Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

666+667 Unicode

666+667

အပိုင်း(၆၆၆)

ရှောင်မိုက ဒီစကားနှစ်ခွန်းအတွက် စိတ်လှုပ်ရှားဆုံး လူသားလေးပါ။ အစကတော့ သူက ယွမ်လော့ဖုန်းရဲ့ ဆေးစိုက်ခင်းထဲမှာ ရေလောင်း ပေါင်းသင်းနေတာပါ… ဒါပေမဲ့ ဒီစကားကို ကြားလိုက်ရပြီးနောက် သူ့တောက်ပ ရွှန်းလဲ့နေတဲ့ မျက်ဝန်းများက စိတ်လှုပ်ရှားမှုများဖြင့် အရောင်တောက်လာရတယ်။

“သခင်…နောက်ဆုံးတော့ လက်ခံလိုက်ပြီပေါ့… အရမ်းကြီး လွယ်မနေဘူးလား”

ရှောင်မိုမှာ စိတ်လှုပ်ရှားရလွန်းလို့ မျက်ရည်ကျမတတ်ပါပဲ။

တိမ်ကင်းကွာပြီး လမင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသလိုပါပဲ။ သူ့သခင်… ယွမ်ရှောင်နဲ့ တူစုံတွဲ ကျင့်စဉ် ကျင့်လိုက်မယ်ဆိုရင် သခင့်ရဲ့ ကျင့်ကြံဆင့် အတော်ကို မြင့်မားသွားမှာ…သူလည်း အချိန် အကြာကြီး ဆေးနတ်ဘုရား နယ်မြေထဲက ထွက်သွားနိုင်မယ်။

ယွမ်လော့ဖုန်းက ထိုစကားကို ပြောလိုက်တော့ ယွမ်ရှောင်လည်း သူမရဲ့လက်မောင်းကို ဆောင့်ဆွဲလိုက်ကာ သူမကို ကြမ်းပြင်ပေါ်  တွန်းလှဲမယ့်အစား  သူမကို ပွေ့ဖက်ကာ သူကိုယ်တိုင်ပဲ ကြမ်းပြင်ပေါ် ပစ်လှဲလိုက်တယ်။သူမ ရဲ့ခေါင်း နာကျင်မှာ စိုးရိမ်မိတာကြောင့် သူ့လက်ဖဝါးကို သူမရဲ့ ခေါင်းနောက် ထားလိုက်ကာ ခေါင်းဆောင့်မိခြင်းမှ ကာကွယ်လိုက်တယ်။

“တူစုံတွဲ ကျင့်စဉ် ပြီးရင်တော့ မင်း ကိုယ့်ကို တာဝန်ယူဖို့ လိုအပ်မယ်”

“…”

ဘာမှ ပြန်မပြောခင်… ယွမ်လော့ဖုန်းလည်း လန့်ဖျပ်သွားရတယ်။

“ကျွန်မက ရှင့်ကို ဘယ်လိုမျိုး တာဝန် ယူရမလဲ”

“လက်ထပ်ရမယ်…”

သူ လိုချင်တာကတော့ ရိုးရှင်းပါတယ်… သူတို့တွေ တူစုံတွဲ ကျင့်စဉ် ကျင့်ကြံဖို့ ဆုံးဖြတ် ပြီးပြီဆိုတော့ သူတို့ လက်ထပ်ရမယ်လေ…။

ထိုနောက် သူလည်း ဖြည့်စွက် ပြောလိုက်တယ်။

“လူရှုပ်လေး မလုပ်ရဘူး”

“…”

ရုတ်တရက် ယွမ်လော့ဖုန်းလည်း ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရတယ်။

“လူရှုပ်လေးဆိုတဲ့ စကားကို ဘယ်က ကြားဖူးလာတာလဲ”

လက်မထပ်ဘဲ အချစ်ရေးကို အဆုံးသတ်လိုက်သူကို လူရှုပ်လူပွေလို့ ခေါ်ပါတယ်။

တစ်ချိန်လုံး ယွမ်ရှောင်ကို သူမ လူညစ်လေးလုပ်နေတာ မှန်ပါတယ်။

“မင်းရဲ့ အဘိုး ပြောတာပဲ”

