Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

648 to 651 (Unicode)

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
စာစဉ်(၂၆)

အပိုင်း(၆၄၈)
ယွမ်ချင်ရာ (၆)

တပ်မကြီးရဲ့ တခြားသောအဖွဲ့ဝင်များလည်း သူတို့ရဲ့ လက်နက်များကို ဆွဲထုတ်လိုက်ကာ တိုက်ပွဲမှာ ပါဝင်ဆင်နွဲတော့တယ်။တောင်ပတ်လမ်းတစ်ခုလုံးမှာ လူသတ်ပွဲအသံများ ပဲ့တင်ထပ်နေခဲ့ပြီး မြေကြီးတစ်လျှောက်သွေးများ ဖုံးလွှမ်းနေခဲ့တယ်။

ဒီသက်လတ်ပိုင်း အမျိုးသားရဲ့မျက်ဝန်းဟာ မှေးစဉ်းထားပြီး သူ့အကြည့်ကို ရဲ့လင်းဘက်ကို လွှဲလိုက်တယ်။ထို့နောက် သူ့ခန္ဓာကိုယ်က ချွန်မြသော ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားပြီး ရဲ့လင်း ရှိရာသို့ ဦးတည်လာခဲ့တယ်။ရဲ့လင်းက ဒီအဖွဲ့ထဲမှာ အသန်မာဆုံးဆိုတာ သူ အတပ်ပြောနိုင်ပါတယ်။ဒါကြောင့် ရဲ့လင်းကို အရင်သတ်မှ ဖြစ်မယ်။

“ရဲ့လင်း သတိထားပါဦး”

ရဲ့လင်းကို ထိုလူက တိုက်ခိုက်ဖို့ကြံရွှယ်နေတာမြင်တော့… ချင်ယန်လည်း ဘယ်ကမှန်း မသိတဲ့ အင်အားတစ်စု ရရှိလာပြီး ချင်ယန်လည်း အလင်းတမျှ လျင်မြန်သော အရှိန်နဲ့ ပြေးသွားလိုက်တယ်။

“ယန်အာ…”
ရဲ့လင်းလည်း စိုးရိမ်တကြီး အော်လိုက်ပြီး သူ့ရှေ့မှာ ရှိနေတဲ့ ရန်သူကို သူ့လက်ထဲမှ ဓားရှည်နဲ့ ခေါင်းဖြတ် ကွပ်မျက်လိုက်တယ်။

ထို့နောက် ချင်ယန်ကို လှမ်းဖမ်းဖို့ သူ့လက်ကို ဆန့်တန်းလိုက်သော်လည်း သူမရဲ့ အင်္ကျီလက်စကိုသာ မှီလိုက်တယ်။

သိပ်မကြာခင်မှာဘဲ ချင်ယန်က သူမရဲ့လက်ကို ဆန့်တန်းကာ ဆုံးဖြတ်ချက် ခိုင်မာသော အကြည့်များနဲ့ သူမချစ်ရသူကို သူမရဲ့ခန္ဓာကိုယ်နဲ့ ကွယ်ထားလိုက်တယ်။
“မင်းတို့က သေချင်နေတော့လည်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ထိုလူက သရော်လိုက်တယ်။ ထို့နောက် သူ့ရဲ့နှစ်ဖက်ချွန်ဓားကို ထုတ်ကာ ချင်ယန်ရဲ့လည်ပင်းကို လှီးဖို့ ကြံရွှယ်လိုက်တယ်။

ရဲ့လင်းရဲ့သည်းခံနိုင်သောအတိုင်းအတာကိုကျော်လွန်သွားတာကြောင့် ဒေါသူပုန်ထတော့တယ်။သူ့ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိ အရှိန်အဝါများ ထုတ်လွှင့်နေခဲ့ပြီး တစ်မဟုတ်ချင်း သူ့ရှေ့မှာ ရှိနေတဲ့ လူတစ်တန်းလုံးကို ထိုးကြိတ်လိုက်တယ်။ သိပ်မကြာခင်မှာဘဲ ထိုလူရဲ့တိုက်ခိုက်မှုကို ဟန့်တားချင်တာကြောင့် ချင်ယန်အနားသို့ ကိုယ်ဖော့သွားလိုက်တယ်။

ရုတ်ခြည်း သူ့နောက်ဘက်မှ လက်နက်ပုန်းတစ်ခု ထွက်ပေါ်လာပြီး လေထဲမှာ ရှည်လျားသော လမ်းကြောင်း ကြွင်းကျန်ရစ်စေတယ်။လက်နက်ပုန်းကို မမြင်သလိုနဲ့ ရဲ့လင်းဟာ ရှောင်တိမ်းခြင်းမရှိ… သူ့ကို ကာဆီးနေတဲ့ ချင်ယန်ကို သူ့လက်နဲ့ လှမ်းဆွဲလိုက်တယ်။

ထို့နောက် ထိုလက်နက်ပုန်းဟာ ရဲ့လင်းကို မထိခဲ့ပါဘူး။ သူ့မှာ မျက်စိ ရှိနေသကဲသို့ သူ့နားကို ကွေ့ဝိုက်ကာ သက်လတ်ပိုင်း အမျိုးသားရဲ့ လည်ပင်းကို လှီးဖြတ်သွားခဲ့တယ်။ ထိုလူလည်း မှင်တက်သွားခဲ့ပြီး သူ့လက်ထဲမှ နှစ်ဖက်ချွန်ဓား လွတ်ချသွားလေ့တယ်။

သူ့ကိုယ်သူလည်း ဘာဖြစ်မှန်းကို မသိသေးပါဘူး။ ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ်ဟာ နောက်ဘက်သို့ လန်ကျသွားပြီးသားပါ။

သူ့မှာ မျက်လုံးတောင် မပိတ်နိုင်ဘဲ သေဆုံးသွားခဲ့ရပါတယ်။

“ယန်အာ….”

