Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

658+659 Unicode

အပိုင်း(၆၅၈)
ဆေးမြို့တော်ရဲ့ကံကြမ္မာ (၄)

နင့်ဘဝကို ဖျက်ဆီးတာ တခြားသူ မဟုတ်ဘူး… နင်ကိုယ်တိုင်တဲ့လား။

ဒီစကားတစ်ခွန်းက လုရာထင်ရဲ့နှလုံးသားကို တုန်လှုပ်ချောက်ချားစေပြီး အရူးတစ်ယောက်လို ဟားတိုက် ရယ်မောစေတယ် သူမရဲ့အပြုံးက မလိုမုန်းထားမှု၊ ရူးသွမ်မှုများကို ဖော်ပြနေလေရဲ့။

“ယွမ်လော့ဖုန်း… လွန်ခဲ့တဲ့ ၁၀နှစ်က ကိစ္စက တကယ်တမ်းတော့ ဆေးမြို့တော်ရဲ့ အမှားပါ၊ ဒါပေမဲ့လည်း နှစ်တွေ အများကြီး ကြာခဲ့ပြီလေ… ငါတို့ကို ဘာကြောင့်များ ခွင့်မလွှတ်နိုင်ရတာလဲ… အခုတော့ ငါက ငါ့ဘဝကို ဖျက်ဆီးခဲ့တယ်လို့ နင်က ပြောချင်တာလား”

ဝုန်း…

ရုတ်ခြည်း ယွမ်လော့ဖုန်းလည်း သူမရဲ့ ခြေထောက်ကို မြှောက်ကာ လုရာထင်ကို လွှင့်စဉ်သွားအောင် ကန်ချလိုက်တယ်။ လုရာထင်မှာ လူအုပ်ထဲ လဲကျသွားပြီ သွေးအန်တော့တယ်… သူမရဲ့မလိုမုန်းထား အကြည့်များနဲ့ ယွမ်လော့ဖုန်းကို မမှိတ်မသုန် ကြည့်နေခဲ့တယ်။

“ဒီကန်ချက်က ငါ့ဦးလေး ကိုယ်စား ကန်ပေးတာ”

ဗိုင်း

ယွမ်လော့ဖုန်းလည်း လုရာထင် ရှေ့နား ချက်ချင်း ရောက်သွားပြီး ခပ်ကြမ်းကြမ်း တက်နင်းလိုက်တယ်။ ဒီနင်းချက်ကြောင့် သူမရဲ့အရိုးများ ကျိုးတော့မလိုပါပဲ…သူမရဲ့ပါးစပ်မှ သွေးများ မရပ်မနား အန်လာရတယ်။

“ဒီကန်ချက်က ယွမ်မိသားစုရဲ့ လူကြီး၊ လူငယ်တွေ အတွက်…”

ထို့နောက် နောက်ထပ် ကန်ချက်….

ထိုကန်ချက်က လုရာထင်ရဲ့ ခါးပေါ် ကျရောက်လာပြီး သူမရဲ့ခန္ဓာကိုယ်ကို မီတာအနည်းငယ်လောက် လွင့်စဉ်သွားစေတယ်… ကျောက်တိုင်နဲ့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်တော့တယ်။

“ဒီကန်ချက်က ငါ့အတွက်… ယွမ်ရှောင်က ငါ့လူ… ဒါပေမဲ့ နင်က သူ့ကို ငမ်းငမ်းတက် လိုချင်ရဲတယ်… ဒါကြောင့် နင်က သေဖို့ ထိုက်တန်တယ်…”
မိန်းမပျိုလေးက ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူမရဲ့မာယာများသော မျက်ဝန်းများက သူမကို အထင်မြင်သေးစွာ ကြည့်နေခဲ့တယ်။

“ဘယ်သူမှ ငါ့လူကို ငမ်းငမ်းတက် လိုချင်ခွင့် မပြုနိုင်ဘူး… သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ငါ ပိုင်တယ်… သူ့ဆံခြည်မျှင် တစ်မျှင် ဖြစ်ရင်တောင် တခြားသူကို ထိခွင့် မပေးနိုင်ဘူး”

