Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

673-686 Unicode

673+674

အပိုင်း(၆၇၃)

ယွမ်လော့ဖုန်းကတော့ ဂူထဲမွာ ဘာဖြစ်ခဲ့လဲသိမှာတောင် မဟုတ်ပါဘူး။ သမားတော်အဖွဲ့အစည်းရဲ့ပြဿနာကို ဖြေရှင်းပြီးနောက် စစ်သူကြီးအိမ်တော်ကို ပြန်လာခဲ့တယ်။

ယွမ်လော့ကိုယ်တိုင်လည်း သူချစ်ရတဲ့သား ယွမ်ချင်ရာ နဲ့ ယွမ်ရှောင်တို့ တစ်ချိန်တည်း ပြန်လာမယ်မှန်း မမျှော်လင့် ခဲ့မိပါဘူး။ သူ...အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်မိတာကြောင့် သူတို့နှစ်ဦးကို အရက်အတူတူ သောက်ဖို့ ဖိတ်ကြားခဲ့တယ်။

ယွမ်လော့ဖုန်းလည်း သူတို့ကို မဟန့်တားတော့ပါဘူး။ သူတို့ကိုယ်သူတို့ ဒီလိုမျိုး စိတ်အလိုလိုက်တာ ရှားပါးတယ်လေ...။ ဒါပေမဲ့ သူတို့အတွက် အမူးပြေ စွတ်ပြုတ်ကို ချင်ယန်နဲ့ ပို့ခိုင်းလိုက်ပါတယ်။

သူမ လုပ်ပေးသင့်တာကို လုပ်ပေးပြီးနောက် အိမ်ခန်းသို့ ပြန်လာကာ အနားယူ လိုက်တယ်။

ညအချိန်မှာ သူမရဲ့ အိပ်ခန်းထဲ အေးတိအေးစက်နဲ လူတစ်ယောက် လရောင်နဲ့ အပြိုင် ဝင်ရောက်လာခဲ့တယ်။

ထိုလူ အိပ်ခန်းဝင်လာချိန်တည်းက သူမ လန့်နိုးနေခဲ့တာပါ။ ဒါပေမဲ့ သူမရဲ့ မ်က္လုံးကို ပိတ်ထားခဲ့တယ်.ဘာဖြစ်မလဲ သိချင်လို့လေ ဘာဆို ဘာမွ မျဖစ္လာဘူး။

အချိန်အတော်ကြာသည့်တိုင် ထိုလူဘက္က လှုပ်ရှားမှု တစ်စုံတစ်ရာမျှ မရှိခဲ့ဘူး။

ဒါပေမဲ့ သူမရဲ့ အိပ်ရာဘေးမှာ သူမကို တိတ်တဆိတ် ငေးမောကြည့် နေမှန်းတော့ သိပါတယ်။

သူ့အသက်ရှူသံက တိုးလျလွန်းတယ်။ သူမကို နှောင့်ယှက်မိမှာ စိုးရိမ်နေတာ ဖြစ်မယ်။

"ဖုန်းအာ"

ခပ်ဩဩ အသံနဲ့ သူ ပြောလိုက်တယ်။
"ကိုယ့်ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး မင်းဘေးမှာ အဖော်ပြုပြီး နေထိုင်သွားမယ်.မင်းကို ဘယ္သူမွ ထိခိုက်အောင် မလုပ်ဆောင် စေရဘူး"

ယွမ်လော့ဖုန်းရဲ့ မျက်နှာမှာ လှုပ်ရှားမှု တစ္ခု ဖြစ်တည်လာပြီး...သူမရဲ့မျက်တောင်ပေါ် နူးညံ့သော အနမ်းတစ်ပွင့် သက်ဆင်းလာခဲ့တယ်။ ထိုအနမ်းမှာ အဆုံးအစမဲ့တဲ့ ချစ်ခြင်းတရားများ ပါဝင်နေလေရဲ့...။

သူ့အနမ်းမှာ အရက်နံ့ မရှိသလို မွှေးကြိုင်သော ရနံ့နှင့် စိတ်ပြေလက်ပျောက် ဖြစ်စေပါတယ်။

ရုတ်ခြည်း အိပ်ရာပေါ်မှာ လဲလျောင်းနေသော မိန်းကလေးရဲ့ မျက်ဝန်းများ ပွင့်လာခဲ့လေရဲ့...။

သူမရဲ့ မျက်ဝန်းနက်များက ပြုံးရိပ်သန်းနေခဲ့ပါတယ်။
"ယွမ်ရှောင် ရှင်...ကျွန်မရဲ့ ဘိုးဘိုးနဲ့ အရက္သြား မေသာက္ဘူးလား...ဘာကြောင့် စောစော ပြန်လာတာလဲ"

ယွမ်လော့မှာ ဝိုင်အရက်သောက်ခြင်း ၊ လက်ဖက်ရည် သောက်ခြင်းကလွဲရင် တခြားသော ဝါသနာမ်ား မရှိပါဘူး။သူနဲ့အတူတူ တွဲသောက်မယ့် လူသာရှိရင် သူက တစ်ညလုံးတောင် သောက်နိုင်ပါသေးတယ်။

ဦးငယ်လေး ပြန်ရောက်လာတာကို ဂုဏ်ပြုဖို့ ယွမ်လော့က သူ့သူငယ်ချင်း အားလုံးကို ဧည့်ခံပွဲ ဖိတ်ကြား ထားခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေ တစ္ညလုံး ပြန်မလာဘူးလို့ ထင်ထားခဲ့တာပါ။

"ကိုယ္က တော်ဝင်မင်းသမီးကို ရိုက်ခဲ့လို့လေ"

ယွမ်ရှောင်ရဲ့အကြည့်က လေးနက်နေပြီး သဘာဝက်က် ပြောလာခဲ့တယ်။

"..."
ယွမ်လော့ဖုန်း လည်း သူမရဲ့နှာခေါင်းလေးကို ထိကာ ပြောစရာ စကားမဲ့နေခဲ့တယ်။

"ရှင်ကို ရန်စလို့လား"

"ဟုတ်တယ်"
ယွမ်ရှောင်က ဆွဲဆောင်မှုရှိတဲ့ ခပ်ဩဩအသံနဲ့ ပြန်ဖြေလိုက်တယ်။
"သူမက ကိုယ့်ကို မျက်တောင် မခတ် တချိန်လုံး ကြည့်နေတယ်"

"ပြီးတော့ရော"

"ပြီးတော့...ကိုယ် သူ့ကို ကန်ထုတ်လိုက်တယ်"

ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို မျက်တောင် မခတ်ကြည့်ကာ ပြောလိုက်တယ်။
"ကိုယ့်ကို ကြည့်ဖို့ မင်းတစ်ယောက်တည်း အခွင့်ရှိတယ်"

ဒီစကားအရ...ယွမ်လော့ဖုန်း တစ်ယောက်တည်း သူ့ကို ငေးကြည့်ခွင့် ရနိုင်တယ်ပေါ့။ တခြားသော အမျိုးသမီးတွေအတွက်တော့ သူ့ကို တစ်ချက်လေးမျှ ငေးကြည့်ရင်တောင် သူ စက်ဆုပ်ရွံွရှာရတယ်ပေါ့။

ယွမ်လော့ဖုန်းလည်း သူမရဲ့ လက္ကို မြှောက်ကာ ယွမ်ရှောင်ရဲ့မျက်နှာလေးကို ထိကပ်လိုက်တယ်။ ပြုံးရွှင်ကာဖြင့်
"အဘိုးက သူနဲ့အတူတူ အရက်သောက်ဖို့ ထပ်ခေါ်ရင် မသောက်နိုင်ဘူးလို့ ညည်းညူညူ လုပ်လိုက်လေ"

"ကောင်းပါပြီ"

ယွမ်ရှောင်ရဲ့အသံက ယစ်မူးဖွယ်ကောင်းလောက်အောင် ဩရှရှ အသံအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။

"ကိုယ်...မင်းပြောသမျှ လိုက်နာမယ်"

သူက ယွမ်လော့ဖုန်း ပြောသမျှကို ဘာပဲဖြစ်ဖြစ် နာခံမွာပါ။ သူမဘက္က ချစ်ခွင့်တောင်းမယ်ဆိုရင်လည်း မငြင်းပါဘူး။

"ထပ်ပြောစရာ ရှိသေးတယ်...ရှင်...သရဲဘုရင် ဖြစ်ဖြစ် ယွမ်ရှောင် ဖြစ်ဖြစ် လူရှေ့သူရှေ့ရောက်ရင် မျက်နှာဖုံး တပ်ထားသင့်တယ်။ တခြားမိန်းကလေးတွေက ရှင့်မျက်နှာကို မြင်သွားရင် ငမ်းငမ်းတက် လိုချင်နေပါဦးမယ်"

ယွမ်လော့ဖုန်းလည်း ပြုံးကာ ပျော်စေပျက်စေ ပြောလိုက်တယ်။

ယွမ်ရှောင်လည်း ခေါင်းအသာညိတ်လိုက်တယ်။
"ကိုယ့်မှာလည်း ဒီအကြံရှိပါတယ်"

ယွမ်ရှောင်ရဲ့ တည်ငြိမ်လေးနက်သော မျက်နှာကို ငေးကြည့်ရင်း ယွမ်လော့ဖုန်းလည်း မှင်တက်သွားပြီး ပြုံးမိတယ်။

"ကျွန်မက ကျီစယ်တာပါ...ရှင်သာ တစ်ချိန်လုံး မျက်နှာဖုံး တပ်ထားရင် ရှင့်မျက်နှာကို မြင်ရပါတော့မလား...တစ်ချိန်လုံး မျက်နှာဖုံး တပ်ထားဖို့ဆိုတာ ရှင့်အတွက်လည်း အဆင်မပြေနိုင်ဘူးလေ"

သူမက ကျီစယ်တာကို ယွမ်ရှောင်က သူမရဲ့စကားကို အလေးအနက် မှတ်ယူတယ်လား။

Chapter-673
End

အပိုင်း(၆၇၄)

ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများကို ကြည့်လိုက်တယ်။ သူ့လေယူ လေသိမ်းဟာ လေးနက် တည်ကြည်ပြီး သံသယဝင်နေရန်တောင် မလိုအပ်ပါဘူး။

"ကိုယ္က မင်းပြောသမျှ စကားတိုင်းကို အလေးအနက် မှတ်ယူမှာ"

သူမ ပြောတဲ့စကားကို ပျော်စေပျက်စေ မမှတ်ယူပါဘူး...သူမပြောတာကို မေသြ မတိမ်း နာခံချင်လို့ပါ...။

"ယွမ်ရှောင်"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ အိပ်ရာပေါ်မှာ ဖြည်းဖြည်းချင်း္မ္မထလိုက်ပါရဲ့။ထို့နောက် သူမရဲ့လက်ကို မြှောက်ကာ သူ့မေဖျားလေးကို သူမရဲ့လက်သွယ်သွယ်လေးများဖြင့် ပင့်လိုက်တယ်။

"ရှင့်ကိုယ်ရှင် သိရဲ့လား...ရှင်စကားကို လေးလေးနက်နက်ပြောရင်...အရမ်း ချစ်ဖို့ကောင်းတယ်"

ယွမ်ရှောင်ကို ရိုသားလို့ အလေးအနက်ထားလို့ သူမ ချစ်ခဲ့မိတာပါ။

ဒီလို ယောကျ်ားမျိုးကို သူမဘက္က ရင်မခုန်ပဲ နေမလား။

ယွမ်ရှောင်လည်း မျက်တောင်မခတ် သူ့ရှေ့က မိန်းကလေးကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်တယ်။

"မင်းက တစ်ချိန်လုံး ချစ်ဖို့ကောင်းနေတယ်လို့ ထင်မိတယ်"

သူ့စကားကို ကြားရတော့ ယွမ်လော့ဖုန်းလည်း ပြုံးနေလိုက်တယ်။
"ရှင်...ဒီစကားကို ဘယ္ကေန လေ့လာခဲ့တာလဲ"

ယွမ်ရှောင်လည်း ရိုးသားစွာ ဝန်ခံလိုက်တယ်။
"စာအုပ်ထဲ"

"ဘယ်စာအုပ်လဲ"

"ချင်ယွမ် ရေးသားထားတဲ့ မိန်းကလေးတွေကို စိတ်ကျေနပ်အောင် ဘယ်လို ချော့မြူရမလဲ ဆိုတဲ့ စာအုပ္ကေလ"

ချင်ယွမ်က သူ့ကို သင်ကြားပေးဖို့ ဒီလို စာအုပ်မျိုး ရေးသားခဲ့ပါတယ်၊

"ဪ"

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။

"ကျွန်မ စိတ္ကို ကျေနပ်စေမယ်လို့ ထင်လား"

"အချစ်ပြိုင်ဘက်ထက် ပိုတော်စေတယ်...တခြားသော အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိလာနိုင်မယ်"

ယွမ်ရှောင်လည်း သူ့နှုတ်ခမ်းထောင့်ကို အသာလေး ပင့်တင်ကာ
"မင်းက အရှေ့ကို သြားဆို...ကိုယ် အနောက်ဘက် မသြားဘူး...မင်းက ခွေး ဖမ်းခဲ့ဆို...ကိုယ် ကြောင် မဖမ်းတော့ဘူး...မင်းကို ချိုသာတဲ့ စကားပြောပြီး ကျေနပ်စေမယ်လေ"

ယွမ်ရှောင်လည်း ခဏနားပြီး ဆက်ပြောလိုက်တယ်။
"ကိုယ် ဒါတွေ အားလုံးကို လုပ်ဆောင်နိုင်တယ်"

ဒါပေမဲ့ သူမ တစ်ယောက်တည်း အတွက်ပဲ

"ဟုတ်ပါပြီ"
ယွမ်လော့ဖုန်းလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။

"ဒါတွေက လင်းချုံး သင်ပေးတာထက် ပိုကောင်းပါသေးတယ်။အနည်းဆုံးတော့ သူမနဲ့အတူတူ လေ့လာဖို့ ချွမ်းကုန်းတုလို စာအုပ်မျိုး မပေးဘူးပေါ့။ သူမကို ဖြားယောင် သွေးဆောင်ဖို့လဲ မပြောဘူး...။

ချင်ယွမ်သာ သူမပြောတဲ့ စကားကို ကြားရင် စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်ကျမိမှာပါ။

နောက်ဆုံးတော့ သူ့ကြိုးစား အားထုတ်မှုက အကျိုးသက်ရောက်မှု ရှိပြီလေ။

သခင်မက အခုလိုမျိုးပြောတော့ သူ အခုကစပြီ ဘေးကင်းပြီပေါ့.

