Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

563+564+565 (Unicode)

ယွမ်လော့ဖုန်း
သရဲဘုရင်
563+564+565

အပိုင်း(၅၆၃)
လေလံပွဲ (၅)

ပိုးကောင်လေးကို မြင်တော့ အကြီးအကဲယန်လည်း မှင်တက်သွားပြီး အလျင်အမြန်လေး ပြောလိုက်တယ်။
သခင်ချန်းအတွက် လက်ဖက်ရည် နောက်တစ်ခွက် ထည့်ပေးပါမယ်

ဒီလက်ဖက်ရည်ခွက်က စွန်းထင်နေပြီ

အကြီးအကဲယန်က လက်ဖက်ရည် နောက်တစ်ခွက် ထည့်ပေးလည်း လက်ဖက်ရည်ခွက်က ညစ်ပတ်နေပြီလေ. ဘာမွ ပြောင်းလဲခြင်း မရှိတော့ဘူး။

အေစခံ
သူ ပြောချင်တာကို နားလည်တဲ့အတွက် ယန်အကြီးအကဲလည်း ချက်ချင်း အမိန့်ပေးလိုက်တယ်။
သခင်ချန်းအတွက် လက်ဖက်ရည်ခွက် အသစ်ပြင်ပေးစမ်း

ဒီစကားကို ကြားတော့ အပြင်ဘက်မှ အစေခံတစ်ယောက်က လက်ဖက်ရည်ခွက်ကို ချက်ချင်း ယူလာပေးတယ်။ သိပ်မကြာခင်မှာ နာမည်ကြီး အမှတ်တံဆိပ် အသစ်နဲ့ လက်ဖက်ရည်ခွက် ရောက်ရှိလာခဲ့တယ်။

ယန်အကြီးအကဲလည်း သူ့နဖူးပေါ်မှ ချွေးစေးများကို တိတ်တဆိတ် သုတ်လိုက်ပြီး အားယူ ပြုံးလိုက်တယ်။ ချန်းယွီချင်းက ခပ်အေးအေးဆေးဆေး ပုံစံပေါက်ပြီး တခြားသူများကို ကောင်းကောင်းမွန်မွန် ဆက်ဆံသော်လည်း အားလုံးကလည်း အပေါ်ယံမျှသာ  သူက လူထူးလူဆန်း တစ်ယောက် သူ့စိတ်က ဆန်းကြယ်တယ် ခန့်မှန်းရခက်တယ်။

သေခြင်းကို စွဲလမ်းတဲ့ လူထူးလူဆန်း တစ်ယောက်ပါ။

ပိုးကောင်လေး သူ့လက်ဖက်ရည်ခွက်ထဲကျလို့ လက်ဖက်ရည်ခွက် လဲပေးလိုက်တာ အဆင်ပြေပါ့မလား။ ဒါပေမဲ့လည်း လက်ဖက်ရည်ခွက်ပြောင်းဖို့ပဲ စိတ်အားထက်သန်နေခဲ့တယ်။ သေခြင်းက ကင်းလွတ်နိုင်ဖို့ မျှော်လင့်မိပါရဲ့။

သူ့စိတ်ထဲက ထူးခြားတဲ့ စရိုက်ကို ဆင်ခြင်မိတော့ ယန်အကြီးအကဲမှာ မကျေနပ်ချက်ကို ဖော်ထုတ် မပြရဲပေ။ ထို့အစား ရိုသေလေးစားစွာ ပြောတယ်။
သခင်ချန်း ကျွန်တော် သခင်အတွက် ဘာလုပ်ပေးဖို့ လိုအပ်လဲ

အခုတော့ မင်း ထွက်သွားနိုင်ပြီ

ချန်းယွီချင်းက ယန်အကြီးအကဲကို မတူမတန်ဟန် ကြည့်လိုက်သော်လည်း သူ့အသံက အလွန့်ကိုိ ဆွဲဆောင်မှု ရိှိလှတယ်။

