
641+647(Unicode)
စာစဉ်(၂၆)
641+642
အပိုင်း(၆၄၁)
လမ်းညွှန်းမှု
ကြောက်ရွံ့ခြင်းဟာ လောဖူးရဲ့ မျက်နှာပြင်မှာ ကြီးစိုးလာခဲ့တယ်။သူလည်း ကြောက်လန့်တကြားနဲ့ လုရာထင်ရဲ့လက်ကို အလျင်စလို ဆုပ်ကိုင်ကာ တုန်တုန်ရီရီ ပြောလိုက်တယ်။
"ရာထင်... ရက်ပိုင်းလောက်တောင် ကြာလို့ မရဘူး.... နင် ငါ့ကို လာကယ်ရမယ်နော်"
"ကယ်ပေးပါ့မယ်"
သူ့ခန္ဓာကိုယ်ကို တစ်သတ်မတ်တည်း ဖြစ်အောင် မတ်တတ် ထမရပ်ခင် လုရာထင်လည်း လောဖူးရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်။သူမရဲ့မျက်ဝန်းများဟာ ယွမ်လော့ဖုန်းဘက် လှည့်လာခဲ့တယ်။ ထို့နောက် သူမလည်း စိတ်လွတ်ကိုယ်လွတ် ပြောချလိုက်တယ်။""
"ယွမ်လော့ဖုန်း... ဒီတစ်ကြိမ်တော့ နင် နိုင်ပါတယ် နောက်တစ်ခေါက် ငါ့ကို ဆက် အနိုင်ယူဖို့ ဆုတောင်းပေးလိုက်မယ်"
ဒီစကားကို ပြောပြီးနောက် နောက်ကို တစ်ချက်လေးမျှ ပြန်စောင်းငဲ့ မကြည့်ဘဲ ထွက်ခွာသွားခဲ့တယ်။ဒါပေမဲ့လည်း သူ့ခြေထောက်နှစ်ဖက်ဘေးမှာရှိနေတဲ့ သူ့လက်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားလိုက်ပါတယ်။
"ယွမ်လေး"
ရုန်အကြီးအကဲလည်း တုန်လှုပ်မှုမှ ပြန်လည် အသက်ဝင်လာပြီး ခေါင်းကို တွင်တွင်ခါလိုက်တယ်။""
"မင်းနဲ့ ပထမဆုံးတွေ့တုန်းက မင်းကို ထျန်းရာရဲ့တပည့်လို့ ထင်ခဲ့မိတာ... အခုတော့ ထျန်းရာက မင်းရဲ့တပည့် ဖြစ်နေပါလား အရင်ကဆို... ကျုပ် ခန့်မှန်းတာ မှားဖို့ခဲယဉ်းတယ်"
ဒီသတင်းက အရမ်းကို တုန်လှုပ်စေပါတယ်။ ဒါကြောင့် သူ့ရဲ့ တွေးနိုင်စွမ်း ဆုံးရှုံးရလောက်တဲ့အထိ ကြောင်အမ်းအမ်း ဖြစ်စေတယ်။
ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်တယ်။
"ကျွန်မဘက်က သူ့ကို အသိအမှတ်မပြုရသေး"
ဒီစကားကိုကြားတော့ ထျန်းရာရဲ့ တည်ကြည်နေသော မျက်နှာထားက ထိန်းချုပ်မရအောင် ခက်ထန်လာခဲ့တယ်။ ထို့နောက် သူလည်း မကျေမချမ်း မေးလိုက်တယ်။
"ဒါဆို ငါ့ကို ဘယ်အချိန်များ အသိအမှတ်ပြုပေးမလဲ"
"ရှင်လို သက်ကြားအိုကို တပည့် လက်မခံဘူး... ဒါပေမဲ့ ဆေးပညာနဲ့ ပတ်သက်တာလေး ပေးမယ်လို့ ရှောင်ပိုင်ကို ကတိပေးထားတယ်... ဘယ်အချိန်အားလပ်လဲ..."
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။သူမရဲ့ မည်းနက်သော မျက်ဝန်းများမှာ တောက်ပသော ရောင်ခြည်များ ဖြာလဲ့နေတာပေါ့။
ထျန်းရာ စိတ်ပျော်ရွှင်လာရတယ်။
သူ့မှာ ယွမ်လော့ဖုန်းကို ပြေးဖက်မတတ်ပါပဲ။ ဒါကြောင့် ယွမ်လော့ဖုန်းလည်း ရှောင်တိမ်းလိုက်တယ်။
"ငါ အားလပ်တယ်.... အချိန်တိုင်း အားလပ်တယ်..."
ထျန်းရာမှာ အထိန်းအချုပ် ကင်းမဲ့စွာ စိတ်လှုပ်ရှားလာတယ်။ သူ့အိုမင်နေတဲ့ မျက်နှာတပြင်လုံးမှာ နီရဲလာရတယ်။""
"ငါတို့ ဘယ်အချိန် စတင်မလဲ... အခု ရမလား"
အဘိုးအိုလည်း သူ့လက်ဖဝါးများကို ပွတ်သပ်လိုက်ပြီး သူ့အပြုံးဟာ မနှစ်မြို့ဖွယ်ကောင်းတယ်။ စောနက ပုံစံနဲ့ ကွာခြားလွန်းပါတယ်။ အားလုံးဟာ သူတို့ရှေ့က မနှစ်မြို့ဖွယ်ကောင်းတဲ့ အဘိုးအိုကို မယုံကြည်နိုင်စွာ ကြည့်လိုက်တာ ဒီလူက သူတို့သိထားတဲ့ နတ်ဆေးသမားတော်မှ ဟုတ်ရဲ့လား။
"လူမှားတာ ဖြစ်နိုင်ပါတယ်..."
"ကောင်မလေး"
ရုန်အကြီးအကဲလည်း သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်တယ်။""
" နတ်ဆေးသမားတော်ထျန်းရာကို ဆေးပညာ ညွှန်းကြားပြသပေးရင် ဘေးနားမှာ ရပ်ကြည့်နေလို့ ရမလား"
သဘောတူညီကြောင်း ခေါင်းမညိတ်ခင်မှာ ယွမ်လော့ဖုန်းလည်း ခဏတော့ တိတ်ဆိတ်သွားခဲ့တယ်။
"ရှင်တို့တွေ ကျွန်မကို မနှောင့်ယှက်သ၍ ကိစ္စမရှိပါဘူး...."
ရုန်အကြီးအကဲလည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာရတယ်။ သူလည်း အလျင်စလို သဘောတူလိုက်တယ်။
"ယွမ်လေး... စိတ်ချပါနော်... အသံတစ်သံတောင် မထွက်စေရဘူးလို့ အာမခံတယ်"
ဒီစကားကို ကြားလိုက်ရတော့ သမားတော်အဖွဲ့အစည်းမှ အကြီးအကဲ အားလုံး ဂနာမငြိမ် ဖြစ်သွားရတယ်။
"ယွမ်မိန်းကလေး... ငါတို့လည်း ဘေးနားက နားထောင်ခွင့် ရှိမလား.... ငါ မင်းကို မနှောင့်ယှက်ဘူးလို့ အာမခံပါတယ်"
အကြီးအကဲ အားလုံးရဲ့မျက်ဝန်းမှာ မျှော်လင့်ချက် ရောင်ခြည်များ ဖြာတန်းနေခဲ့ပြီး ယွမ်လော့ဖုန်းကို တိတ်ဆိတ် ငေးကြည့်နေခဲ့တယ်။
ယွမ်လော့ဖုန်းရဲ့လက်က သူမရဲ့မေဖျားကို ပွတ်သပ်ရင်း လန်ဟုန်ကို လှည့်ကြည့်လိုက်တယ်။
"ဦးငယ်လေး... ဆေးမြို့တော်နဲ့ ပြဿနာတက်ချိန်က ဘယ်သူတွေ ဆေးမြို့တော်ဘက်က ရပ်တည်ခဲ့လဲ"
လန်ဟုန်လည်း ပြန်မဖြေင်မှာ အသေးစိတ် မှတ်မိနိုင်အောင် ကြိုးစား အားထုတ်လိုက်တယ်။
"အရင်က သမားတော်အဖွဲ့အစည်းမှာ ပြဿနာအရှုပ်အထွေးတွေ ရှိခဲ့တယ်...လူတစ်ဝက်လောက်ကတော့ ဆေးမြို့တော် မမှားဘူးလို့ ထင်ကြတယ်... ယွမ်ချင်ရာဘက်က ပထမဆုံးမှားတယ်လို့ပဲ ထင်ကြတယ်.... ကျန်တဲ့တစ်ဝက်လောက်က အသံတိတ်နေခဲ့တာ..."
