
660+661
အပိုင်း(၆၆၀)
ဆေးမြို့တော်ရဲ့ ကံကြမ္မာ (၆)
လုဟောင်လည်း မြေကြီးပေါ်မှ ကုန်းရုန်းထဖို့ ကြိုးစားသော်လည်း အမည်းရောင်ဝတ်ရုံနဲ့လူက သူ့ရှေ့ကို ရောက်နှင့်နေပြီးသားပါ။
သူ့ရဲ့ရက်စက်သွေးအေးမှုကို သူ့ခံစားကြည့်လို့ရပါတယ်။ ထိုလူရဲ့လက်က သူ့ဝတ်ရုံကော်လံကို တင်းကျပ်နေအောင် ဆုပ်ကိုင်ပြီး မြေကြီးပေါ် အကြမ်းပတမ်း ပစ်ချလိုက်တယ်။ ဝုန်းခနဲ အသံနဲ့အတူတူ မြေကြးပေါ်မှ ဧရာမချိုင့်ကြီး တစ်ခု ဖြစ်ပေါ်သွားခဲ့တယ်။ အားအများကြီး သုံးထားမှန်း သိသားလွန်းပါတယ်။
ဒီနက်ရှိုင်းသော ချိုင့်တွင်းတစ်ခုအတွင်းမှာ လုဟောင်တစ်ယောက် အဆက်မပြတ် သွေးအန်နေခဲ့တယ်။ သူ့ကိုသူ အားယူပြီး ထရပ်ချင်သော်လည်း လှုပ်ရှားလိုက်တိုင်း သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး နာကျင်နေရတယ်။သူ့အရိုးတွေ ကျိုးကြေသွားသလို ခံစားနေရပါတယ်။
“ဖေဖေ… ကျွန်တော်ကို ကယ်ပါ”
သူ့အသံက တုန်ရီနေပြီးတောင်းပ ခယနေခဲ့တယ်။ဒီအသံက လုကောရဲ့နှလုံးကို လက်နဲ့ ဖြစ်ညှစ်နေသလိုပါပဲ။
“တော်လိုက်ပါတော့”
လုကောလည်း လက်သီးကို ကျစ်ကျစ် ဆုပ်ကာ သူ့မျက်ဝန်းများကို ပိတ်ထားလိုက်တယ်။ သူ့မျက်လုံးဖွင့်လိုက်ချိန်မှာ ထိုမျက်ဝန်းများထဲ ဆုံးဖြတ်ချက်ခိုင်မာမှုများ ရှင်သန်နေခဲ့တယ်။
“မင်း တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်ရင်… ငါ့ကို ရိုက်ပါ ဟောင်အာက အပြစ် ကင်းစင်ပါတယ်”
မသိမနားလည်မိလို့ သရဲဘုရင်ကို အမှားကျူးလွန်မိတာကို ဒေါသထွက်မိသော်လည်း သူ့အချစ်ဆုံးသားလေး ပြင်းပြင်းထန်ထန် နာကျင်ခံစားနေရတာ မြင်တော့ သူ့နှလုံးသား နာကျင်ရပါတယ်။ သရဲဘုရင်က သူ့သားအရင်းလေးကို နှိပ်စက်လို့ နာကျင်နေတာကို စောင့်ကြည့်ရတာထက် သူသာ ဖြစ်လိုက်ရင် ပို ကောင်းပါမယ်။
“အပြစ် ကင်းစင်တယ်လား”
ယွမ်လော့ဖုန်းလည်း သရော်လိုက်ပြီး ထေ့ငေါ့စွာ ပြောလိုက်တယ်။
“အရင်တုန်းက ကျွန်မဦးလေးနဲ့ ဒီလူ ယှဉ်ပြိုင်ခဲ့ပါတယ်…. ငါ့ဦးလေးက သူ့ကို အနိုင်ယူသွားလို့ ရှက်ရမ်း ရမ်းပြီး ဦးငယ်လေးကို သတ်ဖို့ လူသတ်သမား လွှတ်တယ်… ဒီလိုလူမျိုးကို အပြစ်ကင်းစင်တယ်လို့ ယူဆလို့ရလား”