ဟုတ်ကဲ့ပါ
ယန်အကြီးအကဲလည်း ရိုသေစွာ ဂါရဝပြုပြီး အစေခံများကို အချက်ပြလိုက်တယ်။
သွားမယ်

အေစခံမ်ားအားလုံးက ဂါရဝပြုပြီး ဆုတ်ခွာသွားကြတယ်။ အစမွ အဆုံးအထိ ဒီအေစခံအားလုံးက ချန်းယွီချင်းကို တစ်ချက်မျှ မကြည့်ရဲပေ။ပြစ်ဒဏ်သင့်နေသော ထာဝရ ရှင်သန်သူရဲ့ ကျိန်စာကို မိမွာ ကြောက်နေမိတယ်။

ချန်းယွီချင်းလည်း လက်ဖက်ရည်ခွက်ကို ညင်သာစွာ ပွတ်သပ်ရင်း သိမ်မွေ့စွာ ပြုံးလိုက်တယ်။ တံခါးမွ တစ်ဆင့် အောက်ထပ်မှာ ရပ်နေတဲ့ အလွန်ချောမောသော ပုံရိပ်လေးကို မြင်နိုင်တယ်။

ယွမ်လော့ဖုန်းက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ် ၊ သူမရဲ့ ရန်သူကို လုံးဝ မညှာတာပေးတတ်ဘူး ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က သူမကို ရန်စရဲတော့ သေချာပေါက် အဖြစ်ဆိုးနဲ့ ကြုံကြိုက်ရတော့မယ်

.

လေလံစံအိမ်တော် အတွင်းမှာ လူရွယ်လေလံပစ်သူရဲ့ တူက နောက်တစ်ကြိမ် ကျရောက်လာခဲ့ပြန်တယ်။ နောက်ထပ် ပစ္စည်းတစ်ခုကို စတင် လေလံဆွဲတော့တယ်။ ထို့နောက် နောက်ထပ် လင်ဗန်းတစ်ခုကို ထုတ်ပြီး သူ့လည်ချောင်းကို ရှင်းကာ ပြောလိုက်တယ်။
လူကြီးမင်းများ ခင်ဗျား ဒီပစ္စည်းက ဒီနေ့ရဲ့ နောက်ဆုံး ကျန်ရှိတဲ့ အရေးကြီးဆုံး ပစ္စည်းပါ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ကျော်က သေဆုံးသွားတဲ့ သမားတော် တစ်ယောက် ရေးသားခဲ့တဲ့ ဆေးစာအုပ်ပါ သမားတော်ရဲ့ နာမည်က ကျွယ်ချင်းပါ

ကျွယ်ချင်း

ဒီနာမည်ကို ကြားတော့ အားလုံးမွာ နှလုံးခုန်ဖို့တောင် မေ့လျော့နေမိတယ်။ လေလံပစ်သူကို လွပတဲ့ မိန်းကလေးတစ်ယောက်လို ငေးကြောင် ကြည့်နေခဲ့တယ်။

ကျွယ်ချင်းက ဘယ်လို လူစားလဲဆိုတာ လူတိုင်း သိတယ်။ သေဆုံးသွားတဲ့လူကိုတောင် ပြန်ရှင်သန်အောင် လုပ်ဆောင်ပေးနိုင်တဲ့သမားတော် တစ်ယောက်လို့ ပြောနိုင်တယ်။ သေအံ့ဆဲဆဲ လူကိုတောင် သူ ကယ်တင်နိုင်တယ်။ ဒီလောကကြီးထဲမှာ သူ မကုသပေးနိုင်တဲ့ ရောဂါ မရှိဘူးလို့ ပြောလို့ရတယ်။

