရှင့်လက်ထပ်ခွင့်ကို လက်ခံပေးဖို့ တောင်းဆိုစရာတွေ ရှိတယ်"

"ကိုယ်...လက်ခံတယ် ဘယ္လို အခြေအနေ ဖြစ်ဖြစ် ကိုယ် လက်ခံမယ်"
ပုံမှန်အားဖြင့် ခံစားချက် ကင်းမဲ့နေသော မျက်နှာမှာ စိတ်လှုပ်ရှားမှုများကို မြင်နေရတယ်။ သူ့မျက်ဝန်းနက်များက သူမကို မသွေမတိမ်း ကြည့်နေခဲ့တယ်။

ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
"ဘယ္လို အခြေအနေ...တောင်းဆိုမှုလဲ မမေးတော့ဘူးလား"

"ဘယ်လိုအခြေအနေဖြစ်ဖြစ် ကိုယ် အားလုံးကို သဘောတူတယ်"

ယွမ်လော့ဖုန်းအတွက်.သူက ပြောသမျှကို နာခံနိုင်တယ်။ဒါကြောင့် ယွမ်လော့ဖုန်းတောင်းဆိုတဲ့ ဘယ်အချက်ကိုမဆို သူ လက်ခံမှာပါ။

"ကျွန်မမှာ တောင်းဆိုချင်တဲ့ အချက်၃ချက် ရှိတယ် ပထမ တစ္ခ်က္က နောင်လည်း ရှင့်မှာ မိန်းကလေးဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိရမယ်...ရှင့်မှာ တျခား တစ်ယောက်ရှိတာ ရှင့်ကို ချက်ချင်း စွန့်ပစ်မယ်"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ပြောလိုက်တယ်။

"ကိုယ့်မှာ တခြားတစ်ယောက် ရှိလာမှာ မဟုတ္ဘူး"
ယွမ်ရှောင်ရဲ့ မျက်နှာအမူအရာက တည်ကြည် လေးနက်နေတယ်။
"ဒီပြင်...ကိုယ္က တခြားမိန်းကလေးတွေကို မကြည့်ဘူး ကြည့်ခဲ့မိရင်လည်း ကိုယ့် မ်က္လုံးကို ထိုးဖောက်ပစ်မယ်"

သူ့နှလုံးသားထဲ...သူ့အမြင်အာရုံထဲ ယွမ်လော့ဖုန်းကလွဲရင် တျခား ဘယ္သူမွ မရှိဘူး။

"ဒုတိယအနေနဲ့"
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို အနည်းငယ်မှေးစဉ်းလိုက်တယ်။

"အခုတော့ ကျွန်မတို့ စေ့စပ်ထားဦးမယ်...တခြားကုန်းမြေစုက ပြန်ရောက်မှ လက်ထပ်မယ်"

သူမ နတ်ဘုရားအဆင့် ကျင့်ကြံသူ မဖြစ်သရွေ့ သူနဲ့အတူတူ မင်္ဂလာခန်းထဲ မဝင်နိုင်ဘူး။ဒါကြောင့်လည်း သူမက ဒီအခ်က္ကို ထည့်ထားရတာ

ယွမ်ရှောင်လည်း ခေါင်းညိတ်လိုက်တယ်။
"ကိုယ် မင်းရဲ့ စကားကို နာခံမယ်"

"တတိယ တောင်းဆိုချက်က ကျွန်မတို့်တွေ အရင်လို တစ်အိပ်ရာတည်း အိပ်မယ်...ဒါပေမဲ့ ကျွန်မ...နတ်ဘုရားအဆင့်ကို မရောက်သရွေ့ ရှင် ကျွန်မကို မထိရဘူး"

ယွမ်ရှောင် သူ့ရှေ့က မိန်းကလေးကို ပြုံးရိပ်သန်းနေသော မျက်ဝန်းများဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
"မင်းပြောချင်တာက မင်း...နတ်ဘုရားအဆင့်ကို ရောက်တာနဲ့ ကိုယ်တို့ရဲ့ လက်ထပ်ထိပ်မြားခြင်းက အထမြောက်ပြီပေါ့"