“ဒါတွေ အားလုံးက… ငါ့…”
လုကောလည်း စကားပြောဖို့ ပြင်လိုက်တယ်… သူ့သားကိုယ်စား အပြစ် အားလုံးကို ခံယူချင်ပါတယ်…ဒါပေမဲ့ သူ မပြောခင်မှာဘဲ လုဟောင်ရဲ့ အရူးစကားများကို အမှတ်မထင် ကြားလိုက်ရတယ်။
“ယွမ်ချင်ရာက အစတည်းက သေဖို့ ထိုက်တန်တယ်… ငါ့က ဆေးမြို့တော်ရဲ့ သခင်လေး… သူက စစ်သူကြီး အိမ်တော်ရဲ့ သခင်လေး… ငါက သူနဲ့ယှဉ်ပြိုင်တာပဲ ဂုဏ်ယူသင့်နေပြီ… သူ့မှာ ငါ့ကို အနိုင်ပိုင်းဖို့ အခွင့်ရှိတယ်များ ထင်နေလား… သူက ငါ ရိုက်တာကို ခံယူသင့်တာ…”
လုဟောင်လည်း ဒေါသတကြီး အံ့ကြိတ်လိုက်တယ်။
လွန်ခဲ့သော နှစ်များက ယွမ်ချင်ရာရဲ့ နာမည်ကို ကြားရုံနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က ပြိုင်ပွဲမှာ သူ အရှက်ကွဲခဲ့တာကို ပြန်လည် အမှတ်ရမိတယ်။ ဒီဖြစ်ရပ်က သူ့တစ်ဘဝလုံးကို နာကျင်ခံစားစေခဲ့တယ်။
“ဟွန့်”
လုဟောင်လည်း သရော်လိုက်ပြီး ထေ့ငေါ့စွာ ပြောလိုက်တယ်။
“ဆေးမြို့တော်ကလူတွေက ငါနဲ့ ယှဉ်ပြိုင်တုန်းက သူတို့ အဆင့် သူတို့ သိတယ်… ယွမ်ချင်ရာ တစ်ယောက်တည်း ထုံထိုင်းလွန်းတယ်…. သူ့အမှားအတွက် သူ ပြန်ပေးဆပ်ရတာလေ… မင်းတို့တွေ ငါတို့ ဆေးမြို့တော်ကို လက်စားချေ ချင်ရင်တောင် ယွမ်ချင်ရာက အသက်ပြန်ရှင်တော့ဘူး”
သူ့ရယ်သံက စိတ္တဇ ဝေဒနာရှင်လိုပါပဲ… သူခံစားခဲ့ရသမျှကို သူ ပေါက်ကွဲချင်တယ်။
ဒါပေမဲ့လည်း အဲဒီအချိန်မှာ ခပ်ပြတ်ပြတ် အသံက လေထဲပျံ့လွင့်လာခဲ့ပြီး လူတိုင်းရဲ့ နားဆီ ပျံဝဲလာခဲ့တယ်။
“ငါ အသက်မရှိတော့တာ သေချာရဲ့လား”
ထိုလူရဲ့ ကြည်လင်သော အသံက လုဟောင်အတွက်တော့ ၁၀နှစ်ကျော် အိပ်မက်ဆိုးပါ။ ဒီအသံကို ကြားပြီးနောက် သူ့မျက်နှာပေါ်က အပြုံးဟာ ချက်ချင်း ပျောက်ကွယ်သွားတော့တယ် သူ့ခေါင်းကို မာဆပ်ဆပ် မော့လိုက်ပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်တယ်။
ကြည်လင်သော ကောင်းကင်ပြာ အောက်မှာ လူတသစ်ယောက်ဟာ နောက်ကို လက်ပစ်ကာ မတ်တတ် ရပ်နေခဲ့လေပြီ သူ့ဝတ်ရုံက လေမှာ တလွင့်လွင့် ဖြစ်နေတယ်။ သူ့က ခံ့ညား ချောမောကာ ဆွဲဆောင်မှု ရှိလွန်းပါတယ်။မည်းမှောင်သော ဆံနွယ်များက လေမှာ တလွင့်လွင့် ဖြစ်နေခဲ့ပြီး ခံ့ညားသော မျက်နှာမှာ လှောင်ပြုံး ထင်ဟပ်နေခဲ့လေ့တော့…