ကျွယ်ချင်းရဲ့ ဆေးစာအုပ်မှာ သူ့ဘဝ တစ္သက္တာ အတွေ့အကြုံများ ပါဝင်နိုင်ပြီး  ဒီကုန်းမြေစုမှ သမားတော် အမ်ားစုက ဒီစာအုပ်ကို ရှာဖွေနေကြတယ်။ ဒါပေမဲ့ ဘယ္သူမွ မရှာနိုင်ခဲ့ဘူး။ လေလံစံအိမ်တော်မှာ ဒီစာအုပ်ပေါ်လာမယ်လို့ မထင်ခဲ့မိဘူး။

အားလုံးကေတာ့ စိတ်လှုပ်ရှားနေကြတယ်။

ဒီဆေးစာအုပ်မှ သတ်မှတ်ထားတဲ့ ဈေးနှုန်းမရှိဘူး ကြိုက်သလို ဈေးခေါ်နိုင်တယ်
လူရွယ် လေလံပစ်သူက ပြုံးကာ ပြောလိုက်တယ်။

တန်လင်းရဲ့ မျက်လုံးများလည်း ပြူးကျယ်နေတယ်။ ကြည့်ရတော့တော့ လေလံစံအိမ်တော်မှာ ဆေးစာအုပ်က သူ့ပစ်မှတ် ဖြစ်ပုံပဲ။

သူတို့တွေ ဆေးစာအုပ်ကို ရျပီး လေ့လာနိုင်ခဲ့ရင် သခင်ချန်းကို ကုသဖို့ နည်းလမ်း ရှာနိုင်မယ်။ ကောင်းကင်ဘုံ သိုင်းစံအိ်မ်တော်က သခင်ချန်းကို ကုသနိုင်ရင် ချန်းမိသားစုက သူတို့ကို မျက်နှာသာပေးတော့မှာလေ။

Chapter-563
End

အပိုင်း(၅၆၄)
လေလံပွဲ (၆)

သူတို့က ချန်းယွီချင်းကို ကုသဖို့ နည်းလမ်း မရှာနိုင်ရင်တောင် တန်ယွဲ့ကို တပည့်အဖြစ် လက်ခံပေးဖို့ ချန်းမိသားစုရဲ့ သမားတော်ကို လက်ဆောင်အဖြစ် ပေးလို့ ရပါသေးတယ်။ ချန်းမိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်သ၍ ဟွမ်ချွမ်မြို့တော်မှာ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ရဲ့ နေရာကို လုံခြုံစွာ ထိန်းသိမ်းနိုင်မယ်။

ဆရာ
လင်းလောပိုင်ရဲ့မျက်ဝန်းများက ကျေနပ်မှုများဖြင့် အရောင်တောက်လာခဲ့တယ်။
ထျန်းရာက ဒီစာအုပ်ကို အရမ်းကြိုက်မှာ သေချာတယ် ထျန်းရာကို လက်ဆောင်ပေးချင်တယ်

ထျန်းရာက သူမကို မကုသပေးနိုင်သော်လည်း သူမကို ကယ်တင်ဖို့ ဝိညာဉ် နတ်ဘုရားတောင်အထိ လာခဲ့ပေးတယ်။ ဒါကြောင့် ဒီကြင်နာမှုကို သူမစိတ်ထဲ အျမဲ မှတ်ထားတယ်။ အခုတော့ သူ့ကို ကျေးဇူး ပြန်ဆပ်ဖို့ အခွင့်အရေး ရျပီး ဒါကို သူမ လက်လွတ်မခံနိုင်ဘူး။

ယွမ်လော့ဖုန်းအတွက်တော့

လင်းလောပိုင်ရဲ့စိတ်ထဲမှာတော့ ယွမ်လော့ဖုန်းရဲ့ ဆေးပညာကျွမ်းကျင်မှုက ကျွယ်ချင်းကို မသာလြန္စရာ အကြောင်း မရွိဘူး။ ဒါကြောင့် ဒီဆေးစာအုပ်က ယွမ်လော့ဖုန်းအတွက်တော့ အသုံးမဝင်နိုင်ဘူး။

