Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

593-595(U)

ယွမ်လော့ဖုန်း
သရဲဘုရင်
593+594+595

အပိုင်း(၅၉၃)
တိုက္ပြဲ (၆)

တကယ့်ကို တိုက်ပွဲများက ရက်စက်တတ်ပါတယ်။

သို့သော်လည်း ဒီတိုက်ပွဲမှာ ယွမ်လော့ဖုန်းက သူ့လူတွေ ဒီအတိုင်းသေမှာကို စောင့်ကြည့်နေမယ့်သူတော့ မဟုတ်။ ထိခိုက်မှု အနည်းငယ် ရှိလာနိုင်ရင်တောင် တတ်နိုင်သမျှ ထိခိုက်သူနည်းပါးအောင် အကောင်းဆုံးကြိုးစားမှာပါ။

ဆရာ ဝိညာဉ်ဆေးမြက်ရဲ့အကျိုးကျေးဇူးက ဘာအတွက်ကောင်းလဲ
လင်းလောပိုင်လည်း မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း သိချင်စွာ မေးလိုက်တယ်။

နင် သိစရာ မလိုအပ်သေးဘူးဒဏ်ရာရနေတဲ့လူတွေကို ပေးလိုက်၊ နင့်ရဲ့ ဒီနေ့တာဝန်က ဒါပဲ၊ အခုတော့ ငါ တေရးတေမာ အိပ်လိုက်ဦးမယ်၊ တိုက်ပွဲ ပြီးတဲ့အချိန်မှ ငါ့ကိုနိုးလိုက်

ဒီစကားကို ပြောပြီးတာနဲ့ ယွမ်လော့ဖုန်းလည်း ထိုင်ဖို့ တိတ်ဆိတ်တဲ့ နေရာတစ်နေရာကို ရှာလိုက်ပြီး သူမေနာက္က သစ်ပင်ကို ပျင်းရိလေးတွဲစွာ မှီလိုက်တယ်။ သူမရဲ့မျက်ဝန်းများကို မှေးစဉ်းပြီး တရားထိုင်လိုက်တယ်။ အားလုံးက အံ့သြနေရတယ်။ တိုက်ခိုက်နေတဲ့လူတွေတောင် မနေနိုင်မထိုင်နိုင် လှည့်ကြည့်ရတယ်။

သူမ အိပ်ပျော်သွားပြီလား။

ဒီလိုအခြေအနေမျိုးမှာ သူမက အိပ်နေနိုင်ရဲတယ်။

သူမက ပျင်းနေတာလားဒါမှမဟုတ် အကြင်နာမဲ့တာလား။

သိပ်မကြာခင်မှာဘဲ ငှက်ဆိုးကြီးဂိုဏ်းနဲ့ ကောင်းကင်ဘုံ သိုင်းစံအိ်မ်တော်ကလူများ သူတို့ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ဆက်လက် တိုက်ခိုက်ကြတယ်။

ယွမ်လော့ဖုန်းကို စိုးရိမ်တာကြောင့် မုရုန်ပေလည်း သူမကို ကာကွယ်ဖို့ တပည့်တချို့ကို ပို့လိုက်တယ်။ သို့သော်လည်း သူတို့အားလုံး ယွမ်လော့ဖုန်းအနားသို့ မရောက်မီ သူတို့အားလုံးကို လင်းလောပိုင်က တားဆီးလိုက်တယ်။

ငါ့ဆရာကို မနှောင့်ယှက်နဲ့ သူမ အိပ်နေရင်တောင် ဘယ္သူမွ သူမကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ဘူး

နို့လက်ဖက်ရည်လေးက ဆရာကို ကာကွယ်ပေးနေတယ်။ နို့လက်ဖက်ရည်လေးက တခြားသော သားရဲကောင်များနဲ့ ဘယ်လိုတိုက်ခိုက်သလဲ မြင်ဖူးတာကြောင့် သူမ ယုံကြည်တယ်။ အကောင်သေးသေးလေးက သေးကွေးပြီး အားပျော့တယ်လို့ ထင်ရသော်လည်း သူက တခြားသူများထက် ပိုပြီးတော့ ခက်ထန်ကြမ်းကြုတ်တယ်။သူ့ကာကွယ်မှု အရိပ်အောက်မှာ ယွမ်လော့ဖုန်းကို ဘယ္သူက ထိရဲမလဲ။ ဒါက သေခြင်းတရားကို ရန်စတာနဲ့ အတူတူပါပဲ။