လန်ဟုန်ကလွဲရင် တခြားသောလူတွေက တိတ်ဆိတ်နေရင် တိတ်ဆိတ်... မဟုတ်ရင် တခြားတစ်ဝက်က ဆေးမြို့ှုတော်ဘက်က ရပ်တည်ကြတယ်။
သူ့စကားကို ကြားပြီးနောက် ယွမ်လော့ဖုန်းလည်း ပြုံးကာ ပြောလိုက်တယ်။
"ရှင်တို့ထဲက တဟ်ချို့က ဦးငယ်လေး မှားတယ်လို့ထင်တယ်... ကျန်တဲ့လူတွေက အသံတိတ်နေတယ်... ကံတရားပဲလို့ မှတ်ယူကြတယ်... ရှင်တို့ရဲ့အပြုအမူကို ခွင့်လွှတ်သင့်တယ်လို့များ ထင်သလား... ရှင့်ရဲ့ဆေးပညာတိုးတက်အောင် ကူညီပေးရမယ်လား"
အသံတိတ်နေခဲ့တဲ့ လူတွေကို သူမ နားလည်ပေးလို့ ရသော်လည်း သူမ လက်မခံနိုင်ဘူး။ သူတို့ အသံတိတ်နေခဲ့လို့ သူမရဲ့ ဦးငယ်လေးက နှစ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရတာပါ။
Chapter-641
End
အပိုင်း(၆၄၂)
ဆေးမြို့တော်နဲ့ စာရင်းရှင်းမယ်
လူတိုင်း ခေါင်းငုံ့နေခဲ့ပြီး မကျေမနပ်ဖြစ်ကာ ဆေးမြို့တော်မှ လူများကို အကြိမ် တစ်ရာမက ကျိတ် ကျိန်ဆဲနေခဲ့တယ်။
သူတို့ကြောင့် ယွမ်လော့ဖုန်းက ငြင်းဆန်ခဲ့တာ။
"ယွမ်လေး"
ရုန်အကြီးအကဲလည်း လန်ဟုန်ဘက်လှည့်ကြည့်လိုက်တယ်။""
"အရင်က သမားတော်အဖွဲ့အစည်းမှာ လန်ဟုန်တစ်ယောက်တည်း သူတို့ရဲ့ဆုံးဖြတ်ချက်ကို ငြင်းဆန်ခဲ့တာ သူ လာနားထောင်လို့ ဖြစ်နိုင်မလား"
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။
"ရတာပေါ့"
သူမက ကျေးဇူးတရားနဲ့ အမုန်းအာဃာတကို ခွဲခွဲခြားခြား သိပါတယ်။လန်ဟုန်က အရေးပါအရာရောက်တဲ့ ဆုံးဖြတ်ချက်များကို ဆုံးဖြတ်နိုင်ခွင့် မရှိသော်လည်း အနည်းဆုံးတော့ သူ့နှလုံးသားဟာ တရားမျှတမှုရှိပြီး သမာသမတ်ကျတယ်။ဒီအချက်တစ်ခုတည်းနဲ့ သူ့ကို ယွမ်လော့ဖုန်း မငြင်းဘူး။
အကြီးအကဲအားလုံးက လန်ဟုန်ကို မနာလိုဝန်တိုစွာ ကြည့်လိုက်ကြတယ်။ သူ့နေရာမှာ အစားထိုးဝင်ချင်လည်း မဖြစ်နိုင်ဘူးလေ။ ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် သူတို့အားလုံး ဆေးမြို့တော်ဘက်က မရပ်တည်ခဲ့ပါဘူး။
ဘေးနားမှာ နားထောင်ခွင့်ရဖို့ လိချွမ်လည်း အရင်က ပြောချင်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားသော အကြီးအကဲအားလုံးကို အသိအမှတ်မပြုတာ မြင်ရတော့ သူ့ပြောချင်သော စကားများကို မျိုသိမ်လိုက်တယ်။ အရင်က သူလည်း ဆေးမြို့တော်ဘက်က ရပ်တည်ပြီး ကာကွယ်ပေးခဲ့သူပဲလေ။ ဒါကြောင့် ယွမ်လော့ဖုန်း ဆေးပညာ သင်ကြားပေးတာကို နားထောင်ဖို့ အခွင့်ရှိပါ့မလား။ ဒီလို ကံတရားမျိုးနဲ့ ကြုံကြိုက်နိုင်တဲ့ အခွင့်အရေး မရှိနိုင်တော့ပါဘူး။
"အဲ့ဒီဆေးမြို့တော်က ငါတို့အားလုံးကို ထိခိုက်စေတယ်"
လိချွမ်လည်း သက်ပြင်းချကာ စိတ်ပျက်လက်ပျက် ပြောလိုက်တယ်။
လူတိုင်းရဲ့ အမြင်မှာတော့ ထျန်းရာကိုယ်တိုင်လည်း သူမရဲ့ ဆေးပညာကို သင်ယူနေရတော့ သူမရဲ့ဆေးပညာဟာ သေချာပေါက် မြင့်ရမယ်။ သူမရဲ့ လမ်းညွှန်းသင်ကြားပေးမှုကိုသာ ရရင် နာမကျန်းမှုကို ကုသရရင် အမှားအယွင်း နည်းပါးသွားနိုင်တယ်။ ဒါပေမဲ့ ဆေးမြို့တော်ကြောင့် သူတို့တွေ အခွင့်အရေးကောင်းကို ဆုံးရှုံးလိုက်ရပါပြီ။
"သွားမယ်....ဆေးမြို့တော်နဲ့ စာရင်းသွားရှင်းမယ်"
အကြီးအကဲအားလုံးလည်း ချက်ချင်းလက်ငင်း တက်ကြွစွာ ဧည့်သည်တော်အဆောင်ကို လမ်းလျှောက်သွားကြတယ်။ အငြင်းခံရလို့ သူတို့ရဲ့ ဒေါသအားလုံးကို ဆေးမြို့တော်အပေါ် ထားရှိလိုက်တယ်။
လိချွမ်လည်း သူတို့နဲ့အတူတူ သွားချင်သော်လည်း သူ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို တွေးမိတာကြောင့် သူ့နှလုံးသားထဲမှ စိတ်ဆန္ဒကို ဖိနှိပ်လိုက်ပါတယ်။
ခမ်းနားသော ဧည့်သည်တော်အဆောင် အတွင်းမှာ လုကောတစ်ယောက် သူ့ပစ္စည်းပစ္စယာများကို သိမ်းဆည်းထုပ်ပိုးနေခဲ့တယ်။ တံခါးပေါက်ကို စိတ်မရှည်စွာ ကြည့်လိုက်တယ်။ လုရာထင်က သူ့ကို ပြဿနာရှာမှာ စိုးတာကြောင့် အပြင်မထွက်ဖို့ တားဆီးထားတယ်။ ဒါကြောင့် အစမ်းပြိုင်ပွဲအကြောင်းကို သူ မျက်မြင် မကြည့်လိုက်ရဘူး။ ဒါကြောင့် အခန်းထဲမှာ သူ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ရတယ်။
ရုတ်တရက်ဆိုသလို... ရုတ်ရုတ်သဲသဲ ခြေသံများကို ကြားလိုက်ရပြီး အခန်းတံခါးကို တွန်းဖွင့်လာတယ်။ အခန်းထဲ ဝင်လာတဲ့ အမျိုးသမီးကိုမြင်တော့ သူ့မျက်နှာတပြင်လုံးမှာ ပျော်ရွှင်မှုများ ကြီးစိုးသွားခဲ့တယ်။ဒါကြောင့် သူလည်း အလျင်စလို မေးလိုက်တယ်။
"ရာထင်.... သမီး အောင်မြင်ခဲ့လား... ယွမ်လော့ဖုန်း ကျရှုံးသွားပြီမလား....ဟား..."