"မှန်တာပေါ့"
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။

ဒီစကားကိုကြားတော့ ယွမ်ရှောင်က ပိုတည်ငြိမ်လာတယ်။ဒါပေမဲ့ သူ့နှလုံးသားထဲမှာတော့ ယွမ်လော့ဖုန်းလေး မြန်မြန် အတားအဆီးကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်းကို တွေးနေပြီးသားပါ။

ဒီနည်းလမ်းမှာလည်း အားနည်းချက် ချို့ယွင်းချက် မရှိစေရဘူး။

"ကိုယ်...မင်း တောင်းဆို သမ်ွကို လက်ခံမယ်"

သူဘက္က ရက်ပေါင်းများစွာ သည်းခံနိုင်ခဲ့တာ...ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွက် စိတ်ရှုပ်နေစရာ လိုအပ်လို့လား။
သူဘက္က လက်ထပ်ခွင့်တောင်းတာကို သူမဘက္က သဘောတူသရွေ့ အခုအချိန်ကစပြီး သူမကို ပိုးပန်းရဲသူ ရှိတော့မှာ မဟုတ္ဘူး။

"ယွမ်လေး"
ရုန်အကြီးအကဲလည်း ယွမ်လော့ဖုန်းကို ကြည့်ကာ ရယ်မောလိုက်တယ်။
"ငါတို့တွေ ရင်းနှီးတယ်ဆိုတော့ ငါ့ကို နှစ်တစ်ထောင် ဆေးမြစ် လက်တောင်ပေးလို့ရမလား...ငါတောင်းဆိုမှုက အရမ်းမများပါဘူး...ငါ့ကို နှစ်တစ်ထောင် ဆေးမြစ် နှစ်ခုပဲ ပေးပါ"

ယွမ်လော့ဖုန်းလည်း ရုန်အကြီးအကဲကို ဖျတ်ခနဲကြည့်ကာ ခပ်မာမာပြောလိုက်တယ်။
"မပေးနိုင်ဘူး"

"ယွမ်လေး"

ရုန်အကြီးအကဲလည်း သူမကို သနားစဖွယ် ကြည့်လိုက်တယ်။

"ရိုးတံလေး တစ်ခုတောင် မရဘူးလား...ဒါဆို တစ်ဝက်တည်းပေး"

"မဖြစ်နိုင်ဘူး အရွက် တစ်ရွက်တောင် မပေးနိုင်ဘူး"

ယွမ်ရှောင်က သူမကို ပေးတဲ့ ခန်းဝင်လက်ဖွဲ့ပါ...သူမက တျခားသူကို အလွယ်တကူလေး ပေးလိုက်စရာလား။

သူမအတွက်တော့ သာမန်ထက် ပိုတယ်...။

"ဒီလိုလုပ်ပါလား...ကျွန်မမှာ  အဘိုးအတွက် ကိုယ်တိုင်ချက်ထားတဲ့ ဝိုင် တစ်အိုး ရှိတယ်...ရုန်အကြီးအကဲကို မြည်းစမ်းကြည့်စေမယ်လေ"

ဝိုင်

ရုန်အကြီးအကဲလည်း ငေးကြောင်ကြောင် ကြည့်နေခဲ့တယ်။ ဒီကောင်မစုတ်လေးက ဘယ်လိုမျိုး ဝိုင်ကို ကစော်ဖောက်ရမလဲ သိတာလား။ ဒါပေမဲ့ ဝိုင်ကောင်း တစ်ခွက်ရဖို့ ၁၀နှစ်ကျော်လောက် ကစော်ဖောက်ရတယ်...ဒါကြောင့် ဒီကောင်မလေး ကျိုချက်ထားတဲ့ ဝိုင်က ၁၀နှစ် သက်တမ်းရှိတဲ့ ဝိုင်ကို ယှဉ်နိုင်ပါ့မလား။ဒီပြင် သူကလည်း ဝိုင်သောက်ရခြင်းကို စိတ်မဝင်စားဘူး။

"ကောင်မစုတ်လေး ငါက ဝိုင်သောက်ရတာ စိတ်မဝင်စားဘူး...မင်းမှာ ဆေးမြစ်ပေးချင်တဲ့ ဆန္ဒမရှိရင်လည်း နေပါစေတော့"

