Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

656+657 Unicode

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၇)
ဘာသာပြန်ဆိုသူ:Jelly Candy Flower (ခ) ချိုသင်းမာ

အပိုင်း(၆၅၆)
ဆေးမြို့တော်ရဲ့ ကံကြမ္မာ (၂)

လုရာထင်…

ယွမ်လော့ဖုန်းရဲ့စကားကိုကြားပြီးနောက် လူအားလုံး စိတ်ပျက် အံ့အားသင့်သွားကာ လုရာထင်ကို မျက်တောင်မခတ် ကြည့်လိုက်တယ်။

“ယွမ်မိန်းကလေး…. မင်းမှားမယ်နော်”
လန်ဟုန်လည်း လန့်ဖျပ်သွားရပြီး သူလည်း အပြုံးနဲ့ ပြောလိုက်တယ်။
“သူမက ကော်လို့ခေါ်တဲ့ မိန်းကလေးပါ… လုရာထင် မဟုတ်ပါဘူး… သူမကိုယ်သူမ ချီမွမ်းတဲ့ စကားတွေ ပြောနေတော့ ဒီမိန်းကလေးက လုရာထင် မဖြစ်နိုင်ပါဘူး”

လန်ဟုန်က လုရာထင်ကို ကာကွယ်ပေးနေတာ မဟုတ်ပါဘူး။ ယောကျ်ားလေးတစ်ယောက်ရှေ့မှာ သူ့ကိုယ်သူ ချီမွမ်းပြီး မျက်နှာ ပြောင်တိုက်ရဲသူ ရှိလို့လား။

“ယွမ်လော့ဖုန်း”
လုရာထင်လည်း သူမရဲ့နှုတ်ခမ်းကို ကိုက်ရင်း မေးလိုက်တယ်။
“ငါ့ကို မှားယွင်း မစွပ်စွဲပါနဲ့ ငါက အစ်မရာထင် မဟုတ်ဘူး… နင်က အစ်မရာထင်ကို မနာလိုဖြစ်လို့ ဒီလိုစကားမျိုး ပြောရဲတာ မလား”

ဒီလို အခြေအနေမျိုးမှာတောင် လုရာထင်က သူမရဲ့ အပြုအမူကို ဝန်မခံရဲဘူး… ဘာပဲဖြစ်ဖြစ် လူသား မျက်နှာဖုံးကို လွန်ခဲ့သော ၂နှစ်က ထူးဆန်းတဲ့ လူတစ်ယောက် ဖန်တီးခဲ့တာပါ။ ထူးခြားတဲ့ နည်းလမ်းနဲ့မှ မျက်နှာဖုံးကို ခွာချလို့ရတာပါ။

ယွမ်လော့ဖုန်းက ဘယ်လိုပဲ အစွမ်းထက်သူ ဖြစ်ပါစေ… လူအများရှေ့မှာ သူမရဲ့ ပုံစံအစစ်အမှန်ကို မဖော်ထုတ်နိုင်ပါဘူး။

လုရာထင်လည်း ယွမ်ရှောင်ရဲ့ကြိုးစား အားထုတ်မှုကို ရယူဖို့ကြိုးစားနေပါတယ်။ထိုလူရဲ့မျက်ဝန်းများက မဖော်မရွေ့ သူ့မျက်နှာကလည်း ခံစားချက် ကင်းမဲ့နေတယ်၊

သူ့ရဲ့ နက်ရှိုင်း မည်းနက်သော မျက်ဝန်းများက လုရာထင်ကို အေးတိအေးစက် ကြည့်နေခဲ့ပြီး သူ့အကြည့်က အသက်မဲ့တဲ့ လူတစ်ယောက်ကို ကြည့်နေသလိုပါပဲ။

