
513-517
Zawgyi
အပိုင္း(၅၁၃)
အထက္စီးဆန္ေသာ ယြမ္ေလာ့ဖုန္း (၁)
အဘုိးအုိရဲ႕အျမင္မွာ ယြမ္ေလာ့ဖုန္းကုိ ေသးႏုပ္ေသာ ျဖစ္တည္မႈလုိ႔ ယူဆေနသည္မွာ သိသား ထင္ရွားလြန္းပါတယ္။
က်ံဴးလင္းအာလည္း ေထ့ေငါ့လုိက္ျပီး အဘုိးႀကီးကုိ မၾကည့္ခ်င္ေသာေၾကာင့္ ေခါင္းကုိ ခ်ာခနဲ လွည့္လုိက္တယ္။
“ေကာင္မေလး”
အဘုိးအုိရဲ႕မ်က္လုံးမ်ားက သုန္မႈန္သြားျပီး သူ ေထ့ေငါ့လုိက္တယ္။
“ထ်န္းမိသားစုဝင္ တစ္ေယာက္ ျဖစ္ခြင့္ျပဳတာ မင္း ဂုဏ္ယူသင့္တယ္ ထ်န္းမိသားစုက စစ္သူႀကီး အိမ္ေတာ္ထက္ ၾသဇာတၱိကမ ႀကီးမားတယ္ ထ်န္းမိသားစုကုိ ခစားမွသာ မင္း… ေကာင္းမြန္တဲ့ အနာဂတ္ကုိ ပုိင္ဆိုင္ႏုိင္မယ္”
အဘုိးအုိေျပာလုိက္သည့္ စကားေၾကာင့္ က်ံဴးလင္းအာလည္း သူ႕ကုိ ေစာင္းငဲ့ၾကည့္လုိက္တယ္။ သူမ ႏႈတ္ခမ္းမ်ားက ေလွာင္ျပံဳးကုိ ေဖာ္ျပေနေလရဲ႕။
“ရွင္တုိ႔ ထ်န္းမိသားစုကုိ ဘယ္လုိ ခစားခ်င္ေနလဲေတာ့ ကြ်န္မ မသိဘူး… ဒီလုိ ခစားမႈမ်ိဳးနဲ႔ ထုိက္တန္တယ္လုိ႔ ယူဆေနတာလား”
“ဟား…”
အဘုိးအုိမွာ မ်က္လုံး ကလည္လည္ ျဖစ္သြားျပီး ဟန္လုပ္ ျပံဳးလုိက္တယ္။
“ေကာင္မေလး မင္းမွာ အထုံပါရမီ မရွိပါဘူး… ပုံမွန္ဆုိရင္ မင္းက ဒီတစ္သက္ အလယ္အလတ္ အဆင့္ က်င့္ၾကံသူ ျဖစ္ဖုိ႔ေတာင္ မလြယ္ကူဘူး…. အခုေတာ့ မင္းက အျမင့္စားအဆင့္ က်င့္ၾကံသူ ျဖစ္ေနပါလား”
က်ံဴးလင္းအာက အဘိုးအုိ ေျပာေနသည္ကုိ ၾကားျဖတ္ မေျပာေသာ္လည္း သူမမ်က္ႏွာေပၚမွာ ေလွာင္ျပံဳးကုိ ျဖန္႔က်က္ထားခဲ့တယ္။
“အဲဒီေတာ့….”
အဘုိးအုိက ခဏရပ္တန္႔လုိက္ျပီး ဆက္လက္ ေျပာၾကားခဲ့တယ္။
“ ဒီလို ျမန္ျမန္ အတားအဆီးကုိ ျဖတ္ေက်ာ္ႏုိင္ဖုိ႔ မင္းမွာ ရတနာ တစ္ပါးေတာ့ ရွိရမယ္… ရတနာေလး… ငါ့ကုိ ျပသင့္ပါတယ္”
ထ်န္းမိသားစုကုိ ရတနာအပ္ဖုိ႔ အဘိုးႀကီးက ေျပာင္ေျပာင္ရွင္းရွင္း ေျပာခဲ့တယ္။
“အားနာပါတယ္…ကြ်န္မမွာ ဘာ လွ်ိဳ႕ဝွက္ လက္နက္မွ မရွိဘူး”
က်ံဳးလင္းအာလည္း သူမရဲ႕ ႏႈတ္ခမ္းေထာင့္မ်ားကို ျမွင့္တင္လုိက္တယ္။ ေတာက္ပေသာ သူမရဲ႕ မ်က္ဝန္းမ်ားက ေလွာင္ျပံဳးကုိ သရုပ္ေဖာ္ေနေလရဲ႕။
“ကြ်န္မရဲ႕ သခင္က ေလ့က်င့္ပ်ိဳးေထာင္ ေပးလုိ႔ ဒီအဆင့္ကုိ ေရာက္လာခဲ့ရတာ… ရွင္ေျပာသလုိ ဘာလွ်ိဳ႕ဝွက္ ရတနာမွ မရွိဘူး”
အဘုိးအုိရဲ႕ မ်က္ႏွာက ခ်က္ခ်င္း သုန္မႈန္သြားျပီး မ်က္ေမွာင္ၾကဳတ္လုိက္တယ္။
“ငါ့ကုိ အရူးလုိ႔ ထင္ေနသလား နင့္လို အညတရ တစ္ေယာက္ကုိ ယြမ္ေလာ့ဖုန္းက အျမင့္စားအဆင့္ က်င့္ၾကံသူ ျဖစ္ေအာင္ ေလ့က်င့္ေပးႏုိင္ပါ့မလား… ထ်န္းမိသားစုရဲ႕ တပည့္တစ္ေယာက္အေနနဲ႔ ပစၥည္းေကာင္းေလးကုိ တစ္ေယာက္တည္း မသိမ္းထားသင့္ဘူး”
ထ်န္းမိသားစု…
ထုိစကားႏွစ္ခြန္းက သူမရဲ႕ နားစည္သုိ႔ ခုန္လႊားလာခဲ့ေသာေၾကာင့္ က်ံဴးလင္းအာရဲ႕ မ်က္ဝန္းမွာ မေက်လည္ေသာ အၾကည့္မ်ား ေပၚလြင္လာခဲ့တယ္။
“ကြ်န္မရဲ႕ မ်ိဳးရုိး နာမည္က က်ံဴး… ထ်န္း မဟုတ္ဘူး… ဒီျပင္ ကြ်န္မက ထ်န္းမိသားစုရဲ႕ တပည့္လည္း မဟုတ္ဘူး”
“မင္း…”
လက္ဖဝါးျဖင့္ ျဖန္းခနဲ ရုိက္သံ
က်ံဴးလင္းအာ ေျပာလိုက္သည့္ ပုန္ကန္ေသာ စကားမ်ားေၾကာင့္ သူမေဘးနားမွာ ရပ္ေနသည့္ သက္လတ္ပုိင္း အမ်ိဳးသားက သူမကုိ ရုတ္ျခည္း ပါးရုိက္လာခဲ့တယ္။
သိပ္မၾကာခင္မွာဘဲ သူမရဲ႕ ႏူးညံ့ေသာ မ်က္ႏွာေသးေသးေလးမွာ နီရဲတြတ္လာရျပီး ႏႈတ္ခမ္းေထာင့္စြန္းမွာ ေသြးစီးေၾကာင္းမ်ား ေပၚလြင္လာခဲ့တယ္။
“သမီးမုိက္… နင္က သခင့္ကုိ ဒီလုိမ်ိဳး ေျပာဆုိရဲတယ္ေပါ့… ငါ့ေၾကာင့္ နင္က ဒီလူေလာကထဲ ေရာက္လာခဲ့တာ… ေက်းဇူးမကန္းနဲ႔ …အခု နင္က ငါ့ကုိ မေလးမစား ျပဳမူရဲတယ္ေပါ့ အခုခ်က္ခ်င္း ဒူးေထာက္ျပီ သခင့္ကုိ ေတာင္းပန္စမ္း”
က်ံဴးလင္းအာလည္း လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ကုိင္ရင္း မထီမဲ့ျမင္ ေျပာလုိက္တယ္။
“ရွင္လုိ အေဖရင္း တစ္ေယာက္ ရွိမွာထက္ ဒီေလာကႀကီးထဲ မေမြးလာခဲ့တာ ပုိေကာင္းမယ္… မဟုတ္ဘူး… ရွင္က ကြ်န္မရဲ႕ အေဖ ျဖစ္ဖုိ႔ မထုိက္တန္ဘူး… ရွင္က လူ႕တိရိစာၦန္… အၾကင္နာ တရားမရွိဘူး… ေက်းဇူးကန္းတတ္တဲ့သူ…”
“နင့္ ပါးစပ္ကုိ ပိတ္လုိက္စမ္း”
သက္လတ္ပုိင္း အမ်ိဳးသားက သူမကုိ စိန္စိန္ဝါးဝါးၾကည့္ေနခဲ့တယ္။
“နင့္အေမက ေတာသူမ… ငါ့ကေလးကုိ ကုိယ္ဝန္ေဆာင္ရတာ သူ႕ကုိ ေကာင္းကင္ဘုံက ေကာင္းခ်ီးေပးတာ… ငါ့ေၾကာင့္သာ မဟုတ္ရင္ နင္… ဒီမိသားစုထဲ ဝင္ႏုိင္မယ္လုိ႔ ထင္ေနလား… အခုခ်က္ခ်င္း ဒူးေထာက္လုိက္စမ္း”
က်ံဴးလင္းအာလည္း အေၾကာတင္းစြာ ဦးေခါင္းကုိ ခ်ာခနဲ လွည့္ျပီး လက္သီးကုိ ပုိျပီး က်စ္ေနေအာင္ ဆုပ္ထားလုိက္တယ္။
“ေကာင္မစုတ္ေလး… ငါ နင့္ကုိ ဒီေန႔ သင္ခန္းစာ မေပးရင္ နင့္ကုိယ္နင္ ဘယ္သူလဲဆုိတာ သိမယ္မထင္”
ဗုိင္း
သက္လတ္ပုိင္းအမ်ိဳးသားက က်ံဴးလင္းအာရဲ႕ ဒူးေနာက္ဘက္ကုိ ခပ္ျပင္းျပင္း ကန္ေက်ာက္လုိက္တယ္။ က်ံဴးလင္းအာမွာ ၾကမ္းျပင္ေပၚ လဲက်လုနီးပါးပါပဲ…။ လဲက်ခါနီးေလးမွာ… သူမရဲ႕ ဒူးေခါင္းကုိ ေလထဲမွာ ရပ္တန္႔လိုက္ေသာ္လည္း လဲက်ခ်င္ခ်င္ပါ…။
သူမရဲ႕ ေျခေထာက္မ်ားက တဆတ္ဆတ္ တုန္ရီေနျပီး မ်က္ႏွာေသးေသးေလးက ေဖ်ာ့ေတာ့ေနခဲ့တယ္။ သူမရဲ႕ နဖူးေပၚမွ ေခြ်းေအးမ်ားက သူမ ေရွ႕က ၾကမ္းျပင္ေပၚ တစ္စက္ခ်င္း က်ဆင္းေနခဲ့ေလေတာ့…။
အဘုိးအုိက က်ံဴးလင္းအာကုိ တအံ့တၾသ ၾကည့္ေနခဲ့တယ္။ ျပင္းျပင္းထန္ထန္ တုိက္ခုိက္ခံရေသာ္လည္း သူမလဲက်မသြားေအာင္ ထိန္းထားႏုိင္တယ္။ ဒီလို ဇြဲလုံလမ်ိဳးက တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ပါပဲ
လြန္ခဲ့ေသာ ေျခာက္လခန္႔က တပ္မႀကီးမွ အဖြဲ႔ဝင္ေတြ ယြမ္အိမ္ေတာ္မွာ ဘယ္လုိမ်ိဳး ျပင္းျပင္းထန္ထန္ ေလ့က်င့္ခဲ့ရလည္းဆုိတာ အဘုိးအုိ မသိႏုိင္ဘူး။ ဒီလုိ ေလ့က်င့္ေပးမႈေၾကာင့္ အားလုံးက ခုိင္မာ ျပတ္သားေသာ စိတ္ဆႏၵမ်ားက ျဖစ္တည္လာခဲ့တယ္။
Chapter-513
End
အပုိင္း(၅၁၄)
အထက္စီးဆန္ေသာ ယြမ္ေလာ့ဖုန္း (၂)