ရုန်အကြီးအကဲလည်း ယွမ်လော့ဖုန်းကို မကျေမနပ် ပုံစံနဲ့ ကြည့်လိုက်တယ်။ သူ့ဘက်က အရှက်မဲ့စွာ တောင်းဆိုခဲ့မိမှန်း သူ သိပါတယ်။

"စမ်းသောက်ကြည့်လိုက်ပါ...ကောင်းလား မကောင်းဘူးလား သိသွားမယ်"

ယွမ်လော့ဖုန်းက နားလည်ရခက်သော အပြုံးတစ်ခုကို ဖန်ဆင်းထားတယ်။ သူမလည်း လက်ခုပ်တီးလိုက်တယ်။ရုတ်ခြည်း ပုလင်း တစ္ခုကို သယ်ဆောင်လာတဲ့ မိန်းကလေးတစ်ယောက် အထဲကို ဝင်လာခဲ့တယ်။ထို့နောက် ဝိုင်ကို ရုန်အကြီးအကဲရဲ့ ခွက်ထဲ လောင်းထည့်လိုက်တယ်။

Chapter-698
End

အပိုင်း(၆၉၉)
စိတ်ဝိညာဉ်ဝိုင် (၂)

ထိုဝိုင်က ခွက်ထဲ ဝင်ရောက်ပြီးနောက် ရနံ့က ဧည့်ဆောင်တစ်ခုလုံး ပျံ့လွင့်လာခဲ့တယ်။ ဝိုင်မကြိုက်တဲ့ ရုန်အကြီးအကဲ ကိုယ်တိုင် မသောက်ရ မနေနိုင်ဖြစ်ကာ တံထွေးမျိုချမိတယ်။

ရုန်အကြီးအကဲလည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဖြစ်ကာ ဝိုင်ကို အကုန်မျိုချလိုက်တယ်။ဝိုင် သူ့အစာအိမ်ထဲရောက်သွားချိန် ဝမ်းဗိုက်မှ အေးမြသော ခံစားခ်က္ကို ခံစားရတယ်။ စိတ်စွမ်းအား စီးဆင်းသွားသလို ခံစားမိပါရဲ့။

သိပ်မကြာခင်မှာ သူ  အတားအဆီးကို ဖြတ်ကျော်နိုင်တော့မယ်လို့ ခံစားမိတယ် ဒါပေမဲ့ တစ်စုံတစ်ရာက ပိတ်ဆို့ တားဆီးထားတာကြောင့် မဖြတ်ကျော်နိုင်ဘူး ဖြစ်နေတယ်။ ထိုစဉ် သူ မျိုချလိုက်တဲ့ ဝိုင်က စိတ်စွမ်းအား အဖြစ် ပြောင်းလဲသွားသလို ခံစားမိတယ်။ သူ့ကို ပိတ်ဆို့နေတဲ့ အတားအဆီးကို ထပ်ခါထပ်ခါ တိုက်ခိုက်နေတယ်။

ဒီအပြင်းအထန် ပြိုင်ဆိုင်မှုအောက်မှာ ရုန်အကြီးအကဲရဲ့ ခန္ဓာကိုယ်မှာ ဖြစ်တည်နေတဲ့ ပိတ်ဆို့နေတဲ့ အတားအဆီးက ချက်ချင်း ပြေလျော့သွားကာ ပေါက်ကွဲထွက်သွားတယ်။ စိတ်စွမ်းအားကလည်း သူ့ဦးခေါင်းထိပ်ကို ရောက်ရှိသွားတယ်။

ရုတ်တရုတ် အတားအဆီးကို ဖြတ်ကျောနိုင်တာလား။

အားလုံးက တုန်လှုပ်ချောက်ချားစွာနဲ့ ယွမ်လော့ဖုန်းကို ကြောင်အမ်းအမ်း ကြည့်နေခဲ့တယ်။

ရုန်အကြီးအကဲလည်း မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကာ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်တယ်။
ယွမ်လေးဘယ်လိုဖြစ်ရတာလဲ
သူ ကိုယ်တိုင်တောင် ခေါင်းရှုပ်ရလို့ ဘာဖြစ်သွားမှန်းကို မသိတော့ပါဘူး။

