
602-604 (U)
ယွမ်လော့ဖုန်း
သရဲဘုရင်
602+603+604
အပိုင်း(၆၀၂)
ကောင်းကင်ဘုံသိုင်းစံအိမ်တော်ကို ဖျက်စီးခြင်း (၆)
တန်ထျန်းယွီပြောလိုက်တဲ့စကားက အလုပ်ဖြစ်သွားပုံရတယ်….သူ့ဘေးနားပတ်ချာက မီးတောက်များ တဖြည်းဖြည်းချင်း လျော့ပါးလာပြီး သိပ်မကြာခင်မှာပဲ ပျောက်ကွယ်သွားခဲ့တယ်။
ဒါကို မျက်မြင်တွေ့လိုက်ရတဲ့ လူအပေါင်းမှာ နတ်ဘုရား ပြစ်ဒဏ်ပေးမှာကို ကြောက်လန့်တာကြောင့် သာမန်ကာလျှံကာ ကျိန်ဆိုခြင်း မပြုရဲတော့ပေ။
တန်ထျန်းယွီလည်း မြေကြီးပေါ် လဲကျသွားကာ ဟောဟဲဟောဟဲ ဖြစ်နေခဲ့တယ်။
"ယွမ်လော့ဖုန်း...ထျန်းမိသားစုက အမှားတစ်စုံတစ်ရာ ကျူးလွန်ခဲ့ပေမဲ့ တစ်မိသားစုလုံး ကိုတော့ အမြစ်ဖျက် မသုဉ်းသင်သင့်ဘူး၊ဒီလိုလုပ်တော့ မင်းနဲ့ မိစ္ဆာ ဘာခြားနားဦးမလဲ"
"ငါက သေဖို့ထိုက်တန်တဲ့သူကို သတ်လိုက်တာလေ"
ယွမ်လော့ဖုန်းလည်း ခဏရပ်တန့်လိုက်ပြီး
"ထျန်းမိသားစုက သေဖို့ ထိုက်တန်ရုံလေးပါ"
အမြစ်ရဲ့မကောင်းတဲ့အပိုင်းကိုဖယ်ရှားပစ်မှ ပြဿနာကို ဖြေရှင်းနိုင်မှာလေ။ဒါကြောင့်လည်း ထျန်းမိသားစုတစ်စုလုံးကို ဖျက်ဆီးခဲ့ရတာပေါ့။
နောက်တစ်ကြိမ် တန်ထျန်းယွီက သူ့ကိုယ်သူကာကွယ် ပြောဆိုဖို့ ကြိုးစားပြောအခါ သူ့အနားသို့ ပုံရိပ်တစ်ခု အလျင်အမြန်ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်ကို ဖိနှိပ်လာတယ်။ သူမရဲ့လက်သီးဆုပ် သေးသေးလေးက တန်ထျန်းယွီကို အဆက်မပြတ်ထိုးနှက်နေခဲ့တယ်။ ဒါကြောင့် ထျန်းယွီမှာ ဒေါသူပုန်ထလာပြီး တန်ယွဲ့ရဲ့လက်မောင်းကို အလျင်စလို ဆုပ်ကိုင်လာခဲ့တယ်။
"မင်းရူးနေလား"
"ငါ မရူးဘူး၊ လူယုတ်မာကောင် နင့်ကို သတ်ချင်ရုံပဲ"
တန်ယွဲ့ရဲ့အသံက ကတုန်ကရီဖြစ်နေပြီး
"နင် ငါတို့ကို ဘာကြောင့် လိမ်လည်ခဲ့လဲ၊ နင့်ကြောင့် ငါ့ဘိုးဘိုး မသန်မစွမ်း ဖြစ်သွားပြီ၊နင့်ကြောင့် ကောင်းကင်ဘုံသိုင်းစံအိမ်တော်က ဒီလိုကံကြမ္မာမျိုး ရင်ဆိုင်ရတာ၊ အားလုံး နင့်အမှားကြောင့် ဖြစ်ရတာ"
ဖြန်း…
တန်ထျန်းယွီက သူမကို ပါးရိုက်ပြီး တွန်းထုတ်လိုက်တော့ မြေကြီးပေါ် လဲကျသွားတော့တယ်။
အေးစက်သော မျက်နှာထားနဲ့ သူမကို အထင်မြင်သေးစွာ ပြောလာခဲ့တယ်။