ဒါပေမဲ့လည်း လုရာထင်ရဲ့မျက်နှာက မှင်သေသေနဲ့ ပျော်ရွှင်မှု အရိပ်အယောင်ကို တစ်စိုးတစ်စီမျှ မပြပါဘူး။
သူမရဲ့မျက်နှာထားကြောင့် လုကောမှာ အသက်ရှူဖို့တောင် မေ့လျော့သွားရတယ်။""
"ရာထင်... ဘာများဖြစ်လို့လဲ"
"အဖေ"
လုရာထင်လည်း နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။ သူ့မျက်ဝန်းများက စိတ်ရှုပ်ထွေးမှုကို ဖွင့်ဟနေခဲ့တယ်။
"ကျွန်မ ရှုံးခဲ့တယ်... ယွမ်လော့ဖုန်းက တစ်ချက်ကြည့်ရုံနဲ့ ဟန်ဆောင်နေတဲ့ လူနာကို သိတယ် သူ့ကို သွေးကြောစမ်းစရာတောင် မလိုအပ်ဘူး"
"ဘာ..."
လုကောလည်း ခလုတ်တိုက်ကာ ကြမ်းပြင်ပေါ် လဲကျသွားရတယ်။ ဖြူစုတ်နေသော မျက်နှာထားနဲ့ တီတိုးဆိုလိုက်တယ်။
"မဖြစ်နိုင်ပါဘူး.... သမီးရဲ့အစီအစဉ်မှာ အားနည်းချက် မရှိပါဘူး... ဘယ်လိုဖြစ်လို့ ရှုံးရမလဲ"
လုရာထင်ရဲ့မျက်ဝန်းများ စိတ်ရှုပ်ထွေးမှုကို ပြသနေခဲ့ပြီး
"ဒီလိုနဲ့ သမီးလည်း သူနဲ့ လောင်းကြေးထပ်ခဲ့တယ်...လူနာအားလုံးကို ၁၅မိနစ်အတွင်း ကုသပေးနိုင်တယ် ဒါနဲ့ ဒီမိန်းမ အနိုင်ရသွားတယ် ... သူမကတော့ ရှုံးသွားရတာပေါ့"
"၁၅မိနစ်အတွင်းလား... ယွမ်လော့ဖုန်း ဘယ်လိုပဲ အရည်အချင်း ရှိပါစေ... ဒီလိုလုပ်နိုင်စရာ အကြောင်းမရှိဘူး...သွေးကြောစမ်းနိုင်တဲ့ အချိန်ပဲရှိတယ်လို့ ရဲရဲကြီး အာမခံနိုင်တယ်"
လူနာအားလုံးကို ယွမ်လော့ဖုန်း ကုသပေးနိုင်ဆိုရင် လုကော ယုံကြည်နိုင်ပါသေးတယ်။ အခုက ၁၅မိနစ်တည်းနဲ့ဆိုတော့ သူမ ဘာကြီးပဲ ဖြစ်နေဖြစ်နေ... သူ ယုံကြည်မှာ မဟုတ်ဘူး။
Chapter-642
End
စာစဉ်(၂၆)
643+644+645+646+647
အပိုင်း(၆၄၃)
ယွမ်ချင်ရာ (၁)
"ကျွန်မလည်း ဒီလိုဖြစ်လာဖို့ မျှော်လင့်ခဲ့ပါတယ်"
လုရာထင်လည်း မကျေမနပ် ပြောလိုက်တယ်။
"ကံဆိုးရှာတာ... ကျွန်မတို့အတွက်တော့ ဒီမိန်းမ အနိုင်ရသွားခဲ့တယ် ဒါကြောင့် ဆေးမြို့တော်ကိုလည်း လောင်ကြေးကြောင့် စွန့်လွှတ်ခဲ့ရပါပြီ"
လုကောလည်း ခြေဆောင့်ကာ ချီတုံ့ချတုံ့ ပြောလိုက်တယ်။
"ရာထင်...နင်... ငါကို မဟုတ်တမ်းတရား ပြောနေတာလား ၁၅မိနစ်တည်းနဲ့...ဟုတ်လား ထျန်းရာလည်း ဒီလိုကုသပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး... သူ့မှာ ကောင်းဘုံ အစွမ်းများ ရှိနေလို့လား"
လုရာထင်လည်း မျက်ဝန်းများကို မှေးစဉ်းရင်း လူသတ်ငွေ့များကို ဖုံးကွယ်ထားလိုက်တယ်။""
"ဒါပေါ့ ထျန်းရာ ကိုယ်တိုင်တောင် မလုပ်နိုင်ဘူး... ထျန်းရာက အဲ့ဒီမိန်းမရဲ့တပည့်လေ"
လုကောရဲ့ မျက်ဆန်မှာ ပြူးကျယ်သွားရတယ်။ အစပိုင်း တုန်လှုပ်မှုက ကြောက်လန့်မှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
သူ့မှတ်ဉာဏ်ထဲမှာတော့ များပြားလှသော စကားလုံးများ ပဲ့တင်ထပ်လာခဲ့တယ်။ ထျန်းရာက ယွမ်လော့ဖုန်းဆိုတဲ့ စကားကိုပေါ့။
လူသိများ ကျော်ကြားလှတဲ့ သမားတော်က ထျန်းရာက ယွမ်လော့ဖုန်းရဲ့တပည့်လား။ ထျန်းရာက ယွမ်လော့ဖုန်းကို သူ့တပည့်အဖြစ် လက်ခံတယ်ဆိုတာထက် ပိုတုန်လှုပ်ချောက်ချားစေတယ်။
လုကောလည်း ကြမ်းပြင်ပေါ်မှာ ကုန်းရုန်းထကာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ ရုတ်တရက် သူ့မှတ်ဉာဏ်ထဲ တစ်စုံတစ်ရာကို တွေးတောမိသွားတယ်။ ထို့နောက် သူလည်း လုရာထင်ကို စေ့စေ့စပ်စပ် မသွေ့မတိမ်းကြည့်လိုက်တယ်။ လက်ရှိ သူ့ရှေ့က မိန်းကလေးရဲ့မျက်နှာဟာ ဖြူဖျော့နေသော်လည်း သူမရဲ့ ကြော့ရှင်းလှပမှု မပျောက်ကွယ်သွားပေ။ သူမရဲ့မျက်နှာဟာ အရင်လို ယုံကြည်ချက်များ ပြည့်နှံနေဆဲပါ။
"ရာထင်... သမီးမှာ ဖြေရှင်းနိုင်တဲ့ အဖြေရှိတယ်မလား"
လုကောရဲ့မျက်ဝန်းများ မျှော်လင့်ချက် ရောင်ခြည်များ ဖြာလဲ့နေခဲ့တယ်။""
"ငယ်ငယ်တည်းက သမီးရဲ့စရိုက်က တခြားသူတွေထက် ပို တည်ငြိမ်တယ် ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်တယ်... မင်းမှာ ငါ့ကို ကူညီပေးနိုင်တဲ့ နည်းလမ်းရှိတယ်မလား"
လုရာထင်လည်း သက်ပြင်းချလိုက်တယ်။ သူမလည်း နှစ်ပေါင်းများစွာ ဆေးမြို့တော်ကို စွန့်ပစ်လိုက်ချင်တဲ့ စိတ်ဆန္ဒ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတာ့ သူ ဘာဆိုဘာမှ မလုပ်ဆောင်နိုင်ခဲ့ဘူး။
ဆေးမြို့တော်က သူမကို ပျိုုးထောင်ပေးခဲ့တဲ့ နေရာတစ်ခုပါ။ လုကောက သူမရဲ့မွေးစား ဖခင် ဖြစ်နေပြန်တယ်။
ဆေးမြို့တော်ကို အလေးမထားခဲ့ရင် သူမဟာ ကျေးဇူးကန်းသူ ဖြစ်သွားနိုင်တယ်မလား။သူမရဲ့ဂုဏ်သိက္ခာကို မညှိုးနွမ်းစေချင်ဘူး။
"သမီးကို ကယ်တင်ပေးဖို့ ဆရာက သူ့ကိုယ်သူ စတေးခဲ့ရတယ်... တကယ်တမ်းက ကိုယ့်ဘဝနဲ့ကိုယ် နေလို့ရပါတယ်.... ဒါပေမဲ့လည်း ဆေးမြို့တော်ကို လျစ်လျူမရှုနိုင်ဘူး"
