Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

503-508

Zawgyi

အပုိင္း(၅၀၃)
သူမက ငါ့အေမ (၁)

"သခင္"

ဒုန္း

ေရွာင္မုိလည္း လက္ဆန္႔တန္းျပီး ယြမ္ေလာ့ဖုန္းရွိရာ ေျပးလာခဲ့တယ္။ သူ႔ႏူးညံ့ေသာ ခႏၶာကုိယ္ေလးက ေကာင္မေလး ရင္ခြင္ထဲ အရွိန္ျဖင့္ ေျပးဝင္ကာ တုိတုတ္ေသာ သူ႕လက္ေလးက ေသးသြယ္ေသာ သူမခါးေလးကုိ တင္းက်ပ္ေနေအာင္ ဖက္တြယ္ထားခဲ့တယ္။
"သခင္... ေကာင္းကင္ဘုံအဆင့္ ျဖစ္လာတည္းက သခင္ ကမာၻထဲကုိ ကြ်န္ေတာ္ ခဏ ေပၚလာလုိ႔ ရတယ္"
ခ်စ္ဖုိ႔ေကာင္းတဲ့ မ်က္ႏွာေလးကုိ ေမာ့လုိက္တယ္။ နီျမန္းေသာ သူ႔မ်က္ႏွာေလးက ျပံဳးရိပ္သန္းေနခဲ့တာေပါ့။

"နင္ အခ်ိန္ ဘယ္ေလာက္ၾကာၾကာ ဒီမွာ ေနႏုိင္မွာလဲ"
ယြမ္ေလာ့ဖုန္းလည္း မ်က္ခုံးပင့္ျပီး ေမးလုိက္တယ္။

ေရွာင္မုိလည္း လက္ကုိက္ရင္း မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္လုိက္တယ္။
"ကြ်န္ေတာ္လည္း အတိအက် မသိဘူး... သခင္ ဒီနယ္ပယ္ကုိ အတားအဆီး ျဖတ္ေက်ာ္သြားျပီးတည္းက အလုိအေလ်ာက္ ထြက္လာခဲ့တာပဲ..."

ယြမ္ေလာ့ဖုန္းလည္း သူမ ေမးဖ်ားေလးကုိ အသာအယာပြတ္သပ္လုိက္ျပီး နက္နက္ရႈိင္းရႈိင္း ေတြးေတာလုိက္တယ္။

အဲ့အခ်ိန္... ဒုန္းခနဲ အသံနဲ႔အတူတူ ခ်င္ယန္တစ္ေယာက္ အခန္းထဲကုိ ဒယိမ္းဒယုိင္ ဝင္လာခဲ့တယ္။ လွပ တင့္တယ္ေသာ မ်က္ႏွာေလးက အနီေရာင္ ပန္းသီးေလးအတုိင္း ခ်စ္စဖြယ္အတိပါ။ သူမလည္း ေဟာဟဲေဟာဟဲ ေျပာရွာတယ္။

"သခင္မေလး... သတင္းဆိုး..."

"ဘာျဖစ္လုိ႔လဲ"
ယြမ္ေလာ့ဖုန္းလည္း ခ်င္ယန္ကုိ ၾကည့္ျပီး မ်က္ခုံးပင့္ကာ အေမာတေကာ ေျပာလုိက္တယ္။

"သခင္မေလး... က်ံဳးလင္းအာ... သူမ...."
ခ်င္ယန္လည္း သူမနဖူးေပၚမွ ေခြ်းစမ်ားကုိ သုတ္လုိက္ျပီး စုိးရိမ္တႀကီး ေျပာလုိက္တယ္။
"သူမကုိ ထ်န္းမိသားစုက ဖမ္းေခၚသြားတယ္"

ယြမ္ေလာ့ဖုန္းရဲ႕ မ်က္ႏွာက တစ္စနဲ႔တစ္စ ပုိုျပီး မည္းေမွာင္လာခဲ့တယ္။ မီးေတာက္အဖြဲ႕ ေခါင္းေဆာင္က တာဝန္တစ္ခုကုိ ထမ္းေဆာင္ေနခဲ့တာ... သူမကုိ ထ်န္းမိသားစုဝင္ေတြက ဖမ္းသြားသတဲ့လား။

"အံ့ၾသဖုိ႔ ေကာင္းလုိက္တာ... ငါ ထ်န္းခယ္ ျပႆနာကုိ ရွင္းျပီးတာေတာင္ ထ်န္းမိသားစုက ငါ့ကုိ ရန္ရွာရဲေသးတယ္"
လူသတ္ခ်င္ေသာ အေငြ႕အသက္မ်ားက ယြမ္ေလာ့ဖုန္းရဲ႕ ေမွးက်ဥ္းေသာ မ်က္ဝန္းမွာ တဖ်တ္ဖ်တ္လက္လာခဲ့တယ္။
"ဒါနဲ႔ က်ံဳးလင္းအာ တာဝန္နဲ႔ ထ်န္းမိသားစုက မသက္ဆုိင္ပါဘူး ဘာေၾကာင့္ သူတုိ႔က ဖမ္းရတာလဲ"

"သခင္မေလး... မီးေတာက္အဖြဲ႕ဝင္ေတြ ဒီကုိ ျပန္လာခဲ့စဥ္... က်ံဴးလင္းအာက... ထ်န္းမိသားစု အနားမွာ တျခား တာဝန္ တစ္ခုကုိ ထမ္းေဆာင္ေနခဲ့တယ္ ဒါနဲ႔ ထ်န္းမိသားစုနဲ႔ အမွတ္မထင္ ေတြ႕တာပါပဲ"

ခ်င္ယန္လည္း အသက္ခပ္ျပင္းျပင္း ရႈိက္လုိ္က္ျပီး ယြမ္ေလာ့ဖုန္းကုိ အေသးစိတ္ တင္ျပလုိက္တယ္။
"သူတုိ႕ထဲမွာ က်ံဴးလင္းအာ အစ္ကုိႀကီး ရွိတယ္"

"က်ံဴးလင္းအာ အစ္ကုိႀကီး..."
ယြမ္ေလာ့ဖုန္းလည္း မွင္တက္သြားခဲ့တယ္။
"က်ံဴးလင္းအာက ထ်န္းမိသားစုဝင္လား... မဟုတ္ဘူး... မဟုတ္ဘူး... ငါသိထားတဲ့ စကားအရ က်ံဴးလင္းအာက သာမန္မိသားစုက လာတာပါ... သူက ထ်န္းမိသားစုနဲ႔ ဘယ္လုိ အဆက္အစပ္ ရွိေနတာလဲ..."

"သခင္မေလး... ထ်န္းမိသားစုက အမ်ိဳးသားေလးက က်ံဴးလင္းအာရဲ႕ ဝမ္းကြဲ အစ္ကုိပါ..."

ဒီစကားကုိ ေျပာရင္း ခ်င္ယန္လည္း ေဒါသထြက္လာရျပီး လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ထားလုိက္တယ္။
"အဲ့ဒီႏွစ္က က်ံဴးလင္းအာရဲ႕ အေဖ က်င့္စဥ္ေဖာက္ျပန္ရင္း အသည္းအသန္ ျဖစ္သြားခဲ့တယ္... ေဒသခံ ေကာင္မေလး တစ္ေယာက္က သူ႕ကုိ ကယ္တင္ခဲ့တယ္... ဒါေပမဲ့ လူယုတ္မာေကာင္က ဒီေကာင္မေလး ေခ်ာေမာလွပတာ ျမင္ေတာ့ သက္သာလာေတာ့ ေကာင္မေလးကုိ အဓမၼက်င့္ခဲ့တယ္.....ေကာင္မေလးက သူ႕ကုိ္ယ္သူ အဆုံးစီရင္ခ်င္ခဲ့တယ္ ဒါေပမဲ့ သူမကုိ ငယ္ရည္းစားက ကယ္တင္ခဲ့ျပီး တင့္ေတာင္တင့္တယ္ လက္ထပ္ခဲ့တယ္...."

ယြမ္ေလာ့ဖုန္းလည္း သေရာ္လုိက္တယ္။
"ဒီဇာတ္လမ္းက လယ္သမားနဲ႔ ေျမြ ပုံုျပင္ရဲ႕ တကယ္လက္ေတြ႕ဘဝပဲ"

"လယ္သမားနဲ႔ ေျမြပုံျပင္..."
ခ်င္ယန္လည္း ယြမ္ေလာ့ဖုန္းကုိ နားမလည္ဟန္ ၾကည့္လုိက္တယ္။
"သခင္မေလး... ဒီပုံျပင္က ဘယ္လုိ အေၾကာင္းအရာမ်ိဳးလဲ"

"ဒီဇာတ္လမ္းက က်ံဴးလင္းအာ မိဘေတြရဲ႕ အေတြ႕အၾကံဳနဲ႔ အတူတူပဲေလ... နင္ ကယ္တင္လုိက္တဲ့လူက ၾကင္နာတတ္လား... ေက်းဇူးကန္းမလား ဆုိတာ မသိႏုိင္ဘူးေလ"
ယြမ္ေလာ့ဖုန္းလည္း မ်က္ခုံးပင့္လုိက္တယ္။
"ဒါေၾကာင့္ ငါ့နဲ႔ မသိတဲ့လူကုိ ငါ မကယ္ဘူး... ငါတုိ႔က သူေတာ္စင္ေတြ မဟုတ္ဘူးဆုိတာ ခ်င္ယန္ နင္မွတ္ထားရမယ္... တျခားလူကုိ သနားစရာ မလုိအပ္ဘူး မဟုတ္ရင္ေတာ့ နင္လည္း က်ံဴးလင္းအာအေမနဲ႔ ကံၾကမၼာ တူသြားမယ္"

Chapter-503
End

အပုိင္း(၅၀၄)
သူမက ငါ့အေမ (၂)

ခ်င္ယန္လည္း ေခါင္းညိတ္လုိက္ျပီး တည္ၿငိမ္စြာ ေျပာလုိက္တယ္။
"သခင္မေလး... ကြ်န္မ နားလည္ပါျပီ"

"ေကာင္းျပီ... ေနာက္တစ္ႀကိမ္ လႈပ္ရွားဖုိ႔အတြက္ ျပင္ဆင္ေတာ့..."

ယြမ္ေလာ့ဖုန္းလည္း သူ႔မ်က္လုံးကုိ အသာအယာ ေမွးက်ဥ္းလုိက္ျပီး သူမေရွ႕မွာ ရပ္ေနတဲ့ အေစခံမေလးကုိ ေငးၾကည့္လုိက္တယ္။ တပ္မႀကီး ႏွစ္ခုလုံးမွ အဖြဲ႕ဝင္မ်ားရဲ႕ မူလဇာစ္ျမစ္ကုိ စစ္ေဆးဖုိ႔ ေျပာသည့္တဲ့အျပင္ သူတုိ႔ရဲ႕ ကုိယ္ေရးကုိယ္တာကုိ ေလးစားဖုိ႔ တရားလြန္ မျဖစ္ဖုိ႔ ညႊန္းၾကားခဲ့ပါတယ္။ ဒါေၾကာင့္လည္း က်ံဴးလင္းအာက ထ်န္းမိသားစုက ဆင္းသက္လာတာကုိ မသိခဲ့တာေပါ့။

ခ်င္ယန္လည္း သူမေျပာခ်င္တဲ့ အေတြးမ်ားကုိ စုစည္းလိုက္ျပီး ဆက္ေျပာတယ္။
"ဒီေကာင္မေလးက အဓမၼအက်င့္ခံရျပီး ကုိယ္ဝန္ရွိသြားခဲ့တယ္ အစြမ္းျမင့္တဲ့ မိသားစုကလူေတြက သူတုိ႔ ေသြးမ်ိဳးဆက္ကုိ အာရုံခံစားႏုိင္တယ္။ ဒါေၾကာင့္ ထ်န္းမိသားစုက လူေတြက က်ံဴးလင္းအာကုိ သူတုိ႔မ်ိဳးဆက္ဆုိတာ သိတာေပါ့။ သူတို႔ မ်ိဳးဆက္ အျပင္မွာ မေနရေအာင္ က်ံဴးလင္းအာကုိ ထ်န္းအိမ္ေတာ္ ျပန္ေခၚသြားတာေပါ့"

ယြမ္ေလာ့ဖုန္းလည္း သူမ ႏႈတ္ခမ္းေထာင့္မ်ားကုိ ျမွင့္တင္လိုက္တယ္။ အထက္စီးဆန္ေသာ မ်က္ႏွာက ခ်မ္းစိမ့္စိမ့္ အေငြ႕အသက္မ်ား ဖုံးလႊမ္းေနခဲ့တယ္။

"က်ံဴးလင္းအာမွာ ပါရမီ မရွိဘူးဆုိတာ သိရင္ ထ်န္းမိသားစုဆီ ျပန္ေခၚပါ့မလား ... ဒါေပမဲ့ သူတုိ႔ ေနာက္တစ္ႀကိမ္ ေတြ႔ခ်ိန္မွာ က်ံဴးလင္းအာက အျမင့္စားအဆင့္ က်င့္ၾကံသူ ျဖစ္ေနျပီေလ ဒါေၾကာင့္လည္း သူမကုိ ထ်န္းမိသားစုဆီ ေနာက္တစ္ႀကိမ္ ျပန္ေခၚသြားတာ...."