ယွမ်ရှောင်ရဲ့ လက်အောက်ငယ်သားများရဲ့ အမြင်မှာတော့ သူတို့သခင်က ထိတ်လန့်ဖို့ ကောင်းသူပါ။ အထူးသဖြင့် သူတို့ကို မွန်းကျပ်စေတဲ့ ကြောက်လန့်ဖွယ် အေးစက်မှုကိုသာ ဖြစ်တည်စေတယ်။

ဒါပေမဲ့ သူတို့ သခင်မရှေ့မှာတော့ နာခံ ရိုးကျိုးတတ်တဲ့ ခ်စ္သူပါ။

မှန်ပါတယ်

ယွမ်ရှောင်ကို နာခံ ရိုကျိုးသူလို့ ခေါ်သင့်ပါတယ်။ သူတို့သခင်မက သခင့်နှလုံးသားထဲမှာ ဘယ္လို အနေအထားရှိမှန်း သိနေတယ်လေ...။

သူ မပြောလည်း သခင်က ဒီအတိုသ်းလုပ်ဆောင်မှာပါ။

"ယွမ်ရှောင်"
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။

"အဘိုးနဲ့အတူတူ အရက်သောက်ဖို့ သြားတာ ဘယ်လိုဖြစ်ပြီး မင်းသမီးနဲ့ တွေ့လာရတာလဲ"

ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
"အဲဒီ မိန်းမက တော်ဝင်ပညာရှိရဲ့ တပည့်.ပညာရှိကို ဖိတ်ထားတော့ သူလည်း အတူတူပါလာတာ ပညာရှိက သူမကို ယွမ်ချင်ရာနဲ့ လက်ထပ်စေချင်လို့ သူမက လိုက္လာခဲ့တာ"

သူ ဘာပြောချင်လဲ သူမ သိတယ် ။ ပညာရှိက မင်းသမီးနဲ့ ယွမ်ချင်ရာ ကို လက်ထပ်စေချင်တယ်...သူတို့နှစ်ယောက် အတွက် မျှားနတ်မောင် ဖြစ်ချင်တယ် ဒါပေမဲ့ မင်းသမီးက ဦးငယ်လေးကို မကြိုက်ဘဲ ယွမ်ရှောင်ကို ကြိတ်ကြွေခဲ့တယ်။ ဒါကြောင့် ယွမ်ရှောင်က မင်းသမီးကို မောင်းထုတ် အော်ဟစ်ခဲ့တယ်။

"အဘိုးက ဘာပြောလဲ"
ယွမ်လော့ဖုန်းရဲ့ အသံက သုန်မှုန်နေခဲ့တယ်။

သူမ အထင်မှားနေမှန်း သိတာကြောင့် ယွမ်ရှောင်လည်း ပြုံးလိုက်တယ်။

"ပညာရှိနဲ့ ဘယ်တော့မှ မပတ်သတ်တော့ဘူး ပြောပြီး သူနဲ့ သူ့တပည့်ကို ထြက္သြား ခိုင်းတယ်"

Chapter-674
End

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၈)

အပိုင်း(၆၇၅)

"..."

ယွမ်လော့ဖုန်းမှာ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

ဒါက ယွမ်လော့ရဲ့ ပြဿနာ ဖြေရှင်းနည်း အမှန်အကန်ပါပဲ။

မာနဝင့်ကြွားတယ်...အထက်စီးဆန်တယ်...။ သူ့ကို ဘယ္သူမွ တားဆီးလို့ မရဘူး။

"ကျွန်မ အိပ်ငိုက် နေပြီ"
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ အကြောဆန့် လိုက်တယ်။

"အဘိုး ဖြေရှင်းလိမ့်မယ်...တို့တွေ စိုးရိမ်နေဖို့ မလိုအပ်ဘူး...ရှင့်မဟုတ်ပဲ မင်းသမီးက ဦးငယ်လေးကို ကြိုက်မယ်ဆိုရင်တောင် ကျွန်မသဘောမတူ နိုင်ဘူး...နင်ရှင်းတစ်ယောက်တည်း ကျွန်မရဲ့ အဒေါ် ဖြစ်ထိုက်တယ်"

ဦးငယ်လေး အကြောင်းကို သူမသိပါတယ် မာနကြီးပြီး ဇွတ်တရွတ်နိုင်တဲ့ မင်းသမီးကို ကြိုက်မှာ မဟုတ္ဘူး။

ဒီစကားကို ပြောပြီးတဲ့နောက် ယွမ်လော့ဖုန်းလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဆိုဘာမွ မပြောတော့ပါဘူး။ သူမလည်း ပြုံးကာ ယွမ်ရှောင်ကို ကြည့်လိုက်တယ်။

"ကျွန်မနဲ့ အတူတူ အိပ္မလား...အပြင်ထွက် အိပ္မလား"

"မင်း စကားအတိုင်းပဲ"

သူက ရှင်းရှင်းလင်းလင်းတော့ မပြောပါဘူး။ ဒါပေမဲ့ သူ့စိတ်ကိုတော့ အတိအက် သိနေ ပါတယ်။ သူလည်း ယွမ်လော့ဖုန်းနဲ့ အိပ်ရာတစ်ခုတည်း အိပ်ချင်ပါတယ်။

အခုအချိန်မှာ သူတို့နှစ်ဦး ဘာဆို ဘာမွ မလုပ်နိုင်ရင်တောင် သူမကို ဖက်ပြီး အိပ်ချင်တယ်။ သူမ လက္ကို ကိုင်ထားရရုံနဲ့ ကျေနပ်နေပါပြီ။

"ရှင့်ကိုယ်ရှင် မထိန်းချုပ်နိုင်မှာ မကြောက်ဘူးလား"
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ကို ပြုံးကာ ဖ်တ္ခနဲ ကြည့်လိုက်တယ်။

ယွမ်ရှောင်လည်း ပြုံးမြဲ ပြုံးနေလိုက်ပြီး
"ကိုယ် သည်းခံနိုင်ပါတယ်"

"ကောင်းပြီလေ...ဒါဆို အိပ်ရာတစ်ခုတည်းကို မျှဝေတာပေါ့"

ယွမ်လော့ဖုန်းလည်း မျက်ဝန်းများ မှေးသွားသည်အထိ သူ့မျက်နှာက အပြုံးကို ဖြန့်ကျက်လိုက်တယ်။

နောက်တစ်နေ့

မနက်ခင်း အရုဏ်တက်ချိန်မှာ.

ယွမ်လော့ရဲ့ဒေါနဲ့မောနဲ့ အော်သံဟာ ခန်းမဆောင်တစ်ခုလုံး အုတ်အုတ်သောင်သောင် ဖြစ်နေခဲ့တယ်။

"ဘာကြောင့် ဒီနေရာကို လာတာလဲ"

ခန်းမဆောင် တံခါးအနား လျှောက်လှမ်းလာချိန်မှာ ဘိုးဘိုးရဲ့ဒေါသထွက်နေသော အသံကို ကြားလိုက်ရတယ်။ သူမလည်း မ်က္ခုံး အသာအယာပင့်ကာ အထဲသို့ ဝင်လာ လိုက်တယ်။

"ဘိုးဘိုးရယ် မနက်အစောကြီး ဘာလို့များ ဒေါသထွက်နေရလဲ"

သူမရဲ့အသံကို ကြားတော့ ယွမ်လော့စိတ် တည်ငြိမ်သွားရပြန်တယ်။

"ဖုန်းအာ ဘာကြောင့်များ ဒီနေရာကို လာခဲ့တာလဲ"

ယွမ်လော့လည်း ခန်းမထဲကို ဝင်လာတဲ့ မိန်းကလေးကို ကြည့်ကာ မျက်နှာ ပြုံးရွှင်လာရတယ်။

တျခား အဘိုးအို တစ်ယောက်နဲ့ မိန်းကလေးကို မမြင်သလို ယွမ်လော့ဖုန်းလည်း ခန်းမဆောင်ထဲ ဝင်လာလိုက်တယ်။

"ဘိုးအသံက အရမ်းကျယ်လွန်းတယ်...စစ်သူကြီး အိမ်တော် တစ်ခုလုံးတောင် ကြားနိုင်တယ်...မြေး မေရာက္လာဘဲ နေပါ့မလား"

ယွမ်လော့လည်း သက်ပြင်းချလိုက်တယ်။
"ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး...မြေးကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး"

"ဘိုးဘိုး"
ယွမ်လော့ဖုန်းလည်း မာယာမ်ားစြာ ပြုံးလိုက်တယ်။

"ဘိုး အသံကို မကြားလဲ.မြေးချစ်သူကို ငမ်းငမ်းတက် လိုချင်ရဲတဲ့ မိန်းမကို လာကြည့်မှာပါ"

ပြောရင်းနဲ့ သူတို့ကို လှည့်ကြည့်လိုက်တယ်။

အဘိုးအိုက ဆံပင်ဖြူ မုတ်ဆိတ်မွေးဖြူများနဲ့  အရေးအကြောင်းထင်းနေသော မျက်နှာက ကူရာမဲ့ ဖြစ်နေခဲ့တယ်။ လေညင်းနဲ့ အပြိုင် သူ့ပုံစံက သနားစရာကောင်းလွန်းပါတယ်။ သူ့ဘေးနားမှာတော့ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက် ဒူးထောက်နေခဲ့တယ်။ သူမရဲ့ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး သူမရဲ့မျက်ဝန်းများက မကျေမနပ် မျက်ရည်များဖြင့် ပြည့်နှက်နေတာပေါ့ စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို ဖိကိုက်ထားခဲ့တယ်။

ဒီမိန်းကလေးက ဧကရာဇ်ရဲ့ ညီမတော်ဆိုတာ သိသားပါတယ်။ သူမက လုံယွမ်တိုင်းပြည်ရဲ့ မင်းသမီးပါ။

သူမပုံစံက မကျေမနပ် ဖြစ်နေပုံပါပဲ။ မင်းသမီးတစ်ယောက်က စစ်သူကြီးကို ဒူးထောက်နေရတာ ရှက်မိပါရဲ့။ဒါပေမဲ့လည်း ဆရာကိုယ်တိုင်က သူ့ကို တောင်းပန်ဖို့ ဒီကိုလာဖို့ တွန်းအားပေးသလို တော်ဝင် အစ်ကိုတော် ကိုယ်တိုင်က သူမကို တောင်းပန်စကား ပြောခိုင်းနေပြန်တယ်။ ဒါကြောင့် သူမမှာလည်း ရွေးချယ်စရာ မရှိတာကြောင့် တောင်းပန်စကား ပြောဖို့ ဒီကို လာခဲ့ရတာပေါ့။

ယွမ်မိန်းကလေး ဒါက မင်းသမီး၆ရဲ့ အမွားပါ ဒါပေမဲ့ မင်းရဲ့ သက်တော်စောင့်ကို ကြည့်ဖို့ မရည်ရွယ်ခဲ့ပါဘူး အခု မင်းကို တောင်းပန်စကားပြောဖို့ သူမကို ခေါ်လာခဲ့တာပါ
ဒီစကားကို ပြောချိန်မှာ တော်ဝင် ပညာရွိက သက်တော်စောင့်ဆိုတဲ့ စကားကို အေလးထား ဖိပြောနေခဲ့တယ်။ သူ့စကားကို ကြားပြီးနောက် ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများ မည်းမှောင်သွားတာကိုတော့ သတိမထားမိပါဘူး။

တော်ဝင်ပညာရှိလည်း မင်းသမီး၆ကို အလျင်စလို တံတောင် တြတ္ကာ အရိပ်အကဲ ပြလိုက်တယ်။

လာစမ်း ယွမ်မိန်းကလေးကို တောင်းပန်စမ်း

Chapter-675
End

အပိုင်း(၆၇၆)
တောင်းပန်စကားဆိုခြင်း (၄)

မင်းသမီး၆မှာ နှုတ်ခမ်းကို ဖိကိုက်ရင်း မျက်ရည်မိုး သွန်ဖြိုးနေရတဉ်။ သူမလည်း မဝံ့မရဲ ပြောလိုက်တယ်။
တောင်းတောင်းပန်ပါတယ်. ငါ မရည်ရွယ်ပါဘူး ငါ့ကို ခွင့်လွှတ်ပေးပါ

တော်ဝင်အစ်ကိုတော် ကြောက်ရလောက်တဲ့ အထိ ယြမ္မိသားစုက သြဇာ အာဏာ ကြီးမားလွန်းပါတယ်။ ဒါကြောင့်လည်း အစ်ကိုတော်က သူမကို တောင်းပန်စကားပြောဖို့ တိုက်တွန်းတာပေါ့ ဒါပေမဲ့

ယွမ်ရှောင်နဲ့ သူမ ပထမဆုံး တွေ့ဆုံရတဲ့ အချိန်ကို တွေးမိတိုင်း သူမမွာ နှလုံးခုန် ရပ်မတတ် ခံစားရတယ်။ အသက်ရှူဖို့တောင် မေ့လျော့သွားရတယ်။

အဲ့အချိန်က ယွမ်လော့ဖုန်းကို ကြမ္တုက နန်းတော်ကို ခစားဖို့ ဖိတ်ကြားတဲ့ အချိန်ကပေါ့။ ဒီအကြောင်းကို ကြားတော့ သူမလည်း တိတ်တဆိတ် ခိုးသွားခဲ့တယ်။ အာ့ကြောင့်  ယွမ်လော့ဖုန်း ဘေးနားမှာ ရပ်နေတဲ့ သူ့ကို တွေ့ဆုံခွင့် ရခဲ့တာပါ။ အဲ့ အချိန်တည်းက သူ့ကို တိတ်တခိုးလေး ချစ်ခဲ့မိတယ်။
သူမ ဘဝမွာ သူ့ကို ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေး မရှိတော့ဘူးလို့ ထင်ထားခဲ့တာ မနေ့က သူနဲ့ ပြန်တွေ့ခင် ရခဲ့တော့ သူမရဲ့နှလုံးသားထဲက အခ်စ္စိတ္ကို ဖုံးကွယ်ထားလို့ မရေတာ့ဘူး။ အံ့သြ မိတာတော့ သူက သူမရဲ့ အပြုအမူကို မကြိုက်ဘဲ သူမကို မောင်းထုတ်တာပဲ။

ထိုအချိန်တည်းက သူမကိုယ္သူမ သတ်ချင်တဲ့ ဆန္ဒများ ဖြစ်တည်ခဲ့တယ်။ အများရှေ့မှာ သူမရဲ့ ဂုဏ်သိက္ခာ ကျဆင်းလို့တော့ မဟုတ္ဘူး။ သူမကို လွှင့်ပစ်ခဲ့တဲ့ လက္ကို တခြားတစ်ယောက်ရဲ့ အဝတ်အစားနဲ့ သုတ္တာကိုပဲ။ သူမက အရမ်းကို ညစ်ပတ်လို့ သူမကို မထိချင်တဲ့ သေဘာ သက်ရောက်နေတယ်။ သူမ ချစ်ရတဲ့သူက သူမကို ဒီလိုမျိုး ပြုမူတာ သူမ စိတ်မပျက်မိဘဲ နေပါ့မလား။