ဒီလူက ယွမ်လော့ဖုန်းရှေ့မှာဆို အမြဲ ရိုးသား ပွင့်လင်းပါတယ် အခုလည်း သူမကို မလိမ်ညာ မကွယ်ဝှက်ဘဲ ပြောနေတာပါ။

“အဖေ… အဘိုး…တစ်ယောက်မှ ဒီလိုလူ မဖြစ်ခဲ့ပါဘူး”

“မင်းက လူရှုပ်လေး ဖြစ်ချင်နေတာလား”

ယွမ်ရှောင်လည်း ခေါင်းငုံံ့ကာ သူ့ရင်ခွင်ထဲက ကောင်မလေးကို ကြည့်လိုက်တယ်။

“မင်းက ကိုယ့် ဖြူစင်မှုကို စားသုံးလိုက်ပြီလေ… အဲ့တော့ ကိုယ့်တစ်ဘဝလုံး မင်းကိုတော့ ပိုင်ဆိုင်သင့်တာပေါ့… မင်း..ကိုယ့်ကို မောင်းထုတ်လို့ မရဘူး… ကိုယ့်ကို ရိုက်ထုတ်လို့ မရဘူး… ကိုယ့်ဘက်က အစွမ်းကုန် မင်းကို တွယ်ဖက်ထားတော့မှာ…”

ဒီစကားကို ပြောပြီးနောက် သူလည်း ကောင်မလေးကို အတင်းအကျပ် နမ်းလိုက်တယ်။ သူမကို လွမ်းဆွတ် တမ်းတခဲ့ရတဲ့ အချိန်တိုင်းကို သူ့ဘက်က ဖွင့်ဟ ဝန်ခံချင်တယ်။ လျှို့ဝှက် နယ်မြေထဲမှာ သူ ဘယ်လို ရှင်သန်ခဲ့ရလဲဆိုတာ ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး။ ၇နှစ်တာ ပြန်လမ်းမဲ့ သစ်တောထဲမှာ နေခဲ့ရသော်လည်း ဒီတစ်နှစ်လောက် အဆုံးအစ မမဲ့ခဲ့ဘူး။

“….”

ထိုစဉ် သူတို့ အဝတ်အစား အားလုံး ကင်းမဲ့သွားခဲ့ပြီ။ကြမ်းပြင်က အရမ်းကို အေးတာကြောင့် ယွမ်ရှောင်လည်း ကောင်မလေးကို အိပ်ရာပေါ် ပွေ့ချီ ခေါ်သွားလိုက်တယ်။

ကျယ်ဝန်းသော အိပ်ရာပေါ်မှာ အဝတ်ကင်းမဲ့နေသော သူတို့ နှစ်ယောက် မျက်နှာချင်းဆိုင် နေလိုက်တယ်။ ယွမ်ရှောင်ရဲ့လှုပ်ရှားမှုတိုင်းက အတွေ့အကြုံ မရှိတဲ့ သူ့ရဲ့ ဖြူစင်မှုကို မီးမောင်းထိုးပြနေခဲ့တယ်။

သို့သော်လည်း သူတို့နှစ်ယောက် နောက်တစ်ဆင့် မတက်မီမှာ ရုတ်တရက် ယွမ်ရှောင်ရဲ့ နှာခေါင်းမှ သွေးရနံ့ကို အာရုံခံလိုက်မိကာ သူ့မျက်နှာကို ချက်ချင်း ပြောင်းလဲသွားစေတယ်။

“မင်း အနာတရ ဖြစ်နေတာလား”

သူ့နှလုံးသားထဲက သွေးသား ဆန္ဒ ရှိမနေတော့ဘဲ ယွမ်လော့ဖုန်းကို သူ့ပခုံးကို အလျင်အမြန် ဖိထားလိုက်တယ်။ သူလည်း စိုးရိမ်တကြီး သူမရဲ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်းမှ သွေးအိုင်များကို တွေ့ရတော့ သူ့မျက်နှာက ချက်ချင်းဆိုသလို အေးခဲသွားရတယ်။

