
စာစဥ္(၂၃ )523-527
Zawgyi/Unicode
စာစဥ္ (၂၂)
အပုိင္း(၅၂၃)
အားလုံးကုိ ဆန္႕က်င္ တုိက္ခုိက္ျခင္း (၁)
အဘုိးအုိရဲ႕ တားဆီးမႈေၾကာင့္ ဘယ္သူမွ စကားအပုိ မေျပာရဲေတာ့ဘဲ မီးဝင္းဝင္းေတာက္ေသာ မ်က္ဝန္းမ်ားျဖင့္ ယြမ္ေလာ့ဖုန္းကုိ စူးစူးရဲရဲ ၾကည့္လုိက္တယ္။
“မိန္းမယုတ္… မင္း ဒီတစ္ေခါက္ေတာ့ ကံေကာင္းတယ္ မွတ္လုိက္… မင္း ဆက္ျပီးေတာ့ မာနေထာင္လႊားေနရင္ ငါတုိ႔ မင္းအေပၚ ရုိင္းပ်တယ္လုိ႔ အျပစ္မတင္နဲ႔”
သူတုိ႔စကားကုိၾကားေတာ့ ယြမ္ေလာ့ဖုန္းက အဖက္မလုပ္ဟန္ ျပံဳးေနလုိက္ျပီး သူမမ်က္ႏွာက မတူမတန္ဟန္ကုိ ျပသေနေလရဲ႕။
“ကြ်န္မရဲ႕ တန္ဖုိးရွိတဲ့ အခ်ိန္ေတြကုိ မျဖဳန္းပါနဲ႔… ရွင္ ကြ်န္မနဲ႔ ယွဥ္တုိက္ႏုိင္တယ္…. ဆယ္မိနစ္အတြင္း ရွင့္ကုိ အလဲထိုးမယ္”
သူမက သာယာေအးခ်မ္းေသာ ေလသံနဲ႔ ေျပာေသာ္လည္း သူမေျပာလုိက္တဲ့ စကားလုံးတုိင္းက ထ်န္းမိသားစုကုိ ဆတ္ဆတ္ထိမခံျဖစ္ေစတယ္။
“သခင္… ဒီမိန္းမနဲ႔ စကားမေျပာနဲ႔ေတာ့.. အရူးမ … ကြ်န္ေတာ္တုိ႔ေတြ သူမကုိ သင္ခန္းစာ ေပးသင့္ေနျပီ”
“ တရားမ်ွတဖုိ႔ ငါတုိ႔ တစ္ေယာက္ခ်င္း တုိက္ခုိက္မယ္ ဒါေပမဲ့ သူမက စိတ္ႀကီးဝင္လြန္းတယ္… ငါတုိ႔ကုိ ဆယ္မိနစ္အတြင္း စာရင္းရွင္းႏုိင္တယ္လုိ႔ ေျပာေသးတယ္”
ယြမ္ေလာ့ဖုန္းလည္း ေခါင္းခါလုိက္တယ္။
“မဟုတ္ေသးဘူး… ကြ်န္မ မွားသြားတယ္… ရွင္တုိ႔ကုိ ႏုိင္ဖုိ႔ ၅မိနစ္တည္း လုိအပ္တယ္”
ဝုန္း…
ဒီတစ္ေခါက္ေတာ့ အဘုိးအုိကုိ ယြမ္ေလာ့ဖုန္း ေဒါသဆြႏုိင္ခဲ့ျပီ….
“ေကာင္းျပီေလ… အရမ္းကုိ ေတာ္လြန္းပါတယ္ က်ဳပ္ ႏွစ္ေပါင္းမ်ားစြာ ရွင္သန္ခဲ့တယ္… ပါရမီရွင္ အမ်ားႀကီးနဲ႔လည္း ၾကံဳႀကိဳက္ခဲ့ပါတယ္၊ ဒါေပမဲ့ ဘယ္သူမွ မင္းေလာက္ စိတ္ႀကီးမဝင္ဘူး ၊ က်ဳပ္တုိ႔အားလုံးကုိ အတူတူ တုိက္ခုိက္ဖုိ႔ ေတာင္းဆုိေတာ့လည္း မင္း ဆႏၵကုိ ျဖည့္ဆည္းေပးရတာေပါ့ ၊ လာခဲ့… ဒီမွာတင္ ခ်က္ခ်င္း သူမကုိ သတ္မယ္”
“အမိန္႔ေတာ္ အတုိင္းပါ သခင္”
ထိုစကားကုိ ၾကားျပီးေနာက္ ထ်န္းမိသားစုမွ အႀကီးအကဲ အားလုံးက ယြမ္ေလာ့ဖုန္းကုိ ခက္ထန္ေသာ အၾကည့္နဲ႔ ၾကည့္ေတာ့တယ္။ သူတုိ႔အားလုံး ေလထဲ ပ်ံဝဲလုိက္ျပီး ယြမ္ေလာ့ဖုန္းကုိ ဝုိင္းထားလုိက္တယ္။
ေကာင္းကင္ယံမွာ လူသတ္ေငြ႕မ်ား ျဖန္႔က်က္လုိက္ျပီး အားေကာင္းေသာ တန္ခုိးအစြမ္းမ်ားကို ေကာင္းကင္တစ္ခြင္ ပ်ံ႕လြင္ေစခဲ့တယ္။ တုိက္ခုိက္မ႕ ဖိအားက ျပင္းထန္လြန္းတာေၾကာင့္ ေျမျပင္ေပၚမွာ မတ္တတ္ ရပ္ေနေသာ လူမ်ားက ရပ္တည္ႏုိင္စြမ္း ကင္းမဲ့လာခဲ့တယ္။ အသက္ကုိ မနည္း ရႈရႈိက္ေနရတယ္။
လုံေဖးလည္း စိတ္ရႈပ္ေထြးစြာ လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ထားလုိက္ျပီး သူ႔မ်က္ဝန္းမ်ားက စိုးရိမ္မႈမ်ားျဖင့္ ျပည့္ႏွက္ေနတာေပါ့။
“သခင္မွာ အႏၱရာယ္ ရွိလား”
ယြမ္ေလာ့ဖုန္းက ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ ျဖစ္ေနလည္း ေကာင္းကင္ဘုံက်င့္ၾကံသူ တစ္စုကုိ တစ္ေယာက္တည္း ရင္ဆုိင္ႏုိင္ပါ့မလား။ အထူးသျဖင့္ သူတုိ႔ထဲက တစ္ေယာက္က ေကာင္းကင္ဘုံ အလယ္အလတ္အဆင့္…။ သူမက တစ္ခ်ိန္တည္းမွာ သူတုိ႔အားလုံးကုိ ရင္ဆုိင္ႏုိင္ပါ့မလား။
“စိတ္မပူပါနဲ႔”
ခ်င္ယန္ ျပံဳးကာ စကားဆုိတယ္။
“သခင္က မေသခ်ာတဲ့ တုိက္ပြဲကုိ မစတင္ဘူး ၊ အခု သူမက ဒီလုိေျပာ ကတည္းက သူမ ေသခ်ာေပါက္ ႏုိင္မွာ ၊ သူမကုိ ယုံၾကည္ထားလုိက္ ”
ဒီစကားမွာ ေမွာ္ဆန္ေသာ အစြမ္း ပါရွိသကဲ့သုိ႔ ခ်င္ယန္က လုံေဖးကုိ စိတ္တည္ၿငိမ္ေစတယ္။ ခ်င္ယန္လုိ အစြမ္းထက္တဲ့ မိန္းကေလးကုိ ဘယ္အခ်ိန္တည္းက ယုံၾကည္ခဲ့မိလဲ မသိပါဘူး။
သခင္အတြက္ ရႈံးနိ္မ့္မႈ မရွိဘူး။ သခင္က အျမဲတမ္း ေအာင္ႏုိင္သူ။
သူမကုိ ဝုိင္းရံထားတဲ့ လူအုပ္စုကုိ တည္ၿငိမ္စြာ ၾကည့္ျပီး ျပံဳးေနလုိက္တယ္။ လူသတ္ခ်င္ေသာ အၾကည့္မ်ားကုိ လ်စ္လ်ဴရႈကာ သူမက တည္ၿငိမ္ျမဲ တည္ၿငိမ္ေနခဲ့တယ္။ သူမရဲ႕ အျဖဴေရာင္ဝတ္စုံက ေလထဲမွာ တလြင့္လြင့္ ျဖစ္ေနခဲ့ျပီး ဖူးပြင့္စ ၾကာပန္းျဖဴေလးလုိ လွပလြန္းတယ္။
“တုိက္ခုိက္ဖုိ႔ ကြ်န္မရဲ႕လက္ကုိ မသုံးဘူး”
ဆုိးရြားရြား ဘဝင္ျမင့္ေနတာပဲ။
လူအမ်ားႀကီးကုိ တစ္ျပိဳင္တည္း တိုက္ခုိက္ဖုိ႔ ေရြးခ်ယ္တဲအျပင္ ဆယ္မိနစ္တည္းနဲ႔ အႏုိင္ယူမယ္လုိ႔ ေျပာေသးတယ္။ အခုေတာ့ သူတုိ႔ကုိ တုိက္ခုိက္ဖုိ႔ လက္မသုံးဘူး ေျပာလာတယ္။ ဒီလုိ ေစာ္ကား ေမာ္ကား ေျပာဆုိမႈမ်ိဳးကုိ သူတုိ႔ သည္းမခံႏုိင္ဘူး။
ယြမ္ေလာ့ဖုန္းရဲ႕စကား မလႊင့္ျပယ္သြားခင္မွာ ထ်န္းမိသားစုမွ လူမ်ားအားလုံး ေဒါကန္လာျပီး ေဒါသစိတ္နဲ႔ သူမရွိရာ တဟုန္ထုိး ေျပးလာတယ္။ သူတုိ႔မ်က္ဝန္းမ်ားက လူသတ္ခ်င္စိတ္မ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။
ယြမ္ေလာ့ဖုန္းက အသာေလး ခႏၶာကုိယ္ကုိ ေရြ႕လ်ားလုိက္ျပီး အလ်င္ျမန္ဆုံး တုိက္ခုိက္လာတဲ့ ထ်န္းသခင္ရဲ႕ တုိက္ခုိက္မႈကုိ ေရွာင္ရွားကာ တျခားေသာ အႀကီးအကဲမ်ားၾကား တဟုန္ထုိးေျပးသြားလုိက္တယ္။
သူမရဲ႕ စိတ္ဝိညာဥ္တုိက္ခုိက္မႈက တုိက္ခုိက္ခံရသူရဲ႕ စိတ္ကုိ ျပင္းျပင္းထန္ထန္ ထုိးႏွက္ျပီး သူ႕စိတ္ ဗလာက်င္း ျဖစ္သြားရတယ္။ သူမေျခေထာက္ကုိ လႈပ္ရွားလိုက္ျပီး သူ႕ကုိ ေကာင္းကင္ယံမွ ကန္ခ်လုိက္တယ္။
Chapter-523
End
အပုိင္း(၅၂၄)
အားလုံးကုိ ဆန္႕က်င္ တုိက္ခုိက္ျခင္း (၂)
သူမရဲ႕ ကန္ခ်က္က ျပင္းထန္တာေၾကာင့္ ဒီလူမွာ ေတာ္ေတာ္ေလး ခံရခက္သြားခဲ့တယ္။ မသန္မစြမ္း မျဖစ္လည္း သူ႔တုိက္ခုိက္ႏုိင္တဲ့ အစြမ္း ေပ်ာက္ဆုံးသြားမွာပါ။ ထို႔ေနာက္ ဒီနည္းလမ္းအတုိင္း ထ်န္းသခင္ရဲ႕ တုိက္ခုိက္မႈကုိ ေရွာင္တိမ္းရင္း ေကာင္းကင္ဘုံအနိမ့္အဆင့္ ရွိတဲ့ က်င့္ၾကံသူ အႀကီးအကဲ အားလုံးကုိ တုိက္ခုိက္ေတာ့တယ္။
ခဏၾကာေတာ့ အႀကီအကဲအားလုံးကုိ သူမက ေလထဲမွ ကန္ထုတ္ေတာ့တယ္။ ေကာင္းကင္မွာ အဘုိးႀကီးနဲ႔ ထ်န္းရႊယ္ပဲ က်န္ရွိေတာ့တယ္။
“မင္း… မင္းက ဘာလဲ…”
ထ်န္းရႊယ္ရဲ႕ ခႏၶာကုိယ္က တုန္ရီသြားျပီး ျဖဴေတာ့ေနတဲ့ သူ႔ႏႈတ္ခမ္းကုိ ကုိက္ရင္း ေမးလုိက္တယ္။
“ဘာလုိ႔ အႀကီးအကဲအားလုံးက မင္းကုိ မခုခံႏုိင္ဘဲ ရႈံးနိမ့္ရလဲ ၊ မင္း… သူတုိ႔ကုိ ဘာမေကာင္းၾကံထားလဲ”
ယြမ္ေလာ့ဖုန္းလည္း သူမမ်က္ဝန္းကုိ ေမွးက်ဥ္းလုိက္ျပီး ေကာက္က်စ္စဥ္းလဲေသာ အျပံဳးကုိ ပုံေဖာ္လိုက္တယ္။
“ဘာလဲ သိခ်င္လို႔လား… ကုိ္ယ္တုိင္ စမ္းသပ္ၾကည့္ပါလား”