ယွမ်လော့ဖုန်းလည်း ခဏရပ်တန့်လိုက်ပြီး ပြောလိုက်တယ်။
တပည့် စိတ်ချမ်းသာဖို့ ဆရာက ထျန်းရာကို ဆေးပညာ သင်ပေးနိုင်ပါတယ် ဒီဆေးစာအုပ်တော့ မလိုအပ်ပါဘူး

သူမမွာ ဆေးနတ်ဘုရား လျှို့ဝှက် သငေ်္ကတ ရှိနေတာပဲ ဒီလောကကြီးထဲက ဘယ်ဆေးစာအုပ်မှ ဆေးနတ်ဘုရား လျှို့ဝှက် သငေ်္ကတကို မယှဉ်နိုင်ဘူး။ ဆေးနတ်ဘုရား လျှို့ဝှက် သငေ်္ကတထဲက အကြောင်းအရာ အားလုံးကို ကျွမ်းကျင်ပြီးနောက် သေအံ့ဆဲဆဲ လူနာ မပြောနဲ့ သေဆုံးသွားတဲ့လူနာကိုတောင် ရှင်သန်အောင် ကုသပေးနိုင်တယ်။

လင်းလောပိုင်ရဲ့မျက်ဝန်းများက ပို တောက်ပလာပြီး အချီကြီး ပြုံးလိုက်တယ်။
ဆရာက လောကကြီးမှာ အကောင်းဆုံးသော ဆရာပဲ

မှန်ပါတယ် ယွမ်လော့ဖုန်းရဲ့ သင်ကြားပေးမှုကို ဘယ်ဆေးစာအုပ်မှ ယှဉ်နိုင်မှာ မဟုတ္ဘူး။ ထျန်းရာသာ ဒီအကြောင်းကို သိရင် ပျော်လွန်းလို့ တိမ်ပေါ် ခုန်လွှားတက်တော့မှာ။

ဟွန့်
တန်လင်းလည်း သရော်လိုက်ပြီး ယွမ်လော့ဖုန်းကို မကျေမချမ်းကြည့်လိုက်တယ်။

ဟား ရယ်စရာကောင်းလိုက်တာ မင်းကိုယ်မင်း ကျွယ်ချင်းနဲ့ ယှဉ်နေတယ်ပေါ့ ကျွယ်ချင်းဆိုတာ ဘယ်သူမှန်း မသိဘူးမလား ထုံအလွန်းပါတယ်

ထိုစကားကို ပြောပြီးနောက် လူရွယ် လေလံပစ်သူလေးဘက် လှည့်ကာ ကျယ်လောင်စွာ အော်လိုက်တယ်။
သန်း ၈၀

တစ်စုံတစ်ယောက်က ပထမဆုံး ဈေးခေါ်လိုက်တာမြင်တော့ တခြားသောသူများလည်း အပြိုင်အဆိုင် ဈေးခေါ်တော့တယ်။

သန်း၁၀၀

သန်း၁၄၀

ဆေးစာအုပ်က အရမ်း အရေးပါတာကြောင့် အပြိုင်အဆိုင် ဈေးတိုးပေးနေတာကြောင့် မူလသန်း၈၀မှ သန်း၅၀၀အထိ တဟုန်ထိုး တက်သွားခဲ့တယ်။

ချန်းယွီချင်းကတော့ သပ်ရပ်ကျနစွာ လက်ရည်ကို နည်းနည်းချင်းစီ စုပ်သောက်နေပြီး အောက်ထပ်က ဆူညံပွက်လော ရိုက်သံများက သူ့ကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေသလို အေးအေးလူလူပါပဲ။

သို့သော်လည်း သူ့နောက်မှာ ရပ်နေတဲ့ လွပေသာ အေစခံမေလးကေတာ့ မနေနိုင် မထိုင်နိုင် မေးလာခဲ့တယ်။
သခင် ကျွန်တော်မျိုးမတို့တွေ စာအုပ်ကို ဝယ်ယူသင့်လား

ချန်းမိသားစုသာ ဒီလေလံပွဲမှာ ပါဝင်ခဲ့ရင် တခြားသော မိသားစုမ်ားမွာ အခွင့်အရေး မရှိနိုင်တော့ဘူး။