သူ့ခံ့ညားသော မျက်နှာမှာ ရှိုးတိုးရှန်တန် ဖြစ်နေခဲ့တယ်။ဒါပေါ့ ယွမ်လော့ဖုန်းက ပို ရှက်မိတာပေါ့။ သူမရဲ့ ရာသီသွေးက လတိုင်း အချိန်မှန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ၁၀ရက်စောသွားတယ်…. ဒါကြောင့်လည်း သူမ ဘာမှ ကြိုတင် မပြင်ဆင်မိဘူး။

သူမလည်း တစ်စုံတစ်ရာကို တွေးလိုက်မိတာကြောင့် သူ့ကို ကြည့်ကာ မေးလိုက်တယ်။

“ယွမ်ရှောင်… ဒါက ဘာလဲ သိလား”

ယွမ်ရှောင်လည်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်တယ်။

“ကိုယ် …ယွမ်အိမ်တော်မှာ နေတုန်းက မင်းကို ပိုပြီး ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးနိုင်ဖို့ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ စာအုပ်ကို လေ့လာလိုက်တယ်…အမျိုးသမီးတွေက ရာသီသွေးလာရင် ချင်းလက်ဖက်ရည် သောက်ဖို့ လိုအပ်တယ်လို့ အဲ့ဒီစာအုပ်က ပြောထားတယ်… ဒါကြောင့် ကိုယ် ချင်းလက်ဖက်ရည်ကို ဆောင်ထားတယ်”

Chapter-666

End

အပိုင်း( ၆၆၇)

ဝမ်းနည်‌ကြေကွဲနေသော ရှောင်မို

" မဟုတ်ဘူး...ဒီလို မဖြစ်ရဘူး"

ယွမ်လော့ဖုန်းရဲ့စိတ်ထဲတွင် ရှောင်မိုရဲ့စိုးရိမ်ပူပန်သောအသံသည်ရုတ်တရက်ကြားခဲ့ရသည်။

"သခင့်ရဲ့ ခန္ဓာက်ုယ်က အကောင်အထည် မရှိတဲ့ စိတ်တ်ညာဉ် အမျိုးအစား ဖြစ်နေတာကြောင့်

ရာသီသွေးက အမြဲတမ်း တိတိကျကျ ရောက်လေ့ရှိတယ်... လမ်းလွဲစရာ အကြောင်း မရှိဘူး...အထူးသဖြင့် သခင်နဲ့ ယွမ်ရှောင် တူစုံတွဲ ကျင့်စဉ် ကျင့်ကြံမယ် အချိန်မှ အချိန်ကိုက် တိုက်ဆိုင်ရတယ်လို့...တတစ်စုံတစ်ရာက သေချာပေါက် မှားယွင်းနေပြီ... "

ယွမ်လော့ဖုန်းလည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမလည်း ယွမ်ရှောင်ကို

ကြည့်ရင်း ပြောလိုက်တယ်။

“ ယွမ်ရှောင်...ကျွန်မကိုခဏစောင့်ပါ”

ထိုသို့ပြောဆိုပြီးနောက် သူမရဲ့ မျက်လုံးကိုပိတ်ကာ ဆေးနတ်ဘုရားလျှို့ဝှက် နယ်မြေ ထဲသို့ ဝင်ရောက် လိုက်တယ်။

သူမလည်း ထိတ်ထိတ်ပျာပျာ ဖြစ်နေတဲ့ ရှောင်မိုကို ပထမဆုံး တွေ့လိုက်ရတယ်။ လက်ရှိအချိန်မှာ ကောင်လေးက စာအုပ်ကိုင်ကာ တစ်စုံတစ်ရာကို ရှာနေတယ်။

"ရှောင်မို...ဘာဖြစ်တာလဲ"

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။

"ကျွန်တော်လည်း မသိသေးဘူး၊အခုအဖြေရှာနေတာပဲ"

ရှောင်မိုလည်း သူ့နှုတ်ခမ်းများကိုတင်းတင်း ဖိကိုက်လိုက်တယ်။ ထို့နောက် သူ့မျက်ဝန်းများကို ရုတ်ခြည်း ပြူးကျယ်လိုက်တယ်။