ထိုစဉ် လုဟောင်ရဲ့စိတ်ဟာ ဗရမ်းဗတာ ဖြစ်လာပြီး မိုးခြိမ်းသလို ခံစားနေရတယ်။ မှင်ဆေးရေး ပန်းချီလို ခံ့ညားသော သူ့ကို တအံ့တသြ ကြည့်နေခဲ့တယ်။
သူ့မှာ အံ့သြရလွန်းလို့ ပြောစရာ စကားတောင် မဲ့နေခဲ့ပါတယ် သူလည်း ဒေါသတကြီး ပြောဆိုတော့တယ်။
“ယွမ်ချင်ရာ… မဖြစ်နိုင်ပါဘူး… သူက ဘာလို့ အသက်ရှင်နေရလဲ… မိမစစ် ဖမစစ်ကောင်…”
လွန်ခဲ့သော ဆယ်နှစ်ကျော်က ဒီလူယုတ်မာကောင် …ဆေးမြို့တော်ရဲ့ပညာရှင် လက်ထဲမှာ သေသွားပြီလေ… ဒါဆို သူက ဘယ်လို အသက်ရှင်နေရလဲ“”
Chapter-660
End
အပိုင်း(၆၆၁)
ဆေးမြို့တော်ရဲ့ ကံကြမ္မာ (၇)
ကောင်းကင်ယံမှာ ထိုလူက အေးအေးဆေးဆေး ရပ်နေခဲ့လေရဲ့…သူ့အေးစက်သော အကြည့်များက လုဟောင်ရဲ့ကြောင်တောင်တောင် ပုံစံမှ ယွမ်လောဖုန်းရဲ့မျက်နှာကို ကြည့်လိုက်တယ်။တောက်ပသော နေရောင်ခြည်အောက်မှာ သူမရဲ့ ရုပ်သွင်က အသက်ရှူမှားလောက်ပါတယ်။
“ရှောင်ဖုန်းအာ… ဦးလေး ပြန်လာပြီ”
ထိုလူရဲ့အသံက ယွမ်လော့ဖုန်းကို အနည်းငယ်တော့ စိတ်လှုပ်ရှားစေတယ်။ လေထဲမှ ထိုလူကို မမှိတ်မသုန် ကြည့်ကာ မေးလိုက်တယ်။
“ဦးငယ်လေး… ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်လာလို့ ဂုဏ်ပြုပါတယ်”
လေထဲမှာ ပျံဝဲနေတော့ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်ပြီပေါ့။
ယွမ်လော့ဖုန်းပြောတဲ့ စကားကို ကြားလိုက်ရမှ ယွမ်ချင်ရာတစ်ယောက် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်သွားမှန်း နားလည်မိတော့တယ်။
လုကောရဲ့မျက်နှာလည်း ပျက်ယွင်းသွားပြီး နောက်သို့တယိမ်းတယိုင် ဖြစ်သွားကာ မြေကြီးပေါ် လဲကျသွားတော့တယ်။ သူ့မျက်နှာမှာ စိတ်ပျက်ကြေကွဲမှုများ ပြည့်နှက်နေပြီး သေမတတ် ဖြူဖျော့နေခဲ့တယ်။
“သန်မာတဲ့ ကျင့်ကြံသူရဲ့ မျိုးရိုးဆက်ခံသူ ဖြစ်ရတာ ကံကောင်းတာပေါ့… ဒါကြောင့်လည်း လျင်လျင်မြန်မြန်နဲ့ အခက်အခဲကို ဖြတ်ကျော်နိုင်တာပေါ့”