လင်းလောပိုင်က ယွမ်လော့ဖုန်းရဲ့တပည့် ဖြစ်နေတာကြောင့် တပည့်အားလုံးက သူမရဲ့စကားကို ယုံကြည်ခဲ့တယ်။ ဒါကြောင့် သူတို့လည်း ယွမ်လော့ဖုန်းကို မကာကွယ်တော့ဘဲ တိုက်ပွဲကို ပြန်သွားတော့တယ်။

တကယ်တမ်းတော့ ယွမ်လော့ဖုန်း အိပ်ပျော်နေတာ မဟုတ္ဘူး။ သူမက ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေထဲ ဝင်နေတာပါ။ ဒါကြောင့် တခြားသူများရဲ့အမြင်မှာတော့ သူမကို အိပ်ပျော်နေတယ်လို့သာ ထင်မှာပါ။

ပြာလဲ့သော ကောင်းကင်ယံအောက်မှာ ရှောင်မိုတစ်ယောက် ယွမ်လော့ဖုန်းကို တွေ့လိုက်တော့ ပျော်လွန်းလို့ ထခုန်မတတ် ဖြစ်ရတယ်။

သခင်ဒီကို ဘာအကြောင်းကြောင့်လာတာလဲ

သစ်ပင်မျိုးစေ့ အခြေအနေ ဘယ္လိုလဲ သိချင်လို့ ဒီနေရာကို လာခဲ့တာ
ယွမ်လော့ဖုန်းလည်း ပြုံးရုံမျှ ပြုံးလိုက်ပြီး သူအရှေ့က ဆေးဖက်ဝင် စိုက်ခင်းများကို အာရုံစိုက်လိုက်တယ်။
ရှောင်မိုဒီမျိုးစေ့ရဲ့ မူလဇာစ်မြစ်က ဘာလဲ၊ ဘာလို့ ဒါကို အတင်းဝယ်ခိုင်းခဲ့ရလဲ

အမ်
ရှောင်မိုလည်း မျက်မှောင်ကြုတ်လိုက်တယ်။
ကျွန်တော်က ကုန်းမြေစုနဲ့ ဝေးကွာနေတာ ကြာခဲ့ပြီဗျာ၊ကျွန်တော်ပြန်လာနိုင်ခဲ့တာတောင် အားလုံး မမှတ်မိသေးဘူး၊ အမှန်တိုင်းပြောရရင် ဘာမှန်းတော့ အေသအခ်ာ မသိဘူး၊ အညှောက် ပေါက်လာရင်တော့ တစ်ချိန်ချိန် အသုံးဝင်လာမှာပါ

ဘယ်အချိန်လောက် အညှောက်ပေါက်မလဲ၊ ဘယ်လောက်ကြာမလဲ

ကျွန်တော်လည်း မသိဘူးဗ်
ရှောင်မိုလည်း ခေါင်းခါလိုက်တယ်။
တစ်နှစ်တန်နှစ် နှစ် ၊ သုံးနှစ်လည်း ဖြစ်နိုင်တယ်၊ အတိအက် မပြောနိုင်ဘူး၊ ဒါပေမဲ့ သခင် ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေသရွေ့ များမကြာမီမှာ အညှောက်ထွက်နိုင်မယ်လို့ ယုံကြည်ပါတယ်

ရှောင်မိုရဲ့မျက်ဝန်းများက ယုံကြည်ချက် အလင်းတန်းများဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့တယ်။ သစ်စေ့ကို လေလံစံအိမ်တော်မှာ တွေ့တဲ့နေ့တည်းက သူပိုင်ဆိုင်ရမှ ဖြစ်မယ်လို့ ခံစားမိတယ်။ဒီလိုမှ မဟုတ်ရင် အနာဂတ်မှာ နောင်တရရလိမ့်မယ်လို့ တွေးနေမိတယ်။ ဒါကြောင့်လည်း အဲနေ့က ဘယ်လောက်ကုန်ကုန် သစ်စေ့ကို ဝယ်ဖို့ ယွမ်လော့ဖုန်းကို ပြောရတာပေါ့။