သူမပြောချင်တာကတော့ ဆေးမြို့တော်ကို သူမ လျစ်လျူရှုထားလို့ရတယ်။ ဒါပေမဲ့ သူမ တတ်နိုင်သမျှ ကယ်တင်ပေးခဲ့တယ်ပေါ့။
"ရာထင်"
လုကောရဲ့မျက်ဝန်းများ တောက်ပနေခဲ့တယ်။
"ဖေဖေ နားလည်ပါတယ်... သမီးဘက်က ဖေဖေတို့အတွက် ကြိုးစားခဲ့တာကို ဖေဖေ အသိအမှတ်ပြုပါတယ်.... ဖေဖေ သိချင်တာက... သရဲဘုရင် ရောက်လာဖို့ ၂ရက်တည်း လိုတော့တာလား"
ခဏတော့ လုရာထင်လည်း တိတ်ဆိတ်သွားခဲ့တယ်။
"သရဲဘုရင် ရောက်လာဖို့ ၂ရက်ကျော် လိုသေးတယ်"
"သရဲဘုရင်၊... ရာထင်သမီး ဘာဆက်လုပ်ချင်လဲ၊"
လုကောလည်း လုရာထင်ကို တအံ့တသြ ကြည့်ကာ မေးလိုက်တယ်။
"သရဲဘုရင်ရဲ့စွမ်းအားက အလွန်မြင့်မားတယ်၊ ဆရာပြောတာတော့ ခေါင်းဆောင်ကိုယ်တိုင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးတဲ့"
လုရာထင်လည်း သူမရဲ့မျက်ဝန်းများကို မှေးကျဉ်းကာ အေးစိမ့်စိမ့် အလင်းတန်းများ ဖြာဆင်းလိုက်တယ်။
"ဒီတစ်ခေါက်ပွဲမှာ သရဲဘုရင်ကို အကဲဖြတ်ဒိုင်နေရာပေးတော့ ခေါင်းဆောင်က သရဲဘုရင်နဲ့ မိတ်ဆွေဖြစ်ချင်လို့ နေမယ်... ကျွန်မမှာ ပွဲကို စီစဉ်ခွင့်ရှိရင် သရဲဘုရင်နဲ့ နီးစပ်နိုင်တဲ့ အခွင့်အရေးကို ရမှာ"
လုရာထင် ဘာလိုအပ်မှန်း နားလည်မိတာကြောင့် လုကော အံံ့သြနေမိတယ်
"သမီးပြောချင်တာက...."
"အစကတော့ လက်လွှတ်ဖို့ ဆန္ဒရှိခဲ့တယ်... သရဲဘုရင်က သမီးကို ကြိုက်ကြိုက်...မကြိုက်ကြိုက် ကိစ္စမရှိဘူး"
လုရာထင်လည်း ခဏရပ်တန့်လိုက်ပြီး ပြတင်းပေါက်ကို ငေးမောကြည့်လိုက်တယ်။ သူမရဲ့မျက်ဝန်းများဟာ ဆုံးဖြတ်ခိုင်မာသော အရိပ်အယောင်များ အတိုင်းသားပေါ်လွင်နေခဲ့တယ်။
"ဒီတစ်ခေါက်တော့ အစွမ်းကုန် ကြိုးစား အားထုတ်ရတော့မယ် ထင်တယ် သမီးသာ သူ့ဇနီးဖြစ်လာရင် ဆေးမြို့တော်နဲ့ ဆရာကို ကယ်တင်ပေးလို့ရပြီ"
"ရာထင်"
လုကောရဲ့မျက်နှာအမူအရာ ကောင်းမွန်လာသော်လည်း သူ့နှလုံးသားထဲမှာ ကိန်းအောင်းနေသော စိုးရိမ်မှုများက မပျောက်ပျက်သွားပါ။""
"မင်းဆရာက ရှုံးနိမ့်သွားပြီ ဒီပြိုင်ပွဲရဲ့ အစီအစဉ်မှူးကို တစ်ခြားတစ်ယောက် ပြောင်းလိုက်မှာ စိုးရိမ်ရတယ်... သူတို့က မင်းကို သရဲဘုရင်နဲ့ နီးစပ်ခွင့်ပေးပါ့မလား"
လုရာထင်လည်း တည်ငြိမ်စွာ ပြုံးလိုက်တယ်။""
"အစတည်းက သမီးမှာ နည်းလမ်းရှိပြီးသားပါ... ဒီရက်ပိုင်းအတွင်း ယွမ်လော့ဖုန်း...အဖေကို ဘယ်လိုပဲ နှိပ်စက် နှိပ်စက် သည်းခံပေးလိုက်ပါ... ရက်အနည်းငယ်အတွင်း အဖေ့အတွက် သမီး လက်စားချေပေးမယ်"
Chapter-643
End
အပိုင်း(၆၄၄)
ယွမ်ချင်ရာ (၂)
"ဟုတ်ပါပြီ..."
လုကောရဲ့မျက်ဝန်းဟာ ခက်ထန် ကြမ်းကြုတ်နေခဲ့တယ်။
"မိန်းမယုတ် ယွမ်လော့ဖုန်းကို ရက်ပိုင်းလောက် သည်းခံရဦးမယ်... သရဲဘုရင်သာ ငါ့သမီးရဲ့ ခင်ပွန်းဖြစ်လာရင် ငါ့ကို ရန်စမိတဲ့ အကျိုးဆက်ကို သိစေရမယ်"
သရဲဘုရင်က သူ့သမီး ခင်ပွန်းဖြစ်လာမှာကို တွေးရင်း ပီတိဖြာနေခဲ့တယ်။ သူ့နှလုံးသားဟာလည်း အထိန်းအချုပ်ကင်းမဲ့စွာ စိတ်လှုပ်ရှားနေခဲ့တယ်။ လုရာထင်နဲ့ သရဲဘုရင်လက်ထပ် ထိမ်းမြားမှာကို စိတ်ကူးယဉ်နေပြီသားပါ""
"လုကော ထွက်လာခဲ့စမ်း"
ဝုန်း...ဒိုင်း...
တံခါးကို ရုတ်တရက် ပြင်းပြင်းထန်ထန် ကန်ကျောက်လာခဲ့တယ်။ သိပ်မကြာခင်မှာဘဲ အပြင်မှ များပြာလှတဲ့ အကြီးအကဲများ ကစုန်းဆိုင်း ပြေးဝင်လာခဲ့တယ်။
လုကောမှာ လန့်လွန်းလို့ ထုခုန်လိုက်မိတယ်။ ကတုန်ကရင် အသံနဲ့ သူ မေးလိုက်တယ်။
"မင်းတို့တွေ ဘာလာလုပ်တာလဲ"
"ဘာလာလုပ်တာလဲ...ဟုတ်လား"
ဦးဆောင်လာသော အကြီးအကဲလည်း ဆိုးယုတ်စွာ ပြုံးလိုက်တယ်။
"မင်းနဲ့ မင်းရဲ့သားကို ငါတို့တွေက အမှုန့်ကြိတ်ပစ်ချင်နေတာ"
ထိုစကားကို ပြောပြီးတာနဲ့ အကြီးအကဲတစ်ယောက်က လက်ဟန်အမူအရာပြကာ လူတစ်ယောက်ကို လူအုပ်ကြီးထဲ ပစ်ချလိုက်တယ်။ထိုလူမှာ လူစုလူဝေးထဲမှာ ဗိုင်းခနဲ မြည်အောင် လဲကျသွားခဲ့တယ်။
"သားလေး"
ဒဏ်ရာဒဏ်ချက်များနဲ့ သူ့သားလေးကို မြင်ရတော့ သူ့နှလုံးသား နာကျင်ရပါတယ်။လုကောလည်း ကြောက်လန့်တုန်လှုပ်နေသော မျက်နှာထားနဲ့ သူ့သားလေးနား အပြေးသွားကာ ဖေးမလိုက်တယ်။
"သားလေး နေကောင်းရဲ့လား အဆင်ပြေရဲ့လား"
"ဖေဖေ"
လုဟောင်လည်း နာကျင်မှုကြောင့် ညည်းထွားလိုက်တယ်။
"ဖေဖေ... ဘယ်လိုဖြစ်ရတာလဲ... ဘာအကြောင့်ကြောင့် သမားတော်အဖွဲ့အစည်းရဲ့ အကြီးအကဲတွေက ကျွန်တော်တို့ ဆေးမြို့တော်ကို တိုက်ခိုက်ရတာလဲ"
"ဟောင်အာ... ဘာမှ မဖြစ်ဘူး... တွေးမနေပါနဲ့တော့ မကြောက်နဲ့နော်....ဖေဖေ...သားအနားမှာရှိတယ်"
လုကောလည်း သူ့သားကို ကာကွယ်ကာ သူ့ရှေက လူတစ်စုကု် ဒေါသအပြည့်နဲ့ စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
"လုကော ဘာအမှားများ လုပ်ခဲ့မိလို့ ငါ့သားကို ရိုက်နှက်ရလဲ"
"ဟွန့်..."