ယွမ် စစ်သူကြီး. မင်းသမီးလေးက တောင်းပန်ပြီသလို. အပြစ်ပေးတာလဲ ခံယူပြီးပြီ အခု သူမကို ခွင့်လွှတ်ပေးနိုင်မလား
ပညာရှိအမတ်လည်း ယွမ်လော့ကို လေးလေးစားစား ကြည့်ကာ ပြောလိုက်တယ်။

ယွမ်လော့လည်း ထေ့ငေါ့လိုက်တယ်။
ငါ့မွာ မင်းတို့ကို ပြဿနာရှင်းချင်တဲ့ ရည်ရွယ်ချက်လည်း မရွိဘူး၊ ဘာကြောင့်များ ငါ့ကို လာနှောင့်ယှက်လဲ မင်းတို့ကို မြင်ရတာနဲ့ နေမကောင်းဖြစ်ချင်လာတယ် မင်းတို့ကို မြင်တာနဲ့ လက်ယားလာပြီး တစ္ခုခု လုပ်လိုက်ချင်တယ်

မင်းသမီးလည်း မ်က္စိ မျက်နှာပျက်ကာ ပညာရွိအမတ္ဘက္ကို အကူအညီတောင်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

ပညာရှိအမတ်လည်း သက်ပြင်းချကာ
စစ်သူကြီးဗျာ ငါတို့တွေ မိတ်ဆွေ ဖြစ်ခဲ့တာ ကြာပါပြီ

မိတ်ဆွေမင်း ငါ့ကို မျက်နှာချိူသွေးနေတာ မလား ငါတို့ နိမ့်ကျချိန် မင်းက ယြမ္မိသားစုကို မထိခိုက်စေခဲ့လို့ မင်းနဲ့ အရက်အတူတူ သောက်တဲ့ အကြိမ်အရေအတွက် များရုံလေးပါ ငါတို့က မိတ်ဆွေတွေ မဟုတ္ဘူး သောက်ဖော် သောက်ဖက်ဆို ပိုမှန်မယ်
ယွမ်လော့လည်း ခဏ ရပ်တန့်ပြီး ထေ့ငေါ့လိုက်တယ်။
မင်းက ငါတို့ကို ပြဿနာ မရှာပေမဲ့ ငါတို့ကို မကူညီခဲ့ဘူး. မင်းကြောင့် ငါ့မြေးနဲ့ ငါ့ချွေးမလေး မပျော်ရွှင်ရတော့ဘူး

ယွမ်လော့က ဒီပြဿနာနဲ့ ပတ်သက်ရင် စိတ်ရှင်းပြီးသားပါ..
မင်းသမီးက တရားလွန် မဖြစ်ခဲ့တာကြောင့် သူတို့ကို မရိုင်းခဲ့တာ သူတို့နဲ့လည်း နောက်ထပ် မပတ်သက်ဘူးလို့ မျှော်လင့်ထားခဲ့တာပါ. အခုတော့ တော်ဝင်မိသားစုမှာ လူကောင်း မရွိဘူးဆိုတာ နားလည်လိုက်ပြီ။

ပညာရှိအမတ်လည်း ဟန်လုပ်ပြုံးကာ
စစ်သူကြီး ကျွန်တော်တို့ကို တကယ်ပဲ ခွင့် မလွှတ်ဘူးလား

မနေ့ညတည်းက မင်းသမီးကို ယွမ်မိသားနဲ့ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ဖို့ ခေါ်လာခဲ့ရတာပါ. အခုတော့ တော်ဝင်မိသားစုက စစ်သူကြီးအိမ်တော်ကို အရေးနိမ့်ကြောင်း ဝန်ခံနေတာတောင် မာန်တက်နေသေးတယ်။ တော်ဝင်မိသားစုနဲ့ လက်ထပ်ခွင့်ရရင် အနာဂတ်မှာ အကျိုးများနိုင်ပါတယ်။ ဒါကြောင့်လည်း သူ့တပည့်ကို ခေါ်လာခဲ့တာပေါ့။ သူမေလးက ဉာဏ် အမြော်အမြင်ရှိပြီး နူးညံ့သူ လှပသူလို့ သူ မှတ်ယူမိပြီး ယွမ်မိသားစုလည်း သူမေလးကို နှစ်ခြိုက်မယ်လို့ ထင်ခဲ့မိလို့ ခေါ်လာခဲ့ရတာပါ။

သူအတွက် ဂုဏ်ယူရတဲ့ သူ့တပည့်မက ယွမ်ချင်ရာကို မနှစ်သက်ဘဲ ယွမ်မိသားစုရဲ့ သက်တော်စောင့်ကို တိတ္တခိုး ခ်စ္သတဲ့လား။ ယွမ်လော့ကိုလဲ စိတ်အနှောင့်အယှက် ပေးတယ်. စိတ်ပျက်မိပါရဲ့။

Chapter-676 End

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၈)

အပိုင်း(၆၇၇)

"အဘိုး"
ယွမ်လော့ ဆက်ပြောမှာကို မြင်တော် ယွမ်လော့ဖုန်းလည်း သူ့ကို ဟန့်တားကာ မင်းသမီး၆ကို မကျေမနပ် ကြည့်လိုက်တယ်။

"ယြမ္မိသားစုက သာမန်မိသားစုဖြစ်ပြီး တော်ဝင်မိသားစု အပေါ် မွီခိုထားရသူ...တခြားသူအပေါ် လက်တုံ့ပြန်နိုင်စွမ်း မရှိတဲ့ အာဏာမဲ့သူ ဖြစ်ရင် ယွမ်ရှောင်ကို ပိုင်ဆိုင်ရဖို့ နင် ဘာလုပ္မလဲ"

"ငါ"

"ယွမ်ရှောင်ကို နင့်လက်အပ်ဖို့ နင့်အစ်ကိုတော်ကို အမိန့်စာ ထုတ်ခိုင်းမယ်မလား"

သူမရဲ့အတွေးကို သိနေသကဲ့သို့ ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများက တောက်ပရွှန်းလဲ့နေခဲ့တယ်။

မင်းသမီး၆မှာ တုန်လှုပ်ချောက်ချားရတာကြောင့် မျက်နှာ ဖြူဆုပ်လာရတယ်။ သူမပြောတာက မှန်နေတယ်လေ။

ယြမ္မိသားစုသာ အာဏာမရှိရင် ယွမ်ရှောင်ကို သူမနဲ့ လက်ထပ်ဖို့ အမိန့်ပေးပြီးပြီ။ သူမရဲ့ အစ်ကိုတော်ကိုလည်း ယြမ္မိသားစုကို ဖိအားပေးခိုင်းမှာ...။ယွမ်လော့ဖုန်းကိုလည်း တျခား အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခိုင်းမှာ...။

"ဒါဆို.ငါတို့တွေ နင့်ကို ခွင့်လွှတ်သင့်လား"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။

"ငါ နင့်ကို နောက်ဆုံး အခွင့်အရေး ပေးမယ် ငါ သုံးအထိ မရေတွက်ခင်မှာ...ဒီနေရာက ထြက္သြား...မဟုတ်ရင်တော့ နင် ဒီမွာ တစ္သက္လုံး နေရမယ်"

ယွမ်ရှောင်ရဲ့ထူးချွန်မှုကြောင့် မိန်းကလေးတော်တော်များများက သူ့ကို နှစ်သက်နေမယ်ဆိုတာ သိတယ်။ သူမ စိတ်ကိုလည်း ပြင်ဆင်ထားပြီးသား...။ ဒီမိန်းကလေး အားလုံးကိုလည်း အနိုင်ပိုင်းဖို့ ဆုံးဖြတ်ထားတယ်။

ယွမ်ရှောင်က သူမရွေးချယ်ထားတဲ့ ယောကျ်ား ဖြစ်ကတည်းက သူ့ဘဝမှာ မိန်းကလေးဆိုလို့ သူမတစ်ယောက်တည်း ရှိရမယ်။

"ငါ"
မင်းသမီး၆လည်း နှုတ်ခမ်းကို ဖိကိုက်နေတယ်။

"ငါ.သူရဲ့ ကိုယ်လုပ်တော် ဖြစ်ဖို့ ဆန္ဒရှိပါတယ် "

"ငါ သူ့ကို နန်းတော်မှာ ပထမဆုံး တွေ့တဲ့အချိန်...နင့်အတွက် တော်ဝင်ကြင်ရာတော်မုရဲ့ ထိုင်ခုံကို ယူပေးကတည်းက သူ့ပင်ကို စိတ်ထားလေးကို နှစ်ခြိုက်ခဲ့တာ"

"ငါ့မွာ နင့်ကို ထိခိုက်စေချင်တဲ့ ဆန္ဒ မရှိပါဘူး ငါက သူနဲ့အတူတူ ရှိချင်ရုံပါ...ဒါက ငါဖြစ်ချင်တဲ့ ဆန္ဒ အားလုံးပါပဲ"

နောက်ဆုံးတော့ မင်းသမီး၆ ဝန်ခံလိုက်ပါပြီ...ထိုစကားကို ပြောပြီးနောက် သူမလည်း ကြမ်းပြင်ပေါ် ဒူးထောက်ကာ ယွမ်လော့ဖုန်းကို တောင်းပန်ခယသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

"စိတ်မပူပါနဲ့...ငါတို့တွေ အတူတူ နေနိုင်မှာပါ...ငါ့မွာ ယုံကြည်ချက်ရှိတယ်"

ဖြန်း

အစကေတာ့ မင်းသမီး၆ ပြောတဲ့စကားကို အံ့ဩ မှင်တက်မိသော်လည်း...စကားရဲ့ အဓိပ္ပါယ်ကို နားလည်လိုက်တော့ သူမကို ပါးရိုက်ကာ အသံမာမာနဲ့ ပြောလိုက်တယ်။
"မင်းသမီး၆ နင်ပြောလိုက်တဲ့ စကားက ဘာလဲ သိရဲ့လား...သူက သက်တော်စောင့် တစ်ယောက် အဆင့်ပဲရှိတယ်...နင်က သက်တော်စောင့်ရဲ့ကိုယ်လုပ်တော် ဖြစ်ချင်နေတာလား"

မင်းသမီး၆လည်း ခေါင်းခါလိုက်တယ်။
"မဟုတ္ဘူး. သူက သက်တော်စောင့်ပဲ မဟုတ္ဘူး...သူက စိတ်စွမ်းအားမြင့်တဲ့ အပြင် အဆင့်အတန်းလည်း ရှိတယ်...သူက သာမန် သက်တော်စောင့်တစ်ယောက် မဖြစ်နိုင်ဘူး ငါ သူ့ကို လက်ထပ်ဦးမှာ"

ဒေါသဖြစ်လွန်းတာကြောင့် ပါးရိုက်ဖို့ လက်ရွယ်လိုက်သော်လည်း မရိုက်ဖြစ်ခဲ့ပါဘူး။

"မင်းသမီး၆ ဒီကိုမလာခင်တုန်းက နင့်ရဲ့ တော်ဝင်အစ်ကိုတော် ဘာပြောခဲ့လဲဆိုတာ မေ့သွားပြီလား၊ နင်...နင် အရမ်းကို ခေါင်းကြောမာလွန်းတယ်"

မင်းသမီး၆က တောဝင်ပညာရှိကို မကြည့်ဘဲ ယွမ်လော့ဖုန်းကိုပဲ မသွေမတိမ်း ကြည့်နေခဲ့တယ်။

"အစ်မယွမ် သူက သာမန် သက်တော်စောင့် တစ်ယေညက် မဟုတ်မှန်းတော့ သိပါတယ်...သူ့မှာ တခြားသော အဆင့်အတန်း တစ်ခုတော့ရှိမှာပါ...သူက အစ်မရဲ့ ဘေးမှာ သက်တော်စောင့် အဖြစ် နေထိုင်နေလဲ...သူက ယောကျ်ားတစ်ယောက်ပါ...ယောကျ်ားတိုင်းမှာ ကိုယ်လုပ်တော်ရှိတာပဲလေ...သူအခ်စ္ကို အစ်မနဲ့အတူတူ ပြိုင်ဖက်မယ့်သူကို မလိုချင်တာ မလား"

သူမရဲ့ မျက်ဝန်းများက မကျေနပ်မှု လုံးဝ မရှိဘဲ ရိုးသားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။

"ငါ သူ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လာရင် အစ်မယွမ်ရဲ့ စကားကို နာခံမယ်...အစ္မကို လေးစားမယ်...နောင်ဖြစ်လာမယ့် ကိုယ်လုပ်တော်တွေနဲ့ သင့်မြတ်စွာ နေထိုင်ပါ့မယ် အစ္မ ကျွန်မကို လက်ခံဖို့ပဲ လိုအပ်တယ် အစ်မရဲ့ အစေခံတစ်ယောက် အနေနဲ့ ခစားနိုင်ပါတယ်"

"ဟား"

ရုတ်တရက် ယွမ်လော့ဖုန်းလည်း ဟားတိုက် ရယ်မောလိုက်တယ်။ သူမရဲ့အသံက ကြောက်လန့်ဖို့ ကောင်းလှပါတယ်။

Chapter-677
End

အပိုင်း(၆၇၈)
ဖွင့်ဟဝန်ခံခြင်း (၁)

"နင်.သူ့ရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်...သူ့အထင်အမြင်လေးကို မေးကြည့်စမ်းပါဦး"

ခန်းမဆောင်ထဲ ဝင်လာတဲ့ အမျိုးသားလေးကို ကြည့်ကာ သူမ ချိုသာစွာ ပြုံးလိုက်တယ်။

သူမ နောက်မှာ အမျိုးသားလေး ရပ်နေမှန်း သတိထားမိတော့ သူမရဲ့ ကျောက်စိမ်းတမျှ ဖြူဖွေးသော သွားလေးနဲ့ နှုတ်ခမ်းကို ကိုက္ကာ
"အများရှေ့မှာ သူ့ကို စော်ကားမော်ကား ပြုမူဖို့ မရည်ရွယ်ခဲ့ပါဘူး...အစ္မယြမ္က တရားဝင် ဇနီးတစ်ယောက် ဆိုတော့ သူ့အတွက် ကိုယ်လုပ်တော် ရွေးချယ်ခွင့် ရှိပါတယ်...ဒါကြောင့် ကျွန်မရဲ့ ဆန္ဒ ပြည့်ဝဖို့ အစ္မကို တောင်းဆို ရတာပါ"

မင်းသမီး၆လည်း သူမ ဒီစကားပြောလိုက်  ပြီးနောက် သူမရဲ့နောက်ကျောဘက်ခြမ်းမှ ချမ်းစိမ့်စိမ့် အငွေ့အသက်ကို ခံစားမိသွားတယ်။
သူမရဲ့ စိတ် ကတုန်ကရင် ဖြစ်လာရတယ်။