နှစ်ဖက်ချွန်ဓားရှည် မြေကြီးပေါ်ကျသွားချိန်…ရဲ့လင်းက ချင်ယန်ကို လှမ်းပွေ့ဖက်လိုက်ပြီးသားပါ။သူ့အသံဟာ  တုန်ရီနေသော်လည်း ကြောက်လန့်နေမှန်း သိသားပါတယ်။

“မင်း ဘာလို့များ ရူးရူးမိုက်မိုက် စွန့်စားရလဲ”

ချင်ယန်လည်းပြုံးလိုက်ပြီး
“ဘာလို့ဆို ရှင်က ကျွန်မရဲ့ ခင်ပွန်း ဖြစ်နေလို့လေ ရှင် သေဆုံးမှာကို ဒီအတိုင်း ထိုင်ကြည့်မနေဘူး။…ဒါကြောင့် ကျွန်မက အရင်ဆုံး သေမယ်”

“ချင်ယန် မင်းဘယ်လိုလုပ် တစ်ကိုယ်ကောင်းဆန်နိုင်ရတာလဲ”
ရဲ့လင်းလည်း ချင်ယန်ရဲ့ပခုံးသားလေးကို ဖျစ်ညှစ်လိုက်ကာ
“ကိုယ့်ကို ကယ်တင်ဖို့အတွက်နဲ့ မင်းတစ်ခုခုများ ဖြစ်သွားရင် ကိုယ် ရင်ကျိုးရမှာ… မင်းသိရဲ့လား…ဒီလိုမျိုး နောက်တစ်ကြိမ် အရဲစွန့်ဖို့ ကိုယ် ခွင့်မပြုနိုင်ဘူး”

ချင်ယန်လည်း သူမရဲ့မျက်ဝန်းများကို မှေးထားကာ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးမှာ  အပြုံးလေးတစ်ပွင့်   သူမက တစ်ကိုယ်ကောင်းဆန်ကြွင်းကျန်ရစ်ခဲ့တယ်။နောက်တစ်ခေါက်ဆိုလည်းရမှာပဲ…သူမမျက်စိရှေ့မှာ ရဲ့လင်း ကျရှုံးသွားမှာကို မမြင်ရက်ပါဘူး။ ဒါကြောင့် သူမကပဲ အရင်ဆုံး သူ့ထက် အရင် သေဆုံးရမယ်။
“ဟုတ်ပါပြီ… ကျောခိုင်းနေတာမှကိုယ်တို့ရဲ့ ကယ်တင်ရှင်ကို ကျေးဇူးတင်စကား ပြော ..."

ရဲ့လင်းလည်း  လှည့်ပြီး ကျေးဇူးတင်စကားပြောနေစဉ် နောက်ဆုံး စကားတစ်ခွန်းဟာ သူ့လည်မျိုမှာ တစ်ဆို့နေခဲ့တယ်။ တဖြည်းဖြည်းချင်းစီ သူ့မျက်ဝန်းများဟာ ပြူးကျယ်လာခဲ့ပါတယ်။ သူ့ရဲ့စိတ်လှုပ်ရှားမှုဟာ သူ့မျက်နှာပြင်ပေါ်မှာ ပေါ်လွင်နေခဲ့တယ်။

“တပ်မှူး…”

အမျိုးသားတစ်ယောက်က လေထဲမှာ လက်နောက်ပစ်ကာ ရပ်နေခဲ့တယ်။သူ့ရဲ့ ရှည်လျားတဲ့ မိုးပြာရောင်ဝတ်စုံဟာ လေညင်နဲ့အပြိုင် တလွင့်လွင့် တလူလူ ဖြစ်နေခဲ့ပါတယ်။သူ့မျက်နှာသွင်ပြင်က ခန့်ညားချောမောပြီး နုပျိုမှုက အထူးခြားဆုံးပါပဲ။

“ဒုတိယ သခင်လေး”
မျက်ရည်ကျလုနီးပါး ချင်ယန် စိတ်လှုပ်ရှားမိပါတယ်။“”
“ဒုတိယသခင်လေး…နောက်ဆုံးတော့ ပြန်လာပြီပေါ့… သခင်လေးကို ကျွန်တော်မျိုးမတို့ စောင့်မျှော်နေခဲ့တာ တစ်နှစ်ကျော် ကြာခဲ့ပြီ၊ ဒါနဲ့ သခင်မလေးလည်း သမားတော်အဖွဲ့အစည်းကို သွားတယ်…”

သူမရဲ့ နှုတ်မှ ထိုစကား ပွင့်ထွက်သွားချိန်… ငယ်ရွယ် နုပျိုသော ပုံရိပ်လေးက အလျင်စလို ပျောက်ကွယ်သွားခဲ့လေရဲ့…. ထိုလူသွားတဲ့ ဦးတည်ချက်ဟာ သမားတော်အဖွဲ့အစည်းဆိုတာ မြင်နိုင်ပါတယ်။

