Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

575 မွ 578 (Unicode)

ယွမ်လော့ဖုန်း
သရဲဘုရင်
575+576+577+578

အပိုင်း(၅၇၅)
ချန်းမိသားစု၏ အေစခံ (၂)

ပေအန်တောင်

ယွမ်လော့ဖုန်းလည်း သူမရဲ့ မျက်ခုံးကို ပင့်လိုက်ပြီး သူမရဲ့မျက်ဝန်းနက်များမှ ချမ်းစိမ့်စိမ့် အလင်းတန်းများ ဖြာထွက်နေလေရဲ့။ လူတစ်ချို့သာ သူမ ဒီကိုလာရတဲ့ အကြောင်းအရင်း အမှန်ကို သိနိုင်တယ်။ ဒါပေမဲ့ ဘာလို့ ချန်းမိသားစုက ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း သိနေရတာလဲ။ သူတို့တွေ ဒီကိစ္စကို ဘယ်နေရာက စုံစမ်းခဲ့တာလဲ။

ယွမ်လော့ဖုန်း
လွပေသာ အေစခံမေလးက သူမရဲ့မျက်နှာအမူအရာ ပြောင်းလဲသွားတာကို သတိထားမိတာကြောင့် ပျော့ပျောင်းသော လေသံနဲ့ သိမ်မွေ့စွာ ပြောတယ်။
နင် ထူးချွန် ထက်မြက်တယ်ဆိုတာ ငါ သိနေခဲ့ပါတယ် နင့်အတွက် ဘယ်ရွေးချယ်မှုက အကောင်းဆုံးလဲဆိုတာ သိပါတယ်

ယွမ်လော့ဖုန်းလည်း စိတ်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သူမ နှုတ်ခမ်းပေါ်က အပြုံးကို ဖြန့်ကျက်လိုက်တယ်။
အားတော့ နာပါတယ်ရှင် ငါ့အရည်အချင်းနဲ့ ငါ ပေအန်တောင်ကို သွားနိုင်တယ်. ချန်းမိသားစုရဲ့ အကူအညီကို လုံးဝ မလိုအပ်ဘူး

လွပေသာ အစေခံလေးရဲ့ မျက်နှာက ဒေါသစိတ်ကြောင့် ပြာနှမ်းသွားပြီး သူမမျက်ဝန်း အနက်ရှိုင်းပိုင်းက ခက်ထန်မှုကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်တယ်။

တကယ်တမ်းတော့ သူမက ချန်းယွီချင်းကို မပြောဘဲ ငှက်ဆိုးကြီးဂိုဏ်းကို ကိုယ့်သဘောနဲ့ ကိုယ် ရောက်လာခဲ့တာပါ။  ချန်းယွီချင်းလည်း ထျန်းရာ ပြောထားလို့ ယွမ်လော့ဖုန်း အကြောင်းကို သိထားပြီးသားပါ။ သူမ လိုအပ်တာကို ပေးမယ်ဆိုရင် သူမက ကုသပေးလေ့ရှိတယ်။

သခင့်မှာအချိန် အများကြီး မရှိတော့တာကို တွေးမိတာကြောင့် သူ့ကို မပြောဘဲ ငှက်ဆိုးကြီး ဂိုဏ်းကို လာခဲ့ရတာပေါ့။ သခင်ကို ကုသပေးဖို့ ယွမ်လော့ဖုန်းဘက်က အလြယ္တကူ လက်ခံမယ်လို့ ထင်ခဲ့ဖူးတယ်။ ဟွမ်ချွမ်မြို့မှာ ရှိတဲ့လူတိုင်းက ချန်းမိသားစုကို မျက်နှာချိုသွေးချင်ကြတယ်။ ယွမ်လော့ဖုန်းကတော့ သူမက ငြင်းမယ်လို့ မထင်ခဲ့ဖူး။ မျက်နှာသာကို လုံးဝ မေပးတာ။

ဘာလို့ ငါတို့ကို အခွင့်အရေး မေပးရတာလဲ
လွပေသာ အစေခံမလေးလည်း မကျေမနပ် နှုတ်ခမ်းကိုက်ရင်း နောက်ဆုံး တစ်ခေါက်လောက်တော့ ကြိုးစားကြည့်ချင်တယ်။

ယွမ်လော့ဖုန်းလည်း သူမကို သွေးအေးစွာ ကြည့်လိုက်ပြီး
တစ်စုံတစ်ယောက်က ငါ့ကုသမှုကို ခံယူချင်ရင် သူကိုယ်တိုင် ငါ့ကို လာပင့်ဖိတ်ရမယ် ၊ မဟုတ်ရင်တော့ ငါ သူ့ကို မကုသပေးနိုင်ဘူး
မတူမတန်ဟန် လေသံဖြင့် သူမဘက္က အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
ဖန်ဖေး ဧည့်သည်ကို ပြန်ပို့လိုက်တော့