"တကယ္လား"
ယွမ်လော့ဖုန်းလည်း မင်းသမီး၆အနား ဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်တယ်။

"ငါ့လူကို နင့်ပေးမယ်လို့များ ယုံကြည်နေသလား"

မင်းသမီး၆လည်း သူ့ရင်ထဲမှ ဒေါသစိတ်ကို ဖိနှိပ်နိုင်ဖို့ ကြိုးစားလိုက်တယ်။
"ယွမ်မိန်းကလေး သူ့မှာ ကိုယ်လုပ်တော်က သိပိမကြာခင်မှာ ရှိလာနိုင်ပါတယ်...အစ်မရဲ့ စကားကို မနာခံသူကို ရွေးချယ်မလို့လား. ကျွန်မကို ရွေးချယ်လိုက်တာက ပိုပြီးတော့ ပြဿနာ နည်းမယ် "

ဝုန်း

သူမရဲ့နောက်မှ ချမ်းစိမ့်စိမ့် အငွေ့အသက်က ပိုမို ပြင်းထန်လာရတယ်။

သူမရဲ့နောက်ကျောပေါ်သို့ မမြင်နိုင်တဲ့ လက္သီး ကျရောက်လာခဲ့တယ်။ ခဏကြာတော့ မင်းသမီး၆ လွင့်ထွက်သွားပြီး ပါးစပ်အပြည့် သွေးအန်တော့တယ်။

မင်းသမီး၆ ကြမ်းပြင်ပေါ် လဲကျသွားချိန်မှ ပညာရှိအမတ်အပေါ် ကျရောက်နေတဲ့ ဖိအားကြီး ပျောက်ကွယ် သွားရတယ်။အခုမှပဲ သူ့မှာ အသက်ရှူချောင် ရတော့တယ်။

သို့သော်လည်း ထိုလူရဲ့ ရေခဲတမျှ အေးစိမ့်သော မျက်နှာကိုကြည့်လိုက်တော့ ကြောက်လန့်စိတ်ကို ထိန်းချုပ်မရဘဲ တုန်တုန်ရီရီ ဖြစ်လာရတယ်။

ယွမ်ရှောင် အခန်းထဲကို ဝင်လာကတည်းက သူ တွေ့လိုက်ပါတယ်။ မင်းသမီး၆ကို သတိပေးဖို့ ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် သူ့မှာ လှုပ်မရ...စကားပြောလို့လဲ မရပါ။

သူ့လည်ပင်းကို မမြင်နိုင်သော လက်တစ်စုံဖြင့် ခပ်ပြင်းပြင်း ညှစ်ထားသလိုပဲ။

"ရှင်"
မင်းသမီး၆လည်း ဖြူဖျော့နေသော မျက်နှာကို မော့ကာ စွန်ရဲကဲ့သို့ သွေးအေး ရက်စက်သော အမည်းရောင် ဝတ်စုံနဲ့ အမျိုးသားကို အံ့ဩတုန်လှုပ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။

ယွမ်ရှောင်လည်း မင်းသမီး၆ကို သွေးအေးစွာ ကြည့်လိုက်တယ်။

မနေ့ညက သူမကို စားသောက်ဆိုင် ပြတင်းပေါက်က ကန်ထုတ်လိုက်တာတောင် သူမကို တစ်ချက်လေးမျှ မကြည့်ခဲ့ဘူး။ အခုတော့ သူမကို မျက်တောင် မခတ် ကြည့်နေပြီလား။

သူဘက္က ငေးကြည့်လာရင် စိတ်လှုပ်ရှားဖို့ ကောင်းမယ်လို့ ထင်ခဲ့ဖူးတယ်...ဒါပေမဲ့လည်း အခုတော့ လုံးဝကို စိတ်လှုပ်ရှားဖို့ မကောင်းဘူး။

သူ့မျက်ဝန်းများက သူအချိန်မရွေး သတ်နိုင်တဲ့ ပိုးကောင်ကို ကြည့်နေသလို သွေးအေး ရက်စက်လွန်းပါတယ်။

"မှတ်ပြီလား"
ယွမ်လော့ဖုန်းလည်း မင်းသမီး၆ကို ထေ့ငေါ့လိုက်တယ်။

"ငါ့လူကို ဘယ္သူမွ ထိခွင့် မရှိဘူး...သူ့ကို ငမ်းငမ်းတက် လိုချင်သူတိုင်း တစ္သက္တာလုံး နောင်တ ရသွားစေမယ်"

ယွမ်လော့ဖုန်းဘက်က ဒီလိုစကားမျိုး ပြောမယ်လို့ မထင်ခဲ့မိတာကြောင့် မင်းသမီး၆လည်း တအံတဩ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ပြီး သွေးအေး ရက်စက်သော အမျိုးသားလေးကို အလျင်စလို ကြည့်လိုက်တယ်။

သူမရဲ့ အပြုအမူတိုင်းနဲ့ ရင်းနှီး ကျွမ်းဝင်နေသလို သူ့ဘက်က တု့ံပြန်မှု မရှိခဲ့ဘူး။ မင်းသမီး၆လည်း ဘာစကားပြောလို့ ပြောရမှန်းတောင် မသိတော့ဘူး။

သဝန္တိုတာလား မနာလိုတာလား

သူမ သိလိုက္တာက ဒီတစ်သက်တော့ သူမ ဒီလူကို ပိုင်ဆိုင်ဖို့် အခွင့် မရှိတော့ဘူး။

သူနဲ့ အတူတူ ရှိခွင့်မရရင် သူမ ရှင်သန်နေတာ အဓိပ္ပါယ် ရှိပါ့မလား။

"မင်းသမီး၆ နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
မင်းသမီး၆က ဓားဆြဲထုတ္တာ မြင်လိုက်တော့ ပညာရှိအမတ်လည်း သူမအနား အလျင်စလို ပြေးသွားလိုက်တယ်။

သူမလက်ထဲက ဓားကို လုယူဖို့ ကြိုးစားလိုက်တယ်။သူမအနားကို မရောက်ခင်မှာဘဲ ယွမ်ရှောင်က သူ့ကို ရိုက်ချလိုက်တယ်။ ဗုန်းခနဲ အသံနဲ့ သူ့မှာ ခန်းမဆောင်ထဲ လူးလိမ့်သွားရတယ်။

Chapter-678
End

သရဲဘုရင်
စာစဉ်(၂၈)
679+680

အပိုင်း(၆၇၉)
ဖွင့်ဟ ဝန်ခံခြင်း (၂)

ထိုလူရဲ့ သွေးအေးတဲ့ ခပ်ဩဩ အသံက သူမနားထဲ ပျံ့လွင့်လာခဲ့တယ်။

"သေချင်နေရင် သေပါစေ"

ယွမ်လော့ဖုန်းကလွဲရင် ဒီလောကကြီးထဲမှာ ဘယ်မိန်းကလေးကိုမှ သူ မသနားဘူး။

မင်းသမီး၆ရဲ့ လက်ချောင်းများဟာ တဆတ်ဆတ် တုန်ရီနေတယ်။

သူမကိုယ္သူမ သတ်သေဖို့ ကြိုးစားသော်လည်း လက်တွေ့မှာတော့ ခက်ခဲလွန်းပါတယ်

ဒီအမျိုးသားက သူ့အပေါ် ရက်စက်မယ်လို့ မထင်ခဲ့ဘူး။

"ဟား"

မင်းသမီး၆လည်း ရယ်မောလိုက်တယ်။ သူမရဲ့ ရယ္သံဟာ ဝမ်းနည်း ပူဆွေးရိပ် ထပ်ဟပ်နေခဲ့တယ်။

"ရှင့်ကို ပထမဆုံး ဆုံတွေ့ချိန်တည်းက ရှင့်ကို ချစ်မြတ်နိုးခဲ့တယ် ကျွန်မ အများကြီး မတောင်းဆိုပါဘူး ကျွန်မမှာ ရှင့်အနား နေချင်တဲ့ ဆန္ဒ တစ်ခုတည်း ရှိပါတယ်.အေစခံ ဖြစ်ဖြစ် ကိုယ်လုပ်တော် ဖြစ်ဖြစ် ရှင့်အတွက်ဆိုရင် ကျွန်မရဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်ဖို့ ဆန္ဒ ရှိပါတယ်...ဘာကြောင့်များ ကျွန်မကို ရက်စက်ရလဲ..."

ယွမ်ရှောင်လည်း မင်းသမီးကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်တယ်။
"မင်းဘာသာမင်း သတ်သေမလား ငါ ကူညီပေးရမလား"

မင်းသမီးမှာ နှလုံးခုန်သံကို ပြန်လည် ကြားယောင် လာရတယ်။ သူမလည်း ဓားကို ဆက်မကိုင်ထားတော့ဘဲ လက်မှ လွှတ်ချလိုက်တယ်။ ကြေကွဲသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်တယ်။

"ကျွန်မ ရှင့်ကို ဘာအမွားမ်ား ကျူးလွန်ခဲ့လို့လဲ"

အနေအေးသော လူတစ်ယောက် အနေနဲ့ ယွမ်ရှောင်က စကားအများကြီး မပြောလိုဘူး။ သူမရဲ့ စိတ်ကို နာကျင်စေဖို့ မလုံလောက်ဘူးလို့ ယူဆတာကြောင့် သူ နောက်တစ်ခေါက် ပြောလိုက်တယ်။

"မင်းရဲ့ အသုံးမက်တဲ့ စိတ်ကူးယဉ်ခြင်းက ငါ့ကို အမွား ကျူးလွန်တာ"

ဒါဆို သူမရဲ့ မြတ်နိုးမိတဲ့ စိတ်ကူးလေးက သူ့ကို အမွား ကျူးလွန်မိတာလား။

မင်းသမီးလည်း ကြမ်းပြင်ပေါ်မှာ ဓားကို တိတ်တဆိတ် ကောက်ယူကာ မျက်ဝန်းများကို ပိတ်ထားလိုက်တယ်။
"ကျွန်မ နားလည်ပါပြီ ကျွန်မက ရှင့်အတွက် မ်က္စိ စပါးမွေးစူးစရာ မဖြစ်စေရဘူး ရှင် ကျွန်မကို သေစေချင်ရင်ရှင့်ဆန္ဒအတိုင်း ဖြစ်စေရမယ်"

ဒီပြဿနာရပ်တစ်ခုလုံးမှာ  ယွမ်လော့ဖုန်းက လက်ပိုက်ပြီးသာ ကြည့်နေခဲ့တယ်။
အခ်စ္က မိန်းကလေးတစ်ယောက်ရဲ့  အသိစိတ် ကင်းမဲ့စေတယ်။

ဘာပဲဖြစ်ဖြစ်ပါ သူမက ယြမ္မိသားစုမွာ တစ္သက္လုံး မနေနိုင်ဘူး/ သူမရဲ့ မိသားစုကို နာကျင် ထိခိုက်စေမယ့် ပြဿနာ အားလုံးကို ဖယ်ရှားပစ်မယ်။  ဒုက္ခပေးမယ့် လူအားလုံးကို အခွင့်အရေး ဘယ်တော့မှ မေပးဘူး။

နောက်တစ်ဖန် သူမရဲ့လည်ပင်းပေါ် ဓားကို နောက်တစ်ကြိမ် ဖြည်ညင်းစွာ တင်လိုက်ပြီးနောက် မင်းသမီးလည်း ယွမ်ရှောင်ကို ပူဆွေး ဝမ်းနည်းစွာ ကြည့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းများက မစွန့်လွှတ်ချင်တဲ့ ဆန္ဒများကို ပြသနေခဲ့တယ်။ ဒီကောင်လေး သူမအပေါ် နည်းနည်းလေးတော့ သနားဖို့ မျှော်လင့်မိပါရဲ့ သူမ သတ်သေဖို့ ကြိုးစားတာကို ဟန့်တားစေချင်တယ်။

ဒါပေမဲ့ သူ့ဘက်က မတုံ့ပြန်လာခဲ့ဘူး။

ယွမ်ရှောင်က သူမကို သွေးအေး ခံစားချက် ကင်းမဲ့စွာ ကြည့်နေခဲ့တယ်။

အေမ
ရုတ်တရက် နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ အသံလေးက ခန်းမဆောင် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့တယ်။

အသံကို ကြားတော့ အားလုံးက ဘေးဘယ်ညာ လည့်ကြည့်လိုက်တယ်။ ချစ်စရာကောင်းတဲ့ အဖြူရောင် ဝတ်စုံနဲ့ ကောင်လေးပဲ။ သူ့မှာ တောက်ပတဲ့ မျက်ဝန်းတစ်စုံရှိပြီး အပြစ်ကင်းစင်ကာ ချစ်စဖွယ်ကောင်းလွန်းတယ်။

ရှောင်မို ယွမ်လော့ဖုန်းလည်း တွေဝေသွားခဲ့တယ်။ ဒီမနက် အစောကြီးက ရှောင်မိုတစ်ယောက် နတ်ဘုရားနယ်မြေထဲက ထြက္သြားခဲ့တာ အခုမွ ဒီနေရာကို ရောက်လာခဲ့တယ်။

မေမေနဲ့ ဖေဖေ ကျွန်တော် ပြန်လာပြီ..