Chapter-648
End

အပိုင်း(၆၄၉)
ယွမ်ရှောင်က ဒီမှာလေ (၁)

အကြီးအကဲ လောဖူးမှာ ထောင်ထဲ ရောက်ဖူးတော့မှာ သေခြင်းထက် ဆိုးရွားတာ ရှိမှန်း ကွက်ကွက်ကွင်းကွင်း သိလာခဲ့ရတယ်။ လုရာထင်နဲ့ သူ့အပြုအမူကြောင့် ပြိုင်ပွဲရဲ့ အခမ်းနားမှူးနေရာကို တခြားသော အကြီးအကဲရဲ့တပည့်ဖြစ်သူ ဟူပိုကို လွှဲပြောင်းလိုက်ရတယ်။

လက်ရှိအချိန်မှာ တရားကျင့်ကြံနေတဲ့ ဟူပိုကို ခြေသံများက နှောင့်ယှက်နေလေရဲ့…။သူလည်း မျက်မှောင်ကြုတ်ကာ တံခါးတွန်းဖွင့်လာတဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။
“လုရာထင်… မင်း ဘာအကြောင်းကြောင့် ဒီနေရာကို ရောက်လာတာလဲ…”
ဟူပိုလည်း စိတ်မရှည်စွာ မဖော်ရွေဟန် မေးလိုက်လေရဲ့။

လုရာထင်လည်း ဒီအချက်ကို လျစ်လျူရှုကာ ကြော့ရှင်း လှပစွာ ပြုံးလိုက်ပြီး အခန်းထဲသို့ ချဉ်းနင်း ဝင်ရောက်လာခဲ့တယ်။
“မနက်ဖြန်ဆို သရဲဘုရင်ကို ကြိုဆိုဖို့ မြို့ပြင်ကို ထွက်မယ်လို့ ကြားထားတယ်… အမှန်ပဲလား…”

“ဟုတ်တယ်”
ဟူပိုလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီကိစ္စက မင်းနဲ့ ဘာများ သက်ဆိုင်လို့လဲ… အခုဆို…မင်းက သမားတော်အဖွဲ့အစည်းမှာ ဘာအဆင့်မှာ မရှိဘူး… ဒါကို မင်း မေ့လျော့နေသလား…”

ခပ်ရေးရေးမျှ မပြုံးခင်မှာ လုရာထင်ရဲ့မျက်ဝန်းမှာ ဆန်းကြယ်သော အလင်းတန်းတစ်ခု ဖြာဆင်းခဲ့လေရဲ့…
“ဟူပို… ရှင့်ကို တောင်းဆိုချင်တာလေး ရှိလို့ လာခဲ့ရတာပါ…သရဲဘုရင်ကို အရူးအမူး ဖြစ်နေတဲ့ ညီမငယ်လေး တစ်ယောက်ရှိတယ်၊ မနက်ဖြန်….သူမကို ရှင်တို့နဲ့အတူတူ ထည့်ပေးလိုက်လို့ ရမလား… သူမလေးက သရဲဘုရင်ကို အရမ်းကို တွေ့ဖူးချင်နေတာ…”

“လုရာထင်…မင်းကို မကူညီနိုင်တာ အားနာမိပါရဲ့…မင်းကို ကူညီပေးတာ ဆရာ သိသွားခဲ့ရင်လည်း ငါ့ကို ခွင့်လွှတ်မယ် မထင်…”
ဟူပိုလည်း အေးစက်စက်နဲ့ အပြတ်ငြင်းလိုက်တယ်။

သူမလည်း စိတ်မဆိုးဟန် အပြုံးနဲ့ ဆက်လက် ပြောကြားတယ်။
“ဟူပို …အခုတလော အကြီးအကဲ တင်းလျန်က ရွှယ်ဖန်းကို နှစ်သက်နေတယ်ကြားတယ်။  ငါ့မှာ နင့်ကို ကူညီပေးလို့ရတဲ့ နည်းလမ်းရှိတယ်..”

“ဘာနည်းလမ်းလဲ”
ဟူပိုလည်း စိတ်ဝင်တစား မေးလိုက်တယ်။

“ငါ့မှာ နှစ်ငါးထောင် ရေခဲ ဂျင်းဆင်းရှိတယ်… နင်သာ ရေခဲဂျင်းဆင်းကို အကြီးအကဲ တင်းဖန်းကို လက်ဆောင်ပေးလိုက်ရင်… သူက နင့်ကို ပိုသဘောကျနှစ်ခြိုက်လာမယ်… ငါ့အတွက်တော့ နင်လည်း နည်းနည်းလေးတော့ ထောက်ထားညှာတာပေးပါဟာ…”

ဟူပိုလည်း တိတ်ဆိတ်နေခဲ့ပြီ၊ လုရာထင်ပြောလိုက်တဲ့ စကားကြောင့် စောနကလောက် ငြင်းတဲ့ စကား ပြောဖို့ ခဲယဉ်းနေခဲ့တယ်။

“ငါ့အကူအညီ နည်းနည်းပဲလိုအပ်တာ သေချာလား”