"ပါးစပ်ပိတ်ထားစမ်း၊ မိန်းမတစ်ယောက် တာဝန်ကိုလည်း မကျေပွန်ဘူး၊ သုံးစားမရတဲ့ မိန်းမ၊ မင်းတို့တွေ အသုံးမကျမှန်းသိခဲ့ရင် ဟွမ်ချွမ်မြို့ကို မလာခဲ့ပါဘူး"
တန်ယွဲ့လည်း သူ့ကို မယုံကြည်နိုင်စွာ စူးစူးရဲရဲ ကြည့်လိုက်တယ်။
"နင်...နင်...ငါ့ကိုရိုက်တယ်"
"ဟုတ်တယ်...အဲ့တော့ ဘာဖြစ်လဲ၊ မင်းကိုယ်မင်း တော်ဝင်တဲ့သခင်မလေးလို့ ထင်နေတုန်းလား မင်းကိုသည်းခံနိုင်မှု အတိုင်းအတာ ကျော်လွန်သွားပြီ၊ မင်းမှာ သြဇာအာဏာရှိတဲ့အဘိုး မရှိရင် တခြားသူက မင်းရဲ့ညှဉ်းပန်းမှုဒဏ်ကို သည်းခံမယ်လို့ ထင်နေလား"
တန်ယွဲ့မှာနှုတ်ခမ်းကို အတင်းအကျပ် ဖိကိုက်ရင်း မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ သူ့ကို နှလုံးသားတစ်လုံးနဲ့ ရင်းပြီး ပြုမူဆက်ဆံခဲ့တဲ့ အစ်ကိုဝမ်းကွဲက ဒီလို သူစိမ်း ဖြစ်သွားပြီလား။
ဆိုးဆိုးရွားရွား ဒီလူက ကောင်းကင်ဘုံသိုင်းစံအိမ်တော်ကို လိမ်ညာလှည့်စားခဲ့တယ်။
တန်ထျန်းယွီနဲ့ တန်ယွဲ့တို့ စကားအချေအတင်များနေတာကို စောင့်ကြည့်ရင်း ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
"ခွေးနှစ်ကောင်ကိုက်နေတဲ့ပွဲက ကြည့်လို့ကောင်းပေမဲ့ မှောင်နေပြီ၊ မုရုန်ပေကို မသန်မစွမ်းဖြစ်အောင် ကျွန်မ လုပ်ထားပြီးပြီဆိုတော့ ကောင်းကင်ဘုံသိုင်းစံအိမ်တော်က တခြားသောသူတွေ ရှင် တာဝန်ယူလိုက်တော့၊ သူတို့အားကို သတ်"
"ဟုတ်ကဲ့ပါ သခင်"
မုရုန်ပေလည်း ရိုသေစွာ ဂါရဝပြုလိုက်တယ်။ သူ့မျက်ဝန်းများက အရောင်တောက်နေတာပေါ့။ ဒီလိုရက်မျိုးရောက်လာဖို့ ဘယ်လောက်အထိ စောင့်ဆိုင်းခဲ့ရလဲဆိုတာ နတ်ဘုရားတွေပဲ သိမယ်၊ အခုတော့ သူ လက်စားချေနိုင်ပြီ၊ သူ စိတ်လှုပ်ရှားတာပေါ့"
"ရှောင်ပိုင် အိမ်တော်ကိုပြန်မယ်"
ယွမ်လော့ဖုန်းလည်း ကျောခိုင်းပြီး လေးထောင့်မြေကွက်လပ်မှ ထွက်ခွာလာလိုက်တယ်။ ကောင်မလေး လာတာမြင်တော့ အားလုံးက အလိုက်တသိနဲ့ ဘေးကပ်ပေးကြတယ်။
"ဆရာ...လောကကြီးမှာ တကယ်ပဲ နတ်ဘုရားတွေ ရှိတာလား"
လင်းလောပိုင်လည်း မျက်တောင် တဖျတ်ဖျတ်ခတ်ကာ စူးစူးစမ်းစမ်း မေးလိုက်တယ်။