ကောင်မလေးရဲ့ အထက်စီးဆန်တဲ့ အသံက ကောင်းကင်ယံကို ထိုးဖောက်ပြီး ပွဲကျင်းပရာ နေရာတိုင်းကို ကြားသွားစေတယ်။

လုံရှောင်ပြည်ထောင်မှာ အမျိုးသားတွေက  သာလွန်ပြီး အမျိုးသမီးတွေက  နိမ့်ကျတယ်။ ပုံမှန်အားဖြင့် အမျိုးသားတွေသာ သူတို့ရဲ့ ပိုင်ဆိုင်သူကို ကြေညာလေ့ရှိတယ်။ မိန်းကလေးတစ်ယောက်က ဒီလိုမျိုး အထက်စီးဆန်တဲ့ စကားမျိုး ပြောတာ မကြားဖူးဘူး။

သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး မပြောနဲ့ ဆံခြည်မျှင် တစ်မျှင်တောင် သူမ ပိုင်သတဲ့လား။

မောက်မောက်မာမာ ရဲရဲတင်းတင်းနဲ့ ဒီစကားမျိုး ပြောရဲတယ်လား။

ယွမ်ရှောင်ရဲ့အေးတိအေးစက် မျက်နှာထားက တဖြည်းဖြည်းချင်း နူးညံ့လာခဲ့တယ်။ သူ့ရဲ့ ခပ်တည်တည် နှုတ်ခမ်းမှာ ခပ်ရေးရေးမျှ တွန့်ကွေးလာခဲ့တယ်။သူ့မျက်ဝန်းများက တစ်ချိန်လုံး ယွမ်လော့ဖုန်းကိုသာ ကြည့်နေခဲ့ပြီး သူ့မျက်ဝန်းနက်မှာ ကောင်မလေးရဲ့ပြိုင်ဘက်ကင်း မှော်ဆန်တဲ့ ပုံရိပ်လေး ထင်ဟပ်နေခဲ့တယ်။

“ယွမ်လော့ဖုန်း”
လုရာထင်လည်း ခိုးခိုးခစ်ခစ် ရယ်လိုက်တော့ သူမရဲ့အပြုံးမှာ  လှောင်ရိပ် အထင်မြင်သေး ရိပ်များ စွဲထင် ကျန်ရစ်နေခဲ့တယ်။
“ဒီကုန်းမြေစုမှာ သရဲဘုရင်ရဲ့အဆင့်အတန်းကို နင်က လျှော့တွက်ခဲ့တာပဲ ငါ့အပြင် တခြားသော မိန်းကလေးတွေလည်း ရှိပါတယ်… နင် တခြားမိန်းကလေးတွေကို တားဆီးနိုင်ပါ့မလား”

“ငါ့လူကို လာခိုးချင်တဲ့လူကို လာခွင့်ပြုလိုက်မယ်…”
ယွမ်လော့ဖုန်းလည်းညစ်ကျယ်ကျယ် ပြုံးလိုက်တယ်။
“ဒါပေမဲ့ တစ်ယောက်လာရင် တစ်ယောက်သတ်မယ်… နှစ်ယောက်လာရင် နှစ်ယောက် သတ်မယ်… ငါ့လူကို လိုချင် တပ်မက်ရဲတဲ့ ဆန္ဒမရှိတဲ့ အထိ သတ်ပစ်မယ်”

လုရာထင်လည်း လန့်ဖျပ်သွားရပါပြီ။ ယွမ်လော့ဖုန်းက ဒီလိုစကားမျိုး ပြောမယ်လို့ မထင်ထားခဲ့ဘူး။သူမရဲ့ အကြည့်များကို  ယွမ်ရှောင်သို့ လွှဲလိုက်ပြီး တုန်တုန်ရီရီ မေးလိုက်တယ်။

“ရှင်…. သူ့ကို ဒီလို လုပ်ခွင့် ပြုမှာလား”

လုရာထင်ကို ကြည့်ချိန်မှာ ယွမ်ရှောင်ရဲ့အပြုံးများ လွင့်ပါး ပျောက်ကွယ်သွားလေရဲ့။
“သူမအတွက် အလောင်းဖျောက်ပေးမယ်”