ထ်န္းရႊယ္မွာ ပုိပုိ ေၾကာက္လန္႔လာခဲ့တယ္။ သူ႔မွာ ေၾကာက္လန္႔လာျပီး သူ႔ေခါင္းထဲမွာ ေပါက္ကြဲသံ တစ္ခု ျဖစ္ေပၚလာခဲ့တယ္။ သူ မတုံ႕ျပန္ႏုိင္ခင္မွာ သူ႔ရင္ဘတ္က ျပင္းျပင္းထန္ထန္ အကန္ခံလုိက္ရတယ္။ ခ်က္ခ်င္းပဲ သူ႔အတြင္းကလီစာမ်ား စူးရွေသာ နာက်င္မႈကုိ ခံစားရျပီး ေသြးအန္လာရတယ္။ သူ႕ကုိယ္သူ မထိန္းႏုိင္ေတာ့ဘဲ ေျမႀကီးေပၚ လဲက်သြားေတာ့တယ္။
အမွန္ေတာ့ သူတုိ႔ကုိ စိတ္ဝိညာဥ္ တုိက္ခုိက္ခ်င္း နည္းလမ္းသုံးျပီး မတုိက္ခုိက္ခ်င္ဘူး။ သူမ အခ်ိန္ကုိ မျဖဳန္းခ်င္တာေၾကာင့္ သူတုိ႕အားလုံးကုိ တတ္ႏုိင္သေလာက္ ျမန္ျမန္ ရင္ဆုိင္ဖုိ႔ ဆုံးျဖတ္လုိက္တာေပါ့။
အဘုိးအုိရဲ႕မ်က္ႏွာက ျဖဴေဖ်ာ့သြားခဲ့ျပီး လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ထားလုိက္တယ္။ သူ႔မ်က္ဝန္းမ်ားက ယြမ္ေလာ့ဖုန္းကုိ မေသြမဖယ္ ၾကည့္ေနခဲ့ျပီး ခံစားခ်က္ ကင္းမဲ့ေသာ အသံနဲ႔ ေမးလုိက္တယ္။
“ေကာင္မေလး… ငါ တကယ္ပဲ မင္းကုိ အထင္ေသးခဲ့မိတယ္ ငါ့တုိက္ခုိက္ေနတဲ့ၾကားက တျခားေသာ အႀကီးအကဲမ်ားကုိ ထိခုိက္ေအာင္ လုပ္ေဆာင္ႏုိင္မယ္လို႔ မထင္ခဲ့ဘူး”
အဘုိးအုိမွာ မေပ်ာ္ရႊင္ႏုိင္ေပ။
သူအမ်ားႀကီး ႀကိဳးစားပမ္းစား တုိက္ခုိက္ေသာ္လည္း သူ႕တုိက္ခုိက္မႈက အရာမထင္ခဲ့ေပ။ သူမက ထ်န္းမိသားစုရဲ႕ တျခားအႀကီးအကဲမ်ားကုိ အႏုိင္တုိက္ႏုိင္တယ္။
ဒါက သူ႔မ်က္ႏွာကုိ ျဖတ္ရုိက္သလုိပဲ။
ဒီကိစၥကုိ ေတြးရင္း အဘုိးအုိတစ္ေယာက္ သူ႕ရင္ဘတ္မွ စူးရွေသာ နာက်င္မႈကုိ ခံစားရျပီး သူ႔ႏႈတ္ခမ္းေထာင့္မ်ား တြန္႔သြားခဲ့တယ္။
“အခုေတာ့ ရွင္ တစ္ေယာက္တည္း က်န္ေတာ့တယ္”
ယြမ္ေလာ့ဖုန္းရဲ႕မ်က္ဝန္းမ်ားက အဘုိးအုိကုိ တျဖည္းျဖည္းခ်င္း ေစာင္းငဲ့ၾကည့္လုိက္တယ္။
“အခ်ိန္ကုန္ သက္သာဖုိ႔ လူယုတ္မာ တစ္စုကုိ အရင္တုိက္ခုိက္ခဲ့တယ္… အခုေတာ့ ရွင့္အလွည့္”
မနိမ့္ မျမင့္ ေကာင္းကင္ယံမွ သူမရဲ႕အသံ ထြက္ေပၚလာခဲ့တယ္။
သူမစကားကုိၾကားေတာ့ ထ်န္းမိသားစုအႀကီးအကဲမ်ား ေျပာစရာမဲ့ေလာက္ေအာင္ ေဒါပြေနခဲ့တယ္။ သူတုိ႔အားလုံး အတူတူပူးေပါင္းခဲ့ေသာ္လည္း သူမကုိ မႏုိင္ခဲ့ဘူး။
“ဟား…”
အဘုိးအုိက ေထ့ေငါ့လုိက္တယ္။
“ငါလည္း ေကာင္းကင္ဘုံ အဆင့္ က်င့္ၾကံသူပါ… ငါ မင္းကုိ မသတ္ႏုိင္သလို မင္းလည္း ငါ့ကုိ မသတ္ႏုိင္ဘူး ၊ ငါတုိ႔ကုိ ၅မိနစ္တည္းနဲ႔ အႏုိင္တုိက္မယ္လုိ႔ မင္းေျပာခဲ့တယ္ေနာ္ ၊ အခု ၅မိနစ္ ျပည့္ေတာ့မယ္ အခ်ိန္တန္လုိ႔ မင္း ငါ့ကုိ မတုိုက္ခုိက္ႏုိင္ရင္ မင္း ရႈံးျပီ”
အဘုိးအုိက ခဏ ရပ္တန္႔လုိက္ျပီး ဆက္လက္ ေျပာၾကားတယ္။
“မင္း ရႈံးရင္ ငါ့ကုိ ဒူးေထာက္ ဦးတုိက္ရမယ္… ငါတုိ႔ ထ်န္းမိသားရဲ႕ ကြ်န္အျဖစ္ ခစားရမယ္ ၊ မင္း တစ္ဘဝလုံး ငါတုိ႔ ထ်န္းမိသားစုရဲ႕ ကြ်န္ ျဖစ္ရမယ္”
သူအသံက ေလေျပေလညင္နဲ႔အတူတူ ေတာင္လမ္းတစ္ေလ်ွာက္ ပ်ံ႕ႏွံ႕သြားခဲ့တယ္။ သူ႕စကားေၾကာင့္ လုံေဖးမွာ တုန္လႈပ္သြားတယ္။
အဘုိးႀကီးက ေတာ္ေတာ္ကုိ အရွက္မဲ့တာပဲ။ ၅မိနစ္အတြင္း အႏုိင္မတုိက္ရင္ သခင္ အရႈံးလို႔ ေျပာရဲတယ္။ သခင္က သူတုိ႔ကုိ အေစခံအျဖစ္ ခစားရမယ္… ဟားသ ျပက္လုံး တစ္ခုပါပဲ။
သူတို႔အားလုံး သခင္ကုိ ရႈံးခဲ့တာေတာင္ ဒီလို စကားမ်ိဳး ေျပာရဲေသးတယ္။
ယြမ္ေလာ့ဖုန္းလည္း အဘုိးအုိကုိ ဖ်တ္ခနဲ ၾကည့္လုိက္တယ္။
“မမ်ွတတဲ့ အေပးအယူကုိ ကြ်န္မ ဘယ္ေတာ့မွ လက္မခံဘူး”
“ဟား…”
အဘုိးအုိက ေထ့ေထ့ေငါ့ေငါ့ မဲ့ရြဲ႕လုိက္တယ္။
“အခုေတာ့ မင္း ေၾကာက္ေနျပီလား ၊ စကားေျပာတာ အခ်ိန္ကုန္တယ္ ၊ မင္း ျမန္ျမန္ မတုိက္ခုိက္ရင္ မင္း ရႈံးသြားမယ္”
Chapter-524
End
အပုိင္း(၅၂၅)
ျခိမ္္းေျခာက္မႈ (၁)
ယြမ္ေလာ့ဖုန္းလည္း ခပ္ေရးေရးမ်ွ ျပံဳးလုိက္တယ္။
“ကြ်န္မက ဘယ္ေတာ့မွ အရႈံးကုိ မခံယူဘူးလုိ႔ ေျပာျပီးသားပါ… တစ္ဖက္သတ္ အႏုိင္ပုိင္းခြင့္လည္း မျပဳဘူး… သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း အႏုိင္ယူရင္ ရွင္ ဘာျပန္ေပးဆပ္မလဲ”
“ဟား…”
အဘုိးအုိက ဟားတုိက္ ရယ္ေမာလိုက္တယ္။
“မင္း ငါ့ကုိ ျပစ္ဒဏ္ေပးဖုိ႔ ခြင့္မျပဳႏုိင္ဘူး”
“ရွင္ ေျပာတာကုိ လက္မခံႏုိင္ဘူး”
ယြမ္ေလာ့ဖုန္းလည္း သူမ ေမဖ်ားေလးကုိ အသာအယာ ပြတ္သပ္လုိက္တယ္။
“ထ်န္းမိသားစုရဲ႕ မ်ိဳးဆက္အားလုံး ေတာင္ေျခမွ ေတာင္ထိပ္အထိ ဒူးေထာက္ လမ္းေလ်ွာက္ရမယ္ … ဘယ္လုိ သေဘာရလဲ… ကုိယ္တုိင္ အရွက္ရေအာင္ လုပ္ေဆာင္ရမယ္ ေစာ္ကားေမာ္ကား ေျပာဆုိခံရမႈ ျပင္းထန္ေလ… ပုိေကာင္းေလပဲ… အဲလုိမွ မဟုတ္ရင္ေတာ့ ေနာက္တစ္ႀကိမ္ ထပ္လုပ္ရမယ္”
“မင္း…”
အဘုိးအုိရဲ႕မ်က္ႏွာထားက ေျပာင္းလဲသြားခဲ့တယ္။ သူလည္း မေက်မနပ္ ေျပာလုိက္တယ္။
“မင္းကေရာ္ မရက္စက္လုိ႔လား”
“အခုမွ အစပဲရွိပါေသးတယ္”
ယြမ္ေလာ့ဖုန္းလည္း မာယာမ်ားစြာ ျပံဳးလုိက္တယ္။
“ဒုတိယအေနနဲ႔ က်ံဴးလင္းအာကုိ ျပန္ေခၚခ်င္တယ္… သူမ ထိခုိက္ နစ္နာတာ မလုိခ်င္ဘူး… သူမရဲ႕ ဆံျခည္မ်ွင္ တစ္မ်ွင္ ေလ်ာ့ရင္ ထ်န္းမိသားစုဝင္ တစ္ေယာက္ကုိ သတ္မယ္”
အဘုိးအုိရဲ႕မ်က္ႏွာက ပုိျပီး အက်ည္းတန္လာျပီး သူ႔မ်က္ဝန္းမ်ားက လူသတ္ခ်င္စိတ္မ်ား ျပည့္လ်ွံေနခဲ့တယ္။
“ယြမ္ေလာ့ဖုန္း… ငါက ...မင္းကုိ တစ္ခုတည္း ေတာင္းဆုိခဲ့တာ… မင္းက ငါ့ကုိ ႏွစ္ခု ေတာင္းဆုိရဲတယ္ အတင့္ရဲပါလား ဒီကိစၥက တရားမ်ွတမႈ မရွိဘူး…”
ယြမ္ေလာ့ဖုန္းလည္း မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္္လုိက္တယ္။
“တရားမ်ွတမႈဆုိတဲ့ စကားကုိ ရွင္သိေသးတယ္ေပါ့ တစ္ေယာက္ အႏုိင္ရတဲ့အထိ ယွဥ္ျပိဳင္ဖုိ႔ ေလာင္ေၾကး ေျပာင္းမယ္ေလ ၊ ဘယ္လုိ သေဘာရလဲ… ဒုတိယ တစ္ခုကုိ ေရြးခ်ယ္ မလား ၊ ဒါက ေလာင္းေၾကး မဟုတ္ဘူး… ရွင့္ကုိ သတိေပးေနတာ”
သူမသာ တစ္စုံတစ္ေယာက္ကုိ သတ္ခ်င္ရင္ ထ်န္းမိသားစုမွာ သူမကုိ တားဆီးႏုိင္ဖုိ႔ နည္းလမ္း မရွိဘူး ဒါေၾကာင့္ ဒီစကားက ထ်န္းမိသားစုကုိ အသိေပးတာ… ေလာင္းေၾကးထပ္တာ မဟုတ္ဘူး။
အဘုိးအိုက ေထ့ေငါ့လုိက္တယ္။
“ယြမ္ေလာ့ဖုန္း… မင္းက အေတာ္ကုိ ရဲတင္းပါလား… ေလာင္းေၾကးကုိ ေျပာင္းလဲခ်င္တာလား… စိတ္ေတာ့ မေကာင္းပါဘူး… မင္း ဆႏၵအတုိင္း မလုပ္ေဆာင္ႏုိင္ဘူး… ေလာင္းေၾကးအတုိင္း လုပ္ေဆာင္မယ္ ၁၀မိနစ္ ေက်ာ္ေတာ့မယ္… မင္း ငါ့ကုိ ဘယ္လုိ အႏုိင္ယူမလဲ ၾကည့္ရတာေပါ့”
ယြမ္ေလာ့ဖုန္းက ထ်န္းမိသားစုရဲ႕ အႀကီးအကဲ အားလုံးကုိ ခဏအတြင္း အႏုိင္တုိက္ႏုိင္လည္း က်န္ရွိတဲ့ အခ်ိန္ေလးမွာ သူ႕ကုိ အႏုိင္ယူႏုိ္င္မယ္လုိ႔ မထင္ဘူး။