ေရွာင္မိသားစုလိုပဲ ထ်န္းမိသားစုက သူတုိ႔ မ်ိဳးရုိးဆက္ခံသူက အသုံးဝင္ရင္ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတာပဲ။ သူတို႔ မ်ိဳးရုိးဆက္ခံသူက အသုံးမဝင္ဘူးဆုိတာ သိတာနဲ႔ ခ်က္ခ်င္း ေမာင္းထုတ္ပစ္တဲ့အျပင္ မ်ိဳးရုိးနာမည္ကုိပါ အသုံးမခံေတာ့ဘူး။

"သခင္မေလး ခန္႔မွန္းတာ မွန္ပါတယ္ အဲဒီလိုပါပဲ"

ခ်င္ယန္လည္း စုိးရိမ္ေသာ အသံနဲ႔ တီးတုိး သက္ျပင္းခ်လုိက္တယ္။

"ခ်င္ယန္"
ယြမ္ေလာ့ဖုန္းလည္း သူမ ေမဖ်ားေလးကုိ အသာအယာ ပြတ္သပ္ျပီး ေျပာလုိက္တယ္။
" လုံယြမ္တုိင္းျပည္ကုိလာတုန္းက ထ်န္းခယ္နဲ႔ ထ်န္းယြီက က်ံဴးလင္းအာ ဘယ္သူလဲဆုိတာ မသိရတာလဲ"

ခ်င္ယန္ရဲ႕ႏႈတ္ခမ္းေထာင့္မ်ားက အသာအယာတြန္႔ေကြးသြားခဲ့တယ္။
"ဒါေတာ့ အေၾကာင္းျပခ်က္က ရွင္းပါတယ္ က်ံဴးလင္းအာ အေဖက ထ်န္းမိသားစုရဲ႕ ဘုိးေဘး ေသြးမ်ိဳးဆက္က ဆင္းသက္လာလုိ႔ေပါ့... ဒါေၾကာင့္လည္း က်ံဴးလင္းအာကုိ သူတုိ႔ မမွတ္မိႏုိင္တာ ျဖစ္ရမယ္"

ဒါမွမဟုတ္... သူတုိ႔က ယြမ္ေရွာင္နဲ႔ ယြမ္ေလာ့ဖုန္းကုိ အာရုံစုိက္မိတာေၾကာင့္ က်ံဴးလင္းအာကုိ သတိမထားမိတာ ျဖစ္ႏုိင္ပါတယ္။

"ဒီလိုဆုိေတာ့လဲ..."
ယြမ္ေလာ့ဖုန္းလည္း စဥ္းလဲစြာ ျပံဳးလုိက္တယ္။အႏၱရာယ္ အရွိန္အဝါမ်ားက သူမ ေဘးပတ္ပတ္လည္မွာ ဝန္းရံလာျပီး ပုိျပင္းထန္လာခဲ့တယ္။အခန္းတစ္ခန္းလုံးကုိ ေခ်ာက္ခ်ားဖြယ္ ျဖစ္ေစတယ္။
"ခ်င္ယန္... ရဲ႕လင္းကုိ ေခၚလုိက္... နင္တုိ႔ႏွစ္ေယာက္ ငါ့နဲ႔အတူတူ ထ်န္းမိသားစုရွိရာ သြားဖုိ႔ လိုက္ခဲ့...."

"ဟုတ္ကဲ့ပါ သခင္မေလး"
ခ်င္ယန္ရဲ႕မ်က္ႏွာက တည္ၿငိမ္သြားျပီး သူမမ်က္ဝန္းနက္မွာ ေတာက္ပေသာ အလင္းေရာင္မ်ား ရွိေနခဲ့တယ္။

"ဒါဆုိ ကြ်န္ေတာ္ကေရာ္"
ရုတ္တရက္ ေသးငယ္ေသာ လက္ေလးက ယြမ္ေလာ့ဖုန္းရဲ႕ အက်ႍလက္ကုိ လာေဆာင့္ဆြဲလာျပီး ေကာင္ေလးရဲ႕ ခ်စ္စဖြယ္ အသံေလးကုိ ၾကားလုိက္ရတယ္။

ဒီေတာ့မွ ယြမ္ေလာ့ဖုန္း ေဘးနားရပ္ေနတဲ့ ေကာင္ေလးကုိ ခ်င္ယန္ သတိထားမိျပီး တအံ့တၾသ ေမးလုိက္တယ္။
"သခင္မေလး... ဒီေကာင္ေလးက ဘယ္သူလဲ"

ေရွာင္မုိရဲ႕ မ်က္ဝန္းမ်ားက တဖ်တ္ဖ်တ္ခတ္လာတယ္။ ယြမ္ေလာ့ဖုန္းရဲ႕လက္ကုိ တင္းက်ပ္စြာ ဆုပ္ကုိင္လုိက္တယ္။
"ကြ်န္ေတာ္က သူ႕သား"

သား...။

ခ်င္ယန္မွာ ေၾကာင္အမ္းအမ္း ျဖစ္သြားရတယ္။ သူမလည္း ယြမ္ေလာ့ဖုန္းကုိ မယုံၾကည္ႏုိင္စြာ ၾကည့္လိုက္တယ္။

သခင္မေလးမွာ သားရွိတယ္....။

ဒါေပမဲ့ ခ်င္ယန္ အံံ့ၾသတုန္လႈပ္ရာမွ အသိျပန္မဝင္လာခင္.... ေကာင္ေလးရဲ႕ ကေလးဆန္ေသာအသံကုိ ေနာက္တစ္ႀကိမ္ ထပ္ၾကားလုိက္ရတယ္။
"ေမေမ... ေဖေဖ ယြမ္ေရွာင္ ဘယ္ေတာ့ ျပန္လာမွာလဲ"

ဝုန္း...

ခ်င္ယန္မွာ မုိးႀကိဳးပစ္ခံရသကဲ့သုိ႔ မွင္တက္သြားရတယ္။ သူမမွာ တုန္လႈပ္ေခ်ာက္ခ်ားလာရတယ္။

အရမ္းကုိ ထိတ္လန္႔ဖုိ႔ ေကာင္းပါတယ္။

သခင္မေလးမွာ ယြမ္ေရွာင္နဲ႔ရတဲ့ ကေလး ရွိတာလား။ ဒါကုိ စစ္သူႀကီး သိလား။

"ေရွာင္မုိ"

ယြမ္ေလာ့ဖုန္းလည္း မ်က္ေမွာင္ၾကဳတ္လိုက္ျပီး ေရွာင္မုိကုိ သတိေပးသလုိ္ ၾကည့္ကာ ခ်င္ယန္ကုိ ၾကည့္လိုက္တယ္။
"သူ... မဟုတ္မမွန္ ေျပာေနတာပါ.... ငါ... ယြမ္ေရွာင္နဲ႔ ေတြ႕တာ တစ္ႏွစ္ မရွိေသးဘူး ဒီအရြယ္ကေလးႀကီး ဘယ္လုိလုပ္ရွိႏုိင္မလဲ"

Chapter-504
End

အပုိင္း(၅၀၅)
စဥ္းလဲေသာ ေရွာင္မုိ (၁)

ေရွာင္မုိလည္း မ်က္လုံး တဖ်တ္ဖ်တ္ခတ္လုိက္ျပီး ၿငီးထြားလုိက္တယ္။
"ေမေမက သားကုိ မလုိခ်င္ေတာ့ဘူးလား ေမေမနဲ႔ ေဖေဖ သိလာတာ ႏွစ္ေပါင္းမ်ားစြာ ၾကာျပီေလ သူက ေမေမေၾကာင့္ ယြမ္မိသားစုထဲ ဝင္လာတာေလ ေမေမ... သားကုိ မစြန္႔ပစ္ရဘူးေနာ္"

ယြမ္ေလာ့ဖုန္း၏မ်က္ႏွာက ခ်က္ခ်င္းမည္းေမွာင္သြားခဲ့ျပီး သူမ ေဘးနားမွာ ေဒါသျမဴခုိးမ်ား ရစ္သုိင္းသြားရတယ္။ ညိဳးငယ္ေသာ မ်က္ႏွာအမူအရာရွိေသာ ေရွာင္မိုကုိ ၾကည့္လုိက္တယ္။
"နင္ ဒီမွာ ဆက္မရွိခ်င္ေတာ့ဘူးထင္တယ္"

သူမရဲ႕ ေဒါသထြက္ေနေသာ အမူအရာက ေရွာင္မုိကုိ ေၾကာက္လန္႔ေစတယ္။ ဒါေပမဲ့ သူမ ယြမ္ေရွာင္ကုိ လက္ထပ္ဖုိ႔ သူ တတ္ႏုိင္သေလာက္ စြန္႔စားရမယ္။

"ေမေမ...သားကုိ ႏွစ္ေပါင္းမ်ားစြာ စြန္႔ပစ္ထားခဲ့တယ္... ေနာက္တစ္ႀကိမ္ မစြန္႔ပစ္ပါနဲ႔ေနာ္...ဝူး..."
ေရွာင္မိုလည္း ယြမ္ေလာ့ဖုန္းရဲ႕ေပါင္ကုိ ဖက္ထားျပီး အႀကီးအက်ယ္ ေအာ္ငုိလုိက္တယ္။
"ဒီႏွစ္ေတြမွာ တစ္ခ်ိန္လုံး ေမေမကုိ သတိရေနတာ"

ယြမ္ေလာ့ဖုန္းလည္း မ်က္ဝန္းကုိ ေမွးက်ဥ္းလုိက္ျပီး သူမ ပတ္ဝန္းက်င္မွ အႏၱရာယ္ အေငြ႔အသက္မ်ား တျဖည္းျဖည္းခ်င္း ေပါမ်ားလာရတယ္။ ေၾကာက္လန္႔လာတာေၾကာင့္ ေရွာင္မုိမွာ လည္ပင္းလည္း က်ံဳ႕သြားရတယ္။ သူမကုိ သနားစဖြယ္ ေငးၾကည့္လုိက္တယ္။ သူ႔ပုံစံက စြန္႔ပစ္ခံရေသာ ေခြးေလးကဲ့သုိ႔ သနားစဖြယ္ပါ။ သူ႔သခင္ကုိ ေတြ႕လုိ႔ အျမီးေလး တႏွံႏွံျဖစ္ေနတဲ့ ေခြးကေလး အတုိင္းပါပဲ။

ေနာက္ဆုံးေတာ့ အံ့ၾသတုန္လႈပ္ရာမွ သတိဝင္လာျပီး ယြမ္ေလာ့ဖုန္း အႏၱရယ္ ျပဳေတာ့မွာကုိ ခံစားမိတာေၾကာင့္ ခ်င္ယန္လည္း ေရွာင္မုိကုိ သူမေနာက္ ဆြဲလုိက္ထားလိုက္တယ္။

"သခင္မေလးက ကြ်န္မ အခ်စ္ခင္ဆုံး လူတစ္ေယာက္ ျဖစ္တာေၾကာင့္ သခင္မေလး ေပးတဲ့ အမိန္႕ကုိ အျမဲ နာခံခဲ့ပါတယ္....ဒီကေလးက သခင္မေလး သားပါ.... သခင္မေလးမွာ သူ႕ကုိ စြန္႔ပစ္ႏုိင္တဲ့ အခြင့္အေရး မရွိဘူး"

ယြမ္ေလာ့ဖုန္းလည္း အသက္ခပ္ျပင္းျပင္းရႈလုိက္တယ္။
"ခ်င္ယန္.... ငါတုိ႔ ထ်န္းအိမ္ေတာ္ကုိ အရင္ဆုံးသြားမယ္.... ငါတုိ႔ျပန္လာမွ ဒီကိစၥကုိ ထပ္ေျပာၾကမယ္"

ကြ်ီခနဲျမည္သံ...။

ယြမ္ေလာ့ဖုန္းလည္း တံခါးဖြင့္ျပီး အျပင္ဘက္ ထြက္ခါနီးမွာ ခုိးေၾကာင္ခုိးဝွက္ နားေထာင္ေနေသာ အဘုိးအုိရဲ႕ မ်က္ႏွာကုိ ျမင္လုိက္ရတယ္။ ယြမ္ေလာ့ဖုန္းရဲ႕ မ်က္ႏွာက ပုိမည္းေမွာင္လာခဲ့တယ္။
"အဘုိး... ဒီမွာ ဘာလုပ္ေနတာလဲ"

"အမ္..."
ယြမ္ေလာ့လည္း ေခါင္းကုတ္ရင္း ဟန္လုပ္ရယ္ေမာေတာ့တယ္။
"ကေလး တစ္ေယာက္ ငုိေနတဲ့ အသံ ၾကားလုိ႔ ဒီမွာ ဘာျဖစ္ေနလဲ လာၾကည့္တာပါ... ဖုန္းအာေလး... ေျမးေလးမွာ သားေလး ရွိတာ ဘာလုိ႔ မေျပာရတာလဲ။ ငါ့ျမစ္ေတာ္ေလးကုိ ဘာလုိ႔ ဖြက္ထားရတာလဲ"

ယြမ္ေလာ့ဖုန္းလည္း ေခါင္းကုိက္လာျပီး သူမနားထင္ကုိ လက္နဲ႔ ပြတ္သပ္လုိက္တယ္။
"ဖုန္းအာမွာ အေရးတႀကီး လုပ္စရာ ကိစၥရွိေသးတယ္... ျပန္လာမွ ဒီကေလးက ေျမးရဲ႕ ကေလး မဟုတ္ဘူးဆုိတာ ေသြးနဲ႔ သက္ေသျပမယ္"

"ဒီကေလးက ငါ့ျမစ္လုိ႔ ေျပာရင္ ငါ့ျမစ္ပဲ..."
ယြမ္ေလာ့က ယြမ္ေလာ့ဖုန္းကုိ စူးစူးရဲရဲ ၾကည့္လုိက္တယ္။ ဒါေပမဲ့ သူ႔မ်က္ႏွာက ျပံဳးရိပ္သန္းေနခဲ့ျပီး ေရွာင္မုိဘက္ လွည့္ၾကည့္လုိက္တယ္။
"ကေလး... မင္းကုိ အဘုိး ဖက္ထားပါရေစ..."

ေရွာင္မုိလည္း မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္လုိက္ျပီး ခ်စ္စဖြယ္ ေျဖလုိက္တယ္။
"ဘုိ္းဘိုးႀကီး သားေမေမကုိ လူယုတ္မာႀကီးနဲ႔ လက္ထပ္ဖုိ႔ ခြင့္မျပဳပါနဲ႔ေနာ္ ေမေမကုိ သားေဖေဖ ယြမ္ေရွာင္ ပုိင္တာ..."