“ေကာင္မေလးက မဆုိးရွာပါဘူး… ငါ့တန္ခုိး အစြမ္းကုိ ခံႏုိင္ရည္ ရွိလား စမ္းသပ္ၾကည့္ရတာေပါ့”
အဘိုးအုိက ခပ္ေရးေရးမ်ွ ျပံဳးလုိက္ျပီး သူ႔တန္ခုိး အားလုံးကုိ ထုတ္သုံးလိုက္တယ္။ ခ်က္ခ်င္း အခန္းတစ္ခန္းလုံးက သူ႕အစြမ္းမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။ ျပင္းထန္ေသာ ထုိးႏွက္ခ်က္ကုိ ခံႏုိင္ရည္မရွိေသာေၾကာင့္ သက္လတ္ပုိင္း အမ်ိဳးသား နဲ႔ ထ်န္းမိသားစုရဲ႕ တျခားေသာ တပည့္မ်ားက ၾကမ္းျပင္ေပၚမွာ ဝပ္တြားေနခဲ့တယ္။ ဒါေပမဲ့လည္း က်ံဴးလင္းအာ တစ္ေယာက္တည္း ဒီထုိးႏွက္ခ်က္ကုိ ခုခံ ရုန္းကန္ေနခဲ့ပါတယ္။
သူမလက္က ၾကမ္းျပင္ကုိ အတင္း ဖိႏွိပ္ထားျပီး ႏႈတ္ခမ္းကုိ ခပ္ၾကမ္းၾကမ္း ဖိကုိက္ေနခဲ့တယ္။ သူမ ခံတြင္းမွာ ေသြးမ်ား ျပည့္လ်ွံလာခဲ့ျပီး ထုိေသြးမ်ားကုိ သူမ မ်ိဳခ်လုိက္တယ္။
အဘုိးအုိရဲ႕မ်က္ဝန္းမ်ားက တျဖည္းျဖည္းခ်င္း ေျပာင္းလဲလာခဲ့ျပီး ဂရုဏာသက္ဟန္ ဦးေခါင္းကုိ ခါရမ္းလုိက္တယ္။
အဘိုးအိုရဲ႕ အျမင္မွာေတာ့ က်ံဴးလင္းအာ … ဒီလို အစြမ္းအစမ်ိဳး ရွိတာ ရတနာတစ္ပါး ပုိင္ဆုိင္ထားလုိ႔သာ မွတ္ယူထားခဲ့တယ္။ တကယ္တမ္း… သူမရဲ႕ ေအာင္ျမင္မႈက ယြမ္ေလာ့ဖုန္းနဲ႔ ဆက္စပ္ေနသည္ကုိေတာ့ သူ မသိေပ။ က်ံဴးလင္းအာက ယြမ္ေလာ့ဖုန္းရဲ႕ ေနာက္လုိက္ မလုပ္ဘူးဆုိရင္ သူမ ပုိျပီးေတာ့ ေအာင္ျမင္ႏုိင္တယ္လုိ႔ ေတြးထင္ေနပါရဲ႕။
ဗုိင္း
ေနာက္ဆုံးေတာ့ က်ံဴးလင္းအာ တစ္ေယာက္ ဆက္လက္ မခုခံႏုိင္ေတာ့ဘဲ ၾကမ္းျပင္ေပၚ လဲက်သြားခဲ့တယ္။ အစမွ အဆုံးအထိ သူမဒူးေခါင္းက ၾကမ္းျပင္နဲ႔ မထိခဲ့ေပ။ ေနာက္ဆုံးေသာ အခ်ိန္ပိုင္းေလးအတြင္းမွာ သူမရဲ႕ ခႏၶာကုိယ္ တစ္ကုိယ္လုံး လဲက်သြားဖို႔ပဲ ေရြးခ်ယ္ခဲ့တယ္။ သူမ ဘယ္ေသာအခါမွ ဒူးေထာက္ အညံခံမည္ မဟုတ္ေပ။
"သူမကုိ ေခၚသြားေတာ့"
အဘုိးအုိက လက္ဟန္ အမူအရာျဖင့္ ခံစားခ်က္ ကင္းမဲ့စြာ ေျပာလုိက္တယ္။
“သူမ ပုိင္ဆုိင္တဲ့ ရတနာကုိ ငါတုိ႔ အရယူမယ္ ဒီလိုဆိုရင္ ထ်န္းမိသားစုက ထ်န္းရာထက္ အစြမ္းျမင့္သြားႏုိင္တယ္”
ထ်န္းရာ… မင္း ဂုဏ္ေမာက္ေနတာ ရပ္လုိက္ေတာ့…ဟား…။
ဒီလုိ ေခါင္းေၾကာေမာေတာ့လည္း ငါက ႏွိပ္စက္ေပးရတာေပါ့။ ထ်န္းမိသားစုရဲ႕ ျပင္းထန္တဲ့ ထုိးႏွက္ခ်က္ကုိ ခံႏုိင္ရည္ရွိမလား ၾကည့္ရတာေပါ့။
………………..
ထ်န္းေတာင္ရဲ႕ ၾကမ္းတမ္းေသာ ေက်ာက္သားလမ္းမေပၚမွာ အျဖဴေရာင္ ဝတ္စုံနဲ႔ မိန္းကေလးက ေၾကြဆင္းေနေသာ သစ္ရြက္မ်ားကုိ တက္နင္းရင္း ျဖည္းညင္းစြာ လမ္းေလ်ွာက္လာခဲ့တယ္။ ဒါေၾကာင့္လည္း တရွဲရွဲ ျမည္သံေလး ျဖစ္ေပၚေနတာေပါ့။
သူမေနာက္မွာ ေယာက်္ားတစ္ေယာက္နဲ႔ မိန္းကေလး တစ္ေယာက္ ရွိတယ္။ ႏွစ္ဦးစလုံးမွာ ဓားကုိယ္စီ ရွိၾကျပီး သူမေနာက္မွ နီးကပ္စြာ လုိက္ပါလာခဲ့တယ္။
ဝုန္း…
ရုတ္တရက္ အေရွ႕ဘက္ လမ္းမထက္မွာ ျပင္းထန္ေသာ တုိက္ခုိက္သံကုိ ၾကားလုိက္ရတယ္။ ထုိအသံကုိ ၾကားလုိက္ရေသာ္လည္း မိန္းကေလးက မလႈပ္မယွက္ ရပ္ေနခဲ့တယ္။ေခ်ာေမာ လွပေသာ သူမမ်က္ႏွာေပၚမွာ ျငီးေငြ႕ေသာ အျပံဳးေလး ရွိေနခဲ့ေလရဲ႕။
အေရွ႕ဘက္ လမ္းမွ အသံကုိ နားစြင့္ျပီးေနာက္ ခ်င္ယန္လည္း ေကာင္မေလးကုိ ၾကည့္ကာ ေျပာလုိက္တယ္။
“သခင္မေလး… လူတစ္စု တိုက္ခုိက္ေနတယယ္”
“ငါတုိ႔ အလုပ္ကိစၥ မဟုတ္ပါဘူး… ဆက္သြားမယ္”
ဗုိင္း…
ထုိ႔ေနာက္ အရိပ္တစ္ခုက ေကာင္းကင္ေပၚမွ ယြမ္ေလာ့ဖုန္း ေရွ႕နား က်ေရာက္လာခဲ့တယ္။ အမည္းေရာင္ ဝတ္စုံနဲ႔လူက သူ႔မ်က္ႏွာကုိ အမည္းေရာင္ အဝတ္စနဲ႔ ဖုံးလႊမ္းထားျပီး သူ႔ရင္ဘတ္က ေသြးမ်ားျဖင့္ နီရဲေနခဲ့တယ္။ ေခ်ာင္းမ်ား အဆက္မျပတ္ ဆုိးရင္း ေတာင္းပန္ ခယရွာတယ္။
“ငါ့ကုိ ကူညီေပးပါ…”
အမည္းေရာင္ ဝတ္စုံနဲ႔ အမ်ိဳးသားက သူ႕ေဘးနားမွာ ရပ္ေနတဲ့ ယြမ္ေလာ့ဖုန္းကုိ ေငးၾကည့္ကာ ခပ္ၾသၾသ အသံနဲ႔ ျပတ္ေတာင္းျပတ္ေတာင္း ေျပာေနခဲ့တယ္။ ထုိ႔ေနာက္ လူတစ္စု သူမအနား ေရာက္လာကာ ယြမ္ေလာ့ဖုန္းကုိ မထီမဲ့ျမင္ ၾကည့္တယ္။
“ေကာင္မေလး… မင္း ငါတုိ႕အလုပ္ကိစၥကုိ ဝင္မရႈပ္ရင္ေကာင္းမယ္… ဒါမွမဟုတ္… မင္း ဒီမွာ ေသခ်င္ေနလား”
ဒီလူရဲ႕ ျခိမ္းေျခာက္ေသာ စကားကုိ ၾကားရျပီး ယြမ္ေလာ့ဖုန္းလည္း အျပံဳးမမည္ေသာ အျပံဳးကုိ ျပံဳးလုိက္တယ္။
“ငါက ဒီေနရာက ျဖတ္သြားရုံေလး… နင္တုိ႔အလုပ္ နင္တုိ႔ ဆက္လုပ္ႏုိင္တယ္”
အမည္းေရာင္ဝတ္စုံနဲ႔ အမ်ိဳးသားမွာ ယြမ္ေလာ့ဖုန္း ေျပာလုိက္ေသာ စကားေၾကာင့္ စိတ္ပ်က္သြားတယ္။ ေသျခင္းတရားကုိ မတြန္႔မဆုတ္ ရင္ဆုိင္ဖုိ႔ သူ ယတိျပတ္ ဆုံးျဖတ္လုိက္တယ္။
“လူယုတ္မာေကာင္”
ခက္ထန္ေသာ ေလွာင္ရယ္သံနဲ႔အတူတူ ထုိလူတစ္စုက အမည္းေရာင္ ဝတ္စုံနဲ႔လူကုိ မညွာမတာ ကန္ေက်ာက္ေတာ့တယ္။
“မင္း… အရမ္း သတၱိေကာင္းေနပါလား…ထ်န္းအိမ္ေတာ္ကုိ က်ဴးေက်ာ္ ဝင္ေရာက္ရဲတယ္… ငါတုိ႔ သခင္ကုိ အေႏွာင့္အယွက္ မေပးမိတာ မင္း ကံေကာင္းတယ္ မွတ္လုိက္… မဟုတ္ရင္ေတာ့ မင္း ဘဝက ေသတာမွ ပုိေကာင္းတယ္ ျဖစ္သြားမယ္… နားလည္လား…”
အမည္းေရာင္ဝတ္စုံနဲ႔လူက ေထ့ေငါ့လုိက္တယ္။
“ငါ အသက္ရွင္ေနသ၍… ငါ့ဆရာအတြက္ နင္တုိ႔ကုိ လက္စားေခ်မယ္”
Chapter-514
End
အပုိင္း(၅၁၅)
အထက္စီးဆန္ေသာ ယြမ္ေလာ့ဖုန္း (၃)
“ဟား… ငါတုိ႔ကုိ သတ္ခ်င္တယ္… ဟုတ္လား”
ဟာသ ျပက္လုံးကုိ ၾကားရသလုိ… ဝတ္ရုံေတာ္နဲ႔လူက အထင္ျမင္ေသးစြာ ဟားတုိက္ ရယ္ေမာေတာ့တယ္။ သူ႕ေနာက္မွ လူတစ္စုလည္း ဟားတုိက္ ရယ္ေမာေလတယ္။ သူတုိ႔အားလုံးရဲ႕ မ်က္ဝန္းမ်ားမွာ အထင္ျမင္ေသးမႈမ်ား ျပည့္လ်ွံေနခဲ့တယ္။ ခဏၾကာေတာ့ ဝတ္ရုံေတာ္ အမ်ိဳးသားက ရယ္ေမာေနသည္ကုိ ရပ္တန္႔ျပီး ခက္ထန္စြာ ေျပာလုိက္တယ္။
“မင္းလို အဆင့္အတန္းနဲ႔လား…ဟား… ငါတုိ႔ကုိ သတ္ဖုိ႔ ဘယ္လို စီမံ မလဲ ၾကည့္ရတာေပါ့”
အမည္းေရာင္ဝတ္စုံနဲ႔ အမ်ိဳးသားရဲ႕ အသံက ေသြးေအးရက္စက္ျပီး သူ႔မ်က္ဝန္းမ်ားက လူသတ္ခ်င္စိတ္မ်ားျဖင့္ ေတာက္ေလာင္ေနခဲ့တယ္။
“မင္းတို႔ ငါ့ကုိေထာက္ေခ်ာက္ဆင္ မတုိက္ခုိက္ရင္ ငါ… ထ်န္းမိသားစုကုိ သုတ္သင္ျပီတာ ၾကာျပီ”