သူ႔အတြက္ေတာ့ သူမ တုိက္ခုိက္ သမ်ွကုိ ေရွာင္ရွားေနဖို႔႔ပဲ လုိအပ္တယ္။ ဒါမွ သူမကုိ ၁၀မိနစ္ေက်ာ္သြားေအာင္ ဆြဲေခၚသြားႏုိင္မယ္။
“မင္း ေစာနက ေျပာခဲ့တဲ့ စကားကုိ မေမ့ပါနဲ႔… မင္းရဲ႕လက္ကုိ မသုံးရဘူး”
အဘုိးအုိက အရွက္မဲ့စြာ ထပ္ေျပာတယ္။
လုံေဖးမွာ ေတာ္ေတာ္ေလးကုိ ေဒါသထြက္ရတာ္။ အရင္က သူ ဘယ္လုိ အရွက္မဲ့တဲ့ အလုပ္ကုိ လုပ္ခဲ့ လုပ္ခဲ့… ဒီအရွက္မဲ့တဲ့ အဘုိးႀကီးကုိေတာ့ မမွီပါဘူး။
သုိ႔ေသာ္လည္း ဒီပြဲမွာ သက္ဆုိင္တဲ့ ယြမ္ေလာ့ဖုန္းက ျပံဳးရုံသာ ျပံဳးေနခဲ့့ေလေတာ့။
“ေကာင္းျပီေလ”
မိန္းမပ်ိဳေလးရဲ႕ ယုံၾကည္ခ်က္ ျပည့္ဝေနေသာ မ်က္ႏွာကုိ ၾကည့္ရင္း အဘုိးအုိရဲ႕ စိတ္ထဲ ဒြဟ ျဖစ္ရတယ္။ ဒါေပမဲ့လည္း သူ႕ေတာင္းဆုိခ်က္ကုိ လက္ခံလုိက္ျပီေလ…။ သူ႕လည္း လုိက္နာရေတာ့မယ္… သူေျပာခဲ့တဲ့ စကားကုိ ျပန္ရုပ္သိမ္းလုိ႔ မရဘူး။
ဒါေၾကာင့္ သူလည္း အံ့ႀကိတ္ရင္း ေျပာလုိက္တယ္။
“ဒါဆုိ ျပိဳင္ပြဲကုိ စတာေပါ့”
ဝုိး…
ဒါကုိ ေျပာျပီးေနာက္ အဘုိးအုိက ယြမ္ေလာ့ဖုန္းကုိ မတုိက္ခုိက္ေတာ့ဘဲ ေျပးတဲ့ နည္းလမ္းကုိသာ ေရြးခ်ယ္ေတာ့တယ္။ ယြမ္ေလာ့ဖုန္းရဲ႕ အရိပ္က သူ႕ေနာက္ကုိ လ်ွပ္စီးလႈိင္းကဲ့သုိ႔ လ်င္ျမန္စြာ လုိက္ပါေနခဲ့တယ္။
ေကာင္မေလး သူ႕အနား နီးေတာ့မွာ ျမင္ေတာ့ အဘုိးအုိက အလ်င္အျမန္ တစ္ပတ္လွည့္လုိက္ျပီ ေလထဲမွာ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားခဲ့တယ္။
ယြမ္ေလာ့ဖုန္းရဲ႕ ခႏၶာကုိယ္က တျခားတစ္ဖက္မွာ က်န္ရွိခဲ့တယ္။ သူမရဲ႕ လႈပ္ရွားမႈ ေႏွးေကြးတာေၾကာင့္ သူတုိ႔ႏွစ္ေယာက္ၾကား အနည္းငယ္ ကြာေဝးသြားတယ္။
“ဟား…”
အဘုိးအုိလည္း မွီခါနီးမွ လြတ္သြားတဲ့ ယြမ္ေလာ့ဖုန္းကုိ ဟားတုိက္ ရယ္ေမာလုိက္တယ္။
“ေကာင္မေလး မင္းက ဝါႏုပါေသးတယ္… ငါ့ေတာင္းဆုိခ်က္ကုိ အလြယ္တကူ လက္ခံရဲတယ္… ဒီပြဲမွာ ငါ ေသခ်ာေပါက္ ႏုိင္မွာ…”
သူ ေျပာေနစဥ္ အျဖဴေရာင္ ပုံရိပ္ေလးက သူ႔ေရွ႕နား ခ်က္ခ်င္း ေပၚလာခဲ့ျပီး သူ႔လမ္းေၾကာင္းကုိ ပိတ္ဆုိ႔လုိက္တယ္။
“ဒီလုိလား…”
Chapter-525
End
အပုိင္း(၅၂၆)
ျခိမ္းေျခာက္မႈ (၂)
“မင္း…”
အဘုိးအုိမွာ ေၾကာင္အမ္းအမ္း ျဖစ္သြားရတယ္။
ယြမ္ေလာ့ဖုန္းကုိ မယုံၾကည္ႏုိင္စြာ တုန္လႈပ္ေခ်ာက္ခ်ားစြာ ေငးၾကည့္ေနမိပါရဲ႕…။
“မင္းက ငါ့ေရွ႕ ဘယ္လုိ ေရာက္ေနလဲ”
အခုေလးတင္ သူမနဲ႔ ေဝးရာကုိ သူ သြားလုိက္တာပါ။ ဒါဆုိ သူက ဘယ္လုိ သူ႔ေရွ႕ေရာက္ေနလဲ… သူ သတိမမူမိလုိက္တာလား။
အဘုိးအုိရဲ႕တုန္လႈပ္ေနေသာ အၾကည့္ကုိ စူးစူးရဲရဲ ၾကည့္ရင္း ယြမ္ေလာ့ဖုန္းလည္း ပခုံးတြန္႔ကာ ေျပာလုိ္က္တယ္။
“အေစာပုိင္းက ရွင္နဲ႔ ေဆာ့ကစားေပးေန ေပ်ာ္ရဲ႕လား”
ေမ်ွာ္လင့္ခ်က္ေပးျပီး ေမ်ွာ္လင့္ခ်က္ကုိ ရုိက္ခ်ိဳးရတာ အရမ္း အရသာ ရွိတယ္။ ဒါက ဒီအဘုိးႀကီးနဲ႔ ထုိက္တန္တဲ့ ျပစ္ဒဏ္ပဲ။
ဝုန္း….
စိတ္ဝိညာဥ္တုိက္ခုိက္မႈက သူ႔စိတ္ထဲ ေနာက္တစ္ႀကိမ္ က်ေရာက္လာခဲ့တယ္။ သုိ႕ေသာ္လည္း သူက ေကာင္းကင္ဘုံ အလယ္အလတ္အဆင့္ ေရာက္ျပီးသားဆုိေတာ့ မ်က္စိတစ္မွိတ္အတြင္း ျပန္ေကာင္းသြားခဲ့တယ္။ ဒါေပမဲ့လည္း မ်က္စိတစ္မွတ္ဆုိတဲ့ အခ်ိန္က သူ႕ကုိ တုိက္ခုိက္ဖုိ႔ ယြမ္ေလာ့ဖုန္းအတြက္ေတာ့ လုံေလာက္တယ္။ ယြမ္ေလာ့ဖုန္းရဲ႕ ေျခေထာက္က အဘုိးအုိရဲ႕ မ်က္ႏွာကုိ အညွာအတာ ကင္းမဲ့စြာ ကန္ခ်လုိက္တယ္။ အရာဝတၳဳႏွစ္ခုရဲ႕ ပြတ္တုိက္ျခင္းေၾကာင့္ ေလထဲ မီးပြင့္မ်ား ေပၚထြက္လာခဲ့တယ္။
“ယြမ္ေလာ့ဖုန္း”
အဘုိးအိုရဲ႕ မ်က္ႏွာက မည္းပုတ္သြားေတာ့တယ္။
“မင္း… မင္း… စိတ္ဝိညာဥ္ကုိ ဘယ္လုိ တုိက္ခုိက္ရမလဲ သိေနတယ္”
ဒီတစ္ေခါက္ေတာ့ သူတကယ္ကုိ သတိမမူခဲ့မိဘူး… ယြမ္ေလာ့ဖုန္း… ဒီေလာက္အထိ လ်င္ျမန္မယ္လုိ႔ မထင္ခဲ့သည္အျပင္ စိတ္ဝိညာဥ္ကုိ တုိက္ခုိက္ႏုိင္မယ္လုိ႔ မထင္ခဲ့မိဘူး။ ခဏေလးအတြင္း ထ်န္းမိသားစုရဲ႕ အႀကီးအကဲမ်ားကုိ ကန္ထုတ္ႏုိင္တာ အံ့ၾသစရာ မလုိေတာ့ဘူး။
ယြမ္ေလာ့ဖုန္းက သူ႕စကားကုိ ျပန္မေျဖပါဘူး။ သူမခႏၶာကုိယ္က လ်င္ျမန္ ဖ်တ္လတ္သြားျပီး သူ႔ေနာက္မွာ ေနာက္တစ္ႀကိမ္ ေပၚလာခဲ့တယ္။
သူ႔လွည့္ၾကည့္လုိက္ခ်ိန္မွာ သူမက ေနာက္တစ္ႀကိမ္ စိတ္ဝိညာဥ္ကုိ တိုက္ခုိက္လုိက္တယ္။ သူမ ေျခေထာက္က သူ႔ေက်ာေအာက္ပုိင္းေပၚ က်ေရာက္သြားျပီး သူ႔ကုိ နာက်င္မႈေၾကာင့္ ငုိသြားေစတယ္။
ဒါကုိမွ တစ္ဖက္သတ္ တုိက္ခုိက္ျခင္းလုိ႔ ေခၚတယ္။
ဝိညာဥ္တုိက္ခုိက္ျခင္းက နတ္ဘုရားအဆင့္မ်ားသာ သုံးႏုိင္တဲ့ လွည့္စားနည္းမ်ိဳး…။ အဘုိးႀကီးက ေကာင္းကင္ဘုံ အလယ္အလတ္ အဆင့္ ေရာက္ေနလုိ႔သာ သူမရဲ႕ ဝိညာဥ္တုိက္ခုိက္မႈကုိ ခံႏုိင္ရည္ ရွိတာ။ သူ႔မွာ လုံေလာက္တဲ့ စြမ္းအား မရွိတာေၾကာင့္ သူမွာ ျပန္လည္ တုိက္ခုိက္ဖုိ႔ ႀကိဳးစားတုိင္း သူမက စိတ္ဝိညာဥ္ တုိက္ခုိက္မႈကုိ သုံးတယ္။
“အခ်ိန္ျပည့္ေတာ့မယ္”
ေကာင္းကင္ဘုံကုိ ေငးၾကည့္ရင္း ယြမ္ေလာ့ဖုန္းက သူမရဲ႕ တုိက္ခုိက္မႈကုိ မရပ္တန္႔လုိက္ပါဘူး။ အဘုိးအုိကုိ ေျမႀကီးေပၚ ျပဳတ္က်တဲ့အထိ ကန္ခ်လုိ္က္ေတာ့တယ္။ သူ႔အုိမင္း ရင့္ေရာ္ေနတဲ့ ခႏၶာကုိယ္က ေျမႀကီးေပၚက ႀကီးမားေသာ ခ်ိဳင့္တြင္းတစ္ခုကုိ ဖန္တီးလုိက္ေတာ့တယ္။
ဒီတုိက္ပြဲ ျပီးဆုံးျပီးေနာက္ ထ်န္းေတာင္ပတ္လမ္းမွာ မေရမတြက္ႏုိ္င္ေသာ ခ်ိဳင့္တြင္းႀကီးမ်ား ျဖစ္ေပၚလာခဲ့ျပီး တြင္းတုိင္းမွာ လူတစ္ေယာက္ေလာက္ေတာ့ အသံလုံ ငုိေၾကြးႏုိင္ပါရဲ႕။
“ဘာလုိ႔လဲ”
အဘုိးအုိက လက္ေခ်ာင္းမ်ားကုိ ေျမႀကီးထဲ နစ္ေနေအာင္ ထုိးစုိက္ထားျပီး ခက္ထန္ေသာ မ်က္ဝန္းအၾကည့္မ်ားက ေကာင္းကင္ဘုံမွ ျဖည္းျဖည္းခ်င္း ဆင္းသက္လာတဲ့ ေကာင္မေလးကုိ မေသြမဖယ္ ၾကည့္ေနခဲ့တယ္။ ေကာင္မေလးကုိ အံႀကိတ္ရင္း ေမးလုိက္တယ္။
“ေကာင္မေလး… ငါ့ကုိ တစ္ခ်က္တည္းနဲ႔ အႏုိင္မတုိက္ဘဲ… ဒီလုိနည္းလမ္းနဲ႔ ညွဥ္းပန္းေနရလဲ”
အခုအခ်ိန္မွ ယြမ္ေလာ့ဖုန္း… သူ႕ကို လွည့္စားျပီး တုိက္ခုိက္ေနတာ နားလည္လာခဲ့တယ္။ ေၾကာင္က ၾကြက္ကုိ က်ီစယ္သလို သူမက သူကုိ လွည့္စားေနခဲ့တယ္။
ယြမ္ေလာ့ဖုန္းလည္း သူ႔ေရွ႕နားမွာ ရပ္လုိက္ျပီး သူ႔အေပၚမွ မုိးေမ်ွာ္အေဆာက္အဦမ်ားကုိ ၾကည့္ရင္း သူ႕ဘက္ ေစာင္းငဲ့ၾကည့္လာတယ္။
ထ်န္းမိသားစုကုိ ေရာက္မလာခင္တည္းက ထ်န္းမိသားစုဝင္ အားလုံး အေၾကာင္းကုိ စုံစမ္း ထားျပီးသားပါ။
ဒီအဘုိးႀကီးက ထ်န္းမိသားစုရဲ႕ ေခါင္းေဆာင္ တစ္ေယာက္။ ထ်န္းမိသားစု ေသြးအျပည့္ပါတဲ့ ညီငယ္ေတာ… အရင္က ထ်န္းရာကုိ နာက်င္ေအာင္ ျပဳလုပ္ခဲ့တယ္။ ဒါေၾကာင့္လည္း သူ႕ကုိ ဒီနည္းလမ္းနဲ႔ ညွဥ္းပန္းတာေပါ့။ သူမရဲ႕ ရည္ရြယ္ခ်က္က ထ်န္းရာအတြက္ ေဒါသေျဖေဖ်ာက္ေပးဖုိ႔ပါ။
