
556-570(U)
ယွမ်လော့ဖုန်း
သရဲဘုရင်
566+567+568+569+570
အပိုင်း(၅၆၆)
လေလံပွဲ (၈)
ရှင် နိုင်တယ် တဲ့လား။
သူမ ဘာပြောချင်တာလဲ။ သူမက ဈေးပြိုင်ပေးတာကို ရပ်တန့်လိုက်ပြီလား။
ဒီလို ဆိုရင်တော့ သူ.
ပြင်းထန်တဲ့ အကျိုးဆက်ကို တွေးမိတာကြောင့် တန်လင်းလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း သူ့မျက်နှာက ရှုံ့မဲ့နေတယ်။
ယွမ်လော့ဖုန်း ကောင်မစုတ်လေး မင်းက ငါ့ကို လှည့်စားရဲတယ် အခုမွပဲ ယွမ်လော့ဖုန်းက သူနဲ့ ယှဉ်ပြီး စာအုပ်လုချင်တာ မဟုတ်မှန်း နားလည်တော့တယ် ၊သူ့ကို လှည့်ဖျားချင်ရုံပဲကိုး
ဘုရားဘုရား ဒီတစ်ကြိမ်လည်း ဒီမိန်းကလေးရဲ့ ထောက်ချောက်ထဲ ကျဆင်းမိပြန်ပြီ။ သူကို နောက်တစ်ကြိမ် ထောက်ချောက်ဆင်နိုင်ပြန်ပြီ။
ဆေးစာအုပ်ကို စိတ်မဝင်စားဘူးလို့ ပြောထားပြီးသားပါ ရှင်က ကျွန်မစကားကို မယုံကြည်တာတော့ မတတ်နိုင်ဘူး
ယွမ်လော့ဖုန်းလည်း ခိုးခိုးခစ်ခစ် ရယ်ရင်း ပြောတယ်။
ပျော်ဖို့ ရွှင်ဖို့ သန်း၁၀၀၀ကို သုံးမယ်ဆိုရင်တောင် ဘဏ်စာရွက်တစ်ခုချင်းစီတောင် အချိန်အကြာကြီး ရှို့နိုင်တယ်။ ဒါတွေက ဆေးစာအုပ်ထက် အသုံးဝင်ပါသေးတယ် ရှင်က ရိုးရှင်းတဲ့ အမှန်တရားလေးကို မသိရလောက်တဲ့အထိ တုံးအလွန်းတယ်
တန်လင်းရဲ့ခန္ဓာကိုယ်က တုန်ရီနေတယ်။ စကားတစ်ခွန်းမျှ မပြောနိုင်လောက်တဲ့အထိ ဒေါသထွက်နေခဲ့တယ်။
အံ့သြစရာ မရွိဘူး။
သူ ဒီကိုလာတဲ့အချိန်မှာ သခင်က ယွမ်လော့ဖုန်းနဲ့ ထိပ်တိုက် မတွေ့ဖို့ သတိပေးလိုက်တာ အံ့သြစရာ မရွိဘူး။ သခင်က ရှန်တန်စံအိမ်ကို ကြောက်လို့ မဟုတ္ဘူးပဲ။ ဒီမိန်းမက မြေခွေးလို ကောက်ကျစ် စဉ်းလဲလို့ပဲ။
သူမကို ဗရုတ္က်တဲ့ လူတိုင်း နာကျင်ခံစားစေရမယ်။
တန်လင်းကို မကြည့်ဘဲ ယွမ်လော့ဖုန်းလည်း လင်းလောပိုင်ဘက် လှည့်ကာ သင်ကြား ပြသနေခဲ့တယ်။
ရှောင်ပိုင် မှတ်ထားရမှာတစ်ခုတော့ ရှိတယ် အမြဲတမ်း ရန်သူရဲ့ အသက်ရှူသံကို အာရုံစိုက်ထားရမယ် ဆေးစာအုပ်ကို ပထမဆုံး ဈေးပြိုင်ခေါ်စဉ်က သူ့အသက်ရှူသံက ပြင်းထန်နေတယ် ၊ တဖြည်းဖြည်းနဲ့ သူ့အသက်ရှူသံက တည်ငြိမ်သွားတယ် ၊ ဒါကြောင့် သူ ဈေးပြိုင်ခေါ်တာကို ရပ်တန့်လိုက်ပြီဆိုတဲ့ သေဘာပဲ။ သူဘက္က ဆေးစာအုပ်ကို စွန့်လွှတ်လိုက်ပြီပဲ
ဒါက ကံကောင်းမှုတော့ မဟုတ္ဘူး။ မင်းက ကံကောင်းမှုကိုသာ အားကိုးနေရင်တော့ စိတ်ပျက်ဖွယ် ရှုံးနိမ့်မှုကို ရင်ဆိုင်ရလိမ့်မယ်။
လင်းလောပိုင်လည်း ခေါင်းညိတ်လိုက်တယ်။
သခင်တပည့်သိပါပြီး အခုကစပြီးတော့ ရန်သူကို သေသည်အထိ ထောက်ချောက် ဘယ်လို ဆင်ရမလဲဆိုတာ လေ့လာပါမယ်
တန်လင်းရဲ့ ဖြူစုတ်နေတဲ့ မျက်နှာကို ကြည့်ရင်း လင်းလောပိုင် ပျော်ရွှင်လာရတယ်။
နောက်ပြီးတော့
ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်ပြီး မာယာများသော အပြုံးလေးကို ပြသလိုက်တယ်။
ကောင်းကင်ဘုံ သိုင်းစံအိ်မ်တော်ရဲ့ ငွေကို စစ်ဆေးကြည့်ဖို့ တောင်းဆိုပါတယ်
ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို ဆေးစာအုပ် ရရှိဖို့ သတ်မှတ်ထားလိုက်ရင်တော့ သူတို့မှာ ပိုက်ဆံ အလုံအလောက် မရှိရင်တောင် စွန့်လွှတ်လို့ မရေတာ့ဘူး တန်ရာတန်ကြေးကို ပေးချေရမယ်။ ဒါကြောင့်လည်း ယွမ်လော့ဖုန်းက ဒီအချက်ကို တောင်းဆိုတာပေါ့။
မိန်းမပျိုလေး ယခင်က ကောင်းကင်ဘုံသိုင်းစံအိမ်တော်က မင်းကို ငွေ ထုတ်ပြခိုင်းပြီး လောင်းကြေးထပ်ခဲ့တယ် မင်းလည်း ဒီနည်း သုံးချင်လို့လား ငါတို့ လေလံစံအိမ်တော်က အျမဲ မျှတပါတယ် ၊ သူ့ဘက်က ငွေသန်း၃၀၀၀ကို မထုတ်ပြနိုင်ရင် သူ့ခြေထောက်တွေကို ရိုက်ချိုးပြီး ထာဝရ ဟွမ်ချွမ်မြို့က မောင်းထုတ်မှာပါ
လူငယ်လေးလည်း ပြုံးလိုက်ပြီး တန်လင်းဘက် လှည့်လိုက်တယ်။
သခင်တန်လင်း ခင်ဗျားနဲ့အတူတူ ငွေစ သန်း၃၀၀၀ကို ယူလာခဲ့လား
တန်လင်းရဲ့မျက်နှာက အနည်းငယ် ပျက်ယွင်းသွားပြီး မသိမသာ သူ့ခြေထောက်က ခုန်သွားခဲ့တယ်။ အလွန်ဖြူဖျော့သော မျက်နှာနဲ့ ပြောလာခဲ့တယ်။
ကျွန်တော် ခဏလောက်ပြန်ပြီးတော့ ဥစ္စာ ပစ္စည်းတွေ ရောင်းဖို့ သခင်ကို ပြောလိုက်ပါဦးမယ်ခဏေတာ့ အချိန်ပေးပါနော်
လူငယ်လေးက မျက်မှောင်ကြုတ်လိုက်ပြီး
ငါတို့ လေလံစံအိမ်တော်ရဲ့ စည်းမျဉ်းအရ လေလံစံအိမ်တော်ထဲ ဝင်လာတည်းက ငွေကြေး အလုံအလောက် မယူလာခဲ့ဘူးလား အချိန်ထပ် မပေးနိုင်ဘူး မင်းမှာ ငွေ အလုံအလောက် မရှိလည်း မင်းမတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ဈေးပြိုင်ခေါ်ရလဲ
တန်လင်းလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ ယွမ်လော့ဖုန်းကို ထောက်ချောက်ဆင်ဖို့ ကြိုးစားနေတာကြောင့် သူပြောလို်က်တဲ့ တန်ဖိုးကို သူ မစဉ်းစားခဲ့မိဘူး။
သူလည်း လေသံတိုးတိုးနဲ့ တောင်းပန် ခယတယ်။
သန်း၃၀၀၀လုံးကို ပေးမယ်လို့် အာမခံပါတယ် အခုတော့ သန်း၂၀၀၀ကို အရင်ယူထားလိုက်ပါနော် တစ်ပတ်ကြာရင် ကျန်တဲ့ သန်း၁၀၀၀ကို လာပေးပါမယ်
Chapter-566
End
အပိုင်း(၅၆၇)
လေလံပွဲ (၉)
စိတ်တော့ မကောင်းပါဘူး
လူငယ်လေးက အေးတိအေးစက် ပြောလို်က်တယ်။
ခင်ဗျား တောင်းဆိုတာကို လက်မခံနိုင်ဘူး အခု ခင်ဗျားကို ရွေးချယ်စရာ ၂ခုပေးမယ် ၊ အခုချက်ချင်း သန်း၃၀၀၀ကို ပေးမလား ခြေထောက် အချိုးခံပြီး ဒီနေရာက မြန်မြန်ထွက်သွားမလား တစ်ခုတော့ ရွေးချယ်လို်က်တော့
ကြောက်လန့်လွန်းလို့ တန်လင်းမှာ ဒယိမ်းဒယိုင် ဖြစ်လာခဲ့တယ်။ သူ့နောက်က ထိုင်ခုံကို ဝင်တိုက်မိပြီး ဆူညံသွားရတယ်။
စည်းကမ်းလေးကို အပြောင်းအလဲ လုပ်ပေးလို့ မရဘူးလား
သူ့နှုတ်ခမ်းကို ဖိကိုက်ရင်း တောင်းပန်ခယနေမိတယ်။
လူငယ်လေးက မျက်မှောင်ကြုတ်ရင်း စိတ်မရှည်တော့ပုံပဲ။ ခံစားချက်ကင်းမဲ့သော အမူအရာနဲ့ သွေးအေးစွာ အမိန့်ပေးလိုက်တယ်။
အစောင့်တွေ ဒီလှည့်ဖျားတတ်တဲ့ ဧည့်သည်တော်ကို ဆွဲခေါ်သွားစမ်း ခြေထောက်တွေကို ချိုးပြီး ဟွမ်ချွမ်မြို့ပြင်မှာပစ်လိုက်စမ်း
မကြာခင်မှာဘဲ မီးခိုးရောင် ဝတ်စုံနဲ့ လူအိုကြီး နှစ်ယောက် အမှောင်ထဲမှ ထွက်လာပြီး စကားတစ်ခွန်းမှ မဆိုကာ တန်လင်းကို တံခါးအပြင်ဘက်သို့ ဆွဲခေါ်သွားခဲ့တယ်။
သခင်နှစ်ယောက်ရဲ့ တရွတ်တိုက် ဆွဲခေါ်လာမှုကြောင့် တန်လင်းမှာ စူးစူးဝါးဝါး ကျိန်ဆဲတော့တယ်။