ဖြုံလောက်သော အရှိန်က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပါးလွှားသော နှုတ်ခမ်းပါးက သရော်နေသလို…ရက်စက်မှုများကို လွှမ်းခြုံထားလေရဲ့။ လေမတိုက်သော်လည်း သူ့အမည်းရောင်ဝတ်စုံက တလွင့်လွင့် ဖြစ်နေခဲ့တယ်။

လုရာထင်လည်း ပါးစပ်အပြည့် တံထွေးများကို မျိုချလိုက်ပြီး သူမရဲ့မျက်ဝန်းများက ကြောက်လန့်မှုကို ဖော်ပြနေကာ နောက်သို့ ခြေလှမ်းကျဲကျဲ လှမ်းလိုက်တယ်။ ဘယ်သူမှ သံသယ မဝင်ဘဲ ကော်ဖူးလန်ရဲ့မျက်နှာနဲ့ ဟန်ဆောင်ထားနိုင်တယ်။ ဒီမျက်နှာကို အသုံးချပြီးတော့ သူမက မကောင်းမှုတွေကို ကျူးလွန်လေ့ရှိတယ်။ ဒါကြောင့်လည်း မကောင်းမှုအားလုံးက ကော်ဖူးလန်ကိုပဲ ကျရောက်တာပေါ့ လူတိုင်းရဲ့အမြင်မှာတော့ သူမက ကျက်သရေရှိပြီး နူးညံ့တဲ့ မိန်းကလေးပေါ့။

“ယွမ်ရှောင်”
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ရဲ့ပခုံးကို ဆုပ်ကိုင်ကာ စိတ်ရင်းနဲ့ ပြုံးလိုက်တယ်။
“ဒီကိစ္စကို ငါကိုယ်တိုင် ဖြေရှင်းချင်တယ်…”

မိန်းကလေးရဲ့အသံက ယွမ်ရှောင်ရဲ့ရက်စက်မှုများကို တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားစေတယ်။သူ့အသံက စကားပြောချိန်မှာ အရင်အတိုင်း အေးစက် ကြမ်းရှနေပြီး
“ကောင်းပါပြီ”

သူမ စိတ်ချမ်းသာဖို့… သူမကိုယ်သူမ ရပ်တည်နိုင်ဖို့ သူ နောက်မှာ နေရလဲ ကိစ္စ မရှိပါဘူး? သူမအတွက်ဆိုရင် သူ့နှလုံးသားတစ်ခုလုံးနဲ့ ပေးဆပ်ဖို့ ဆန္ဒရှိတယ်… သူမအတွက် သူ့အရည်အချင်းကို ဖုံးကွယ်ထားဖို့ ဆန္ဒရှိတယ်။သူ့အတွက်တော့ သူမ ဘေးနားမှာ တိတ်တဆိတ် အဖော်ပြုပေးရုံသာ…။

“လုရာထင်… မင်းက အမှန်တရားကို မပြောချင်တော့လဲ… နင့်ရဲ့ပုံစံ အစစ်အမှန်ကို ငါက ဖော်ထုတ်ပေးရတာပေါ့”
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးကာ လုရာထင်အနား ချဉ်းကပ်လိုက်တယ်။

လုရာထင်ရဲ့ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားခဲ့လေပြီ။

ဒါပေမဲ့လည်း သူမရဲ့နောက်မှာ လူအများကြီး ရှိနေတယ်လေ… ဒါကြောင့် သူမမှာ နောက်ဆုတ်ဖို့ မရှိတော့ဘူး။

ရုတ်ခြည်း ကောင်မလေးရဲ့လက်ချောင်းများမှ ငွေအပ်များစွာ ဖြစ်တည်လာပြီး လေထဲ ပျံဝဲကာ လုရာထင်ရဲ့မျက်နှာထဲ ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။

“အား…”
လုရာထင်လည်း ရုတ်တရက် စီခနဲမြည်အောင် အော်ဟစ်လိုက်ပြီး သူမရဲ့မျက်နှာပေါ်က အပ်များကို ချက်ချင်းဖယ်ရှားလိုက်တယ်။