ယွမ်လော့ဖုန်း
အစေခံမလေးလည်း အရမ်းကို စိတ်ရှုပ်ထွေးလာသောကြောင့် မတွေးတော မဆင်ခြင်ဘဲ စကားကို ပြောချင်တာ ပြောတော့တယ်။
နင်က သမားတော် တစ်ယောက်ပါ နင့်မှာ ဆေးပညာ ကျင့်ဝတ် မရွိဘူးလား နင်က သမားတော် တစ်ယောက် ဖြစ်ဖို့ ထိုက်ရဲ့လား  ကိုယ့်ဘာသာ ဆင်ခြင်လိုက်စမ်းပါ

ကြည့်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်က မြွေလို အဆိပ်ပြင်းပြီး ရက်စက်မယ်လို့ မထင်ခဲ့မိဘူး။ သခင်သေမှာကို လက်ပိုက်ပြီး ကြည့်ရက်နိုင်တယ်လား။

ဆေးပညာ ကျင့်ဝတ် ဟုတ္လား
ယွမ်လော့ဖုန်းလည်း ထေ့ငေါ့လိုက်တယ်။
နင့်ဘက်က ငါ့နာမည်ကိုသိရင်  ငါ ဘယ်လို အလုပ်လုပ် တတ်တယ်ဆိုတာ ကြားဖူးမှာပါ ၊ ငါ့မွာ ကျင့်ဝတ် မရှိဘူးလို့ ထင်နေတာလား
သူမလည်း ခဏနားပြီး ဆက်ပြောလိုက်တယ်။
ငါ ကုသမှုကို လိုအပ်နေတဲ့ ငါ ကယ်ချင်တဲ့ လူကို ငါကယ်မယ်နင့်သခင်ကိုတော့ မကုပေးနိုင်ဘူး အခုချက်ချင်း ထွက်သွားလိုက်စမ်းပါ. ငါကိုယ်တိုင် ကန်ထုတ်ပေးရမလား

ဖြူဖျော့နေသော မျက်နှာနဲ့ လွပေသာ အစေခံမလေးကို ယွမ်လော့ဖုန်းကို  မကျေမချမ်းကြည့်ကာ သူမရဲ့ ဓားရှည်ကို ကိုင်ဆောင်ရင်း ထွက်ခွာသွားတယ်။

ထြက္ခြာသြားတဲ့ ပုံရိပ်ကို ငေးကြည့်ရင်း ဖန်ဖေးလည်း စိုးရိမ်စွာ မေးလိုက်တယ်။
သခင်မ. ချန်းမိသားစုက ဟွမ်ချွမ်မြို့တော်မှာ အာဏာအရွိဆုံး မိသားစု ၊ ကျွန်တော်မျိုးတို့ရဲ့ အပြုအမူကြောင့် လက်တုံ့ပြန်နေဦးမယ်

ချန်းမိသားစု မလုပ်ရဲပါဘူး

သူတို့ မလုပ်ရဲဘူး

ဒီတစ်လောကလုံးမှာ သူတို့သခင်ကို ကယ်တင်ပေးနိုင်တာ သူမတစ်ယောက်တည်းရှိတယ်။ ဒါကြောင့်လည်း မောက်မာတဲ့ စကားမျိုး ပြောရဲတာ။

ဖန်ဖေးရဲ့ မျက်ဝန်းများက ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်လာရတယ်။
သခင် ကျွန်တော်မျိုး နားမလည်နိုင်ဘူး ဘာလို့ ချန်းမိသားစုဘက်က လက်တုံ့ပြန်လို့ မရတာလဲ

အကြောင်းအရင်းကတော့
ယွမ်လော့ဖုန်းလည်း ယုံကြည်ချက်ရှိစွာ ပြုံးလိုက်တယ်။
ငါတစ်ယောက်တည်း သူတို့သခင်ကို ကုသပေးနိုင်လို့လေ သူ ငါ့ကို သတ်လိုက်ရင် သူလည်း သေမှာ

သူမအကြောင်း ချန်းမိသားစုကို ဘယ်သူပြောထားလဲဆိုတာ စဉ်းစားနေမိတယ်။ ထျန်းရာ ဖြစ်ရမယ်။ ထျန်းရာက ချန်းမိသားစုရဲ့ သခင်ကို မကုသပေးနိုင်ရင်တော့ သူမ တစ်ယောက်တည်းပဲ သူ့ကို ကုသပေးနိုင်မယ်။

သခင် ၊ ချန်းမိသားစုရဲ့ သခင်ကို ကုသပေးဖို့ ရည်ရွယ်ထားလား
ဖန်ဖေးလည်း ခေါင်းကုတ်ရင်း မေးလိုက်တယ်။

Chapter-575
End

အပိုင်း(၅၇၆)
ချန်းယွီချင်း၏ဒေါသ (၁)