ဒါက စိတ်ဝိညာဉ် ဝိုင် စိတ်စွမ်းအား ကျင့်ကြံသူတွေအတွက် စိတ်စွမ်းအားကို ထောက်ပံ့ပေးတယ်ရုန်အကြီးအကဲက အတားအဆီးကို ဖြတ်ကျော်နိုင်ဖို့ ဝိုင်နည်းနည်းပဲ လိုအပ္တာ ကံကောင်းလွန်းနေပြီပြင်းထန်တဲ့ သက်ရောက်မှုရဖို့ဆိုတာ မလြယ္ကူဘူး

ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။ဒီ စိတ်ဝိညာဉ်ဝိုင်က သူမ ဖန္တီးထားတဲ့ အနုပညာမြောက်တဲ့ လက်ရာ တစ်ခုပေါ့။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ သူမ ဖန္တီးထားတာပါ။ဒီ ဝိုင်မှာ များစွာသော စိတ်ဝိညာဉ် ဆေးမြစ်များ ပါဝင်နေပြီး အနည်းငယ်သော စိတ်စွမ်းအား ရအောင် ထောက်ပံ့ပေးနိုင်သလို ခွန်အား တိုးစေပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို တိုးတက်စေတယ်။

ယွမ်လော့ဖုန်းက ရုန်အကြီးအကဲကို စိတ်ဝိညာဉ် ဝိုင် မြည်းစမ်းစေတဲ့ အကြောင်းအရင်းက ရုန်အကြီးအကဲ နောက်တစ်ဆင့်ကို ရောက်ခါနီး ဖြစ်နေမှန်း သိလို့ပါ။ ဒီစိတ်ဝိညာဉ်ဝိုင်က ပိတ်ဆို့နေတဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်ဖို့ ကူညီပေးနိုင်ကြောင်း သိစေချင်လို့ပါ။

ဒုတိယ အကြောင်းအရင်းကတော့ ရုန်အကြီးအကဲက သူမကို မ်ားစြာ ကူညီပေးခဲ့ဖူးတယ်။  အရာရာတိုင်းမှာ သူမဘက္က ရပ်တည်ပေးခဲ့တယ်။ဒါကြောင့် သူမရဲ့ ကျေးဇူးတင်ခြင်းကို ပြသဖို့ ဒီဝိုင်ကို အသုံးပြုရတာပါ။

ကောင်မစုတ်လေးငါ့ကိုလည်း ဝိုင် မြန်မြန်ပေးစမ်း
စစ်သူကြီးလည်း ခပ်ပြင်းပြင်း တံထွေးမျိူချကာ အလျင်စလို ပြောလိုက်တယ်။

တစ်ပုလင်းလုံး အဘိုးအတွက်ပဲ
ယွမ်လော့ဖုန်းက ပြုံးလိုက်ပြီး ဝိုင်ပုလင်းကို အဘိုးလက်ထဲ ပို့ပေးဖို့ အေစခံကို ခိုင်းလိုက်တယ်။

အဘိုးအိုလည်း ဘာကိုမွ ဂရုမစိုက်ဘဲ ပုလင်းကို  မြှောက်ကာ ပါးစပ်ထဲ လောင်းချလိုက်တယ်။ ဝိုင်အကုန်လုံး သူမရဲ့ အစာအိမ်ထဲ လျင်မြန်စွာ ဝင်ရောက်သွားတယ်။

အရမ်းကောင်းတဲ့ ဝိုင်တစ်ခွက်ပဲ အရမ်းကောင်းတယ် ငါ့ဘဝမွာ သောက်ဖူးသမျှ ဝိုင်ထဲ အကောင်းဆုံးပဲ
အဘိုးအိုလည်း ပါးစပ္ကို သုတ်ရင်း နောက်တစ်ပုလင်းလောက် ဆက်သောက်ရဖို့ မျှော်လင့်ရင်း စကားဆိုလာခဲ့တယ်။
ဖုန်းအာ နောက်ထပ် ရှိသေးလား
သူ့အကြည့်က ယွမ်လော့ဖုန်းပေါ် ကျရောက်လာပြီး သူလည်း အလျင်စလို မေးလိုက်တယ်။

ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်တယ်။
နောက်ထပ် ဝိုင်နှစ်ပုလင်း ရှိပါသေးတယ်အဘိုးရဲ့စာကြည့်ခန်းမှာ ထားဖို့ ပြောခဲ့ပြီးပြီ အဘိုး စိတ်ကြိုက် .