ရှောင်မိုလည်း တောက်ပစွာ ပြုံးလိုက်တယ်။ မင်းသမီး၆ကို မကျေမနပ် ကြည့်လာခဲ့တယ်။ ယွမ်လော့ဖုန်းနဲ့ ဝေးတဲ့ တစ်နေရာမှာ မတ်တတ်ရပ်နေခဲ့ပြီး မင်းသမီးကို ရှေ့နားကို တည့်တည့်မတ်မတ် ရောက်နေခဲ့တယ်။

သူ့ကို အဖေလို့ ခေါ်တဲ့ ကောင်လေးကို ကြည့်ကာ ယွမ်ရှောင်လည်း အေးခဲသွားရတယ်။ ဖုန်းအာနဲ့ သူ ဘယ်အချိန်တုန်းက ကေလးရွိခဲ့တာလဲ။ ဘာလို့များ မမှတ်ရတာလဲ။
ရှောင်မို ဘယ်တွေ လျှောက်သွားနေတာလဲ
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ကာ ရှောင်မိုရှေ့နား သွားလိုက်တယ်။

လေညင်းနဲ့အပြိုင် ရှောင်မို အနား အလျင်စလို ပြေးလွှားသွားကာ သူ့လည်ပင်းကို ဓားတင်လိုက်ကာ ခန်းမဆောင်ထဲမှ လူအမ်ားကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

Chapter-679
End

အပိုင်း(၆၈၀)
ဖွင့်ဟ ဝန်ခံခြင်း (၃)

မင်းသမီး၆

မင်းသမီး၆ရဲ့ အပြုအမူကြောင့် ပညာရှိအမတ်မှာ အံ့သြ မှင်တက်သွားရပြီး အသည်းအသန် အော်ဟစ်တော့တယ်။
ယွမ်သခင်လေးကို လွှတ်လိုက်စမ်း နင် သေချင်ရင် သေလိုက် တော်ဝင်မိသားစုကို ဒုက္ခ မပေးနဲ့

ကျွန်မက ဘာပဲဖြစ်ဖြစ် သေရမှာ မသေခင်မှာ ကျွန်မ ဖြစ်ချင်တဲ့ ဆန္ဒကို လုပ်ဆောင်သွားရမှာပေါ့
မင်းသမီးလည်း ယွမ်ရှောင်ဘက် လှည့်ကာ ကြည့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းများက နူးညံ့ သိမ်မွေ့နေခဲ့တယ်။
ရှင်နဲ့ တစ္ည ကုန်ဆုံးချင်တယ် ရှင် သဘောတူရင် ရှင့်သားကို လွှတ်ပေးမယ်

ထိုစဉ်  မင်းသမီးက ယွမ်ရှောင်ကို မျက်တောင် မခတ် ကြည့်နေတာကြောင့် ရှောင်မိုရဲ့ ညစ်တေးတေး အပြုံးကို သတိမထားမိပါဘူး။

မင်းက သေချင်နေတာပဲ

ယွမ်လော့လည်း စားပြဲခုံကို ထုကာ ခြေဆောင့်လိုက်တယ်။ နားထင်မှာ သွေးကြောများ ထင်းနေခဲ့ပြီး ဒေါနဲ့မောနဲ့ အော်ဟစ်တော့တယ်။
ငါ့မြေးရဲ့ ဆံပင်စ တစ္စ ဆုံးရှုံးတာနဲ့ မင်း အသေဆိုးနဲ့ သေစေရမယ်

ဟား
မင်းသမီး၆လည်း ထေ့ငေါ့စွာ ပြုံးလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ငါက သေမှာပါလို့ ပြောပြီးသားလေ မသေခင် ဆန္ဒလေးတော့ ဖြည့်သွားမှာပေါ့စစ်သူကြီးယွမ်. ရှင့်မြေးရဲ့ အသက်နဲ့ ရှင့် မြေးသားမက်ရဲ့ ခန္ဓာကိုယ်ကို လဲလွယ္တာ ထိုက်တန်တယ်လို့ ထင်ပါတယ် နောက်ပြီး သူ့ကို တစ်ညတည်း ခေါ်မှာပါ ထာဝရ ပိုင်ဆိုင်မှာ မဟုတ်ဘူးလေ

ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများ မည်းမှောင်လာရပြီ
နင့်မှာ သူနဲ့ ပျော်ပါးဖို့ အခွင့်အလမ်း မရွိဘူး

ယွမ်လော့ဖုန်း. နင်က ပိုင်ဆိုင်လိုစိတ် ပြင်းထန်တာ ငါ သိပါတယ် ဘာပဲဖြစ် ဖြစ် နင့်ဘက်က ဒီစကားမျိုး ပြောနေမှာပဲ။ ငါ နင့်ကို အရမ်း လေးစားထားတာနော် ငါနဲ့သူ ချစ်ရေလူးနေတာကို နင့်ကို မျက်မြင် မကြည့်ခိုင်းဘူးလေ. နင့်သားရဲ့ အသက္ကို မလိုချင်ရင်တော့ ငါဘက္က ဆန္ဒဖြည့်ပေးပါမယ်

မင်းသမီး၆က ပြုံးကာ အေးစက်စက် ပြောလိုက်တယ်။
ဒါက ငါ့အမွား မဟုတ်ဘူးနော်. ဒီလို အခြေအနေ အချိန်အခါမျိုးမှာ လူရှေ့ထွက်လာတဲ့ နင့်သားကိုပဲ အပြစ်တင်လိုက်တော့

ယွမ်လော့မှာ ဒေါသစိတ်ကြောင့် တုန်တုန်ယင်ယင် ဖြစ်လာရတယ်။
မင်း. ယွမ်ရှောင်ကို ပိုင်ဆိုင်ခွင့် မရွိသလို ငါ့မြေးရဲ့ အသက်ကိုလည်း ယူခွင့် မရွိဘူး
ဒီတစ်ခေါက်တော့ သူ အေတာ့္ကို ဒေါသူပုန်ထရပါတယ်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်လောက်အောင် ဖြစ်ကာ သူ့တန်ခိုးအစွမ်းကြောင့် ချက်ချင်း ခန်းမဆောင် တစ္ခုလုံး ပျက်စီးယိုယွင်းသွားရတယ်။

ယွမ်ရှောင် ရှင် ဘာမွလုပ္စရာ မလိုဘူး
တိုက်ခိုက်ဖို့ ပြင်နေတဲ့ ယွမ်ရှောင်ကို ငေးကြည့်ကာ  ယွမ်လော့ဖုန်းလည်း ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
ရှောင်မို ကစားချင်နေတယ် သူ့ကို ပျော်ခွင့်ပေးလိုက်ပါ

မင်းသမီးက ယွမ်ရှောင်ကို ပိုင်ဆိုင်ရဖို့ပဲ တွေးနေတာကြောင့် သူမရဲ့ အမှန်အကန် စွမ်းအားကို မေ့လျော့နေခဲ့တယ်။

ယွမ်လော့ဖုန်း ဖြစ်ဖြစ် ယွမ်ရှောင် ဖြစ်ဖြစ် သူတို့ အစွမ်းကို ထုတ်သုံးလိုက်ရင် ရှောင်မိုကို ထိခိုက်ဖို့ မပြောနဲ့ သူ့ကိုယ်သူ ကယ်တင်နိုင်အောင် ကြိုးစားဖို့တောင် မလြယ္ကူဘူး။

ဒါပေမဲ့ ယွမ်လော့ဖုန်းက ဘာဆိုဘာမွ မလုပ်ပါဘူး။

ရှောင်မို ပေါ်လာတည်းက သူ ဘာလုပ္မယ္ဆိုတာ သူမ သိတယ်။ သူ့အကြံနဲ့သူ မင်းသမီးကို အပြစ်ပေးမှာ ရှောင်မိုက ဆေးနတ်ဘုရားလျှို့ဝှက် နယ်မြေထဲမှာ နေထိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာတော့ ပျင်းရိနေမှာပဲ သူ့ကို နည်းနည်းလေး အလိုလိုက် အကြိုက်ဆောင်ရလဲ ကိစ္စ မရွိပါဘူး။

ယွမ်လော့ဖုန်း နင်က အခုအချိန်အထိ ငါ့ကို ခြောက်လန့်ချင်နေတုန်းလား
မင်းသမီး၆လည်း ထေ့ငေါ့လိုက်တယ်။
ငါက နင့်ကို ဒူးထောက် အသနားခံခဲ့တယ် ဒါပေမဲ့ နင်ကတော့ ရက်စက်ခဲ့တယ် ဒါကြောင့် ငါ့ကို အကြင်နာတရား ခေါင်ပါးတယ်လို့ အပြစ် မတင်နဲ့. ငါ ဒီည သူ့ကို ပိုင်ဆိုင်ရမယ် ငါနဲ့သူ ချစ်ကြည်နူးတာကို နင့်မျက်လုံးနဲ့ ကြည့်ကို ကြည့်ရမယ် ဒါက ငါ နင့်ကို ပေးတဲ့ ပြစ်ဒဏ်ပဲ

ပညာရွိမွာ မူးလဲ မတတ်ပါပဲ။ မင်းသမီး၆ ရူးများနေလား. ဒီလို စကားမျိုးကို ပြောဝံ့တယ်လား အံ့သြပါဘိ။ သူမ ကြိုက်တဲ့လူနဲ့တွေ့တော့ နူးညံ့တဲ့မိန်းကလေးက အရူးတစ်ယောက်လို ဖြစ်သွားမယ်လို့ မထင်ခဲ့မိပါဘူး။

ပညာရွိအမတ္ကမွာ သူမကို နောက်တစ်ကြိမ် ဆူပူကြိမ်မောင်းဖို့ ပြင်နေစဉ်မှာ နူညံ့တဲ့ ချစ်စဖွယ် အသံလေးက လေညင်နဲ့အပြိုင် ပေါ်ထွက်လာခဲ့တယ်။

ဒေါ်ဒေါ်က သားကို သတ်မလို့လား
ရှောင်မိုရဲ့အသံက အလွန် တည်ငြိမ်နေပြီး ကြောက်လန့်မှု တစိုးတစိမွ် မရွိပါဘူး။

နင့်ကို ခေါင်းဖြတ်ပြီး ကန်ထုတ်ရရင် ပျော်စရာ ကောင်းမယ် ဒါပေမဲ့ နင့်အမေက ငါ တောင်းဆိုတာကို လက်ခံမှာ

မင်းသမီးၕက ထေ့ငေါ့သော အကြည့်ဖြင့် လှည့်ကြည့်လာခဲ့တယ်။ ရုတ်တရက် သူမ ပြောချင်တဲ့ စကားလုံးမ်ားက လည်ချောင်းဝမှာ တစ်ဆို့နေခဲ့တယ်။ သူမရဲ့ မျက်ဝန်းများက တစ်စုံတစ်ရာသော ကြောက်လန့်စရာကို တွေ့သလို ပြူးကျယ်နေခဲ့တယ်။

Chapter-680
End

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၈)
ဘာသာပြန်ဆိုသူ: သကြားလုံးလေး

အပိုင်း(၆၈၁)
ဖွင့်ဟ ဝန်ခံခြင်း (၄)

"ဒေါ်ဒေါ်က ကျွန်တော့်ကို ဒီလိုမျိုး ခေါင်းဖြတ်ချင်တာလား"

ခန်းမဆောင် ထဲမွာ ကောင်လေးက သူ့ခေါင်းကို ဖြတ်ကာ လက်နဲ့ကိုင်ပြတယ်။ သူ့မျက်နှာမှာ အပြစ်ကင်းစင်သော အပြုံးလေး ရှိနေခဲ့တယ်။ကျောချမ်းစရာ ကောင်းပါတယ်။

"အား"
စူးစူးဝါးဝါး အော်သံဟာ စစ်သူကြီး အိမ်တော် တစ္ခုလုံး ပျံ့လွင့်လာခဲ့တယ်။

"ဒေါ်ဒေါ်က သားရဲ့ ခေါင်းကို ဖြတ်မယ်လို့ ပြောခဲ့တယ်မလား အခု ကိုယ္စား လုပ်လိုက်ပြီလေ ကျေးဇူးတင်သင့်တယ် မလား"

နောက်ကို ခြေလှမ်းဆုတ်နေတဲ့ မင်းသမီး၆ကို ကြည့်ကာ ပြုံးလိုက်တယ်။သူ့ခေါင်းကို သူမရွိရာ လှမ်းပေးလိုက်တယ်။

"ပျော်ဖို့ ရွှင်ဖို့ ကန်ထုတ်လို့ ရပါတယ်"

သူ့မျက်နှာက မင်းသမီး၆နဲ့ နီးကပ်လာပြီး တောက်ပ ရွှန်းလဲ့သော မျက်ဝန်းမှာ ကျောချမ်းဖွယ် အကြည့်များ ပြည့်နှက်နေခဲ့တယ်။

"ငါ့အနား ထပ်မကပ်နဲ့"

ဘုတ်

မင်းသမီးလက်ထဲက ဓား လြတ္က်သြားကာ ခြေထောက်များ တဆတ်ဆတ် တုန်ယင်နေတယ်။ သူမရဲ့မျက်နှာကလည်း ထိတ်လန့်မှုကြောင့် ဖြူဖျော့ လာတယ်။

အနံ့စူးရှသော ဆီးအနံ့က လေနှင့်အတူ ပါလာတယ်။

"ကျွန်တော့ရဲ့ ခေါင်းကို ပျော်စေပျက်စေ ကန်ချင်တယ်ဆို...အခုတော့ ဘောလုံး မကန်နိုင်တော့ဘူးလား သနားစရာ ကောင်းလိုက်တာနော်...ဒါဆို လက်ဆောင်ပေးလိုက်မယ်နော်.ကျွန်တော့် လက်ဆောင်ကို လက်ခံမယ် မလား"

ရှောင်မိုရဲ့ အသံကိုကြားတော့ မင်းသမီး၆လည်း မျက်ဖြူလန်ကာ မူးလဲသွားတော့တယ်။

"ပျင်းဖို့ ကောင်းလိုက်တာနော်"
ရှောင်မိုလည်း သူမရဲ့ နှုတ်ခမ်းလေးကို တွန့်ကွေးကာ ဦးခေါင်းကို လည်ပင်းပေါ် ပြန်တင်လိုက်တယ်။

"မေမေရယ်...ဒီမိန်းမကြီး မူးလဲတာ လွယ်ကူလိုက်တာနော်.သားတို့ ဘာဆက္လုပ္မလဲ"

ရှောင်မိုလည်း ယွမ်လော့ဖုန်းကို လှည့်ကြည့်ရင်း စောနက ဒေါသထွက်နေတဲ့ ယွမ်လော့ကို ရှာတွေ့သွားတယ်။သူ့မှာဒူးတုန်နေအောင် ကြောက်ရွံ့မိတာကြောင့် တအံ့တဩကြီး ဖြစ်နေခဲ့တယ်။

အပြစ်ရှိသလို ခံးစားမိတာကြောင့် သူလည်း နူးနူးညံ့ညံ့လေး ခေါ်လိုက်တယ်။
"ဘိုးဘိုး"

ရှောင်မိုရဲ့ အသံကိုကြားတော့ ယွမ်လော့လည်း မျက်ဖြူလန်ကာ လဲကျသွားတယ်။

စိတ်မာတဲ့ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်က ချွင်းချက်ပေါ့။

"ဘိုးဘိုး"
ယွမ်လော့ဖုန်းလည်း သူမရဲ့ အဘိုး အနား အလျင်စလို ပြေးသွားလိုက်တယ်။

ယွမ်လော့လည်း တဖြည်းဖြည်းချင်း နိုးထလာခဲ့တယ်။
"ဖုန်းအာ ဘိုးဘိုး..အိပ်မက် မက်နေတာလားရှောင်မိုက သူ့ခေါင်းသူ ဖြုတ်လိုက်တယ် "

တစ်ဖက်မှာ တိတ္ဆိတ္စြာ ရပ်နေတဲ့ ရှောင်မိုကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။
"မြေး အဘိုးကို တောင်းပန်ချင်တယ်"

"ဘာမ်ားလဲ"
ယွမ်လော့လည်း တအံ့တဩ မေးလိုက်တယ်။

"ပိုင်စုက မြေးကို ပိုးပန်းမှာ စိုးရိမ်လို့ ဟန်ဆောင်လိုက်တာပါ"