သူမရဲ့လက်က သွေးထွက်နေတဲ့ မျက်နှာကို တအားဆုပ်ကိုင်ထားပြီး ကတုန်ကရင် ခန္ဓာကိုယ်နဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။

“အစတည်းက နင်က အစ်မရာထင်လောက် မထူးချွန်ပါဘူး… ငါ့ကို စကားပြောခွင့်တောင် မပေးဘူး… နင်… သရဲဘုရင်ကို လှည့်ဖျားဖို့ ဘာနည်းလမ်းတွေ သုံးလိုက်လဲ”

“အာဏာအတွက် သရဲဘုရင် အိပ်ရာပေါ် တက်ခဲ့တဲ့ နင်က အာဏာကို မမက်မောတဲ့ အစ်မရာထင်ကို ယှဉ်နိုင်ပါ့မလား”

ပွဲကျင်းပရာ နေရာတစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်။ အားလုံးက လုရာထင်ကို တအံ့တသြ ကြည့်နေခဲ့တယ်။စိတ်ကူးယဉ်လို့တောင် မရနိုင်တဲ့ တစ်စုံတစ်ရာကို မြင်လိုက် ရတာကြောင့် သူတို့မျက်လုံးတောင် သူတို့ မယုံကြည်နိုင်ဘူး။

Chapter-656
End

အပိုင်း(၆၅၇)
ဆေးမြို့တော်ရဲ့ ကံကြမ္မာ (၃)

“ဘ…ဘာ…ဘာဖြစ်လို့လဲ”
အားလုံးရဲ့ ထူးဆန်းတဲ့အကြည့်များကြောင့် လုရာထင်လည်း ရုတ်တရက် သူ့မျက်နှာကို သုတ်လိုက်တော့ သူမရဲ့လူသား အရေပြား မျက်နှာဖုံး ကွာကျသွားတော့တယ်…

“အား…”
သူမရဲ့လက်ထဲမှ မျက်နှာဖုံးကို မြင်လိုက်တော့… လုရာထင်ရဲ့ စူးရှသောအသံက ပွဲတစ်ခုလုံးကို ဖြန့်ကျက်လာခဲ့တယ်။

ဘယ်လို ဖြစ်ရတာလဲ… အင်အားကြီးတဲ့လူ ပေးထားတဲ့ ဆေးမြစ်ရည်နဲ့မှ ဒီမျက်နှာဖုံးကို ကွာချနိုင်တယ်လို့ ပြောခဲ့တယ်လေ…ဒါဆို ယွမ်လော့ဖုန်းက ဘာကြောင့် ခွာနိုင်တာလဲ…။

လုရာထင်မှာ သူ့အဝတ်အစား ဆွဲချွတ်ခံရသလို ခံစားရပြီး… သူမရဲ့ အပြစ် အနာဆာ အားလုံး နေရောင်အောက်မှာ ပေါ်ထင်လာခဲ့တယ်။

ဟူပိုလည်း တော်တော်လေး တုန်လှုပ်မိပါတယ်… သူ့ဆရာရဲ့အပြစ်ဖော် ဆုံးမတာကို ရှောင်တိမ်းဖို့ ဒီမျက်နှာဖုံးကို အသုံးပြုချင်ပါတယ်… သူကတော့ အတွေးလွန်နေခဲ့တယ်…လူတိုင်းရဲ့အကြည့်က လုရာထင်အပေါ် ကျရောက်နေပြီ ဘယ်သူမှ သူ့ကို မကြည့်ကြပါဘူး“”

လုရာထင်ပဲ… တကယ်ပဲ လုရာထင်ပါလား…

“အစကတော့ အစ်မလုရာထင်က နူးညံ့ ကြင်နာတတ်တဲ့ စိတ်ထားရှိလို့  ဒီလို လူစားမျိုး ဖြစ်မယ်လို့ မထင်ထားဘူး”