“မင္း ဘယ္လုိပဲ ရႈံး ရႈံး… ရႈံးနိမ့္တာက ရႈံးနိမ့္တာပဲ… မင္း အရွက္တကြဲ အက်ိဳးနည္းစြာ ရွင္သန္ရမွာစုိးလုိ႔ ငါ မင္းကုိ ငရဲျပည္ ပုိ႔ေပးမယ္”
ရႊမ္းခနဲ ျမည္သံ။
ထုိလူူက သူ႕ဓားရွည္ကုိ ဆြဲထုတ္လုိက္ျပီး အမည္းေရာင္ ဝတ္စုံနဲ႔ အမ်ိဳးသားကုိ ဓားနဲ႔ ရြယ္ထားလုိ္က္တယ္။
ရုတ္တရက္ ေဘးဘက္မွ လက္တစ္ဖက္ ေပၚလာျပီး သူ႔ဓားရုိးကုိ လက္ျဖင့္ ဆုပ္ကုိင္လာခဲ့တယ္
အမည္းေရာင္ဝတ္စုံနဲ႔ လူမွာ မွင္တက္သြားျပီး အလြန္ေခ်ာေမာေသာ မိန္းကေလးကုိ ေစာင္းငဲ့ၾကည့္လုိက္တယ္။ နားလည္ရခက္ေသာ အၾကည့္မ်ားက သူ႕မ်က္ဝန္းမွာ ျဖတ္ေျပးသြားရတယ္။
ဝင္ရႈပ္ဖုိ႔ ရည္ရြယ္ခ်က္ မရွိတဲ့ သူမက သူ႕ကုိ ဘာလုိ႔မ်ား ရုတ္ျခည္း ကယ္တင္ရသလဲ။
အမည္းေရာင္ ဝတ္စုံနဲ႔ အမ်ိဳးသားရဲ႕ အေတြးကုိ မစဥ္းစားေတာ့ဘဲ ယြမ္ေလာ့ဖုန္းနဲ႔ ဝတ္ရုံေတာ္နဲ႔ အမ်ိဳးသားကုိ လွည့္ၾကည့္လုိက္တယ္။
“ရွင္က ထ်န္းမိသားစုဝင္လား”
“အမွန္ပဲေပါ့”
ထုိလူက မ်က္ေမွာင္ၾကဳတ္ျပီး ေျပာလာခဲ့တယ္။
“ငါတုိ႔က ထ်န္းမိသားစုကမွန္း သိရင္ ငါတုိ႔ကိစၥကုိ ဝင္မရႈပ္နဲ႔”
“စိတ္မေကာင္းပါဘူး…”
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းမ်ားကုိ ျမွင့္တင္လုိက္ျပီး ေကာက္က်စ္ စဥ္းလဲေသာ အျပံဳးေလးကုိ ပုံေဖာ္လုိက္တယ္။
“ငါက ထ်န္းမိသားစုကုိ လက္စားေခ်ဖုိ႔ ေရာက္လာခဲ့တာ”
ဝုန္း…
ခ်က္ခ်င္း.. ယြမ္ေလာ့ဖုန္းရဲ႕ လက္သီးက ပ်ံသန္းလာျပီး ထုိလူကုိ အေဝးလႊင့္ထြက္သြားေအာင္ လက္သီးနဲ႔ ထုိးလုိက္တယ္။ ယြမ္ေလာ့ဖုန္းရဲ႕ ထုိးႏွက္ခ်က္ေၾကာင့္ သူ႕ဦးေခါင္းက ေက်ာက္တုံးနဲ႔ ျပင္းျပင္းထန္ထန္ ဝင္ေဆာင့္ေတာ့တယ္။ ဝက္တစ္ေကာင္လုိ ခ်က္ခ်င္း ေသြးမ်ား ယိုစိမ့္လာရတယ္။ သူ႔ေသြးမ်ားက စမ္းေခ်ာင္းေလးကုိ အနီေရာင္ စြန္းထင္းေစတယ္။
အားလုံးလည္း ေၾကာင္အမ္းအမ္း ျဖစ္ေနေလရဲ႕…။ ခဏၾကာေတာ့ တုန္ရီေနေသာ လက္ေခ်ာင္းမ်ားျဖင့္ ယြမ္ေလာ့ဖုန္းကုိ လက္ညိဳထုိးက ေၾကာက္ေၾကာက္လန္႔လန္႕ ေျပာရွာတယ္။
“မင္း…. ထ်န္းမိသားစုရဲ႕ တပည့္ကုိ တုိ္က္ခုိက္ရဲတယ္ေပါ့၊ မင္း… ေသမွာ မေၾကာက္ဘူးလား”
“ငါက ထ်န္းမိသားစုနဲ႔ စာရင္းရွင္းဖို႔ လာတာလုိ႔ ေျပာျပီးသားပါ”
ယြမ္ေလာ့ဖုန္းလည္း သူ႕ကုိ ဖ်တ္ခနဲ ၾကည့္လုိက္တယ္။
“ထ်န္းမိသားစုကုိ သြားျပန္ေျပာလုိက္စမ္း… ငါဆုိတဲ့ ယြမ္ေလာ့ဖုန္းက ငါ့လက္ေအာက္ငယ္သားကုိ ျပန္လာေခၚမယ္လို႔… က်ံဴးလင္းအာကုိ အသာတၾကည္ ေပးမလား…ထ်န္းမိသားစု တစ္စုလုံး သုတ္သင္ခံရတာကုိ ထုိင္ၾကည့္ခ်င္လား ေမးလုိက္”
ယြမ္ေလာ့ဖုန္း…
ထိုနာမည္ကုိ ၾကားေတာ့ ထ်န္းမိသားစုရဲ႕ တပည့္အားလုံး တုန္လႈပ္သြားျပီး ေတာင္ေပၚကုိ အလ်င္အျမန္ ေျပးထြက္သြားေတာ့တယ္။ က်န္ရွိခဲ့ေသာ လူရဲ႕ ခႏၶာကုိယ္ကုိ ေခၚေဆာင္သြားဖုိ႔ ဘယ္သူမွ မေနခဲ့ရဲေပ။
“ခ်င္ယန္… ရဲ႕လင္း သြားမယ္”
အစမွ အဆုံးအထိ ယြမ္ေလာ့ဖုန္းက အမည္းေရာင္ ဝတ္စုံနဲ႔လူကုိ မၾကည့္ခဲ့ဘူး။ သူမ ေရွ႕ဆက္သြားဖုိ႔ ေျခလွမ္းျပင္လိုက္တယ္။
“ခဏေလး ေစာင့္ပါဦး”
အမည္းေရာင္ဝတ္စုံနဲ႔လူက ေျမႀကီးေပးမွ ထကာ ဒူးေထာက္လုိက္တယ္။
“မိန္းကေလး.. ကြ်န္ေတာ္ကုိ မင္းရဲ႕ လက္ေအာက္ငယ္သား အျဖစ္ လက္ခံေပးပါ… ထ်န္းမိသားစုကုိ ဖ်က္ဆီးဖုိ႔ ကြ်န္ေတာ္ ကူညီပါ့မယ္ ၊ မင္း သေဘာတူမယ္ဆုိရင္ မင္းကုိ သုံးႏွစ္ ခစားပါ့မယ္”
ယြမ္ေလာ့ဖုန္းလည္း ေျခလွမ္းမ်ားကုိ ရပ္တန္႔လုိက္ျပီး ေနာက္သုိ႔ လွည့္မၾကည့္ဘဲ ေျပာလုိက္တယ္။
“ရွင့္ကုိ ထ်န္းမိသားစုရဲ႕ တပည့္ေတြ သတ္လုနီးပါးပဲ ၊ ကြ်န္မက ရွင့္ကုိ ဘာအေၾကာင္းေၾကာင့္ လုိအပ္မလဲ”
အမည္းေရာင္ဝတ္စုံနဲ႔ အမ်ိဳးသားက သူမစကားကုိၾကားေတာ့ သူ႔မ်က္ႏွာမွာ အရွက္ရမႈမ်ား ႀကီးစုိးသြားေတာ့တယ္။ သူလည္း ေခ်ာင္းေျခာက္ဆုိးရင္း
“ထ်န္းမိသားစုမွာ ေထာက္ေခ်ာက္ အမ်ားႀကီး ရွိမယ္ မထင္လုိ႔ပါ… ထ်န္းအိမ္ေတာ္ရဲ႕ ေထာက္ေခ်ာက္ တစ္ခုမွာ မိျပီး အျပင္းအထန္ ဒဏ္ရာ ရသြားလုိ႔ပါ ၊ ဒီလူေတြက လုံးဝကုိ ကြ်န္ေတာ္ရဲ႕ ျပိဳင္ဘက္ မျဖစ္ႏုိင္ပါဘူး”
“ထ်န္းမိသားစုက ငါ့ရန္သူပါပဲ… ဒါေပမဲ့ ေသလုဆဲဆဲ လူတစ္ေယာက္နဲ႔ေတာ့ သေဘာတူညီမႈ မထားရွိခ်င္ဘူး ၊ ရွင္ ဘယ္လုိပဲ ရႈံးရႈံး… အရႈံးက အရႈံးပဲ”
Chapter-515
End
အပိုင္း(၅၁၆)
အထက္စီးဆန္ေသာ ယြမ္ေလာ့ဖုန္း (၄)
ဘယ္လုိပဲ ရႈံး…ရႈံး…. ရႈံးနိမ့္ျခင္းက ရႈံးနိမ့္ျခင္းပဲ…
အမည္းေရာင္ ဝတ္စုံနဲ႔ အမ်ိဳးသားရဲ႕ စိတ္က တုန္လႈပ္ေခ်ာက္ခ်ား လာရတယ္။ သူ႕စိတ္ထဲမွာ ဒီစကားကုိ ထပ္ခါထပ္ခါ ဆင္ျခင္ ေတြးေတာေနမိတယ္။ ခဏၾကာေတာ့ သူ… တစ္စုံတစ္ရာကုိ နားလည္ သေဘာေပါက္သြားတယ္ ထင္ပါတယ္။ သူလည္း ေကာင္မေလးရဲ႕ ေနာက္ေက်ာျပင္ကုိ ေငးေမာ ၾကည့္ရႈလုိက္တယ္။
“ေက်းဇူးတင္ပါတယ္… မိန္းကေလး ၊ မိန္းကေလး ဘာဆုိလုိလည္းဆုိတာ ကြ်န္ေတာ္ နားလည္ပါျပီ ၊ အခုကစျပီေတာ့ ရန္သူရဲ႕ ေထာက္ေခ်ာက္မွာ ေနာက္တစ္ႀကိမ္ မက်ရႈံးေတာ့ဘူး”
သူ႔မ်က္ႏွာမွာ ဆုံးျဖတ္ခ်က္ ခုိင္မာမႈမ်ား ေပၚလြင္ေနခဲ့တယ္။
“ကြ်န္မကုိ မိန္းကေလးရဲ႕ ေနာက္လုိက္အျဖစ္ လက္ခံေပးပါ…ေတာင္းဆိုပါတယ္… မိန္းကေလးအတြက္ ကြ်န္ေတာ္ အသက္ နဲ႔ ဘဝကုိ ေပးအပ္ပါ့မယ္”
ယြမ္ေလာ့ဖုန္းလည္း ေနာက္သုိ႔ လွည့္ၾကည့္လုိက္ျပီး အသာအယာ မ်က္ခုံးတစ္ဖက္ကုိ ပင့္လုိက္တယ္။
“ရွင္… ထ်န္းမိသားစုကုိ မုန္းလား”
“အမွန္ပဲ”
အမည္းေရာင္ ဝတ္စုံနဲ႔ အမ်ိဳးသားရဲ႕ မ်က္ဝန္းမ်ားက ရုတ္ျခည္း ေသြးေအး ရက္စက္သည့္ဘက္သုိ႔ ေျပာင္းလဲသြားခဲ့တယ္။
“ကြ်န္ေတာ္… သူတုိ႔ အသားကုိ စားျပီး ေသြးကုိ ေသာက္သုံးခ်င္တယ္ ၊ သူတုိ႔ကုိ အပုိင္းပုိင္း ခုတ္ထစ္ လုိက္ခ်င္တယ္…မိန္းကေလးနဲ႔အတူတူ ကြ်န္ေတာ္ကုိ ထ်န္းမိသားစု ရွိရာ ေခၚသြားဖုိ႔ သေဘာတူရင္ အခုအခ်ိန္ကစျပီေတာ့ ကြ်န္ေတာ္ရဲ႕ဘဝက မိန္းကေလး အပုိင္ပါ”
ယြမ္ေလာ့ဖုန္းလည္း သူမရဲ႕ ေမးဖ်ားေလးကုိ အသာယာ ထိကပ္လုိက္တယ္။