ရှောင်မို သစ်စေ့မှာ အပြောင်းအလဲ ဖြစ်ရင် ငါ့ကိုပြောငါ့မွာ ဖြေရှင်းစရာ ကိစ္စရှိတယ်၊ ငါသွားတော့မယ်

သူ့ကို ထားခဲ့တာကို မမြင်ချင်တာကြောင့် ရှောင်မိုလည်းဝမ်းနည်းစွာ ပြောလိုက်တယ်။
သခင် ဒီကိုမလာတာကြာပြီ၊ ဒီမွာ နည်းနည်းလောက်ကြာအောင် နေပါလား

ရှောင်မိုရဲ့ ဝမ်းနည်းနေသော မျက်နှာကို ရိပ်စားမိတော့ ယွမ်လော့ဖုန်းလည်း ပြုံးကာ ပြောလိုက်တယ်။
ကလေးလေး ငါနဲ့အတူတူနေချင်ရင်လည်း အပြင်လောကထဲ ဘာလို့ အတူတူ မလိုက်ခဲ့လဲ အပြင်မှာ နာရီပိုင်းလောက် နေပါလား

အမ်မလိုအပ်တော့ပါဘူး၊ ကျေးဇူးပါ
ရှောင်မိုလည်း ပခုံးတွန့်ရင်း ကပိုကရို ပြုံးကာ ပြောလိုက်တယ်။
မကောင်းဆိုးဝါးလေးကအရမ်းကိုကြမ်းတမ်းတယ်၊တစ်နေ့ငါ့ကိုရိုက်နှက်ခဲ့မယ် ဆိုရင်တောင် သူမနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ

Chapter-593
End

အပိုင်း(၅၉၄)
တိုက်ပွဲ (၇)

ပြုံးကာ ရှောင်မိုကို နောက်ဆုံးကြည့်လိုက်ပြီး ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာလာလိုက်တယ်။
..

ထိုအချိန် တန်ယန်က တိုက်ပွဲမြေမှာ ရပ်နေဆဲပါ။ သူ့မျက်နှာတစ်ပြင်လုံးက မည်းမှောင်နေလေရဲ့။ အခုမွ ကောင်းကင်ဘုံ အလယ်အလတ်အဆင့်ရောက်လာတဲ့ မုရုန်ပေက သူ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်လို့ မထင်ခဲ့မိဘူး။ ဒါကြောင့် သူ့မျက်နှာတစ်ပြင်လုံးမှာ ဂုဏ်ယူဝင့်ကြွားမှုတွေ ပြည့်နှက်နေခဲ့တာပေါ့လေ။

ဗိုင်း

အားနဲ့ အတွန်းခံလိုက်ရတဲ့ မုရုန်ပေမှာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့တာကြောင့် တန်ယန်လည်း သူ့ဘေးနားကလူကို မ်က္စိမွတ္ကာ အချက်ပြလိုက်တယ်။ထိုလူက သူဆိုလိုချက်ကို နားလည်တာကြောင့် သူ့ပြိုင်ဘက်နဲ့ တိုက်ခိုက်တာကို ရပ်တန့်လိုက်ပြီး ယွမ်လော့ဖုန်းရှိရာကို တဟုန်ထိုးပြေးသွားလိုက်တယ်။

သူ့မျက်ဝန်းမှ အာဃာတကြီးမားသော အလင်းတန်းများ တဖျတ်ဖျတ်လက်နေခဲ့ပြီး သူ့လက်ထဲမှ ဓားမြှောင်ကလည်း ချမ်းစိမ့်စိမ့် အလင်းတန်းများဖြင့် တောက်ပနေခဲ့တယ်။ ဓားမြှောင်နဲ့ မိန်းကလေးရဲ့ လည်းပင်ကို တိခနဲ လှီးလိုက်နိုင်ရင်တောင် အိပ်ပျော်နေတဲ့ မိန်းကလေးကို ချက်ချင်း သတ်နိုင်တယ်။