“မစဉ်းစား မဆင်ခြင်ပဲ သူ့သရုပ်အမှန်ကို ဖော်ပြချင်ရင် တခြားသူအဖြစ် ဟန်ဆောင်လေ့ရှိတယ် ထင်ပါတယ်…နင်လည်း သူမ ပြောလိုက်တဲ့ စကားကို ကြားလိုက်တယ်မလား…သူ့ကိုယ်သူ ချောမောလှပပြီး စိတ်ထားကောင်းသူလေး ဘာလေးနဲ့အဆင့်အတန်း မြင့်ဖို့ တခြားသူရဲ့ အိပ်ရာပေါ် ခုန်မတက်ဘူးနဲ့ ချီမွမ်းနေလိုက်တာနော်…ယွမ်လော့ဖုန်းက သူမကို မနာလိုဖြစ်နေတယ်လို့ တထစ်ချ ပြောရဲသေးတယ်”

“ဆက်ပြေမနေတော့နဲ့ ရွံ့ဖို့ကောင်းလွန်းတယ်…သူကမှ သရဲဘုရင်ကို ဖြားယောင်ချင်နေမှန်း သိသားနေတာ… ဒါပေမဲ့ ဖြူစင် သန့်ရှင်းချင်ယောင်ဆောင်ပြီး အာဏာ မမက်ဘူး ပြောလိုက်သေးတယ်”

လူတိုင်းက လှောင်သော စကားများကို ပြောနေကြတာကြောင့် လုရာထင်လည်း ရှက်လွန်းလို့ မျက်နှာက သွေးရောင်မဲ့လာခဲ့တယ်… သူမရဲ့လက်ထဲမှာ လူသားအရေပြား ရှိနေပြီး လူအုပ်ထဲမှာ တစ်ယောက်တည်း ငူငူငိုင်ငိုင် ရပ်နေခဲ့တယ်။ အားလုံးရဲ့ သတိပေး ဆုံးအမစကား… သူမကို အရှက်ခွဲ သိက္ခာချတဲ့ စကားများကို နားထောင်နေရတယ်…လောကကြီးတစ်ခုလုံးက သာယာ နာပျော်ဖွယ် မကောင်းတော့ဘူး။

ယွမ်လော့ဖုန်း…ဒါတွေ အားလုံးက နင့်ကြောင့် ဖြစ်ရတာ…

ရုတ်ခြည်း သူမရဲ့ခေါင်းကိုမော့ကာ သူမရဲ့ ရက်စက်သော အကြည့်များနဲ့ လူတိုင်းကို ကြည့်ကာ သူမရဲ့ အကြည့်ကို ယွမ်လော့ဖုန်းမှာ ရပ်တန့်ကာ သူမကိုပဲ စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

“လုရာထင်…. ကျေးဇူး မသိတတ်တဲ့ သမီးမိုက်”

လုကောလည်း သူမအနား တဟုန်ထိုး ပြေးသွားလိုက်ပြီး ဒေါသတကြီး စကားမပြောခင်မှာ  ကျယ်လောင်စွာ ပါးရိုက်ချလိုက်တယ်။
“သရဲဘုရင်ကို ဖြားယောင်ဖို့ ယုံကြည်ချက်ရှိတယ်လို့ ပြောခဲ့တာ နင်လေ..ဒါပေမဲ့ နင်က နင့်အပြစ်အားလုံးကို ငါ့အပေါ် ပုံချချင်တယ်လား…နင်သာ ဒီလိုစကားမျိုး မပြောခဲ့ရင် ငါနဲ့ဟောင်အာမှာ ဒီလို အတွေးမျိုး ရှိလာပါ့လား”