အကြီးအကဲတစ်ယောက်က သရော်လိုက်တယ်။
"မင်းတို့ကြောင့် ငါတို့တွေ ယွမ်မိန်းကလေးကို အမှားကျူးလွန်ခဲ့မိတာ... မင်းကြောင့် ငါတို့တွေ ဆေးပညာ ဆည်းပူးခွင့် မရခဲ့ဘူး၊ ဘာကြောင့်များ ငါတို့ သမားတော်အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခနွံထဲ ဆွဲသွင်းလဲ၊ ငါတို့ရဲ့ ဒေါသကို ဖြေဖျောက်နိုင်တာ ဘယ်နေရာမှာမှ မရှိလို့ ငါတို့တွေ မင်းကို လာရှာတာ"
ထို့နောက် အံ့ကြိတ်ရင်း ဖြည့်စွက် ပြောလိုက်တယ်။
"လာကြ... သူနဲ့ စာရင်းရှင်းမယ်"
အကြီးအကဲ အားလုံးက သူတို့ရဲ့ ဒေါသစိတ်ကို မထိန်းချုပ်နိုင်တော့ဘူး ထင်ပါတယ်... ပြင်းထန်သော စိတ်တန်ခိုးကိုသုံးကာ လုကောကို တစ်ယောက်ချင်း ရိုက်နှက်တော့တယ်။ ဒါပေမဲ့လည်း လုကောက လုဟောင်ကို ကာကွယ်ပေးထားတာကြောင့် လုဟောင်က နာကျင်မှု တစ်စိုးတစ်စိကိုမျှ မခံစားရပေ။
လုရာထင်လည်း သားအဖ နှစ်ယောက်ကို ငေးကြည့်လိုက်တယ်။ မထိုက်တန်တဲ့ ကံဆိုးမှုကို သယ်ဆောင်မိသလို ဖြစ်မှာကြောင့် သူမလည်း တိတ်တဆိတ် နောက်ဆုတ်လိုက်တယ်။
ဘယ်နှကြိမ်မှန်းမသိ ရိုက်နှက်ပြီးကာမှ
"ထားလိုက်ပါတော့ ဒီတစ်ခေါက်တော့ ငါတို့တွေ သက်ညှာပေးလိုက်မယ် ငါတို့တွေ အမှား အမှန် မခွဲခြားဘဲ ဆေးမြို့တော်ကို ကူညီပေးခဲ့လို့ ငါတို့လည်း မှားခဲ့တယ်... အမှားအမှန်သိခဲ့ရင် ဒီလို အဆုံးသတ်မှာ မဟုတ်ဘူး"
"မှန်တာပေါ့ကွာ... ငါတို့တွေလည်း မှားယွင်းခဲ့တယ် ငါတော့ အဘိုးအိုလန်ဟုန်ကို တကယ့်ကို မနာလိုဖြစ်မိတယ်ကွာ ငါတို့တွေ အသိတရားရှိခဲ့ရင် အခုဆို ဘေးနားမှာ နားထောင်နိုင်တယ်"
"ဒီလို ဖြစ်လာမယ်မှန်းသာ သိရင် ငါတို့တွေ ဒီလိုမလုပ်ခဲ့ပါဘူး"
အကြီးအကဲအားလုံးမှာ အလွန်အမင်း နောင်တရမိတယ်။ သူတို့အားလုံး လေးလေးနက်နက် တွေးတောပြီးနောက်...ဆေးမြို့ှုတော်က လူတွေကို ဆက်ဒုက္ခမပေးဖို့ ဆုံးဖြတ်လိုက်တယ် ဒါနဲ့ပဲ... သူတို့်အားလုံး အခန်းအပြင်ဘက်ကို ထွက်ခွာသွားကြတယ်။ ဒီနှစ်တွေမှာ သူတို့ရဲ့ အပြုအမူကို ပြန်လည်သုံးသပ်ဖို့ နေရာတစ်နေရာ ရှာဖို့ လိုအပ်မယ်။
"ဟောင်အာ... သူတို့အားလုံး ထွက်သွားကြပြီ..."
အားလုံး ထွက်သွားတာ မြင်ရတော့မှ လုကောလည်း သက်ပြင်းချနိုင်တော့တယ်။
"ဖေဖေ... သူတို့တွေ ပြောနေတဲ့ ယွမ်မိန်းကလေးက ယွမ်မိသားစုကလား"
လုဟောင်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
ယွမ်မိသားစု အကြောင်းပြောခဲ့ရင် လုဟောင် စိတ်မကောင်းဖြစ်မှာ စိုးရိမ်မိတာကြောင့် ဒီနှစ်တွေမှာ ယွမ်မိသားစုအကြောင်း တစ်ခွန်းတစ်လေမျှ မပြောခဲ့ပါဘူး။
သမားတော်အဖွဲ့အစည်းကို ရောက်လာခဲ့လည်း ယွမ်လော့ဖုန်းက ပြိုင်ပွဲမှာ ပါဝင်တာကို မပြောခဲ့ပါဘူး။
လုဟောင် မေးလိုက်တာကို ကြားသော်လည်း သူ တိတ်ဆိတ်နေမိတယ်။
Chapter-644
End
အပိုင်း(၆၄၅)
ယွမ်ချင်ရာ (၃)
"ဖေဖေ...သားကိုပြောစမ်းပါ... ဒီကောင်မလေးက ခွေးမျိုးနဲ့စပ်မွေးထားတာလား"
လုဟောင်ရဲ့နဖူးမှ သွေးပြန်ကြောမှ အထင်းသား ပေါ်လာခဲ့ပြီး သူ့လက်သီးကို ကျစ်နေအောင်ဆုပ်ထားတော့ာ တကျွတ်ကျွတ် ကျိုးပဲ့သံများကို ဖြစ်ပေါ်စေတယ်။
လုကောလည်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တယ်။
"ဟောင်အာ...မှန်ပါတယ်.... ယွမ်မိသားစုဝင် ယွမ်လော့ဖုန်း ရောက်နေတာပါ"
"ယွမ်လော့ဖုန်း...လူယုတ်မာ ယွမ်ချင်ရာရဲ့တူမလား"
လုကောလည်း ဒေါသူပုန်ထကာ ခက်ထန်စွာ အထွန့်တက်လိုက်တယ်။
"ခွေမျိုးတွေက ဒီနေရာကို ဘယ်လိုများရောက်လာနိုင်တာလဲ ဖေဖေ... ဒီလို မြင့်မြတ်တဲ့ နေရာမျျိုးကို ရောက်လာရဲတယ်...သားအတွက် ယွမ်လော့ဖုန်းကို ချက်ချင်း သတ်ပေးပါ"
လုဟောင်ရဲ့ မဲ့ရွဲ့နေသော မျက်နှာထားကြောင့် လုကောလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
"အဖေတို့တွေ အခုချက်ချင်းတော့ ယွမ်လော့ဖုန်းကို သတ်လို့ မရဘူး"
"ဘာလို့လဲ၊ ခွေမျိုးကို ဘာလို့ သတ်မရတာလဲ... ကျွန်တော် ဂရုမစိုက်ဘူး၊ ယွမ်မိသားစုက လူတိုင်းကို ကျွန်တော် သတ်ပစ်ချင်တယ်"
အရင်တုန်းက လူယုတ်မာ ယွမ်ချင်ရာက သူ့ကို လူတိုင်းရှေ့မှာ အနိုင်ယူခဲ့တယ်။ယွမ်ချင်ရာ မသေမှန်းသိတော့ လူလွှတ်ပြီး တစ်မိသားစုလုံးကို သတ်ခိုင်းခဲ့တယ်။
လုဟောင် စိတ်မကောင်းဖြစ်မှာ စိုးရိမ်တာကြောင့် ယွမ်ချင်ရာနဲ့ ပတ်သက်တဲ့ သတင်းမျိုး လုဟောင်နားထဲ မရောက်ဖို့ ဆေးမြို့တော်မှ လူတိုင်းကို သတိပေးထားခဲ့တယ်။
"ဟောင်အာ... စိတ်အေးအေးထားနော် ယွမ်လော့ဖုန်းကို သမားတော်အဖွဲ့အစည်းက ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ထားတာ...နာကြည်းမုန်းတီးနေရင်တောင် ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း တိုက်ခိုက်ဖို့ ဘယ်သူကိုမှ ခွင့်မပြုထားဘူး...ရက်ပိုင်းလောက်တော့ စောင့်လိုက်ပါ သားရယ်... သားရဲ့ဒေါသကို ဖြေသိမ့်ပေးဖို့ ဖေဖေ ကိုယ်တိုင် အဲ့ဒီမိန်းကလေးကို သတ်ပေးမယ်"
ယွမ်လော့ဖုန်းနဲ့ ထျန်းရာကြားက ဆက်ဆံရေးကို လုကော မပြောရဲပါဘူး။ သိသွားခဲ့ရင် ဟောင်အောင် ပိုစိတ်မကောင်းဖြစ်ကာ ဒေါသထွက်ရမယ်။ ဘာပဲဖြစ်ဖြစ်ပါလေ..သရဲဘုရင်က သူ့သားမက် ဖြစ်လာတော့မှာပဲ။ သရဲဘုရင်လို လူမျိုးကို သားမက်တော်ရရင်တော့ ယွမ်လော့ဖုန်းကို ဖြုံနေစရာတောင် မလိုတော့ဘူး။
"ဟွန့်..."