“ရွင့္ကုိ ထ်န္းမိသားစုဆီ ေခၚသြားလုိ႔ ရမယ္ အေၾကာင္းအရင္း ေျပာစမ္းပါ ၊ ထ်န္းမိသားစုက ရွင့္ကုိ ဘာလုပ္ခဲ့လို႔ ရွင္က အရမ္း ေဒါသထြက္ေနရသလဲ”
“အဲဒီ လူယုတ္မာေကာင္က ကြ်န္ေတာ္ရဲ႕ ဆရာကုိ ႏွိပ္စက္ခဲ့တယ္”
အမည္းေရာင္ ဝတ္စုံနဲ႔လူက လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ကုိင္ထားလုိက္တယ္။
“ကံဆုိးစြာနဲ႔ ငါ့ဆရာက ဒီကုိ မလာႏုိင္ေတာ့ဘူး ဒါေၾကာင့္ သူမအတြက္ ငါ ဒီကုိ လာခဲ့ရတာ…”
ယြမ္ေလာ့ဖုန္းလည္း အမည္းေရာင္ ဝတ္စုံနဲ႔ လူကုိ တိတ္ဆိတ္စြာ ေငးၾကည့္ေနခဲ့တယ္။
“သခင္လည္း ခံစားမိလား”
သူမရဲ႕ စိတ္ဝိညာဥ္ထဲမွ ေရွာင္မုိရဲ႕အသံက ေျပးလႊားလာခဲ့တယ္။
“ဒီလူရဲ႕ အသံရႈသံက အရမ္းကုိ အားနည္းေနျပီ ၊ ဒါေပမဲ့ သူ႔အစြမ္းအစက မဆုိးပါဘူး … ၊ သူ႕အသက္ရႈနႈန္းကုိ ထိန္းခ်ဳပ္ဖုိ႔ လွ်ိဳ႕ဝွက္နည္း သုံးထားတာ မဟုတ္ဘူးလုိ႔ ခံစားရတယ္”
အႏွစ္ခ်ဳပ္ေျပာရမယ္ဆုိရင္ မင္းထက္ စြမ္းအားနိမ့္သူေနာက္ ေနာက္ေယာင္ခံလုိက္ရင္ မင္းကုိ သတိမထားမိေအာင္ ကုိယ္ေယာင္ ေဖ်ာက္ႏုိင္မယ္ အကယ္၍ မင္းရဲ႕ ျပိဳင္ဘက္က ဆရာက်ရင္ေတာ့ မင္းဘယ္လုိပဲ ႀကိဳးစားပါေစ သူက မင္းကုိ ရွာေတြမွာပဲ။ ဒါေပမဲ့လည္း ဒီလူကေတာ့ ျခားနားတယ္။ တစ္ျခားလူတစ္ေယာက္ေရွ႕မွာ ကုိယ္ေယာင္ေဖ်ာက္ႏုိင္ေအာင္ ေလ့က်င့္ေပးထားတဲ့ လုပ္ၾကံ သတ္ျဖတ္သူ တစ္ေယာက္ပဲ။ သူ႕ထက္ အစြမ္းျမင့္တဲ့လူတစ္ေယာက္ကုိ အလြယ္တကူ သတ္ႏိုင္တယ္။
“သခင္… ကြ်န္ေတာ္အထင္ မမွားဘူးဆုိရင္ ဒီလူက ေတာ္ေတာ္ကုိ ထူးျခားတယ္ အခုက ေန႔အခ်ိန္ပဲ ရွိေသးလုိ႔ ညအခ်ိန္ေရာက္ရင္ သူ႔ အားအနည္းဆုံး အသက္ရႈသံကုိ ၾကားရေတာ့မွာ မဟုတ္ဘူး”
ဒီတစ္ေခါက္ေတာ့ ကံဆုိးစြာနဲ႔ ထ်န္းမိသားစုရဲ႕ ေထာက္ေခ်ာက္မွာ မေတာ္တဆ မိသြားခဲ့ျပီး သူ႕ကုိယ္သူ ေပၚထင္သြားခဲ့တယ္။ မဟုတ္ရင္ေတာ့ ထ်န္းမိသားစုရဲ႕ သခင္မ်ားကုိ သူ လုပ္ၾကံသတ္ျဖတ္ျပီးတာ ၾကာျပီေလ။
“ရွင့္နာမည္ေျပာ…၊ ”
ယြမ္ေလာ့ဖုန္းလည္း ျပံဳးကာ ေမးလုိက္တယ္။
မိန္းကေလးရဲ႕ စကားကုိ နားစြင့္ျပီးေနာက္ အမ်ိဳးသားေလးက အေတာ္ေလး ေပ်ာ္ရႊင္သြားပုံရတယ္။ သူ႔မ်က္ႏွာေပၚက အမည္းေရာင္ ပဝါစကုိ ဖယ္ရွားလုိက္ျပီး ခန္႔ညား ေခ်ာေမာေသာ မ်က္ႏွာကုိ ျပသလုိက္တယ္။
“သခင္… ကြ်န္ေတာ္ရဲ႕ နာမည္က လုံေဖးပါ”
သူ႔ဆရာအတြက္ လက္စားေခ်ဖုိ႔အႏၱရာယ္ အားလုံးကုိ သူ ျဖတ္ေက်ာ္ႏုိင္တယ္။ သူ႔ဆရာအတြက္ ထ်န္းမိသားစုရဲ႕ အယုတ္တမာေကာင္မ်ားကုိ လက္စားေခ်ႏုိင္ရင္ ဒီမိန္းကေလးကုိ ၃ႏွစ္မေျပာနဲ႔ ၁၀ႏွစ္ ခစားရလည္း ကိစၥ မရွိဘူး။
“ခ်င္ယန္… သူ႔အနာကုိ ေဆးထည့္ေပးလုိက္… သူ သက္သာမွ ငါတုိ႔ ခရီးဆက္မယ္”
“ဟုတ္ကဲ့ပါ သခင္မေလး”
…………………
ခမ္းနားထည္ဝါေသာ အခန္းထဲမွာ အဘုိးအုိတစ္ေယာက္ မ်က္ဝန္းမ်ားကုိ ပိတ္ကာ တရားက်င့္ၾကံေနခဲ့ျပီး ပ်ာယာခတ္ေနေသာ အသံက သူ႔နာစည္သုိ႔ ဝင္ေရာက္လာခဲ့တယ္။
“သခင္… ျပႆနာ တက္ျပီ… တတိယေျမာက္ အႀကီးအကဲ အဖြဲ႕ရဲ႕ တပည့္ျဖစ္တဲ့ ထ်န္းယြဲ႕ကုိ ယြမ္ေလာ့ဖုန္း သတ္လုိက္တယ္”
“ဘာ…”
အဘုိးအုိက ခ်က္ခ်င္း မ်က္လုံးဖြင့္လုိက္ေတာ့ ဘုတ္ခနဲ ျဖစ္သြားရတယ္။ လက္ဖဝါးနဲ႔ နံရံကုိ ရုိ္က္ခ်လုိက္ခ်ိန္… နံရံတစ္ခုလုံး ေၾကမြသြားခဲ့တယ္။
“ဒီမိန္းမက ငါတုိ႔မိသားစုရဲ႕ တပည့္ကုိ သတ္ရဲတယ္လား သူမ အလြယ္တကူ ရန္ရွာလို႔ ရေအာင္ ငါတုိ႕က အားလည္းတဲ့လူေတြကုိ ထင္ေနသလား ၊ ငါတုိ႔ ထ်န္းမိသားစုကုိ ရန္ရွာမိတဲ့ အက်ိဳးဆက္ကုိ ျပသရတာေပါ့”
Chapter-516
End
အပုိင္း(၅၁၇)
ထ်န္းရႊယ္၏ အၾကံအစည္ (၁)
ေတာင္ထိပ္ ျမင့္မားေသာ အေဆာက္အဦမ်ားၾကား ခန္႔ညားထည္ဝါေသာ တံခါးေပါက္တစ္ခု မားမားမတ္မတ္ တည္ရွိေနခဲ့တယ္။ နီညိဳေရာင္နဲ႔ ေနေရာင္ေအာက္မွာ တည္ၾကည္ ခန္႔ညားေနခဲ့တယ္။
ယြမ္ေလာ့ဖုန္းလည္း ရပ္တန္႔လုိက္ျပီး မ်က္ဝန္းနက္မ်ားျဖင့္ တံခါးကုိ စူးစူးရဲရဲ ၾကည့္လိုက္ကာ ေသြးေအးေအး အမိန္႔ေပးလိုက္တယ္။
“ငါအနားက ခြာထားမယ္”
“ဟုတ္ကဲ့”
ခ်င္ယန္နဲ႔ ရဲ႕လင္းက ေနာက္သုိ႔ ေျခလွမ္းမ်ားစြာ ဆုတ္သြားသြားခဲ့တယ္။ လုံေဖး တစ္ေယာက္တည္း ဘာျဖစ္မွန္း မသိတာေၾကာင့္ သူလည္း ေနာက္သုိ႔ ဇေဝဇဝါးနဲ႔ ဆုတ္ခြာလုိက္တယ္။ သူတို႔အားလုံး ေနာက္ဆုတ္ျပီးေနာက္ ရုတ္ျခည္း ယြမ္ေလာ့ဖုန္းေရွ႕နားမွာ ဓားရွည္ တစ္လက္ ေပၚလာခဲ့တယ္။ ထုိဓားက ေလထဲမွာ လြင့္ေမ်ာေနျပီး ခ်မ္းစိမ့္စိမ့္ အလင္းတန္းမ်ားျဖင့္ ေတာက္ပေနခဲ့တယ္။
“ဖ်က္ဆီး ပစ္မယ္”
ေကာင္မေလးရဲ႕အသံက အထက္စီးဆန္ေသာ္လည္း ခံစားခ်က္ ကင္းမဲ့ေနဆဲပါ။ သူမအသံက အားမန္ အျပည့္ပါပဲ။
ဝုန္း…
သူမ အသံ ေပ်ာက္ကြယ္သြားျပီးေနာက္.. ေကာင္းကင္ယံမွ ဓားရွည္ တစ္လက္ က်ဆင္းလာျပီး နီညိဳေရာင္ တံခါးကုိ စတင္ ဖ်က္ဆီးေတာ့တယ္။ ခဏေလးအတြင္းမွာ နီညိဳေရာင္ တံခါးက က်ိဳးေၾကသြားခဲ့ျပီး ထုိ က်ိဳးပဲ့စမ်ားက တံခါးေပါက္ယမွာ ျပန္႔က်ဲေနခဲ့တယ္။ မၾကာခင္မွာပဲ အံ့ၾသမွင္တက္ေနေသာ လုံေဖး မ်က္စိေရွ႕မွာ တံခါးက တစ္စစီ ျဖစ္သြားခဲ့တယ္။
“ထ်န္းမိသားစုရဲ႕ တံခါးေပါက္ကုိ ဖ်က္ဆီးတာ ဘယ္သူလဲ”
တံခါးအတြင္းဘက္မွ က်ယ္ေလာင္ေသာ ေအာ္သံ ထြက္ေပၚလာခဲ့ျပီး လူတစ္စုကုိ ဦးေဆာင္လာေသာ သက္လတ္ပုိင္း အမ်ိဳးသားကုိ ေတြ႕လိုက္ရတယ္။ လူယုတ္မာ မ်က္ႏွာ ၊စူးရွေသာ အၾကည့္နဲ႔ ယြမ္ေလာ့ဖုန္းကုိ စူးစူးစုိက္စုိက္ ၾကည့္ေနခဲ့တယ္။
“က်ံဴးလင္းအာ ဘယ္မွာလဲ”
ယြမ္ေလာ့ဖုန္းလည္း လုိရင္းကုိ ေျပာတယ္။
ထ်န္းရႊယ္လည္း မဲ့ျပံဳး ျပံဳးလုိက္ျပီး ေထ့ေငါ့လုိက္တယ္။
“က်ံဴးလင္းအာက ထ်န္းမိသားစုရဲ႕ တပည့္ ၊ မင္းလုိ သာမန္လူတစ္ေယာက္ကုိသူမက လာမေတြ႕ႏိုင္ဘူး ၊သူမက အျပင္ဘက္စည္း တပည့္တစ္ေယာက္ ျဖစ္လည္း မင္းက ငါတုိ႔ ထ်န္းမိသားစုရဲ႕ တပည့္ကုိ ေတြ႕ဖို႕ အရည္အခ်င္း မျပည့္မွီဘူး ”
ထ်န္းရႊယ္ရဲ႕ အျမင္မွာေတာ့ ယြမ္ေလာ့ဖုန္းက ထ်န္းမိသားစုဝင္မ်ားနဲ႔ မိတ္ေဆြ ျဖစ္ဖုိ႔ မထုိက္တန္ဘူး ဒါေၾကာင့္ သူမကုိ က်ံဴးလင္းအာနဲ႔ ေတြ႕ဖုိ႔ ခြင့္မျပဳႏုိင္ဘူး.