ယွမ်လော့ဖုန်းလည်း ဘေးနားမှာ ရပ်နေတဲ့ ရှောင်မိုကို ဆြဲကာ ဆက်ပြောလိုက်တယ်။

"ဒီကေလးက ကြည့်လိုက်ရင်သာ ၆နှစ်အရွယ်လို့ ထင်ထားတာ...တကယ်တမ်းတော့.... သူ့အသက်က မြေးနဲ့အဘိုး ပေါင်းတဲ့ အသက်ထက် များပါတယ်"

ယွမ်လော့လည်း နားမလည်နိုင်စွာ မေးလိုက်တယ်။
"ဖုန်းအာ ဘာကို ဆိုလိုချင်တာလဲ. ငါ နားမလည်ဘူး"

ရှောင်မိုရဲ့အသက်က မြေးတို့နှစ်ယောက်ပေါင်း အသက်ထက် ပိုကြီးတယ်။

သူက၅ နှစ် ၆နှစ်လောက်ပဲရှိဦးမှာလေ။

"သူက လူ မဟုတ္ဘူး"
နောက်ဆုံးတော့ ရှောင်မို ဘယ္သူလဲဆိုတာ ယွမ်လော့ဖုန်း ထုတ်ဖော်လိုက်ပါပြီ။

"ဘိုးဘိုးကို ဖုံးကွယ်ခဲ့မိပြီ"
ယွမ်လော့ဖုန်းလည်း အဘိုးဖြစ်သူကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်တယ်။

"တခြားသူတွေက ကျွန်မကို ကိုယ့်အရည်အချင်း ဖုံးကွယ်ထားတယ်လို့ ပြောကြတယ် တကယ်တမ်းတော့ ဘာဆိုဘာမွ မဖုံးကြယ္ထားပါဘူး သုံးစားမရတဲ့ လူတစ်ယောက် ဖြစ်ခဲ့တာပါ"

Chapter-681
End

အပိုင်း(၆၈၂)
ဖွင့်ဟ ဝန်ခံခြင်း (၄)

ပါးစပ် အဟောင်းသားနဲ့ ယွမ်လော့လည်း ယွမ်လော့ဖုန်းကို တအံ့တသြ ကြည့်လိုက်တယ်။

မြေး ပြောချင်တာက ၂နှစ်အတွင်း အမွိုက္ဘဝက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဘဝကို ရောက်အောင် လေ့ကျင့်ခဲ့တာလား

၂နှစ်အတွင်း ဒီလိုပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

အမှန်ပါပဲ
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်ကာ ပြောလိုက်တယ်။
ဒါတွေ အားလုံးက မြေး ရှောင်မိုနဲ့တွေ့ခဲ့လို့လေ.သူက ရှင်သန်လာတာ ကြာပြီဆိုတော့ အမွိုက္ဘဝက ပညာရှင်ဘဝရောက်အောင် ဘယ္လို တည်ဆောက်ရမလဲ သိတယ်

ယွမ်လော့ဖုန်း ပြောတာ မှန်ပါတယ်။ ရှောင်မိုပေးတဲ့ ဆေးညွှန်းကြောင့်သာ မဟုတ်ရင် သူမက အမှိုက် အဆင့်အတန်းမှာ ညှိတွယ်နေဦးမှာလေ ဒါပေမဲ့လည်း သူ ယွမ်လော့ကို မပြောပြရသေးတာ အများကြီး ရှိပါသေးတယ်။ ဥပမာအနေနဲ့ဆိုရင် အချိန်ခရီးသွားတာ ဆေးစိုက်ခင်း အကြောင်းတွေပေါ့။

ယွမ်လော့လည်း သူမကို တအံတသြ ငေးကြည့်လိုက်တယ်။
ဘာပဲဖြစ်ဖြစ်ပါလေ သူမက သူ့မြေးဒါဆိုရင် လုံလောက်ပြီ။

ဖုန်းအာ အဘိုး ပြောချင်တာက
ယွမ်လော့လည်း ကြမ်းပြင်ပေါ်မှ ထလိုက်ပြီး ခပ္မာမာ ပြောလိုက်တယ်။
ရှောင်မိုက မြေးလေး မွေးထားတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေသူ့အသက် ဘယ်လောက်ရှိရှိ ဘိုးဘိုး ဂရုမစိုက်ဘူးသူက ဘိုးဘိုးရဲ့ မြေးပဲ

ယွမ်လော့က ရှောင်မိုကို တကယ်ပဲ နှစ်သက်ပါတယ်။ သူ့ကို ယွမ်လော့ဖုန်း မွေးဖွားထားတာ မဟုတ်ရင်တောင် သူ့ကို မြေးအရင်းတစ်ယောက်လို ပြုမူနေမှာပါ။

ဘိုးရဲ့ သဘောအတိုင်းပါပဲ
ယွမ်လော့ဖုန်းလည်း ပခုံးတွန့်ကာ ရှောင်မိုဘက် လှည့်ကြည့်လိုက်တယ်။
နင့် ငါ့ကို အမေ့လို့ ခေါ်စရာ မလိုအပ်တော့ဘူး. နောက်တစ်ခါ ငါ့အဘိုးကို မခြောက်လန့်နဲ့

ရှောင်မိုလည်း မျက်နှာချိုသွေးကာ ပြုံးပြလိုက်တယ်။
သခင်.. ကျွန်တော့် အဘိုး ရှိနေတာကို မေ့လျော့ပြီး ခြောက်လန့်မိသွားတယ် ကတိပေးတယ် နောက်ဆို မလုပ်တော့ဘူး

သူ့ကို အဘိုးလို့ ခေါ်တော့ သူ ပျော်ရွှင်ရတယ် ဒါပေမဲ့လည်း သူ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ကို လေးတွဲ့စွာ ကြည့်လိုက်တယ်။

နင်တို့နှစ်ယောက် ဘယ်အချိန် ကေလးရမွာလဲ

အမ်
ယွမ်လော့ဖုန်းလည်း သူမရဲ့နှာခေါင်းကို ထိကပ်လိုက်တယ်။
မြေးဘက်ကတော့ မေသခ်ာဘူး

ငါ့ကို အချိန်အတိအကျပေး
ယွမ်လော့လည်း သူမကို စူးစူးစိုက်စိုက် ကြည့်ကာ မေးလိုက်တယ်။

မြေး နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်မှ ထင်တယ်

ဘာ
ယွမ်လော့လည်း ဒေါသတကြီး ခုန်ပေါက်လိုက်တယ်။
နင်က ဘယ်အချိန် ဘယ္ကာလမွ နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်မှာလဲငါ ဘယ်အထိ စောင့်ရမလဲ လက်မခံနိုင်ဘူး. ငါ့မြေးလိုချင်တယ်. ငါ နင့်ကို အခုချက်ချင်း လက်ထပ်ဖို့ အမိန့်ပေးတယ် တတ်နိုင်သမျှ မြန်မြန် ငါ့ကို ကေလး မွေးပေး ဒါက အမိန့်ပဲ

စိတ်မပူပါနဲ့ စစ်သူကြီးယွမ်
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို သူ့အနား ဆွဲခေါ်ကာ သူမရဲ့ အသက်ရှူမှားလောက်တဲ့ မျက်နှာလေးကို ငေးမော ကြည့်လိုက်တယ်။
တာဝန္ကို တတ်နိုင်သမျှ မြန်မြန် ကျေပွန်စေပါမယ်

စစ်သူကြီးယွမ် ဘိုးဘိုးလို့ ခေါ်သင့်တယ်လေ
ယွမ်လော့လည်း ယွမ်ရှောင်ကို ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်တယ်။

ဒီလို ပုံစံကို မြင်နေရတော့ ယွမ်ရှောင်က အဘိုးရဲ့ မြေးအရင်းများလားလို့ သူမ သံသယဝင်မိပါရဲ့ သူမကို မွေးစားထား သလား။ သူမကိုဆို ခွဲခွဲခြားခြား ဆက်ဆံလွန်းတယ်။

သို့သော်လည်း ယွမ်လော့ရဲ့ စကားကို ကြားတော့ ယွမ်ရှောင်တစ်ယောက် မာမာဆတ်ဆတ် ပုံစံမျိုးနဲ့ ပါပဲ။ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သော်လည်း သူ့မှာ မိသားစု မရွိခဲ့ပါဘူး. အထူးသဖြင့် အဘိုးဆိုတဲ့ နေရာပေါ့ ဒါကြောင့် သူ့အတွက် ဒီစကားပြောဖို့ ခဲယဉ်း လွန်းပါတယ်။

ယွမ်ရှောင်တစ်ယောက် ရှိုးတိုးရှန်တန့် ဖြစ်နေတာကို မြင်တော့ ယွမ်လော့ဖုန်းလည်း သူ့ဘက်လှည့်ကာ တစ်စုံတစ်ရာကို ပြောချင်ပါရဲ့။ ဒါပေမဲ့လည်း ခဏလေးအတွင်းမှာ အေးတိအေးစက် ခပ်သြသြ အသံကို သူမ ကြားလိုက်ရတယ်။

ဘိုးဘိုး

အသံက အေတာ့္ကို ကို့ရို့ကားရားနိုင်ပါရဲ့။ သူ့ဘက်က ဒီစကားလုံးကို သုံးလေ့ သုံးထ မရှိမှန်း သိသားလွန်းပါတယ်။

ဟား
ယွမ်လော့လည်း စိတ်ကြိုက် အော်ရယ်လိုက်တယ်။
ဒီစကားကို ကြားရတာ အရမ်းကို ပျော်ဖို့ ကောင်းတယ်

Chapter-682
End

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၈)
ဘာသာပြန်ဆိုသူ သကြားလုံးလေး(ခ) ချိုသင်းမာ

683+684

အပိုင်း(၆၈၃)
ဖွင့်ဟ ဝန်ခံခြင်း (၆)

ယွမ်လော့ဖုန်း နည်းနည်းတော့ မကျေမနပ် ဖြစ်မိပါရဲ့။
မြေးက ဘိုးဘိုးလို့ ခေါ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ. ဒါပေမဲ့ ဘိုးဘိုး ဒီလောက်ပျော်တာ မမြင်ဖူးဘူး

ဘိုးကို ဘိုးရဲ့ မြေးသားမက်က ခေါ်လို့လေ

ဘိုးဘိုး မြေးက ဘိုးရဲ့ မြေးအရင်းမှ ဟုတ်ရဲ့လား

နင်သာ ငါ့ကို နေ့တိုင်း စိတ်ရှုပ်အောင် မလုပ်ရင်တော့ နင့်ကို ငါ့မြေးအဖြစ် သတ်မှတ်ပေးပါ့မယ်
ယွမ်လော့လည်း ထေ့ငေါ့ကာ ဆက်ပြောလိုက်တယ်။
ပြဿနာကို ဖြေရှင်းလိုက်တယ်တော့ ငါ လက်ဖက်ရည်သွားသောက်ဦးမယ်

ထိုစကားကို ပြောပြီးတာနဲ့ ယွမ်လော့လည်း ခန်းမဆောင်ထဲမှ လှည့်ထွက်လာခဲ့တယ်။
တကယ်တမ်းတော့ ယွမ်လော့က သူမကို အရမ်း ဂရုစိုက်ပါတယ်။ယွမ်လော့ဖုန်း အနိုင်ကျင့်ခံရရင် သူမကို ကာကွယ်ဖို့ ပထမဆုံး သွားမယ့်လူက သူပါ။

ငါ့ကို ချစ်ရင် ငါနဲ့ သက်ဆိုင်သူများကိုလည်း ချစ်ခင်ပါ။

ဒါကြောင့်လည်း ယွမ်လော့က သူ့မြေးကို ရင်နင့်အောင် ချစ်ခင်တာကြောင့် ယွမ်ရှောင်ကိုလည်း လက်သင့်ခံတာပေါ့။
အကယ်၍ ကြမ္လန္လို ယောကျ်ားမျိုးဆိုရင်တော့ ယွမ်လော့ဖုန်း ကြိုက်ရင်တောင် သူ့ဘက်က လက်မခံနိုင်ဘူး။

ယွမ်လော့ဖုန်းလည်း မူးလဲသြားတဲ့ မင်းသမီး၆ဘက် လှည့်ကြည့်လိုက်ကာ အေးတိအေးစက် အမိန့်ပေးလိုက်တယ်။ သူ့မျက်ဝန်းမှာ ချမ်းစိမ့်စိမ့် အငွေ့အသက်များ ဖြစ်တည်နေခဲ့တယ်။
ရှောင်မို သူမကို နိုးစမ်းပါ

သခင်က လူမွန္သူမွန္ကို ရွေးလိုက်တာပဲ. လူတွေကို နိုးတဲ့ နေရာမှာ သားက ဆရာကြီးလေ
ရှောင်မိုလည်း မကောင်းဆိုးဝါးဆန်တဲ့ အပြုံးကို ဖန်ဆင်းလိုက်လေရဲ့။ သူလည်း မင်းသမီး၆ အနားဖြည်းဖြည်းချင်း လျှောက်လှမ်းလိုက်တယ်။ လရောင်အောက်မှာ တောက်ပနေတဲ့ ဓားမြှောင်တစ်လက် သူ့လက်ထဲမှာ ရှိနေခဲ့တယ်။

အား
ရှောင်မိုက ဓားမြှောင်နဲ့ မင်းသမီးရဲ့ လက်ချောင်းကို ဖြတ်လိုက်တော့ သူမ ချက်ချင်း နိုးထလာခဲ့တယ်။ သူမကို မဲ့ပြုံးပြုံးကာ ကြည့်နေတဲ့ ရှောင်မိုကို ကြည့်ကာ သူမမွာ တုန်တုန်ယင်ယင် ဖြစ်ရတယ်။

နင်နင် ငါ့အနား မလာနဲ့. ဆရာ တပည့်ကို ကယ်ပါ

ကံဆိုးသွားရှာပြီ. ပညာရှိအမတ်ကိုယ်တိုင်လည်း ရှောင်မိုရဲ့ ယခင် အပြုအမူကြောင့် အသိစိတ် ကင်းမဲ့အောင် ကြောက်လန့် ခြောက်ခြားနေရတယ်။ မင်းသမီးရဲ့ အကူအညီတောင်းသံကို တုံ့ပြန်ဖို့တောင် သတိမမူမိပါဘူး။

ပျော်ဖို့ ရွှင်ဖို့ သားရဲ့ ဦးခေါင်းကို ကန်ချင်သေးလား
ရှောင်မိုလည်း စဉ်းလဲစွာ ပြုံးလိုက်တယ်။
မင်းလိုချင်သေးရင်တော့ ငါ့ ခေါင်းကို နောက်တစ်ခါ ဖြုတ်ပေးရလဲ ကိစ္စ မရွိပါဘူး