ယွမ်လော့ဖုန်း ရက်စက်တဲ့ မိန်းမယုတ် မင်းက ငါ့ကို ဒီလို လှည့်ဖျားရဲတယ်ပေါ့ မင်းဘဝလည်း အဆုံးသတ် မကောင်းစေရဘူး.အား
စူးစူးဝါးဝါး ငိုသံက စံအိမ်တော် တစ်လျှောက် ပျံ့နှံ့လာခဲ့ပြီး လူအားလုံးရဲ့ ဆံပင်များကို အဆုံးအစွန်းထိ ထောင်မတ်သွားစေတယ်။ သူတို့အားလုံးက ယွမ်လော့ဖုန်းကို ကြောက်လန့်သော အကြည့်များဖြင့် ကြည့်နေခဲ့တယ်။
အားလုံးကေတာ့ ဆေးစာအုပ်ကို ပြိုင်မလုမိလို့ ကံကောင်းတယ်လို့သာ မှတ်ယူထားတယ်။
အပေါ်ထပ်မှာတော့ ချန်းယွီချင်းက လေလံပွဲမှာ ပါဝင်မည့်အစား အောက်ထပ်ကိုသာ ငေးမော ကြည့်နေခဲ့တယ်။
လွပေသာ အေစခံမေလးက တွေးတွေးဆဆနဲ့ မေးလိုက်တယ်။
သခင်က သူမအတွက် ဆေးစာအုပ်ကို လက်ဆောင် ဝယ်ပေးချင်တာမလား အခု ဘာလို့ မလှုပ်ရှားတာလဲ
ချန်းယွီချင်းလည်း ပိုပြီးတော့ ပြုံးလိုက်တယ်။
သူမက ဒီစာအုပ်ကို စိတ်မဝင်စားမှန်း သိလို့ပေါ့ သူမ စိတ်ကျေနပ်စေဖို့ တခြားနည်းလမ်း ရှာရမယ်
ချန်းယွီချင်းက ဒီမိန်းကလေးကို အရမ်းဂရုစိုက်နေတာ မြင်ရတော့ ယွမ်လော့ဖုန်းကို သူမ မနာလို ဖြစ်ရတယ်။ ဒါပေမဲ့လည်း သူမ အတွင်းစိတ် ခံစားချက်ကို ဖုံးကွယ်ရင်း လွပေသာ သူမမျက်နှာကို ဆက်လက် တည်ငြိမ်ထားပြီး ခပ်တန်းတန်း ပုံစံ ဖမ်းထားတယ်။
ပြန်မယ် ဒီလေလံပွဲက အရမ်းကို ပျင်းရိဖို့ကောင်းတယ် အိမ်တော်ပြန်ပြီး ဗျတ်စောင်းတီးတာပဲ ကောင်းမယ်
ချန်းယွီချင်းလည်း မတ်တတ် ထရပ်လို်က်ပြီး နူးညံသာ ထိုင်ခုံပေါ်မှ ထလိုက္ကာ အဖြူရောင်ဝတ်စုံကို တဖျတ်ဖျတ် ခါလိုက်တယ်။ တံခါးကို ဖြတ်ကျော်ကာ ကြော့ကြော့မော့မော့ ထြက္ခြာ သွားလေတယ်။
လေလံစံအိမ်တော် ခန်းမဆောင်မှာ တစ်စုံတစ်ရာကို သတိထားမိတာကြောင့် ယွမ်လော့ဖုန်းလည်း ဒုတိယအထပ်ကို လွှားခနဲ ကြည့်လိုက်တော့ အဖြူရောင်ဆံနွယ်ကို ဝိုးတိုးဝါးတား လှမ်းမြင်းလိုက်ရတယ်။
လင်းလောပိုင်လည်း တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ သတိပြုမိတာကြောင့် ယွမ်လော့ဖုန်းဘက် လှည့်ကာ စပ္စပ္စုစု မေးလိုက်တယ်။
ဆရာ. ဘာဖြစ်လို့လဲ
ဘာမွ မဟုတ္ဘူး
ယွမ်လော့ဖုန်းက ခေါင်းခါရင်း ခပ်တိုးတိုး ပြန်ပြောတယ်။
ဒုတိယအထပ်မှာ ဘယ္သူ ရှိနေတာလဲ
သူမ မေးလိုက်တဲ့ မေးခွန်းကြောင့် ငှက်ဆိုးကြီး ဂိုဏ်းရဲ့ တပည့်တစ်ယောက်က ပြန်ဖြေတယ်။
ဒုတိယလွှာမှာ အခန်း သုံးခန်းရှိတယ်။ ဟွမ်ချွမ်မြို့ရဲ့ ထိပ်တန်း အာဏာရှင် သုံးဦးပဲ ထိုင်ခွင့် ရှိတယ်
ဟိုဘက် အစွန်းဆုံး အပိုင်းက ဘယ်သူနေရာလဲ
ချန်းမိသားစု
ချန်းမိသားစု
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။ သူမမြင်လိုက်တဲ့ အဖြူရောင် အရိပ်လေးက သြဇာတိက္ကမ မြင့်မားသူလား။
သူ့အစွမ်း ဘယ်လောက်ရှိလဲဆိုတာ သူမကိုယ်တိုင်တောင် မခန့်မှန်းနိုင်ဘူး။
ဟွမ်ချွမ်မြို့တော်မှာ သူမ မသိနိုင်တဲ့ အစွမ်းထက်သူတွေ အများကြီး ရွိတာပဲ
ခဏကြာတော့ ယွမ်လော့ဖုန်းလည်း သက်ပြင်းချလိုက်တယ်။ သူမ ဒီကုန်းမြေစုမှာ ခြေကုပ်ယူချင်ရင်တော့ သူမမွာ ရှေ့ဆက်ရမယ့် ခရီးအဝေးကြီး ရှိနေသေးတယ်။