သူမ သတ်ချင်တယ်ဆိုရင်တော့ သတ်ပါစေ...သူမကို ကူညီဖို့ သူမနောက်လိုက်ပြီး သူမ သတ်ထားတဲ့လူတွေကို မြှပ်နှံပေးမှာပါ။

လုရာထင်မှာ သွေးအန်လုနီးပါးပဲ…သူမရဲ့နှုတ်ခမ်းများကလည်း တုန်လာရတယ်။

ထင်ထားတဲ့ အတိုင်းပဲ သရဲဘုရင်က သာမန် ယောကျ်ားတွေနဲ့ ခြားနားပါတယ်…

အမြဲ အေးတိအေးစက် ပုံစံနဲ့ အမျိုးသမီးတွေကို ချဉ်းကပ်ခွင့် မပြုခဲ့တဲ့သူက မိန်းကလေးတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။

ဘာကြောင့်များ ဒီလိုယောကျ်ားမျိုးက သူမကို မျက်စိ မကျရတာလဲ။

လုရာထင်ရဲ့နှလုံးသားမှာ မနာလို ဝန်တိုစိတ်များ ကြီးစိုးလာခဲ့တယ်။လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်လေရဲ့  သူမရဲ့လက်သည်းများက လက်ဖမိုးကို ထိုးဆိတ်နေခဲ့သော်လည်း သူမကိုယ်သူမ ဘာလုပ်နေမှန်းတောင် လုံးဝ မသိပါဘူး။

Chapter-658
End

အပိုင်း(၆၅၉)
ဆေးမြို့တော်ရဲ့ ကဲကြမ္မာ (၅)

လုရာထင်ရဲ့စိတ်မှာ ဒီအခြေအနေကို ဘဝင်မကျပါဘူး။ သူမရဲ့နှုတ်ခမ်းကို ဖိကိုက်ကာ မေးလိုက်တယ်။
“သရဲဘုရင်… ရှင့်ရဲ့အဆင့်အတန်းက နှိုင်းယဉ်မရနိုင်အောင် မြင့်မြတ်ပါတယ်… ဘာကြောင့်များ သူမရဲ့ဆန္ဒတိုင်းကို လိုက်လျော နေရလဲ…”

လူတိုင်းလည်း သူမလို ထင်မိမှာပါ…ဒီအမျိုးသမီးအတွက် အရာရာတိုင်းကို လျစ်လျရှုပြီး အကန့်အသတ် အချုပ်အချယ်မရှိ သူမကို အလိုလိုက် အကြိုက်ဆောင်နေတာပဲ…“”

“မင်းမှာ သိခွင့်မရှိဘူး”
ထိုလူရဲ့အသံက မဖော်ရွေ…အကြင်နာ ကင်းမဲ့လွန်းပါတယ်… သူမေးတာကို ဖြေဖို့ မပြောနဲ့ ယွမ်လော့ဖုန်းကလွဲရင် ဘယ်မိန်းကလေးမှ နှစ်ခါကြည့်ဖို့ မထိုက်တန်ဘူး….

ထိုစကားကို ပြောပြီးနောက် ထိုလူရဲ့ မည်းနက်သော မျက်ဝန်းတစ်စုံဟာ ယွမ်လော့ဖုန်းကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့လေတော့
“အခု…ကိုယ်တို့ သူ့ကို  သတ်သင့်ပြီလား”

သူက လူတစ်ယောက်ကို သတ်မယ်ဆိုတဲ့ စကားကို ထမင်းစား ရေသောက်သလို အေးအေးဆေးဆေး ပြောနေလေရဲ့။

“ခဏတော့ စောင့်လိုက်ဦး”
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးကာ ပြောလိုက်တယ်။

“ကောင်းပါပြီ”
ထိုလူလည်း ခပ်ပြတ်ပြတ် သဘောတူလိုက်တယ်။

“ဘာကြောင့်လဲ မမေးတော့ဘူးလား”
ယွမ်လော့ဖုန်းလည်း အသာအယာ မျက်ခုံး ပင့်လိုက်တယ်။

ဆက်မပြောခင်မှာ ထိုလူလည်း ခဏ စကားစ ရပ်လိုက်တယ်။
“မင်းချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တိုင်းအတွက် မင်းမှာ အကြောင်းအရင်းရှိမှာပါ…ကိုယ်က မင်းကို ယုံကြည်ပေးဖို့ တစ်ခုတည်းပဲ လိုအပ်တယ်”