သူမ စကားပြောလို့ မပြီးဆုံးခင်မှာဘဲ အဘိုးက လျင်မြန်သော နှုန်းနဲ့ အခန်းထဲမှ အလျင်စလို ပြေးထွက်သွားတယ်။ ဧည့်သည်ဆောင်ထဲမှာ တခြားသော ဧည့်သည်တော်တွေ ရှိနေတာကို ဂရုစိုက်မနေဘူး။ သူ့ဦးနှောက်တစ်ခုလုံးကို ကြီးစိုးနေတာ ဝိုင်ကောင်းတစ်ခွက်ပဲ။

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ကာ ချင်ယန်နဲ့ နင်ရှင်းဘက် လှည့်ကြည့်လိုက်တယ်။
ဦးငယ်လေး ဒေါ်လေး ဖုန်းအာမှာ လုပ္စရာ ကိစ္စလေး ရှိလို့ သွားတော့မယ် ဧည့်သည်တော်တွေ ပြဿနာရှာရင် ချက်ချင်း မောင်းထုတ်ပစ်လိုက်

ယွမ်လော့ဖုန်းက နင်ရှင်းကို ဒေါ်လေးလို့ ခေါ်တော့ သူမရဲ့မျက်နှာတပြင်လုံး နီရဲတြတ္ကာ ခေါင်းငုံ့ထားလိုက်တယ်။

ယွမ်ရှောင် ကျွန်မ ပင်ပန်းနေပြီ အခန်းကို ပြန်ပြီး အနားယူမယ် ဒါနဲ့ ဒီဆေးမြစ်အားလုံးကို အခန်းထဲ ပို့လိုက်
ယွမ်လော့ဖုန်းလည်း သမ်းဝေကာ ဧည့်ဆောင်မှ ထွက်လာလိုက်တယ်။

သူတို့နှစ်ဦးထွက်သွားတာတောင် ဧည့်သည်တော်များက ကိစ္စကို တိုးတိုးတိတ်တိတ် ပြောနေတုန်းပါဒီနေ့တော့ ပြောလို့ ပြီးပါဦးမလား ယွမ်မိသားစုရဲ့ ဂုဏ်ဒြပ်က စိုးရိမ်ဖွယ်ကောင်းလောက်အောင် ကြီးမြတ်လွန်းတယ်။

အခန်းထဲကို ပြန်ရောက်တော့ ယွမ်လော့ဖုန်းလည်း ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေထဲ အရင်ဆုံး ဝင်ရောက်လိုက်တယ်။ ဆေးမြစ်တွေ အားလုံးရှောင်မိုကို လွှဲပေးထားတယ်။ သူမရဲ့ စွမ်းအား တိုးတက်လာတော့ ဆေးစိုက်ခင်းလည်း ကျယ်ပြန့်လာမှာတော့ မလြဲမေသြပဲ။ ယွမ်ရှောင်ပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို ဆယ်ဆတိုးအောင် စိုက်ပျိုးလို့ ရတယ်။

Chapter-699
End

အပိုင်း(၇၀၀)
မျိုးစေ့မှာ အပြောင်းအလဲ ဖြစ်ပေါ်ခြင်း (၁)

ရှောင်မို သစ်ပင် မျိုးစေ့မှာ အပြောင်းအလဲ ရွိလား
ယွမ်လော့ဖုန်းလည်း ညီညာပြန့်ပြူးနေတဲ့ မြေကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။

လေလံပွဲမှာ မျိုးစေ့ကို ရခဲ့တဲ့ အချိန်ကတည်းက ဆေးဖက်ဝင် စိုက်ခင်းမှာ စိုက်ပျိုးခဲ့တာပါ။ အခုဆိုရင် တစ်နှစ် ကြာခဲ့ပြီအခုအချိန်အထိ ထူးခြားမှု မရှိသေးဘူး။

သခင် ကျွန်တော်လည်း ဘာဖြစ်မှန်းတော့ အေသအခ်ာ မသိဘူး ဘာကြောင့်များ ဒီမျိုးစေ့က အပြောင်းအလဲ မရွိတာလဲ