သန်း၁၀၀၀ သန်း၁၀၀၀ တစ်ခါသန်း၁၀၀၀ နှစ်ခါ သန်း၁၀၀၀ သုံးခါ ကောင်းပြီ အေပးအယူ ပိတ်သိမ်းပြီ
လူငယ်လေးက တူကို လေးလံစွာ ထုလိုက်ပြီး ပြုံးလိုက်တယ်။
ဒီကနေ့ လေလံပွဲ ပြီးဆုံးပါပြီ အခု အားလုံး ထွက်သွားနိုင်ပါပြီ လေလံပွဲမှာ အနိုင်ရသူများ ခဏေတာ့ စောင့်ဆိုင်းပေးပါ လူကြီးမင်းတို့ကို ပစ္စည်းများ ပေးအပ်ပါမယ်
Chapter-567
End
အပိုင်း(၅၆၈)
လေလံပွဲ (၁၀)
လေလံ စံအိမ်တော်က အလုပ်မှာ ကျွမ်းကျင် ပိုင်နိုင်မှု ရှိတယ်။ သိပ်မကြာခင်မှာဘဲ အစေခံတစ်ယောက်က အနိုင်ရရှိသော လေလံဆွဲသူများကို ပစ္စည်းများ ခွဲဝေပေးတယ်။ မျိုးစေ့အတွက် ကုန်ကျစရိတ်ကိုတော့ တန်လင်းရဲ့ ပိုက်ဆံမှ ဖြတ်ယူမှာပါ။
ပြန်မယ်
ယွမ်လော့ဖုန်းလည်း မတ်တတ် ထရပ်လိုက်ပြီး တံခါးနားကို လျှောက်လှမ်းသွားတယ်။
ပြန်မယ် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်နဲ့ တိုက်ခိုက်မယ့် စစ်ပွဲအတွက် လိုအပ်တာကို ပြင်ဆင်မယ်
စစ္ပြဲကေတာ့ မလြဲ ဧကန် ဖြစ်မှာပဲ။
ထျန်းယွီကြောင့် မဟုတ်ရင်တောင် သူမက ကောင်းကင်ဘုံ သိုင်းစံအိမ်တော်နဲ့ တိုက်ကို တိုက်မှာပါ။ ငှက်ဆိုးကြီး ဂိုဏ်းကို ထိပ်တန်း ၁၀ ဂိုဏ်းအတွင်း ဝင်အောင် လုပ်ဆောင်ရမယ်။ ဒါမှလည်း ပေအန်တောင်ထဲ သူမ ဝင်နိုင်မှာလေ။
ယွမ်လော့ဖုန်း တစ်ယောက် လေလံစံအိမ်တော်မှာ ပြုလုပ်လိုက်တဲ့ အပြုအမူကြောင့် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က မုန်တိုင်း ထန်ခဲ့တယ်ဆိုတာ မသိခဲ့ပါဘူး။
ဗိုင်း
တန်ယန်လည်း စားပွဲခုံကို ပြင်းထန်စွာ လက်သီးနဲ့ထိုးလိုက်တယ်။ သူ့မျက်နှာတစ်ပြင်လုံးကတော့ ဒေါသစိတ်ကြောင့် ပြာနှမ်းနေတာပေါ့။
တွေ့ကြသေးတာပေါ့ ယွမ်လော့ဖုန်းရယ် အရင်ဆုံး မင်းက ထျန်းယွီရဲ့ လက်တစ်ဖက်ကို ယူတယ် အခုတော့ တန်လင်းရဲ့ ခြေထောက်ကို မသန်မစွမ်း ဖြစ်စေခဲ့ပြန်တယ် ဒီအတွက် မင်း တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်
ထိုအချိန် အပြင်ဘက်မှ ရယ်မောသံ ထွက်ပေါ်လာခဲ့တယ်။
တန်ယန် မင်းဘာကြောင့် ဒေါသထွက်နေရလဲ
မတူမတန်ဟန် လေသံကို ကြားရတော့ တန်ယန်လည်း စိတ်ကို လျော့ချလိုက်တယ်။
အထဲသို့ ဝင်ရောက်လာတဲ့ အဘိုးအိုကို ကြည့်ရင်း တန်ယန်လည်း ဟန်လုပ်ပြုံးကာ ခရီးဦးကြိုလိုက်တယ်။
သခင်ချန်းထျန်း ဘာမွ မဟုတ်ပါဘူး ကောင်းကင်ဘုံ သိုင်းစံအိမ်တော်နဲ့ ပြဿနာ လာရှုပ်နေတဲ့ မိန်းမ တစ်ယောက်ကြောင့်ပါ
သြော်
ချန်းထျန်းလည်း အများကြီး မမေးတော့ဘူး။ သူ့နှုတ်ခမ်းထောင့်များကို မြှင့်တင်ပြီး ပြုံးရုံသာ ပြုံးနေလိုက်တယ်။
တန်ယွဲ့ ဘယ်မှာလဲ ၊ သူမကိုတွေ့ဖို့ လာခဲ့တာ ငါနဲ့တွေ့ဖို့ သူမကို ခေါ်ပေးနိုင်မလား
အမ်
တန်ယန်လည်း တွေးတွေးဆဆ ဖြစ်သွားတယ်။
သူ့မျက်နှာအမူအရာကို ကြည့်ရင်း ချန်းထျန်းရဲ့မျက်နှာထား ပြောင်းလဲသွားခဲ့တယ်။
ဘာလဲ တန်ယွဲ့ကို ငါ့တပည့် အဖြစ် မခေါ်သွားစေချင်ဘူးလား
တန်ယွဲ့က ဆေးပညာမှာ အရည်အချင်းရှိပါတယ် ။ ဆေးပညာ အရည်အချင်းရှိတဲ့ ဘယ်သူ့ကို မဆို သူ့တပည့်အဖြစ် ခေါ်ယူနိုင်ပါတယ်။ ဒါကြောင့်လည်း သူ့မှာ တပည့်ပေါင်း ၁၀၀ကျော် ရှိနေတာပေါ့။