သူ့စကားမှာ သံသယရိပ် မကင်းတဲ့ အရိပ်အယောင်များ ရှိနေခဲ့ပြီ…သူလည်း လုရာထင်ရဲ့စရိုက်ကို ကောင်းကောင်း နားလည်ပါတယ်။ဒီမိန်းမက အရမ်းကို ကောက်ကျစ် စဉ်းလဲပြီး သူမရဲ့ ထောက်ချောက်ထဲ မရောက်ရောက်အောင် အကွက်ဆင်လေ့ရှိနေတော့… သူ စဉ်းစားရ ကျပ်နေတာပေါ့။

“ငါ့ ညီမငယ်လေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့ ဒီကို လာခဲ့တာပါ… ငါ ကျိန်ဆိုရဲပါတယ်နော်…ငါ့ညီမငယ်လေးမှာ ပြိုင်ပွဲကို သွားနိုင်တဲ့ အစွမ်းအစ မရှိလို့ နင့်ကို တောင်းဆိုရတာပါဟာ… မသင့်လျော်တာ သူမဘက်က ဘာမှ မလုပ်ဘူးလို့ ငါ ရဲရဲကြီး အာမခံပါတယ်…”

မစိုးရိမ်ပါနဲ့ ဆိုတဲ့ စကားကို လုရာထင်က ပြုံးကာ ပြောလိုက်တယ်။

ဟူပိုလည်း အံကြိတ်ကာ
“ကောင်းပြီလေ… ငါ နင့်ကို တစ်ကြိမ်လောက်တော့ ယုံကြည်ပေးလိုက်မယ်”

“အစ်ကိုတော် ဟူပို… ငါ့ညီမလေး ကိုယ်စား ကျေးဇူးတင်မိပါရဲ့…”
လုရာထင်ရဲ့ အပြုံးက ဟန်ဆောင်မှု ကင်းသော်လည်း အောက်သို့ ငေးကြည့်နေတဲ့ သူမရဲ့မျက်ဝန်းများမှာတော့ အန္တရာယ် အငွေ့အသက်များ ဖုံးလွှမ်းနေခဲ့တယ်။

သမားတော်အဖွဲ့အစည်းက လူတွေ ငါ့ကို စောင့်ကြည့်နေလို့… ငါ့မှာ သရဲဘုရင်နဲ့ တွေ့ဆုံခွင့် မရှိဘူးလို့များ မှတ်နေသလား.. ယွမ်လော့ဖုန်း…

နင် အထင်တော့ လွဲမှားသွားပြီ… ငါ ဒီနေရာက ထွက်မသွားသ၍ ငါ့မှာ နည်းလမ်းပေါင်းစုံရှိတယ်။

ဒီအကြောင်းကို တွေးရင်း လုရာထင်းလည်း အခန်းထဲမှ လှည့်ထွက်လာလိုက်တယ်။ ထို့နောက် ဟူပိုရဲ့တံခါးကိုလည်း ကူညီကာ ပိတ်ပေးလိုက်သေးတယ်။

……

ရိုးရှင်းပြီး ခမ်းနားသော အခန်းတစ်ခုအတွင်းမှာ ယွမ်လော့ဖုန်းလည်း သစ်သား ထိုင်ခုံပေါ်မှာ လဲလျောင်းနေခဲ့တယ်။ သူမလည်း တံခါးပေါက်နားမှာ တကျွီကျွီအော်နေတဲ့ နို့လက်ဖက်ရည်လေးကို မျက်ခုံးပင့်ကာ ကြည့်လိုက်တယ်။
“နင် လုရာထင်နဲ့ ပတ်သက်တဲ့ သတင်းရခဲ့လား”

“ကျွီကျွီ…”
နို့လက်ဖက်ရည်လေးဟာ စကားမပြောခင်မှာ နှစ်ကြိမ်အော်လိုက်တယ်။
“ကျွန်တော်… လုရာထင်ရဲ့ အခန်းကို သွားတော့ သူမ အပြင်ခိုးထွက်ဖို့ ရုပ်ဖျက်နေတာ တွေ့လိုက်တယ်”

ရုပ်ဖျက်တယ်…?

ယွမ်လော့ဖုန်းလည်း တိုတိုတုတ်တုတ် မေးလိုက်လေရဲ့
“ဘာကြောင့် ရုပ်ဖျက်နေတာလဲ… ထွက်ပြေးဖို့ ကြိုးစားနေတာလား”

မဖြစ်နိုင်ပါဘူး…

သူမရဲ့ စရိုက်အရတော့ လုရာထင်က သမားတော်အဖွဲ့အစည်းကနေ အလွယ်တကူ ထွက်သွားမယ် မထင်…။ သမားတော်အဖွဲ့အစည်းကလည်း သူမကို အပြစ်မပေးရသေးဘူးဆိုတော့ ဘာအကြောင်းကြောင့်များ သူမ ထွက်သွားမလဲ။

“ကျွန်တော်လည်း မသိဘူး”
နို့လက်ဖက်ရည်လေးရဲ့ တောက်ပရွှန်းလဲ့နေသော မျက်လုံး ဝိုင်းဝိုင်းလေးများက သူမကို ငေးကြည့်လာခဲ့လေတော့