"သိပြီ...ဘာကြောင့်လဲဆိုတာ...ကျွန်တော် သိသွားပြီ"

ရှောင်မိုလည်းမြေကြီးပေါ်မှထကာ သူ့စာအုပ်ကို လွှတ်ချလိုက်တယ်။ သူရဲ့ကြီးမားသောတောက်ပသောမျက်လုံးများဖြင့်ယွမ်လော့ဖုန်းကို ကြည့်လိုက်သည်။

"ဤရှေးဟောင်းကျမ်းစာအရ...အင်အားကြီးသောအစွမ်း‌တွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတာကြောင့်တဲ့....

မတည်မြဲ ဝိညာဉ်ကိုယ် အမျိုးအစားနဲ့ တည်မြဲဝိညာဉ် က်ုယ်ထည် အမျိုးအစားတို့ တူစုံတွဲ ကျင့်ကြံမယ် ဆိုရင် ကျင့်ကြဲသူများရဲ့ စွမ်းအား အဆင့် နိမ့်နေမယ်ဆိုရင် သူတို့ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေသွားနိုင်တယ်..."

"ဒါကြောင့်လည်း မတည်မြဲဝိညာဉ်ကိုယ်ထည် အမျိုးအစားက မယုံနိုင်စရာ ကောင်းလောက်တဲ့ ကျင့်ကြံဆင့်ကို ရောက်နေရမယ်...ဒါမှလည်း သူတို့နှစ်ဦး တူစုံတွဲ ကျင့်စဉ်ကို ကျင့်ကြံလို့ ရမှာပါ"

ိညာဉ်တော်ခန္ဓာကိုယ်သည်လူတစ် ဦး သည်ထင်ရှားသောအဆင့်ရှိစိုက်ပျိုးသူထံထိုးဖောက်ဝင်ရောက်ပြီးမှသာလျှင်၎င်းတို့သည်နှစ်မျိုးမွေးမြူနိုင်သည်။ "

ယွမ်လော့ဖုန်းလည်း ရှောင်မိုကို ညစ်ကျယ်ကျယ် ပြုံးပြတော့ ရှောင်မိုရဲ့သွေးများကို အေးခဲစေတယ်။

"သခင်... "

ရှောင်လည်း လေကို အငမ်းမရ ရှုလိုက်ပြီး နောက်သို့ တယိမ်းတယိုင် ဖြစ်သွားရတယ်။

"ရှောင်မို... နင် ငါ့ကို ဒီကိစ္စကိုဘာလို့မပြောဖြစ်တာလဲ"

ယွမ်‌လော့ဖုန်းလည်း ရှောင်မို အနားချဉ်းကပ်လိုက်ပြီး

သူမရဲ့ခန္ဓာကိုယ်ကနေ အန္တရာယ် အငွေ့အသက်များ ထုတ်လွှင့်လိုက်တယ်။

ရှောင်မို ငိုချင်ခဲ့တယ်။ "ကျွန်တော်လည်းမသိခဲ့ပါဘူး။ များစွာသောအရာတွေကိုမေ့သွားခဲ့တယ်၊ ဒါကြောင့်ဒီအဖြစ်အပျက်တစ်ခုဖြစ်လာမယ်ဆိုတာကျွန်တော်မသိခဲ့ဘူး "

"ဒါဆို ပြော... ယွမ်ရှောင် နဲ့ငါ  ရှောင်အိမ်တော် မှာ တစ်ယောက်နဲ့တစ်ယောက်အဝတ်ဗလာနဲ့ မြင်တွေ့ခဲ့ဖူးပါတယ်၊ ဘာကြောင့် အဲလို မဖြစ်တာလဲ"

ယွမ်‌လော့ဖုန်းလည်း အနည်းငယ်ကျဉ်းသောမျက်လုံးများနှင့်နီးကပ်စွာမေးခွန်းထုတ်ခဲ့သည်။

"ဒါက ...သခင်ရဲ့တပ်မက်မှုကို မနှိုးဆွ‌စေလို့ ဖြစ်မှာပါ....ဒီတစ်ခါတော့...သခင့်ရဲ့တပ်မက်မှုတွေကိုနှိုးဆွပြီး ဆေးနတ်ဘုရားလျှို့ဝှက် နယ်မြေက  ခံစားမိလို့ သခင်ကို ရာသီသွေးစောစေခဲ့တာ ထင်ပါတယ်"