မဟုတ်ပါဘူး
တန်ယန်လည်း အလျင်စလို ရှင်းပြလိုက်တယ်။
ကျွန်တော် မြေးလေးကြောင့် စိတ်ညစ်နေလို့ပါ လုံခြုံဘေးကင်းဖို့အတွက် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို ရောက်လာတဲ့ မြေးလေးကို တစ်စုံတစ်ယောက်က လက်ဖြတ်လိုက်တယ်လေ အခု ယွဲ့အာက သူ့ကို ဂရုစိုက်နေရတယ်
ချန်းထျန်းက လေလံစံအိမ်တော်ကို မသွားတာကြောင့် ဘာဖြစ်ခဲ့လည်းဆိုတာ သူလည်း မသိဘူး။
မင်းတို့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က ဟွမ်ချွမ်မြို့မှာ အဆင့် ၁၀နေရာ ရှိပါတယ် မင်းမြေးကို ဘယ္သူက ထိရဲတာလဲ
ချန်းထျန်းက အဖက်မတန်ဟန် မေးလိုက်တယ်။
တန်ယန်လည်း နာကျည်းသော အပြုံးကို ဖန်တီးလိုက်ပြီး
ငှက်ဆိုးကြီး ဂိုဏ်းရဲ့ သခင် အသစ်လေ ငါ့မြေးလေး မိသားစုရဲ့ မိန်းကလေး တစ်ယောက်ကို သူမရဲ့ သက်တော်စောင့်နဲ့ အတင်းအကျပ် လက်ထပ်ပေးတယ် ။ ဒါကို ငါ့မြေးမိသားစုက ဆန့်ကျင်တော့ တစ်မိသားစုလုံးကို သတ်ပစ်လိုက်တယ်
နိုင်ရာစား လောကကြီးရဲ့ အမှန်တရားပဲလေ။ အားကြီးသူက အမြဲတမ်း မှန်ကန်ပြီး နိုင်တယ်။ ဒါကြောင့် ချန်းထျန်းရဲ့မျက်နှာက မပျက်ယွင်းသွားဘူး။
ဒီလူတွေက ယွမ်လော့ဖုန်းထက် အားနည်းလို့ ဖြစ်ရမယ်။ သူတို့အားလုံးက သေဖို့ ထိုက်တန်တယ်။
တန်ယန်က ချန်းထျန်း အကြောင်းကို ကောင်းကောင်းသိတာကြောင့် ဆက်ပြောတယ်။
အဲဒီ ယွမ်လော့ဖုန်းဆိုတဲ့ မိန်းကလေးက ဟွမ်ချွမ်မြို့ကိုရောက်တာ မကြာသေးဘူး ၊ငှက်ဆိုးကြီး ဂိုဏ်းရဲ့သခင် မုရုန်ပေကို သွေးဆောင် ဖြားယောင်ပြီး ဂိုဏ်းကို သူမ လက် အပ်ခိုင်းတယ် ၊ ယွဲ့အာက သူ့အပြုမူတွေကို အထင်မြင်သေးလို့ သူမနဲ့ စကားနားထိုးမိတယ် အဲမိန်းကလေးက ယွဲ့အာကို တိုက်ခိုက်ဖို့ သူ့တပည့်ကို စေခိုင်းတယ်
လင်းလောပိုင်က တန်ယွဲ့ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ယွမ်လော့ဖုန်းရဲ့ အမိန့်ကြောင့်တော့ မဟုတ္ဘူး။ တိုက်ခိုက်ခဲ့တာတော့ မှန်တယ်လေ ။ ဒါကြောင်လည်း တန်ယန်က အဖြူကို အမည်းဖြစ်အောင် ပြောရဲတာပေါ့။
Chapter-568
End
အပိုင်း(၅၆၉)
မြေးယောကျ်ားလေးရဲ့လက်မောင်းက ယွဲ့အာကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့တာကြောင့် အပြင်းအထန် ထိခိုက်သွားခဲ့တယ်
တန်ယန်လည်း ဒေါကန်စွာ ပြောတယ်။
အစမှာတော့ ထျန်းမိသားစု ပျက်သုန်းခြင်း အကြောင်းကို သူ စိတ်မဝင်စားပါဘူး။ သူက အားကြီးသူနိုင် လောကကြီးရဲ့ အမှန်တရားကို သိနေလို့လေ။ အရေးကြီးဆုံးအချက်က သူနဲ့ မသက်ဆိုင်လို့လေ ။ဒါပေမဲ့ အခု ကြားလိုက်ရတာက ယွမ်လော့ဖုန်းက တန်ယွဲ့ကို တိုက်ခိုက်တယ် ဟုတ္လား သူ မျက်မှောင်ကြုတ်မိတယ်။
သူ့တပည့် ဖြစ်တော့မယ့် တန်ယွဲ့ကို တိုက်ခိုက်ရဲတယ်လား။ ဒါက သူ့မျက်နှာကို ဖြတ်ရိုက်တာနဲ့ အတူူတူပဲ။
ချန်းထျန်းရဲ့ သုန်မှုန်နေသော မျက်နှာကို ကြည့်ရင်း တန်ယန်လည်း မျက်လုံးလေး ကလည်ကလည်နဲ့ ဆက်ပြောတယ်။