ယွမ်လော့ဖုန်းလည်း အချိန်အကြာကြီး ငေးငိုင်နေပြီးမှ
အချိန်လိုအပ်သေးတယ်ထင်တယ်ဒီလိုဆိုတော့လဲနောက်ထပ် ဆေးဖက်ဝင် ဆေးပင်တွေ စိုက်ပျိုးတာပေါ့

သူမလည်း စကားလို့ ပြောလို့ ပြီးတော့ စိတ်ထွေးပြားစွာ ဆေးရိုးတံကို ဆုပ်ကိုင်လိုက်တယ်။ဆေးပင် ရိုးတံမွာ ချွန်မြသော အဆူးရှိနေတာ မသိလိုက္ဘူး။ ဒါကြောင့် မတော်တဆ သူမရဲ့ လက္ထိပ္ကို ထိုးဖောက်မိသွားတယ်။

သခင် အဆင်ပြေရဲ့လား
ရှောင်မိုလည်း ပျာယာခတ်သွားရတယ်။ ယွမ်လော့ဖုန်းအနား အလျင်စလို ပြေး
သွားလိုက်တယ်။

ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်တယ်။
အဆင်ပြေပါတယ်ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပါ

သူမရဲ့လက်ချောင်းပေါ်က ဒဏ်ရာကို နည်းနည်းလေးမှ သတိမထားမိဘူး မျိုးစေ့ရှိတဲ့ မြေကြီးပေါ် သူမရဲ့ ဒဏ်ရာမှ ဖြစ်တည်လာတဲ့ သွေးစက်ကျသွားတာကို မသိခဲ့တာဆို ပိုမှန်မယ်။ ခဏလေးအတွင်းမှာ အစိမ်းရောင် အလင်းတန်းက မြေကြီးလွှာမှာ ဖြာဆင်းသွားသော်လည်း မျက်စိတမှိတ် အတွင်းပျောက်ကွယ်သွားခဲ့တယ်။

သူမလည်း တျခား ဆေးဖက်ဝင် အပင်တွေ စိုက်ပျိုးလို့ပြီးတော့ ဆေးနတ်ဘုရား လျှိုဝှက်နယ်မြေမှ ထွက်ခွာလာခဲ့တယ်။

ညလယ်ခေါင် အချိန်မှာ

အထိတ်တလန့် အော်သံက သူမကို အိပ်စက်ခြင်းမှ နိုးထသွားစေတယ်။ ချက်ချင်း သူမရဲ့ မ်က္လုံးကို ဖွင့်လိုက်တယ်။

သခင် ပြဿနာ တစ်ခုတော့ ဖြစ်ပြီ အတော့်ကိုထူးဆန်းတဲ့ ကိစ္စ

သူမရဲ့ စိတ်ဝိညာဉ်အတွင်းမှာ ရှောင်မိုရဲ့ စိုးရိမ်တကြီး အော်သံက သူမရဲ့ သိချင်စိတ်ကို နှိုးဆွပေးနေတာကြောင့် ဆေးနတ်ဘုရားလျှို့ဝှက် နယ်မြေထဲ ချက်ချင်း ဝင်လာလိုက်တယ်။

ဝါး.
ယွမ်လော့ဖုန်း ရောက်လာတာမြင်တော့ ရှောင်မိုက ချင်းချင်း ငိုမဲ့မဲ့ ပုံစံနဲ့ စကားပြောတော့တယ်။
သခင်ဆေးပင်တွေဆေးပင်တွေ

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ဆေးစိုက်ခင်းကို ကြည့်လိုက်တယ်။ သူမ အရင်က စိုက်ပျိုးခဲ့တဲ့ဆေးမြစ် အားလုံး ခြောက်နွမ်းသွားတယ်။ ကြည့်ရတာတော့အားလုံးရဲ့ ဆေးမြစ်အားလုံးရဲ့ သက္ဓာတ္ကို တစ်စုံတစ်ရာက စုပ်ယူသွားတာ ဖြစ်မယ်။