ချန်းယွီချင်းရဲ့ လက်ချောင်းများက စားပွဲကို အသာအယာ ခေါက်လိုက်ပြီး တွေးတွေးစစ အကြည့်များက သူ့မျက်နှာမှာ ကူလူး ပြေးလွှားနေခဲ့တယ်။

သမားတော် တစ်ယောက် အနေနဲ့ ယွမ်လော့ဖုန်းက ဆေးစာအုပ်ကို စိတ်ဝင်စားမယ်လို့ ထင်လား

လွပေသာ အစေခံလေးက  ချီတုံ့ချတုံဖြင့် မေးလိုက်တယ်။
သခင် ပြောချင်တာက

သူမကို ဒီစာအုပ် လက်ဆောင်ပေးလိုက်ရင် ငါ့ကို မျက်နှာသာပေးမလား ငါကို ကုသပေးဖို့ ပြောရင် မငြင်းလောက်ပါဘူး

သူ့ချောမောတဲ့ မျက်နှာပေါ်မှာ ကြည်သာသော အပြုံးတစ်ပွင့် ရှိနေခဲ့ပြီး နူးညံ့သော ညောင်စောင်းပေါ်မှာ ပျင်းရိလေးတွဲစွာ မှီနေလိုက်တယ်။ သူ့မျက်ဝန်းများက ဖြုံလောက်သော အလင်းတန်းများဖြင့် တောက်ပနေခဲ့တယ်။

ဒီမိန်းကလေး စိတ်ကျေနပ်အောင် သခင် ဘာကြောင့် ဖန်တီးနေလဲလို့တော့ သိချင်မိတယ်။ ချန်းယွီချင်းက သူမကို ယုံကြည်အားထားလာတာ ကြာပြီ ဖြစ်တာကြောင့် သူမလည်း တည့်တိုး မေးလိုက်တယ်။

သခင် ချန်းမိသားစုမှာ သမားတော် အများကြီး ရှိပြီးသားပါဘာလို့ ဆေးစာအုပ်ကို ဝယ်ပြီး သူမကို လက်ဆောင်ပေးချင်ရတာလဲ ၊ သခင်ကို ကုသပေးဖို့ တောင်းဆိုရင် သူမက ဘာအကြောင်းကြောင့် ငြင်းရမလဲ ၊ ချန်းမိသားစုကို စိတ်ကျေနပ်စေဖို့ ကြိုးစားနေတဲ့လူတွေ အများကြီး ရှိပါတယ် ဘယ္သူကမ်ား ဒီအခွင့်အရေးကို လက္လြတ္ခံမလဲ

Chapter-564
End

အပိုင်း(၅၆၅)
လေလံပွဲ (၇)

ချန်းယွီချင်းလည်း သိမ်မွေ့စွာ ပြုံးလိုက်တယ်။
ထျန်းရာ အပြောအရတော့ ဒီကောင်မလေးက စိတ်တိုလွယ်တယ် ၊ သူမ စိတ်ကျေနပ်အောင် မလုပ်ဆောင်ပေးနိုင်ရင် ငါ့ကို ကုသပေးဖို့ သူမက အလြယ္တကူ လက်ခံမှာ မဟုတ္ဘူး ၊ သမားတော် တစ်ယောက် ကျေနပ်စေဖို့ အလြယ္ကူဆုံး နည်းလမ်းက သူတို့ကို တန္ဖိုးရွိတဲ့ ဆေးစာအုပ် လက်ဆောင်ပေးတာပဲ

သူလည်း ရပ်တန့်လိုက်ပြီး ထပ်ဖြည့်စွက်ပြောတယ်။
မင်းမေးတဲ့ မေးခွန်းအတွက်တော့ ငါတို့သမားတော်တွေက ဒီကောင်မလေးရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး ၊ သူတို့လက်ထဲမှာဆိုရင် ဆေးစာအုပ်က အသုံးမဝင်တဲ့ စက္ကူ အပိုင်းအစ ဖြစ်သွားနိုင်တယ်