မလိုဘူး မလိုဘူး ငါ့ကို ခွင့်လွှတ်ပေးပါ နောက်တစ်ခါ အမှားမလုပ်တော့ပါဘူး

မင်းသမီးလည်းချက်ချင်း ဒူးထောက်ကာ ဦးတိုက် တောင်းပန်တော့တယ်။ သူမရဲ့ ဦးခေါင်းကို ကြမ်းပြင်နဲ့ ခပ်ပြင်းပြင်း တိုက်နေခဲ့တယ်။ သူမရဲ့ နဖူး သွေးထွက်နေတာကို တောင် သတိမထားမိဘူး ။ ကိုယ့်ဘာသာ သေကြောင်းကြံတာ မကြောက်ဘူးလို့ တွေးမိထားသော်လည်း ဇိမ်ခံပစ္စည်း အပြည့်များနဲ့ အလိုလိုက် အကြိုက်ဆောင် ဘဝကိုတော့ သူမ မစွန့်လွှတ်ဘူး။ သူမ အမှန်အကန်ကို မသေချင်ဘူး။

ငါ့အမေရဲ့လူကို ခိုးယူချင်သေးလား

မလုပ်ရဲတော့ပါဘူး

ကြောက်လန့်တကြားနဲ့ မင်းသမီးလည်း ဖြူဖျော့နေသော နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း ဖိကိုက်လိုက်တယ်။ယွမ်လော့ဖုန်းရဲ့သားကို လူထူးလူဆန်းလို့ တွေးမိလို့ ထင်ပါတယ်။

လူထူးလူဆန်းသာ အသက်ရှိနေစဉ်မှာ ခေါင်းကို ဖြတ်နိုင်မှာပေါ့။

မင်းသမီးက ရှောင်မိုဟာ လူသား မဟုတ်မှန်း မသိပါဘူး။ ဒါပေမဲ့ကောင်ကင်ဘုံနဲ့ မြေကြီးကြားမှာ စိတ်စွမ်းအားများကြောင့် ဖြစ်တည်လာခဲ့တ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပါ။ တန်ခိုးမြင့်မားတဲ့ ပြိုင်ဘက် တစ်ယောက်က သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးမယ်ဆိုရင်တောင် သူက မသေနိုင်ပါဘူး။

နင် မလုပ်ဘူးပေါ့ ဟုတ္လား ကံဆိုးသွားပြီ အရမ်းကို နောက်ကျသွားပြီ
ရှောင်မိုလည်း ဟားတိုက် ရယ်မောလိုက်တယ်။သူလည်း ယွမ်ရှောင်ဘက် လှည့်ကာ မျက်ခုံးပင့်လိုက်တယ်။
အဖေယွမ်ရှောင် သူမကို ဘယ္လို စာရင်းရှင်းသင့်တယ်လို့ ထင်လဲ

ယွမ်လော့ဖုန်းက သူတို့ကို အေဖ နဲ့ အမေလို့ မခေါ်ဖို့  ပြောသော်လည်း ယွမ်ရှောင်ကို ငမ်းငမ်းတက် လိုချင်နေတဲ့ မင်းသမီး ရှေ့မှာ ဒီစကားလုံးကို သုံးနှုန်းတာပေါ့။

သူမကို မသေမချင်း နှိပ်စက်လိုက်တော့
ထိုလူရဲ့အသံက အမြဲတမ်းလို သွေးအေးနေတုန်းပါ။ မင်းသမီးရဲ့စိတ်ကို ကြေကွဲစေပါတယ်။

သူမကို မသေမချင်း နှိပ်စက်မယ်တဲ့လား။

ဒါဆို အခုချက်ချင်း သူမ သေသွားတာမှ ပိုကောင်းမယ်။

လက်မခံနိုင်ဘူး
မင်းသမီးလည်း တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်တယ်။
ရှင်  ဒီလို မလုပ်ရဘူး. ကျွန်မ  လက်မခံနိုင်ဘူး

Chapter-683
End

အပိုင်း(၆၈၄)
မွေးနေ့ ဧည့်ခံပွဲ (၁)

ပါးစပ် ပိတ်ထားစမ်း

ရှောင်မိုရဲ့မျက်နှာဟာ မည်းမှောင်နေခဲ့ပြီး မင်းသမီးရဲ့ ရင်ဘတ်ကို ခပ်ကြမ်းကြမ်း ဆောင့်ကန်ကာ သွေးအေးစွာ ပြောလိုက်တယ်။
ယွမ်အိမ်တော်မှာ ဆူဆူညံ့ညံ့ လုပ်ဖို့ ခွင့်ပြုထားလို့လား ငါ့အေဖက နင့်ကို မသေမချင်း ညှဉ်းပန်း နှိပ်စက်ချင်တယ် ဒါကြောင့် နင် ဒီလို အတိုင်းပဲ ဖြစ်ရမယ် ဒါပေမဲ့ နင့်ကြောင့် သူတို့လက်ကို မစွန်းထင်းစေချင်ဘူး

ရှောင်မို ကန္တာကို ခံလိုက်ရတာကြောင့် မင်းသမီးမှာ သွေးအန်တော့တယ်။ ဖြူဖျော့သော သူ့မျက်နှာက တုန်လှုပ် ချောက်ချားမှုဖြင့် ပြည့်နှက်နေခဲ့တယ်။
သူမ မခုခံနိုင်တဲ့အထိ ဒီကေလး အစွမ်းထက်မယ်လို့ မထင်ခဲ့မိဘူး။

နို့လက်ဖက်ရည်လေး.
ရှောင်မိုလည်း မေးမော့လိုက်တယ်။

ဒီမိန်းမက အပိုင်းပိုင်း ဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်စမ်း မေ့နေလိုက်တာနော် နင့်ကို မသေမချင်း နှိပ်စက်ခိုင်းထားတယ် သူမကို စောစောစီးစီး မသတ်နဲ့. ရက်အနည်းငယ်တော့ အသက်ရှင်ခွင့် ပေးထားလိုက်

ကျွီ.

တကျွီကျွီ အော်ရင်း နို့လက်ဖက်ရည်လေးလည်း ယွမ်လော့ဖုန်းရဲ့ အင်္ကျီလက်ထဲမှ ထြက္လာကာ ခါးထောက် မတ်တတ် ရပ်ရင်း ကားကားကားနဲ့ မင်းသမီးအနား လျှောက်လာခဲ့တယ်။

နင်က ငါ့သခင်ကို ခြိမ်းခြောက်ရဲတယ်လား အခု နင် တန်ရာတန်ကြေး ပြန်ပေးရမယ်

နို့လက်ဖက်ရည်လေးလည်း မင်းသမီးကို အထင်မြင်သေးစွာ ကြည့်ရင်း လူသားတစ်ယောက်လို စကားပြောလိုက်တယ်။ သူ့စွမ်းအားကိုလည်း ဖုံးကွယ်ထားခြင်း မရှိတော့ဘူး။

ရှောင်မို ခေါင်းဖြတ်တည်းက မင်းသမီးမှာ တုန်လှုပ်နေတာပါ။ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ သူမအနား ချဉ်းကပ်လာတဲ့ ရွှေရှာ ကြွက်လေးကို ကြည့်ကာ သူမရဲ့ နှလုံးသားမှာ စိတ်ပျက် ကြေကွဲမှုများ ပြည့်နှက်လာရတယ်။ ယြမ္မိသားစုကို လျော့တွက်ခဲ့မိမှန်း သူမ နားလည်လာခဲ့တယ်။

တော်ဝင်မိသားစု တစ္စုလုံးကို ဒီ စိတ်ဝိညာဉ် သားရဲတစ်ကောင်တည်းနဲ့ အနိုင်ယူနိုင်တယ်။ ဒီသားရဲက လူစကားပြောနိုင်တယ်လား။ ဒီအတွေးကြောင့် မင်းသမီးလည်း မျက်ဝန်းများကို ပိတ်ထားလိုက်တယ်။ သူမရဲ့နှလုံးသားမှာ နောင်တ တရားမ်ား ပြည့်နှက် ဖုံးလွှမ်းနေရတယ်။

ရှောင်မို ယွမ်အိမ်တော်ကို သွေးစွန်းထင်းနေမယ် သေချာလေး သန့်ရှင်းထားနော်

ဒီစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းလည်း ခန်းမဆောင်မှ ကျောခိုင်းထွက်ခွာ လာခဲ့တယ်။

သူမက ရက်စက်နေ သလား။

ဒီကုန်းမြေစုမှ, အာဏာရွိသူပဲ တည်မြဲတယ်. သူမ မရက်စက်နိုင်ရင် သူမ အတွက် အတားအဆီး ရှိလာနိုင်တယ်။သူမကို ရှောင်မိုနဲ့ ခြိမ်းခြောက်ရဲတယ်။ ရှောင်မိုက သူမကို မကြောက်ရင်တောင် သူမကေတာ့ သည်းမခံနိုင်ဘူး။ဘယ်သူမှ သူမရဲ့ မိသားစုကို ခြိမ်းခြောက်လို့ မရဘူး။

မှန်ပါတယ်။ ယွမ်လော့ဖုန်းရဲ့ နှလုံးသားထဲမှာ ရှောင်မိုက သူမရဲ့ မိသားစုဝင် ဖြစ်နေပြီးသားပါ။သူ့ကြောင့် သူမက စမ်းသပ်မှု ပေါက်ကွဲခြင်းမှာ မေသဆုံးဘဲ ဒီလို အဆင့်အတန်းမျိုးနဲ့ နေနိုင်တာပေါ့။

ယွမ်ရှောင်
ယွမ်လော့ဖုန်းလည်း ရပ်တန့်လိုက်ပြီး သူမရဲ့ဘေးနားက အမျိုးသားကို လှည့်ကြည့်လိုက်တယ်။
တစ်စုံတစ်ယောက်က ရှင်နဲ့ ကျွန်မရဲ့ မိသားစုကို ခြိမ်းခြောက်တဲ့ စကားပြောရင် တစ်လောကလုံးနဲ့ ထိပ်တိုက် ရင်ဆိုင်ရလဲ အဲဒီလူတွေကို ငရဲပို့ပစ်မယ်

ပြတ်သားသော အကြည့်များနဲ့ ယွမ်ရှောင်လည်း သူမရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ်။
မင်း ဘာပဲဖြစ်ဖြစ် ကိုယ် မင်းအနားမှာ အမြဲ အဖော်ပြုပေးမယ်

သူမက တစ်လောကလုံးနဲ့ ထိပ်တိုက် ရင်ဆိုင်ရင်ပေါ့

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။ သူမရဲ့ အပြုံးက နူးညံ့ပြီး ခက်ထန်မှု မကျေနပ်မှု မရှိအောင်ကို လှပလွန်းပါတယ်။

ယွမ်ရှောင် ပြန်လည်ဝင်စားတာကို ရှင် ယုံကြည်လား
သူမလည်း ဖြည်းဖြည်းချင်း အေဝးကို ငေးကြည့်ကာ ယွမ်ရှောင် ပြန်မဖြေခင် ဆက်ပြောလိုက်တယ်။
ကျွန်မမှာ အရင်က ပျော်စရာကောင်းတဲ့ မိသားစု ဘဝ ရှိခဲ့တယ် ဒါပေမဲ့ ကျွန်မမှာ ချမ်းသားတဲ့ အေဖ ရှိခဲ့လို့ တစ်စုံတစ်ယောက်က ကျွန်မရဲ့ တစ္မိသားစုလုံးကို သတ်ခဲ့တယ် အဲဒီအချိန်တုန်းက ကျွန်မက ငယ်သေးတယ် အေမက ကျွန်မကို ဖွက်ထားပေးခဲ့လို့ ဆင်းရဲဒုက္ခက လွတ်မြောက်ခဲ့တယ်ဒါပေမဲ့ ကျွန်မရဲ့ မိဘနှစ်ပါး သွေးအိုင်ထဲမှာ သေဆုံးသွားတာကို ဒီအတိုင်း ကြည့်နေခဲ့ရတယ်. ပြန်ပြောရင်တောင် ချောက်ချားရတယ်

ကျွန်မရဲ့ မိဘေတြကို သတ်ခဲ့တဲ့ လူသတ္သမားက ကျွန်မကို မွေးစားပြီး စည်းစိမ် အားလုံးကို အပိုင်သိမ်းခဲ့တယ်. နှစ် အနည်းငယ်လည်း ကြာတော့ ကျွန်မကို မိဘမဲ့ ဂေဟာ ပို့ခဲ့တယ်

သူမရဲ့ အတိတ္ဘဝကို ပြန်တွေးရင်း ယွမ်လော့ဖုန်းမှာ ပိုမိုကာ ဆုံးဖြတ်ချက် ခိုင်မာလာရတယ်။

Chapter-684
End

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၈)
ဘာသာပြန်ဆိုသူ: သကြားလုံးလေး
685+686

အပိုင်း(၆၈၅)
မွေးနေ့ ဧည့်ခံပွဲ (၂)

ကျွန်မရဲ့အတိတ်ဘဝတုန်းက ဒီကုန်းမြေစုမှာ နေထိုင်ခဲ့တာ မဟုတ္ဘူးအဲဒီ ကုန်းမြေစုမှာ စိတ်စွမ်းအား မရွိသလို စိတ်စွမ်းအား ကျင့်ကြံသူလည်း မရွိဘူး အဲလိုတောင် နိုင်ရာစား လောကကြီးရဲ့ ဥပဒေအတိုင်း အုပ်ချုပ်တယ်

မိဘမဲ့ ဂေဟာမှာ နေထိုင်ရတဲ့ အချိန်တုန်းကဆိုရင် ဘဝမွာ ခက်ခဲ ပင်ပန်းခဲ့သလိုတခြားသောသူများရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရတယ် မရေမတွက်နိုင်အောင် နောက်ကျောကို ဓားနဲ့ အထိုးခံရေတာ့ ကြင်နာတတ်တာ အသုံးမဝင်မှန်း သိလာခဲ့တယ်။ ခွန်အားရှိမှ ရမယ်မှန်း သိလာခဲ့တယ်။
နောက်တစ်ဖန် ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ဘက် လှည့်ကြည့်ကာ ဆက်လက် ပြောလိုက်တယ်။
ဒါကြောင့် ဒီဘဝမွာ တခြားသောသူတွေထက် သန်မာဖို့ မျှော်လင့်ခဲ့တယ် ကျွန်မ ရှင်သန်ချင်လို့ ကျွန်မ စွမ်းအားကို ပိုင်ဆိုင်ချင်တယ်

ယွမ်ရှောင် ကျွန်မ ပြောနေတာကို ယုံကြည်ရဲ့လား
ယွမ်လော့ဖုန်းလည်း သူ့ကို မျက်တောင် မခတ် ကြည့်လိုက်တယ်။ သူ့မျက်ဝန်းမှာ တောက်ပသော အလင်းတန်းများ ဖြာဆင်းနေခဲ့တယ်။