မှေးစဉ်းနေသော ယွမ်လော့ဖုန်း၏ မျက်ဝန်းများမှ အန္တရာယ် အငွေ့အသက်များ ခုန်လွှားထွက်နေခဲ့သည်။

သူ့ကို ကုသပေးစေချင်ရင် သူ့ရိုးသာမှုကို ပြသဖို့တော့ လိုအပ်မယ် ဒီလိုမှ မဟုတ်ရင်တော့ ငါဘက်သူ့ကို ဒီတစ်သက်တော့ မကုသပေးနိုင်ဘူး

ဖန်ဖေးလည်း စိတ်ပျက်လက်ပျက် ပြုံးလိုက်ပြီး
ချန်းမိသားစု အစေခံရဲ့ စိတ္သေဘာထားက ချန်းမိသားစုရဲ့ ရိုးသားမှု မရှိတာကို ပြသတယ်

ချန်းမိသားစုက သူတို့သခင်ကို ကုသပေးဖို့ ဘာအကြောင်းကြောင့် ယွမ်လော့ဖုန်းကို တောင်းဆိုရသလဲ။ ဒါပေမဲ့လည်း ဒီကနေ့တော့ သူတို့တွေ ချန်းမိသားစုကို ရန္စမိသြားခဲ့ျပီ။

သူမရဲ့ စိတ်နေသဘောထားက ချန်းမိသားစုရဲ့ သဘောထားကို ပြသနေတာ မဟုတ္ဘူး၊ သူမကို ချန်းမိသားစုရဲ့ အရှင်သခင် ကိုယ်တိုင် တကယ်ပဲ လွှတ်လိုက်တာဆိုရင် ငါ ငြင်းလိုက်လို့ စိတ်ပျက်လက်ပျက် ထြက္သြားမွာ မထင်။ ဒီအစား သူမကိုယ်တိုင် ငှက်ဆိုးကြီး ဂိုဏ်းကို မြေလှန်ပစ်လိမ့်မယ်

သူမသခင့်ရဲ့ သဘောတူညီချက်နဲ့ ဒီနေရာကို လာခဲ့တာ မဟုတ်မှန်း သူမ အတပ်ပြောနိုင်တယ်။ ချန်းမိသားစုရဲ့ အရှင်သခင်က သူမရဲ့ အပြုအမူတိုင်းကို သေသေချာချာ သိနေလိမ့်မယ်။

သူမ ပြောတဲ့ စကားလုံးတိုင်းကို အပြည့်အဝ နားမလည်နိုင်တာကြောင့် ဖန်ဖေးလည်း ဦးခေါင်းကို ဆက်တိုက်ညိတ်ရင်းသူမကို အစက အထင်မြင်သေးခဲ့သော်လည်း ယွမ်လော့ဖုန်းကို ကြည်ညိုလေးစားစွာ ကြည့်နေခဲ့တယ်။

သူမက ချန်းမိသားစုရဲ့ အေစခံ ထိပ်တိုက်တွေ့ချိန်မှာ မောက်မာခဲ့တယ်။

.

ချန်းအိမ်တော် ခြံဝင်းအတွင်းမှာ ချယ်ရီပန်း ပွင့်ဖတ်များ မြေပြင်ပေါ် ကျဆင်းနေပြီး ချယ်ရီပင်အောက်မှာ အမျိုးသားတစ်ယောက်က ပုံမှန်အတိုင်း ဗျတ်စောင်း တီးနေခဲ့တယ်။ သူ့ရဲ့ နှင်းတမျှ ဖြူဖွေးသော ဆံပင်နွယ်များက လေပြေထဲ တလွင့်လွင့် ဖြစ်နေတယ်။ မြင်ကွင်းက ပန်းချီကား တစ္မ်ွ လှပလွန်းတယ်။

အေဝးမွာ ရပ်နေရင်း အရူးအမူး စွဲလမ်းနေသော အကြည့်များနဲ့ ချယ်ရီပင်အောက် ထိုင်နေသော အမျိုးသားလေးကို အေစခံမေလးက ငေးမော ကြည့်လိုက်တယ်။ သူမမွာ အပြစ်ရှိသလို ခံစားလာရတယ်။

ဘုရားရှင်က မမ်ွတဘူး ။ သခင်မှာ ပြင်းထန်စွာ နာကျင်ခံစားရလည်း သေလုမျောပါး ရောဂါကို ထပ်ခံစားနေရတယ်။ သူ့ကို ကယ်ပေးနိုင်တဲ့ တစ်ယောက်တည်းသောသူကလည်း သူသေတာကို လက်ပိုက် ကြည့်နေတယ်။

အမျိုးသားလေးက ဗျတ်စောင်းတီးတာကို ရပ်တန့်လိုက်ပြီး သွေးအေးစွာ မေးလိုက်တယ်။
မင်းဘယ်သွားနေတာလဲ