လူအများစု ပြန်လမ်းမဲ့ သစ်တောထဲ သွားချင်ရတဲ့ အကြောင်းအရင်းကတော့ ဘေးအန္တရယ်ကလွဲရင် သစ်တောထဲမှာ ဆန်းကြယ်ပြီး တန်ဖိုးရှိတဲ့ ဆေးမြစ်တွေ ရှိနေလို့ပေါ့… ပြန်လမ်းမဲ့ သစ်တော့က အသက်ရှင်ပြီး ပြန်လာနိုင်သ၍ မင်းမှာ ဖြုံလောက်တဲ့ တန်ခိုး အစွမ်း ရရှိမှာပါ။ သူတို့ရဲ့ ကံတရားကို စမ်းသပ်ကြည့်ချင်လို့ လူအများစုက ပြန်လမ်းမဲ့ သစ်တောထဲ သွားကြတာပေါ့“”
ဘေးအန္တရာယ် များလွန်းလို့ ပြန်လမ်းမဲ့ သစ်တော့မှ ပြန်လာနိုင်သူ နည်းပါးတာပေါ့။ လူအများစုကတော့ ပြန်လမ်းမဲ့ သစ်တောမှ မြေမြှပ်ခံခဲ့ရတယ်။
“ရှောင်ဖုန်းအာ…ဦးငယ်လေး… ဆေးမြို့တော်ကိစ္စကို ဖြေရှင်းလိုက်မယ်”
ယွမ်ချင်ရာလည်း ခပ်ရေးရေးမျှ ပြုံးလိုက်ပြီ
“အရင်က အငြိုး အာဃာတကို ကိုယ်တိုင် လက်စားချေမယ်”
၁၀နှစ်ကြာခဲ့ပြီ… လွန်ခဲ့တဲ့ ၁၀နှစ်က ဘယ်လို အသက်ရှင် နေထိုင်ခဲ့ရလဲဆိုတာ ဘယ်သူမှ နားမလည်ဘူး…. ဘယ်သူမှ စာနာပေးနိုင်မှာ မဟုတ်ဘူး။ ဒါတွေ အားလုံးကို ဖြစ်စေခဲ့တဲ့ လူက ဆေးမြို့တော်ပဲ။
ယွမ်ချင်ရာရဲ့အကြည့်က ဖြည်းဖြည်းချင်း ဆေးမြို့တော်မှ လူများ ရှိရာသို့ ကျရောက်လာခဲ့တယ်။ သူလည်း ဖြည်းဖြည်းချင်း မြေကြီးပေါ် သက်ဆင်းလာပြီး သူ့ခြေထောက် မြေကြီးနဲ့ ထိလိုက်ချိန်… ခြေထောက်အောက်မှာ အစိမ်းရောင် ကြာပန်းများ ဖူးပွင့်လာခဲ့တယ်။
“လွန်ခဲ့တဲ့ ၁၀နှစ်က မင်းက ငါ့ကို ဘာပြောခဲ့လဲ မှတ်မိသေးလား”
ယွမ်ချင်ရာက ပြုံးနေဆဲပါ။ဒါပေမဲ့ သူ့အပြုံးက တခြားသူတွေရဲ့ဆံပင်ကို အဆုံးအစွန်းအထိ ထောင်စေတယ်။
“လွန်ခဲ့သော ၁၀နှစ်က အားကြီးသူက အားနည်းသူကို စားတယ်လို့ မင်းပြောခဲ့တယ်… ငါ သေသွားမယ်ဆိုရင်တောင် ငါ့မိသားစု နောက်ခံက မင်းတို့ ဆေးမြို့တော်ကို မယှဉ်နုင်လို့ သေဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တယ်”
ယွမ်ချင်ရာ ခြေလှမ်းတစ်လှမ်း လှမ်းလာတိုင်း လုကောရဲ့နှလုံးခုန် မြန်လာရတယ်။သူလည်း လက်သီးဆုပ်ကာ သူ့ရှေ့ကို လျှောက်လှမ်းလာတဲ့ ရုပ်ရည် ချောမောသူကို ကြောက်လန့်တကြား ကြည့်လိုက်တယ်။