ထ်န္းရာ ေျပာျပထားလုိ႔ ထ်န္းမိသားစုရဲ႕ ဘဝင္ကုိ သူမ ေကာင္းေကာင္းသိပါတယ္။ ထ်န္းရႊမ္ရဲ႕ ေလွာင္ေျပာင္မႈကုိ ဂရုမျပဳသလုိ ဆက္ေျပာလာခဲ့တယ္။
“က်ံဴးလင္းအာကုိ ရွာဖုိ႔ ဒီကုိ လာခဲ့တာ ၊ သူမကုိ မလႊဲေျပာင္းေပးရင္ ကြ်န္မ … ရွင္တုိ႔နဲ႔ တုိက္ခုိက္ရလိမ့္မယ္”
ယခုေတာ့ ေကာင္မေလးက လူသတ္ခ်င္ေသာ အေငြ႕အသက္မ်ားကုိ ထုတ္လႊင့္ေနခဲ့တယ္။ သူမလည္း မ်က္ခုံး အသာပင့္ျပီး ထ်န္းရႊမ္ကုိ အထက္စီးဆန္ေသာ မ်က္ဝန္းမ်ားျဖင့္ ေသြးေအးစြာ ၾကည့္လုိက္တယ္။ ျပင္းထန္ေသာ ေလအားေၾကာင့္ သူ႔အျဖဴေရာင္ဝတ္စုံက တလြင့္လြင့္ ျဖစ္ေနျပီး သူမအၾကည့္ေၾကာင့္ သူမကုိ လ်စ္လ်ဴရႈဖုိ႔ ခဲယဥ္းေနတယ္။
“ဟား…”
ထ်န္းရႊယ္ လည္း ဟားတုိက္ ရယ္ေမာလုိက္တယ္။
“မင္း… ငါ့ကုိ ဘယ္လို တုိက္ခုိက္မလဲ ၾကည့္ရတာေပါ့… အေစာင့္ေတြ ထ်န္းမိသားစုကုိ က်ဴးေက်ာ္ ဝင္ေရာက္လာတဲံ ဒီလူေတြကို ဖမ္းစမ္း”
“အမိန္႔ေတာ္အတုိင္းပါ… သခင္”
ထ်န္းရႊယ္ရဲ႕ အမိန္႔ကုိ ၾကားျပီးေနာက္ ထ်န္းမိသားစုရဲ႕ တပည့္မ်ားက သူတို႔လက္နက္ကုိ ထုတ္ျပီး ယြမ္ေလာ့ဖုန္းရွိရာ တဟုန္ထုိး ေျပးသြားေတာ့တယ္။ ေကာင္မေလးက တည္ၿငိမ္စြာ ရပ္ေနခဲ့ျပီး တုန္လႈပ္ျခင္း အလ်င္မရွိပါ။
“လုံေဖး… သူတုိ႔ကုိ အျမန္ဆုံး စာရင္းရွင္းလိုက္စမ္းပါ”
သူမရဲ႕ မ်က္ဝန္းမ်ားက ထ်န္းမိသားစုရဲ႕ တပည့္မ်ားကုိ ျဖတ္ေက်ာ္ျပီး နီညိုေရာင္ တံခါးေရွ႔မွာ လူသတ္ခ်င္ေနေသာ မ်က္ဝန္းမ်ားျဖင့္ ရပ္ေနေသာ သက္လတ္ပုိင္း အမ်ိဳးသားကုိ ၾကည့္ေနလိုက္တယ္။
ယြမ္ေလာ့ဖုန္းရဲ႕ အမိန္႔သံကုိ ၾကားျပီးေနာက္ လုံေဖးက သူ႕လက္နက္ကုိ ထုတ္လုိက္ျပီး ထ်န္းမိသားစုရဲ႕ တပည့္မ်ားၾကား ေခါက္တုံ႕ေခါက္ျပန္ ေျပးလႊားသြားလုိက္တယ္။ အမည္းေရာင္ ေလေပြ ျဖတ္သန္းသြားတုိင္း တပည့္တစ္ေယာက္ ေျမႀကီးေပၚ လဲက်သြားျပီး သူတုိ႔အားလုံးရဲ႕ ေသြးမ်ား ေျမႀကီးေပၚ စီးဆင္းေနခဲ့တယ္။ တခ်ိဳ႕ဆုိ သူတုိ႕ ဘယ္လုိ အသတ္ခံလုိက္ရမွန္း မသိေပ။
ဒီလူက အရမ္းကုိ ျမန္ဆန္းလြန္းတယ္။ ထ်န္းရႊယ္လည္း သူ႔မ်က္ဝန္းကုိ ေမွးက်ဥ္းလုိက္ေတာ့ သူ႔မ်က္ဝန္းမွာ အံ့ၾသေသာ အၾကည့္မ်ား တဖ်တ္ဖ်တ္လက္ေနခဲ့တာေပါ့။ ဒီလူက လုပ္ၾကံသူျဖစ္ဖုိ႔ ေမြးဖြားလာတာ ျဖစ္မယ္။ သူသာ ငါတုိ႔ကုိ ခစားဖုိ႔ ဆႏၵရွိရင္ ငါတုိ႔ ထ်န္းမိသားစု ဒီထက္ပုိျပီး အာဏာ ရွိလာႏုိင္မယ္။
ထ်န္းရႊယ္က ေသဆုံးသြားတဲ့ သူ႔တပည့္မ်ားကုိ ဂရုမစုိက္ဘဲ ဒီအၾကံကုိပဲ ေတြးေတာေနခဲ့တယ္။
Chapter-517
End
Unicode
အပိုင်း(၅၁၃)
အထက်စီးဆန်သော ယွမ်လော့ဖုန်း (၁)
အဘိုးအိုရဲ့အမြင်မှာ ယွမ်လော့ဖုန်းကို သေးနုပ်သော ဖြစ်တည်မှုလို့ ယူဆနေသည်မှာ သိသား ထင်ရှားလွန်းပါတယ်။
ကျူံးလင်းအာလည်း ထေ့ငေါ့လိုက်ပြီး အဘိုးကြီးကို မကြည့်ချင်သောကြောင့် ခေါင်းကို ချာခနဲ လှည့်လိုက်တယ်။
“ကောင်မလေး”
အဘိုးအိုရဲ့မျက်လုံးများက သုန်မှုန်သွားပြီး သူ ထေ့ငေါ့လိုက်တယ်။
“ထျန်းမိသားစုဝင် တစ်ယောက် ဖြစ်ခွင့်ပြုတာ မင်း ဂုဏ်ယူသင့်တယ် ထျန်းမိသားစုက စစ်သူကြီး အိမ်တော်ထက် သြဇာတ္တိကမ ကြီးမားတယ် ထျန်းမိသားစုကို ခစားမှသာ မင်း… ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်”
အဘိုးအိုပြောလိုက်သည့် စကားကြောင့် ကျူံးလင်းအာလည်း သူ့ကို စောင်းငဲ့ကြည့်လိုက်တယ်။ သူမ နှုတ်ခမ်းများက လှောင်ပြုံးကို ဖော်ပြနေလေရဲ့။
“ရှင်တို့ ထျန်းမိသားစုကို ဘယ်လို ခစားချင်နေလဲတော့ ကျွန်မ မသိဘူး… ဒီလို ခစားမှုမျိုးနဲ့ ထိုက်တန်တယ်လို့ ယူဆနေတာလား”
“ဟား…”
အဘိုးအိုမှာ မျက်လုံး ကလည်လည် ဖြစ်သွားပြီး ဟန်လုပ် ပြုံးလိုက်တယ်။
“ကောင်မလေး မင်းမှာ အထုံပါရမီ မရှိပါဘူး… ပုံမှန်ဆိုရင် မင်းက ဒီတစ်သက် အလယ်အလတ် အဆင့် ကျင့်ကြံသူ ဖြစ်ဖို့တောင် မလွယ်ကူဘူး…. အခုတော့ မင်းက အမြင့်စားအဆင့် ကျင့်ကြံသူ ဖြစ်နေပါလား”
ကျူံးလင်းအာက အဘိုးအို ပြောနေသည်ကို ကြားဖြတ် မပြောသော်လည်း သူမမျက်နှာပေါ်မှာ လှောင်ပြုံးကို ဖြန့်ကျက်ထားခဲ့တယ်။
“အဲဒီတော့….”
အဘိုးအိုက ခဏရပ်တန့်လိုက်ပြီး ဆက်လက် ပြောကြားခဲ့တယ်။
“ ဒီလို မြန်မြန် အတားအဆီးကို ဖြတ်ကျော်နိုင်ဖို့ မင်းမှာ ရတနာ တစ်ပါးတော့ ရှိရမယ်… ရတနာလေး… ငါ့ကို ပြသင့်ပါတယ်”
ထျန်းမိသားစုကို ရတနာအပ်ဖို့ အဘိုးကြီးက ပြောင်ပြောင်ရှင်းရှင်း ပြောခဲ့တယ်။
“အားနာပါတယ်…ကျွန်မမှာ ဘာ လျှို့ဝှက် လက်နက်မှ မရှိဘူး”
ကျုံးလင်းအာလည်း သူမရဲ့ နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်တယ်။ တောက်ပသော သူမရဲ့ မျက်ဝန်းများက လှောင်ပြုံးကို သရုပ်ဖော်နေလေရဲ့။
“ကျွန်မရဲ့ သခင်က လေ့ကျင့်ပျိုးထောင် ပေးလို့ ဒီအဆင့်ကို ရောက်လာခဲ့ရတာ… ရှင်ပြောသလို ဘာလျှို့ဝှက် ရတနာမှ မရှိဘူး”
အဘိုးအိုရဲ့ မျက်နှာက ချက်ချင်း သုန်မှုန်သွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“ငါ့ကို အရူးလို့ ထင်နေသလား နင့်လို အညတရ တစ်ယောက်ကို ယွမ်လော့ဖုန်းက အမြင့်စားအဆင့် ကျင့်ကြံသူ ဖြစ်အောင် လေ့ကျင့်ပေးနိုင်ပါ့မလား… ထျန်းမိသားစုရဲ့ တပည့်တစ်ယောက်အနေနဲ့ ပစ္စည်းကောင်းလေးကို တစ်ယောက်တည်း မသိမ်းထားသင့်ဘူး”
ထျန်းမိသားစု…
ထိုစကားနှစ်ခွန်းက သူမရဲ့ နားစည်သို့ ခုန်လွှားလာခဲ့သောကြောင့် ကျူံးလင်းအာရဲ့ မျက်ဝန်းမှာ မကျေလည်သော အကြည့်များ ပေါ်လွင်လာခဲ့တယ်။
“ကျွန်မရဲ့ မျိုးရိုး နာမည်က ကျူံး… ထျန်း မဟုတ်ဘူး… ဒီပြင် ကျွန်မက ထျန်းမိသားစုရဲ့ တပည့်လည်း မဟုတ်ဘူး”
“မင်း…”
လက်ဖဝါးဖြင့် ဖြန်းခနဲ ရိုက်သံ
ကျူံးလင်းအာ ပြောလိုက်သည့် ပုန်ကန်သော စကားများကြောင့် သူမဘေးနားမှာ ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသားက သူမကို ရုတ်ခြည်း ပါးရိုက်လာခဲ့တယ်။
သိပ်မကြာခင်မှာဘဲ သူမရဲ့ နူးညံ့သော မျက်နှာသေးသေးလေးမှာ နီရဲတွတ်လာရပြီး နှုတ်ခမ်းထောင့်စွန်းမှာ သွေးစီးကြောင်းများ ပေါ်လွင်လာခဲ့တယ်။
“သမီးမိုက်… နင်က သခင့်ကို ဒီလိုမျိုး ပြောဆိုရဲတယ်ပေါ့… ငါ့ကြောင့် နင်က ဒီလူလောကထဲ ရောက်လာခဲ့တာ… ကျေးဇူးမကန်းနဲ့ …အခု နင်က ငါ့ကို မလေးမစား ပြုမူရဲတယ်ပေါ့ အခုချက်ချင်း ဒူးထောက်ပြီ သခင့်ကို တောင်းပန်စမ်း”
ကျူံးလင်းအာလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း မထီမဲ့မြင် ပြောလိုက်တယ်။
“ရှင်လို အဖေရင်း တစ်ယောက် ရှိမှာထက် ဒီလောကကြီးထဲ မမွေးလာခဲ့တာ ပိုကောင်းမယ်… မဟုတ်ဘူး… ရှင်က ကျွန်မရဲ့ အဖေ ဖြစ်ဖို့ မထိုက်တန်ဘူး… ရှင်က လူ့တိရိစ္ဆာန်… အကြင်နာ တရားမရှိဘူး… ကျေးဇူးကန်းတတ်တဲ့သူ…”
“နင့် ပါးစပ်ကို ပိတ်လိုက်စမ်း”
သက်လတ်ပိုင်း အမျိုးသားက သူမကို စိန်စိန်ဝါးဝါးကြည့်နေခဲ့တယ်။
“နင့်အမေက တောသူမ… ငါ့ကလေးကို ကိုယ်ဝန်ဆောင်ရတာ သူ့ကို ကောင်းကင်ဘုံက ကောင်းချီးပေးတာ… ငါ့ကြောင့်သာ မဟုတ်ရင် နင်… ဒီမိသားစုထဲ ဝင်နိုင်မယ်လို့ ထင်နေလား… အခုချက်ချင်း ဒူးထောက်လိုက်စမ်း”
ကျူံးလင်းအာလည်း အကြောတင်းစွာ ဦးခေါင်းကို ချာခနဲ လှည့်ပြီး လက်သီးကို ပိုပြီး ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
“ကောင်မစုတ်လေး… ငါ နင့်ကို ဒီနေ့ သင်ခန်းစာ မပေးရင် နင့်ကိုယ်နင် ဘယ်သူလဲဆိုတာ သိမယ်မထင်”
ဗိုင်း