"အုိ... အသည္းေလး... စိတ္မပူနဲ႔ေနာ္... ဒီလူေတြ ဆႏၵကုိ ဘုိးဘုိးႀကီးက ခြင့္မျပဳပါဘူး"

အခ်ီႀကီး ျပံဳးျပီး ယြမ္ေလာ့လည္း ေရွာင္မုိကုိ ရင္ခြင္ထဲသြင္းကာ နီရဲေနေသာ ပါးမုိ႔မုိ႔ေလးကုိ ေမႊးၾကဴလုိက္တယ္။
"ဖုန္းအာ... ဒီကေလးကုိ ၾကည့္စမ္းပါ... ေျမးနဲ႔ အေတာ္ကုိ တူတယ္.... ဘုိးဘုိး ခံစားရတာ မမွားႏုိင္ဘူး ဒီကေလးက ေျမးရဲ႕ သားေလး... ဒါမွမဟုတ္ ခုခ်က္ခ်င္း ေသြးစမ္းၾကည့္မလား"

ဒီကေလးက သူမနဲ႔တူတယ္။

ယြမ္ေလာ့ဖုန္းလည္း မ်က္ခုံးကုိ တြန္႔ခ်ိဳးလုိက္တယ္။ ေရွာင္မုိကုိ ေစ့ေစ့စပ္စပ္ ၾကည့္လုိက္တယ္။ သူမနဲ႔တူတဲ့ ေနရာေလး တစ္ခုတစ္ေလမ်ွ ရွာလုိ႔ကုိ မေတြ႕ဘူး။ ဒီဘုိးဘုိးေတာ့ ရူးရူးမုိက္မုိက္ကုိ ျမစ္လုိခ်င္ေနတာ ထင္ပါတယ္... လမ္းမွာေတြ႕တဲ့ ေတြ႕ရာကေလးကုိ သူမ ေခၚလာခဲ့ရင္ေတာင္ သူမနဲ႔ တူတယ္လုိ႔ ဘုိးဘိုးက ခံစားရမွာပဲ။

"ဘုိးဘုိး... ေျမးမွာ အေရးႀကီး ကိစၥ ရွိတယ္... ျပန္လာမွာ ေသြးစမ္းသပ္ႏုိင္မယ္"
ယြမ္ေလာ့ဖုန္းလည္း မ်က္ေမွာင္ၾကဳတ္လုိက္တယ္။ သူမမွာ အခ်ိန္ အမ်ားႀကီး မရွိဘူး။ ဒါေပမဲ့ ဘုိးဘုိ္းကုိေတာ့ ေဖ်ာင္းဖ်ထားမွ ရမယ္။

ယြမ္ေလာ့လည္း နားလည္ရခက္ေသာ အျပံဳးကုိ ျပံဳးလုိက္တယ္။
"ေျမးမွာ စဥ္းလဲတဲ့ အၾကံ အမ်ားႀကီး ရွိတယ္ဆုိတာ ဘုိး သိတယ္ ေျမးျပန္လာရင္ ဘာျဖစ္မလဲဆုိတာ မသိႏုိင္ဘူး ဒါေၾကာင့္ အခန္းထဲ မဝင္ခင္တည္းက ၾကည္လင္တဲ့ ေရဇလုံကုိ အေစခံကုိ ျပင္ခုိင္းထားျပီးသားပါ... အခုခ်က္ခ်င္း ေျမး ေသြးစစ္ၾကည့္လုိ႔ ရတယ္"

ယြမ္ေလာ့ဖုန္းမွာ မြန္းက်ပ္သလုိ ခံစားရတယ္။ ဒါေပမဲ့လည္း အဘုိးရဲ႕ေတာင္းဆုိမႈကုိ လက္ခံဖုိ႔ ေရြးခ်ယ္လုိက္တယ္။

Chapter-505
End

အပုိင္း(၅၀၆)
စဥ္းလဲေသာ ေရွာင္မုိ (၂)

"ေကာင္းျပီေလ... သူတုိ႕ကုိ ဝင္ခြင့္ေပးလိုက္ပါ..."

သူမ ေျပာျပီးတာနဲ႔ ေရဇလုံ သယ္ေဆာင္လာေသာ အေစခံငယ္ေလးမ်ား အခန္းထဲဝင္လာျပီး စားပြဲေပၚ ေရဇလုံကုိ တင္ကာ တရုိတေသ အခန္းထဲမွ ထြက္ခြာသြားခဲ့တယ္။

"ငါ့ကုိ ဓားေပး"
ယြမ္ေလာ့ဖုန္းလည္း ခ်င္ယန္ကုိ ဓားေပးရန္ ေတာင္းဆုိလုိက္တယ္။

"ဟုတ္ သခင္မေလး"
ခ်င္ယန္က ရုိေသေလးစားစြာ ျပန္ေျဖတယ္။ သူမ ခါးၾကားမွ ဓားကုိ ဆြဲထုတ္လုိက္ျပီး ယြမ္ေလာ့ဖုန္းကုိ လွမ္းေပးလုိက္တယ္။

ယြမ္ေလာ့ဖုန္းလည္း ဓားနဲ႔ သူ႔လက္ထိပ္ကုိ လွီးျဖတ္လုိက္ျပီး ၾကည္လင္တဲ့ ေရထဲကုိ ေသြးစက္ခ်လုိက္တယ္။ ထုိ႔ေနာက္ ေရွာင္မုိကုိ ဓားေပးလုိက္တယ္။
"နင့္အလွည့္"

"ကေလး"
ယြမ္ေလာ့က ေရွာင္မုိအတြက္ ဓားကုိ ယူထားလုိက္ျပီး ခ်ိဳသာစြာ ေျပာတယ္။
"ကေလး လက္ထိပ္ကုိ ဓားနဲ႔ နည္းနည္းခ်င္း လွီးလုိက္ မနာပါဘူး"

"ဟုတ္"
ေရွာင္မုိက ခ်စ္စဖြယ္ ျပန္ေျဖတယ္။ သုိ႔ေသာ္လည္း ေမွးက်ဥ္းေနေသာ မ်က္ဝန္းမွာ ဆန္းၾကယ္ေသာ ျပံဳးရိပ္ရွိေနတာကုိ ဘယ္သူမွ သတိမထားမိလုိက္ပါဘူး။ ေရွာင္မိုက တြန္႔ဆုတ္သလုိ ဟန္လုပ္ရင္း ဓားကုိ တုန္တုန္ရီရီယူကာ သူ႕လက္သူ ဓားနဲ႔ လွီးလုိက္တယ္။

ေရွာင္မုိရဲ႕ျဖဴေဖ်ာ့သြားေသာ မ်က္ႏွာကုိ ျမင္ရေတာ့ ယြမ္ေလာ့မွာ ႏွလုံးသား နာက်င္ရတယ္။ ေရွာင္မုိလက္ကုိ ေလတဖူးဖူး မႈတ္ေပးေနရွာတယ္။

ယြမ္ေလာ့ဖုန္းက စကားအမ်ားႀကီး မေျပာဘဲ စားပြဲခုံေပၚက ေရကုိသာ ဂရုတစုိက္ ၾကည့္ေနလုိက္တယ္။ ထုိ႔ေနာက္ ႏွစ္ဖက္စလုံးမွာ ျပန္႔က်ယ္ေနတဲ့ ေသြးစက္မ်ားက တစ္ျဖည္းျဖည္းခ်င္း ေပါင္းစည္းသြားတာကုိ ျမင္လုိက္ရတယ္။

ယြမ္ေလာ့ဖုန္းမွာ ေၾကာင္အမ္းအမ္း ျဖစ္သြားရတယ္။

ေသြးစစ္ေဆးမႈအရ ေရွာင္မုိကုိ သူမသားလုိ႔ သက္ေသျပေနာလား။ ဘယ္လုိ ျဖစ္ႏုိင္ပါ့မလဲ။ ေသြးစစ္ေဆးမႈကဘာေၾကာင့္ ဒီလို ရလာဒ္ ထြက္လာရတာလဲ။

"ဟား..."
ယြမ္ေလာ့လည္း က်ယ္ေလာင္စြာ ေအာ္ရယ္လုိက္ျပီး အုိမင္းေသာ မ်က္ႏွာမွာ စိတ္လႈပ္ရွားမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။
"ငါ ... ဒီကေလးကုိ တကယ္ခ်စ္တယ္... သူက ငါ့ျမစ္လုိ႔ ငါေျပာပါတယ္ ဖုန္းအာ.... ဒါဆုိ... ေျမးနဲ႔ ယြမ္ေရွာင္မွာ ကေလး ရွိေနျပီးသားေပါ့ ဘုိးကေတာ့ ေျမးအတြက္ စိတ္ပူေနဆဲပဲ..."

ယြမ္ေလာ့ဖုန္းလည္း မ်က္ႏွာမည္းေမွာင္သြားရတယ္။
"ေရွာင္မုိက ဖုန္းအာ သားဆုိရင္ သူ႔အသက္က ၅ႏွစ္... ဒါဆုိ ေျမး ၁၀ႏွစ္မွာ ကေလး ေမြးခဲ့ဖူးလုိ႔လား"

ယြမ္ေလာ့လည္း ခ်င့္ခ်ိန္စဥ္းစားျပီး ျပန္ေျဖလုိက္တယ္။
"မျဖစ္ႏုိင္ဘူး... သာမန္ ကေလးတစ္ေယာက္ဆုိရင္ေတာ့ အသက္၁၀ႏွစ္မွာ ကေလး မေမြးႏုိင္ဘူး... ဒါေပမဲ့ ေျမးက သမားေတာ္တစ္ေယာက္... ဆန္းၾကယ္တယ္... ေျမး အသက္ ၁၀ႏွစ္မွာ ကေလးေမြးႏုိင္မယ္လုိ႔ ဘု္ိးဘုိး ယုံၾကည္တယ္"

ယြမ္ေလာ့ဖုန္း တကယ့္ကုိ ေနာင္တရပါတယ္...။ ေရွာင္မုိကုိ ေဆးနတ္ဘုရား လွ်ိဳ႕ဝွက္ နယ္ေျမထဲက ထြက္ခြင့္ျပဳမိတာလဲ ေနာင္တရတယ္.... သူမကုိ ျပႆနာရွာဖုိ႔ အခြင့္အေရးေပးခဲ့မိတယ္။

"ငါနဲ႔လုိက္ခဲ့"
ယြမ္ေလာ့ဖုန္းလည္း ေရွာင္မုိကုိ ယြမ္ေလာ့ရင္ခြင္ထဲမွ ဆြဲထုတ္လုိ္က္ျပီး တံခါးအျပင္ဘက္ကုိ အလ်င္အျမန္ ေလ်ွာက္သြားလုိက္တယ္။

ခ်င္ယန္နဲ႔ ယြမ္ေလာ့... သူမတုိ႔ေနာက္ လုိက္မလာတာ ေသခ်ာေတာ့မွ ေရွာင္မုိကုိ ေျမႀကီးေပၚ တြန္းခ်လုိက္တယ္။ မ်က္ခုံးပင့္ကာ သူမ ေမးလုိက္တယ္။
"ေရွာင္မုိ... ေသြးစစ္ေဆးတာ ဘယ္လို ျဖစ္ရတာလဲ... ငါ့ကုိ ေျပာစမ္းပါ"

ေရွာင္မုိ္လည္း နာက်င္သြားေသာ တင္ပါးကုိ ပြတ္သပ္ရင္း သနားစဖြယ္ ေျပာရွာတယ္။
"သခင္... ကြ်န္ေတာ္က ေဆးနတ္ဘုရား လွ်ိဳ႕ဝွက္နယ္ေျမ အေစာင့္အေရွာက္ တစ္ေယာက္... ကြ်န္ေတာ္က ဝိညာဥ္ပဲ ရွိတယ္.... ကြ်န္ေတာ္မွာ ေသြးမရွိဘူး .... ဒါေပမဲ့ ကြ်န္ေတာ္က သခင္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိထားတယ္ ဒါေၾကာင့္ ကြ်န္ေတာ္က သခင္ ေသြးႏွစ္စက္ကုိ သုံးလိုက္တာပါ"

"နင္ ေျပာပုံအရ... ဒီေသြးႏွစ္စက္က ငါ့ေသြးေပါ့ ဟုတ္လား"
ယြမ္ေလာ့ဖုန္းလည္း မေက်မနပ္ ၾကည့္လုိက္တယ္။
"ေရွာင္မုိ... နင္ ဒီေလာက္အထိ တရားလြန္လာမယ္လုိ႔ မထင္ခဲ့ဘူး... နင္ဘာေၾကာင့္ ဒီလို ျပႆနာ ရွာရတာလဲ... ငါ့ကုိ ရွင္းစမ္း"

စိတ္ထိခုိက္လာတာေၾကာင့္ ေရွာင္မုိလည္း ေျမႀကီးေပၚက ထကာ သနားစဖြယ္ ေျပာလုိက္တယ္။
"လူယုတ္မာေကာင္ ပုိင္စု ထြက္သြားေအာင္ လုပ္ရတာပါ သူက သခင္ကုိ ပုိးပန္းေနတယ္ေလ... သခင္မွာ ယြမ္ေရွာင္နဲ႔ ကေလးရွိျပီးသားဆုိတာ တစ္ေလာကလုံး သိေစဖုိ႔ သခင့္သားအျဖစ္ ဟန္ေဆာင္ရတာပါ"

ဒီလိုမွ လူယုတ္မာ ပိုင္စုက သခင္ေနာက္ ထပ္မလုိက္ေတာ့မွာ။

Chapter-506
End

အပုိင္း(၅၀၇)
ထ်န္းမိသားစုရွိရာ ခရီးထြက္ခြာျခင္း (၁)

ယြမ္ေရွာင္ မရွိခ်ိ္န္မွာ သခင္ကုိ သူ႔အစား ကာကြယ္ထားရမယ္.... ယုတ္မာတဲ့ အၾကံအစည္ရွိတဲ့ လူက သူမကုိ အခြင့္အေရးယူသြားႏုိင္တယ္။

ယြမ္ေလာ့ဖုန္းက သူ႕ကုိ မတားဆီးတာ ျမင္ရေတာ့ သူ ေရာက္တတ္ရာရာ ဆက္ေျပာလုိက္တယ္။
"ပုိင္စုက တကယ့္ကုိ လူယုတ္မာေကာင္... သူက ယြမ္ေရွာင္ရဲ႕ ျပိဳင္ဘက္ မျဖစ္ႏုိင္ဘူး သူက သခင္ကုိ အခြင့္ေကာင္းယူခ်င္ေနတာ... သူေၾကာင့္ ကြ်န္ေတာ္ လိမ္ရတာ..."