“ရုပ်ဖျက်တဲ့အပြင်… မိတ်ကပ်တွေလဲ ဖယ်ရှားပြီး အခန်းထဲက ထွက်သွားတာပဲ…ဒီအကြောင်းကို သတင်းပို့ချင်လို့ သူမနောက်ကို ဆက်မလိုက်တော့တာ…”

Chapter-649
End

650+651

အပိုင်း(၆၅၀)
ယွမ်ရှောင်က ဒီမှာလေ (၂)
ယွမ်လော့ဖုန်းဘက်မှ လုရာထင်ကို လျှို့ဝှက်စွာ စုံစမ်းဖို့ ထူးထူးခြားခြား မရှိတဲ့ ရွှေရှာ ကြွက်လေးကို လွှတ်ထားလိမ့်မယ်လို့  စဉ်းစားမိမယ်တောင် မထင်။ရွှေရှာကြွက်လေးမှာ လုရာထင်ရဲ့ သတင်းကို အလျင်စလို လာပြောရတဲ့အတွက် ဟူပိုနဲ့ လုရာထင်ပြောတဲ့ အကြောင်းကို မသိလိုက်ပါဘူး။

ယွမ်လော့ဖုန်းရဲ့ လက်ချောင်းများဟာ စားပွဲကိုကို တစ်ဒေါက်ဒေါက် ခေါက်လိုက်ပြီ…သူမရဲ့မျက်ဝန်းမှ မာယာများသော အလင်းတန်းများ ဖြာဆင်းနေခဲ့တယ်။
“လုရာထင်ရဲ့နောက်ကို ဆက်လိုက်မယ်….ထွက်ပြေးမယ် အရိပ်အယောင်တွေ့ရင် သတိလစ်အောင် လုပ်ပြီး ပြန်ခေါ်လာခဲ့… ဦးငယ်လေး ပြန်မလာခင် အချိန်အထိ… ဆေးမြို့တော်ကလူတွေ တစ်ယောက်မှ မပျောက်စေနဲ့…”

“ဟုတ်ကဲ့ပါ…သခင်”
နို့လက်ဖက်ရည်လေးလည်း နာခံစွာ သဘောတူညီလိုက်ပြီး တံခါးပေါက်နားမှ သေးငယ်သော အပေါက်လေးမှ ပျောက်ကွယ်သွားခဲ့တယ်။

“နှစ်ရက်တောင် ရှိသွားပြီ… မနက်ဖြန်ဆို…ယွမ်ရှောင် ရောက်လာတော့မှာပဲ”
သူမရဲ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ပွင့် ပေါ်လွင်လာခဲ့တယ်။

ယွမ်လော့ဖုန်းက လူနာအားလုံးကို ၁၅မိနစ်အတွင်း ကုသပေးနိုင်တော့ နံပါတ်၁နေရာကို အလိုလို ရနေပြီးသားပါ…သူမ တစ်ယောက်တည်းသာ ဆုရရှိဖို့ ထိုက်တန်သူပါ… တခြားသော ဆုတံဆိပ်များ သတ်မှတ်ပေးရန် လိုအပ်နေတာကြောင့် တခြားသော မျိုးဆက်သစ် ပါရမီရှင်များမှာ ယှဉ်ပြိုင်ပွဲများ ရှိနေသေးတာပါ…ဒီနေ့က အစမ်းပြိုင်ပွဲများရဲ့ နောက်ဆုံးနေ့ပါ…မနက်ဖြန်ကတော့ အမှန်အကန် ပြိုင်ပွဲပါ…

“ဆရာ…”
ယွမ်လော့ဖုန်းဘေးနားမှာ ရပ်နေတဲ့ လင်းလောပိုင်တစ်ယောက် နှုတ်ခမ်းစူလို့နေပါတယ်။

“ဆရာ… ကျွန်မတို့တွေ သမားတော်အဖွဲ့အစည်းကို ရောက်နေတာ ရက်ပေါင်းများစွာကြာပါပြီ… ဘာလို့များ တပည့်နဲ့ အတူတူ အဖော်ပြုပြီး လမ်းလျှောက် မထွက်တာလဲ”

“စိတ်မဝင်စားလို့ပေါ့”
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။
“မနက်ဖြန်… ယွမ်ရှောင် ရောက်လာတော့မှာ ပြည့်ပြည့်ဝဝ အနားယူထားဖို့ လိုအပ်တယ်…”

“ဆရာ… ဘာလို့များ… သူ့နဲ့ တွေ့ဖို့ အားဖြည့်နေရလဲ”

“သူ့ကို ကျီစယ် မလို့ပါ”

“…”
လင်းလောပိုင်ရဲ့နှုတ်ခမ်းထောင့်မှာ မဲ့ရွဲ့သွားရတယ်။ သူမရှေ့မှာ ရှိနေတဲ့ သူမရဲ့ဆရာက သူ့ချစ်သူကို အမြဲလွှမ်းမိုးနိုင်သူပါ…။.သူတို့နှစ်ယောက်ကြားက အချစ်စိတ် ဘယ်အတိုင်းအတာအထိ ပြင်းထန်မလဲဆိုတာ.. သူမ သိချင်မိပါရဲ့။ပြင်းပြသော မီးတောက်နဲ့ ခြောက်သွေ့တဲ့ သစ်သားတို့ ဆုံတွေ့သလို ဖြစ်မှာပါလေ။