သခင် ချန်းထျန်း ကျွန်တော် ကိစ္စ တစ်ခုကို ကြားထားသေးတယ် အဲဒီ ယွမ်လော့ဖုန်းဆိုတဲ့ မိန်းကလေးက သခင်ချန်းကို သွေးဆောင် ဖြားယောင်းချင်နေတယ်တဲ့ ၊ ဒီလောကကြီးထဲမှာ သူမ တစ်ယောက်တည်းပဲ သခင်ချန်းနဲ့ သင့်လျော်တယ်လို့ အခိုင်အမာ ပြောနေတယ်
ဟွန့်
ချန်းထျန်းလည်း အထင်မြင်သေးစွာ ထေ့ငေါ့လိုက်ပြီး တန်ယန်ကို အေးတိအေးစက် စွေးခနဲ ကြည့်လိုက်တယ်။
အမှန်ပဲလား
ကျွန်တော် ပြောသမျှ စကားတိုင်းက မှန်ကန်တယ်လို့ ကျိန်ဆိုရဲပါတယ် ၊ သခင်ချန်းထျန်းကို လိမ်ပြောခဲ့ရင် မိုးကြိုး ပစ်ခံရပါစေ၊ သခင် ချန်းထျန်းကို မလိမ်ရဲပါဘူး
သူ နောက်ဆုံး စကားတစ်ခွန်းကို ပြောချိ်န်မှာ မျက်နှာလို မျက်နှာရ ပြုံးပြနေခဲ့တယ်။ ချန်းထျန်းရဲ့ လက်အောက်ငယ်သား လုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ပြသနေတယ်။
မင်းပြောတာ အမှန်ဆိုရင်တော့ ဒီမိန်းကလေးက တော်တော်လေးကို ဘဝင်မြင့်နေတာပဲ ငါ့တို့သခင်က မြင့်မြတ်တယ် ၊ သူမက သခင်နဲ့ လုံးဝ မထိုက်တန်ဘူး ၊ ဒီပြင်..
သူလည်း ခဏ ရပ်တန့်လိုက်ပြီး သရော်လိုက်တယ်။
မသန့်ရှင်းခြင်းကို သေမတတ် ကြောက်တယ် ၊ ငွေကြေး နဲ့ အာဏာ အတွက် ကိုယ့်ခန္ဓာကိုယ် ရောင်းစားတဲ့ မိန်းကလေးကို ယင်ကောင်လို ရွံမုန်းမှာ သေချာတယ် သခင်က သူမကို တစ်စက္ကန့်တောင် ကြည့်မှာ မဟုတ္ဘူး
နှစ်ပေါင်းများစွာ သခင်က သူ့ကို ပိုးပန်းခဲ့တဲ့ မိန်းကလေးတိုင်းကို ငြင်းဆိုခဲ့တယ်။ အကြောင်းအရင်းကတော့ မိန်းကလေးတွေရဲ့ အလှပြင် ပစ္စည်း ရနံ့များကို မကြိုက်လို့တဲ့။ မသန့်ရှင်းကို သေမတတ် ကြောက်တဲ့ လူတစ်ယောက် အတွက်တော့ လုံးဝကို လက်ခံလို့ မရတဲ့ ရနံ့ပဲ။
သေချာတာပေါ့ ယွမ်လော့ဖုန်းကို ယင်ကောင်လို ရွံမုန်းနေမှာ ၊ သူမက ယောကျ်ားတွေ အများကြီးနဲ့ အိပ်ထားတာလို့ ကြားတယ် ၊ သူမလို အရှက်မဲ့တဲ့ မိန်းကလေးက ငါတို့ရဲ့ ဖြူစင်တဲ့ တန်ယွဲ့နဲ့ ယှဉ်လို့ ရပါ့မလား ၊ သခင်ချန်းထျန်းလည်း ဒီလိုပဲ ထင်တယ်မလား
တန်ယန် ဘာကိုဆိုလိုချင်လဲဆိုတာ နားလည်တာကြောင့် ချန်းထျန်း မျက်မှောင် ကြုတ်လိုက်တယ်။
သခင်က မိန်းကလေးတွေ သူ့အနားကပ်တာ မကြိုက်ဘူး၊ ဒါကြောင့် ဒီလို အတွေးဆိုးမျိူးကို တန်ယွဲ့စိတ်ထဲ မထည့်ပေးမိစေနဲ့ ၊ သခင်ကို တန်ယွဲ့ အနှောင့်အယှက်ပေးမိရင် ငါလည်း ကယ်လို့ မရေတာ့ဘူး ၊ မင်းတို့ကို သဲလြန္စ တစ်ခုတော့ ပြောလိုက်မယ် သခင်က မိတ္ကပ္ထူထူ လိမ်းတတ်တဲ့ မိန်းကလေးတွေကို မကြိုက်ဘူး
သတိ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ချန်းထျန်းယွဲ့အာကို ပြောလိုက်ပါမယ် ယွဲ့အာက ယွမ်လော့ဖုန်းနဲ့ မတူပါဘူး ၊ ဘယ်ယောကျ်ားကိုမှ ခန္ဓာကိုယ် ထိုးမအပ်ဘူး ၊ ယွဲ့အာက သူ့ချစ်သူအပေါ် သစ္စာ ရွိမွာပါ ၊ သူမ ရွေးချယ်လိုက်တဲ့သူက ချမ်းသာသည် ဖြစ်စေ ဆင်းရဲသည် ဖြစ်စေ သူမရွေးချယ်လိုက်သူကို ဖောက်ပြားမှာ မဟုတ္ဘူး၊ ဒီလောကကြီးထဲမှာ ယွဲ့အာလို သစ္စာရှိတဲ့ မိန်းကလေး တစ်ချို့တစ်လေပဲ ရှိနိုင်တော့တယ်လို့ ရဲရဲကြီး အာမခံနိုင်တယ်