လွပေသာ အေစခံမေလးမွာ အသက်ရှူဖို့တောင် မေ့လျော့သွားရပြီး အပြစ်ရှိသော မျက်ဝန်းများဖြင့် စကားဆိုလာခဲ့တယ်။
သခင် ကြ်န္မ

မင်း ငှက်ဆိုးကြီး ဂိုဏ်းကို သြားခဲ့တာလား

နောက်ဆုံးတော့ သခင့်ဘက်က ခေါင်းမော့ပြီး သူမကို တည့်တည့် ကြည့်လာခဲ့တယ်။ သူ့မျက်ဝန်းများက ယခင်လို မနူးညံ့တော့ဘူး။ သူ့မျက်ဝန်းထဲမှ အေးစက်မှုများက အစေခံမလေးရဲ့ နှလုံးသားကို တုန်ရီစေတယ်။ သူမလည်း သူ့ရှေ့မှာ ဒူးထောက်လိုက်တယ်။

သခင် ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ. ကြ်န္မ လုပ်သမျှ ကိစ္စတိုင်းက သခင့်အတွက်ပါ

မေ့ချင်း မင်းကို လိမ္မာပါးနပ်တဲ့ မိန်းကလေး တစ်ယောက်လို့ ထင်ခဲ့ဖူးတယ် ဒါကြောင့်လည်း မင်းကို ငါ့အနား အကြာကြီးနေဖို့ ခွင့်ပြုပေးခဲ့တာ. ဒါပေမဲ့ မင်းက ငါ့ကို စိတ်ပျက်စေတယ်
အမျိုးသားလေးက ခေါင်းကို တွင်တွင်ခါနေပြီး သူ့အသံမှာ စိတ်ပျက်မှုကို ရောပြွန်နေတယ်။

သခင်
လွပေသာ အစေခံမလေးလည်း ထိတ္ထိတ္ပ်ာပ်ာ ဖြစ်သွားပြီး သူမကိုယ် သူမကာကွယ်သော စကားမ်ား ပြောတော့တယ်။
သခင်အတွက် လုပ်ပေးခဲ့တာပါ. သခင့်မှာ အချိန် အများကြီး မကျန်တော့ဘူးလေ ဒါကြောင့် သခင်ကို မပြောဘဲ ကုသပေးဖို့ မိန်းကလေးကို သွားပင့်တာပါ

သူ့မျက်ဝန်းများက ပိုအေးစက်လာပြီး အသံက အရမ်းကို သွေးအေးနေတယ်။
ဘာလုပ်သင့်လဲ ငါသိတယ် မင်းလို အစေခံတစ်ယောက်က ငါ့အတွက် ဆုံးဖြတ်ချက် ချနိုင်တယ်လို့ ထင်နေလား မင်းက ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ငါ့ကိစ္စကို ဝင်ရှုပ်နေတာပဲ ခွင့်လွှတ်ပေးစရာ အကြောင်းမရှိဘူး

သခင် ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ နောက်တစ်ခေါက် ထပ်မဖြစ်စေရပါဘူး

အေစခံမေလးက မြေကြီးကို ခေါင်းနဲ့ တိုက်ပြီး အကြိမ်ကြိမ် တောင်းပန်နေတယ်။ လွပေသာ သူမရဲ့မျက်နှာက အရမ်းကို ဖြူဖျော့နေတယ်။

သူမရဲ့ ကိုယ့််ဘာသာ ထိခိုက်အောင် ပြုမူနေတာ မြင်ရသော်လည်း သနားစိတ် မဖြစ်မိပေ။

ဒါပေါ့ သူမလည်း ချန်းယွီချင်း သနားမယ်လို့ အိပ်မက် မမက်ရဲပါဘူး။ တစ်ပါးသူအပေါ် အျမဲ ကောင်းကောင်းမွန်မွန် ဆက္ဆံ တတ်သော်လည်း သူ့နှလုံးသားက တခြားသူများထက် ပိုသွေးအေးတယ်။ ဒါကြောင့်လည်း လက်ရှိ ဒီလို အဆင့်အတန်းမျိုးနဲ့ နေထိုင်နိုင်တာပေါ့။

သူမကို ဝေးဝေး ခေါ်ထုတ်သွားစမ်း

ထိုလူက သူ့နှုတ်ခမ်းပါးလေးကို လှုပ်ရှားလိုက်တယ်။ သူ့ရဲ့ အကြင်နာ ကင်းမဲ့သော စကားမ်ားကို ကြားရတော့ အေစခံမေလးမွာ ငရဲ အောက်ဆုံးအထပ်ဆီသို့ ရောက်သွားသလို ခံစားရတယ်။ သူမရဲ့ ခန္ဓာကိုယ်က ထိတ်လန့်မှုကြောင့် အေးခဲသွားရတယ်။ သူမ  သခင့်ကို နှစ်ပေါင်းများစွာ ခစားခဲ့ပါသော်လည်း အမျိုးသမီး တစ်ယောက်ကြောင့် သူမကို ရက်စက်တော့မယ်လား။