နောက်တစ်နေံ မိုးသောက်ယံ အချိန်…

သမားတော်အဖွဲ့အစည်းရဲ့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားတဲ့  လူအများအပြားဟာ မနက်အစောကြီးထဲက သမားတော်အဖွဲ့အစည်းရဲ့ တံခါးပေါက်ဝမှာ စောင့်ဆိုင်းနေခဲ့တယ်။ ဒီလို အနေအထားမျိုးက မြို့မှာ ဖြစ်လေ့ဖြစ်ထ မရှိတာကြောင့် မြို့သူမြို့သား အားလုံး နားမလည်နိုင်ဖြစ်ရပါရဲ့။ ဘယ်သူများ လာမှာမို့ ဒီလောက်အထိ ရိုသေ ခယနေသလဲ…။

အားလုံးက အချင်းချင်း ငြင်းခုံ ဆွေးနွေးနစေဉ် သိပ်မဝေးတဲ့ တစ်နေရာမှ သူတို့ရှေ့ကို လျင်မြန်သော အရှိန်နှုန်းနဲ့ ရောက်ရှိလာတဲ့ အမည်းရောင်ဝတ်စုံနဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ ထိုအမည်းရောင်ဝတ်စုံနဲ့လူဟာ မြို့ဂိတ်တံခါး အပေါ်ကို ရောက်ရှိလာခဲ့တယ်။

ချက်ချင်းဆိုသလို လူအားလုံးရဲ့နှုတ်မှ လောကကြီးရဲ့ ပြိုင်ဘက်၊ လောကကြီးရဲ့ ဘုရင်ဆိုတဲ့ စကားရှစ်လုံး ထွက်လာရတယ်။

ထိုလူက ‌လေထဲမှာ တိတ်တဆိတ် ရပ်နေခဲ့ပြီ ၊ သူ့မျက်ဝန်းများက သူ့မြင်ကွင်းအောက်မှာ ရပ်နေတဲ့ လူတစ်စုကို ဝေ့ဝဲ ကြည့်နေတယ်။

သူ့အကြည့်က သူတို့ကို ချက်ချင်း ဒူးထောက်ချင်သော စိတ်ဆန္ဒကို ဖြစ်ပေါ်စေပြီး သူ့ကို အညံ့ခံစေတယ်။

မျက်နှာဖုံးဖြင့် သူ့မျက်နှာကို ကွယ်ထားကာ မျက်နှာဖုံးအောက်မှ မျက်နှာသွင်ပြင်ကို မမြင်နိုင်ပါ။ သူ့ရဲ့ပါးလွှားသော နှုတ်ခမ်းပါးကတော့ မဖော်ရွေ့မှုကို ပုံဖော်ထားတယ်။

ဒါကြောင့် ဘယ်သူကို သူ ဂရုမစိုက်မှန်း အဖက်မလုပ်မှန်း သိသာ ထင်ရှားစေပါရဲ့။

လူအုပ်ထဲ ပုန်းကွယ်နေသော နို့လက်ဖက်ရည်လေးမှာ ရုပ်ဖျက်ထားတဲ့ လုရာထင်ကို သတိထားပြီး စောင့်ကြည့်နေရပါတယ်။ ဒေါသမီးလျှံများက သူ့ရဲ့ လုံးဝန်းပြူးကျယ်သော မျက်ဝန်းမှာ ဖြစ်တည်နေခဲ့တယ်။

ဒါဆို ဒီမိန်းမ သမားတော်အဖွဲ့တော်ဆီက ခိုးထွက်ရတဲ့ အကြောင်းအရင်းက သခင်ရဲ့ချစ်သူ အတွက်ပေါ့။ ဒီမိန်းမရဲ့ မျက်ဝန်းမှာ ကွန်ခိုးနေတဲ့ အရူးအမူး စွဲလမ်းမှုက နို့လက်ဖက်ရည်လေးရဲ့စိတ်ကို ပိုခက်ထန်စေတော့….။

လက်ရှိအချိန်မှာတော့ လုရာထင်က လေထဲမှာ ရပ်နေတဲ့ အမျိုးသားလေးကို ငေးမောကြည့်နေတာပါ။ မျက်နှာဖုံး နောက်ကွယ်က သူ့မျက်နှာကို သူမ မမြင်ဖူးသော်လည်း သူ့ကို စွဲလမ်းစိတ်က ထိန်းချုပ်မရပါ။

ဒီလူက  သူ့စိတ်စွမ်းအား အရှိန်အဝါနဲ့တင် သူမရဲ့နှလုံးသားကို သိမ်းပိုက်သွားနိုင်တယ်။ ဒီလိုနဲ့ သူမရဲ့ဘဝမှာ ဘာကို အလိုရှိလဲဆိုတာ နားလည်လာခဲ့တယ်။

လုရာထင်တစ်ယောင် ယွမ်ရှောင်ရဲ့မျက်နှာကို မမြင်ဖူးတာ ကံကောင်းသွားတာပေါ့။ သိသွားခဲ့ရင်လည်း ဒီထက်ပိုပြီး အရူးအမူး စွဲလမ်းကာ လွတ်လမ်း မရှိ ဖြစ်နေလိမ့်မယ်။

ဒီလိုနဲ့ သူမရဲ့ဘဝမှာ ဘာကို အလိုရှိလဲဆိုတာ နားလည်လာခဲ့တယ်။

Chapter-650
End

အပိုင်း(၆၅၁)
ယွမ်ရှောင်…ရှင့်ကို အရမ်းလွမ်းတယ် (၁)