ချန်းမိသားစုနဲ့ ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် တန်ယန်က တန်ယွဲ့ကို အကောင်းဆုံး ကြိုးစား ချီမွမ်းနေခဲ့တယ်။ ပြောရရင် ကိုယ့်ငချဉ် ကိုယ်ချဉ်နေတာပေါ့။ ယွမ်လော့ဖုန်းကိုတော့ ယုတ်မာသော စကားလုံးများဖြင့် ပုတ်ခတ်နေတာပေါ့ ။ ကြာလာလေလေ ယွမ်လော့ဖုန်းကို ချန်းထျန်း ရွံမုန်းလာတယ် ။ သူမ ချန်းမိသားစုရဲ့ တံခါးပေါက်ကို မနင်းစေရဘူး။
ချန်းထျန်းလည်း အသာအယာ ခေါင်းညိတ်လိုက်တယ်။
ယွဲ့အာက မိန်းမကောင်းလေးပါ ။ စိတ္ဆိုးလြယ္တာက လွဲရင် သူမက ပြီးပြည့်စုံပါတယ် သခင်က သူမကို လက်ခံရင်တော့ ကောင်းပါတယ် ၊ ဒါပေမဲ့ ငါတော့ မကူညီနိုင်ဘူး ၊ သခင်ရဲ့ အချစ်ကို ပိုင်ဆိုင်ဖို့ ကိုယ့်ဘာသာ ကြိုးစားရမယ်
ဒါဆို ငါတို့တွေ ဂုဏ်ယူရမှာပါ
တန်ယန်လည်း ကျေနပ် အားရစြာ ပြုံးလိုက်ပြီး ဒီကနေ့ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က ဆုံးရှုံးခဲ့သမျှကို မေ့လျော့သွားခဲ့တယ်။
Chapter-569
End
အပိုင်း(၅၇၀)
မော်ကြွားနေသော တန်ယွဲ့ (၁)
ချန်းထျန်းလည်း တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။
ငါနဲ့ တွေ့ဖို့ ယွဲ့အာကို ခေါ်လိုက်ပါ ၊ မင်းတို့ အဆင်ပြေရင် ဒီကနေ့ သူမကို ငါ့တပည့် အဖြစ် လက်ခံလိုက်မယ်
သခင်ချန်းထျန်း ရယ် ကိစ္စ မရွိပါဘူး ရပါတယ္ဗ်ာ ဒီလမ်းအတိုင်း ကြွပါ
တန်ယန်လည်း မျက်နှာပေါ်က မျက်နှာချိုသွေးသော အပြုံးကို ဖြန့်ကျက်လိုက်တယ်။
တိတ်ဆိတ်သော အတွင်းဘက် အခန်းမှာ တန်ယွဲ့က အိပ်ရာဘေးမှာ ထိုင်နေပြီး ဖြူဖျော့နေတဲ့ ထျန်းယွီရဲ့ မျက်နှာကို စိုးရိမ်တဲ့ အကြည့်များနဲ့ ကြည့်နေခဲ့ပြီး သူမရဲ့မျက်လုံးများက အပြစ်ရှိသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့တယ်။
ထျန်းယွီ ငါ တောင်းပန်ပါတယ်နော် ငါကြောင့် နင် ဒီလို ဖြစ်ရတာပါ
တန်ယွဲ့လည်း သူမရဲ့ အနီရောင် နှုတ်ခမ်းပါးကို စူလိုက်တယ်။
စိတ်မပူပါနဲ့ ငါ နင့်အတွက် လက်စားချေပေးပါမယ် ၊ ယွမ်လော့ဖုန်းရဲ့လက်မောင်းကို နင့်အတွက် ယူပေးမယ်
တန်ယွဲ့ပြောလိုက်တဲ့ စကားကြောင့် အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသားလေးက မျက်မှောင်ကြုတ်လိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ သူ့မျက်နှာက တည်ငြိမ်သွားပြန်တယ် ။ သူ့မျက်လုံးများမှာ နာကျင်သော အကြည့်များ ရှိနေခဲ့တယ်။
ယွဲ့အာ
ရုတ်တရက် အပြင်ဘက်မှ အဘိုးအိုတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။
သခင်ချန်းထျန်းက မြေးလေးကို တပည့်အဖြစ် လက်ခံမလို့တဲ့ လာလာ ထွက်လာပြီး သူ့ကို ကြိုဆိုလိုက်ဦး
တန်ယွဲ့မှာ အရမ်းကို စိတ်လှုပ်ရှားနေပြီး မြန်မြန် မတ်တတ် ထရပ်လိုက်တယ်။ ဒီတစ်ခေါက်တော့ တန်ယန်က ချန်းထျန်းကို ဦးဆောင်လာတယ်။
ချန်းထျန်းကို ကြည့်ရင်း တန်ယွဲ့က နှုတ်ခမ်းလေး လှုပ်ပြီး ခေါ်လိုက်တယ်။
သခင် ချန်းထျန်း
အရူးမေလး ဘာတွေကို စောင့်နေတာလဲ.ဆရာလို့ ဂါရဝပြုလိုက်လေ
တန်ယန်လည်း တန်ယွဲ့ကို မ်က္စိ တစ်ဖက် မှိတ်ပြပြီး ပျော်ရွှင်မြူးထူးစွာ ပြုံးလိုက်တယ်။
တန်ယွဲ့လည်း သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး ချန်းထျန်း အနားသို့သွားကာ ရိုသေစွာ ဂါရဝပြုလိုက်တယ်။