သခင့်မှာ တကယ်ပဲ အသဲနှလုံး ရှိရဲ့လား
သူမရဲ့မျက်ဝန်းများက ပူးဆွေး ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေရတယ်။

ချန်းမိသားစုရဲ့ အရှင်သခင်က လူကောင်းတစ်ယောက်လို့ လူတိုင်းလိုလိုက ပြောကြတယ်. ဒါပေမဲ့ သခင်အနားမှာ အကြာကြီးနေခဲ့တဲ့သူသာ သခင်က မကောင်ဆိုးဝါး ဆိုတာ သိနိုင်တယ်. သခင်က အယောင်ဆောင် မျက်နှာဖုံးနဲ့ အားလုံးကို လှည့်စားထားတာ    Chapter-576 End
အပိုင်း(၅၇၇)
ချန်ယွီချင်း၏ ဒေါသ (၂)

ချန်းယွီချင်းလည်း သူ့နှုတ်ခမ်းပါးကို မဲ့လိုက်ပြီး မျက်ရည်များ စိုရွဲနေတဲ့ အစေခံကို မတူမတန်ဟန် ကြည့်လိုက်တယ်။ သူမရဲ့ပူဆွေး ဝမ်းနည်းနေသော စွပ်စွဲချက်ကြောင့်  သူ့ဘက်ကတော့ ခံစားချက် ကင်းမဲ့နေဆဲပါ။ ဒီလောကကြီးမှာ ဘယ္သူမွ နှလုံးသားကို မလှုပ်ခတ်နိုင်ဘူး။

မင်းမှာ ငါနဲ့ ပတ်သက်ပြီး မေက်နပ္တာ ပြောချင်ရင် အခုတည်းက ပြောလို််က် မင်းမှာ နောက်ဆို အခွင့်အရေး မရှိတော့ဘူး. မင်း ငါ့ကို နှစ်ပေါင်းများစွာ ခစားလာတဲ့အတွက် မင်းအသက်ကိုတော့ ညှာတာပေးလိုက်မယ်၊ ဒါပေမဲ့ ငါ မင်းကို နောက်ထပ် မမြင်ချင်ဘူး

သူ့သဘောတူညီချက် မပါဘဲ ငှက်ဆိုးကြီး ဂိုဏ်းကို သွားလိုက်ခဲ့တည်းက သူ့အနားမှာ နေခွင့်မရှိတော့တာ သိပါတယ်။ သူ့အမိန့်ကို မနာခံဘဲ သူ့ကို ဒုက္ခပေးမယ့် လက်အောက်ငယ်သားမျိုး လိုအပ်မှာ မဟုတ္ဘူး။

ချန်ယွီချင်းပြောလိုက်တဲ့ စကားရဲ့ အဓိပါ္ပယ်ကို အေစခံ ကောင်းကောင်းသိပါတယ်။ သူ့ကို နောက်တစ်ကြိမ် တွေ့ခွင့် မရှိတော့ဘူူ။

သခင် ကျွန်တော်မျိုးမ ဘာအမှားလုပ်ခဲ့မိလို့လဲ အားလုံးက သခင့်အတွက်လေ
အေစခံမေလးက ဖြူဖျော့နေတဲ့ နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။
အရှင်ကို သစ္စာရှိခဲ့တာ အမွားလား

သူလည်း သူမကို အေးစက်စွာ ကြည့်လိုက်တယ်။
သစ္စာရှိတာတော့ မမွားပါဘူး ၊ မင်းလုပ်ခဲ့တဲ့ အမွားက ယွမ်လော့ဖုန်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့တာပဲ

လွပေသာ အစေခံမလေးရဲ့မျက်နှာက ရုတ်ခြည်း ပြောင်းလဲသွားခဲ့တယ်။ နောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရပြီး တုန်ရီသော အသံနဲ့ မေးလိုက်တယ်။
ကျွန်မနောက်ကို နောက်ယောင်ခံ လိုက်ခိုင်းလိုက်တာလား

ငါ့ခွင့်ပြုချက် မရွိဘဲ ချန်းမိသားစုက မင်းထွက်သွားတော့ မင်းရဲ့ ရည်ရွယ်ချက် အမှန်ကို သိချင်ရုံလေးပဲ
ထိုလူရဲ့အသံက လုံးဝကို အရင်နဲ့ ခြားနားနေခဲ့တယ်။

မင်းက ငှက်ဆိုးကြီး ဂိုဏ်းကိုသွားပြီး သူမကို မောက်မောက်မာမာ စကားမျိုး ပြောခဲ့မယ်လို့ မထင်ခဲ့မိဘူး သမားတော်တစ်ယောက်ရဲ့ တကယ် ခွန်အားက သူတို့ရဲ့ ဂုဏ်သိက္ခာပဲ  မင်းက သူမကို အကျပ်ကိုင်ရဲတယ် အတင့်ရဲလိုက်တာ မင်းကိုယ် မင်း ဘာထင်နေလဲ