လုံေဖးလည္း ယြမ္ေလာ့ဖုန္းကုိ ေလးစားအထင္ႀကီးစြာ ေငးၾကည့္ေနခဲ့တယ္။ ဒီတစ္ေခါက္ေတာ့ သူ လူေရြးမွန္သြားခဲ့ျပီ။ သခင္သိရင္ သူမရဲ႕ လက္ေအာက္ငယ္သား လုပ္ဖုိ႔ အားေပးမွာပဲ။
“ဒီတစ္ေခါက္ေတာ့ အႏုိင္ရသြားျပီ”
ယြမ္ေလာ့ဖုန္းလည္း သူမ ေမဖ်ားကုိ အသာအယာ ပင့္တင္လုိက္ျပီ
“အခု ရွင္ေပးထားတဲ့ ကတိကုိ တည္ေတာ့…ထ်န္းမိသားစု အားလုံး ေတာင္ေအာက္မွာ ေတာင္ထိပ္ အထိ ဒူးေထာက္လမ္းေလ်ွာက္ရမယ္…တစ္ဖန္ ေတာင္ေျခကုိ ဒူးေထာင္ ဆင္းရမယ္”
အဘုိးအုိက ရုတ္တရက္ ထရယ္ေတာ့တယ္။ သူ႔အျပံဳးက လူသတ္ခ်င္စိတ္မ်ားကုိ ေဖာ္ျပေနျပီး စကားတစ္ခြန္းခ်င္းစီက အားထည့္ျပီး ေျပာရွာတယ္။
“မင္းက စိတ္ကူးယဥ္ေနတာပဲ… ငါက ဒီလုိ အရွက္ခြဲမႈမ်ိဳးကုိ လက္မခံဘူး ဒါျပင္ မင္း ငါ့ကုိ မသတ္ႏုိင္ပါဘူး”
Chapter-526
End
အပုိင္း(၅၂၇)
ျခိမ္းေျခာက္မႈ (၃)
အဘုိးအုိရဲ႕ ဘဝင္ျမင့္ေနေသာ မ်က္ႏွာကုိ ၾကည့္ရင္း ယြမ္ေလာ့ဖုန္းလည္း မ်က္ေမွာင္ၾကဳတ္ရင္း ဟန္လုပ္ ျပံဳးလုိက္တယ္။
“ရွင္ ေသခ်ာလား”
သူမရဲ႕ စကားသုံးခြန္းက အားေကာင္းလြန္းျပီး ပဲ့တင္ထပ္လာခဲ့တယ္။ ထုိအသံက ေတာင္ပတ္လမ္းတစ္ေလ်ွာက္ ကူးလူးသြားလာေနခဲ့တယ္။
အဘုိးအုိရဲ႕မ်က္ႏွာက မည္းေမွာင္သြားခဲ့ျပီး ခံစားခ်က္ ကင္းမဲ့စြာ စကားမဆုိခင္ ခ်ိဳင့္တြင္းမွ ကုန္းရုန္းထလုိက္တယ္။
“ယြမ္ေလာ့ဖုန္း… မင္း… က်ံဴးလင္းအာကုိ အသက္ရွင္လ်က္ ျမင္ခ်င္ရင္ ငါ့ကုိ ဒူးေထာက္ ေတာင္းပန္စမ္း… ဒါဆုိရင္ေတာ့ မင္းနဲ႔အတူတူ ျပန္ေခၚသြားခြင့္ ေပးမယ္”
အုိမင္းေနေသာ သူ႔မ်က္ႏွာကုိ ကုိယ့္ဘာသာ ေက်နပ္ျပံဳးျဖင့္ တန္ဆာ ဆင္ထားခဲ့တယ္။ သူမကုိ ေမာက္မာစြာ ၾကည့္လုိက္တယ္။
ေမ်ွာ္လင့္ထားတဲ့ အတုိင္းပါပဲ…အစက အဘုိးအုိအနား တုိးကပ္လာတဲ့ ယြမ္ေလာ့ဖုန္းက သူမ ေျခလွမ္းမ်ားကုိ ရပ္တန္႔လုိ္က္တယ္။ သူ႕ကုိ စိန္းစိန္းဝါးဝါး ၾကည့္ေနလုိက္တယ္။
အဘုိးအုိက ဟားတုိက္ ရယ္ေမာလိုက္တယ္။
“မင္း ႏုိင္သြားေတာ့လဲ ဘာျဖစ္လဲ…ငါ ဂရုမစုိက္ဘူး…ေနာက္ဆုံးေတာ့ မင္းက ငါ့အမိန္႕ကုိ နာခံရမယ္မလား… မင္းကုိ အခြင့္အေရး တစ္ခုေတာ့ ေပးလုိက္မယ္… ငါ့ေရွ႕ ဒူးေထာက္စမ္း… ဒါဆုိ က်ံဴးလင္းအာကုိ ခ်က္ခ်င္းျပန္ေပးမယ္”
သူ႔အတြက္ေတာ့ မ်က္ႏွာပ်က္မွာကုိ မစုိးရိမ္ဘူး… ဒီေကာင္မေလးကုိ အရွက္ခြဲဖုိ႔ပဲ လုိအပ္တယ္။ သူ႔ရင္ထဲက အမုန္းအာဃာတမ်ားကုိ ေခ်ဖ်က္ဖုိ႔ လက္စားေခ်ရမွ ေက်နပ္မယ္။
ယြမ္ေလာ့ဖုန္းက သူ႕ကုိ ဘာမွ ျပန္မေျပာဘဲ တိတ္ဆိတ္စြာ ေငးၾကည့္ေနခဲ့တယ္။ သူမရဲ႕မ်က္ဝန္းနက္မ်ားက လႈပ္ခတ္ျခင္းမရွိဘဲ တည္ၿငိမ္ေနခဲ့တယ္။ တျခားသူတစ္ေယာက္က သူမရဲ႕အေတြးကုိ ခန္႔မွန္းဖုိ႔ မလြယ္ကူႏုိင္ဘူး။
“ဘယ္လုိလဲ… ဒီလဲလွယ္မႈက အက်ိဳးရွိပါတယ္… မင္း ခဏေလး ဒူးေထာက္ ဂါရဝျပဳရမွာပါ… မင္းတစ္ဘဝလုံး အက်ိဳးရွိလာမယ္ မင္း ဘယ္လုိပဲ စဥ္းစားစဥ္းစား… ဒါက မင္းအတြက္ အက်ိဳးရွိႏုိင္ပါတယ္”
ဒီစကားကုိ ၾကားျပီးေနာက္ ေကာင္မေလးက ႏုိးၾကားတက္ၾကြလာခဲ့တယ္။ သူမ လက္ကုိ လႈပ္ရွားလုိက္ျပီး ဓားရွည္ကုိ ဆြဲထုတ္လုိက္တယ္။ ထုိ႔ေနာက္ အဘုိးအုိရွိရာ တဟုန္ထုိး ေျပးသြားလုိက္တယ္။
ထုိလူရဲ႕ တုံ႕ျပန္ခ်က္က အလြန္လ်င္ျမန္ျပီး တျခားတစ္ဖက္ကုိ အလ်င္အျမန္ ေရြ႕သြားခဲ့တယ္။ ဒါေပမဲ့လည္း သူ႔ပခုံးကေတာ့ ဓားရွည္နဲ႔ ရွပ္ထိသြားခဲ့ပါတယ္။ ေသြးမ်ား ပန္းထြက္လာေတာ့တယ္။
“ယြမ္ေလာ့ဖုန္း… မင္းက က်ံဴးလင္းအာရဲ႕အသက္ကုိ ဂရုမစုိက္ေတာ့ဘူးထင္တယ္… ဒီလုိဆုိေတာ့ မင္း သူ႕အေလာင္းကုိသာ ေကာက္လိုက္ေတာ့”
အဘုိးအုိက သနားညွာတာစိတ္ ကင္းမဲ့စြာ ေျပာလုိ္က္တယ္။
သုိ႔ေသာ္လည္း သူ ေနာက္ဆုံးစကားတစ္ခြန္း ေျပာလုိက္ခ်ိန္မွာ ယြမ္ေလာ့ဖုန္းက သူမလက္ထဲမွ အမည္းေရာင္ ေဆးကုိ သူ႕ပါးစပ္ထဲ ဆတ္ခနဲ ထည့္လုိက္တယ္။
အဘုိးအုိ တံေထြး မ်ိဳခ်လုိက္ခ်ိန္ ေဆးအမည္းကုိလည္း မ်ိဳခ်လုိက္မိတယ္။
“မင္း ငါ့ကုိ လက္သီးပုန္း နည္းလမ္းနဲ႔ ၾကံစည္ရဲတယ္”
အဘုိးအုိပ ယြမ္ေလာ့ဖုန္းကုိ ေဒါသတႀကီးနဲ႔ ေအာ္ဟစ္လုိက္တယ္။
ယြမ္ေလာ့ဖုန္းလည္း ေဒါကန္ေနေသာ အဘုိးအုိရဲ႕မ်က္ႏွာကုိ ေအးေအးလူလူ ၾကည့္ကာ ျပံဳးေနလုိက္တယ္။
သူမမ်က္ဝန္းအၾကည့္က သူ႕ကုိ ပုိေဒါသထြက္ေစျပီး သူ သေရာ္လုိက္တယ္။
“မင္းက ဒီလုိဆုိေတာ့လည္း ငါ့ဘက္က အခ်က္ျပနည္းလမ္းကုိ သုံးရတာေပါ့ အခ်က္ျပပုိ႔လႊတ္လုိက္တာနဲ႔… ထ်န္းမိသားစုဝင္မ်ားက က်ံဴးလင္းအာကုိ ခ်က္ခ်င္း သတ္မယ္”
ဒီစကားကုိ ေျပာျပီးေနာက္ အဘုိးအုိက အၾကည့္လႊဲသြားခဲ့တယ္။
“ဒီသခင္က သေဘာထားႀကီးပါတယ္… မင္း ငါ့ကုိ ေျဖေဆးေပးျပီး ငါ့အႀကိဳက္ လုပ္ေဆာင္ေပးရင္ ငါ သူမကုိ ညွာတာေပးမယ္”
က်ံဴးလင္းအာကုိ သနားညွာတာေပးမယ္… ဒီမိန္းမယုတ္ေၾကာင့္ ယြမ္ေလာ့ဖုန္းက ငါတုိ႕ကုိ တုိက္ခုိက္တာ…ငါတုိ႔ကလည္း သူမကုိ အာရုံစုိက္ခဲ့မိတာ… ဒါေၾကာင့္ ယြမ္ေလာ့ဖုန္းကုိ အရွက္ခြဲျပီးတာနဲ႔ က်ံဴးလင္းအာကုိ ခ်က္ခ်င္း သတ္ပစ္မယ္။
ယြမ္ေလာ့ဖုန္းလည္း အဘုိးအုိကုိ ဖ်တ္ခနဲ ၾကည့္လုိက္ျပီး အဖက္မတန္ဟန္ ေျပာလုိက္တယ္။ “”
“ရွင့္ကုိ ေပးလုိက္တာ အရုိးကြဲေၾကေဆး… ဒီေဆးကုိ ေသာက္ျပီးျပီဆုိေတာ့… အရသာကုိ ျမည္းစမ္းေစရမွာေပါ့… ဒီညွဥ္းပန္းမႈကုိ ခံႏုိင္ရည္ ရွိလား ၾကည့္တာေပါ့”
ဆက္မေျပာခင္မွာ ေကာင္မေလးက ရပ္တန္႔လုိက္တယ္။
“ရွင့္ စိတ္ဝိညာဥ္ကုိ က်ံဴးလင္းအာ အသက္နဲ႔ လဲမယ္ဆုိရင္ သူမအတြက္ ရႈံးမွာ မဟုတ္ဘူး”
ဒါကုိမွ ျခိမ္းေျခာက္တယ္လုိ႔ ေခၚတယ္ ။ ယြမ္ေလာ့ဖုန္းက ျပိဳင္စံရွား နည္းလမ္းကုိ သုံးလုိက္တာေလ။
ရွင္က က်ံဴးလင္းအာကုိ သတ္ခ်င္သတဲ့လား။ ကိစၥမရွိပါဘူး… သူမက အသက္ဆုံးရႈံးသြား လည္းျပန္လည္ေမြးဖြားႏုိင္တဲ့ အခြင့္အေရး ရွိတယ္။ ဒီအခြင့္အေရးမ်ိဳး ဒီအဘုိးႀကီးကုိ မေပးႏုိင္ပါဘူး။
ဒါမွ က်ံဴးလင္းအာအတြက္ အရႈံးမရွိေတာ့မွာ။
Chapter-527
End
Zawgyi/Unicode
စာစဉ် (၂၂)
အပိုင်း(၅၂၃)
အားလုံးကို ဆန့်ကျင် တိုက်ခိုက်ခြင်း (၁)
အဘိုးအိုရဲ့ တားဆီးမှုကြောင့် ဘယ်သူမှ စကားအပို မပြောရဲတော့ဘဲ မီးဝင်းဝင်းတောက်သော မျက်ဝန်းများဖြင့် ယွမ်လော့ဖုန်းကို စူးစူးရဲရဲ ကြည့်လိုက်တယ်။
“မိန်းမယုတ်… မင်း ဒီတစ်ခေါက်တော့ ကံကောင်းတယ် မှတ်လိုက်… မင်း ဆက်ပြီးတော့ မာနထောင်လွှားနေရင် ငါတို့ မင်းအပေါ် ရိုင်းပျတယ်လို့ အပြစ်မတင်နဲ့”