“နင်က ငါ့အပြစ်ကို ဖော်ရဲတယ်လား…”
လုရာထင်လည်း ထေ့ငေါ့ကာ  ယွမ်လော့ဖုန်းကို ကြည့်နေတဲ့ အကြည့်ကို ရုပ်သိမ်းလိုက်တယ်။ သူမလည်း လုကောလည်း သွေးအေးစွာ ကြည့်ကာ
“ရှင်ရဲ့ အဖိုးတန်သားက နေရာတိုင်းမှာ ပြဿနာရှာခဲ့လို့ ဒီလို ပြဿနာတွေ တက်လာရတာလေ… ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မက သမားတော်အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုခံရတဲ့ တပည့်တစ်ယောက် ဖြစ်မှာလေ… အနာဂတ်လည်း ကောင်းမွန်မှာ… အခုတော့ ရှင်တို့ကြောင့် ကျွန်မရဲ့ တစ်ဘဝလုံး ပျက်စီးသွားပြီ”

“နင်…”
လုကောလည်း လုရာထင်ကို လက်ညိုးထိုးလိုက်ပြီ
“ ငါ နင့်ကို မမွေးစားခဲ့ရင် နင် သေတာ ကြာပြီဆိုတာ မမေ့ပါနဲ့…နင် ဒီလို အဆင့်အတန်းမျိုးနဲ့ နေနိုင်မှာလည်း မဟုတ်ဘူး”

လုရာထင်လည်း မျက်နှာကြောတင်းတင်းနဲ့ ပြုံးလိုက်တယ်။
“အခုလိုမျိုး သိက္ခာအချခံနေရတာထက်…သေသွားတာမှ ပိုကောင်းပါ ဦးမယ်”

ဖြန်း…

လုကောလည်း နောက်တစ်ကြိမ် ပါးထပ်ရိုက်လိုက်တယ်။ ရိုက်ချက်မှာ အားတော်တော် သုံးထားပါတယ် …အားပြင်းသွားတာကြောင့် သူမရဲ့နှုတ်ခမ်းထောင့်မှ သွေးချောင်းများ စီးဆင်းလာရတယ်။

လုရာထင်လည်း သူမပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး ခက်ထန်စွာ ကြည့်လိုက်တယ်။
“ဒီ ပါးနှစ်ချက်က ရှင် ကျွန်မကို မွေးစားပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ပေးလိုက်တာ… နောက်တစ်ခေါက် ရိုက်ရဲရင် ရိုက်စမ်းပါ”

လုကောလည်း သူ့လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်သော်လည်း သူမရဲ့ အမုန်းအာဃာတများဖြင့် ပြည့်နှက်နေသော မျက်လုံးများနဲ့ ရင်ဆိုင်ရပြီး သူ့နှလုံးသားမှာ အထိန်းအချုပ် ကင်းမဲ့စွာ တုန်ရီနေရပါပြီ။ သူ့လက်က လေထဲမှာ ရပ်တန့်သွားပြီး မလွှဲယမ်းနိုင်တော့ပါဘူး။

“ယွမ်လော့ဖုန်း”
လုရာထင်လည်း ယွမ်လော့ဖုန်းကို လှည့်ကြည့်လိုက်တယ်။ လှပသော သူမရဲ့မျက်ဝန်းများမှာ အမုန်းအာဃာတများ ပြည့်နှက်နေခဲ့တယ်။
“နင်လည်း ဆေးမြို့တော်နဲ့ အတူတူပဲ… ငါ့တစ်ဘဝလုံးကို ဖျက်ဆီးခဲ့တယ်”

“နင့်ဘဝကို ဖျက်ဆီးတာလူက…”
ယွမ်လော့ဖုန်းလည်း ဆက်မပြောခင် ရပ်တန့်လိုက်တယ်။

“နင်ကိုယ်နင်က လွဲရင် ဘယ်သူမှ မဖြစ်နိုင်ပါဘူး”

Chapter-657
End

Bạn đang đọc truyện trên: Truyen247.Pro