ယွမ်ရှောင်လည်း သူမကို ဖက်ထားလိုက်တယ်။သူမရဲ့ ခန္ဓာကိုယ်က အေးစက်နေမှန်း ခံစားမိတာကြောင့် သူမကို နှစ်သိမ့်ဖို့ ကြိုးပမ်းလိုက်တယ်။

ကိုယ် မင်းပြောသမျှ စကားလုံးတိုင်းကို ယုံကြည်တယ်

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
အားလုံးကလည်း ပြီးခဲ့ပါပြီ အခုဆို ကျွန်မမှာ ဘဝအသစ်လည်း ရှိနေပြီ အဲဒီ လောကကြီးမှာ  မိသားစုလည်း မရွိခဲ့ဘူး ကျွန်မ ဂရုစိုက်တဲ့လူက ကျွန်မရဲ့ ဆရာတစ်ယောက်တည်းရှိတယ် ကံဆိုးတော့ မိဘတွေအတွက် လက္စား မချေနိုင်ခင်မှာ သေဆုံးခဲ့ရတယ်

ကျွန်မ နေထိုင်ခဲ့တဲ့ နေရာကို ဟွားရှားလို့ ခေါ်တယ် ကျွန်မရဲ့ မိဘေတြကို သတ်ခဲ့တဲ့လူက အဲဒီမွာ အာဏာ ရှိတယ်

သူမရဲ့ မိဘတွေအတွက် လက္စား မချေနိုင်တာ သူမအတွက်တော့ ကြီးမားတဲ့ နောင်တ ပါပဲ။

ယွမ်ရှောင်လည်း မ်က္လုံးပိတ္ကာ ဆုံးဖြတ်ချက် တစ္ခုကို ချမှတ်လိုက်တယ်။

ယွမ်ရှောင် သိပ်မကြာခင်မှာ ဘိုးဘိုးရဲ့ မွေးနေ့ ရောက်တော့မယ် ဘိုးရဲ့ မွေးနေ့ပြီးတာနဲ့ ပြန်လမ်းမဲ့ သစ်တောရဲ့ တခြားဘက် အခြမ်းကို သွားမယ်

ယွမ်လော့ရဲ့ မွေးနေ့အတွက် သူမက လက်ဆောင် ပေးဦးမှာပါ။

ယွမ်လော့ဖုန်းရဲ့ ထြက္ခြာသြားတဲ့ အရိပ်လေးကို ကြည့်ရင်း ယွမ်ရှောင်လည်း အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
ချင်ယွမ်.ဟြားရွားဆိုတဲ့ ကုန်းမြေစု ရွိလား စုံစမ်းကြည့်

ဟုတ်ကဲ့ပါ သခင်

သူ့နောက်မှာ ချင်ယွမ်လည်း ကျိုးကျိုးနွံနွံ ဂါရဝပြုလိုက်သော်လည်း သူမရဲ့ မျက်ဝန်းမှာ နားမလည်နိုင်တဲ့ အကြည့်များ ဖြစ်တည်နေခဲ့တယ်။

ဟြားရွား.ဘာကြောင့်များ အဲဒီနေရာကို သူ မကြားဖူးလဲ။

ဒါပေမဲ့လည်း ယွမ်ရှောင်ကို မမေးရဲပါဘူး။သခင့်က အဲဒီနေရာကို ရှာဖို့ ပြောတော့လည်း ဟြားရွားဆိုတဲ့ ကုန်းမြေစုကို ရှာဖို့ အကောင်းဆုံး ကြိုးစားရမှာပေါ့။

ဒါနဲ့
ယွမ်ရှောင်လည်း အသိစိတ်ကင်းမဲ့တဲ့ ပညာရွိအမတ္ကို သွေးအေးစွာ ကြည့်ရင်း အမိန့်ပေးလိုက်တယ်။
သူ့ဒန်တန်ကို ဖျက်ဆီးပြီး ကန်ထုတ်လိုက်တော့ ယြမ္မိသားစုထဲ နောက်တစ်ကြိမ် လာရဲရင် သူ့ခြေထောက်တွေကို ချိုးလိုက်တော့

ဟုတ်ကဲ့ပါ သခင်
ချင်ယွမ်လည်း ပညာရွိကို သနားသော အကြည့်နဲ့ ကြည့်လိုက်တယ်။ ဒီလူက အရူးမင်းသမီးကို သူ့ တပည့်အနေနဲ့ မခေါ်လာသင့်ဘူး။ အခုတော့ သူ့ရဲ့လုပ်ရပ်ကြောင့် နာကျင်ခံစားရပြီ။ သခင့်ကို ရန်စပြီး ယွမ်အိမ်တော်ကို နောက်တစ်ခါ လာရဲသေးတယ်။ ဒီလူကို မသတ်တဲ့ သူ့သခင့်ကို လေးစားမိပါရဲ့။

ချင်ယွမ်
ယွမ်ရှောင်လည်း ခဏရပ်တန့်ကာ တျခား အမိန့်ပေးလိုက်တယ်။
ဒီကနေ့ ဒီမွာ ဘာဖြစ်ခဲ့လဲဆိုတာ သတင်းလွှင့်မယ် လူတိုင်း ဒီအကြောင်းကို သိစေရမယ်
ဒီစကားကို ပြောပြီးတဲ့နောက် ယွမ်ရှောင်လည်း တိတ်တဆိတ် ထွက်ခွာလာခဲ့တယ်။ သူ့ရဲ့ အေးတိအေးစက် ပုံရိပ္က လရောင်အောက်မှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့တယ်။

Chapter-685
End
အပိုင်း(၆၈၆)
မွေနေ့ ဧည့်ခံပွဲ (၃)

ချင်ယွမ်က သူ့အလုပ်မှာ အေတာ့္ကို ကျွမ်းကျင်ပြီး တာဝန် ကျေပွန်ပါတယ်။

မင်းသမီးရဲ့ အပြုအမူက တကယ့်ကို တရားလွန်ပါတယ်။ ချင်ယွမ်က သူမရဲ့ အပြုအမူဆိုးကို ချဲ့ကား မပြောရင်တောင် အားလုံးက သူမကို လန့်မိပါရဲ့။
နေ့ချင်းပဲ မင်းသမီး၆ . စစ်သူကြီးအိမ်တော်မှာ ဘာလုပ်ခဲ့လဲ တော်ဝင်မိသားစု အားလုံး သိခဲ့ရတယ်။

သူမက ယွမ်လော့ဖုန်းနဲ့ စေ့စပ်ထားတဲ့သူကို ပထမဆုံး ဆုံတွေ့ချိန်မှာပဲ ချစ်ခင်မိပြီး ယွမ်လော့ဖုန်းရဲ့ နေရာမှာ အစားထိုးဖို့ ကြိုးစားခဲ့တယ်။ဒါပေမဲ့ ယွမ်လော့ဖုန်းက ငြင်းဆန်ခဲ့လို့ သူမရဲ့သားကို ဖမ်းဆီးပြီး ခြိမ်းခြောက်ပြန် သတဲ့။ သူမ လိုချင်တာက ယွမ်လော့ဖုန်းနဲ့ စေ့စပ်ထားတဲ့ အမျိုးသားနဲ့ တစ္ည အိပ်ဖို့ပဲ။ သူ့ကိုယ်သူ အရှက်မဲ့စွာ ယောကျ်ား တစ်ယောက်ရဲ့လက်ထဲ ခန္ဓာကိုယ်ကို အတင်းထိုးအပ်နေတယ်။

ဘယ္သူမွ ရှောင်မို ဦးခေါင်းဖြုတ်တဲ့ ကိစ္စကို မသိပါဘူး။ မင်းသမီး၆က ယွမ်မိသားစုရဲ့လက်ထဲမှာ သေဆုံးခဲ့သလို ပညာရှိအမတ်ကလည်း နိုးလာတော့ အရူးတစ်ယောက်လို ဖြစ်သွားခဲ့တာကြောင့် ဘယ္သူမွ ဒီကိစ္စကို မသိဘူး။ သူ့ဘက်က တညည်းညည်း တညူညူနဲ့ စဉ်းစာလည်း တွေးလို့ကို မရဘူး ဖြစ်နေတယ်။
မင်းသမီးကို တားစမ်း
ထိုစကားက ယြမ္မိသားစု ကြေညာထားတာကို အတည်ပြုပေးသလိုပါပဲ။

ရုတ်တရက် တော်ဝင်မိသားစု တစ္ခုလုံးမွာ ဝရုန်းသုန်းကား အခြေအနေ ဖြစ်လာရတယ်။

ယွမ်လော့ဖုန်းက ဘယ္သူလဲ။ အဲဒီမိန်းမက သွေးအေးတဲ့ မကောင်းဆိုးဝါး။မင်းသမီး၆ကလည်း သူမရဲ့လူကို ငမ်းငမ်းတက် လိုချင်ရဲတယ်။ ခြငေ်္သ သားရဲတွင်းထဲကို သွားပြီး ရန္စသလို ဖြစ်နေတယ်။

ထိုစဉ် နန်းတွင်း တော်ဝင် ဝတ္စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက် ပုလ္လင်ပေါ်မှာ ထိုင်နေခဲ့တယ်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဘေးဘယ်ညာက အမတ်များကို ကြည့်လိုက်တယ်။

အမတ်မင်းများ မင်းသမီးက ခွင့်လွှတ်လို့ မရနိုင်တဲ့ အမွားကို ယြမ္မိသားစု အပေါ် ကျူးလွန်ခဲ့တယ် ကိုယ်တော်တွေ အျပစ္ကို ပြန်လည် ဖာတေးလို့ ဖြစ်နိုင်မလား

မှူးမတ် ဝတ္စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က ရှေ့ကို ဖြည်းဖြည်းချင်းထွက်လာကာ ဧကရာဇ္ကို ရိုရိုကျိုးကျိုး ဂါရဝပြုရင်း ပြန်ဖြေလိုက်တယ်။
အရှင်မင်းကြီး မင်းသမီးက ယြမ္မိသားစုကို အမှားကျူးလွန်ထားတာပါ ကျွန်တော်မျိုးတို့ ပါဝင်လို့ မဖြစ်ပါဘူး. သူမကို စွန့်လွှတ်လိုက်သင့်ပါတယ်

ယွမ်မိသားစုရဲ့ အမွေဆက်ခံသူက မာနကြီးတယ် သနားညွာတာ တတ္သူ မဟုတ္ဘူး အရှင်မင်းကြီးဘက်က မင်းသမီးကို မစွန့်လွှတ်ရင် ရန္သူ အနေနဲ့ သူမဘက္က သတ်မှတ်သွားနိုင်ပါတယ်

ဧကရာဇ်လည်း သက်ပြင်းချလိုက်တယ်။
ကိုယ်တော်မှာ ရွေးချယ်စရာ မရွိဘူး ထင်တယ်

မင်းသမီး၆က သူ့ညီမတော် ဖြစ်နေလဲ သူမက ယြမ္မိသားစုကို ရန်မူရဲတော့ သူ့ဘက်က စွန့်လွှတ်ရတော့မယ်။ ယြမ္မိသားစုငိူ ရန်စတာထက် သူ့ကို ရန္စတာ ပိုကောင်းမှန်း လူတိုင်းက သိပါတယ်။ သူက ယွမ်မိသားစုရဲ့ အေစခံ အဆင့်ပဲ ရွိတာပါ။

ဒါပေမဲ့ သူ့ညီမတော်က ယွမ်လော့ဖုန်းရဲ့ချစ်သူကို ငမ်းငမ်းတက် လိုချင်ရဲတယ်။

အရှင်မင်းကြီး

တခြားသော အမတ်မင်းလည်း မတ်တတ် ရပ္ကာ ရိုသေသမူဖြင့် ပြောလိုက်တယ်။
စစ်သူကြီးယွမ်က တော်ဝင်မိသားစုအပေါ် သစ္စာ မရှိတော့ဘူး ထင်တယ် အခုဆို သူက လုံယွမ်တိုင်းပြည်ရဲ့ အမည်ခံ စစ်သူကြီး ဖြစ်နေပြီ။တော်ဝင်မိသားစုနဲ့ သူ့အကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေး တစ်ခုတော့ တည်ဆောက်ဖို့ လိုအပ်တယ်

ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်မယ် ဟုတ္လား ဘယ်သူနဲ့လဲ ယွမ်လော့ဖုန်းလား ယွမ်ချင်ရာလား
ဧကရာဇ်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။

အမတ်မင်းလည်း ပြုံးလိုက်တယ်။
မင်းသား အားလုံးက လက်ထပ်ပြီးပြီ ဒါကြောင့် ယွမ်လော့ဖုန်းအတွက် မဖြစ်နိုင်တော့ဘူး ကျွန်တော်မျိုးတို့တွေ ယွမ်ချင်ရာ တစ်ယောက်တည်းကိုပဲ ရွေးချယ်နိုင်တယ်. မင်းသမီးလျန်ရှင်းကို ယွမ်ချင်ရာနဲ့ လက်ဆက်ပေးဖို့ အကြံပြုချင်ပါတယ်

ဧကရာဇ်ရဲ့မျက်နှာက အနည်းငယ် ပျက်ယွင်းသွားတယ်။
မင်းသမီးလျန်ရှင်း သူမက သင့်လျော်တဲ့ ရွေးချယ်မှု မဖြစ်နိုင်ဘူး ထင်တယ်

မင်းသမီးလျန်ရှင်းက မင်းသမီး၆နဲ့ ခြားနားတယ်။ မင်းသမီးလျန်ရှင်းက သူနဲ့ သွေးတစ်ဝက်နှော ညီမတော်။ သူမကို ယွမ်ချင်ရာနဲ့ လက်မထပ်စေချင်ဘူး။ လျန်ရှင်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံရှိတည်။ အမျိုးသား စိတ်စွမ်းအား ကျင့်ကြံသူက သူမနဲ့ ချစ်မယ်ဆိုရင် ထိုအမျိုးသားရဲ့ စွမ်းအား တိုးမြှင့်သွားနိုင်တယ်။

ဒါပေါ့ ဒီကိစ္စကို သူ စမ်းသပ်ထားတာ မကြာသေးဘူး။ ကြမ္တု အာဏာရှိစဉ်က ဒီအခွင့်အရေးကို  လက်မလွတ်စေခဲ့ဘူး သူ့အကျိုးအတွက် သူမကို အသုံးချမှာတော့ သေချာတယ်။

သူလည်း ဒီအခွင့်အရေးကို အမှတ်မထင် ရှာတွေ့ခဲ့တာပါ။

Chapter-686
End

Bạn đang đọc truyện trên: Truyen247.Pro