သူတို့စကားကိုကြားတော့ ယွမ်လော့ဖုန်းက အဖက်မလုပ်ဟန် ပြုံးနေလိုက်ပြီး သူမမျက်နှာက မတူမတန်ဟန်ကို ပြသနေလေရဲ့။
“ကျွန်မရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းပါနဲ့… ရှင် ကျွန်မနဲ့ ယှဉ်တိုက်နိုင်တယ်…. ဆယ်မိနစ်အတွင်း ရှင့်ကို အလဲထိုးမယ်”
သူမက သာယာအေးချမ်းသော လေသံနဲ့ ပြောသော်လည်း သူမပြောလိုက်တဲ့ စကားလုံးတိုင်းက ထျန်းမိသားစုကို ဆတ်ဆတ်ထိမခံဖြစ်စေတယ်။
“သခင်… ဒီမိန်းမနဲ့ စကားမပြောနဲ့တော့.. အရူးမ … ကျွန်တော်တို့တွေ သူမကို သင်ခန်းစာ ပေးသင့်နေပြီ”
“ တရားမျှတဖို့ ငါတို့ တစ်ယောက်ချင်း တိုက်ခိုက်မယ် ဒါပေမဲ့ သူမက စိတ်ကြီးဝင်လွန်းတယ်… ငါတို့ကို ဆယ်မိနစ်အတွင်း စာရင်းရှင်းနိုင်တယ်လို့ ပြောသေးတယ်”
ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်တယ်။
“မဟုတ်သေးဘူး… ကျွန်မ မှားသွားတယ်… ရှင်တို့ကို နိုင်ဖို့ ၅မိနစ်တည်း လိုအပ်တယ်”
ဝုန်း…
ဒီတစ်ခေါက်တော့ အဘိုးအိုကို ယွမ်လော့ဖုန်း ဒေါသဆွနိုင်ခဲ့ပြီ….
“ကောင်းပြီလေ… အရမ်းကို တော်လွန်းပါတယ် ကျုပ် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တယ်… ပါရမီရှင် အများကြီးနဲ့လည်း ကြုံကြိုက်ခဲ့ပါတယ်၊ ဒါပေမဲ့ ဘယ်သူမှ မင်းလောက် စိတ်ကြီးမဝင်ဘူး ၊ ကျုပ်တို့အားလုံးကို အတူတူ တိုက်ခိုက်ဖို့ တောင်းဆိုတော့လည်း မင်း ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့ ၊ လာခဲ့… ဒီမှာတင် ချက်ချင်း သူမကို သတ်မယ်”
“အမိန့်တော် အတိုင်းပါ သခင်”
ထိုစကားကို ကြားပြီးနောက် ထျန်းမိသားစုမှ အကြီးအကဲ အားလုံးက ယွမ်လော့ဖုန်းကို ခက်ထန်သော အကြည့်နဲ့ ကြည့်တော့တယ်။ သူတို့အားလုံး လေထဲ ပျံဝဲလိုက်ပြီး ယွမ်လော့ဖုန်းကို ဝိုင်းထားလိုက်တယ်။
ကောင်းကင်ယံမှာ လူသတ်ငွေ့များ ဖြန့်ကျက်လိုက်ပြီး အားကောင်းသော တန်ခိုးအစွမ်းများကို ကောင်းကင်တစ်ခွင် ပျံ့လွင်စေခဲ့တယ်။ တိုက်ခိုက်မ့ ဖိအားက ပြင်းထန်လွန်းတာကြောင့် မြေပြင်ပေါ်မှာ မတ်တတ် ရပ်နေသော လူများက ရပ်တည်နိုင်စွမ်း ကင်းမဲ့လာခဲ့တယ်။ အသက်ကို မနည်း ရှုရှိုက်နေရတယ်။
လုံဖေးလည်း စိတ်ရှုပ်ထွေးစွာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်ပြီး သူ့မျက်ဝန်းများက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေတာပေါ့။
“သခင်မှာ အန္တရာယ် ရှိလား”
ယွမ်လော့ဖုန်းက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်နေလည်း ကောင်းကင်ဘုံကျင့်ကြံသူ တစ်စုကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါ့မလား။ အထူးသဖြင့် သူတို့ထဲက တစ်ယောက်က ကောင်းကင်ဘုံ အလယ်အလတ်အဆင့်…။ သူမက တစ်ချိန်တည်းမှာ သူတို့အားလုံးကို ရင်ဆိုင်နိုင်ပါ့မလား။
“စိတ်မပူပါနဲ့”
ချင်ယန် ပြုံးကာ စကားဆိုတယ်။
“သခင်က မသေချာတဲ့ တိုက်ပွဲကို မစတင်ဘူး ၊ အခု သူမက ဒီလိုပြော ကတည်းက သူမ သေချာပေါက် နိုင်မှာ ၊ သူမကို ယုံကြည်ထားလိုက် ”
ဒီစကားမှာ မှော်ဆန်သော အစွမ်း ပါရှိသကဲ့သို့ ချင်ယန်က လုံဖေးကို စိတ်တည်ငြိမ်စေတယ်။ ချင်ယန်လို အစွမ်းထက်တဲ့ မိန်းကလေးကို ဘယ်အချိန်တည်းက ယုံကြည်ခဲ့မိလဲ မသိပါဘူး။
သခင်အတွက် ရှုံးနိမ့်မှု မရှိဘူး။ သခင်က အမြဲတမ်း အောင်နိုင်သူ။
သူမကို ဝိုင်းရံထားတဲ့ လူအုပ်စုကို တည်ငြိမ်စွာ ကြည့်ပြီး ပြုံးနေလိုက်တယ်။ လူသတ်ချင်သော အကြည့်များကို လျစ်လျူရှုကာ သူမက တည်ငြိမ်မြဲ တည်ငြိမ်နေခဲ့တယ်။ သူမရဲ့ အဖြူရောင်ဝတ်စုံက လေထဲမှာ တလွင့်လွင့် ဖြစ်နေခဲ့ပြီး ဖူးပွင့်စ ကြာပန်းဖြူလေးလို လှပလွန်းတယ်။
“တိုက်ခိုက်ဖို့ ကျွန်မရဲ့လက်ကို မသုံးဘူး”
ဆိုးရွားရွား ဘဝင်မြင့်နေတာပဲ။
လူအများကြီးကို တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ ရွေးချယ်တဲအပြင် ဆယ်မိနစ်တည်းနဲ့ အနိုင်ယူမယ်လို့ ပြောသေးတယ်။ အခုတော့ သူတို့ကို တိုက်ခိုက်ဖို့ လက်မသုံးဘူး ပြောလာတယ်။ ဒီလို စော်ကား မော်ကား ပြောဆိုမှုမျိုးကို သူတို့ သည်းမခံနိုင်ဘူး။
ယွမ်လော့ဖုန်းရဲ့စကား မလွှင့်ပြယ်သွားခင်မှာ ထျန်းမိသားစုမှ လူများအားလုံး ဒေါကန်လာပြီး ဒေါသစိတ်နဲ့ သူမရှိရာ တဟုန်ထိုး ပြေးလာတယ်။ သူတို့မျက်ဝန်းများက လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့တယ်။
ယွမ်လော့ဖုန်းက အသာလေး ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး အလျင်မြန်ဆုံး တိုက်ခိုက်လာတဲ့ ထျန်းသခင်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားကာ တခြားသော အကြီးအကဲများကြား တဟုန်ထိုးပြေးသွားလိုက်တယ်။
သူမရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုက တိုက်ခိုက်ခံရသူရဲ့ စိတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ပြီး သူ့စိတ် ဗလာကျင်း ဖြစ်သွားရတယ်။ သူမခြေထောက်ကို လှုပ်ရှားလိုက်ပြီး သူ့ကို ကောင်းကင်ယံမှ ကန်ချလိုက်တယ်။
Chapter-523
End
အပိုင်း(၅၂၄)
အားလုံးကို ဆန့်ကျင် တိုက်ခိုက်ခြင်း (၂)
သူမရဲ့ ကန်ချက်က ပြင်းထန်တာကြောင့် ဒီလူမှာ တော်တော်လေး ခံရခက်သွားခဲ့တယ်။ မသန်မစွမ်း မဖြစ်လည်း သူ့တိုက်ခိုက်နိုင်တဲ့ အစွမ်း ပျောက်ဆုံးသွားမှာပါ။ ထို့နောက် ဒီနည်းလမ်းအတိုင်း ထျန်းသခင်ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ကောင်းကင်ဘုံအနိမ့်အဆင့် ရှိတဲ့ ကျင့်ကြံသူ အကြီးအကဲ အားလုံးကို တိုက်ခိုက်တော့တယ်။
ခဏကြာတော့ အကြီအကဲအားလုံးကို သူမက လေထဲမှ ကန်ထုတ်တော့တယ်။ ကောင်းကင်မှာ အဘိုးကြီးနဲ့ ထျန်းရွှယ်ပဲ ကျန်ရှိတော့တယ်။
“မင်း… မင်းက ဘာလဲ…”
ထျန်းရွှယ်ရဲ့ ခန္ဓာကိုယ်က တုန်ရီသွားပြီး ဖြူတော့နေတဲ့ သူ့နှုတ်ခမ်းကို ကိုက်ရင်း မေးလိုက်တယ်။
“ဘာလို့ အကြီးအကဲအားလုံးက မင်းကို မခုခံနိုင်ဘဲ ရှုံးနိမ့်ရလဲ ၊ မင်း… သူတို့ကို ဘာမကောင်းကြံထားလဲ”
ယွမ်လော့ဖုန်းလည်း သူမမျက်ဝန်းကို မှေးကျဉ်းလိုက်ပြီး ကောက်ကျစ်စဉ်းလဲသော အပြုံးကို ပုံဖော်လိုက်တယ်။
“ဘာလဲ သိချင်လို့လား… ကိုယ်တိုင် စမ်းသပ်ကြည့်ပါလား”