"သေချာပေါက် မရှိဘူးပေါ့"
"မဟုတ်ဘူးလား၊ဒါဆို ဘယ်လိုဖြစ်ရတာလ"
လင်းလောပိုင်လည်း အံသြလွန်းလို့အထွန့်တက်လိုက်တယ်။
ယွမ်လော့ဖုန်းရဲ့ ဝိညာဉ်မီးတောက် အကြောင်းကို သူ မှတ်မိနေပါတယ်။ ဒါပေမဲ့ မိုးကြိုးကိုတော့ ဘယ်လိုများ ဖြေရှင်းချက် ပေးမလဲ"
"ရှောင်ပိုင် မြင်မြင်သမျှကို မယုံကြည်သင့်ဘူး"
ယွမ်လော့ဖုန်းလည်း ခဏရပ်တန့်လိုက်ပြီး လင်းလောပိုင်ဘက်လှည့်ကာ စိတ်လိုလက်ရ ပြောလိုက်တယ်။
"စိတ်လှည့်စားပြီး ထူးထူးခြားခြား ဖန်ဆင်းလိုက်တာပါ၊ သူ့ကို မိုးကြိုးပစ်သွားခဲ့ရင်တောင် မနာကျင်ပါဘူး၊ဒါပေမဲ့ ငကြောက်ကောင် ထျန်းယွီကတော့ အမိအရ ရှောင်ရှားမှာပေါ့"
Chapter-602
End
အပိုင်း(၆၀၃)
ဝိညာဉ်လမ်းညွှန်း (၁)
မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ပြီး လင်းလောပိုင်လည်း ယွမ်လော့ဖုန်းကို ချစ်စဖွယ် မမူအရာလေးနဲ့ ကြည့်လိုက်တယ်။သူ့ဆရာလို မိုးကြိုး နဲ့ လျှပ်စီးလှိုင်းကို ဖန်တီးနိုင်တဲ့ အစွမ်းထက်သူဆိုတာ ရှိပါ့မလား။
ဒါပေါ့ ဒီမိုးကြိုးလှိုင်းနဲ့ လျှပ်စီးကို ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေထဲက ဖန်တီးထားတာကို လင်းလောပိုင် မသိရှာပါဘူး။သူမမှာ ဒီလောက် အရည်အချင်း မရှိပါဘူး။
"ပြန်မယ်"
လင်းလောပိုင်ရဲ့ မျက်နှာအမူအရာကိုကြည့်ရင်း ယွမ်လော့ဖုန်းလည်း ဘာကိုမှ ဆက်ရှင်းမပြတော့ပါဘူး။ သူမလည်း ပျင်းရိလေးတွဲစွာ အကြောဆန့်ရင်း ငှက်ဆိုးကြီးဂိုဏ်းကို ဦးတည်ထွက်ခွာလာလိုက်တယ်။ သူမဘက်က ဝိညာဉ်လမ်းညွှန်းကို တတ်နိုင်သမျှ မြန်မြန်ရှာဖို့ လိုအပ်တယ်။ ဒါမှလည်း ယွမ်ရှောင်ကို မြန်မြန်တွေ့နိုင်မှာလေ။
ယွမ်လော့ဖုန်းရဲ့ထွက်ခွာသွားတဲ့ ပုံရိပ်ကိုငေးကြည့်ရင်း ချန်းယွီချင်းလည်း ချန်းထျန်းဘက်ကို စောင်းငဲ့ကြည့်လိုက်တယ်။ချောမောခန့်ညားသော သူ့မျက်နှာက အေးစက်နေခဲ့တယ်။
"ချန်းထျန်း...မင်းလုပ်ရပ်ရဲ့ အကျိုးဆက်ကို သိရဲ့လား"
ချန်းထျန်းလည်း ဒူးထောက်လိုက်ပြီး မချိပြုံး ပြုံးကာ ပြောလိုက်တယ်။
"သခင်...ကျွန်တော်ကို တန်ယွဲ့ လှည့်စားခဲ့တာပါ...ဒါကြောင့်ကျွန်တော်ကို… "