အေစခံမွာ ကြောက်လွန်းလို့ ရူးတော့မလိုပဲ။ သူမရဲ့ ဖြူဖျော့နေသော မျက်နှာမှ ချွေးအေးများ ကျဆင်းလာပြီး သူမကျောမှာလည်း စိုရွဲနေတယ်။

သူလည်း အစေခံကို ဖြည်းဖြည်းချင်း ကျောခိုင်းလို်က်တယ်။ သွေးအေးသော လေသံဖြင့် အမိန့်ပေးလိုက်တယ်။

အစောင့်တွေ သူမကို ဆွဲခေါ်သွားစမ်း ၊ ငါသူ့ကို နောက်ထပ် မမြင်ချင်တော့ဘူး

ချက်ချင်းပဲ ပုန်းကွယ်နေသော အစေခံနှစ်ယောက် ကောင်းကင်ယံမှ ထွက်လာခဲ့တယ်။ သူတို့ သူမကို ဆွဲခေါ်သွားချိန်မှာ ခုန်လိုက်ပြီး  ခေါင်းနဲ့တိုက်  လက်နဲ့ တွန်းထုတ်လိုက်တယ်။ သူမရဲ့ နဖူးမွ သွေးများ ကျဆင်းလာပြီး သိပ်မကြာခင်မှာ သူမရဲ့ မျက်နှာတစ်ပြင်လုံးကို လွှမ်းမိုးသွားခဲ့တယ်။ သူမရဲ့ ပုံပန်းသွင်ပြင်ကို အကျည်းတန်သွားစေလေရဲ့။

သူ့အနားမှာ မနေရတာထက် သေရတာ ပိုကောင်းပါတယ်။ သူ့မျက်စိရှေ့မှာ သူမကိုယ် သူမ သေကြောင်းကြံစည်မယ်။ ဒါမွ သူလည်း သူမကို တစ္သက္လုံး သတိရမိမွာ။

ကံဆိုးရှာတဲ့ သူမအတွက်တော့ သူက တစ်ချက်လေးမျှ လှည့်မကြည့်ခဲ့ဘူး။ အဖက်မတန်ဟန် အမိန့်ပေးရုံလေးသာ
အစေခံကိုိ မြှပ်လိုက်

ဟုတ်ကဲ့ပါ သခင်

ပုန်းကွယ်နေတဲ့ အစောင့်နှစ်ယောက်က သူ့နီးပါး အကြင်နာ ခေါင်ပါးတယ်။ အစေခံရဲ့ ခန္ဓာကိုယ်ကို အလျင်အမြန်ဆွဲခေါ်သွားပြီး ကြုံရာနေရာမှာ မြှပ်နှံလိုက်တယ်။

ချယ်ရီပင်အောက်မှာ ပန်းရောင် ပွင့်ချပ်လေးများက အမျိုးသားလေးရဲ့ ပခုံးပေါ် ဖြည်းဖြည်းချင်းစီ ကျဆင်းနေခဲ့ပြီ။

အင်မော်တယ် တစ်ယောက်လို သူ့ပခုံးပေါ်မှ ပွင့်ချပ်များကို က်က္သေရ တင့်တယ်စွာ ခါထုတ်လိုက်တယ်။

ငှက်ဆိုးကြီး ဂိုဏ်းကို ငါကို်ယ်တိုင် သွားဖို့ လိုအပ်ပြီ ထင်တယ်

ပြည်နှင်ဒဏ်ပေးခံထားရသော အင်မော်တယ် တစ်ယောက်လို လက်နောက်ပစ်ကာ မတ်တတ် ရပ်ရင်း ဝေးကွာတဲ့ ကောင်းကင်ယံကို ငေးမော ကြည့်လိုက်တယ်။ ဒီမ်က္စိ ပဿဒဖြစ်စေတဲ့ မြင်ကွင်းလေးက မည်သူကိုမဆို အသက်ရှူမှားစေမှာပါ။

..

ငှက်ဆိုးကြီး ဂိုဏ်းအတွင်းမှာ ယွမ်လော့ဖုန်းတစ်ယောက် မုရုန်ပေကို ဆေးကုသပေးဖို့ ပြင်ဆင်နေချိန် အလျင်စလို အသံ ပြေးဝင်လာခဲ့တယ်။
ချန်းမိသားစုရဲက အရှင်သခင် ချန်းယွီချင်းက သခင်ကို တွေ့ချင်တယ်လို့ ပြောပါတယ်