ရှောင်မို ဘာဖြစ်လို့လဲ
ယွမ်လော့ဖုန်းရဲ့ မျက်နှာအမူအရာက တည်ကြည်နေခဲ့သော်လည်း ဆေးစိုက်ခင်းကို ကြည့်လိုက်တော့ သူမရဲ့ အမူအရာ ပျက်ယွင်းသွားတယ်။ ဆေးမြစ် အားလုံးကို ယွမ်ရှောင်က လက်ဆောင်ပေးထားတာလေ အခုတော့ အရာအားလုံး အလဟဿ ဖြစ်ပြီ။

ကျွန်တော်လည်း မသိဘူး
ရှောင်မိုလည်း ရှိုက်ကြီးတငင် ငိုရင်းပြောတယ်။
ခဏေလး သတိလက်လွတ် ဖြစ်သွားချိန်မှာ ဘာဖြစ်သွားမှန်းကို မသိတော့ဘူးသခင် ဒီနေရာက ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေပါ ဒီမွာ စိတ်စွမ်းအား အများကြီးရှိတယ်  ဒါကြောင့် အပင်တွေ ညှိုးနွမ်းသွားဖို့က ခဲယဉ်းတယ် ဒါဆို ဘာလို့များ ဒီလို ဖြစ်ရလဲ

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။ သူမလည်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ သူမရဲ့အကြည့်က မျိုးစေံ စိုက်ပျိုးထားတဲ့ စိုက်ခင်းပေါ် ကျရောက်သွားခဲ့တယ်။

ဒါဒါက
သူမလည်း မှင်တက်သွားတယ်။

သူမ ကြည့်နေတဲ့ နေရာကို လိုက်ကြည့်လိုက်တော့ ရှောင်မိုလည်း ဆေးစိုက်ခင်း ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းကို ရိပ်စားမိသွားပြီး မျက်လုံးပြူးသွားရတယ်။

ရှောင်မိုလည်း သူ့မျက်လုံးများကို ပြတ္ကာ သေးငယ်တဲ့ မျိုးစေ့လေး အပင်ပေါက်လေး အဖြစ် ပြောင်းလဲသွားတာကို မျက်တောင်မခတ် ကြည့်လိုက်တယ်။ ကြည့်ရင်းနဲ့ သူ့မှာ စိတ်လှုပ်ရှားလာရတယ်။

သခင်.မျိုးစေ့လေး အညှောက်ထွက်ပြီ ဆေးပင်တွေ ညှိုးနွမ်းသွားရတဲ့ အကြောင်းအရင်းက ဒါကြောင့် ဖြစ်မယ်ထင်တယ်

ယွမ်လော့ဖုန်းလည်း သစ်ပင် မျိုးစေ့လေးကို ကြည့်ကာ ဆုံးဖြတ်ချက် မချမှတ်ခင် အချိန်အတော်ကြာ တိတ်ဆိတ်နေမိတယ်။
ဘိုဟီသစ်ပင်ကလွဲရင် တခြားအပင်တွေကို ဆက်လက်စိုက်ပျိုးဘာသစ်ပင်လဲဆိုတာ ငါ အတိအက် သိချင်တယ်

ဟုတ်ကဲ့ပါ သခင်
ရှောင်မိုရဲ့မျက်လုံးများက တောက်ပရွှန်းလဲ့နေခဲ့တယ်။ သူလည်း  တျခား  တစ္ခုခုကို စိုက်ပျိုးဖို့ စိတ်လေးလံနေခဲ့တယ်။

ယွမ်လော့ဖုန်း ထွက်ခွာလာပြီးနောက် ရှောင်မိုလည်း စိုက်ခင်းထဲမှာ ဆေးပင်တွေကို ဆက်လက် စိုက်ပျိုးတယ်။ အလုပ်ပြီးတော့ သူလည်း ထောင့်တစ်နေရာမှာ ထိုင်လိုက်ပြီး သေးငယ်တဲ့မျိုးစေ့လေးကို စူးစူးစိုက်စိုက် ကြည့်နေလိုက်တယ်။ဒါပေမဲ့လည်း ဒီမျိုးစေ့လေးက စားရသောက်ရတာ ဗိုက်ပြည့်သွားလို့ ထင်ပါတယ် ဘာထူးခြားမှုမှ မရွိဘူး ပေါ့ပါးသော လေညင်းမှာ တည့်မတ်စွာ ရှိနေခဲ့တယ်။

Chapter-700
End

Bạn đang đọc truyện trên: Truyen247.Pro