သခင်

ထိုလူရဲ့လှုပ်ရှားမှုကို သတိထားမိတာကြောင့် မုရုန်ပေလည်း ကြောက်လန့်တကြား အော်လိုက်တယ်။ ယွမ်လော့ဖုန်း နိုးထလာဖို့ ကြိုးစားနေမိပါရဲ့။ သို့သော်လည်း ဒီမိန်းကလေးက မျက်ဝန်းကို ဆက်လက်ပိတ်ထားပြီး ဘာကိုမှ သတိမထားမိသလိုပါပဲ။

အတော်ကို စိုးရိမ်ကြောင့်ကြလာတာကြောင့် လင်းလောပိုင်လည်း ထိုလူကို သနားစဖွယ်ကြည့်လိုက်ပြီး တီတိုးပြောလိုက်တယ်။
အရူးကောင်

ထိုလူ ယွမ်လော့ဖုန်းရှေ့နား မရောက်ခင်မှာ သူ ဘာမှမလုပ်လိုက်ရဘဲ သူမလက်ထဲမှ ကြွက်လေးထွက်လာပြီး ဒေါသတကြီး အော်ဟစ်ကာ သူ့လက်ပေါ် တက်လာခဲ့တယ်။

ကျွိ

ဒါပေမဲ့ ထိုလူက မရပ်တန့်သွားပါဘူး။ ဓားမြှောင်ကို ကိုင်ဆောင်ပြီး ယွမ်လော့ဖုန်းလည်းပင်ကို လှီးဖို့ ကြိုးစားတယ်။သူ့လှုပ်ရှားမှုတိုင်းက နို့လက်ဖက်ရည်လေးကို  လုံးဝ ဒေါသထွက်စေတယ်။

ကျွိ

နို့လက်ဖက်ရည်လေးလည်း ဒေါကန်စွာ ငိုကြွေးရင်း ထိုလူရဲ့လက်ဖမိုးပေါ် ခုန်တက်လိုက်တယ်။ထို့နောက် သူ့လက်ဖမိုးကို ကိုက်ချလိုက်တယ်။ သူ့ချွန်မြသော သြားမ်ားက အရိုးတည့်တည့်ကို ကိုက်ချတာပေါ့ ။နာကျင်လွန်းလို့ သူခမ်ာ သူ့လက်ကို  အတင်းခါထုတ်နေတာပေါ့ သူ့လက်ထဲမှ ဓားမြှောင်လဲ ပြုတ်ကျသွားတော့တယ်။

ကြွက်စုတ် ကြွက်နာ

သူလည်း ဒေါပွကာ ရွှေရှာကြွက်လေးကို ရိုက်နှက်လိုက်တယ်။သို့သော်လည်း ရွှေရှာကြွက်လေးက အရမ်းမြန်လွန်းတာကြောင့် သူ့တိုက်ခိုက်မှုကို အလွယ်လေး ရှောင်ရှားလိုက်နိုင်တယ်။ သူ့တင်ပါးကိုတောင် နောက်တစ်ကြိမ် ကိုက်လိုက်နို်င်သေးတယ်။

ဟွမ်ချွမ်မြို့ကိုသွားတဲ့လမ်းမှာ သူတို့ ဝိညာဉ်သားရဲကောင် အမြောက်အမြားနဲ့ ပက်ပင်တို်းခဲ့ရတယ်။ သူတို့အားလုံးကို နို့လက်ဖက်ရည်လေးက ရင်ဆိုင်ဖြေရှင်းခဲ့တာပါ။ သူတို့ကို အလျင်အမြန် သတ်လိုက်မယ့်အစားကြောင်က ကြွက်ကို ကစားနေသလို ဆော့ကစားနေခဲ့တယ်။ သားရဲကောင်များကို မမောပန်းတဲ့အထိ မသတ္ဘူး။
အခုတော့ ကောင်းကင်ဘုံသိုင်းစံအိ်မ်တော်နဲ့ နို့လက်ဖက်ရည်လေးကြားက တိုက်ပွဲကိုစောင့်ကြည့်ရင်း လင်းလောပိုင်လည်း သနားစရာကောင်းခဲ့တဲ့ သားရဲကောင်များကို ပြန်တွေးမိတာကြောင့် ထိုလူကို ပိုသနားလာမိတယ်။