"ချန်းထျန်း...ငါက တခြားသူကို အပြစ်လွှဲချတာ မကြိုက်ဘူး၊ တန်ယွဲ့က ခင်ဗျားကို လိမ်ခဲ့လည်း ကိစ္စတိုင်းကို ယုံကြည်သင့်လား၊ ချန်းမိသားစုက ဦးနှောက်မရှိတဲ့ သမားတော်မျိုး မလိုအပ်ဘူး"
ချန်းယွီချင်းရဲ့စကားအဓိပ္ပါယ်က ခက်ထန်ပြီး ရှင်းလင်းနေတယ်။သူ့မျက်ဝန်းများက အရင်လို မသိမ်မွေ့တော့ဘဲ အေးစက်မှု ၊ဂုဏ်မောက်မှုများဖြင့် ပြည့်နှက်နေလေတော့။ ချန်းယွီချင်းက စိတ်ထားနူးညံတယ်လို့ ထင်ရသော်လည်း ဆုံးဖြတ်ချက် ချမှတ်ပြီးရင် ခေါင်းမာတတ်တယ်။ ဘယ်သူမှ သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ဘူး။
"သခင်...ကျွန်တော် နားလည်ပါပြီ"
ချန်းထျန်းလည်း ခေါင်းငုံ့လိုက်ပြီး…
"ချန်းမိသားစုရဲ့ စည်းမျဉ်းအရ နံပါတ်၁ ချန်းအိမ်တော်က ထွက်သွားမလား၊ နံပါတ်၂သက်သေမလား မေ့ချင်းလို သခင်ရှေ့ အဆုံးစီရင်ဖို့ ရွေးချယ်ပါတယ်"
ချန်းမိသားစုမှ မောင်းထုတ်ခံရရင် သူက အားလုံးရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်။သူ့မှာထူးချွန်တဲ့ ဆေးပညာအရည်အချင်း မရှိဘူးဆိုရင်တောင် သူ့ကံတရားကို မပြောင်းလဲနိုင်ဘူး။ဒီပြင် ချန်းမိသားစုမှ တစ်ပါး ဘယ်သူကိုမှ မခစားချင်ဘူး။
ချန်းထျန်းလည်း သူ့လက်ကိုမြှောက်လိုက်ပြီး ဦးခေါင်းထိပ်ကို ရိုက်ချလိုက်တယ်။ဘိုင်ခနဲ အသံနဲ့အတူတူ သူ့ဦးနှောက် ကွဲထွက်သွားပြီး မြေကြီးပေါ် လဲကျသွားခဲ့တယ်။
"သူ့ကို မြှပ်လိုက်"
ချန်းယွီချင်းလည်း အကြည့်လွှဲလိုက်တယ်။ သူ့မျက်ဝန်းထဲမှ ပူဆွေးသောကကိုတော့ ဘယ်သူမှ မရိပ်စားမိပါဘူး။
"ငါ… ချန်းမိသားစုကို သေချာမကိုင်တွယ်နိုင်ဘူးထင်တယ်၊ ငါ့အမိန့်ကို မနာခံချင်ဘူး"
သူ့ပူဆွေးနေသောမျက်နှာကို ရိပ်စားမိတာကြောင့် အရိပ်သက်တော်စောင့်လည်း အလျင်စလို ပြောလိုက်တယ်။
"ဒါတွေက သခင့်ကြောင့် မဟုတ်ရပါဘူး၊ သခင် ကိုယ့်ဘာသာ အပြစ်မတင်ပါနဲ့နော်"
"မင်း ငါ့ကို နှစ်သိမ့်စရာ မလိုအပ်ပါဘူး၊ငါ နေကောင်းသွားရင် လူသူကင်းမဲ့တဲ့နေရာမှာပဲ တရားကျင့်ကြံတော့မယ်...ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး"
ဒီအကြောင်းကို ခဏတွေးပြီးနောက် သူ ဖြည့်စွက်ပြောလိုက်တယ်။