သူမကို ယုံကြည်ခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအရင်း မရှိဘူး။တစ်နေ့ သူ့ကို ဓားနဲ့ ရွယ်လာခဲ့ရင်တောင်
သူမကို ယုံကြည်ခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအရင်း မရှိဘူး။တစ်နေ့ သူ့ကို ဓားနဲ့ ရွယ်လာခဲ့ရင်တောင်… သူ့ဘက်က သူမကို ယုံကြည်ဖို့ ရွေးချယ်မိမှာပါ…

ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“ဆေးစံအိမ်တော်က လူတွေ ပြောတဲ့ သတင်းအရတော့ ကျွန်မရဲ့ဦးလေး လာနေပြီတဲ့… သူ အချိန်မီ ရောက်လာလိမ့်မယ်… ဆေးမြို့တော်ကလူတွေကို အံ့အားသင့်စရာလေးတွေ ပေးမလို့”

သူမ ဘေးနားမှာရှိတဲ့ ယွမ်ရှောင်တစ်ယောက်တည်း ကြားအောင် တမင် ခပ်တိုးတိုးပဲ ပြောလိုက်တယ်။

ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို ဖျတ်ခနဲ ကြည့်ကာ ပွဲကျင်းပရာနေရာမှ လှည့်ထွက်သွားခဲ့တယ်။ ခဏကြာတော့ ကုလားထိုင် တစ်လုံးကို ယူကာ ပြန်ဝင်လာပြန်တယ် ဘယ်ဘက်လက်မှ ကုလားထိုင်ကို ကိုင်ပြီး ညာဘက်လက်မှာ… စပျစ်သီး ပန်းကန်ကို ကိုင်ထားခဲ့တယ်။ ခြေလှမ်းကျဲကျဲနဲ့ ယွမ်လော့ဖုန်း အရှေ့ကို ရောက်လာခဲ့တယ်။

“ဒီထိုင်ခုံနဲ့ စပျစ်သီးကို ဘယ်က ယူလာတာလဲ”
ယွမ်လော့ဖုန်းလည်း တအံ့တသြ မေးလိုက်တယ်။

ထိုလူက မျက်နှာသေနဲ့ ပြန်ဖြေလာခဲ့တယ်။
“ကိုယ် ခိုးခဲ့တာ…”

“…”

ထိုလူရဲ့ ခံစားချက် ကင်းမဲ့သော မျက်နှာကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း သူမရဲ့ နဖူးကို တွန့်လိုက်တယ်။
အပြင်ဘက်မှာဆိုရင် ဒီလူကြီးက ခပ်တည်တည်နဲ့ အထက်စီးဆန်တန် ပြုမူလေ့ရှိပါတယ်…

ယွမ်လော့ဖုန်းလည်း သူမရဲ့ဝတ်ရုံရှည်ကို ခါကာ ထိုင်လိုက်တော့တယ်။ ထိုင်ခုံနောက်ကို ပျင်းရိပျင်းတွဲ မှီကာ ဆေးမြို့တော်မှ လူများကို မျက်ခုံးပင့်ကာ ကြည့်လိုက်တယ်။
“လုကော… ရှင့်ကို ဒီနေ့ ဘာလို့များ ပွဲကို လာခွင့် ပြုခဲ့တယ် ထင်လဲ”

လုကောလည်း တွေဝေသွားခဲ့ရပြန်တယ်။ သမားတော်အဖွဲ့အစည်းက သူ့ကို ကန့်သတ်ချုပ်ချယ်ခြင်း မရှိသော်လည်း သူ့အတွက်တော့ ပွဲကို လာဖို့ လွယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် သူ ကိုယ်တိုင်လဲ ဘာကြောင့်များ အလွယ်လေး ဝင်လို့ ရလဲ စဉ်းစားခဲ့ဖူးပါတယ်။