စိတ်ကုန်သော ခံစားချက် အနည်းငယ်ကြောင့် လွပေသာ အေစခံမေလးက နှုတ်ခမ်းကို ဖိကိုက်ထားခဲ့တယ်။ နှစ်တွေ အများကြီး သခင်ဘေးမှာ သူမ ရှိနေပေးခဲ့ပါတယ်။ သခင်က ဘယ်မိန်းကလေးကိုမှ ထူးထူးခြားခြား ဆက္ဆံတာ မတွေ့ဖူးဘူး ။ သူက တခြားသောသူများကို နူးညံ့ သိမ်မွေ့စွာနဲ့ ကောင်းမွန်စွာ ဆက်ဆံသော်လည်း နူးညံ့မှုနောက်ကွယ်မှာ ထင်ရှားတဲ့ အဖက်မတန်ဟန် ၊ စိမ်းကားမှုများကို တွေ့နိုင်တယ်။ ဒါပေမဲ့လည်း အခုတော့ သခင်က ဒီကောင်မလေးကို တခြားသူများနဲ့  ခြားနားစွာ ပြုမူနေတယ်။

ဒီတစ်ခေါက်တော့ လေလံဈေးက သန်း၁၀၀၀အထိ ရောက်ရှိသွားခဲ့တယ်။ ဒီအချိန်က လေလံပွဲမှာ ပါဝင်ဖို့ အကောင်းဆုံး အချိန်ဆိုတာ ချန်းယွီချင်း တွေးမိတာကြောင့် လေလံ ခန်းမထက် စဉ်းလဲသော အသံ ပျံဝဲလာခဲ့တယ်။
သန်း၁၀၁၀

ဒီစကားသံကို ကြားတော့ ချန်းယွီချင်းလည်း သူ့လျှာဖျားထိပ်က စကားများကို မျိုသိမ့်လို်က်ပြီး သိမ်မွေ့စွာ ပြုံးလို်ိက်တယ်။

ငါတို့တွေ လေလံပွဲမှာ ပါဝင်ဖို့ မလိုအပ်တော့ဘူးထင်တယ်

ဘာလို့လဲ
လွပေသာ အစေခံလေးက ချန်းယွီချင်းဘက်လှည့်ကာ နားမလည်နိုင်စွာ မေးလိုက်တယ်။

ဒီကောင်မလေးက သူကိုယ်တိုင် လေလံဆွဲနေတော့ ငါတို့တွေ သူမနဲ့ မယှဉ်ပြိုင်သင့်ဘူး လိုက်ပြိုင်ရင် ငါတို့ကို ရန်သူလို့ မြင်သွားနိုင်တယ်  ၊ ဒါကြောင့် သူမ စိတ်ကျေနပ်အောင် ဆေးစာအုပ်ကို စွန့်လွှတ်လိုက်တော့မယ်

.

လေလံစံအိမ်တော်မှာ တန်လင်းတစ်ယောက် သွေးအန်ရလောက်တဲ့ အထိ အရမ်းကို ဒေါသထွက်နေခဲ့တယ်။ သူလည်း ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
မင်းက ကျွယ်ချင်းရဲ့ ဆေးစာအုပ်ကို အထင်မြင်သေးခဲ့တာ မလား ငါနဲ့ ဘာအတွက် ယှဉ်ပြိုင်နေရလဲ

သန်း၁၀၀၀က သူ့နောက်ဆုံးဈေးခေါ်နိုင်တဲ့ငွေ။ သူ အောင်မြင်တော့မယ် အချိန်ရောက်မှ ဒီမိန်းကလေးက သူ့ကို နှောင့်ယှက်လိုက်တယ်။