ထျန်းရွှယ်မှာ ပိုပို ကြောက်လန့်လာခဲ့တယ်။ သူ့မှာ ကြောက်လန့်လာပြီး သူ့ခေါင်းထဲမှာ ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ သူ မတုံ့ပြန်နိုင်ခင်မှာ သူ့ရင်ဘတ်က ပြင်းပြင်းထန်ထန် အကန်ခံလိုက်ရတယ်။ ချက်ချင်းပဲ သူ့အတွင်းကလီစာများ စူးရှသော နာကျင်မှုကို ခံစားရပြီး သွေးအန်လာရတယ်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မြေကြီးပေါ် လဲကျသွားတော့တယ်။
အမှန်တော့ သူတို့ကို စိတ်ဝိညာဉ် တိုက်ခိုက်ချင်း နည်းလမ်းသုံးပြီး မတိုက်ခိုက်ချင်ဘူး။ သူမ အချိန်ကို မဖြုန်းချင်တာကြောင့် သူတို့အားလုံးကို တတ်နိုင်သလောက် မြန်မြန် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။
အဘိုးအိုရဲ့မျက်နှာက ဖြူဖျော့သွားခဲ့ပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ သူ့မျက်ဝန်းများက ယွမ်လော့ဖုန်းကို မသွေမဖယ် ကြည့်နေခဲ့ပြီး ခံစားချက် ကင်းမဲ့သော အသံနဲ့ မေးလိုက်တယ်။
“ကောင်မလေး… ငါ တကယ်ပဲ မင်းကို အထင်သေးခဲ့မိတယ် ငါ့တိုက်ခိုက်နေတဲ့ကြားက တခြားသော အကြီးအကဲများကို ထိခိုက်အောင် လုပ်ဆောင်နိုင်မယ်လို့ မထင်ခဲ့ဘူး”
အဘိုးအိုမှာ မပျော်ရွှင်နိုင်ပေ။
သူအများကြီး ကြိုးစားပမ်းစား တိုက်ခိုက်သော်လည်း သူ့တိုက်ခိုက်မှုက အရာမထင်ခဲ့ပေ။ သူမက ထျန်းမိသားစုရဲ့ တခြားအကြီးအကဲများကို အနိုင်တိုက်နိုင်တယ်။
ဒါက သူ့မျက်နှာကို ဖြတ်ရိုက်သလိုပဲ။
ဒီကိစ္စကို တွေးရင်း အဘိုးအိုတစ်ယောက် သူ့ရင်ဘတ်မှ စူးရှသော နာကျင်မှုကို ခံစားရပြီး သူ့နှုတ်ခမ်းထောင့်များ တွန့်သွားခဲ့တယ်။
“အခုတော့ ရှင် တစ်ယောက်တည်း ကျန်တော့တယ်”
ယွမ်လော့ဖုန်းရဲ့မျက်ဝန်းများက အဘိုးအိုကို တဖြည်းဖြည်းချင်း စောင်းငဲ့ကြည့်လိုက်တယ်။
“အချိန်ကုန် သက်သာဖို့ လူယုတ်မာ တစ်စုကို အရင်တိုက်ခိုက်ခဲ့တယ်… အခုတော့ ရှင့်အလှည့်”
မနိမ့် မမြင့် ကောင်းကင်ယံမှ သူမရဲ့အသံ ထွက်ပေါ်လာခဲ့တယ်။
သူမစကားကိုကြားတော့ ထျန်းမိသားစုအကြီးအကဲများ ပြောစရာမဲ့လောက်အောင် ဒေါပွနေခဲ့တယ်။ သူတို့အားလုံး အတူတူပူးပေါင်းခဲ့သော်လည်း သူမကို မနိုင်ခဲ့ဘူး။
“ဟား…”
အဘိုးအိုက ထေ့ငေါ့လိုက်တယ်။
“ငါလည်း ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူပါ… ငါ မင်းကို မသတ်နိုင်သလို မင်းလည်း ငါ့ကို မသတ်နိုင်ဘူး ၊ ငါတို့ကို ၅မိနစ်တည်းနဲ့ အနိုင်တိုက်မယ်လို့ မင်းပြောခဲ့တယ်နော် ၊ အခု ၅မိနစ် ပြည့်တော့မယ် အချိန်တန်လို့ မင်း ငါ့ကို မတိုက်ခိုက်နိုင်ရင် မင်း ရှုံးပြီ”
အဘိုးအိုက ခဏ ရပ်တန့်လိုက်ပြီး ဆက်လက် ပြောကြားတယ်။
“မင်း ရှုံးရင် ငါ့ကို ဒူးထောက် ဦးတိုက်ရမယ်… ငါတို့ ထျန်းမိသားရဲ့ ကျွန်အဖြစ် ခစားရမယ် ၊ မင်း တစ်ဘဝလုံး ငါတို့ ထျန်းမိသားစုရဲ့ ကျွန် ဖြစ်ရမယ်”
သူအသံက လေပြေလေညင်နဲ့အတူတူ တောင်လမ်းတစ်လျှောက် ပျံ့နှံ့သွားခဲ့တယ်။ သူ့စကားကြောင့် လုံဖေးမှာ တုန်လှုပ်သွားတယ်။
အဘိုးကြီးက တော်တော်ကို အရှက်မဲ့တာပဲ။ ၅မိနစ်အတွင်း အနိုင်မတိုက်ရင် သခင် အရှုံးလို့ ပြောရဲတယ်။ သခင်က သူတို့ကို အစေခံအဖြစ် ခစားရမယ်… ဟားသ ပြက်လုံး တစ်ခုပါပဲ။
သူတို့အားလုံး သခင်ကို ရှုံးခဲ့တာတောင် ဒီလို စကားမျိုး ပြောရဲသေးတယ်။
ယွမ်လော့ဖုန်းလည်း အဘိုးအိုကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
“မမျှတတဲ့ အပေးအယူကို ကျွန်မ ဘယ်တော့မှ လက်မခံဘူး”
“ဟား…”
အဘိုးအိုက ထေ့ထေ့ငေါ့ငေါ့ မဲ့ရွဲ့လိုက်တယ်။
“အခုတော့ မင်း ကြောက်နေပြီလား ၊ စကားပြောတာ အချိန်ကုန်တယ် ၊ မင်း မြန်မြန် မတိုက်ခိုက်ရင် မင်း ရှုံးသွားမယ်”
Chapter-524
End
အပိုင်း(၅၂၅)
ခြိမ်းခြောက်မှု (၁)
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
“ကျွန်မက ဘယ်တော့မှ အရှုံးကို မခံယူဘူးလို့ ပြောပြီးသားပါ… တစ်ဖက်သတ် အနိုင်ပိုင်းခွင့်လည်း မပြုဘူး… သတ်မှတ်ထားတဲ့ အချိန်အတွင်း အနိုင်ယူရင် ရှင် ဘာပြန်ပေးဆပ်မလဲ”
“ဟား…”
အဘိုးအိုက ဟားတိုက် ရယ်မောလိုက်တယ်။
“မင်း ငါ့ကို ပြစ်ဒဏ်ပေးဖို့ ခွင့်မပြုနိုင်ဘူး”
“ရှင် ပြောတာကို လက်မခံနိုင်ဘူး”
ယွမ်လော့ဖုန်းလည်း သူမ မေဖျားလေးကို အသာအယာ ပွတ်သပ်လိုက်တယ်။
“ထျန်းမိသားစုရဲ့ မျိုးဆက်အားလုံး တောင်ခြေမှ တောင်ထိပ်အထိ ဒူးထောက် လမ်းလျှောက်ရမယ် … ဘယ်လို သဘောရလဲ… ကိုယ်တိုင် အရှက်ရအောင် လုပ်ဆောင်ရမယ် စော်ကားမော်ကား ပြောဆိုခံရမှု ပြင်းထန်လေ… ပိုကောင်းလေပဲ… အဲလိုမှ မဟုတ်ရင်တော့ နောက်တစ်ကြိမ် ထပ်လုပ်ရမယ်”
“မင်း…”
အဘိုးအိုရဲ့မျက်နှာထားက ပြောင်းလဲသွားခဲ့တယ်။ သူလည်း မကျေမနပ် ပြောလိုက်တယ်။
“မင်းကရော် မရက်စက်လို့လား”
“အခုမှ အစပဲရှိပါသေးတယ်”
ယွမ်လော့ဖုန်းလည်း မာယာများစွာ ပြုံးလိုက်တယ်။
“ဒုတိယအနေနဲ့ ကျူံးလင်းအာကို ပြန်ခေါ်ချင်တယ်… သူမ ထိခိုက် နစ်နာတာ မလိုချင်ဘူး… သူမရဲ့ ဆံခြည်မျှင် တစ်မျှင် လျော့ရင် ထျန်းမိသားစုဝင် တစ်ယောက်ကို သတ်မယ်”
အဘိုးအိုရဲ့မျက်နှာက ပိုပြီး အကျည်းတန်လာပြီး သူ့မျက်ဝန်းများက လူသတ်ချင်စိတ်များ ပြည့်လျှံနေခဲ့တယ်။
“ယွမ်လော့ဖုန်း… ငါက ...မင်းကို တစ်ခုတည်း တောင်းဆိုခဲ့တာ… မင်းက ငါ့ကို နှစ်ခု တောင်းဆိုရဲတယ် အတင့်ရဲပါလား ဒီကိစ္စက တရားမျှတမှု မရှိဘူး…”
ယွမ်လော့ဖုန်းလည်း မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်တယ်။
“တရားမျှတမှုဆိုတဲ့ စကားကို ရှင်သိသေးတယ်ပေါ့ တစ်ယောက် အနိုင်ရတဲ့အထိ ယှဉ်ပြိုင်ဖို့ လောင်ကြေး ပြောင်းမယ်လေ ၊ ဘယ်လို သဘောရလဲ… ဒုတိယ တစ်ခုကို ရွေးချယ် မလား ၊ ဒါက လောင်းကြေး မဟုတ်ဘူး… ရှင့်ကို သတိပေးနေတာ”
သူမသာ တစ်စုံတစ်ယောက်ကို သတ်ချင်ရင် ထျန်းမိသားစုမှာ သူမကို တားဆီးနိုင်ဖို့ နည်းလမ်း မရှိဘူး ဒါကြောင့် ဒီစကားက ထျန်းမိသားစုကို အသိပေးတာ… လောင်းကြေးထပ်တာ မဟုတ်ဘူး။
အဘိုးအိုက ထေ့ငေါ့လိုက်တယ်။
“ယွမ်လော့ဖုန်း… မင်းက အတော်ကို ရဲတင်းပါလား… လောင်းကြေးကို ပြောင်းလဲချင်တာလား… စိတ်တော့ မကောင်းပါဘူး… မင်း ဆန္ဒအတိုင်း မလုပ်ဆောင်နိုင်ဘူး… လောင်းကြေးအတိုင်း လုပ်ဆောင်မယ် ၁၀မိနစ် ကျော်တော့မယ်… မင်း ငါ့ကို ဘယ်လို အနိုင်ယူမလဲ ကြည့်ရတာပေါ့”
ယွမ်လော့ဖုန်းက ထျန်းမိသားစုရဲ့ အကြီးအကဲ အားလုံးကို ခဏအတွင်း အနိုင်တိုက်နိုင်လည်း ကျန်ရှိတဲ့ အချိန်လေးမှာ သူ့ကို အနိုင်ယူနိုင်မယ်လို့ မထင်ဘူး။