ထိုလူက ကောင်းကင်ယံမှ ဖြည်းဖြည်းချင်း ဆင်းသက်လာတယ်။ သူ့ရဲ့ ခန့်ညားချောမောသော ခန္ဓာကိုယ်က မြေပြင်သို့ ဆင်းသက်လာပြီး ဖြုံလောက်သော အရှိန်အဝါဟာ ရှိရှိသမျှ လူတိုင်းကို တုန်လှုပ် ချောက်ချားစေပါတယ်။ သူတို့ကို ဖိနှိပ်ထားတဲ့ ပြင်းထန်တဲ့ တန်ခိုး အစွမ်းရှိနေသလို ခံစားမိပါရဲ့။

လုရာထင်လည်း ချက်ချင်း ခေါင်းကိုငုံ့လိုက်ပြီး ထိုလူကို ဆက်မကြည့်ရဲတော့ပါဘူး။ ခဏလေအတွင်း သူ့ရဲ့ ခက်ထန်သော အရှိန်အဝါက သူ့လည်ပင်းကို လှီးဖြတ်သွားမှာ စိုးရိမ်မိတယ်။ တခြားသော သူတွေလည်း သူ့လို တွေးမိတယ် ထင်ပါရဲ့ အားလုံးဟာ ခေါင်းငုံ့ထားကြတယ်။ ဘယ်သူမှ ခေါင်းမော့ကြည့်ရဲတဲ့ခွန်အား မရှိကြဘူး။

“သရဲဘုရင်… ရောက်လာပြီလား”
ဟူပိုလည်း သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး ယွမ်ရှောင်ရှေ့ကို အလျင်စလို သွားလိုက်ပါရဲ့။

“ကျွန်တော်ဆရာ့ရဲ့ အမိန့်အရ… ကျွန်တော်က သရဲဘုရင်ကို ဒီမှာ စောင့်ကြိုနေတာပါ”

ယွမ်ရှောင်ရဲ့အကြည့်က အရင်လို အေးတိအေးစက်နိုင်ဆဲပါ။ မည်းနက်သော သူ့မျက်ဝန်းများက ခံစားချက် တစ်စုံတစ်ရာမျှ မပြသပါဘူး။ ခပ်တည်တည် ပုံစံနဲ့ မြို့ထဲသို့ ချဉ်းနင်း ဝင်ရောက်လာခဲ့တယ်။

“သရဲဘုရင်…”
သာယာနာပျော်ဖွယ်အသံကို လူစုထဲမှ ကြားလိုက်ရပြီ။

လုရာထင်လည်း ခေါင်းမော့လိုက်ပြီးမြို့ထဲဝင်ရောက်လာတဲ့ လူကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။“”
“ကျွန်မကသမားတော်အဖွဲ့အစည်းရဲ့တပည့် ကော်ဖူလန်ပါ…. သရဲဘုရင်ကို တွေ့ချင်ခဲ့တာ ကြာပါပြီ… ဒါကြောင့် ဒီမှာ စောင့်ကြိုနေခဲ့တာပါ”

လောဖူးရဲ့ကျောင်းတော်လက်အောက်မှာ ကော်ဖူးလန်ဆိုတာ တကယ် ရှိပါတယ်။ဒါကြောင့်လည်း လုရာထင်က သူမရဲ့ပုံစံ ရုပ်ဖျက်ထားရတာပေါ့။

လုရာထင်ရဲ့စကားကို ကြားပြီးနောက် ဟူပိုရဲ့မျက်နှာထား ချက်ချင်းပြောင်းလဲသွားခဲ့တယ်၊ဒါကြောင့် သူလည်း အလျင်စလို ခွန်းတုံ့ပြန်လိုက်တယ်။

“ကော်ဖူးလန်… မင်းဘာလုပ်ချင်နေတာလဲ… ငါတို့ရဲ့သရဲဘုရင်ကို နှောင့်ယှက်မိသလို ဖြစ်ရင် နင် အကျိုးဆက်ကို လက်ခံနိုင် မလား”

လုရာထင်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ကာ ဒါက သူမရဲ့ နောက်ဆုံးသော မျှော်လင့်ချက်ဆိုတာ သိနေတယ်လေ…ဒါကြောင့် သူမက အလွယ်တကူ မစွန့်လွှတ်နိုင်ဘူး။

“ကြီးမြတ်လှပါသော သရဲဘုရင်…အစ်မ လုရာထင်ပြောလို့ အသင့် နာမည်ကို ကျွန်မ ကြားဖူးခဲ့ပါတယ်။ အစ်မ လုရာထင်က ပြိုင်ဘက်ကင်း လှပတဲ့အပြင် ကြင်နာ သနားတတ်ပါတယ်…ဒါပေမဲ့ သူမက တခြားသောသူရဲ့ ထောက်ချောက်မှာ ကျရှုံးခဲ့ရလို့… သရဲဘုရင်က သူမအတွက် တရားမျှတမှုကို ရှာဖွေပေးပါလို့ တောင်းဆိုချင်ပါတယ်”

သူ့နောက်မှာ တောင်းပန်စကားဆိုနေသော အမျိုးသမီးရဲ့အသံကို မကြားသလို ယွမ်ရှောင်က သူ့လမ်းသူ ဆက်လျှောက်နေလိုက်တယ်။