သက်လတ်ပိုင်းအမျိုးသားက ကျူံးလင်းအာရဲ့ ဒူးနောက်ဘက်ကို ခပ်ပြင်းပြင်း ကန်ကျောက်လိုက်တယ်။ ကျူံးလင်းအာမှာ ကြမ်းပြင်ပေါ် လဲကျလုနီးပါးပါပဲ…။ လဲကျခါနီးလေးမှာ… သူမရဲ့ ဒူးခေါင်းကို လေထဲမှာ ရပ်တန့်လိုက်သော်လည်း လဲကျချင်ချင်ပါ…။
သူမရဲ့ ခြေထောက်များက တဆတ်ဆတ် တုန်ရီနေပြီး မျက်နှာသေးသေးလေးက ဖျော့တော့နေခဲ့တယ်။ သူမရဲ့ နဖူးပေါ်မှ ချွေးအေးများက သူမ ရှေ့က ကြမ်းပြင်ပေါ် တစ်စက်ချင်း ကျဆင်းနေခဲ့လေတော့…။
အဘိုးအိုက ကျူံးလင်းအာကို တအံ့တသြ ကြည့်နေခဲ့တယ်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရသော်လည်း သူမလဲကျမသွားအောင် ထိန်းထားနိုင်တယ်။ ဒီလို ဇွဲလုံလမျိုးက တုန်လှုပ်ချောက်ချားဖွယ်ပါပဲ
လွန်ခဲ့သော ခြောက်လခန့်က တပ်မကြီးမှ အဖွဲ့ဝင်တွေ ယွမ်အိမ်တော်မှာ ဘယ်လိုမျိုး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရလည်းဆိုတာ အဘိုးအို မသိနိုင်ဘူး။ ဒီလို လေ့ကျင့်ပေးမှုကြောင့် အားလုံးက ခိုင်မာ ပြတ်သားသော စိတ်ဆန္ဒများက ဖြစ်တည်လာခဲ့တယ်။
Chapter-513
End
အပိုင်း(၅၁၄)
အထက်စီးဆန်သော ယွမ်လော့ဖုန်း (၂)
“ကောင်မလေးက မဆိုးရှာပါဘူး… ငါ့တန်ခိုး အစွမ်းကို ခံနိုင်ရည် ရှိလား စမ်းသပ်ကြည့်ရတာပေါ့”
အဘိုးအိုက ခပ်ရေးရေးမျှ ပြုံးလိုက်ပြီး သူ့တန်ခိုး အားလုံးကို ထုတ်သုံးလိုက်တယ်။ ချက်ချင်း အခန်းတစ်ခန်းလုံးက သူ့အစွမ်းများဖြင့် ပြည့်နှက်နေခဲ့တယ်။ ပြင်းထန်သော ထိုးနှက်ချက်ကို ခံနိုင်ရည်မရှိသောကြောင့် သက်လတ်ပိုင်း အမျိုးသား နဲ့ ထျန်းမိသားစုရဲ့ တခြားသော တပည့်များက ကြမ်းပြင်ပေါ်မှာ ဝပ်တွားနေခဲ့တယ်။ ဒါပေမဲ့လည်း ကျူံးလင်းအာ တစ်ယောက်တည်း ဒီထိုးနှက်ချက်ကို ခုခံ ရုန်းကန်နေခဲ့ပါတယ်။
သူမလက်က ကြမ်းပြင်ကို အတင်း ဖိနှိပ်ထားပြီး နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း ဖိကိုက်နေခဲ့တယ်။ သူမ ခံတွင်းမှာ သွေးများ ပြည့်လျှံလာခဲ့ပြီး ထိုသွေးများကို သူမ မျိုချလိုက်တယ်။
အဘိုးအိုရဲ့မျက်ဝန်းများက တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပြီး ဂရုဏာသက်ဟန် ဦးခေါင်းကို ခါရမ်းလိုက်တယ်။
အဘိုးအိုရဲ့ အမြင်မှာတော့ ကျူံးလင်းအာ … ဒီလို အစွမ်းအစမျိုး ရှိတာ ရတနာတစ်ပါး ပိုင်ဆိုင်ထားလို့သာ မှတ်ယူထားခဲ့တယ်။ တကယ်တမ်း… သူမရဲ့ အောင်မြင်မှုက ယွမ်လော့ဖုန်းနဲ့ ဆက်စပ်နေသည်ကိုတော့ သူ မသိပေ။ ကျူံးလင်းအာက ယွမ်လော့ဖုန်းရဲ့ နောက်လိုက် မလုပ်ဘူးဆိုရင် သူမ ပိုပြီးတော့ အောင်မြင်နိုင်တယ်လို့ တွေးထင်နေပါရဲ့။
ဗိုင်း
နောက်ဆုံးတော့ ကျူံးလင်းအာ တစ်ယောက် ဆက်လက် မခုခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ အစမှ အဆုံးအထိ သူမဒူးခေါင်းက ကြမ်းပြင်နဲ့ မထိခဲ့ပေ။ နောက်ဆုံးသော အချိန်ပိုင်းလေးအတွင်းမှာ သူမရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံး လဲကျသွားဖို့ပဲ ရွေးချယ်ခဲ့တယ်။ သူမ ဘယ်သောအခါမှ ဒူးထောက် အညံခံမည် မဟုတ်ပေ။
"သူမကို ခေါ်သွားတော့"
အဘိုးအိုက လက်ဟန် အမူအရာဖြင့် ခံစားချက် ကင်းမဲ့စွာ ပြောလိုက်တယ်။
“သူမ ပိုင်ဆိုင်တဲ့ ရတနာကို ငါတို့ အရယူမယ် ဒီလိုဆိုရင် ထျန်းမိသားစုက ထျန်းရာထက် အစွမ်းမြင့်သွားနိုင်တယ်”
ထျန်းရာ… မင်း ဂုဏ်မောက်နေတာ ရပ်လိုက်တော့…ဟား…။
ဒီလို ခေါင်းကြောမောတော့လည်း ငါက နှိပ်စက်ပေးရတာပေါ့။ ထျန်းမိသားစုရဲ့ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိမလား ကြည့်ရတာပေါ့။
………………..
ထျန်းတောင်ရဲ့ ကြမ်းတမ်းသော ကျောက်သားလမ်းမပေါ်မှာ အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးက ကြွေဆင်းနေသော သစ်ရွက်များကို တက်နင်းရင်း ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့တယ်။ ဒါကြောင့်လည်း တရှဲရှဲ မြည်သံလေး ဖြစ်ပေါ်နေတာပေါ့။
သူမနောက်မှာ ယောကျ်ားတစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ရှိတယ်။ နှစ်ဦးစလုံးမှာ ဓားကိုယ်စီ ရှိကြပြီး သူမနောက်မှ နီးကပ်စွာ လိုက်ပါလာခဲ့တယ်။
ဝုန်း…
ရုတ်တရက် အရှေ့ဘက် လမ်းမထက်မှာ ပြင်းထန်သော တိုက်ခိုက်သံကို ကြားလိုက်ရတယ်။ ထိုအသံကို ကြားလိုက်ရသော်လည်း မိန်းကလေးက မလှုပ်မယှက် ရပ်နေခဲ့တယ်။ချောမော လှပသော သူမမျက်နှာပေါ်မှာ ငြီးငွေ့သော အပြုံးလေး ရှိနေခဲ့လေရဲ့။
အရှေ့ဘက် လမ်းမှ အသံကို နားစွင့်ပြီးနောက် ချင်ယန်လည်း ကောင်မလေးကို ကြည့်ကာ ပြောလိုက်တယ်။
“သခင်မလေး… လူတစ်စု တိုက်ခိုက်နေတယယ်”
“ငါတို့ အလုပ်ကိစ္စ မဟုတ်ပါဘူး… ဆက်သွားမယ်”
ဗိုင်း…
ထို့နောက် အရိပ်တစ်ခုက ကောင်းကင်ပေါ်မှ ယွမ်လော့ဖုန်း ရှေ့နား ကျရောက်လာခဲ့တယ်။ အမည်းရောင် ဝတ်စုံနဲ့လူက သူ့မျက်နှာကို အမည်းရောင် အဝတ်စနဲ့ ဖုံးလွှမ်းထားပြီး သူ့ရင်ဘတ်က သွေးများဖြင့် နီရဲနေခဲ့တယ်။ ချောင်းများ အဆက်မပြတ် ဆိုးရင်း တောင်းပန် ခယရှာတယ်။
“ငါ့ကို ကူညီပေးပါ…”
အမည်းရောင် ဝတ်စုံနဲ့ အမျိုးသားက သူ့ဘေးနားမှာ ရပ်နေတဲ့ ယွမ်လော့ဖုန်းကို ငေးကြည့်ကာ ခပ်သြသြ အသံနဲ့ ပြတ်တောင်းပြတ်တောင်း ပြောနေခဲ့တယ်။ ထို့နောက် လူတစ်စု သူမအနား ရောက်လာကာ ယွမ်လော့ဖုန်းကို မထီမဲ့မြင် ကြည့်တယ်။
“ကောင်မလေး… မင်း ငါတို့အလုပ်ကိစ္စကို ဝင်မရှုပ်ရင်ကောင်းမယ်… ဒါမှမဟုတ်… မင်း ဒီမှာ သေချင်နေလား”
ဒီလူရဲ့ ခြိမ်းခြောက်သော စကားကို ကြားရပြီး ယွမ်လော့ဖုန်းလည်း အပြုံးမမည်သော အပြုံးကို ပြုံးလိုက်တယ်။
“ငါက ဒီနေရာက ဖြတ်သွားရုံလေး… နင်တို့အလုပ် နင်တို့ ဆက်လုပ်နိုင်တယ်”
အမည်းရောင်ဝတ်စုံနဲ့ အမျိုးသားမှာ ယွမ်လော့ဖုန်း ပြောလိုက်သော စကားကြောင့် စိတ်ပျက်သွားတယ်။ သေခြင်းတရားကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သူ ယတိပြတ် ဆုံးဖြတ်လိုက်တယ်။
“လူယုတ်မာကောင်”
ခက်ထန်သော လှောင်ရယ်သံနဲ့အတူတူ ထိုလူတစ်စုက အမည်းရောင် ဝတ်စုံနဲ့လူကို မညှာမတာ ကန်ကျောက်တော့တယ်။
“မင်း… အရမ်း သတ္တိကောင်းနေပါလား…ထျန်းအိမ်တော်ကို ကျူးကျော် ဝင်ရောက်ရဲတယ်… ငါတို့ သခင်ကို အနှောင့်အယှက် မပေးမိတာ မင်း ကံကောင်းတယ် မှတ်လိုက်… မဟုတ်ရင်တော့ မင်း ဘဝက သေတာမှ ပိုကောင်းတယ် ဖြစ်သွားမယ်… နားလည်လား…”
အမည်းရောင်ဝတ်စုံနဲ့လူက ထေ့ငေါ့လိုက်တယ်။
“ငါ အသက်ရှင်နေသ၍… ငါ့ဆရာအတွက် နင်တို့ကို လက်စားချေမယ်”
Chapter-514
End
အပိုင်း(၅၁၅)
အထက်စီးဆန်သော ယွမ်လော့ဖုန်း (၃)
“ဟား… ငါတို့ကို သတ်ချင်တယ်… ဟုတ်လား”
ဟာသ ပြက်လုံးကို ကြားရသလို… ဝတ်ရုံတော်နဲ့လူက အထင်မြင်သေးစွာ ဟားတိုက် ရယ်မောတော့တယ်။ သူ့နောက်မှ လူတစ်စုလည်း ဟားတိုက် ရယ်မောလေတယ်။ သူတို့အားလုံးရဲ့ မျက်ဝန်းများမှာ အထင်မြင်သေးမှုများ ပြည့်လျှံနေခဲ့တယ်။ ခဏကြာတော့ ဝတ်ရုံတော် အမျိုးသားက ရယ်မောနေသည်ကို ရပ်တန့်ပြီး ခက်ထန်စွာ ပြောလိုက်တယ်။
“မင်းလို အဆင့်အတန်းနဲ့လား…ဟား… ငါတို့ကို သတ်ဖို့ ဘယ်လို စီမံ မလဲ ကြည့်ရတာပေါ့”
အမည်းရောင်ဝတ်စုံနဲ့ အမျိုးသားရဲ့ အသံက သွေးအေးရက်စက်ပြီး သူ့မျက်ဝန်းများက လူသတ်ချင်စိတ်များဖြင့် တောက်လောင်နေခဲ့တယ်။
“မင်းတို့ ငါ့ကိုထောက်ချောက်ဆင် မတိုက်ခိုက်ရင် ငါ… ထျန်းမိသားစုကို သုတ်သင်ပြီတာ ကြာပြီ”