တကယ်တော့ သူနို့လက်ဖက်ရည်လေးကို ရန်မစခဲ့သင့်ဘူး။

ဒီကြွက်လေးက တခြားသောသူများထက် ပိုပြီး စိတ်တိုလွယ်တယ်။ သူ့ကို ရန္စတာက မိစာၦကောင်ကို ရန်စတာနဲ့ အတူတူပဲ။

အသုံးမက်တဲ့ အမှိုက်ကောင်
တန်ယန်မှာ ကြွက်ကို မနိုင်တဲ့ သူ့လက်အောက်ငယ်သားကြောင့် သူ့မျက်နှာက မည်းမှောင်သွားလေတယ်။ ထို့နောက် သူ့အနားက နောက်လက်အောက်ငယ်သားကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်တယ်။
မင်း သူ့ကို သွားရှင်းစမ်း

ဟုတ်ကဲ့ပါ သခင်
တပည့်က ဓားရှည်ကို ကိုင်ဆောင်ပြီး ရှေ့ကို အလျင်အမြန်လျှောက်လှမ်းသွားတယ်။ ယွမ်လော့ဖုန်းကို တိုက်ခိုက်ရန် ရှေ့သို့ ခြေလှမ်းတိုးလိုက်တယ်။

ဒီမြင်ကွင်းက နို့လက်ဖက်ရည်လေးကို စိတ်အနှောင့်အယှက်ပေးလွန်းတယ်။သူလည်း တကျွိကျွိအော်ရင်း ထိုလူရဲ့ခန္ဓာကိုယ်ရှိရာ ပြေးသွားလိုက်တယ်။

ထိုသူမှာ ယွမ်လော့ဖုန်းကို ဒုက္ခပေးဖို့ အချိန်တောင် မရလိုက်ပါဘူး။ သူ့မှာ ခုခံနိုင်ဖို့ အခွင့်အရေး မရလိုက်ခင်မှာ သွေးများစိုရွဲနေသော အေပါက္တစ္ခု သူ့ရင််ဘတ်ပေါ်မှာ ဖြစ်ပေါ်လာပြီး လဲကျသွားရတယ်။

ယွမ်လော့ဖုန်းရှေ့မှာ ရပ်နေတဲ့ တခြားတပည့်မှာအန္တရာယ်ကို မသိရွာပါဘူး။ လှောင်ပြုံး ပြုံးလိုက်ပြီး သူ့ဓားနဲ့ ယွမ်လော့ဖုန်းကို ရန်ရှာဖို့ တွေးနေတယ်။ ဓားကျရောက်သွားတာနဲ့ ကောင်မလေးရဲ့လှပသော ဦးခေါင်းက အပြင်းအထန် ထိခိုက်သွားမှာပဲ။ ယွမ်လော့ဖုန်းလည်း ဒီလောကကြီးထဲက ထာဝရ ပျောက်ကွယ်သွားမယ်။

Chapter-594
End

အပိုင်း(၅၉၅)
တိုက်ပွဲ (၈)

ကောင်းကင်ဘုံ သိုင်းစံအိ်မ်တော်ကို အမှားကျူးလွန်တဲ့လူတိုင်း သေရမယ်

ရွှမ်းခနဲ မြည်အောင် ဓားကို ဝှေ့ယမ်းလိုက်တယ်။

ဓားရှည်က ရှေ့သို့ လှမ်းသွားပြီး ယွမ်လော့ဖုန်းရဲ့ဦးခေါင်းကို ဖြတ်ဖို့ ပြင်နေစဉ်မှ ဓားပိုင်ရှင်မှာ သူ့ရင်ဘတ်မှ စူးရွေသာ နာကျင်မှုကို ခံစားလိုက်ရတယ်။ သူ့လက်က လေထဲမှာ ရပ်တန့်သွားခဲ့တယ်။ သူလည်း သူ့ရင်ဘတ်မှ သွေးစိုနေသော အပေါက်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း မ်က္လုံး ပြူးကျယ်နေရတယ်။