ချန်းမိသားစုရဲ့ အေစခံ ထြက္သြားရုံပဲ ရှိသေးတယ် အခု သူတို့သခင်တောင် ရောက်လာပြီလား။ သတင်းလာပို့တဲ့ တပည့်မှာ ယွမ်လော့ဖုန်းက သူ့ကို စိတ်အနှောင့်အယှက်ပေးလို့ ချန်းယွီချင်းကို်ယ်တိုင် လက်စားလာချေတယ် တွေးမိတာကြောင့် တော်တော်လေးကို ကြောက်လန့်တကြား ဖြစ်နေတယ်။

Chapter-577 End
အပိုင်း(၅၇၈)
ဒီ ဒီကေလးက မင်းကလေးလား (၁)

သခင်
မုရုန်ပေမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။
တျခား အကြောင်း ကိစ္စ ရှိသေးရင်လည်း ကျွန်တော့်ကို နောက်မှ ကုသေပးပါ

ချန်းမိသားစုရဲ့အစေခံ လာရတဲ့ အကြောင်းအရင်းကို ဖန်ဖေး ပြောပြထားပြီးသားပါ။ ချန်းမိသားစုရဲ့ အရှင်သခင်ကိုယ်တိုင် ကုသပေးဖို့ ပင့်ဖိတ်တယ်ဆိုတော့ကား မုရုန်ပေ စိတ်လှုပ်ရှားလာရတယ်။

သခင်က သူ့ကို တကယ် ကုသနိုင်လိမ့်မယ်။

ကောင်းပြီလေ

ဒါဆို ချန်းမိသားစုရဲ့ အရှင်သခင်ကို သွားတွေ့လိုက်ဦးမယ်

ထို့နောက် သူမလည်း နောက်ကို လုံးဝ လှည့်မကြည့်ဘဲ မုရုန်ပေရဲ့ မြင်ကွင်းမှ လျင်မြန်စွာ
ပျောက်ကွယ်သွားတော့တယ်။

ခန်းမဆောင်ထဲဝင်လိုက်တော့ နေရောင်ခြည်ကိုမျက်နှာချင်းဆိုင်ကာ ကျောခိုင်းရပ်နေတဲ့ ယောကျ်ားတစ်ယောက်ကို သူမ တွေ့လိုက်ရတယ်။  အလွန် စူးရွ တောက်ပသော  နှင်းတမျှ ဖြူဖွေးသော ဆံနွယ်များက ပြစ်ဒဏ်ခံနေရတဲ့ အင်မော်တယ် တစ်ယောက်နဲ့ တူစေတယ်။

ဝင်ပေါက်မှ အသံကို ကြားလိုက်ရတော့ ထိုလူက ဖြည်းဖြည်းချင်း လှည့်လာပြီး ခန်းမဆောင်ထဲ  ဝင်ရောက်လာတဲ့ မိန်းကလေးကို ငေးကြည့်လိုက်တယ်။ သူ့မျက်ဝန်းများက နေရောင်တမျှ နွေးထွေးတယ်။

မင်းအကြောင်းကို ထျန်းရာပြောလို့ သိထားပါတယ်
သူလည်း ညင်သာစွာ ပြုံးလိုက်တယ်။ သူ့အပြုံးက မ်က္စိ ပဿဒ ဖြစ်စေပြီး သူ့မျက်ဝန်းများ နွေဦးကဲ့သို့ ကြည်လင်နေပါရဲ့။

ဒါပေမဲ့ မင်းအကြောင်းကို လေလံစံအိမ်တော်မှာ မင်းအပြုအမူကို ကြည့်ပြီး ပိုသိသွားတယ်

ယွမ်လော့ဖုန်းလည်း ပျင်းရိလေးတွဲစွာ ပြုံးလိုက်တယ်။
ရှင်က ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို လက်စားချေချင်တာလား

မဟုတ္ဘူး
ချန်းယွီချင်းလည်း ခေါင်းခါလိုက်တယ်။

ဟွမ်ချွမ်မြို့တော်က နိုင်ရာစား လောကကြီးအကြောင်း နားလည်ပါတယ် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က မင်းရဲ့ ထောက်ချောက်မှာ ကျဆင်းရတာက အရမ်းကို ထုံထိုင်းလို့လေ ၊ ဒါက ကိုယ့့်ကိစ္စ မဟုတ်ပါဘူး

ဒီအကြောင်းကို ပြောချင်လို့ ရှင် ဒီကို လာခဲ့တာလား

ချန်းယွီချင်း အံ့သြသွားသော်လည်း ချက်ချင်း ရယ်မောလိုက်တယ်။ သူ့အပြုံးက အရမ်းကို ညှို့ယူဖမ်းစားနိုင်တာကြောင့် သူ့ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိဖို့ ခဲယဉ်းတယ်။

သူမ တစ်ယောက်တည်း အတွက် ပြုံးပြလေ့ရှိတဲ့ ယွမ်ရှောင် အကြောင်းကို တွေးမိတော့ ယွမ်ရှောင်ကို ပိုချောမောခန့်ညားတယ်လို့ ထင်မိတယ်။