ယွမ်လော့ဖုန်းလည်း ပျင်းရိလေးတွဲစွာ ထိုင်ခုံနောက်ကို မှီလိုက်ပြီး မာယာများသော အပြုံးလေးကို ဖန်တီးလိုက်တယ်။
ပျော်ဖို့ကောင်းအောင် မီးရှို့မလို့လေ

မင်း
တန်လင်းလည်း ယွမ်လော့ဖုန်းကို ဒေါသတကြီး လက်ညိုးငေါက်ငေါက် ထိုးလိုက်တယ်။
မင်းမှာ သန်း၁၀၀၀ ရှိလို့လား လေလံစံအိမ်တော်မှာ မလိုမုန်းထား လေလံဆွဲရင် ပြင်းထန်တဲ့ ပြစ်ဒဏ် ခံစားရမှာနော်

ယွမ်လော့ဖုန်းလည်းသူ့ကို စွေးခနဲ ကြည့်ကာ ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
နောက်ထပ် ပိုက်ဆံကို ပြစေချင် ပြန်ပြီလား ကောင်းပြီလေ ဒါပေမဲ့ ငါ့အတွက် ဒီစာအုပ်ကို ဝယ်ပေးရမယ်... ငါ သန်း၁၀၀၀ကို ထုတ်ပြနိုင်ရင် ငါ ပျော်ရွှင်အောင် စာအုပ်ကို မီးရှို့နေတာ စောင့်ကြည့်ပေးရမယ်... ဘယ်လိုလဲ

တန်လင်းမှာ ချက်ချင်း ပါးစပ် ပိတ်သွားခဲ့တယ်။

တူညီသော ထောက်ချောက်ထဲကို နှစ်ခါ ကျရလောက်တဲ့အထိ သူ မရူးသေးဘူး။ ဒါကြောင့် ယွမ်လော့ဖုန်းကို ငွေပြဖို့ တောင်းဆိုမယ့်အစား လူရွယ်လေလံပစ်သူလေးဘက် လှည့်ကြည့်လိုက်တယ်။

သန်း၂၀၀၀

အံကြိတ်ရင်း သူ့နှလုံးသားထဲက  ဒေါသစိတ်ကို ဖိနှိပ်လိုက်တယ်။

ယွမ်လော့ဖုန်း... မင်းက ငါနဲ့ ယှဉ်ပြိုင်ချင်တော့လည်း မင်းတစ်ဘဝလုံး နောင်တ ရအောင် လုပ်ပေးရတာပေါ့။

ဒီအကြောင်းကို တွေးရင်း သူ့စိတ်ထဲ သရော်လိုက်တယ်။ သူ့ပြိုင်ဘက်ဖြစ်ဖို့ ဝါနုလွန်းတယ်။

သန်း၂၀၁၀

သန်း၃၀၀၀
တန်လင်းလည်း ယွမ်လော့ဖုန်းကို စူးစူးရဲရဲ ကြည့်လိုက်ပြီး သရော်လိုက်တယ်။

သူနဲ့အတူတူ သန်း၂၀၀၀ပဲ ယူလာတဲ့အတွက်  လေလံဆွဲတာကို ရပ်တန့်မှ ရတော့မယ်။ ယွမ်လော့ဖုန်းကို အနိုင်ယူချင်လည်း ဆက် လေလံဆွဲလို့ မဖြစ်တော့ဘူး။

ယွမ်လော့ဖုန်းက ဆက်ပြီးတော့ ဈေးခေါ်နေမှာ သူ သိနေခဲ့တယ်။ သူမဘက္က သန်း၃၀၀၀ကို ထုတ်မပေးနိုင်ရင် ရှန်တန်လေလံစံအိမ်တော်က သူမကို အလွတ်ပေးမှာ မဟုတ္ဘူး။

ကောင်မလေးရဲ့ အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့သော်လည်း သူမစကားက တန်လင်းရဲ့မျက်နှာကို ချက်ချင်း ပြာနှမ်းသွားစေတယ်။

ရှင် နိုင်တယ်

Chapter-565
End

Bạn đang đọc truyện trên: Truyen247.Pro