"တကယ္လား"
ယြမ္ေလာ့ဖုန္းလည္း ျပံဳးလုိက္တယ္။ သူ႔မ်က္ႏွာက သနားစိတ္ ဝင္သြားေသာ ပုံစံအျဖစ္ ေျပာင္းလဲသြားခဲ့တယ္။
"ငါ့အတြက္ ျပႆနာရွင္းေပးလုိ႔ နင့္ကုိ ေက်းဇူးတင္သင့္လား"

"ဒါေပါ့"
ေရွာင္မုိလည္း လက္ပုိက္ ရပ္ၾကည့္ျပီး ဘဝင္ခုိက္ဟန္ ျပံဳးလုိက္တယ္။
"သခင္... စိတ္မပူပါနဲ႔... သခင္မွာ ယြမ္ေရွာင္နဲ႔ ရတဲ့ ကေလးရွိတာ သိရင္ ပုိင္စုက သခင္ကုိ ေႏွာင့္ယွက္ေတာ့မွာ မဟုတ္ဘူး"

ယြမ္ေလာ့ဖုန္းလည္း ေရွာင္မုိကုိ ခ်စ္စဖြယ္ ျပံဳးျပလုိက္တယ္။
"ငါ့အတြက္ ျပႆနာကုိ ေျဖရွင္းေပးေတာ့ အခု...နင့္ကုိ ငါက ဆုေပးရတာေပါ့... ဆုအေနနဲ႔ ေဆးနတ္ဘုရားလွ်ိဳ႕ဝွက္နယ္ေျမထဲမွာ တစ္လေနရမယ္"

ေရွာင္မုိရဲ႕ ခႏၶာကုိယ္ေလးက တုန္ရီသြားျပီး ေခ်ာက္ခ်ားဖြယ္အၾကည့္က သူ႔မ်က္ဝန္းမွာ တဖ်တ္ဖ်တ္လက္သြားရတယ္။
"သခင္.... မလုပ္ပါနဲ႔"

"မွတ္ထား"
ယြမ္ေလာ့ဖုန္းလည္း ေရွာင္မုိကုိ မေက်မနပ္ ၾကည့္လုိက္တယ္။
"ေနာက္တစ္လ မေရာက္မခ်င္း နင့္ကုိ ေဆးနတ္ဘုရား လွ်ိဳ႕ဝွက္နယ္ေျမထဲက ေျခတစ္လွမ္း လွမ္းခြင့္ မျပဳဘူး"

ေရွာင္မုိမွာ ငုိခ်င္းခ်င္းပါ။ သူ႔မွာ ေဆးနတ္ဘုရား လွ်ိဳ႕ဝွက္နယ္ေျမထဲ ႏွစ္ေပါင္းမ်ားစြာ ေနထုိင္ခဲ့ရတာပါ... အခုေလးတင္ ဒီေနရာက ထြက္လာႏုိင္တာ....။ သခင္က သူ႕ကုိ တစ္လ ထပ္ ခ်ဴပ္ေႏွာင္ထားဦးမယ္ေပါ့...ဟုတ္လား... သူ႕ေဆးနတ္ဘုရား လွ်ိဳ႕ဝွက္ နယ္ေျမထဲက မထြက္ႏုိင္ခဲ့ရင္ ကိစၥ မရွိဘူး။ အခု သူက အဲ့ေနရာက အလြယ္တကူ ထြက္ႏုိင္ေနျပီေလ။

"သခင္... ကြ်န္ေတာ္ မွားပါတယ္"
ေရွာင္မုိက သူမ အက်ႍလက္ကုိ ဆြဲကာ ကေလး တစ္ေယာက္လုိ ေျပာေနတယ္။
"ကြ်န္ေတာ္ ဒီလိုကိစၥမ်ိဳး ေနာက္တစ္ခါ မလုပ္ေတာ့ပါဘူး ကြ်န္ေတာ္ကုိ တစ္ႀကိမ္ေတာ့ ခြင့္လႊတ္ေပးပါေနာ္"

"နင့္အမွားကုိ နင္ သိျပီလား"
ယြမ္ေလာ့ဖုန္းလည္း ေရွာင္မုိရဲ႕ေမးဖ်ားေလးကုိ အသာအယာ ပင့္တင္လုိက္ျပီး သူ႕မ်က္ဝန္းကုိ ေမွးက်ဥ္းလို္က္တယ္။
" ဒီလို ေနာက္တစ္ႀကိမ္ လုပ္ဦးမလား"

"မလုပ္ေတာ့ဘူး"
ေရွာင္မုိ္လည္း သူ႕ေခါင္းကုိ ခါယမ္းလုိက္ျပီး ကတိ အထပ္ထပ္ အခါခါ ေပးလုိက္တယ္။

"ေထတာ့"

ယြမ္ေလာ့ဖုန္းက လက္လွမ္းေပးေတာ့ ေရွာင္မုိက သူမ လက္ကုိ ဆြဲတယ္။ သူမေရွ႕က ေကာင္ေလး မ်က္ဝန္းကုိ ၾကည့္ကာ ေမးလုိက္တယ္။
"ငါနဲ႔ ယြမ္ေရွာင္အတြက္ နင္လုပ္ေပးတာကုိ ငါ သိပါတယ္ ပုိင္စု ငါ့ကုိ ေႏွာင့္ယွက္တာ မျမင္ခ်င္ဘူးမလား ဒီလူက ငါ့အတြက္ ခံစားခ်က္ မရွိဘူး.... ငါ့ကုိ အခြင့္ေရးယူခ်င္ေနတာ.... ငါ့မွာ သားတကယ္ ရွိရင္ေတာင္ သူ႕က ငါ့ကုိ စြန္႔လႊတ္မွာ မဟုတ္ဘူး"

ေရွာင္မုိလည္း မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ျပီး ေတာင္းပန္ဟန္ စကားဆုိတယ္။
"သခင္... ကြ်န္ေတာ္ သခင္ကုိ ျပႆနာ ရွာမိျပီလား"

"အင္း"
ယြမ္ေလာ့ဖုန္းလည္း သူ႕ကုိ ေငးၾကည့္ရင္း ေျပာလုိက္တယ္။
"ငါ တျခားေနရာမွာ ေရာက္ေနလုိ႔ နင္ ငါ့သားအျဖစ္ ဟန္ေဆာင္လည္း ကိစၥ မရွိဘူး ဒါေပမဲ့ အခုက ယြမ္မိသားစု... သူတို႔က ငါ့မိသားစု... ငါ သူတို႕ကုိ မလိမ္ခ်င္ဘူး"

ဒီတစ္ႀကိမ္ေတာ့ သူ တရားလြန္သြားတာေၾကာင့္ ေရွာင္မုိက အျပစ္ရွိေသာ ေလသံျဖင့္ ေျပာလုိက္တယ္။
"အခု သခင္ရဲ႕ အဘုိးကုိ ကြ်န္ေတာ္ အမွန္တုိင္း ေျပာလုိက္ရမလား"

ယြမ္ေလာ့ဖုန္းလည္း ေခါင္းခါလို္က္တယ္။
"အဘုိးက အသက္ႀကီးေနပါျပီ... ေကာင္းကင္ဘုံတက္ျပီး ငရဲေရာက္တာကုိ ခံႏုိင္ရည္ရွိမွာ မဟုတ္ဘူး... ငါတုိ႔ ေသြးစစ္ေဆးျပီးျပီ.... ငါတုိ႔ ရွင္းျပလည္း သူ ယုံၾကည္မွာ မဟုတ္ဘူး"

"သခင္... ကြ်န္ေတာ္ ေတာင္းပန္ပါတယ္..."

"ထားလုိက္ပါေတာ့"
ယြမ္ေလာ့ဖုန္းလည္း ေရွာင္မုိကုိ ေနာက္တစ္ႀကိမ္ ေငးေမာၾကည့္လိုက္တယ္။
"သူက ငါတုိ႔ ဆက္ဆံေရးကုိ နားလည္မႈ လြဲကတည္းက ဒီအတုိင္း ထားလုိက္ပါေတာ့ ... ဒါေပမဲ့ ယြမ္မိသားစုမွာ ဒီလိုမ်ိဳး ေနာက္တစ္ႀကိမ္ ျဖစ္ခြင့္ မျပဳေတာ့ဘူး"

သူမ ေျပာခ်င္တာက တျခားေနရာမွာ သူ ႀကိဳက္သလုိ ဟန္ေဆာင္ႏုိင္တယ္.... ယြမ္မိသားစုမွာေတာ့ မရဘူး

ဒီေနရာေလးက သူမ ေစာင့္ေရွာင္ခ်င္တဲ့ သန္႔စင္ေသာ နယ္ေျမေလးပါ။

ေရွာင္မုိရဲ႕ မ်က္ႏွာေလးက ေတာက္ပစြာ ျပံဳးရင္း ေမာ့လုိက္တယ္။
"သခင္... ကြ်န္ေတာ္ နားလည္ပါျပီ... အခုေတာ့ ေဆးနတ္ဘုရားလွ်ိဳ႕ဝွက္ နယ္ေျမထဲဝင္ဖို႕ အခ်ိန္ေရာက္ျပီ... မနက္ျဖန္မွ ျပန္ေတြ႔မယ္ေနာ္..."

Chapter-507
End

အပုိင္း(၅၀၈)
ထ်န္းမိသားစုရွိရာ ခရီးထြက္ခြာျခင္း (၂)

ထုိ႔ေနာက္ ေရွာင္မုိရဲ႕ ခႏၶာကုိယ္က တျဖည္းျဖည္းခ်င္း ေဝဝါးလာျပီး ေလထဲမွာ ေပ်ာက္ကြယ္သြားခဲ့တယ္။

"သခင္မေလး"

ခ်င္ယန္ ေရာက္လာတဲ့ အခ်ိန္မွာ ယြမ္ေလာ့ဖုန္းတစ္ေယာက္တည္းကုိသာ ေတြ႕ရျပီး သူမ ဆြဲေခၚသြားတဲ့ ေရွာင္မုိက ေပ်ာက္ေနတယ္။

"သခင္မေလး.... သခင္ေလး ဘယ္မွာလဲ"
ခ်င္ယန္ အံ့ၾသမိပါရဲ႕...။
"ႏႈတ္ပိတ္ဖုိ႔အတြက္ သခင္ေလးကုိ သတ္လုိက္တယ္လုိ႔ မေျပာပါနဲ႔"

ယြမ္ေလာ့ဖုန္းလည္း ခ်င္ယန္ကုိ ခက္ထန္စြာ ၾကည့္လိုက္တယ္။

ေခ်ာက္ခ်ားဖြယ္ လႊမ္းမုိးမႈေၾကာင့္ ခ်င္ယန္မွာ တုန္လႈပ္သြားျပီး အလ်င္အျမန္ ရွင္းျပတယ္။
"ကြ်န္မက က်ီစယ္တာပါ... သခင္ေလးက ဘယ္လို ေပ်ာက္သြားလဲ မသိဘူး... ထူးဆန္းလုိက္တာေနာ္"

" သူ႔မွာ လုပ္စရာ ရွိလုိ႔... ရဲ႕လင္းကုိ ေခၚလုိက္... ထ်န္းမိသားစုကုိ သြားမယ္"

"ဟုတ္ကဲ့ပါ သခင္မေလး..."
ခ်င္ယန္က ေနာက္ထပ္ မေမးေတာ့ဘဲ ရုိေသေလးစားစြာ ျပန္ေျဖလုိက္တယ္။

အဓိက ဦးစားေပးက က်ံဴးလင္းအာကုိ ကယ္တင္ရမွာပဲ။

................

လုံယြမ္တုိင္းျပည္နဲ႔ သိပ္မေဝးကြာတဲ့ တည္းခုိးခန္းမွာ အဘုိးအုိငယ္ေလးက သူ႔လက္ဖက္ရည္ကုိ ျမည္းစမ္းေနခဲ့တယ္။ သူ႔မ်က္ႏွာမွာ ေက်နပ္ပီတိရိပ္မ်ား ရွိေနခဲ့တယ္။

"ယြမ္မိန္းကေလးရဲ႕ စိတ္ဝိညာဥ္ လက္ဖက္ရည္ကုိ ျမည္းစမ္းျပီးတည္းက လက္ဖက္ရည္ ဂ်ီးမ်ားတတ္လာျပီ.... စိတ္ဝိညာဥ္လက္ဖက္ရည္က လြဲရင္ ဘယ္လက္ဖက္ရည္မွ ငါ့ႀကိဳက္တဲ့ အရသာ မဟုတ္ဘူး"

လင္းေလာပုိင္လည္း ေမးဖ်ားေလးကုိ လက္ေထာက္ရင္း ပ်င္းရိၿငီးေငြ႕ဟန္ ေမးလုိက္တယ္။
"အဘုိးႀကီး... ရွင္ ကြ်န္မကုိ ဘာလုပ္ေစခ်င္တာလဲ...ျမန္ျမန္ ေျပာစမ္းပါ....ျမန္ျမန္ ကိစၥျပတ္ခ်င္တယ္.... ဒါမွ ျပန္ျပီး ငါ့ဆရာကုိ ျပဳစုရမွာ"

"စိတ္မပူပါနဲ႔....မင္း ငါ့ကုိ ကူညီေပးႏုိင္တာ တစ္ခု ရွိပါတယ္"
အဘုိးအုိငယ္ေလးက ေအးေအးေဆးေဆး ေျပာတယ္။
"ငါ ေဆးရျပီးတာနဲ႔ မင္း ဆရာကုိ တစ္ဝက္ခြဲေဝေပးမယ္"

လင္းေလာပုိင္လည္း သူမရဲ႕ အနီေရာင္ႏႈတ္ခမ္းေလးကုိ တြန္႔ေကြးလိုက္တယ္။
"ဒါဆုိ ငါကေရာ္... အလကား အလုပ္သမား ျဖစ္ေနျပီလား"

အဘုိးအုိငယ္ေလးလည္း လင္းေလာပုိင္ကုိ ငဲ့ေစာင္းၾကည့္ရင္း ေလးေလးနက္နက္ ေျပာလုိက္တယ္။
"ေရွာင္ပုိင္ မစုိးရိမ္နဲ႔ေနာ္... ေဆးထက္ တန္ဖုိးရွိတဲ့ ပစၥည္းကို လက္ေဆာင္ေပးမွာပါ"

လင္းေလာပုိင္ရဲ႕ မ်က္လုံးေလး ပင့္လုိက္တယ္။
"ဘာလဲ"

"အမ္..."
အဘုိးအုိငယ္ေလးလည္း သူ႔မုတ္ဆိတ္ေမြးကုိ ပြတ္သပ္ကာ ရယ္ေမာလုိက္တယ္။
"တန္ဖုိးရွိတဲ့ အေတြ႕အၾကံဳေလ... မင္းက ဝိညာဥ္နတ္ဘုရားေတာင္မွာ ႀကီးျပင္းခဲ့ရျပီး ဘယ္ေနရာမွ မေရာက္ဖူးခဲ့ဘူး... အျပင္ေလာကနဲ႔လည္း အဆက္အစပ္ မရွိသလုိ... ဘာအေတြ႔အၾကံဳမွလည္း မရွိဘူး ဒီတစ္ေခါက္ ငါ မင္းကုိ ဒီေနရာ ေခၚလာေတာ့ မင္းမွာ စြန္႔စားရတဲ့ အေတြ႔အၾကံဳ ရတာေပါ့ ဒါက အေကာင္းဆုံး မဟုတ္ဘူးလား..."