သူ့အမည်းရောင်ဝတ်စုံက သူ့ရဲ့ သွေးအေးမှုကို ပိုမို သိသာ ထင်ရှားစေတယ်။

သူမပြောလိုက်တဲ့စကားက ထိုလူကို မဆွဲဆောင်နိုင်ဘူးလို့ ထင်မိတာကြောင့် လုရာထင်လည်း သူမရဲ့နှုတ်ခမ်းကို ကိုက်ကာ ဆက်ပြောလိုက်တယ်။

“ကြီးမြတ်လှသော သရဲဘုရင်… ကျွန်တော်မျိုးမရဲ့အစ်မ လုရာထင်က သခင်ကြောင့် အဲဒီ အမျိုးသမီးကို အမှားကျူးလွန်မိတာပါ။ အဲဒီ အမျိုးသမီးက သရဲဘုရင်ကို နှစ်ခြိုက်သဘောကျနေပြီ… သခင့်ကို ဖြားယောင်ဖို့ ကြံစည်နေပါတယ်၊ အစ်မ ရာထင်က သူ့ကို ဒီလို မလုပ်ဖို့ အကောင်းနဲ့ အကြံပေးခဲ့တယ်၊ဒီမိန်းမရဲ့အငြိုးထားမှုကို ခံခဲ့ရပြီး အစ်မရာထင်အတွက် မထိုက်တန်တဲ့ ဒုက္ခပေးမှုကို ဖြစ်စေခဲ့ပါတယ်”

နို့လက်ဖက်ရည်လေးလည်း လုရာထင်ကို အထင်မြင်သေးစွာ ကြည့်နေလိုက်တယ်။

ပြိုင်ဘက်ကင်းအလှလေး ဟုတ်လား… ကျက်သရေရှိပြီး ကြင်နာတယ်လား…

လုရာထင်က သူ့ကိုယ်သူ အမွှန်းတင်နေတာပဲ/ ပထမဆုံး သူ့ကိုယ်သူ အမွှန်းတင် ပြောတဲ့သူကို တွေ့ဖူးတာပဲ….

နို့လက်ဖက်ရည်လေး တစ်ယောက်တည်းသာ လုရာထင်ရဲ့ သရုပ်အမှန်ကို သိနေခဲ့တယ်။ တခြားသူတွေလည်း သရုပ်အမှန်ကို သိခဲ့ရင် သူ့လိုပဲ ဒီမိန်းမ ပြောတဲ့ စကားကို ရွံ့ရှာမိမှာပါ။အခုလက်ရှိ လုရာထင်က တခြားသူတစ်ယောက်ရဲ့ ရုပ်သွင်ကို ဟန်ဆောင်ထားတာပါ။

sယွမ်ရှောင်ရဲ့ အရိပ်က လမ်းမပေါ်မှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တယ်။ အစတည်းက လုရာထင်ကို လေလို သဘောထားပြီး လျစ်လျူရှုခဲ့တာပါ။

“ကော်ဖူးလန်…. မင်းဘာလုပ်တာလဲ”
ဟူပိုလည်း ဒေါသထွက်လာတာကြောင့် သူမကို လူသတ်မလို အကြည့်နဲ့ ကြည့်လိုက်ပြီ
“လုရာထင် ပြောတော့ နင်က အသိတရားရှိတယ်ဆို …ဆေးမြို့တော်ကို အရှက်ရစေမယ့် ကိစ္စမျိုး မလုပ်ဘူးဆို…ဒါဆို သရဲဘုရင်ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲရတာလဲ”

လုရာထင်လည်း သရော်လိုက်တယ်။
“ငါက အစ်မရာထင်အတွက် ဒေါသဖြစ်လွန်းလို့ပါ… ယွမ်လော့ဖုန်းလို မိန်းမပျက်က အစ်မရာထင်ကို ယှဉ်နိုင်ပါ့မလား…ဒါက အစ်မရာထင်ကို ကယ်တင်နိုင်တဲ့ နောက်ဆုံးသော အခွင့်အရေး ငါ့က လက်လွတ် အဆုံးအရှုံး ခံစရာလား”

ဟူပိုလည်း လုရာထင်ကို တအံ့တသြ ကြည့်နေခဲ့မိတယ်။
“ကော်ဖူးလန်… နင်နဲ့ လုရာထင်က ဘယ်တုန်းကများ အဆင်ပြေသွားတာလဲ… အရင်ဆုံး သူမက နင့်ကို ကူညီပေးဖို့ နင့်အတွက် လာတောင်းဆိုပေးတယ်…အခု နင်က နင့်အသက်ကို ပဓာန မထားဘဲ သူမအတွက် ပေးဆပ်နေပြန်တယ်”

Chapter-651
End

Gp1 (အပိုင်း 575မှ 700 )(Free)
Gp2 (အပိုင်း 700 မှ 772) (Free)
Gp3 (အပိုင်း 773 မှ 850) (1000ks)
Gp4 (အပိုင်း 851 မှ 962) (2000ks)

ပေးရမည့် ပုံစံ
Wave pay= 09784327525
Ph bill = 09899327577 (mpt)
Ok $ = 09969332009
Kpay=09969332009

Bạn đang đọc truyện trên: Truyen247.Pro