ထိုအချိန် ကောင်မလေးရဲ့မျက်လုံးများ ပွင့်လာတော့တယ်။

ဝုန်း

အမျိုးသားလေးရဲ့ခန္ဓာကိုယ်က သူမရှေ့ကို အရှိန်နဲ့ ကျလာရတယ်။ သွေးများက မြေကြီးပေါ် တစ်စက်စက်ကျဆင်းနေပြီး ကမ္ဘာမြေကြီးကို အရောင်ဆိုးပေးနေသလိုပဲ။

ကျွိ
နို့်လက်ဖက်ရည်လေးလည်း ဒေါသတကြီး အော်လိုက်တယ်။ ဒီလူတွေကို သတ်ရမှာထက် ကစားရဖို့ ပိုစိတ်ဝင်စားတယ်။

ယွမ်လော့ဖုန်း နိုးလာတာမြင်တော့ သူမလက်မောင်းပေါ် ပြေးတက်သွားလိုက်ပြီး နှုတ်ဆက်ကာ မျက်နှာချိုသွေးလိုက်တယ်။ သူ့ကို ချီကျူးဖို့ ပြောနေတာလေ။

တော်တယ်

ယွမ်လော့ဖုန်းက သူ့ဦးခေါင်းလေးကို ပုတ်ပေးတော့ နို့လက်ဖက်ရည်လေးမှာ ပျော်လွန်းလို့ ထခုန်လိုက်တယ်။ ယွမ်လော့ဖုန်းရဲ့မျက်နှာလေးကို သူ့လျှာသေးသေးလေးနဲ့ လျက်လိုက်တယ်။ထို့နောက် သူမရဲ့အကျႍလက်ထဲ ဝင်သွားလိုက်တယ်။

သခင် ကျွန်တော် ထွက်လာခဲ့မယ် အဲဒီကြွက်စုတ်ကို ကျွန်တော် သတ်မယ်
ရှောင်မိုမှာ ဒေါသထွက်လွန်းလို့ ရူးမတတ်ပဲ။

သခင့်ကို ထိပါးရိပါး လုပ်ရဲတယ်၊ ကျွန်တော် သူ့ကို သတ်ပြီး ချက်စားပစ်မယ်

ယွမ်လော့ဖုန်းလည်း ဒေါသထွက်နေတဲ့ ရှောင်မိုကို နှစ်သိမ့်လိုက်ပြီး တိုက်ခိုက်နေတဲ့ အဖွဲ့နှစ်ဖွဲ့ဘက် ကြည့်လိုက်တယ်။

ကောင်းကင်ဘုံ သိုင်းစံအိ်မ်တော်က တပည့်များအပြင် ငှက်ဆို်းကြီးဂိုဏ်းမှ တပည့်များရဲ့ နို့လက်ဖက်ရည်လေးရဲ့ အပြုအမူကို ကြောက်လန့်နေရတယ်။

ဒီရွှေရှာကြွက်လေးက ယွမ်လော့ဖုန်းရဲ့ သာမန်အိမ်မွေး တိရိစာၦန်လေး မဟုတ်တာကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့တယ်။ သူတို့ထဲက တချို့ဆိုရင် သူတို့ ပျင်းရင် နို့လက်ဖက်ရည်လေးနဲ့ ဆော့ကစားခဲ့ဖူးသေးတယ်။ ဒါပေမဲ့ အဲဒီအချိန်က  တို်က်ခိုက်နိုင်တဲ့ အစွမ်းကို ကြွက်လေးက မျပသခဲ့ဘူး။

ဒီအန္တရာယ်မပြုတဲ့ ကြွက်လေးမှာ ကြောက်ခမန်းလိလိအစွမ်း ရှိနေမယ်လို့ မထင်ခဲ့မိဘူး။ သူ့ကို ကျီစာခဲ့ဘူးတဲ့ လူတချို့လည်း ခို်က်ခိုက်တုန်အောင် ကြောက်လာရတယ်။ သူ့မှာ ပြင်းထန်တဲ့ အစွမ်းရှိတယ်ဆိုတာ သိခဲ့ရင် သူ့ကို ဒီလို မဆက္ဆံရဲပါဘူး။

တန်ယန်လည်း မျက်ဝန်းကို မှေးကျဉ်းလိုက်တော့ ဖြုံလောက်သော အလင်းတန်းများက တဖျတ်ဖျတ်လက်နေတာပေါ့။သူ့နှုတ်ခမ်းပေါ်မှာ အလိုကြီးသော အပြုံးတစ်ခု ပေါ်လွင်လာခဲ့တယ်။ ဒီရွှေရှာကြွက်လေးသာ သူ့အပိုင်ဖြစ်ခဲ့ရင်။