ဆရာ
ဟား
ချန်းထျန်းလည်း ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။
ကောင်းပြီ မင်းက တကယ့်ကို လိမ္မာတဲ့ ကောင်မလေးပဲ ယွဲ့အာ အခုကစပြီတော့ ငါဆီက ဆေးပညာကို လေ့လာဖို့ ဆန္ဒရှိရဲ့လား
တန်ယွဲ့လည်း ပြုံးလိုက်တယ်။
ဆရာရဲ့ တပည့် ဖြစ်ရတာ ဂုဏ်ယူစရာပါ ၊ ဆရာရဲ့ ကြင်နာမှုကို ငြင်းစရာ အကြောင်း မရွိပါဘူး
တန်ယွဲ့က မာနဝင့်ကြွားပြီး စိတ်အပြောင်းအလဲ မြန်သော်လည်း သူမရဲ့ သေဘာထားက လူတစ်ယောက်ချင်းစီရဲ့ အဆင့်အတန်းလိုက် ပြောင်းလဲတတ်ပါတယ်။ ချန်းမိသားစုရှေ့မှာတော့ သူမရဲ့ သိမ်မွေ့မှု ကျိုးနွံမှုကိုသာကို ပြသမှာပါ။ သူမရဲ့ချိုသာသော စကားမ်ားက ချန်းထျန်းကို ကျေနပ်စေပြီး သူ့မျက်နှာပေါ်က အပြုံးက ပိုပေါ်လွင်လာတယ်။
ယွဲ့အာ မင်းက ငါတို့ မိသားစုရဲ့ သခင်မ ဖြစ်ချင်တယ်လို့ ငါကြားတယ်
သူမေးတဲ့ မေးခွန်းကို ဘယ်လိ်ု ဖြေရမယ်မှန်း မသိတာကြောင့် တန်ယွဲ့လည်း တန်ယန်ဘက်လှည့်ကာ အကူအညီ တောင်းလိုက်တယ်။
ချန်းထျန်းက တန်ယွဲ့ကို တည့်တိုး မေးမယ်မှန်း မမျှော်လင့်ခဲ့တာကြောင့် တန်ယန်လည်း မျက်မှောင် ကြုတ်လိုက်တယ်။ တန်ယွဲ့တစ်ယောက် ချန်းထျန်းကို မှားယွင်းသော အဖြေမျိုး ပေးမိမှာ စိုးရိမ်တာကြောင့် စိတ်ရှုပ်ထွေးလာရတယ်။
ဆရာ
တန်ယွဲ့လည်း သူမကိုယ် သူမ တည်ငြိမ်အောင် ကြိုးစားရင်း ချန်းထျန်းရဲ့ မျက်လုံးကို တည့်တည့် ကြည့်လိုက်တယ်။
ချန်းမိသားစုရဲ့ သခင်မ ဖြစ်ချင်လို့ မဟုတ်ပါဘူး
သူမလည်း ရပ်တန့်လိုက်ပြီး ဆက်ပြောတယ်။
ချန်းယွီချင်းကို ချစ်နေမိလို့ပါ ဒါက ယွဲ့အာရဲ့ ဆန္ဒလေးပါ
သူမ ပြောချင်တာက ချန်းယွီချင်းဆိုတဲ့ လူသားလေးကို ခ်စ္တာ အဆင့်အတန်းကြောင့် မဟုတ်ဘူးပေါ့။
တန်ယွဲ့က ကောင်းကင်ဘုံ သိုင်းစံအိမ်တော်မှာ ကြီးပြင်းလာတာပါ သူမက ထုံထိုင်း ညံ့ဖျင်းသူ ဖြစ်ပါ့မလား။ သူမအတွက် ဘယ်အဖြေက အကောင်းဆုံးလည်းဆိုတာ သိတာပေါ့။တကယ်တမ်းတော့ ချန်းယွီချင်းက ချန်းမိသားစုရဲ့ သခင် မဟုတ်ရင် လက်မထပ်ချင်ပါဘူး။ အာဏာ မရွိတဲ့ ယောကျ်ား တစ်ယောက်က သူမနဲ့ ထိုက်တန်ပါ့မလား။ သူ ရုပ်ချောရုံလောက်နဲ့ သူမ ဘဝကို မေပးအပ္ဘူး။
ဟား
တန်ယွဲ့ရဲ့ စကားကို ယုံကြည်တာကြောင့် ချန်းထျန်းလည်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်တယ်။ သူမ စကားက သူ့ကို စိတ်ကျေနပ်စေတာ ထင်ရှားနေတာပဲ။
ယွဲ့အာ မင်းက တကယ်ပဲ အရှက်မဲ့တဲ့ မိန်းမယုတ်တွေနဲ့ ခြားနားတယ် မင်းတစ်ယောက်တည်း သခင်ကို အဆင့်အတန်း မကြည့်ဘဲ ချစ်နိုင်တယ် ၊ မင်း ဒီအတိုင်းလေး ဆက်ချစ်နေနိုင်ရင် သခင်ဘက်ကလည်း တစ်နေ့တော့ ပြန်ချစ်လာမှာပါ
သူလည်း လှိုက်လှိုက်လဲလဲ ရယ်မောလိုက်တယ်။ သူ့တပည့်က သူ့မိသားစုရဲ့ သခင်မ ဖြစ်လာခဲ့ရင် သူ့အတွက် အများကြီး အကျိုး ရှိနိုင်တယ်။ ဒါကြောင့် တန်ယွဲ့တစ်ယောက် ချန်းယွီချင်းကို ဖြားယောင်းမှာကို သူ မတားဆီးတော့ဘူး။ ဒီအစား သူမကို အားပေးအားမြောက် ပြုဦးမှာပါ။
Chapter-570
End
Bạn đang đọc truyện trên: Truyen247.Pro