“လုဟောင်က ငါ့နဲ့ ယှဉ်ပြိုင်တာ ငါ့အတွက် ဂုဏ်ယူစရာလို့ ခင်ဗျား ပြောခဲ့တယ်… ပြန် မတိုက်ခိုက်ဘဲ သူ့ရိုက်နှက်တာကို ခံယူသင့်တယ်ပေါ့ …ဟုတ်လား ငါ့ဘက်က ပြန်တိုက်ခိုက်တော့လည်း ဆေးမြို့တော်ရဲ့ အပြစ်ပေးမှုကို ခံယူသင့်တယ်ပေါ့ ဟုတ်လား”
လွန်ခဲ့သော ၁၀နှစ်ကျော်က သူ့အစွမ်းအကုန်သုံးပြီး လူသတ်သမား လက်မှ လွတ်မြောက်နိုင်ခဲ့တယ်…. ဒါပေမဲ့လည်း ပုန်းနေဖို့ လိုအပ်တာကြောင့် လျှို့ဝှက်အခန်းထဲမှာ ၁၀နှစ်ကျော် နေထိုင်ခဲ့ရတယ်။တက်ကြွသော လူငယ်တစ်ယောက်ရဲ့ တောက်ပသော ငယ်ရွယ်ချိန်များကို ဆုံးရှုံးလိုက်တာလောက် ရက်စက်တာ ရှိပါဦးမလား။
“အခုတော့ ငါတို့ရဲ့ အဆင့်အတန်း ခြားနားသွားပြီ… အသတ်ခံရမယ်လူက ဆေးမြို့တော် ဖြစ်သွားပြီ”
ယွမ်ချင်ရာလည်း ခပ်မိုက်မိုက် သူ့မျက်ဝန်းများကို မှေးစဉ်းလိုက်တော့ သူ့မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားလေတယ်။
“ငါ့ကို ရန်မူခဲ့တဲ့ ဆေးမြို့တော်ရဲ့ အဆင့်မြင့် ကျင့်ကြံသူကိုလည်း ဒီတစ်သက် မမေ့ဘူး….၁၀နှစ်တိတိ ပုံမျက်နှာကို မမေ့ခဲ့ဘူး”
လုကောလည်း ပြန်ခွန်းတုံ့ပြန်ချင်သော်လည်း ဘာစကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် သူ့လည်ချောင်း ခြောက်ကပ်နေခဲ့တယ်။ အခုတော့ သူ နောင်တရ မိပါတယ်။ငယ်ငယ်တည်းက သူ့သား လုဟောင်ကို အလိုမလိုက်ခဲ့ရင် ဆေးမြို့တော် ဒီလို အဆုံးသတ်ရမှာ မဟုတ်ဘူး။
“အဖေ”
လုဟောင်ရဲ့အသံမှာ ဒေါသသံ ဖြည့်စွက်နေပြီး… တာဝန် မသိတတ်မှုများ ပါဝင်နေခဲ့တယ်။
“ဘာကြောင့်လဲ… ဘာကြောင့်များလဲ… သူ အသက်ရှင်နေတာကို ဘာကြောင့်များ မပြောရတာလဲ… ဘာကြောင့်လဲ”
လုကောလည်း အရူးတစ်ယောက်လို ဟားတိုက် ရယ်မောကာ ခေါင်းကို တွင်တွင်ခါလိုက်တယ်။
“သား စိတ်တိုမှာ စိုးလို့ ဖုံးကွယ်ထားတာပါ”
ဒီစကားကို ကြားတော့ လုဟောင်ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကည ပိုနီရဲတွတ်လာပြီး
“အရင်တည်းက ဘာလို့များ သူတို့ကို မသတ်တာလဲ…. ယွမ်မိသားစုဝင်အားလုံးကို ဘာလို့များ မသတ်ရတာလဲ…. သူတို့အားလုံးကို သတ်ခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး”
Chapter-661
End
Bạn đang đọc truyện trên: Truyen247.Pro