လုဟောင်လည်း အထင်မြင်သေးစွာ ထေ့ငေါ့လိုက်တယ်။ ဒါပေမဲ့လည်း သူ့မျက်နှာအမူအရာက ပိုကောင်းမွန်လာပါတယ်။
"လူငယ်မျိုးဆက်သစ် ဟုတ်လား.... ဒီလိုမိန်းကလေးက လူငယ်မျိုးဆက်သစ် ဖြစ်နိုင်ပါ့မလား၊ သမားတော်အဖွဲ့အစည်းကလူတွေ ကန်းနေလို့ ဖြစ်မယ်၊ မိန်းမယုတ်ကိုများ ပြိုင်ပွဲကို ဖိတ်ခေါ်ခဲ့တယ်"
"ဟုတ်တယ်... ဟုတ်တယ်...သားလေးပြောတာ မှန်တယ်..."
လုကောလည်း လုဟောင်ပြောတာကို အလျင်စလို သဘောတူလိုက်တယ်။""
"သမားတော် အဖွဲ့အစည်းက အဲ့ဒီမိန်းကလေးကို ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုကတည်းက ကန်းနေလို့ ဖြစ်မယ်...ဟောင်အာ...သားကမှ အမှန်အကန် ပါရမီရှင်လေး"
"ဖေဖေပြောတာ မှန်တယ်... ဘာလို့ သမားတော်အဖွဲ့အစည်းရဲ့အကြီးအကဲတွေက သားတို့ကို ရိုက်နှက်လဲ... သူတို့က ယွမ်လော့ဖုန်းနဲ့ ဘယ်လိုများ ဆက်စပ်နေလို့လဲ"
လုဟောင်လည်း စပ်ဖျင်းဖျင်း နာကျင်နေတဲ့ သူ့ပါးကို ကိုင် အသက်ခပ်ပြင်းပြင်း ရှုလိုက်တယ်။
လုကောလည်း မျက်မှောင်ကြုတ်ကာ လုဟောင်ကို ဝတ်ကျေတမ်းကျေ ဘာပြန်ပြောရမလဲ တွေးတောနေလိုက်တယ်။""
"ဖေဖေ...သားကို ပြောပါနော်... ယွမ်လော့ဖုန်းက အကြီးအကဲတွေကို အလှအပနဲ့ မြူဆွယ်ပြီး သားကို လာရိုက်ခိုင်းတာလား... သမားတော်အဖွဲ့အစည်းကို ဒီမိန်းမ လှည့်ဖျားထားတယ်ဆိုရင် ကျွန်တော်တို့တွေ ဒုက္ခရောက်လာနိုင်တယ်"
အရင်ကဆိုရင် လုဟောင်က သူ့အခန်းထဲမှာ ယွမ်မိသားစုရဲ့ ပန်းချီကားများ ချိတ်ဆွဲထားလေ့ရှိပြီး ထိုူပန်းချီများကို ကြည့်ကာ သရော်လေ့ရှိတယ်။ဒါကြောင့် သူက ယွမ်လော့ဖုန်းရဲ့ရုပ်ရည်ကို သိနေတာပေါ့။ဒီပြင် သူလည်း ဒီမိန်းမကြောင့် မိန်းမောခဲ့ဖူးတယ်။ သူ့ကိုယ်လုပ်တော်များနဲ့ အိပ်ယာထက်မှာ ပျော်ပါးတိုင်း သူ့စိတ်ထဲ သူမရဲ့ အလှအပကိုပဲ မြင်ယောင်နေမိတယ်။
"ဟောင်အာ... စိတ်မပူပါနဲ့... သိပ်မကြာခင်မှာ သရဲဘုရင်က သား အစ်မရဲ့ ယောကျ်ား ဖြစ်လာတော့မှာ.... ဘယ်သူကများ ဒီအကြီးအကဲကို ကြောက်နေမလဲ"
"သရဲဘုရင်လား"
လုဟောင် အံ့သြမိပါတယ်။
"သရဲဘုရင်နဲ့ သမားတော်အဖွဲ့အစည်း ဘယ်သူက ပို အာဏာရှိလဲ"
"ဒါကတော့...."