သူေျပာလုိ႔ မျပီးခင္မွာ လင္းေလာပုိင္က လက္ဖက္ရည္ခြက္ကုိ ယူျပီး သူ႕ကုိ ပစ္ေပါက္တယ္။

ဒုန္း

ဗလုံးဗေထြး အသံနဲ႔အတူတူ အဘုိးအုိရဲ႕ေခါင္းေပၚမွာ ဘုသီးႀကီးေပၚလာရျပီး လက္ဖက္ရည္မ်ား သူ႔ေခါင္းေပၚ စုိရြဲသြားေတာ့တယ္။

သူလည္း ကူရာမဲ့စြာ ေခါင္းကုိ ခါယမ္းလုိ္က္တယ္။
" ဒီေန႔ေခတ္ လူငယ္ေတြက ရုိ္င္းစုိင္းလုိက္တာ ငါက က်ီစယ္တာကုိ အတည္မွတ္ေနတာပဲ"

"ဟြန္႔"
လင္းေလာပုိင္လည္း ေထ့ေငါ့လုိက္ျပီး သူ႕ကုိ ထပ္မၾကည့္ခ်င္ေတာ့တာေၾကာင့္ လွည့္ေနလုိက္တယ္။

"ဟုတ္ပါျပီ... ေရွာင္ပုိင္ရယ္... ငါ မင္းကုိ ခြင့္လႊတ္ပါတယ္... အခု ငါတုိ႔မွာ ဧည့္သည္ ရွိတယ္"

ဧည့္သည္....။

လင္းေလာပုိင္လည္း မွင္တက္သြားတယ္။ ဘာျဖစ္လဲဆုိတာ သိဖုိ႔ တံခါးဘက္ကုိ ငဲ့ေစာင္းၾကည့္ခ်ိန္... အျပာေရာင္ ဝတ္စုံနဲ႔ လူတစ္စု အခန္းထဲ ဝင္လာတာ ျမင္လုိက္ရတယ္။ သက္လတ္ပုိင္း ရွိေသာ ေခါင္းေဆာင္လုိ႔ ထင္ရတဲ့ လူတစ္ေယာက္က ဂါရဝျပဳျပီး ရုိေသေလးစားစြာ ေျပာတယ္။
"ဦးေလးထ်န္းရာ... ကြ်န္ေတာ္ .... ဦးေလးကုိ ေနာက္ဆုံးေတာ့ ရွာေတြ႕ခဲ့ျပီ"

အဘုိးအုိငယ္ေလးလည္း ခပ္ေရးေရးမ်ွ ျပံဳးလုိက္တယ္။
"အရင္ကလည္း ငါ မသိတဲ့ လူႏွစ္ေယာက္နဲ႔ ေတြ႔ရတယ္... သူတုိ႕ကလည္း ငါ့ကုိ ဦးေလးလုိ႔ ေခၚတယ္.... အခုလည္း ေနာက္တစ္ေယာက္ လာျပန္ျပီ.... ယေန႔ေခတ္ လူငယ္ေလးလည္း ဘာအခ်ိဳးမွန္း မသိဘူး... ဒီလုိမ်ိဳးေတြပဲလား"

သက္လတ္ပုိင္း အမ်ိဳးသားေလးလည္း ကသိကေအာက္ ျပံဳးလုိက္တယ္။
"ဦးေလး ထ်န္းရာ... ကြ်န္ေတာ္က ထ်န္းမိသားစုက ထ်န္းရႊမ္းပါ... ေသြးသားေတာ္စပ္မႈအရ ဦးေလးလုိ႔ ေခၚတာပါ... ဦးေလးကုိ ထ်န္းအိမ္ေတာ္ ျပန္ေခၚသြားခြင့္ျပဳပါ"

"ငါက တစ္ကုိယ္တည္းသမား... ငါ့မွာ အိမ္မရွိဘူး... ျပန္လုိက္ပါ... ငါ မင္းကုိ ဆုိးဆုိးရြားရြား ျပဳမူဖုိ႔ တြန္းအား မေပးပါနဲ႔..."

Chapter-508
End

Unicode

အပိုင်း(၅၀၃)
သူမက ငါ့အမေ (၁)

"သခင်"

ဒုန်း

ရှောင်မိုလည်း လက်ဆန့်တန်းပြီး ယွမ်လော့ဖုန်းရှိရာ ပြေးလာခဲ့တယ်။ သူ့နူးညံ့သော ခန္ဓာကိုယ်လေးက ကောင်မလေး ရင်ခွင်ထဲ အရှိန်ဖြင့် ပြေးဝင်ကာ တိုတုတ်သော သူ့လက်လေးက သေးသွယ်သော သူမခါးလေးကို တင်းကျပ်နေအောင် ဖက်တွယ်ထားခဲ့တယ်။
"သခင်... ကောင်းကင်ဘုံအဆင့် ဖြစ်လာတည်းက သခင် ကမ္ဘာထဲကို ကျွန်တော် ခဏ ပေါ်လာလို့ ရတယ်"
ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို မော့လိုက်တယ်။ နီမြန်းသော သူ့မျက်နှာလေးက ပြုံးရိပ်သန်းနေခဲ့တာပေါ့။

"နင် အချိန် ဘယ်လောက်ကြာကြာ ဒီမှာ နေနိုင်မှာလဲ"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ပြီး မေးလိုက်တယ်။

ရှောင်မိုလည်း လက်ကိုက်ရင်း မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်တယ်။
"ကျွန်တော်လည်း အတိအကျ မသိဘူး... သခင် ဒီနယ်ပယ်ကို အတားအဆီး ဖြတ်ကျော်သွားပြီးတည်းက အလိုအလျောက် ထွက်လာခဲ့တာပဲ..."

ယွမ်လော့ဖုန်းလည်း သူမ မေးဖျားလေးကို အသာအယာပွတ်သပ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်တယ်။

အဲ့အချိန်... ဒုန်းခနဲ အသံနဲ့အတူတူ ချင်ယန်တစ်ယောက် အခန်းထဲကို ဒယိမ်းဒယိုင် ဝင်လာခဲ့တယ်။ လှပ တင့်တယ်သော မျက်နှာလေးက အနီရောင် ပန်းသီးလေးအတိုင်း ချစ်စဖွယ်အတိပါ။ သူမလည်း ဟောဟဲဟောဟဲ ပြောရှာတယ်။

"သခင်မလေး... သတင်းဆိုး..."

"ဘာဖြစ်လို့လဲ"
ယွမ်လော့ဖုန်းလည်း ချင်ယန်ကို ကြည့်ပြီး မျက်ခုံးပင့်ကာ အမောတကော ပြောလိုက်တယ်။

"သခင်မလေး... ကျုံးလင်းအာ... သူမ...."
ချင်ယန်လည်း သူမနဖူးပေါ်မှ ချွေးစများကို သုတ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်တယ်။
"သူမကို ထျန်းမိသားစုက ဖမ်းခေါ်သွားတယ်"

ယွမ်လော့ဖုန်းရဲ့ မျက်နှာက တစ်စနဲ့တစ်စ ပိုပြီး မည်းမှောင်လာခဲ့တယ်။ မီးတောက်အဖွဲ့ ခေါင်းဆောင်က တာဝန်တစ်ခုကို ထမ်းဆောင်နေခဲ့တာ... သူမကို ထျန်းမိသားစုဝင်တွေက ဖမ်းသွားသတဲ့လား။

"အံ့သြဖို့ ကောင်းလိုက်တာ... ငါ ထျန်းခယ် ပြဿနာကို ရှင်းပြီးတာတောင် ထျန်းမိသားစုက ငါ့ကို ရန်ရှာရဲသေးတယ်"
လူသတ်ချင်သော အငွေ့အသက်များက ယွမ်လော့ဖုန်းရဲ့ မှေးကျဉ်းသော မျက်ဝန်းမှာ တဖျတ်ဖျတ်လက်လာခဲ့တယ်။
"ဒါနဲ့ ကျုံးလင်းအာ တာဝန်နဲ့ ထျန်းမိသားစုက မသက်ဆိုင်ပါဘူး ဘာကြောင့် သူတို့က ဖမ်းရတာလဲ"

"သခင်မလေး... မီးတောက်အဖွဲ့ဝင်တွေ ဒီကို ပြန်လာခဲ့စဉ်... ကျူံးလင်းအာက... ထျန်းမိသားစု အနားမှာ တခြား တာဝန် တစ်ခုကို ထမ်းဆောင်နေခဲ့တယ် ဒါနဲ့ ထျန်းမိသားစုနဲ့ အမှတ်မထင် တွေ့တာပါပဲ"

ချင်ယန်လည်း အသက်ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး ယွမ်လော့ဖုန်းကို အသေးစိတ် တင်ပြလိုက်တယ်။
"သူတို့ထဲမှာ ကျူံးလင်းအာ အစ်ကိုကြီး ရှိတယ်"

"ကျူံးလင်းအာ အစ်ကိုကြီး..."
ယွမ်လော့ဖုန်းလည်း မှင်တက်သွားခဲ့တယ်။
"ကျူံးလင်းအာက ထျန်းမိသားစုဝင်လား... မဟုတ်ဘူး... မဟုတ်ဘူး... ငါသိထားတဲ့ စကားအရ ကျူံးလင်းအာက သာမန်မိသားစုက လာတာပါ... သူက ထျန်းမိသားစုနဲ့ ဘယ်လို အဆက်အစပ် ရှိနေတာလဲ..."

"သခင်မလေး... ထျန်းမိသားစုက အမျိုးသားလေးက ကျူံးလင်းအာရဲ့ ဝမ်းကွဲ အစ်ကိုပါ..."

ဒီစကားကို ပြောရင်း ချင်ယန်လည်း ဒေါသထွက်လာရပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
"အဲ့ဒီနှစ်က ကျူံးလင်းအာရဲ့ အဖေ ကျင့်စဉ်ဖောက်ပြန်ရင်း အသည်းအသန် ဖြစ်သွားခဲ့တယ်... ဒေသခံ ကောင်မလေး တစ်ယောက်က သူ့ကို ကယ်တင်ခဲ့တယ်... ဒါပေမဲ့ လူယုတ်မာကောင်က ဒီကောင်မလေး ချောမောလှပတာ မြင်တော့ သက်သာလာတော့ ကောင်မလေးကို အဓမ္မကျင့်ခဲ့တယ်.....ကောင်မလေးက သူ့ကိုယ်သူ အဆုံးစီရင်ချင်ခဲ့တယ် ဒါပေမဲ့ သူမကို ငယ်ရည်းစားက ကယ်တင်ခဲ့ပြီး တင့်တောင်တင့်တယ် လက်ထပ်ခဲ့တယ်...."

ယွမ်လော့ဖုန်းလည်း သရော်လိုက်တယ်။
"ဒီဇာတ်လမ်းက လယ်သမားနဲ့ မြွေ ပုံပြင်ရဲ့ တကယ်လက်တွေ့ဘဝပဲ"

"လယ်သမားနဲ့ မြွေပုံပြင်..."
ချင်ယန်လည်း ယွမ်လော့ဖုန်းကို နားမလည်ဟန် ကြည့်လိုက်တယ်။
"သခင်မလေး... ဒီပုံပြင်က ဘယ်လို အကြောင်းအရာမျိုးလဲ"

"ဒီဇာတ်လမ်းက ကျူံးလင်းအာ မိဘတွေရဲ့ အတွေ့အကြုံနဲ့ အတူတူပဲလေ... နင် ကယ်တင်လိုက်တဲ့လူက ကြင်နာတတ်လား... ကျေးဇူးကန်းမလား ဆိုတာ မသိနိုင်ဘူးလေ"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။
"ဒါကြောင့် ငါ့နဲ့ မသိတဲ့လူကို ငါ မကယ်ဘူး... ငါတို့က သူတော်စင်တွေ မဟုတ်ဘူးဆိုတာ ချင်ယန် နင်မှတ်ထားရမယ်... တခြားလူကို သနားစရာ မလိုအပ်ဘူး မဟုတ်ရင်တော့ နင်လည်း ကျူံးလင်းအာအမေနဲ့ ကံကြမ္မာ တူသွားမယ်"

Chapter-503
End

အပိုင်း(၅၀၄)
သူမက ငါ့အမေ (၂)

ချင်ယန်လည်း ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်။
"သခင်မလေး... ကျွန်မ နားလည်ပါပြီ"

"ကောင်းပြီ... နောက်တစ်ကြိမ် လှုပ်ရှားဖို့အတွက် ပြင်ဆင်တော့..."