"ယွမ်လော့ဖုန်းကလွဲလို့ပေါ့"
အရိပ်သက်တော်စောင့်ရဲ့နှုတ်ခမ်းက အနည်းငယ်မဲ့ရွဲ့သွားခဲ့ပြီ။ သို့သော်လည်း သူ့မျက်နှာပေါ်မှာ ထင်ထင်ပေါ်ပေါ်တော့ မပြသရဲပေ။ထို့နောက် သူ့ဦးခေါင်းကို ငုံ့ကာ ရိုသေလေးစားစွာ ပြောလိုက်တယ်။
"ဟုတ်ကဲ့ပါ သခင်"
"မင်းက ဒီမှာနေခဲ့...၊ ကောင်းကင်ဘုံသိုင်းစံအိမ်တော် ကိစ္စဖြေရှင်းဖို့ ငှက်ဆိုးကြီးဂိုဏ်းကို ကူညီပေးလိုက်၊ဘယ်သူမှ အသက်မရှင်စေနဲ့"
ထို့စကားကိုပြောပြီးနောက် ချန်းယွီချင်းလည်း လေးထောက်မြေကွက်လပ်မှ ထွက်ခွာသွားကာ ပျောက်ကွယ်သွားတော့တယ်။
…..
ချန်းမိသားစုအိမ်တော်…..ချယ်ရီပင်အောက်မှာ အမျိုးသားတစ်ယောက်က ပခုံးသားကို လှစ်ဟာကာ ပြသထားတယ်။ သူ့အသားအရည်ပေါ် နေရောင်ခြည် သွန်းလောင်းထားပြီး ထိုပခုံးသားက တပ်မက်ဖွယ်အလင်းတန်းများဖြင့် တောက်ပနေခဲ့တယ်။
သူ့ပခုံးသားကို ငွေအပ်များဖြင့် ဖုံးလွှမ်းထားသော်လည်း ဆွဲဆောင်မှု ရှိနေတုန်းပါ။
ခဏလောက် တွေးတွေးဆဆ စဉ်းစားပြီးနောက် သူလည်း ဖြည်းဖြည်းချင်း မေးလိုက်တယ်။
"မင်း...ထွက်သွားတော့မှာလား"
Chapter-603
End
အပိုင်း(၆၀၄)
“သက်ရှိလမ်းပြလို့ခေါ်တဲ့ ဆေးမြစ်ကိုရှာဖို့ ကျွန်မ ပေအန်တောင်ကို သွားဖို့လိုအပ်တယ် ၊ရှာတွေ့ပြီးတာနဲ့ ဟွမ်ချွမ်တောင်ကို ပြန်လာခဲ့ပါမယ်”
အမျိုးသားလေးလည်း ရပ်တန့်လိုက်ပြီး ချိုသာစွာ ပြောလိုက်တယ်။
“ကောင်းပါပြီ… ဒါဆိုရင် မင်းကို ချန်းမိသားစုကနေ စောင့်ဆိုင်းနေမယ်”
ယွမ်လော့ဖုန်းလည်း သူ့ကို ကြည့်လိုက်တယ်။
“ဒီနေ့ ကိစ္စအတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်”
သူ့စကားက သူမရဲ့ဖြူစင်မှုကို သက်သေပြ ပေးလိုက်တယ်။ သူမရဲ့ဖြူစင်မှုကို သက်သေပြဖို့ ဘယ်သူကိုမှ မလိုအပ်ရင်တောင် သူ့ရဲ့အပြုအမူကို သူမရဲ့နှလုံးသားထဲမှာ လှိုက်လှိုက်လှဲလှဲ ကြည်နူးမိပါတယ်။
“မင်း… ငါ့ကို ကျေးဇူးတင်စရာ မလိုအပ်ပါဘူး”
အမျိုးသားလေးလည်း သဘောတကျ ရယ်မောလိုက်တယ်။
“မင်းကြောင့်…ငါအသက်ရှင်သန်ရတာပါဒါကြောင့် ကျေးဇူးတင်စကား ပြောသင့်တာက ကျွန်တော်ပါ။ မင်းမရှိတဲ့ အချိန် ကျွန်တော်က ငှက်ဆိုးကြီးဂိုဏ်းကို စောင့်ရှောက်ထားပါမယ်၊ စိတ်ချလက်ချ သွားပါ၊ ငှက်ဆိုးကြီးဂိုဏ်းက ဟွမ်ချွမ်မြို့မှာ နံပါတ်၁ အဖွဲ့ ဖြစ်ရပါမယ်”