“မင်း ဘယ်လိုပဲ ရှုံး ရှုံး… ရှုံးနိမ့်တာက ရှုံးနိမ့်တာပဲ… မင်း အရှက်တကွဲ အကျိုးနည်းစွာ ရှင်သန်ရမှာစိုးလို့ ငါ မင်းကို ငရဲပြည် ပို့ပေးမယ်”
ရွှမ်းခနဲ မြည်သံ။
ထိုလူူက သူ့ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး အမည်းရောင် ဝတ်စုံနဲ့ အမျိုးသားကို ဓားနဲ့ ရွယ်ထားလိုက်တယ်။
ရုတ်တရက် ဘေးဘက်မှ လက်တစ်ဖက် ပေါ်လာပြီး သူ့ဓားရိုးကို လက်ဖြင့် ဆုပ်ကိုင်လာခဲ့တယ်
အမည်းရောင်ဝတ်စုံနဲ့ လူမှာ မှင်တက်သွားပြီး အလွန်ချောမောသော မိန်းကလေးကို စောင်းငဲ့ကြည့်လိုက်တယ်။ နားလည်ရခက်သော အကြည့်များက သူ့မျက်ဝန်းမှာ ဖြတ်ပြေးသွားရတယ်။
ဝင်ရှုပ်ဖို့ ရည်ရွယ်ချက် မရှိတဲ့ သူမက သူ့ကို ဘာလို့များ ရုတ်ခြည်း ကယ်တင်ရသလဲ။
အမည်းရောင် ဝတ်စုံနဲ့ အမျိုးသားရဲ့ အတွေးကို မစဉ်းစားတော့ဘဲ ယွမ်လော့ဖုန်းနဲ့ ဝတ်ရုံတော်နဲ့ အမျိုးသားကို လှည့်ကြည့်လိုက်တယ်။
“ရှင်က ထျန်းမိသားစုဝင်လား”
“အမှန်ပဲပေါ့”
ထိုလူက မျက်မှောင်ကြုတ်ပြီး ပြောလာခဲ့တယ်။
“ငါတို့က ထျန်းမိသားစုကမှန်း သိရင် ငါတို့ကိစ္စကို ဝင်မရှုပ်နဲ့”
“စိတ်မကောင်းပါဘူး…”
ယွမ်လော့ဖုန်းလည်း သူမရဲ့ နှုတ်ခမ်းထောင့်စွန်းများကို မြှင့်တင်လိုက်ပြီး ကောက်ကျစ် စဉ်းလဲသော အပြုံးလေးကို ပုံဖော်လိုက်တယ်။
“ငါက ထျန်းမိသားစုကို လက်စားချေဖို့ ရောက်လာခဲ့တာ”
ဝုန်း…
ချက်ချင်း.. ယွမ်လော့ဖုန်းရဲ့ လက်သီးက ပျံသန်းလာပြီး ထိုလူကို အဝေးလွှင့်ထွက်သွားအောင် လက်သီးနဲ့ ထိုးလိုက်တယ်။ ယွမ်လော့ဖုန်းရဲ့ ထိုးနှက်ချက်ကြောင့် သူ့ဦးခေါင်းက ကျောက်တုံးနဲ့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်တော့တယ်။ ဝက်တစ်ကောင်လို ချက်ချင်း သွေးများ ယိုစိမ့်လာရတယ်။ သူ့သွေးများက စမ်းချောင်းလေးကို အနီရောင် စွန်းထင်းစေတယ်။
အားလုံးလည်း ကြောင်အမ်းအမ်း ဖြစ်နေလေရဲ့…။ ခဏကြာတော့ တုန်ရီနေသော လက်ချောင်းများဖြင့် ယွမ်လော့ဖုန်းကို လက်ညိုထိုးက ကြောက်ကြောက်လန့်လန့် ပြောရှာတယ်။
“မင်း…. ထျန်းမိသားစုရဲ့ တပည့်ကို တိုက်ခိုက်ရဲတယ်ပေါ့၊ မင်း… သေမှာ မကြောက်ဘူးလား”
“ငါက ထျန်းမိသားစုနဲ့ စာရင်းရှင်းဖို့ လာတာလို့ ပြောပြီးသားပါ”
ယွမ်လော့ဖုန်းလည်း သူ့ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
“ထျန်းမိသားစုကို သွားပြန်ပြောလိုက်စမ်း… ငါဆိုတဲ့ ယွမ်လော့ဖုန်းက ငါ့လက်အောက်ငယ်သားကို ပြန်လာခေါ်မယ်လို့… ကျူံးလင်းအာကို အသာတကြည် ပေးမလား…ထျန်းမိသားစု တစ်စုလုံး သုတ်သင်ခံရတာကို ထိုင်ကြည့်ချင်လား မေးလိုက်”
ယွမ်လော့ဖုန်း…
ထိုနာမည်ကို ကြားတော့ ထျန်းမိသားစုရဲ့ တပည့်အားလုံး တုန်လှုပ်သွားပြီး တောင်ပေါ်ကို အလျင်အမြန် ပြေးထွက်သွားတော့တယ်။ ကျန်ရှိခဲ့သော လူရဲ့ ခန္ဓာကိုယ်ကို ခေါ်ဆောင်သွားဖို့ ဘယ်သူမှ မနေခဲ့ရဲပေ။
“ချင်ယန်… ရဲ့လင်း သွားမယ်”
အစမှ အဆုံးအထိ ယွမ်လော့ဖုန်းက အမည်းရောင် ဝတ်စုံနဲ့လူကို မကြည့်ခဲ့ဘူး။ သူမ ရှေ့ဆက်သွားဖို့ ခြေလှမ်းပြင်လိုက်တယ်။
“ခဏလေး စောင့်ပါဦး”
အမည်းရောင်ဝတ်စုံနဲ့လူက မြေကြီးပေးမှ ထကာ ဒူးထောက်လိုက်တယ်။
“မိန်းကလေး.. ကျွန်တော်ကို မင်းရဲ့ လက်အောက်ငယ်သား အဖြစ် လက်ခံပေးပါ… ထျန်းမိသားစုကို ဖျက်ဆီးဖို့ ကျွန်တော် ကူညီပါ့မယ် ၊ မင်း သဘောတူမယ်ဆိုရင် မင်းကို သုံးနှစ် ခစားပါ့မယ်”
ယွမ်လော့ဖုန်းလည်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်တယ်။
“ရှင့်ကို ထျန်းမိသားစုရဲ့ တပည့်တွေ သတ်လုနီးပါးပဲ ၊ ကျွန်မက ရှင့်ကို ဘာအကြောင်းကြောင့် လိုအပ်မလဲ”
အမည်းရောင်ဝတ်စုံနဲ့ အမျိုးသားက သူမစကားကိုကြားတော့ သူ့မျက်နှာမှာ အရှက်ရမှုများ ကြီးစိုးသွားတော့တယ်။ သူလည်း ချောင်းခြောက်ဆိုးရင်း
“ထျန်းမိသားစုမှာ ထောက်ချောက် အများကြီး ရှိမယ် မထင်လို့ပါ… ထျန်းအိမ်တော်ရဲ့ ထောက်ချောက် တစ်ခုမှာ မိပြီး အပြင်းအထန် ဒဏ်ရာ ရသွားလို့ပါ ၊ ဒီလူတွေက လုံးဝကို ကျွန်တော်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး”
“ထျန်းမိသားစုက ငါ့ရန်သူပါပဲ… ဒါပေမဲ့ သေလုဆဲဆဲ လူတစ်ယောက်နဲ့တော့ သဘောတူညီမှု မထားရှိချင်ဘူး ၊ ရှင် ဘယ်လိုပဲ ရှုံးရှုံး… အရှုံးက အရှုံးပဲ”
Chapter-515
End
အပိုင်း(၅၁၆)
အထက်စီးဆန်သော ယွမ်လော့ဖုန်း (၄)
ဘယ်လိုပဲ ရှုံး…ရှုံး…. ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်းပဲ…
အမည်းရောင် ဝတ်စုံနဲ့ အမျိုးသားရဲ့ စိတ်က တုန်လှုပ်ချောက်ချား လာရတယ်။ သူ့စိတ်ထဲမှာ ဒီစကားကို ထပ်ခါထပ်ခါ ဆင်ခြင် တွေးတောနေမိတယ်။ ခဏကြာတော့ သူ… တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားတယ် ထင်ပါတယ်။ သူလည်း ကောင်မလေးရဲ့ နောက်ကျောပြင်ကို ငေးမော ကြည့်ရှုလိုက်တယ်။
“ကျေးဇူးတင်ပါတယ်… မိန်းကလေး ၊ မိန်းကလေး ဘာဆိုလိုလည်းဆိုတာ ကျွန်တော် နားလည်ပါပြီ ၊ အခုကစပြီတော့ ရန်သူရဲ့ ထောက်ချောက်မှာ နောက်တစ်ကြိမ် မကျရှုံးတော့ဘူး”
သူ့မျက်နှာမှာ ဆုံးဖြတ်ချက် ခိုင်မာမှုများ ပေါ်လွင်နေခဲ့တယ်။
“ကျွန်မကို မိန်းကလေးရဲ့ နောက်လိုက်အဖြစ် လက်ခံပေးပါ…တောင်းဆိုပါတယ်… မိန်းကလေးအတွက် ကျွန်တော် အသက် နဲ့ ဘဝကို ပေးအပ်ပါ့မယ်”
ယွမ်လော့ဖုန်းလည်း နောက်သို့ လှည့်ကြည့်လိုက်ပြီး အသာအယာ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်တယ်။
“ရှင်… ထျန်းမိသားစုကို မုန်းလား”
“အမှန်ပဲ”
အမည်းရောင် ဝတ်စုံနဲ့ အမျိုးသားရဲ့ မျက်ဝန်းများက ရုတ်ခြည်း သွေးအေး ရက်စက်သည့်ဘက်သို့ ပြောင်းလဲသွားခဲ့တယ်။
“ကျွန်တော်… သူတို့ အသားကို စားပြီး သွေးကို သောက်သုံးချင်တယ် ၊ သူတို့ကို အပိုင်းပိုင်း ခုတ်ထစ် လိုက်ချင်တယ်…မိန်းကလေးနဲ့အတူတူ ကျွန်တော်ကို ထျန်းမိသားစု ရှိရာ ခေါ်သွားဖို့ သဘောတူရင် အခုအချိန်ကစပြီတော့ ကျွန်တော်ရဲ့ဘဝက မိန်းကလေး အပိုင်ပါ”
ယွမ်လော့ဖုန်းလည်း သူမရဲ့ မေးဖျားလေးကို အသာယာ ထိကပ်လိုက်တယ်။
“ရှင့်ကို ထျန်းမိသားစုဆီ ခေါ်သွားလို့ ရမယ် အကြောင်းအရင်း ပြောစမ်းပါ ၊ ထျန်းမိသားစုက ရှင့်ကို ဘာလုပ်ခဲ့လို့ ရှင်က အရမ်း ဒေါသထွက်နေရသလဲ”
“အဲဒီ လူယုတ်မာကောင်က ကျွန်တော်ရဲ့ ဆရာကို နှိပ်စက်ခဲ့တယ်”
အမည်းရောင် ဝတ်စုံနဲ့လူက လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ထားလိုက်တယ်။
“ကံဆိုးစွာနဲ့ ငါ့ဆရာက ဒီကို မလာနိုင်တော့ဘူး ဒါကြောင့် သူမအတွက် ငါ ဒီကို လာခဲ့ရတာ…”
ယွမ်လော့ဖုန်းလည်း အမည်းရောင် ဝတ်စုံနဲ့ လူကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့တယ်။
“သခင်လည်း ခံစားမိလား”
သူမရဲ့ စိတ်ဝိညာဉ်ထဲမှ ရှောင်မိုရဲ့အသံက ပြေးလွှားလာခဲ့တယ်။
“ဒီလူရဲ့ အသံရှုသံက အရမ်းကို အားနည်းနေပြီ ၊ ဒါပေမဲ့ သူ့အစွမ်းအစက မဆိုးပါဘူး … ၊ သူ့အသက်ရှုနှုန်းကို ထိန်းချုပ်ဖို့ လျှို့ဝှက်နည်း သုံးထားတာ မဟုတ်ဘူးလို့ ခံစားရတယ်”
အနှစ်ချုပ်ပြောရမယ်ဆိုရင် မင်းထက် စွမ်းအားနိမ့်သူနောက် နောက်ယောင်ခံလိုက်ရင် မင်းကို သတိမထားမိအောင် ကိုယ်ယောင် ဖျောက်နိုင်မယ် အကယ်၍ မင်းရဲ့ ပြိုင်ဘက်က ဆရာကျရင်တော့ မင်းဘယ်လိုပဲ ကြိုးစားပါစေ သူက မင်းကို ရှာတွေမှာပဲ။ ဒါပေမဲ့လည်း ဒီလူကတော့ ခြားနားတယ်။ တစ်ခြားလူတစ်ယောက်ရှေ့မှာ ကိုယ်ယောင်ဖျောက်နိုင်အောင် လေ့ကျင့်ပေးထားတဲ့ လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက်ပဲ။ သူ့ထက် အစွမ်းမြင့်တဲ့လူတစ်ယောက်ကို အလွယ်တကူ သတ်နိုင်တယ်။