ယွမ်လော့ဖုန်းလည်း သူ့မျက်လုံးကို အသာအယာ မှေးကျဉ်းလိုက်ပြီး သူမရှေ့မှာ ရပ်နေတဲ့ အစေခံမလေးကို ငေးကြည့်လိုက်တယ်။ တပ်မကြီး နှစ်ခုလုံးမှ အဖွဲ့ဝင်များရဲ့ မူလဇာစ်မြစ်ကို စစ်ဆေးဖို့ ပြောသည့်တဲ့အပြင် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားဖို့ တရားလွန် မဖြစ်ဖို့ ညွှန်းကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျူံးလင်းအာက ထျန်းမိသားစုက ဆင်းသက်လာတာကို မသိခဲ့တာပေါ့။

ချင်ယန်လည်း သူမပြောချင်တဲ့ အတွေးများကို စုစည်းလိုက်ပြီး ဆက်ပြောတယ်။
"ဒီကောင်မလေးက အဓမ္မအကျင့်ခံရပြီး ကိုယ်ဝန်ရှိသွားခဲ့တယ် အစွမ်းမြင့်တဲ့ မိသားစုကလူတွေက သူတို့ သွေးမျိုးဆက်ကို အာရုံခံစားနိုင်တယ်။ ဒါကြောင့် ထျန်းမိသားစုက လူတွေက ကျူံးလင်းအာကို သူတို့မျိုးဆက်ဆိုတာ သိတာပေါ့။ သူတို့ မျိုးဆက် အပြင်မှာ မနေရအောင် ကျူံးလင်းအာကို ထျန်းအိမ်တော် ပြန်ခေါ်သွားတာပေါ့"

ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်တယ်။ အထက်စီးဆန်သော မျက်နှာက ချမ်းစိမ့်စိမ့် အငွေ့အသက်များ ဖုံးလွှမ်းနေခဲ့တယ်။

"ကျူံးလင်းအာမှာ ပါရမီ မရှိဘူးဆိုတာ သိရင် ထျန်းမိသားစုဆီ ပြန်ခေါ်ပါ့မလား ... ဒါပေမဲ့ သူတို့ နောက်တစ်ကြိမ် တွေ့ချိန်မှာ ကျူံးလင်းအာက အမြင့်စားအဆင့် ကျင့်ကြံသူ ဖြစ်နေပြီလေ ဒါကြောင့်လည်း သူမကို ထျန်းမိသားစုဆီ နောက်တစ်ကြိမ် ပြန်ခေါ်သွားတာ...."

ရှောင်မိသားစုလိုပဲ ထျန်းမိသားစုက သူတို့ မျိုးရိုးဆက်ခံသူက အသုံးဝင်ရင် ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲ။ သူတို့ မျိုးရိုးဆက်ခံသူက အသုံးမဝင်ဘူးဆိုတာ သိတာနဲ့ ချက်ချင်း မောင်းထုတ်ပစ်တဲ့အပြင် မျိုးရိုးနာမည်ကိုပါ အသုံးမခံတော့ဘူး။

"သခင်မလေး ခန့်မှန်းတာ မှန်ပါတယ် အဲဒီလိုပါပဲ"

ချင်ယန်လည်း စိုးရိမ်သော အသံနဲ့ တီးတိုး သက်ပြင်းချလိုက်တယ်။

"ချင်ယန်"
ယွမ်လော့ဖုန်းလည်း သူမ မေဖျားလေးကို အသာအယာ ပွတ်သပ်ပြီး ပြောလိုက်တယ်။
" လုံယွမ်တိုင်းပြည်ကိုလာတုန်းက ထျန်းခယ်နဲ့ ထျန်းယွီက ကျူံးလင်းအာ ဘယ်သူလဲဆိုတာ မသိရတာလဲ"

ချင်ယန်ရဲ့နှုတ်ခမ်းထောင့်များက အသာအယာတွန့်ကွေးသွားခဲ့တယ်။
"ဒါတော့ အကြောင်းပြချက်က ရှင်းပါတယ် ကျူံးလင်းအာ အဖေက ထျန်းမိသားစုရဲ့ ဘိုးဘေး သွေးမျိုးဆက်က ဆင်းသက်လာလို့ပေါ့... ဒါကြောင့်လည်း ကျူံးလင်းအာကို သူတို့ မမှတ်မိနိုင်တာ ဖြစ်ရမယ်"

ဒါမှမဟုတ်... သူတို့က ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းကို အာရုံစိုက်မိတာကြောင့် ကျူံးလင်းအာကို သတိမထားမိတာ ဖြစ်နိုင်ပါတယ်။

"ဒီလိုဆိုတော့လဲ..."
ယွမ်လော့ဖုန်းလည်း စဉ်းလဲစွာ ပြုံးလိုက်တယ်။အန္တရာယ် အရှိန်အဝါများက သူမ ဘေးပတ်ပတ်လည်မှာ ဝန်းရံလာပြီး ပိုပြင်းထန်လာခဲ့တယ်။အခန်းတစ်ခန်းလုံးကို ချောက်ချားဖွယ် ဖြစ်စေတယ်။
"ချင်ယန်... ရဲ့လင်းကို ခေါ်လိုက်... နင်တို့နှစ်ယောက် ငါ့နဲ့အတူတူ ထျန်းမိသားစုရှိရာ သွားဖို့ လိုက်ခဲ့...."

"ဟုတ်ကဲ့ပါ သခင်မလေး"
ချင်ယန်ရဲ့မျက်နှာက တည်ငြိမ်သွားပြီး သူမမျက်ဝန်းနက်မှာ တောက်ပသော အလင်းရောင်များ ရှိနေခဲ့တယ်။

"ဒါဆို ကျွန်တော်ကရော်"
ရုတ်တရက် သေးငယ်သော လက်လေးက ယွမ်လော့ဖုန်းရဲ့ အကျႍလက်ကို လာဆောင့်ဆွဲလာပြီး ကောင်လေးရဲ့ ချစ်စဖွယ် အသံလေးကို ကြားလိုက်ရတယ်။

ဒီတော့မှ ယွမ်လော့ဖုန်း ဘေးနားရပ်နေတဲ့ ကောင်လေးကို ချင်ယန် သတိထားမိပြီး တအံ့တသြ မေးလိုက်တယ်။
"သခင်မလေး... ဒီကောင်လေးက ဘယ်သူလဲ"

ရှောင်မိုရဲ့ မျက်ဝန်းများက တဖျတ်ဖျတ်ခတ်လာတယ်။ ယွမ်လော့ဖုန်းရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ်။
"ကျွန်တော်က သူ့သား"

သား...။

ချင်ယန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။ သူမလည်း ယွမ်လော့ဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။

သခင်မလေးမှာ သားရှိတယ်....။

ဒါပေမဲ့ ချင်ယန် အံံ့သြတုန်လှုပ်ရာမှ အသိပြန်မဝင်လာခင်.... ကောင်လေးရဲ့ ကလေးဆန်သောအသံကို နောက်တစ်ကြိမ် ထပ်ကြားလိုက်ရတယ်။
"မေမေ... ဖေဖေ ယွမ်ရှောင် ဘယ်တော့ ပြန်လာမှာလဲ"

ဝုန်း...

ချင်ယန်မှာ မိုးကြိုးပစ်ခံရသကဲ့သို့ မှင်တက်သွားရတယ်။ သူမမှာ တုန်လှုပ်ချောက်ချားလာရတယ်။

အရမ်းကို ထိတ်လန့်ဖို့ ကောင်းပါတယ်။

သခင်မလေးမှာ ယွမ်ရှောင်နဲ့ရတဲ့ ကလေး ရှိတာလား။ ဒါကို စစ်သူကြီး သိလား။

"ရှောင်မို"

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်မိုကို သတိပေးသလို ကြည့်ကာ ချင်ယန်ကို ကြည့်လိုက်တယ်။
"သူ... မဟုတ်မမှန် ပြောနေတာပါ.... ငါ... ယွမ်ရှောင်နဲ့ တွေ့တာ တစ်နှစ် မရှိသေးဘူး ဒီအရွယ်ကလေးကြီး ဘယ်လိုလုပ်ရှိနိုင်မလဲ"

Chapter-504
End

အပိုင်း(၅၀၅)
စဉ်းလဲသော ရှောင်မို (၁)

ရှောင်မိုလည်း မျက်လုံး တဖျတ်ဖျတ်ခတ်လိုက်ပြီး ငြီးထွားလိုက်တယ်။
"မေမေက သားကို မလိုချင်တော့ဘူးလား မေမေနဲ့ ဖေဖေ သိလာတာ နှစ်ပေါင်းများစွာ ကြာပြီလေ သူက မေမေကြောင့် ယွမ်မိသားစုထဲ ဝင်လာတာလေ မေမေ... သားကို မစွန့်ပစ်ရဘူးနော်"

ယွမ်လော့ဖုန်း၏မျက်နှာက ချက်ချင်းမည်းမှောင်သွားခဲ့ပြီး သူမ ဘေးနားမှာ ဒေါသမြူခိုးများ ရစ်သိုင်းသွားရတယ်။ ညိုးငယ်သော မျက်နှာအမူအရာရှိသော ရှောင်မိုကို ကြည့်လိုက်တယ်။
"နင် ဒီမှာ ဆက်မရှိချင်တော့ဘူးထင်တယ်"

သူမရဲ့ ဒေါသထွက်နေသော အမူအရာက ရှောင်မိုကို ကြောက်လန့်စေတယ်။ ဒါပေမဲ့ သူမ ယွမ်ရှောင်ကို လက်ထပ်ဖို့ သူ တတ်နိုင်သလောက် စွန့်စားရမယ်။

"မေမေ...သားကို နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့တယ်... နောက်တစ်ကြိမ် မစွန့်ပစ်ပါနဲ့နော်...ဝူး..."
ရှောင်မိုလည်း ယွမ်လော့ဖုန်းရဲ့ပေါင်ကို ဖက်ထားပြီး အကြီးအကျယ် အော်ငိုလိုက်တယ်။
"ဒီနှစ်တွေမှာ တစ်ချိန်လုံး မေမေကို သတိရနေတာ"

ယွမ်လော့ဖုန်းလည်း မျက်ဝန်းကို မှေးကျဉ်းလိုက်ပြီး သူမ ပတ်ဝန်းကျင်မှ အန္တရာယ် အငွေ့အသက်များ တဖြည်းဖြည်းချင်း ပေါများလာရတယ်။ ကြောက်လန့်လာတာကြောင့် ရှောင်မိုမှာ လည်ပင်းလည်း ကျုံ့သွားရတယ်။ သူမကို သနားစဖွယ် ငေးကြည့်လိုက်တယ်။ သူ့ပုံစံက စွန့်ပစ်ခံရသော ခွေးလေးကဲ့သို့ သနားစဖွယ်ပါ။ သူ့သခင်ကို တွေ့လို့ အမြီးလေး တနှံနှံဖြစ်နေတဲ့ ခွေးကလေး အတိုင်းပါပဲ။

နောက်ဆုံးတော့ အံ့သြတုန်လှုပ်ရာမှ သတိဝင်လာပြီး ယွမ်လော့ဖုန်း အန္တရယ် ပြုတော့မှာကို ခံစားမိတာကြောင့် ချင်ယန်လည်း ရှောင်မိုကို သူမနောက် ဆွဲလိုက်ထားလိုက်တယ်။

"သခင်မလေးက ကျွန်မ အချစ်ခင်ဆုံး လူတစ်ယောက် ဖြစ်တာကြောင့် သခင်မလေး ပေးတဲ့ အမိန့်ကို အမြဲ နာခံခဲ့ပါတယ်....ဒီကလေးက သခင်မလေး သားပါ.... သခင်မလေးမှာ သူ့ကို စွန့်ပစ်နိုင်တဲ့ အခွင့်အရေး မရှိဘူး"

ယွမ်လော့ဖုန်းလည်း အသက်ခပ်ပြင်းပြင်းရှုလိုက်တယ်။
"ချင်ယန်.... ငါတို့ ထျန်းအိမ်တော်ကို အရင်ဆုံးသွားမယ်.... ငါတို့ပြန်လာမှ ဒီကိစ္စကို ထပ်ပြောကြမယ်"

ကျွီခနဲမြည်သံ...။

ယွမ်လော့ဖုန်းလည်း တံခါးဖွင့်ပြီး အပြင်ဘက် ထွက်ခါနီးမှာ ခိုးကြောင်ခိုးဝှက် နားထောင်နေသော အဘိုးအိုရဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ယွမ်လော့ဖုန်းရဲ့ မျက်နှာက ပိုမည်းမှောင်လာခဲ့တယ်။
"အဘိုး... ဒီမှာ ဘာလုပ်နေတာလဲ"

"အမ်..."
ယွမ်လော့လည်း ခေါင်းကုတ်ရင်း ဟန်လုပ်ရယ်မောတော့တယ်။
"ကလေး တစ်ယောက် ငိုနေတဲ့ အသံ ကြားလို့ ဒီမှာ ဘာဖြစ်နေလဲ လာကြည့်တာပါ... ဖုန်းအာလေး... မြေးလေးမှာ သားလေး ရှိတာ ဘာလို့ မပြောရတာလဲ။ ငါ့မြစ်တော်လေးကို ဘာလို့ ဖွက်ထားရတာလဲ"

ယွမ်လော့ဖုန်းလည်း ခေါင်းကိုက်လာပြီး သူမနားထင်ကို လက်နဲ့ ပွတ်သပ်လိုက်တယ်။
"ဖုန်းအာမှာ အရေးတကြီး လုပ်စရာ ကိစ္စရှိသေးတယ်... ပြန်လာမှ ဒီကလေးက မြေးရဲ့ ကလေး မဟုတ်ဘူးဆိုတာ သွေးနဲ့ သက်သေပြမယ်"

"ဒီကလေးက ငါ့မြစ်လို့ ပြောရင် ငါ့မြစ်ပဲ..."
ယွမ်လော့က ယွမ်လော့ဖုန်းကို စူးစူးရဲရဲ ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ့မျက်နှာက ပြုံးရိပ်သန်းနေခဲ့ပြီး ရှောင်မိုဘက် လှည့်ကြည့်လိုက်တယ်။
"ကလေး... မင်းကို အဘိုး ဖက်ထားပါရစေ..."

ရှောင်မိုလည်း မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီး ချစ်စဖွယ် ဖြေလိုက်တယ်။
"ဘိုးဘိုးကြီး သားမေမေကို လူယုတ်မာကြီးနဲ့ လက်ထပ်ဖို့ ခွင့်မပြုပါနဲ့နော် မေမေကို သားဖေဖေ ယွမ်ရှောင် ပိုင်တာ..."