သူ့အတွက်တော့ သူမ တိုက်ခိုက် သမျှကို ရှောင်ရှားနေဖို့ပဲ လိုအပ်တယ်။ ဒါမှ သူမကို ၁၀မိနစ်ကျော်သွားအောင် ဆွဲခေါ်သွားနိုင်မယ်။
“မင်း စောနက ပြောခဲ့တဲ့ စကားကို မမေ့ပါနဲ့… မင်းရဲ့လက်ကို မသုံးရဘူး”
အဘိုးအိုက အရှက်မဲ့စွာ ထပ်ပြောတယ်။
လုံဖေးမှာ တော်တော်လေးကို ဒေါသထွက်ရတာ်။ အရင်က သူ ဘယ်လို အရှက်မဲ့တဲ့ အလုပ်ကို လုပ်ခဲ့ လုပ်ခဲ့… ဒီအရှက်မဲ့တဲ့ အဘိုးကြီးကိုတော့ မမှီပါဘူး။
သို့သော်လည်း ဒီပွဲမှာ သက်ဆိုင်တဲ့ ယွမ်လော့ဖုန်းက ပြုံးရုံသာ ပြုံးနေခဲ့လေတော့။
“ကောင်းပြီလေ”
မိန်းမပျိုလေးရဲ့ ယုံကြည်ချက် ပြည့်ဝနေသော မျက်နှာကို ကြည့်ရင်း အဘိုးအိုရဲ့ စိတ်ထဲ ဒွဟ ဖြစ်ရတယ်။ ဒါပေမဲ့လည်း သူ့တောင်းဆိုချက်ကို လက်ခံလိုက်ပြီလေ…။ သူ့လည်း လိုက်နာရတော့မယ်… သူပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းလို့ မရဘူး။
ဒါကြောင့် သူလည်း အံ့ကြိတ်ရင်း ပြောလိုက်တယ်။
“ဒါဆို ပြိုင်ပွဲကို စတာပေါ့”
ဝိုး…
ဒါကို ပြောပြီးနောက် အဘိုးအိုက ယွမ်လော့ဖုန်းကို မတိုက်ခိုက်တော့ဘဲ ပြေးတဲ့ နည်းလမ်းကိုသာ ရွေးချယ်တော့တယ်။ ယွမ်လော့ဖုန်းရဲ့ အရိပ်က သူ့နောက်ကို လျှပ်စီးလှိုင်းကဲ့သို့ လျင်မြန်စွာ လိုက်ပါနေခဲ့တယ်။
ကောင်မလေး သူ့အနား နီးတော့မှာ မြင်တော့ အဘိုးအိုက အလျင်အမြန် တစ်ပတ်လှည့်လိုက်ပြီ လေထဲမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။
ယွမ်လော့ဖုန်းရဲ့ ခန္ဓာကိုယ်က တခြားတစ်ဖက်မှာ ကျန်ရှိခဲ့တယ်။ သူမရဲ့ လှုပ်ရှားမှု နှေးကွေးတာကြောင့် သူတို့နှစ်ယောက်ကြား အနည်းငယ် ကွာဝေးသွားတယ်။
“ဟား…”
အဘိုးအိုလည်း မှီခါနီးမှ လွတ်သွားတဲ့ ယွမ်လော့ဖုန်းကို ဟားတိုက် ရယ်မောလိုက်တယ်။
“ကောင်မလေး မင်းက ဝါနုပါသေးတယ်… ငါ့တောင်းဆိုချက်ကို အလွယ်တကူ လက်ခံရဲတယ်… ဒီပွဲမှာ ငါ သေချာပေါက် နိုင်မှာ…”
သူ ပြောနေစဉ် အဖြူရောင် ပုံရိပ်လေးက သူ့ရှေ့နား ချက်ချင်း ပေါ်လာခဲ့ပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်တယ်။
“ဒီလိုလား…”
Chapter-525
End
အပိုင်း(၅၂၆)
ခြိမ်းခြောက်မှု (၂)
“မင်း…”
အဘိုးအိုမှာ ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။
ယွမ်လော့ဖုန်းကို မယုံကြည်နိုင်စွာ တုန်လှုပ်ချောက်ချားစွာ ငေးကြည့်နေမိပါရဲ့…။
“မင်းက ငါ့ရှေ့ ဘယ်လို ရောက်နေလဲ”
အခုလေးတင် သူမနဲ့ ဝေးရာကို သူ သွားလိုက်တာပါ။ ဒါဆို သူက ဘယ်လို သူ့ရှေ့ရောက်နေလဲ… သူ သတိမမူမိလိုက်တာလား။
အဘိုးအိုရဲ့တုန်လှုပ်နေသော အကြည့်ကို စူးစူးရဲရဲ ကြည့်ရင်း ယွမ်လော့ဖုန်းလည်း ပခုံးတွန့်ကာ ပြောလိုက်တယ်။
“အစောပိုင်းက ရှင်နဲ့ ဆော့ကစားပေးနေ ပျော်ရဲ့လား”
မျှော်လင့်ချက်ပေးပြီး မျှော်လင့်ချက်ကို ရိုက်ချိုးရတာ အရမ်း အရသာ ရှိတယ်။ ဒါက ဒီအဘိုးကြီးနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပဲ။
ဝုန်း….
စိတ်ဝိညာဉ်တိုက်ခိုက်မှုက သူ့စိတ်ထဲ နောက်တစ်ကြိမ် ကျရောက်လာခဲ့တယ်။ သို့သော်လည်း သူက ကောင်းကင်ဘုံ အလယ်အလတ်အဆင့် ရောက်ပြီးသားဆိုတော့ မျက်စိတစ်မှိတ်အတွင်း ပြန်ကောင်းသွားခဲ့တယ်။ ဒါပေမဲ့လည်း မျက်စိတစ်မှတ်ဆိုတဲ့ အချိန်က သူ့ကို တိုက်ခိုက်ဖို့ ယွမ်လော့ဖုန်းအတွက်တော့ လုံလောက်တယ်။ ယွမ်လော့ဖုန်းရဲ့ ခြေထောက်က အဘိုးအိုရဲ့ မျက်နှာကို အညှာအတာ ကင်းမဲ့စွာ ကန်ချလိုက်တယ်။ အရာဝတ္ထုနှစ်ခုရဲ့ ပွတ်တိုက်ခြင်းကြောင့် လေထဲ မီးပွင့်များ ပေါ်ထွက်လာခဲ့တယ်။
“ယွမ်လော့ဖုန်း”
အဘိုးအိုရဲ့ မျက်နှာက မည်းပုတ်သွားတော့တယ်။
“မင်း… မင်း… စိတ်ဝိညာဉ်ကို ဘယ်လို တိုက်ခိုက်ရမလဲ သိနေတယ်”
ဒီတစ်ခေါက်တော့ သူတကယ်ကို သတိမမူခဲ့မိဘူး… ယွမ်လော့ဖုန်း… ဒီလောက်အထိ လျင်မြန်မယ်လို့ မထင်ခဲ့သည်အပြင် စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်မယ်လို့ မထင်ခဲ့မိဘူး။ ခဏလေးအတွင်း ထျန်းမိသားစုရဲ့ အကြီးအကဲများကို ကန်ထုတ်နိုင်တာ အံ့သြစရာ မလိုတော့ဘူး။
ယွမ်လော့ဖုန်းက သူ့စကားကို ပြန်မဖြေပါဘူး။ သူမခန္ဓာကိုယ်က လျင်မြန် ဖျတ်လတ်သွားပြီး သူ့နောက်မှာ နောက်တစ်ကြိမ် ပေါ်လာခဲ့တယ်။
သူ့လှည့်ကြည့်လိုက်ချိန်မှာ သူမက နောက်တစ်ကြိမ် စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်တယ်။ သူမ ခြေထောက်က သူ့ကျောအောက်ပိုင်းပေါ် ကျရောက်သွားပြီး သူ့ကို နာကျင်မှုကြောင့် ငိုသွားစေတယ်။
ဒါကိုမှ တစ်ဖက်သတ် တိုက်ခိုက်ခြင်းလို့ ခေါ်တယ်။
ဝိညာဉ်တိုက်ခိုက်ခြင်းက နတ်ဘုရားအဆင့်များသာ သုံးနိုင်တဲ့ လှည့်စားနည်းမျိုး…။ အဘိုးကြီးက ကောင်းကင်ဘုံ အလယ်အလတ် အဆင့် ရောက်နေလို့သာ သူမရဲ့ ဝိညာဉ်တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိတာ။ သူ့မှာ လုံလောက်တဲ့ စွမ်းအား မရှိတာကြောင့် သူမှာ ပြန်လည် တိုက်ခိုက်ဖို့ ကြိုးစားတိုင်း သူမက စိတ်ဝိညာဉ် တိုက်ခိုက်မှုကို သုံးတယ်။
“အချိန်ပြည့်တော့မယ်”
ကောင်းကင်ဘုံကို ငေးကြည့်ရင်း ယွမ်လော့ဖုန်းက သူမရဲ့ တိုက်ခိုက်မှုကို မရပ်တန့်လိုက်ပါဘူး။ အဘိုးအိုကို မြေကြီးပေါ် ပြုတ်ကျတဲ့အထိ ကန်ချလိုက်တော့တယ်။ သူ့အိုမင်း ရင့်ရော်နေတဲ့ ခန္ဓာကိုယ်က မြေကြီးပေါ်က ကြီးမားသော ချိုင့်တွင်းတစ်ခုကို ဖန်တီးလိုက်တော့တယ်။
ဒီတိုက်ပွဲ ပြီးဆုံးပြီးနောက် ထျန်းတောင်ပတ်လမ်းမှာ မရေမတွက်နိုင်သော ချိုင့်တွင်းကြီးများ ဖြစ်ပေါ်လာခဲ့ပြီး တွင်းတိုင်းမှာ လူတစ်ယောက်လောက်တော့ အသံလုံ ငိုကြွေးနိုင်ပါရဲ့။
“ဘာလို့လဲ”
အဘိုးအိုက လက်ချောင်းများကို မြေကြီးထဲ နစ်နေအောင် ထိုးစိုက်ထားပြီး ခက်ထန်သော မျက်ဝန်းအကြည့်များက ကောင်းကင်ဘုံမှ ဖြည်းဖြည်းချင်း ဆင်းသက်လာတဲ့ ကောင်မလေးကို မသွေမဖယ် ကြည့်နေခဲ့တယ်။ ကောင်မလေးကို အံကြိတ်ရင်း မေးလိုက်တယ်။
“ကောင်မလေး… ငါ့ကို တစ်ချက်တည်းနဲ့ အနိုင်မတိုက်ဘဲ… ဒီလိုနည်းလမ်းနဲ့ ညှဉ်းပန်းနေရလဲ”
အခုအချိန်မှ ယွမ်လော့ဖုန်း… သူ့ကို လှည့်စားပြီး တိုက်ခိုက်နေတာ နားလည်လာခဲ့တယ်။ ကြောင်က ကြွက်ကို ကျီစယ်သလို သူမက သူကို လှည့်စားနေခဲ့တယ်။
ယွမ်လော့ဖုန်းလည်း သူ့ရှေ့နားမှာ ရပ်လိုက်ပြီး သူ့အပေါ်မှ မိုးမျှော်အဆောက်အဦများကို ကြည့်ရင်း သူ့ဘက် စောင်းငဲ့ကြည့်လာတယ်။