လုကောလည်း နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်တယ်။
"သရဲဘုရင်ရဲ့ စိတ်တန်ခိုးက ထူးခြားလွန်းတယ်... ဒါကြောင့် ဖေဖေလည်း အတိအကျ မပြောနိုင်ဘူး ဒါပေမဲ့ ရာထင် ပြောတာတော့ သမားတော်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ကိုယ်တိုင်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးတဲ့"
Chapter-645
End
အပိုင်း(၆၄၆)
ယွမ်ချင်ရာ (၄)
သမားတော်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ကိုယ်တိုင် သရဲဘုရင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလား။
လုဟောင်ရဲ့မျက်ဝန်းများဟာ တောက်ပရွှန်းလဲ့နေခဲ့တယ်။
"ဖေဖေ...သရဲဘုရင်က တကယ်ပဲ ကျွန်တော် ယောက်ဖ ဖြစ်လာမှာလား"
"ဟောင်အာ...မေ့သွားပြီလား"
လုကောလည်း ချစ်ခင်မြတ်နိုးစွာ ပြုံးလိုက်တယ်။
"နှစ်၂၀ အတော်အတွင်း မင်းအစ်မရဲ့ မာယာကျော့ကွင်းက လွတ်မြောက်နိုင်တဲ့ ယောကျ်ားဆိုတာ ရှိခဲ့လို့လား ၊ ဘာပဲဖြစ်ဖြစ်...သရဲဘုရင်ကလည်း ယောကျ်ားတစ်ယောက်ပဲလေ... မိန်းကလေးတစ်ယောက်ရဲ့ ဖြားယောင်မှုကို ခံနိုင်ရည်ရှိပါ့မလား"
လုဟောင်လည်း သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်တယ်။
"အမှန်ပဲ... ကျွန်တော်လည်း ယောကျ်ားတစ်ယောက် ဖြစ်နေတော့ လှပတဲ့ မိန်းကလေးကိုဆို ပိုင်ဆိုင်ချင်တာပဲ... သရဲဘုရင်လည်း ကျွန်တော်နဲ့ အတွေးတူမယ်လို့ ထင်တယ်... စွမ်းဆောင်ရည်မရှိမှသာ အလှလေးတွေကို လျစ်လျူရှုနိုင်မယ်။ အဖေကို တစ်ခု တောင်းဆိုချင်တာရှိတယ်... ကျွန်တော်လေ... ယွမ်လော့ဖုန်းရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်.... သူမရဲ့ခန္ဓာကိုယ်ကို အပိုင်ရပြီးမှ သတ်မယ်"
သူမရဲ့ နတ်သမီးလို လှပတဲ့ မျက်နှာလေးကိုတွေးမိသောကြောင့် သု့နှုတ်ခမ်းထောင့်ကို ရမ္မက်ဆန်စွာ သပ်လိုက်တယ်။
"ဟောင်အာ... ယွမ်လော့ဖုန်းလို မိန်းကလေးက သားကို ညစ်ညမ်းစေမယ်...ဒါပေမဲ့ သား သဘောကျနှစ်ခြိုက်ရင်တော့ သူမကို သားရဲ့ကိုယ်လုပ်တော်အဖြစ် ချန်လှပ်ထားပါမယ်"
လုကောလည်း လုဟောင်ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်တယ်။ လုဟောင်နဲ့ မျက်နှာချင်းဆိုင်တိုင်း သူရဲ့မျက်နှာဟယ အမြဲ သိမ်မွေ့နေခဲ့တယ်။ သူ အလိုလိုက်လွန်းလို့လည်း ဟောင်အာက လက်ဖွာသူ ဖြစ်လာရတာပေါ့။
"ဖေဖေ"
ဟောင်အာလည်း ညစ်ကျယ်ကျယ် ပြုံးလိုက်တယ်။
"ဒီလိုမိန်းမစားမျိုးက ကျွန်တော်ကို တစ်ညတာ ခစားဖို့ပဲ ထိုက်တန်တယ်.... သူမကို ဒုတိ. ည မပေးနိုင်ဘူး၊ အပျိုစင် မဟုတ်တဲ့ မိန်းကလေးက ညစ်ညမ်းတယ်"
ယွမ်လော့ဖုန်းက သူမရဲ့အလှအပကို သုံးပြီး အကြီးအကဲအားလုံးကို ဖြားယောင်ထားတယ်လို့ သူ တစ်ထစ်ချ ယုံကြည်ထားတယ်။ ဒါကြောင့်လည်း ဒီလူတွေက သူ့တို့ကို လာသောင်းကြမ်းတာပေါ့။ ညစ်ညမ်းတဲ့ သူလို မိန်းမစားက သူ့ကိုယ်လုပ်တော်ဖြစ်ဖို့ အခွင့်မရှိဘူး။
ပြည့်တန်ဆာအိမ်သွားပြီး ပြည့်တန်ဆာမနဲ့ တွေ့တယ်လို့သာ မှတ်ယူလိုက်မယ် ပြည့်တန်ဆာမမျိုးကို နောက်တစ်ခေါက် ထပ်မတွေ့ဘူး။
............
ကြမ်းတမ်းသောတောင် ကျောက်ခင်းလမ်းမှာ ချင်ယန်လည်း သူမရဲ့ ခြေလှမ်းများကို ရပ်တန့်လိုက်တယ်။ ပင်ပန်းနွမ်းနယ်လွန်းလို့ သူမနောက်က သစ်ပင်ကို မှီကာ မျက်လုံးပိတ်ထားလို်က်တယ်။""
"ယန်အာ... ပင်ပန်းနေပြီလား"
ရဲ့လင်းလည်း ချင်ယန်ဘက် လှည့်ကြည့်လိုက်တယ်။ အေးဆေးတည်ကြည်သော သူ့မျက်နှာပေါ်မှာ အပြုံးခပ်ရေးရေး ရှိနေခဲ့တယ်။
ချင်ယန်လည်း သူမရဲ့မျက်ဝန်းများကို ဖွင့်ကာ ခေါင်းခါလိုက်တယ်။""
"ဘာမှ မဖြစ်ပါဘူး... ဆက်သွားမယ်လေ"
သိပ်မကြာခင်က ဆေးမြို့တော်သခင်ရဲ့ အိမ်တော် မီးရှို့ခံရတယ်ဆိုတဲ့ သတင်းရခဲ့တယ်။မီးရှို့သူက သူတို့သခင်မလေးလို့ ပြောနေကြတယ်။သခင်မလေးသာ ပြန်လာရင် သမားတော်အဖွဲ့အစည်းကို သေချာပေါက် သွားကိုသွားမှာပဲ။ ဒါကြောင့် ရဲ့လင်းနဲ့ သူမတို့ သခင်မလေးကို ကူညီဖို့ အပြေးအလွှားလာခဲ့ရတာပေါ့။
"ဟုတ်ပါပြီ"
ရဲ့လင်းလည်း ချင်ယန်ရဲ့ခေါင်းကို ချစ်မြတ်နိုးစွာ ပုတ်လိုက်တယ်။
"မင်း ပင်ပန်းတယ်ဆိုရင်... ကိုယ်တို့တွေ တစ်ထောက်နားမယ်လေ၊အလောတကြီး ခရီးထွက်လာရလို့ ဒီရက်ပိုင်းအတွင်း မနားခဲ့ရဘူး"
"ရှင်လည်း အနားမယူခဲ့ဘူးမလား"
ချင်ယန်လည်း သူမမျက်ဝန်းနဲ့ သူ့ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်တယ်။
"ကိုယ်တို့က ယောကျ်ားသားတွေ... မင်းတို့က မိန်းမသားတွေ... မတူဘူးလေ"
"ကျွန်မက မီးတောက်အဖွဲ့ရဲ့ခေါင်းဆောင်... နူးညံံတဲ့ မိန်းကလေး မဟုတ်ဘူး"
ချင်ယန်ရဲ့မျက်ဝန်းများက ဆုံးဖြတ်ချက် ခိုင်မာမှုကို ပွင့်လင်းစွာ ဖော်ပြနေခဲ့တယ်။
"သခင်မလေးကို မတွေ့သရွေ့ ကျွန်မ မနားဘူး"
ဆေးမြို့တော်ကလူတွေလည်း သမားတော်အဖွဲ့အစည်းကို ရောက်နေလို့ သူတို့တွေ ကတိုက်ကရိုက် ခရီးဆက်လာရတာပေါ့။ ယွမ်လော့ဖုန်း ဘေးအန္တရာယ် ဖြစ်မှာကို သူ စိုးရိမ်မိတယ်။
ရဲ့လင်းလည်း ပြန်မပြောခင် သက်ပြင်းချလိုက်တယ်။