"အို... အသည်းလေး... စိတ်မပူနဲ့နော်... ဒီလူတွေ ဆန္ဒကို ဘိုးဘိုးကြီးက ခွင့်မပြုပါဘူး"

အချီကြီး ပြုံးပြီး ယွမ်လော့လည်း ရှောင်မိုကို ရင်ခွင်ထဲသွင်းကာ နီရဲနေသော ပါးမို့မို့လေးကို မွှေးကြူလိုက်တယ်။
"ဖုန်းအာ... ဒီကလေးကို ကြည့်စမ်းပါ... မြေးနဲ့ အတော်ကို တူတယ်.... ဘိုးဘိုး ခံစားရတာ မမှားနိုင်ဘူး ဒီကလေးက မြေးရဲ့ သားလေး... ဒါမှမဟုတ် ခုချက်ချင်း သွေးစမ်းကြည့်မလား"

ဒီကလေးက သူမနဲ့တူတယ်။

ယွမ်လော့ဖုန်းလည်း မျက်ခုံးကို တွန့်ချိုးလိုက်တယ်။ ရှောင်မိုကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။ သူမနဲ့တူတဲ့ နေရာလေး တစ်ခုတစ်လေမျှ ရှာလို့ကို မတွေ့ဘူး။ ဒီဘိုးဘိုးတော့ ရူးရူးမိုက်မိုက်ကို မြစ်လိုချင်နေတာ ထင်ပါတယ်... လမ်းမှာတွေ့တဲ့ တွေ့ရာကလေးကို သူမ ခေါ်လာခဲ့ရင်တောင် သူမနဲ့ တူတယ်လို့ ဘိုးဘိုးက ခံစားရမှာပဲ။

"ဘိုးဘိုး... မြေးမှာ အရေးကြီး ကိစ္စ ရှိတယ်... ပြန်လာမှာ သွေးစမ်းသပ်နိုင်မယ်"
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။ သူမမှာ အချိန် အများကြီး မရှိဘူး။ ဒါပေမဲ့ ဘိုးဘိုးကိုတော့ ဖျောင်းဖျထားမှ ရမယ်။

ယွမ်လော့လည်း နားလည်ရခက်သော အပြုံးကို ပြုံးလိုက်တယ်။
"မြေးမှာ စဉ်းလဲတဲ့ အကြံ အများကြီး ရှိတယ်ဆိုတာ ဘိုး သိတယ် မြေးပြန်လာရင် ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူး ဒါကြောင့် အခန်းထဲ မဝင်ခင်တည်းက ကြည်လင်တဲ့ ရေဇလုံကို အစေခံကို ပြင်ခိုင်းထားပြီးသားပါ... အခုချက်ချင်း မြေး သွေးစစ်ကြည့်လို့ ရတယ်"

ယွမ်လော့ဖုန်းမှာ မွန်းကျပ်သလို ခံစားရတယ်။ ဒါပေမဲ့လည်း အဘိုးရဲ့တောင်းဆိုမှုကို လက်ခံဖို့ ရွေးချယ်လိုက်တယ်။

Chapter-505
End

အပိုင်း(၅၀၆)
စဉ်းလဲသော ရှောင်မို (၂)

"ကောင်းပြီလေ... သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ..."

သူမ ပြောပြီးတာနဲ့ ရေဇလုံ သယ်ဆောင်လာသော အစေခံငယ်လေးများ အခန်းထဲဝင်လာပြီး စားပွဲပေါ် ရေဇလုံကို တင်ကာ တရိုတသေ အခန်းထဲမှ ထွက်ခွာသွားခဲ့တယ်။

"ငါ့ကို ဓားပေး"
ယွမ်လော့ဖုန်းလည်း ချင်ယန်ကို ဓားပေးရန် တောင်းဆိုလိုက်တယ်။

"ဟုတ် သခင်မလေး"
ချင်ယန်က ရိုသေလေးစားစွာ ပြန်ဖြေတယ်။ သူမ ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်ပြီး ယွမ်လော့ဖုန်းကို လှမ်းပေးလိုက်တယ်။

ယွမ်လော့ဖုန်းလည်း ဓားနဲ့ သူ့လက်ထိပ်ကို လှီးဖြတ်လိုက်ပြီး ကြည်လင်တဲ့ ရေထဲကို သွေးစက်ချလိုက်တယ်။ ထို့နောက် ရှောင်မိုကို ဓားပေးလိုက်တယ်။
"နင့်အလှည့်"

"ကလေး"
ယွမ်လော့က ရှောင်မိုအတွက် ဓားကို ယူထားလိုက်ပြီး ချိုသာစွာ ပြောတယ်။
"ကလေး လက်ထိပ်ကို ဓားနဲ့ နည်းနည်းချင်း လှီးလိုက် မနာပါဘူး"

"ဟုတ်"
ရှောင်မိုက ချစ်စဖွယ် ပြန်ဖြေတယ်။ သို့သော်လည်း မှေးကျဉ်းနေသော မျက်ဝန်းမှာ ဆန်းကြယ်သော ပြုံးရိပ်ရှိနေတာကို ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။ ရှောင်မိုက တွန့်ဆုတ်သလို ဟန်လုပ်ရင်း ဓားကို တုန်တုန်ရီရီယူကာ သူ့လက်သူ ဓားနဲ့ လှီးလိုက်တယ်။

ရှောင်မိုရဲ့ဖြူဖျော့သွားသော မျက်နှာကို မြင်ရတော့ ယွမ်လော့မှာ နှလုံးသား နာကျင်ရတယ်။ ရှောင်မိုလက်ကို လေတဖူးဖူး မှုတ်ပေးနေရှာတယ်။

ယွမ်လော့ဖုန်းက စကားအများကြီး မပြောဘဲ စားပွဲခုံပေါ်က ရေကိုသာ ဂရုတစိုက် ကြည့်နေလိုက်တယ်။ ထို့နောက် နှစ်ဖက်စလုံးမှာ ပြန့်ကျယ်နေတဲ့ သွေးစက်များက တစ်ဖြည်းဖြည်းချင်း ပေါင်းစည်းသွားတာကို မြင်လိုက်ရတယ်။

ယွမ်လော့ဖုန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။

သွေးစစ်ဆေးမှုအရ ရှောင်မိုကို သူမသားလို့ သက်သေပြနောလား။ ဘယ်လို ဖြစ်နိုင်ပါ့မလဲ။ သွေးစစ်ဆေးမှုကဘာကြောင့် ဒီလို ရလာဒ် ထွက်လာရတာလဲ။

"ဟား..."
ယွမ်လော့လည်း ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး အိုမင်းသော မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
"ငါ ... ဒီကလေးကို တကယ်ချစ်တယ်... သူက ငါ့မြစ်လို့ ငါပြောပါတယ် ဖုန်းအာ.... ဒါဆို... မြေးနဲ့ ယွမ်ရှောင်မှာ ကလေး ရှိနေပြီးသားပေါ့ ဘိုးကတော့ မြေးအတွက် စိတ်ပူနေဆဲပဲ..."

ယွမ်လော့ဖုန်းလည်း မျက်နှာမည်းမှောင်သွားရတယ်။
"ရှောင်မိုက ဖုန်းအာ သားဆိုရင် သူ့အသက်က ၅နှစ်... ဒါဆို မြေး ၁၀နှစ်မှာ ကလေး မွေးခဲ့ဖူးလို့လား"

ယွမ်လော့လည်း ချင့်ချိန်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
"မဖြစ်နိုင်ဘူး... သာမန် ကလေးတစ်ယောက်ဆိုရင်တော့ အသက်၁၀နှစ်မှာ ကလေး မမွေးနိုင်ဘူး... ဒါပေမဲ့ မြေးက သမားတော်တစ်ယောက်... ဆန်းကြယ်တယ်... မြေး အသက် ၁၀နှစ်မှာ ကလေးမွေးနိုင်မယ်လို့ ဘိုးဘိုး ယုံကြည်တယ်"

ယွမ်လော့ဖုန်း တကယ့်ကို နောင်တရပါတယ်...။ ရှောင်မိုကို ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေထဲက ထွက်ခွင့်ပြုမိတာလဲ နောင်တရတယ်.... သူမကို ပြဿနာရှာဖို့ အခွင့်အရေးပေးခဲ့မိတယ်။

"ငါနဲ့လိုက်ခဲ့"
ယွမ်လော့ဖုန်းလည်း ရှောင်မိုကို ယွမ်လော့ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ပြီး တံခါးအပြင်ဘက်ကို အလျင်အမြန် လျှောက်သွားလိုက်တယ်။

ချင်ယန်နဲ့ ယွမ်လော့... သူမတို့နောက် လိုက်မလာတာ သေချာတော့မှ ရှောင်မိုကို မြေကြီးပေါ် တွန်းချလိုက်တယ်။ မျက်ခုံးပင့်ကာ သူမ မေးလိုက်တယ်။
"ရှောင်မို... သွေးစစ်ဆေးတာ ဘယ်လို ဖြစ်ရတာလဲ... ငါ့ကို ပြောစမ်းပါ"

ရှောင်မိုလည်း နာကျင်သွားသော တင်ပါးကို ပွတ်သပ်ရင်း သနားစဖွယ် ပြောရှာတယ်။
"သခင်... ကျွန်တော်က ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေ အစောင့်အရှောက် တစ်ယောက်... ကျွန်တော်က ဝိညာဉ်ပဲ ရှိတယ်.... ကျွန်တော်မှာ သွေးမရှိဘူး .... ဒါပေမဲ့ ကျွန်တော်က သခင်နဲ့ စာချုပ်ချုပ်ဆိုထားတယ် ဒါကြောင့် ကျွန်တော်က သခင် သွေးနှစ်စက်ကို သုံးလိုက်တာပါ"

"နင် ပြောပုံအရ... ဒီသွေးနှစ်စက်က ငါ့သွေးပေါ့ ဟုတ်လား"
ယွမ်လော့ဖုန်းလည်း မကျေမနပ် ကြည့်လိုက်တယ်။
"ရှောင်မို... နင် ဒီလောက်အထိ တရားလွန်လာမယ်လို့ မထင်ခဲ့ဘူး... နင်ဘာကြောင့် ဒီလို ပြဿနာ ရှာရတာလဲ... ငါ့ကို ရှင်းစမ်း"

စိတ်ထိခိုက်လာတာကြောင့် ရှောင်မိုလည်း မြေကြီးပေါ်က ထကာ သနားစဖွယ် ပြောလိုက်တယ်။
"လူယုတ်မာကောင် ပိုင်စု ထွက်သွားအောင် လုပ်ရတာပါ သူက သခင်ကို ပိုးပန်းနေတယ်လေ... သခင်မှာ ယွမ်ရှောင်နဲ့ ကလေးရှိပြီးသားဆိုတာ တစ်လောကလုံး သိစေဖို့ သခင့်သားအဖြစ် ဟန်ဆောင်ရတာပါ"

ဒီလိုမှ လူယုတ်မာ ပိုင်စုက သခင်နောက် ထပ်မလိုက်တော့မှာ။

Chapter-506
End

အပိုင်း(၅၀၇)
ထျန်းမိသားစုရှိရာ ခရီးထွက်ခွာခြင်း (၁)

ယွမ်ရှောင် မရှိချိန်မှာ သခင်ကို သူ့အစား ကာကွယ်ထားရမယ်.... ယုတ်မာတဲ့ အကြံအစည်ရှိတဲ့ လူက သူမကို အခွင့်အရေးယူသွားနိုင်တယ်။

ယွမ်လော့ဖုန်းက သူ့ကို မတားဆီးတာ မြင်ရတော့ သူ ရောက်တတ်ရာရာ ဆက်ပြောလိုက်တယ်။
"ပိုင်စုက တကယ့်ကို လူယုတ်မာကောင်... သူက ယွမ်ရှောင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး သူက သခင်ကို အခွင့်ကောင်းယူချင်နေတာ... သူကြောင့် ကျွန်တော် လိမ်ရတာ..."

"တကယ်လား"
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။ သူ့မျက်နှာက သနားစိတ် ဝင်သွားသော ပုံစံအဖြစ် ပြောင်းလဲသွားခဲ့တယ်။
"ငါ့အတွက် ပြဿနာရှင်းပေးလို့ နင့်ကို ကျေးဇူးတင်သင့်လား"

"ဒါပေါ့"
ရှောင်မိုလည်း လက်ပိုက် ရပ်ကြည့်ပြီး ဘဝင်ခိုက်ဟန် ပြုံးလိုက်တယ်။
"သခင်... စိတ်မပူပါနဲ့... သခင်မှာ ယွမ်ရှောင်နဲ့ ရတဲ့ ကလေးရှိတာ သိရင် ပိုင်စုက သခင်ကို နှောင့်ယှက်တော့မှာ မဟုတ်ဘူး"

ယွမ်လော့ဖုန်းလည်း ရှောင်မိုကို ချစ်စဖွယ် ပြုံးပြလိုက်တယ်။
"ငါ့အတွက် ပြဿနာကို ဖြေရှင်းပေးတော့ အခု...နင့်ကို ငါက ဆုပေးရတာပေါ့... ဆုအနေနဲ့ ဆေးနတ်ဘုရားလျှို့ဝှက်နယ်မြေထဲမှာ တစ်လနေရမယ်"

ရှောင်မိုရဲ့ ခန္ဓာကိုယ်လေးက တုန်ရီသွားပြီး ချောက်ချားဖွယ်အကြည့်က သူ့မျက်ဝန်းမှာ တဖျတ်ဖျတ်လက်သွားရတယ်။
"သခင်.... မလုပ်ပါနဲ့"

"မှတ်ထား"
ယွမ်လော့ဖုန်းလည်း ရှောင်မိုကို မကျေမနပ် ကြည့်လိုက်တယ်။
"နောက်တစ်လ မရောက်မချင်း နင့်ကို ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေထဲက ခြေတစ်လှမ်း လှမ်းခွင့် မပြုဘူး"