ထျန်းမိသားစုကို ရောက်မလာခင်တည်းက ထျန်းမိသားစုဝင် အားလုံး အကြောင်းကို စုံစမ်း ထားပြီးသားပါ။
ဒီအဘိုးကြီးက ထျန်းမိသားစုရဲ့ ခေါင်းဆောင် တစ်ယောက်။ ထျန်းမိသားစု သွေးအပြည့်ပါတဲ့ ညီငယ်တော… အရင်က ထျန်းရာကို နာကျင်အောင် ပြုလုပ်ခဲ့တယ်။ ဒါကြောင့်လည်း သူ့ကို ဒီနည်းလမ်းနဲ့ ညှဉ်းပန်းတာပေါ့။ သူမရဲ့ ရည်ရွယ်ချက်က ထျန်းရာအတွက် ဒေါသဖြေဖျောက်ပေးဖို့ပါ။
လုံဖေးလည်း ယွမ်လော့ဖုန်းကို လေးစားအထင်ကြီးစွာ ငေးကြည့်နေခဲ့တယ်။ ဒီတစ်ခေါက်တော့ သူ လူရွေးမှန်သွားခဲ့ပြီ။ သခင်သိရင် သူမရဲ့ လက်အောက်ငယ်သား လုပ်ဖို့ အားပေးမှာပဲ။
“ဒီတစ်ခေါက်တော့ အနိုင်ရသွားပြီ”
ယွမ်လော့ဖုန်းလည်း သူမ မေဖျားကို အသာအယာ ပင့်တင်လိုက်ပြီ
“အခု ရှင်ပေးထားတဲ့ ကတိကို တည်တော့…ထျန်းမိသားစု အားလုံး တောင်အောက်မှာ တောင်ထိပ် အထိ ဒူးထောက်လမ်းလျှောက်ရမယ်…တစ်ဖန် တောင်ခြေကို ဒူးထောင် ဆင်းရမယ်”
အဘိုးအိုက ရုတ်တရက် ထရယ်တော့တယ်။ သူ့အပြုံးက လူသတ်ချင်စိတ်များကို ဖော်ပြနေပြီး စကားတစ်ခွန်းချင်းစီက အားထည့်ပြီး ပြောရှာတယ်။
“မင်းက စိတ်ကူးယဉ်နေတာပဲ… ငါက ဒီလို အရှက်ခွဲမှုမျိုးကို လက်မခံဘူး ဒါပြင် မင်း ငါ့ကို မသတ်နိုင်ပါဘူး”
Chapter-526
End
အပိုင်း(၅၂၇)
ခြိမ်းခြောက်မှု (၃)
အဘိုးအိုရဲ့ ဘဝင်မြင့်နေသော မျက်နှာကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ရင်း ဟန်လုပ် ပြုံးလိုက်တယ်။
“ရှင် သေချာလား”
သူမရဲ့ စကားသုံးခွန်းက အားကောင်းလွန်းပြီး ပဲ့တင်ထပ်လာခဲ့တယ်။ ထိုအသံက တောင်ပတ်လမ်းတစ်လျှောက် ကူးလူးသွားလာနေခဲ့တယ်။
အဘိုးအိုရဲ့မျက်နှာက မည်းမှောင်သွားခဲ့ပြီး ခံစားချက် ကင်းမဲ့စွာ စကားမဆိုခင် ချိုင့်တွင်းမှ ကုန်းရုန်းထလိုက်တယ်။
“ယွမ်လော့ဖုန်း… မင်း… ကျူံးလင်းအာကို အသက်ရှင်လျက် မြင်ချင်ရင် ငါ့ကို ဒူးထောက် တောင်းပန်စမ်း… ဒါဆိုရင်တော့ မင်းနဲ့အတူတူ ပြန်ခေါ်သွားခွင့် ပေးမယ်”
အိုမင်းနေသော သူ့မျက်နှာကို ကိုယ့်ဘာသာ ကျေနပ်ပြုံးဖြင့် တန်ဆာ ဆင်ထားခဲ့တယ်။ သူမကို မောက်မာစွာ ကြည့်လိုက်တယ်။
မျှော်လင့်ထားတဲ့ အတိုင်းပါပဲ…အစက အဘိုးအိုအနား တိုးကပ်လာတဲ့ ယွမ်လော့ဖုန်းက သူမ ခြေလှမ်းများကို ရပ်တန့်လိုက်တယ်။ သူ့ကို စိန်းစိန်းဝါးဝါး ကြည့်နေလိုက်တယ်။
အဘိုးအိုက ဟားတိုက် ရယ်မောလိုက်တယ်။
“မင်း နိုင်သွားတော့လဲ ဘာဖြစ်လဲ…ငါ ဂရုမစိုက်ဘူး…နောက်ဆုံးတော့ မင်းက ငါ့အမိန့်ကို နာခံရမယ်မလား… မင်းကို အခွင့်အရေး တစ်ခုတော့ ပေးလိုက်မယ်… ငါ့ရှေ့ ဒူးထောက်စမ်း… ဒါဆို ကျူံးလင်းအာကို ချက်ချင်းပြန်ပေးမယ်”
သူ့အတွက်တော့ မျက်နှာပျက်မှာကို မစိုးရိမ်ဘူး… ဒီကောင်မလေးကို အရှက်ခွဲဖို့ပဲ လိုအပ်တယ်။ သူ့ရင်ထဲက အမုန်းအာဃာတများကို ချေဖျက်ဖို့ လက်စားချေရမှ ကျေနပ်မယ်။
ယွမ်လော့ဖုန်းက သူ့ကို ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့တယ်။ သူမရဲ့မျက်ဝန်းနက်များက လှုပ်ခတ်ခြင်းမရှိဘဲ တည်ငြိမ်နေခဲ့တယ်။ တခြားသူတစ်ယောက်က သူမရဲ့အတွေးကို ခန့်မှန်းဖို့ မလွယ်ကူနိုင်ဘူး။
“ဘယ်လိုလဲ… ဒီလဲလှယ်မှုက အကျိုးရှိပါတယ်… မင်း ခဏလေး ဒူးထောက် ဂါရဝပြုရမှာပါ… မင်းတစ်ဘဝလုံး အကျိုးရှိလာမယ် မင်း ဘယ်လိုပဲ စဉ်းစားစဉ်းစား… ဒါက မင်းအတွက် အကျိုးရှိနိုင်ပါတယ်”
ဒီစကားကို ကြားပြီးနောက် ကောင်မလေးက နိုးကြားတက်ကြွလာခဲ့တယ်။ သူမ လက်ကို လှုပ်ရှားလိုက်ပြီး ဓားရှည်ကို ဆွဲထုတ်လိုက်တယ်။ ထို့နောက် အဘိုးအိုရှိရာ တဟုန်ထိုး ပြေးသွားလိုက်တယ်။
ထိုလူရဲ့ တုံ့ပြန်ချက်က အလွန်လျင်မြန်ပြီး တခြားတစ်ဖက်ကို အလျင်အမြန် ရွေ့သွားခဲ့တယ်။ ဒါပေမဲ့လည်း သူ့ပခုံးကတော့ ဓားရှည်နဲ့ ရှပ်ထိသွားခဲ့ပါတယ်။ သွေးများ ပန်းထွက်လာတော့တယ်။
“ယွမ်လော့ဖုန်း… မင်းက ကျူံးလင်းအာရဲ့အသက်ကို ဂရုမစိုက်တော့ဘူးထင်တယ်… ဒီလိုဆိုတော့ မင်း သူ့အလောင်းကိုသာ ကောက်လိုက်တော့”
အဘိုးအိုက သနားညှာတာစိတ် ကင်းမဲ့စွာ ပြောလိုက်တယ်။
သို့သော်လည်း သူ နောက်ဆုံးစကားတစ်ခွန်း ပြောလိုက်ချိန်မှာ ယွမ်လော့ဖုန်းက သူမလက်ထဲမှ အမည်းရောင် ဆေးကို သူ့ပါးစပ်ထဲ ဆတ်ခနဲ ထည့်လိုက်တယ်။
အဘိုးအို တံထွေး မျိုချလိုက်ချိန် ဆေးအမည်းကိုလည်း မျိုချလိုက်မိတယ်။
“မင်း ငါ့ကို လက်သီးပုန်း နည်းလမ်းနဲ့ ကြံစည်ရဲတယ်”
အဘိုးအိုပ ယွမ်လော့ဖုန်းကို ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တယ်။
ယွမ်လော့ဖုန်းလည်း ဒေါကန်နေသော အဘိုးအိုရဲ့မျက်နှာကို အေးအေးလူလူ ကြည့်ကာ ပြုံးနေလိုက်တယ်။
သူမမျက်ဝန်းအကြည့်က သူ့ကို ပိုဒေါသထွက်စေပြီး သူ သရော်လိုက်တယ်။
“မင်းက ဒီလိုဆိုတော့လည်း ငါ့ဘက်က အချက်ပြနည်းလမ်းကို သုံးရတာပေါ့ အချက်ပြပို့လွှတ်လိုက်တာနဲ့… ထျန်းမိသားစုဝင်များက ကျူံးလင်းအာကို ချက်ချင်း သတ်မယ်”
ဒီစကားကို ပြောပြီးနောက် အဘိုးအိုက အကြည့်လွှဲသွားခဲ့တယ်။
“ဒီသခင်က သဘောထားကြီးပါတယ်… မင်း ငါ့ကို ဖြေဆေးပေးပြီး ငါ့အကြိုက် လုပ်ဆောင်ပေးရင် ငါ သူမကို ညှာတာပေးမယ်”
ကျူံးလင်းအာကို သနားညှာတာပေးမယ်… ဒီမိန်းမယုတ်ကြောင့် ယွမ်လော့ဖုန်းက ငါတို့ကို တိုက်ခိုက်တာ…ငါတို့ကလည်း သူမကို အာရုံစိုက်ခဲ့မိတာ… ဒါကြောင့် ယွမ်လော့ဖုန်းကို အရှက်ခွဲပြီးတာနဲ့ ကျူံးလင်းအာကို ချက်ချင်း သတ်ပစ်မယ်။
ယွမ်လော့ဖုန်းလည်း အဘိုးအိုကို ဖျတ်ခနဲ ကြည့်လိုက်ပြီး အဖက်မတန်ဟန် ပြောလိုက်တယ်။ “”
“ရှင့်ကို ပေးလိုက်တာ အရိုးကွဲကြေဆေး… ဒီဆေးကို သောက်ပြီးပြီဆိုတော့… အရသာကို မြည်းစမ်းစေရမှာပေါ့… ဒီညှဉ်းပန်းမှုကို ခံနိုင်ရည် ရှိလား ကြည့်တာပေါ့”
ဆက်မပြောခင်မှာ ကောင်မလေးက ရပ်တန့်လိုက်တယ်။
“ရှင့် စိတ်ဝိညာဉ်ကို ကျူံးလင်းအာ အသက်နဲ့ လဲမယ်ဆိုရင် သူမအတွက် ရှုံးမှာ မဟုတ်ဘူး”
ဒါကိုမှ ခြိမ်းခြောက်တယ်လို့ ခေါ်တယ် ။ ယွမ်လော့ဖုန်းက ပြိုင်စံရှား နည်းလမ်းကို သုံးလိုက်တာလေ။
ရှင်က ကျူံးလင်းအာကို သတ်ချင်သတဲ့လား။ ကိစ္စမရှိပါဘူး… သူမက အသက်ဆုံးရှုံးသွား လည်းပြန်လည်မွေးဖွားနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒီအခွင့်အရေးမျိုး ဒီအဘိုးကြီးကို မပေးနိုင်ပါဘူး။
ဒါမှ ကျူံးလင်းအာအတွက် အရှုံးမရှိတော့မှာ။
Chapter-527
End
Bạn đang đọc truyện trên: Truyen247.Pro