"မင်း ပင်ပန်းနေရင်... မင်းကို ကုန်းပိုး ခေါ်သွားရလဲ ကိုယ့်အတွက် ပြဿနာ မရှိဘူး"
Chapter-646
End
အပိုင်း(၆၄၇)
ယွမ်ချင်ရာ (၅)
"မလိုအပ်ပါဘူး"
ချင်ယန်လည်း သူမကိုယ်သူမ အားတင်းကာ မတ်တတ် ထရပ်လိုက်တယ်။
"ရဲ့လင်း... ရှင် ကျွန်မကို ကုန်းပိုးသွားရလောက်တဲ့အထိ ကျွန်မက ပျော့ညံ့နေလို့လား၊ သခင်မလေးအတွက် တိုက်မယ့် တိုက်ပွဲတိုင်းမှာ ကျွန်မမှာ ပါဝင်နိုင်တဲ့ အခွင့်ရှိတယ် ၊ နောက်ကျသွားမယ် ၊ခရီးဆက်ကြမယ်"
ထိုစကားကို ပြောပြီးနောက် သူမလက်ထဲမှ ဓားကို မြဲမြဲမြံံ့မြံ့ ဆုပ်ကိုင်ကာ ဆက်လမ်းလျှောက်ရန် ပြင်ဆင်လိုက်တယ်။ဒါပေမဲ့လည်း သရော်သော လှောင်ပြောင်သံကို သူမ ကြားလိုက်ရပြီး လူတိုင်းက အသင့်အနေထား ပြင်ဆင်လိုက်တယ်။
"ယွမ်မိသားစုမှ လူတွေလား... ငါတို့ခရီးမှာ ယွမ်မိသားစုဝင်တွေကို တွေ့ရမယ်လို့ မထင်ခဲ့မိဘူး ဒီလိုဆိုတော့လည်း ဒီလူတွေကို အရင်သတ်ပြီး ယွမ်အဘိုးကြီးကို နှောင့်ယှက်ဖို့ ယွမ်အိမ်တော်ကို သွားကြတာပေါ့"
ထိုလူ စကား အဆုံးသတ်တာနဲ့ များပြားလှသောလူများ လေထဲမှ ထွက်ပေါ်လာပြီးမြေပြင်ပေါ် ဆင်းသက်ကာ သူတို့ကို ဝိုင်းထားတယ်။ သူတို့ရဲ့ ခေါင်းဆောင်က သက်လတ်ပိုင်း အမျိုးသားဖြစ်တယ်။ထိုလူက အရောင်အဝါ တောက်ပ ခန့်ညားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်ဝန်းများက မြွေပွေးတစ်ကောင်လို အဆိပ်ပြင်းလှတယ်။
"ရဲ့လင်း... လွေ့ကျင်းတိုင်းပြည်ရဲ့ တတိယမြောက် မင်းသား.. ယွမ်လော့ဖုန်းရဲ့လက်အောက်ငယ်သား...သံမဏိတပ်ရဲ့ လက်ထောက် တပ်မှူး၊ ငယ်ငယ်တည်းက ယွမ်လော့ဖုန်းကို ခစားခဲ့တဲ့ အစေခံ ချင်ယန်... မီးတောက်အဖွဲ့ရဲ့ တပ်မှူး၊ ဒီတစ်ခေါက်တော့ ငါတို့တွေ တွေ့ချင်တဲ့လူနဲ့ ထိပ်တိုက် တွေ့လိုက်ရပြီ"
သက်လတ်ပိုင်း အမျိုးသားက တစ်ယောက်တည်း သူ့ဘာသာ ပြောနေသော်လည်း သူမတို့ကို ရန်စနေသလိုပါပဲ။
"ငါက သမားတော်အဖွဲ့အစည်း အကြီးအကဲ လောဖူးရဲ့ လက်အောက်ငယ်သား"
ထိုလူက သူ့မျက်ဝန်းများကို မှေးစဉ်းထားတယ်။
"ယွမ်အဘိုးကြီးကို ဖမ်းဆီးဖို့ အမိန့်ပေးထားတယ်"
ယွမ်လော့ဖုန်းဘက်မှ လုရာထင်ကို ခစားဖို့ ငြင်းဆန်ခဲ့ရင် ယွမ်အိမ်တော်ကို ပြဿနာရှာဖို့ စီစဉ်ထားပြီးသားပါ။ယွမ်လော့ဖုန်းဘက်က သဘောမတူညီရင် သူမကို ခြိမ်းခြောက်ဖို့ သူ့မိသားစုဝင်တွေရဲ့ အသက်ကို အသုံးချမယ်။
သူမက ဒီလိုကိစ္စမျိုးကို မကြာခဏ လုပ်ဆောင်လေ့ရှိပါတယ်။
ဒီတစ်ခေါက်တော့ သမားတော်အဖွဲ့အစည်းမှာ ဘာဖြစ်မယ်မှန်း သက်လတ်ပိုင်းအမျိုးသားက မခန့်မှန်းမိတော့ ကံဆိုးပြီ။လောဖူးနဲ့ လုရာထင်တို့ ရှုံးနိမ့်မယ်လို့ တွေးကို မတွေးထားတာပါ။ သိသာ သိခဲ့ရင်သူလည်း ယွမ်မိသားစုကို ပြဿနာရှာမှာ မဟုတ်ဘူး။
"ချင်ယန်... မင်း ဂရုစိုက်ရမယ်နော်..."
ရဲ့လင်းရဲ့မျက်နှာထားက မည်းမှောင်နေခဲ့တယ်။""
"ဒီလူက ကမ္ဘာမြေကြီးအနိမ့်အဆင့် ကျင့်ကြံသူ... တခြားသူတွေက အမြင့်အဆင့် ကျင့်ကြံသူတွေကြီးပဲ"
ယွမ်မိသားစုရဲ့ တပ်မကြီးအတွင်းမှာ သူတစ်ယောက်တည်း ကမ္ဘာမြေကြီး အနိမ့်အဆင့်ကို ရောက်ခဲ့တာ...သိပ်မကြာသေးဘူး၊တခြားသောလူများထဲ အစွမ်းအမြင့်ဆုံးက အမြင့်စားအမြင့်အဆင့်ပဲရှိတယ်။
ဒါပေမဲ့လည်း သူတစ်ယောက်တည်းတော့ ဒီလူတွေကို မယှဉ်နိုင်ဘူး။
ယွမ်အိမ်တော်မှာ နင်အကြီးအကဲနဲ့ ဆေးစံအိမ်တော် သခင် ကျန်ခဲ့တာ ကံကောင်းလို့ပေါ့...။ ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူလောက်နဲ့ ယွမ်အိမ်တော်ကို တိုက်ခိုက်လို့ မရဘူး။ ယွမ်လော့ဖုန်း ...ယွမ်အိမ်တော်မှာ ရှိကည်းက လုရာထင်နဲ့ ပတ်သက်တဲ့ သတင်းကို ကြားသိထားပြီးသား။ လက်ရှိ ယွမ်အိမ်တော်ကို အစွမ်းမြင့်တဲ့ အကြီးအကဲနှစ်ယောက် စောင့်ရှောက်ထားတာကို သိမယ်မထင်။
သူမသိခဲ့လည်း ဘာမှလုပ်ခွင့်မရှိဘူး။ သူမ အာဏာနဲ့ ခိုင်းလို့ရတာ ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူပဲရှိတယ်။ ဒါကြောင့်လည်း ရုန်အကြီးအကဲက အစတည်းက ယွမ်လော့ဖုန်းကို မစိုးရိမ်ဖို့ ဖျောင်းဖျတာပေါ့။လုရာထင် ပို့လိုက်မယ့် လုပ်ကြံသူက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူထက် မပိုနိုင်တာကို သိလို့ပေါ့။
ဒီလူတွေဟာ... စဉ်းစားဉာဏ်မဲ့စွာ ယွမ်မိသားစုကို တိုက်ခိုက်ရဲတယ်။ယွမ်အိမ်တော်မှာကျန်ခဲ့တဲ့ သံမဏိတပ်ကို နည်းနည်းလေးတောင် ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။
"တိုက်စမ်း... သူတို့အားလုံးကို သတ်စမ်း..လုရာထင်နဲ့ ရန်သူဖြစ်ရတာ ဘယ်လောက်အထိ ဆိုးရွားလဲဆိုတာ သိစေရမယ်"
ချက်ချင်းပဲ သူ့နောက်မှ လူတစ်စုဟာ လက်နက်များကို ဆွဲထုတ်ကာ တပ်မကြီးကို နေရာတိုင်းမှ အရှိန်နဲ့ တိုက်ခိုက်တော့တယ်။
"ရဲ့လင်း... အတူတူ တိုက်ခိုက်ကြမယ်"
ချင်ယန်လည်း ချက်ချင်း လက်နက်ကို ဆွဲထုတ်ကာ ရဲ့လင်းနဲ့ ကျောချင်းကပ် ရပ်လိုက်တယ်။
"ကျွန်မ သေရမယ်ဆိုရင်တောင် သမားတော်အဖွဲ့အစည်းကို အရှုံးမပေးဘူး"
Chapter-647
End
စာစဉ် ၂၆ ပြီးပါပြီ။
ဆက်လက်ပါဦးမယ်...။
Bạn đang đọc truyện trên: Truyen247.Pro