ရှောင်မိုမှာ ငိုချင်းချင်းပါ။ သူ့မှာ ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေထဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတာပါ... အခုလေးတင် ဒီနေရာက ထွက်လာနိုင်တာ....။ သခင်က သူ့ကို တစ်လ ထပ် ချူပ်နှောင်ထားဦးမယ်ပေါ့...ဟုတ်လား... သူ့ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေထဲက မထွက်နိုင်ခဲ့ရင် ကိစ္စ မရှိဘူး။ အခု သူက အဲ့နေရာက အလွယ်တကူ ထွက်နိုင်နေပြီလေ။

"သခင်... ကျွန်တော် မှားပါတယ်"
ရှောင်မိုက သူမ အကျႍလက်ကို ဆွဲကာ ကလေး တစ်ယောက်လို ပြောနေတယ်။
"ကျွန်တော် ဒီလိုကိစ္စမျိုး နောက်တစ်ခါ မလုပ်တော့ပါဘူး ကျွန်တော်ကို တစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါနော်"

"နင့်အမှားကို နင် သိပြီလား"
ယွမ်လော့ဖုန်းလည်း ရှောင်မိုရဲ့မေးဖျားလေးကို အသာအယာ ပင့်တင်လိုက်ပြီး သူ့မျက်ဝန်းကို မှေးကျဉ်းလိုက်တယ်။
" ဒီလို နောက်တစ်ကြိမ် လုပ်ဦးမလား"

"မလုပ်တော့ဘူး"
ရှောင်မိုလည်း သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ကတိ အထပ်ထပ် အခါခါ ပေးလိုက်တယ်။

"ထေတာ့"

ယွမ်လော့ဖုန်းက လက်လှမ်းပေးတော့ ရှောင်မိုက သူမ လက်ကို ဆွဲတယ်။ သူမရှေ့က ကောင်လေး မျက်ဝန်းကို ကြည့်ကာ မေးလိုက်တယ်။
"ငါနဲ့ ယွမ်ရှောင်အတွက် နင်လုပ်ပေးတာကို ငါ သိပါတယ် ပိုင်စု ငါ့ကို နှောင့်ယှက်တာ မမြင်ချင်ဘူးမလား ဒီလူက ငါ့အတွက် ခံစားချက် မရှိဘူး.... ငါ့ကို အခွင့်ရေးယူချင်နေတာ.... ငါ့မှာ သားတကယ် ရှိရင်တောင် သူ့က ငါ့ကို စွန့်လွှတ်မှာ မဟုတ်ဘူး"

ရှောင်မိုလည်း မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး တောင်းပန်ဟန် စကားဆိုတယ်။
"သခင်... ကျွန်တော် သခင်ကို ပြဿနာ ရှာမိပြီလား"

"အင်း"
ယွမ်လော့ဖုန်းလည်း သူ့ကို ငေးကြည့်ရင်း ပြောလိုက်တယ်။
"ငါ တခြားနေရာမှာ ရောက်နေလို့ နင် ငါ့သားအဖြစ် ဟန်ဆောင်လည်း ကိစ္စ မရှိဘူး ဒါပေမဲ့ အခုက ယွမ်မိသားစု... သူတို့က ငါ့မိသားစု... ငါ သူတို့ကို မလိမ်ချင်ဘူး"

ဒီတစ်ကြိမ်တော့ သူ တရားလွန်သွားတာကြောင့် ရှောင်မိုက အပြစ်ရှိသော လေသံဖြင့် ပြောလိုက်တယ်။
"အခု သခင်ရဲ့ အဘိုးကို ကျွန်တော် အမှန်တိုင်း ပြောလိုက်ရမလား"

ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်တယ်။
"အဘိုးက အသက်ကြီးနေပါပြီ... ကောင်းကင်ဘုံတက်ပြီး ငရဲရောက်တာကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး... ငါတို့ သွေးစစ်ဆေးပြီးပြီ.... ငါတို့ ရှင်းပြလည်း သူ ယုံကြည်မှာ မဟုတ်ဘူး"

"သခင်... ကျွန်တော် တောင်းပန်ပါတယ်..."

"ထားလိုက်ပါတော့"
ယွမ်လော့ဖုန်းလည်း ရှောင်မိုကို နောက်တစ်ကြိမ် ငေးမောကြည့်လိုက်တယ်။
"သူက ငါတို့ ဆက်ဆံရေးကို နားလည်မှု လွဲကတည်းက ဒီအတိုင်း ထားလိုက်ပါတော့ ... ဒါပေမဲ့ ယွမ်မိသားစုမှာ ဒီလိုမျိုး နောက်တစ်ကြိမ် ဖြစ်ခွင့် မပြုတော့ဘူး"

သူမ ပြောချင်တာက တခြားနေရာမှာ သူ ကြိုက်သလို ဟန်ဆောင်နိုင်တယ်.... ယွမ်မိသားစုမှာတော့ မရဘူး

ဒီနေရာလေးက သူမ စောင့်ရှောင်ချင်တဲ့ သန့်စင်သော နယ်မြေလေးပါ။

ရှောင်မိုရဲ့ မျက်နှာလေးက တောက်ပစွာ ပြုံးရင်း မော့လိုက်တယ်။
"သခင်... ကျွန်တော် နားလည်ပါပြီ... အခုတော့ ဆေးနတ်ဘုရားလျှို့ဝှက် နယ်မြေထဲဝင်ဖို့ အချိန်ရောက်ပြီ... မနက်ဖြန်မှ ပြန်တွေ့မယ်နော်..."

Chapter-507
End

အပိုင်း(၅၀၈)
ထျန်းမိသားစုရှိရာ ခရီးထွက်ခွာခြင်း (၂)

ထို့နောက် ရှောင်မိုရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ဝေဝါးလာပြီး လေထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။

"သခင်မလေး"

ချင်ယန် ရောက်လာတဲ့ အချိန်မှာ ယွမ်လော့ဖုန်းတစ်ယောက်တည်းကိုသာ တွေ့ရပြီး သူမ ဆွဲခေါ်သွားတဲ့ ရှောင်မိုက ပျောက်နေတယ်။

"သခင်မလေး.... သခင်လေး ဘယ်မှာလဲ"
ချင်ယန် အံ့သြမိပါရဲ့...။
"နှုတ်ပိတ်ဖို့အတွက် သခင်လေးကို သတ်လိုက်တယ်လို့ မပြောပါနဲ့"

ယွမ်လော့ဖုန်းလည်း ချင်ယန်ကို ခက်ထန်စွာ ကြည့်လိုက်တယ်။

ချောက်ချားဖွယ် လွှမ်းမိုးမှုကြောင့် ချင်ယန်မှာ တုန်လှုပ်သွားပြီး အလျင်အမြန် ရှင်းပြတယ်။
"ကျွန်မက ကျီစယ်တာပါ... သခင်လေးက ဘယ်လို ပျောက်သွားလဲ မသိဘူး... ထူးဆန်းလိုက်တာနော်"

" သူ့မှာ လုပ်စရာ ရှိလို့... ရဲ့လင်းကို ခေါ်လိုက်... ထျန်းမိသားစုကို သွားမယ်"

"ဟုတ်ကဲ့ပါ သခင်မလေး..."
ချင်ယန်က နောက်ထပ် မမေးတော့ဘဲ ရိုသေလေးစားစွာ ပြန်ဖြေလိုက်တယ်။

အဓိက ဦးစားပေးက ကျူံးလင်းအာကို ကယ်တင်ရမှာပဲ။

................

လုံယွမ်တိုင်းပြည်နဲ့ သိပ်မဝေးကွာတဲ့ တည်းခိုးခန်းမှာ အဘိုးအိုငယ်လေးက သူ့လက်ဖက်ရည်ကို မြည်းစမ်းနေခဲ့တယ်။ သူ့မျက်နှာမှာ ကျေနပ်ပီတိရိပ်များ ရှိနေခဲ့တယ်။

"ယွမ်မိန်းကလေးရဲ့ စိတ်ဝိညာဉ် လက်ဖက်ရည်ကို မြည်းစမ်းပြီးတည်းက လက်ဖက်ရည် ဂျီးများတတ်လာပြီ.... စိတ်ဝိညာဉ်လက်ဖက်ရည်က လွဲရင် ဘယ်လက်ဖက်ရည်မှ ငါ့ကြိုက်တဲ့ အရသာ မဟုတ်ဘူး"

လင်းလောပိုင်လည်း မေးဖျားလေးကို လက်ထောက်ရင်း ပျင်းရိငြီးငွေ့ဟန် မေးလိုက်တယ်။
"အဘိုးကြီး... ရှင် ကျွန်မကို ဘာလုပ်စေချင်တာလဲ...မြန်မြန် ပြောစမ်းပါ....မြန်မြန် ကိစ္စပြတ်ချင်တယ်.... ဒါမှ ပြန်ပြီး ငါ့ဆရာကို ပြုစုရမှာ"

"စိတ်မပူပါနဲ့....မင်း ငါ့ကို ကူညီပေးနိုင်တာ တစ်ခု ရှိပါတယ်"
အဘိုးအိုငယ်လေးက အေးအေးဆေးဆေး ပြောတယ်။
"ငါ ဆေးရပြီးတာနဲ့ မင်း ဆရာကို တစ်ဝက်ခွဲဝေပေးမယ်"

လင်းလောပိုင်လည်း သူမရဲ့ အနီရောင်နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်တယ်။
"ဒါဆို ငါကရော်... အလကား အလုပ်သမား ဖြစ်နေပြီလား"

အဘိုးအိုငယ်လေးလည်း လင်းလောပိုင်ကို ငဲ့စောင်းကြည့်ရင်း လေးလေးနက်နက် ပြောလိုက်တယ်။
"ရှောင်ပိုင် မစိုးရိမ်နဲ့နော်... ဆေးထက် တန်ဖိုးရှိတဲ့ ပစ္စည်းကို လက်ဆောင်ပေးမှာပါ"

လင်းလောပိုင်ရဲ့ မျက်လုံးလေး ပင့်လိုက်တယ်။
"ဘာလဲ"

"အမ်..."
အဘိုးအိုငယ်လေးလည်း သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ရယ်မောလိုက်တယ်။
"တန်ဖိုးရှိတဲ့ အတွေ့အကြုံလေ... မင်းက ဝိညာဉ်နတ်ဘုရားတောင်မှာ ကြီးပြင်းခဲ့ရပြီး ဘယ်နေရာမှ မရောက်ဖူးခဲ့ဘူး... အပြင်လောကနဲ့လည်း အဆက်အစပ် မရှိသလို... ဘာအတွေ့အကြုံမှလည်း မရှိဘူး ဒီတစ်ခေါက် ငါ မင်းကို ဒီနေရာ ခေါ်လာတော့ မင်းမှာ စွန့်စားရတဲ့ အတွေ့အကြုံ ရတာပေါ့ ဒါက အကောင်းဆုံး မဟုတ်ဘူးလား..."

သူပြောလို့ မပြီးခင်မှာ လင်းလောပိုင်က လက်ဖက်ရည်ခွက်ကို ယူပြီး သူ့ကို ပစ်ပေါက်တယ်။

ဒုန်း

ဗလုံးဗထွေး အသံနဲ့အတူတူ အဘိုးအိုရဲ့ခေါင်းပေါ်မှာ ဘုသီးကြီးပေါ်လာရပြီး လက်ဖက်ရည်များ သူ့ခေါင်းပေါ် စိုရွဲသွားတော့တယ်။

သူလည်း ကူရာမဲ့စွာ ခေါင်းကို ခါယမ်းလိုက်တယ်။
" ဒီနေ့ခေတ် လူငယ်တွေက ရိုင်းစိုင်းလိုက်တာ ငါက ကျီစယ်တာကို အတည်မှတ်နေတာပဲ"

"ဟွန့်"
လင်းလောပိုင်လည်း ထေ့ငေါ့လိုက်ပြီး သူ့ကို ထပ်မကြည့်ချင်တော့တာကြောင့် လှည့်နေလိုက်တယ်။

"ဟုတ်ပါပြီ... ရှောင်ပိုင်ရယ်... ငါ မင်းကို ခွင့်လွှတ်ပါတယ်... အခု ငါတို့မှာ ဧည့်သည် ရှိတယ်"

ဧည့်သည်....။

လင်းလောပိုင်လည်း မှင်တက်သွားတယ်။ ဘာဖြစ်လဲဆိုတာ သိဖို့ တံခါးဘက်ကို ငဲ့စောင်းကြည့်ချိန်... အပြာရောင် ဝတ်စုံနဲ့ လူတစ်စု အခန်းထဲ ဝင်လာတာ မြင်လိုက်ရတယ်။ သက်လတ်ပိုင်း ရှိသော ခေါင်းဆောင်လို့ ထင်ရတဲ့ လူတစ်ယောက်က ဂါရဝပြုပြီး ရိုသေလေးစားစွာ ပြောတယ်။
"ဦးလေးထျန်းရာ... ကျွန်တော် .... ဦးလေးကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ"

အဘိုးအိုငယ်လေးလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
"အရင်ကလည်း ငါ မသိတဲ့ လူနှစ်ယောက်နဲ့ တွေ့ရတယ်... သူတို့ကလည်း ငါ့ကို ဦးလေးလို့ ခေါ်တယ်.... အခုလည်း နောက်တစ်ယောက် လာပြန်ပြီ.... ယနေ့ခေတ် လူငယ်လေးလည်း ဘာအချိုးမှန်း မသိဘူး... ဒီလိုမျိုးတွေပဲလား"

သက်လတ်ပိုင်း အမျိုးသားလေးလည်း ကသိကအောက် ပြုံးလိုက်တယ်။
"ဦးလေး ထျန်းရာ... ကျွန်တော်က ထျန်းမိသားစုက ထျန်းရွှမ်းပါ... သွေးသားတော်စပ်မှုအရ ဦးလေးလို့ ခေါ်တာပါ... ဦးလေးကို ထျန်းအိမ်တော် ပြန်ခေါ်သွားခွင့်ပြုပါ"

"ငါက တစ်ကိုယ်တည်းသမား... ငါ့မှာ အိမ်မရှိဘူး... ပြန်လိုက်ပါ... ငါ မင်းကို ဆိုးဆိုးရွားရွား ပြုမူဖို့ တွန်းအား မပေးပါနဲ့..."

Chapter-508
End

Bạn đang đọc truyện trên: Truyen247.Pro