“သခင်… ကျွန်တော်အထင် မမှားဘူးဆိုရင် ဒီလူက တော်တော်ကို ထူးခြားတယ် အခုက နေ့အချိန်ပဲ ရှိသေးလို့ ညအချိန်ရောက်ရင် သူ့ အားအနည်းဆုံး အသက်ရှုသံကို ကြားရတော့မှာ မဟုတ်ဘူး”
ဒီတစ်ခေါက်တော့ ကံဆိုးစွာနဲ့ ထျန်းမိသားစုရဲ့ ထောက်ချောက်မှာ မတော်တဆ မိသွားခဲ့ပြီး သူ့ကိုယ်သူ ပေါ်ထင်သွားခဲ့တယ်။ မဟုတ်ရင်တော့ ထျန်းမိသားစုရဲ့ သခင်များကို သူ လုပ်ကြံသတ်ဖြတ်ပြီးတာ ကြာပြီလေ။
“ရှင့်နာမည်ပြော…၊ ”
ယွမ်လော့ဖုန်းလည်း ပြုံးကာ မေးလိုက်တယ်။
မိန်းကလေးရဲ့ စကားကို နားစွင့်ပြီးနောက် အမျိုးသားလေးက အတော်လေး ပျော်ရွှင်သွားပုံရတယ်။ သူ့မျက်နှာပေါ်က အမည်းရောင် ပဝါစကို ဖယ်ရှားလိုက်ပြီး ခန့်ညား ချောမောသော မျက်နှာကို ပြသလိုက်တယ်။
“သခင်… ကျွန်တော်ရဲ့ နာမည်က လုံဖေးပါ”
သူ့ဆရာအတွက် လက်စားချေဖို့အန္တရာယ် အားလုံးကို သူ ဖြတ်ကျော်နိုင်တယ်။ သူ့ဆရာအတွက် ထျန်းမိသားစုရဲ့ အယုတ်တမာကောင်များကို လက်စားချေနိုင်ရင် ဒီမိန်းကလေးကို ၃နှစ်မပြောနဲ့ ၁၀နှစ် ခစားရလည်း ကိစ္စ မရှိဘူး။
“ချင်ယန်… သူ့အနာကို ဆေးထည့်ပေးလိုက်… သူ သက်သာမှ ငါတို့ ခရီးဆက်မယ်”
“ဟုတ်ကဲ့ပါ သခင်မလေး”
…………………
ခမ်းနားထည်ဝါသော အခန်းထဲမှာ အဘိုးအိုတစ်ယောက် မျက်ဝန်းများကို ပိတ်ကာ တရားကျင့်ကြံနေခဲ့ပြီး ပျာယာခတ်နေသော အသံက သူ့နာစည်သို့ ဝင်ရောက်လာခဲ့တယ်။
“သခင်… ပြဿနာ တက်ပြီ… တတိယမြောက် အကြီးအကဲ အဖွဲ့ရဲ့ တပည့်ဖြစ်တဲ့ ထျန်းယွဲ့ကို ယွမ်လော့ဖုန်း သတ်လိုက်တယ်”
“ဘာ…”
အဘိုးအိုက ချက်ချင်း မျက်လုံးဖွင့်လိုက်တော့ ဘုတ်ခနဲ ဖြစ်သွားရတယ်။ လက်ဖဝါးနဲ့ နံရံကို ရိုက်ချလိုက်ချိန်… နံရံတစ်ခုလုံး ကြေမွသွားခဲ့တယ်။
“ဒီမိန်းမက ငါတို့မိသားစုရဲ့ တပည့်ကို သတ်ရဲတယ်လား သူမ အလွယ်တကူ ရန်ရှာလို့ ရအောင် ငါတို့က အားလည်းတဲ့လူတွေကို ထင်နေသလား ၊ ငါတို့ ထျန်းမိသားစုကို ရန်ရှာမိတဲ့ အကျိုးဆက်ကို ပြသရတာပေါ့”
Chapter-516
End
အပိုင်း(၅၁၇)
ထျန်းရွှယ်၏ အကြံအစည် (၁)
တောင်ထိပ် မြင့်မားသော အဆောက်အဦများကြား ခန့်ညားထည်ဝါသော တံခါးပေါက်တစ်ခု မားမားမတ်မတ် တည်ရှိနေခဲ့တယ်။ နီညိုရောင်နဲ့ နေရောင်အောက်မှာ တည်ကြည် ခန့်ညားနေခဲ့တယ်။
ယွမ်လော့ဖုန်းလည်း ရပ်တန့်လိုက်ပြီး မျက်ဝန်းနက်များဖြင့် တံခါးကို စူးစူးရဲရဲ ကြည့်လိုက်ကာ သွေးအေးအေး အမိန့်ပေးလိုက်တယ်။
“ငါအနားက ခွာထားမယ်”
“ဟုတ်ကဲ့”
ချင်ယန်နဲ့ ရဲ့လင်းက နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားသွားခဲ့တယ်။ လုံဖေး တစ်ယောက်တည်း ဘာဖြစ်မှန်း မသိတာကြောင့် သူလည်း နောက်သို့ ဇဝေဇဝါးနဲ့ ဆုတ်ခွာလိုက်တယ်။ သူတို့အားလုံး နောက်ဆုတ်ပြီးနောက် ရုတ်ခြည်း ယွမ်လော့ဖုန်းရှေ့နားမှာ ဓားရှည် တစ်လက် ပေါ်လာခဲ့တယ်။ ထိုဓားက လေထဲမှာ လွင့်မျောနေပြီး ချမ်းစိမ့်စိမ့် အလင်းတန်းများဖြင့် တောက်ပနေခဲ့တယ်။
“ဖျက်ဆီး ပစ်မယ်”
ကောင်မလေးရဲ့အသံက အထက်စီးဆန်သော်လည်း ခံစားချက် ကင်းမဲ့နေဆဲပါ။ သူမအသံက အားမန် အပြည့်ပါပဲ။
ဝုန်း…
သူမ အသံ ပျောက်ကွယ်သွားပြီးနောက်.. ကောင်းကင်ယံမှ ဓားရှည် တစ်လက် ကျဆင်းလာပြီး နီညိုရောင် တံခါးကို စတင် ဖျက်ဆီးတော့တယ်။ ခဏလေးအတွင်းမှာ နီညိုရောင် တံခါးက ကျိုးကြေသွားခဲ့ပြီး ထို ကျိုးပဲ့စများက တံခါးပေါက်ယမှာ ပြန့်ကျဲနေခဲ့တယ်။ မကြာခင်မှာပဲ အံ့သြမှင်တက်နေသော လုံဖေး မျက်စိရှေ့မှာ တံခါးက တစ်စစီ ဖြစ်သွားခဲ့တယ်။
“ထျန်းမိသားစုရဲ့ တံခါးပေါက်ကို ဖျက်ဆီးတာ ဘယ်သူလဲ”
တံခါးအတွင်းဘက်မှ ကျယ်လောင်သော အော်သံ ထွက်ပေါ်လာခဲ့ပြီး လူတစ်စုကို ဦးဆောင်လာသော သက်လတ်ပိုင်း အမျိုးသားကို တွေ့လိုက်ရတယ်။ လူယုတ်မာ မျက်နှာ ၊စူးရှသော အကြည့်နဲ့ ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။
“ကျူံးလင်းအာ ဘယ်မှာလဲ”
ယွမ်လော့ဖုန်းလည်း လိုရင်းကို ပြောတယ်။
ထျန်းရွှယ်လည်း မဲ့ပြုံး ပြုံးလိုက်ပြီး ထေ့ငေါ့လိုက်တယ်။
“ကျူံးလင်းအာက ထျန်းမိသားစုရဲ့ တပည့် ၊ မင်းလို သာမန်လူတစ်ယောက်ကိုသူမက လာမတွေ့နိုင်ဘူး ၊သူမက အပြင်ဘက်စည်း တပည့်တစ်ယောက် ဖြစ်လည်း မင်းက ငါတို့ ထျန်းမိသားစုရဲ့ တပည့်ကို တွေ့ဖို့ အရည်အချင်း မပြည့်မှီဘူး ”
ထျန်းရွှယ်ရဲ့ အမြင်မှာတော့ ယွမ်လော့ဖုန်းက ထျန်းမိသားစုဝင်များနဲ့ မိတ်ဆွေ ဖြစ်ဖို့ မထိုက်တန်ဘူး ဒါကြောင့် သူမကို ကျူံးလင်းအာနဲ့ တွေ့ဖို့ ခွင့်မပြုနိုင်ဘူး.
ထျန်းရာ ပြောပြထားလို့ ထျန်းမိသားစုရဲ့ ဘဝင်ကို သူမ ကောင်းကောင်းသိပါတယ်။ ထျန်းရွှမ်ရဲ့ လှောင်ပြောင်မှုကို ဂရုမပြုသလို ဆက်ပြောလာခဲ့တယ်။
“ကျူံးလင်းအာကို ရှာဖို့ ဒီကို လာခဲ့တာ ၊ သူမကို မလွှဲပြောင်းပေးရင် ကျွန်မ … ရှင်တို့နဲ့ တိုက်ခိုက်ရလိမ့်မယ်”
ယခုတော့ ကောင်မလေးက လူသတ်ချင်သော အငွေ့အသက်များကို ထုတ်လွှင့်နေခဲ့တယ်။ သူမလည်း မျက်ခုံး အသာပင့်ပြီး ထျန်းရွှမ်ကို အထက်စီးဆန်သော မျက်ဝန်းများဖြင့် သွေးအေးစွာ ကြည့်လိုက်တယ်။ ပြင်းထန်သော လေအားကြောင့် သူ့အဖြူရောင်ဝတ်စုံက တလွင့်လွင့် ဖြစ်နေပြီး သူမအကြည့်ကြောင့် သူမကို လျစ်လျူရှုဖို့ ခဲယဉ်းနေတယ်။
“ဟား…”
ထျန်းရွှယ် လည်း ဟားတိုက် ရယ်မောလိုက်တယ်။
“မင်း… ငါ့ကို ဘယ်လို တိုက်ခိုက်မလဲ ကြည့်ရတာပေါ့… အစောင့်တွေ ထျန်းမိသားစုကို ကျူးကျော် ဝင်ရောက်လာတဲံ ဒီလူတွေကို ဖမ်းစမ်း”
“အမိန့်တော်အတိုင်းပါ… သခင်”
ထျန်းရွှယ်ရဲ့ အမိန့်ကို ကြားပြီးနောက် ထျန်းမိသားစုရဲ့ တပည့်များက သူတို့လက်နက်ကို ထုတ်ပြီး ယွမ်လော့ဖုန်းရှိရာ တဟုန်ထိုး ပြေးသွားတော့တယ်။ ကောင်မလေးက တည်ငြိမ်စွာ ရပ်နေခဲ့ပြီး တုန်လှုပ်ခြင်း အလျင်မရှိပါ။
“လုံဖေး… သူတို့ကို အမြန်ဆုံး စာရင်းရှင်းလိုက်စမ်းပါ”
သူမရဲ့ မျက်ဝန်းများက ထျန်းမိသားစုရဲ့ တပည့်များကို ဖြတ်ကျော်ပြီး နီညိုရောင် တံခါးရှေ့မှာ လူသတ်ချင်နေသော မျက်ဝန်းများဖြင့် ရပ်နေသော သက်လတ်ပိုင်း အမျိုးသားကို ကြည့်နေလိုက်တယ်။
ယွမ်လော့ဖုန်းရဲ့ အမိန့်သံကို ကြားပြီးနောက် လုံဖေးက သူ့လက်နက်ကို ထုတ်လိုက်ပြီး ထျန်းမိသားစုရဲ့ တပည့်များကြား ခေါက်တုံ့ခေါက်ပြန် ပြေးလွှားသွားလိုက်တယ်။ အမည်းရောင် လေပွေ ဖြတ်သန်းသွားတိုင်း တပည့်တစ်ယောက် မြေကြီးပေါ် လဲကျသွားပြီး သူတို့အားလုံးရဲ့ သွေးများ မြေကြီးပေါ် စီးဆင်းနေခဲ့တယ်။ တချို့ဆို သူတို့ ဘယ်လို အသတ်ခံလိုက်ရမှန်း မသိပေ။
ဒီလူက အရမ်းကို မြန်ဆန်းလွန်းတယ်။ ထျန်းရွှယ်လည်း သူ့မျက်ဝန်းကို မှေးကျဉ်းလိုက်တော့ သူ့မျက်ဝန်းမှာ အံ့သြသော အကြည့်များ တဖျတ်ဖျတ်လက်နေခဲ့တာပေါ့။ ဒီလူက လုပ်ကြံသူဖြစ်ဖို့ မွေးဖွားလာတာ ဖြစ်မယ်။ သူသာ ငါတို့ကို ခစားဖို့ ဆန္ဒရှိရင် ငါတို့ ထျန်းမိသားစု ဒီထက်ပိုပြီး အာဏာ ရှိလာနိုင်မယ်။
ထျန်းရွှယ်က သေဆုံးသွားတဲ့ သူ့တပည့်များကို ဂရုမစိုက်ဘဲ ဒီအကြံကိုပဲ တွေးတောနေခဲ့တယ်။]
Chapter-517
End
Bạn đang đọc truyện trên: Truyen247.Pro