ယွမ်လော့ဖုန်းလည်း တိတ်ဆိတ်သွားခဲ့တယ်။ ခဏကြာတော့ သူမလည်း ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
“ကုသမှုက ပြီးစီးတော့မှာပါ၊ အခုငွေအပ်တွေကို ဆွဲထုတ်လိုက်တော့မယ်၊ ရှင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေ အရှင်းပျောက်ကင်းသွားအောင် ကျွန်မရဲ့ဆေးညွှန်းအတိုင်း ဆေးသောက်ဖို့ လိုအပ်တယ်”
“ကောင်းပါပြီ”
အမျိုးသားလေးလည်း ပြုံးလိုက်တယ်။
သူ့အပြုံးက ညှို့ယူဖမ်းစားနိုင်လောက်အောင် လှပတယ်။
နှုတ်ဆက်စကားတောင် မပြောဘဲ ချယ်ရီမြိုင်မှ လှည့်ထွက်သွားခဲ့တယ်။ သူမပျောက်ကွယ်သွားတဲ့အထိ သူမကို ကြင်နာစွာ ငေးကြည့်နေခဲ့တဲ့ မျက်ဝန်းတစ်စုံကို သတိမထားမိပါဘူး။
တံခါးအပြင်ဘက်မှာ လင်းလောပိုင်တစ်ယောက် စိုးရိမ်ဗျာပါဒများကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့တယ်။ သူမလည်း ယွမ်လော့ဖုန်းကို မြင်လိုက်တော့ အလျင်စလို ပြေးသွားလိုက်တယ်။
“ဆရာ…အခု ပေအန်တောင်ကို သွားတော့မလို့လား”
ယွမ်လော့ဖုန်းလည်း အသာအယာ ခေါင်းညိတ်လိုက်တယ်။
“ဟုတ်တယ်၊ သွားမယ်”
“ဟုတ်ကဲ့ပါ ဆရာ”
လင်းလောပိုင်မှာ တော်တော်လေးကို ပျော်ရွှင်ရတယ်။ ဆရာနောက် လိုက်ခဲ့တာ ကြာခဲ့ပြီ၊ အခုတော့ ဆရာအတွက် တစ်စုံတစ်ရာ ပြန်လုပ်ဆောင်ပေးနိုင်ပြီ။
ပေအန်တောင်က ဟွမ်ချွမ်မြို့နဲ့တော့ သိပ်မဝေးကွာပါဘူး။ ဒါပေမဲ့လည်း ထိပ်တန်း ၁၀ခု စာရင်းဝင်တဲ့ အင်အားစုသာ ဒီနေရာကို သွားနိုင်တယ်။ တခြားသော အင်အားစုများ ပေအန်တောင်ထဲ ဝင်တာကို သိသွားခဲ့ရင် ထိပ်တန်းအင်အားစု ၁၀စုက အတူတကွ ပူးပေါင်း ဖမ်းဆီးမှာပါ။
ဒါကြောင့်လည်း ဟွမ်ချွမ်မြို့မှာ ထိပ်တန်း ၁၀နေရာ ရောက်ဖို့ အပြင်းအထန် ကြိုးစားကြတာပေါ့။
ပေအန်တောင်ခြေကိုရောက်တော့ ယွမ်လော့ဖုန်းလည်း လင်းလောပိုင်ကို စောင်းငဲ့ကြည့်ကာ မေးလိုက်တယ်။
“တစ်စုံတစ်ရာ ခံစားမိလား”
လင်းလောပိုင်လည်း ခေါင်းညိတ်လိုက်တယ်။