တန်ယန်မင်းအပိုင် မဖြစ်စေရဘူး
တန်ယန်မျက်ဝန်းမှ အလိုကြီးမှုများကို မြင်ရတော့ မုရုန်ပေလည်း သရော်လိုက်ပြီး ထေ့ငေါ့စွာ ပြောလိုက်တယ်။

တန်ယန်ကလည်း ပြန်ထေ့ငေါ့တာပေါ့။
မင်းပြောနေစရာ မလိုပါဘူး၊ လောကကြီးမှာ အားကြီးသူပဲ ပိုင်ဆိုင်သင့်တာလေ၊ အခု သူမက ရွှေရှာကြွက်လေးကို ပိုင်ဆိုင်မယ်ဆိုရင်တောင် သူ့ကို အျမဲထာဝရ မပိုင်နိုင်ဘူး အစွမ်းထက်တဲ့လူက စိတ်ဝိညာဉ်သားရဲကို ထိန်းချုပ်တာ အကောင်းဆုံးပါ ၊ ဒီကြွက်လေးကို သူမ ပိုင်ဆိုင်တာ အလဟဿ ဖြစ်တယ်

သူပြောချင်တာ သူ တစ်ယောက်တည်း ဒီရွှေရှာကြွက်လေးကို ပို်င်ဆို်င်ဖို့ ထိုက်တန်တယ်ပေါ့။

မင်းတို့ ကောင်းကင်ဘုံသိုင်းစံအိမ်တော်က တကယ့်ကို အရှက်မဲ့လွန်းတယ်၊ မင်းတို့လောက် ဘယ္သူမွ အရှက်မမဲ့နိုင်ဘူး
မုရုန်ပေလည်း လှောင်ပြုံး ပြုံးလိုက်တယ်။
စိတ်တော့ မကောင်းပါဘူး၊ မင်းတို့ အရေးနိမ့်တော့မယ်

ဝုန်း

ဒီစကားကိုပြောပြီးနောက် မုရုန်ပေလည်း သူ့သံကြိုးကို ဝှေ့ယမ်းလိုက်ပြီး တန်ယန်ရှိရာ တဟုန်ထိုး ပြေးသွားလိုက်တယ်။ သူ့သံကြိုးက ကောင်းကင်ယံကို ဖြတ်ကာ လွှဲယမ်းနေပြီး  စူးရွေသာ မီးတောက်များ ဖြာထွက်နေတယ်။ သူ့တိုက်ခိုက်မှုကို မခံယူရဲတာကြောင့် တန်ယန်ကို နောက်ဆုတ်ဖို့ တွန်းအားပေးနေတယ်။

မုရုန်ပေ
ထို့နောက် မိန်းမပျိုလေးရဲ့ ပျင်းရိသော အသံက သူ့နောက်ကျောမှ ပျံ့လွင့်လာခဲ့တယ်။
ပြဿနာကို မြန်မြန်ရှင်းဖို့ ကြ်န္မ ပြောထားတယ်လေ၊ သူတို့ကို အခုအချိန်ထိ ဇာတ်မသိမ်းသေးဘူးလား

မုရုန်ပေလည်း သူ့တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး သူ့ဦးခေါင်းကို ယွမ်လော့ဖုန်းဘက် လှည့်လိုက်တယ်။ သူ့မျက်နှာက တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
သခင် ကျွန်တော်မျိုး တောင်းပန်ပါတယ်

ရှိစေတော့၊  နောက်ဆုတ်စမ်း
ယွမ်လော့ဖုန်းလည်း တန်ယန်ကို စွေးခနဲကြည့်လိုက်တယ်။
နောက်ကျနေပြီ၊ ငါ ဒီမွာ ကြာကြာ မနေချင်ဘူး၊ ငါ့နောက်မှာနေပြီ၊ တစ္က တစ်ဆယ် ရေတွက်မယ်

Chapter-595
End

Bạn đang đọc truyện trên: Truyen247.Pro