ရှောင်မိုရဲ့ မျက်ဝန်းမှာ ရှက်ရွံ့မှုများ ပြည့်နှက်နေရပါတယ်။

" သခင်၊ ကျွန်တော်ဘာမှမသိခဲ့ပါဘူး၊ ကျွန်တော်က အပြစ်ကင်းစင်ပါတယ်"

ရှောင်မိုရဲ့နှလုံးသားမှာ  ဝမ်းနည်းမှုများ ပြည့်လျှံနေရတယ်။ သူတို့‌တွေ အောင်မြင်စွာ တူစုံတွဲ ကျင့်ဖို့ အဆင်ပြေခါနီးလေးမှာမှ ဘယ်လို ဖြစ်ရတာလဲ။

"အခု နင် လှန်လှောကြည့်နေတဲ့စာအုပ်ကဘာလဲ" ယွမ်လော့ဖုန်းကပြုံးပြီး အပြုံးဖြင့်မေးလိုက်တယ်။

"ဒီဟာက ရှေးဟောင်းကျမ်းစာပါ....ဖြစ်တယ်။ ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေ အကြောင်းအပြင် လျှို့ဝှက်အကြောင်းအရာတချို့ကို အဲဒီမှာရေးထားတယ်"

ရှောင်မိုလည်း တိုးလျစွာ ပြန်ဖြေသည်။ ယွမ်လော့ဖုန်း မေးသမျှကို  သူဖြေလိမ့်မယ်၊ သူ့မှာ မနာခံဖို့ရည်ရွယ်ချက်မရှိဝံ့ပါဘူး။

“သုံးရက်အတွင်းမှာ ဒီရှေးဟောင်းကျမ်းကို မှတ်မိအောင် ကျက်ထားလိုက်"

ယွမ်လော့ဖုန်းလည်း ရှောင်မိုကို ကြည့်ကာ အဖက်မတန်ဟန် ပြောလိုက်တယ်။

"ဘာ?"

ရှောင်မို သည်ထိတ်လန့်တုန်လှုပ်သွားပြီး

“ သခင်၊ ကျွန်‌တော့်ကို ရက်စက်လွန်းနေတယ်။ ငါစာအုပ်တွေဖတ်တာကိုမုန်းတယ်!” ဟူသောစိတ်ဆင်းရဲဖွယ်စကားရပ်ကို ပြောလိုက်တယ်။

သူသည်နှစ်ပေါင်းများစွာ ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေထဲ တွင် နေထိုင်ခဲ့ရသော်လည်း သူသည်ဤရှေးဟောင်းကျမ်းကို အလွတ်မရ‌သေးတာ‌ကြောင့် စာအုပ်ရွတ်ဆိုခြင်းကိုသူမုန်းတီးမှန်း သိသား ထင်ရှားပါတယ်။ သူ ပျင်းရိခြင်းမဟုတ်ပါက ဤအခြေအနေမျိုးဖြစ်လာမည် မဟုတ်ချေ။

"နင် စာအုပ်တစ်အုပ်ကိုအလွတ်ကျက်မလား... ဒါမှမဟုတ် ရှောင်ပိုင်ရဲ့ ဇနီးဖြစ်ချင်လား"

ယွမ်လော့ဖုန်းလည်း ရှောင်မိုကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။

ရှောင်မိုလည်း နှုတ်ခမ်းစူကာ မကျေမနပ်နဲ့ ယွမ်လော့ဖုန်းကို သနားစဖွယ်ကြည့်လိုက်တယ်။ သည်စိတ်ပျက်လက်ပျက်နှင့်စိတ်ထိခိုက်မိပြီး  "ငါ...တစ်ခုမှ မရွေးလို့ မရဘူးလား"

Chapter-667

End

Bạn đang đọc truyện trên: Truyen247.Pro