“ကျွန်မတို့ကို အရှေ့ဘက် ဆက်သွားဖို့ လမ်းညွှန်းနေတဲ့ အင်အားစု တစ်ခုရှိသလို ခံစားရတယ်၊ ကျွန်မ အထင် မမှားဘူးဆိုရင် ဒါက သက်ရှိလမ်းပြ ဖြစ်ရမယ်”
ထျန်းရာ မှန်တယ်၊ လင်းလောပိုင်တစ်ယောက်တည်းသာ သက်ရှိလမ်းပြကို ရှာဖွေနိုင်တယ်။
“နှလုံးသားရဲ့စေရာကို လိုက်၊ ငါတို့တွေ မကြာခင်မှာ ဆေးကို ရှာတွေ့မှာပါ”
ယွမ်လော့ဖုန်းလည်း သူမရဲ့နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်တယ်။ သက်ရှိလမ်းပြဆိုတာ ဘယ်လို ဆေးမျိုးလဲလို့ သူမသိချင်မိတယ်။
“ဟုတ်ကဲ့ပါ ဆရာ”
လင်းလောပိုင်လည်း နည်းနည်းတော့ စိတ်လှုပ်ရှားမိပါတယ်။ သူတို့တွေ တောနက်ထဲ ရောက်လေလေ သက်ရှိလမ်းပြနဲ့ ဆက်သွယ်မှုက ပိုပြင်းထန်သလို ခံစားရတယ်။
ပေအန်တောင်မှာ ပေါများသော ဆေးမြစ်များအပြင် အစွမ်းထက်တဲ့ ဝိညာဉ်သားရဲများလည်း ရှိနေသေးတယ်။ ဒါပေမဲ့လည်း ယွမ်လော့ဖုန်းရဲ့လက်ရှိ အစွမ်းနဲ့ သူမကို ခြိမ်းခြောက်နိုင်တဲ့ ဝိညာဉ်သားရဲဆိုတာ မရှိဘူး။ ဒါကြောင့် သူတို့အားလုံး ပေအန်တောင် အနက်ပိုင်းကို အလွယ်တကူ ဝင်ရောက်နိုင်တာပေါ့။
“ထူးဆန်းတယ်”
သူတို့အားလုံး ချောက်ကမ်းပါးကို တက်ပြီးနောက် လင်းလောပိုင်က တမင်တကာ ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူမရဲ့မျက်ဝန်းများမှာ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့တယ်။
“ဒီနေရာမှာ သက်ရှိလမ်းပြ ရှိနေတယ်လို့ ခံစားမိတယ် ဒါပေမဲ့…ဘာလို့ မမြင်နိုင်ရတာလဲ”
ရုတ်ခြည်း ချောက်ကမ်းပါးက အပြင်းအထန် တုန်ခါလာပြီး သူမတို့အောက်ခြေက ကျောက်တုံး ကွဲထွက်သွားခဲ့တယ်။ မြေကြီးပေါ်ကို လဲကျသွားတာကြောင့် ကြောက်အားလန့်အား အော်လိုက်တယ်။
“အား…”
“သတိထား”
အပေါ်ဘက်မှ လက်တစ်ဖက်က သူမရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမကို ဆွဲတင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့လည်း ယွမ်လော့ဖုန်း ခြေထောက်အောက်က ကျောက်တုံးလည်း ကွဲထွက်သွားတာကြောင့် နှစ်ယောက်လုံး ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားခဲ့တယ်။
Chapter-604
End
Bạn đang đọc truyện trên: Truyen247.Pro