ယွမ်လော့ဖုန်းနဲ့များ သက်ဆိုင်နေမလား… သူမ တစ်စုံတစ်ရာများ ကြံစည်ထားလား။

“အကြောင်းအရင်းကတော့…”
မာယာများသော အလင်းတန်းများကို ဖွင့်လှစ်မပြခင် ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းကို မှေးစဉ်းလိုက်တယ်။
လုရာထင်လည်း ပခုံးတွန့်ကာ ခေါင်းငုံ့လိုက်တယ်။အခုမှ သူမကိုယ်သူမ စိတ်သက်သာရာ ရတာ…ဆေးမြို့တော်ကိစ္စကို ဂရုမစိုက်နိုင်ဘူး။ လုကောရဲ့ လုဟောင်ကို အလိုလိုက်လွန်းတဲ့ အပြုအမူကြောင့်သာ သူမလည်း ထိခိုက်လာရတာ…ဒါကြောင့် ဘာအကြောင်းကြောင့်များ ဆေးမြို့တော်အတွက် စိတ်ပူပေးနေမလဲ။

“ယွမ်လော့ဖုန်း”
လုဟောင်လည်း ဒေါနဲ့မောနဲ့ ထခုန်လိုက်ပြီး ဗလုံးဗထွေး အော်လိုက်တယ်။
“နင့်လို မိန်းမစားမျိုးက အပျော်စံအိမ်တော်က မိန်းမထက် ပိုဆိုးရွားတယ်…နင် သမားတော်အဖွဲ့အစည်းက အကြီးအကဲတွေကို ဖြားယောင်ထားလို့ ဒီလိုနေရာမျိုးမှာ ရပ်နေနိုင်တာ မလား…နင့်ကိုနင် ဒီကို လာလို့ရတဲ့ အခွင့်အရေးများ ရှိတယ်လို့များ ထင်နေလား… နင်နဲ့ ယွမ်ချင်ရာက သုံးစားမရတဲ့ လူပိန်းတွေ…”

ယွမ်ရှောင်ရဲ့မျက်ဝန်းများက မည်းမှောင်သွားခဲ့တယ်။သူ့ရဲ့ အေးစိမ့်စိမ့် အကြည့်များနဲ့ လုဟောင်ကို ကြည့်လိုက်တယ်။

ဒီအကြည့်နဲ့တင် လုဟောင်ရဲ့ ရင်ဘတ်ကို ပြင်းထန်သော အားနဲ့ ထိုးဆောင့်နေသလို ခံစားမိစေတယ်။ ချက်ချင်း သူ့ခန္ဓာကိုယ် မီတာ အနည်းငယ်သို့ လွင့်စဉ်သွားပြီး လူအုပ်ထဲသို့ လဲကျသွားတော့တယ်။

Chapter-659
End

ဒါဒါလေးတို့ရေ သရဲဘုရင်ကို သောကြာ စနေ တနင်္ဂနွေ မှ updateပါမယ်နော် ကြားရက်တွေဆို အပိုင်းတွေ မှား မေ့တာတို့ ဖြစ်တတ်လို့ပါ ။ 🤗🤗🤗🤗🤗

မင်မင် မေ့ရင်လဲ သတိပေးကြပါဦး။ ဒါနဲ့ pageမှာ တင်တဲ့ နောက်ပိုင်းတွေ Gpဝင်လို့ ရပါတယ်...  ဝင်ကြေး က 2000ksပါနော်....  အပိုင်းအများကြီး ပါတယ်နော်။
❤❤❤❤❤

Gp1free ( အပိုင်း ၅၇၅ မှ ၇၀၀ အထိ)
Gp2 free ( အပိုင်း ၇၀၁ မှ ၇၇၂ အထိ)
Gp3 free (အပိုင်း ၇၇၃ မှ ၈၅၀ အထိ)
လက်ဆောင်

Gp4 (အပိုင်း 851 မှ 962)အထိ

လွှဲပြီးကြောင်း screenshot ပြပေးရပါမယ်

ငွေလွှဲရမယ်ပုံစံက 👉👉👉👉

Ph bill = 09899327577(mpt) 
Ph bill= 09969332009(ooredoo)
Ph bill= 09784327525 (telenor)
Kpay=09969332009
Wave pay= 09784327525
Cb pay= 09421010717
Ok$=09969332009

Bạn đang đọc truyện trên: Truyen247.Pro