လာရတဲ့ အကြောင်းအရင်းကို မင်းသိမယ်လို့ ထင်ပါတယ်
ချန်းယွီချင်းလည်း ပြုံးလိုက်တယ်။
ကိုယ့် ခန္ဓာကိုယ်က ကန့်သတ်ချက်ကို ကျော်လွန်တော့မယ် ၊ ဒါကြောင့်လည်း  မျက်နှာပြောင်တိုက်ပြီး မင်းကို အကူအညီတောင်းရတာ. ငါ့ကို ကုသပေးဖို့ ဆန္ဒရှိရင် မင်းတောင်းဆိုသမျှကို လက်ခံဖို့ အသင့်ပါပဲ

ဘာမဆိုလား
ယွမ်လော့ဖုန်းလည်း အချီကြီး ပြုံးလိုက်ပြီး ဆန်းကြယ်စွာ မေးလိုက်တယ်။

သူမရဲ့ မာယာများသော မျက်နှာအမူအရာကို မြင်ရတော့ အကြောင်းသိသော်လည်း လက်ခံရမယ်လေ။
ဟုတ်ပါတယ် ဘာမဆို ပေးပါမယ်

အခုနောက်ပိုင်း  ပိုက်ဆံ အရမ်းပျက်နေတယ်
ယွမ်လော့ဖုန်းလည်း စဉ်းလဲသောမျက်ဝန်းများကို မှေးကျဉ်းလိုက်တယ်။
ရှင့်ကို ဝါးစံအိမ်တော် ရောင်းမယ်ဆိုရင် ဈေးကောင်းကောင်းရမလား

ချန်းယွီချင်းရဲ့ မျက်နှာက ချက်ချင်း အေးခဲသွားရတယ်။ ဝါးစံအိမ်တော်ဆိုတာ ဘာမှန်းမသိသော်လည်း ယွမ်လော့ဖုန်းရဲ့မျက်နှာ အမူအရာနဲ့ ဘာမှန်းတော့ ခန့်မှန်းလို့ရတယ်။ အဲဒီနေရာက ကောင်းတဲ့နေရာတော့ မဖြစ်နိုင်လောက်ဘူး။

အမ်
ချန်းယွီချင်းလည်း ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်။
မင်း ပိုက်ဆံ လိုအပ်ရင် မင်းလိုချင်တဲ့ ပမာဏကို ပေးနိုင်ပါတယ်ဒါပေမဲ့ ဝါးစံအိမ်တော် ကိစ္စကို မေ့ထားလို့ ရမလား

ယွမ်လော့ဖုန်းလည်း သူမရဲ့မေဖျားကို အသာအယာ ပွတ်သပ်လိုက်ပြီး တွေးဆလိုက်တယ်။ သူမ ဘာပြန်လိုချင်လဲဆိုတာ စဉ်းစားနေတာ ဖြစ်မယ်။

ဒါမှမဟုတ်
ချန်းယွီချင်းလည်း တွေးတွေးဆဆဖြစ်နေတဲ့ ယွမ်လော့ဖုန်းကို အပြုံးလေးနဲ့ ကြည့်လိုက်ပြီး နှုတ်ခမ်းလေးကို တွန့်ကွေးလို်က်တယ်။
ကိုယ့်ဘဝကို ပေးဆပ်ရမယ်ဆိုလည်း ကိစ္စ မရွိပါဘူး

ဒီစကားကို ကြားတော့ ယွမ်လော့ဖုန်းလည်း အသိပြန်ဝင်လာခဲ့တယ်။ နှုတ်ခမ်းမဲ့ရွဲ့ပြီး ချန်းယွီချင်းကို အပေါ်အောက် စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။
ရှင်က မိန်းကလေးတွေထက် လှပါတယ် မိန်းမဆန်ပြီး ဖြူဖပ်ဖြူရော်နဲ့ သန္မာ ကြံခိုင်မှုလည်း မရွိဘူး ရှင့်ရင်ဘတ်ကလည်း ပြားချပ်နေတာပဲ ကြွက်သားတွေလည်း မရွိဘူး ရှင့်ကို ဘာအကြောင်းကြောင့် လက်ခံရမလဲ

Chapter-578
End

Gp1 (575မွ 700 )(Free)
Gp2 (700 မွ 772) (1000ks)
Gp3 (773 မွ 850) (1000ks)
Gp4 (851 မွ 962) (2000ks)
Gp-5(963 မွ 1042) (2000ks)

Wave pay= 09784327525
Ph bill = 09899327577
Ok $ = 09969332009
Kbz pay= 09973010715
G1-24-28 =Free Gp1 (575မွ 700 )(Free)
Gp2 29-31 = 1000
Gp3 32-34 = 1000
Gp4 35-39= 2000
Gp5 40-42= 2000

Bạn đang đọc truyện trên: Truyen247.Pro